← Chapters

တောက်ဖန်၏ တုတ်

Vol. 99 Ch. 1383

တောက်ဖန်၏ တုတ်

Vol. 99 Ch. 1383

ကျမ်းဆရာသုံးဦး၏ ရည်ရွယ်ချက်အစစ်အမှန်မှာ ကောင်းကင်ဘုံ ၃၃ ဘုံမှ အနှစ်သာရ ၈ ခုအဆင့် ပါရာဂွန်တစ်ဦးနှင့် ရင်ဆိုင်ရန် ဖြစ်ခဲ့သည်။ သူတို့သည် လူလုံးထွက်ပြ၍ ထိုပါရာဂွန်ကို ချုပ်နှောင်ခဲ့သည့်တိုင် ယင်းက သူတို့ရည်ရွယ်ချက်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်လေသည်။ တကယ့်အသေတိုက်ကွက်က ဆူးသုံးချောင်းအသွင်ဖြင့် လာသည်။

အတွင်းရှိ ကျမ်းစာစွမ်းအားနှင့်အတူ ကျမ်းစာ၏အစောင့်အရှောက်များ၊ ထိုသူတို့၏တပည့်များ၏ အားဖြည့်ပေးမှုဖြင့် ဆူးသုံးချောင်းကား ကျမ်းစာဆူးသုံးချောင်းအသွင် ပြောင်းသွား၏။ ထိုဆူးများ တစ်စုံတစ်ယောက်၏ကိုယ်ထဲ စိုက်သွားလျှင် ထိုသူ၏ကျင့်ကြံခြင်းအခြေခံ ချိတ်ပိတ်ခံရလိမ့်မည်။ အနှစ်သာရ ၈ ခုအဆင့်ပညာရှင်ပင်လျှင် ကျင့်ကြံအဆင့် ဆိုးဆိုးရွားရွား ကျဆင်းသွားသည်ကို တွေ့ရမည်ဖြစ်ပြီး ထာဝရမဟုတ်လျှင်တောင်မှ အလွန်ကြာမြင့်စွာ ချိတ်ပိတ်ခံရပေမည်။

ထိုပုဂ္ဂိုလ်သည် အနှစ်သာရ ၈ ခုအဆင့်မှ အနှစ်သာရ ၇ ခုအဆင့် ကျဆင်းသွားမည့်အပြင် ပါရာဂွန်တစ်ဦးပင် မဖြစ်ကောင်းမဖြစ်နိုင်တော့ပေ။

လွန်ခဲ့သောအခိုက်အတန့်က....

ခံစားနေရသည့်အန္တရာယ်က အနှစ်သာရ ၈ ခု ပါရာဂွန်ကို တုန်ရီလာစေသည်။ သူမသည် ထောင့်စေ့အောင် စဉ်းစားခဲ့သော်လည်း တောင်ပင်လယ်လောကက ယခုလိုနည်းလမ်းကို အသုံးပြုလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့သလို၊ အင်ပါယာသခင်အဆင့်နှင့်ညီမျှသော ကျမ်းဆရာသုံးပါးက ပထမမှသတ္တမတောင်အထိ ပျက်စီး၍ တောင်ပင်လယ်ကျင့်ကြံသူပေါင်းမရေမတွက်နိုင်အောင် သုတ်သင်ခံနေရသည်ကို ထိုင်ကြည့်နေခဲ့လိမ့်မည်ဟုလည်း မထင်ခဲ့ပေ။

ထိုကဲ့သို့စိတ်ရှည်မှုက ကြောက်စရာကောင်းလွန်း၍ အနှစ်သာရ ၈ ခုပါရာဂွန်ကို လုံးလုံးလျားလျား တုန်လှုပ်မိစေသည်။

ထိုသို့တုန်လှုပ်မိသော အကြောင်းရင်းနောက်တစ်ခုမှာ စိတ်ရှည်ရှည်စောင့်နေသော တောင်ပင်လယ်လောက၏လှည့်ကွက် မည်မျှရှိနေသေးကြောင်း သူမ မသိခြင်းပင်။

တောင်ပင်လယ်လောက ကြာကြာတိုက်ခိုက်နိုင်လေလေ၊ ကောင်းကင်ဘုံ ၃၃ ဘုံအတွက် အခြေအနေဆိုးရွားလေလေ ဖြစ်ကာ နောက်ဆုံး စစ်ရှုံးရမည့်ပုံပင် ပေါ်သည်။

အနှစ်သာရ ၈ ခု ပါရာဂွန်မှာ နောက်ဆုတ်နေရင်း ကောင်းကင်ဖျက်စီးကျမ်းဆရာကို ကြည့်လိုက်ပြီး သူမအာရုံကို အဖမ်းစားနိုင်ဆုံးကတော့ သူ၏အရှိန်အဝါဖြစ်သည်။ အစက သူမသည် သူ့ကို သေပြီဟု သတ်မှတ်ခဲ့၍ ၎င်းတို့အားလုံးက လှည့်ကွက်တစ်ကွက်ဖြစ်နေခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ထောင်ချောက်ပဲ၊ အနှစ်သာရ ၈ ခုအဆင့်ပါရာဂွန်တစ်ဦးကို ပစ်မှတ်ထားဖို့ နှစ်ပေါင်းမရေမတွက်နိုင်အောင် ပြင်ဆင်ခဲ့တဲ့ ထောင်ချောက်

“ဒီလူက ကောင်းကင်ဖျက်စီးကျမ်းဆရာဟုတ်လည်း ဟုတ်သလို၊ ဟုတ်လည်းမဟုတ်ဘူး။ စောစောက သေသွားတဲ့လူက ကျမ်းဆရာအဆင့်ရောက်လုနီးနီးအထိ ကောင်းကင်ဖျက်စီးကျမ်းစာကို ကျင့်ကြံထားတဲ့သူ

“ဒါပေမဲ့ ဒီလူက ... မဟာမှော်အစွမ်းတစ်မျိုးနဲ့ ကောင်းကင်ဖျက်စီးကျမ်းဆရာရဲ့ ကိုယ်ထဲ ထည့်ခံလိုက်ရတဲ့ ခန္ဓာမဲ့ဝိညာဉ်ပဲ။ ဒုတိယအသက်လိုမျိုး...။ ကောင်းကင်ဖျက်စီးကျမ်းဆရာက တကယ်သေသွားတယ်။ အဲဒီအချိန်မှာ ခန္ဓာမဲ့ဝိညာဉ်က သူ့ခန္ဓာကိုယ်ကို ပူးကပ်လိုက်တာမလို့ ... ကောင်းကင်ဖျက်စီးကျမ်းစာကို အသုံးပြုနိုင်သွားတာ”

အနှစ်သာရ ၈ ခုအဆင့်ပါရာဂွန်သည် ဤအခြင်းအရာအားလုံးကို နားလည်သွားသဖြင့် မျက်နှာမျက်နှာပျက်သွားတော့၏။ သို့သော် ဤအခိုက်အတန့်တွင် ကောင်းကင်ဖျက်စီးကျမ်းဆရာ ဖန်ဟဲ့ဟိုင်၏အသံက ကြယ်တာရာကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။

“ကောင်းကင်ဖျက်စီးဆူး”

ပေါက်ကွဲသွားသည့် သူ့နဖူး၏အသားစများထဲမှ မိုးနှင့်မြေကို အဆုံးသတ်နိုင်သည့် ကျမ်းစာစွမ်းအားတို့ ပြည့်နှက်နေသော ဆူးတစ်ဆူး ထိုးထွက်လာသည်။ ၎င်းက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ပျံထွက်သွားပြီး တစ်ချိန်တည်းမှာပင် ဖန်ဟဲ့ဟိုင်၏ခန္ဓာကိုယ်မှာ အရှိန်အဝါတစ်စက်မှ မကျန်တော့သည့်တိုင်အောင် လျင်မြန်စွာ ပိန်ချုံးခြောက်ကပ်သွားတော့၏။

မျက်လုံးများ မပိတ်ခင် …. သူသည် မည်သူမဆိုထက် သူ့ကို ဂုဏ်ယူမိစေသော သူ၏သွေးသားရင်းချာ၊ အချစ်ရဆုံးသော မျိုးဆက်၊ သူ့မြေးကို လှမ်းကြည့်သွားခဲ့သည်။

ခွဲခွာလိုစိတ်မရှိသည့်အတွက် သူ၏အကြည့်တွင် ဝမ်းနည်းမှုနှင့် ဆုမွန်ကောင်း‌တောင်းပေးနေသော အရိပ်အယောင်တို့ ပြည့်နှက်နေသည်....

နောက်ဆုံးတော့ သူ၏မျက်လုံးများ ပိတ်သွားလေပြီ။

ဆူးသည် ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် အနှစ်သာရ ၈ ခု ပါရာဂွန်ထံ ရွေ့လျားသွားသည်။ မန်ဟိုမှာတော့ တဆတ်ဆတ်တုန်နေ၏။ ဤလူက သူ့ကြောင့် ပျောက်သွားခဲ့သော သူ့အဘိုးအရင်းမဟုတ်ပါလော။

“ဘိုးဘိုးးးးးးးးးးးးး” မျက်ရည်များက သူ၏ပါးပြင်တစ်လျှောက် လိမ့်ဆင်းလာသည်။ ဤစစ်ပွဲတွင် တောင်ပင်လယ်ကျင့်ကြံသူများစွာသည် သူတို့၏မိတ်ဆွေများ၊ မိသားစုဝင်များ သေဆုံးသွားသည်ကို နာကျင်စွာ ကြည့်ခဲ့ကြရ၏။ ယခုတော့ မန်ဟို့အလှည့် ရောက်လာခဲ့ချေပြီ။

“မသွားပါနဲ့....”

ငိုကြွေးသံများ ဖန်မျိုးနွယ်စုအတွင်းမှ ပျံ့လွင့်လာသည်။ နီရဲနေသောမျက်ဝန်းအိမ်များမှ မျက်ရည်များ ဖြိုင်ဖြိုင်စီးကျနေကြသည်။

ကြက်သွေးရောင်‌ ကောင်းကင်ဖျက်စီးဆူးသည် အနှစ်သာရ ၈ ခုပါရာဂွန်အပေါ် ထိုးဆင်းသွား၏။ အနှစ်သာရ ၈ ခုပါရာဂွန်မှာ သူမကျင့်ကြံခြင်းအခြေခံကို ပရမ်းပတာဖြစ်နေစေသော ဆူးနှစ်ချောင်းဖြင့် စိုက်ခံထားရပြီးဖြစ်၍ နောက်ဆုံးဆူးကို မရှောင်နိုင်ပေ။ ဆူးက သူမဒန်တျန်ကို စိုက်ဝင်ကာ သူမပါးစပ်မှ မချိတင်ကဲအော်သံကြီး ထွက်လာစေသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူမ၏မျက်ဝန်းများတွင် စိတ်ပိုင်းဖြတ်လိုက်သောအရိပ်အယောင် ဖြတ်ပြေးသွား၏။

သူမအတွက် အခြေအနေကို စဉ်းစားနေရန် အချိန်မရှိပေ။ သူမသည် ကောင်းကင်ဘုံ ၃၃ ဘုံမှ ကျင့်ကြံသူမဟုတ်၊ သူမနှင့် ကျန်အနှစ်သာရ ၈ ခုပါရာဂွန်တို့နှစ်ယောက်လုံး ဝိညာဉ်ပူးကပ်ခြင်းမှတစ်ဆင့် ရောက်လာခဲ့ခြင်းဖြစ်၏။ သို့သော် သူမက ဝိညာဉ်တစ်စိတ်တစ်ပိုင်းမဟုတ်၊ ပြည့်စုံသောဝိညာဉ် ဖြစ်သည်။

သူမသည် ကောင်းကင်ဘုံ ၃၃ ကို စောင့်ရှောက်ဖို့ ပါရာဂွန်အင်မော်တယ်လောက ကျရှုံးပြီးနောက် နေကျန်ခဲ့၏။ သူမ၏တာဝန်မှာ အင်အားစုကြီးနှစ်စု ရှာနေသော ပစ္စည်းထွက်လာအောင် စစ်ပွဲတစ်ပွဲ ဖန်တီးဖို့ပင်။ ထိုအခါ သူမသည် တောင်ပင်လယ်လောကကို ဖယ်ရှားသုတ်သင်၍ အင်အားစုနှစ်စုကို ကြိုဆိုနိုင်မည်။

သို့‌သော် ယခုတော့ ထိုအင်အားစုနှစ်စုမှာ လမ်းတွင်သာရှိနေသေးသည့်အပြင် သူမ၏ကျင့်ကြံအဆင့်လည်း ရုတ်တရက် ကျဆင်းသွားခဲ့လေပြီ။ စစ်ပွဲကြာမြင့်နေခြင်းနှင့် တောင်ပင်လယ်လောက၏လှည့်ကွက်များက သူမကို ကြောက်လန့်သွားစေသည်။

ရွေးချယ်စရာမရှိတော့၍ သူမသည် စကားလုံးနှစ်လုံးအား အဆုတ်ကွဲလု‌အောင် အော်ဟစ်လိုက်၏။

“တောက်ဖန်”

ကောင်းကင်ဖျက်စီးဆူး သူမဒန်တျန်ကို စိုက်သွားသည့်အချိန်မှာပင် သူမသည် ကျိန်စာတိုက်နေသည့်အလား ထိုစကားလုံးနှစ်လုံးကို အော်ဟစ်လိုက်၏။ သူမပါးစပ်ကိုကြည့်လျှင် အသံပေါင်းများစွာ ထွက်လာနေသယောင် ထင်ရသော်လည်း အားလုံး၏နားထဲတွင် ပဲ့တင်ထပ်နေသည်မှာ စကားလုံးနှစ်လုံးသာ ဖြစ်လေသည်။

တောက်ဖန်

သူမ၏ကျိန်စာလိုရွတ်ဖတ်မှုမှ အားဖြည့်ပေးထားသော ထိုစကားလုံးနှစ်လုံးက ကောင်းကင်ဘုံ ၃၃ ဘုံ ဆင်းသက်လာခဲ့သည့် ကြယ်တာရာကောင်းကင်၏ထိပ်ဆုံးသို့ ရောက်ရှိသွားသည့်အခါ ... အေးစက်စက်အသံတစ်သံက ကောင်းကင်ဘုံအားလုံးကို တသိမ့်သိမ့်တုန်စေလျက် တောင်ပင်လယ်တစ်ခုလုံးတွင် ဟိန်းထွက်သွားသည်။

“မင်း တစ်ခုကို စတေးဖို့ လိုတယ်”

ကောင်းကင်ဖျက်စီးဆူး အနှစ်သာ၇ ၈ ခုပါရာဂွန်၏ ဒန်တျန်အထိ စိုက်သွားသည့်အခိုက်အတန့်မှာတင် အသံက ပဲ့တင်ထပ်လာသည်။ သူမတစ်ကိုယ်လုံး တုန်ရီသွားပြီး သူမ၏ကျင့်ကြံခြင်းအခြေခံမှာ ကျဆင်းစပြုလာသည်။ ချက်ချင်းပင် သူမ၏အနှစ်သာရများထဲမှ တစ်ခုသည် ချိတ်ပိတ်ခံလိုက်ရ၍ သူမအား အနှစ်သာရ ၇ ခုအဆင့် ဖြစ်သွားစေ၏။ သို့ထိတိုင် သူမမှာ ပါရာဂွန်အဆင့်မှ ကျဆင်းဖို့ ဆံခြည်မျှင်မျှသာ လိုတော့သည့်တိုင်အောင် ဆက်လက်အားနည်းလာသည်။

သူမက သွေးတစ်ပွက်ထွေး၍ ဝိညာဉ်အသက်တချို့အား ပျံထွက်သွားစေသဖြင့် မျက်နှာဖြူဖျော့သွားလေသည်။ ယခုတွင် သူမ၏ဝိညာဉ်သက်တမ်းမှာ ခြောက်ဆယ်ရာခိုင်နှုန်း အားနည်းသွား၏။

ထိုဝိညာဉ်အသက်တစ်စိတ်တစ်ပိုင်းက ကြယ်တာရာကောင်းကင်၏ထိပ်ဆုံးအထိ ထိုးတက်သွားသော အမျှင်များအသွင်ပြောင်းသွားသည်။ ထို့နောက် အနှစ်သာရ ၈ ခု ပါရာဂွန်က ဝမ်းသားအာရ ရယ်တော့သည်။

“တောင်ပင်လယ်လောက နင်တို့တော့ သေပြီပဲ”

ရုတ်တရက် ကြယ်တာရာကောင်းကင်၏ထိပ်ဆုံးမှ ရွှေရောင်ရင့်ရင့်အလင်းရောင် ဖြာထွက်လာသည်။ အနီးကပ်ကြည့်ပါက ၎င်းသည် တုတ်တစ်ချောင်းဖြစ်ကြောင်း မြင်ရလိမ့်မည်။

ဧရာမကြီးမားသောတုတ်ချောင်းကြီးသည် အာကာသကို ခွင်းလျက် အဋ္ဌမတောင်ပင်လယ်အပေါ် ကျလာ၏။

စိတ်ကူးဖြင့်မှန်းဆမကြည့်နိုင်လောက်အောင် ကြီးမားသော အကောင်ကြီးတစ်ကောင်က တုတ်ကို ကိုင်ထားသည့်အလား ထင်ရသည်။ ကြယ်တာရာကောင်းကင်တစ်ခုလုံး တဝုန်းဝုန်း တုန်ခါနေလေသည်။ အဋ္ဌမတောင်ပင်လယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါ၍ ပြိုကွဲစပြုလာသည်။ နောက်ဆုံးတော့ ပေါက်ကွဲသွားတော့၏။

တုတ်တစ်ချက်က တောင်ပင်လယ်တစ်ခုလုံးကို ဖျက်စီးလိုက်လေပြီ။

“အမ်” အေးစက်စက်အသံကြီးက အတ်ောလေး အံ့အားသင့်သွားသည့်အလား ပြောသည်။ “ဘယ်လိုတောင်ပင်လယ်တွေက အများကြီးအားနည်းသွားတာတုန်း” တောင်ပင်လယ်ကျင့်ကြံသူများမှာ အသံကို ကြားလျှင် ချောက်ချားသွားကြပြီး ကြယ်တာရာကောင်းကင်သို့ မော့ကြည့်လိုက်ရာ ... တောင်ပင်လယ်လောကထံ ချဉ်းကပ်လာနေသော ဧရာမအရိပ်ကြီးတစ်ခုကို မြင်လိုက်ကြရသည်။

ထိုအကောင်ကြီးက ပခုံးပေါ်တွင် တုတ်တစ်ချောင်းကို တင်ထားပြီး သူ၏မျက်နှာသွင်ပြင် ထင်ရှားလာသည့်အခါ ... လူပုံစံရှိသော မျောက်တစ်ကောင်ဖြစ်နေ၏။

သူ၏အသတ်အဖြတ်အရှိန်အဝါက ကြယ်တာရာကောင်းကင်ကို ဖရိုဖရဲ ဖြစ်သွားစေသည်။ ကြယ်ဝဲများသည် ကြောက်ခမန်းလိလိစွမ်းအင်ကို ထုတ်လွှတ်လျက် သူ့ပတ်ပတ်လည် ဖြစ်တည်စပြုလာ၏။

သူ၏တုတ်တစ်ချက်က အဋ္ဌမ‌တောင်ပင်လယ်တစ်ခုလုံးကို ကြေမွသွားစေခဲ့၍ တောင်ပင်လယ်ကျင့်ကြံသူများကို ကြောက်လန့်တုန်လှုပ်သွားစေခဲ့ရာ စိတ်ပျက်လက်ပျက်အော်ဟစ်ငိုကြွေးသူက ငိုကြွေးကုန်ကြသည်။

မန်ဟိုမှာ တောက်ဖန်ဖြစ်သော မျောက်ကြီးကို ကြည့်ရင်း ချာချာလည်နေသည်။

တောင်ပင်လယ်လောကကို ချုပ်နှောင်ထားသော နောက်ဆုံးအတားအဆီးအဖြစ် တောက်ဖန်သည် ကောင်းကင်ဘုံ ၃၃ ဘုံ၏အပြင်တွင် စောင့်ကြပ်နေခဲ့၏။ အနှစ်သာရ ၈ ခုအဆင့်ပါရာဂွန်၏ ဆင့်ခေါ်စတေးမှုကြောင့် သူကား ကိုယ်တိုင်ဆင်းသက်လာနိုင်လေပြီ။

မိုးနှင့်မြေသည် တသိမ့်သိမ့်တုန်သွားပြီး ကြယ်တာရာကောင်းကင်လည်း လှုပ်ခတ်သွားသည်။ ယခုအချိန်တွင် တောင်ပင်လယ်လောကမှာ အချိန်မရွေး အမြစ်ဖြုတ်ခံရတော့မည့်ပုံ ပေါ်နေ၏။ သို့သော် ဤအခိုက်အတန့်တွင် နဝမတောင်ပင်လယ်အတွင်းမှ အသံတစ်သံ ရုတ်တရက် ထွက်လာသည်။

၎င်းသည် ကြယ်တာရာကောင်းကင်တစ်နေရာမှ လာပြီး ရုတ်တရက်ဆိုသလို လူနှစ်ယောက် ဘွားခနဲ ပေါ်လာ၏။ တစ်ယောက်က ရွှေတုန်းလျှို၊ နောက်တစ်ယောက်က ကောင်းကင်ဘုံ ၃၃ ဘုံမှ အနှစ်သာရ ၈ ခု ပါရာဂွန်အမျိုးသားပင်။

ထိုပါရာဂွန်အမျိုးသားမှာ အပြင်သူဟုပင် မထင်ရသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ဖြစ်၏။ ပေါ်လာလျှင်ချင်း သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး သူက တစ်ချိန်လုံး ရွှေတုန်းလျှိုကို စိုက်ကြည့်ရင်း မျက်နှာဖြူဖပ်ဖြူလျော်နှင့် နောက်ဆုတ်သွားသည်။ သူ့အမူအရာမှာ ကြောက်လန့်တုန်လှုပ်နေသည်သာမက မယုံနိုင်ဖြစ်နေဟန်ပင် ရှိသည်။

“ကိုးတံဆိပ်၊ မင်း အသက်ရှင်နေသေးတာ ငါ ယုံတောင်မယုံနိုင်ဘူး”

ထိုလူနောက်ဆုတ်လိုက်သည့်အချိန်မှာပင် ရွှေတုန်းလျှို၏ မိုးခြိမ်းသံတမျှ ကျယ်လောင်သောအသံကြီးက အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်သွား၏။ “တောင်ပင်လယ်လောကသား ကျင့်ကြံသူတို့၊ နဝမတောင်ပင်လယ်ကို ပြန်၊ နောက်ဆုံးစစ်ပွဲအတွက် ပြင်ဆင်ကြ”

သူ့အသံက ထူးဆန်းသောစွမ်းအားတစ်ရပ်ကို သယ်ဆောင်သွားသယောင်ပင်။ တောင်ပင်လယ်ကျင့်ကြံသူတို့မှာ အသံကို ကြားသည်နှင့် ချက်ချင်း ယုံကြည်သွားကြ၏။ ပါရာဂွန်ပင်လယ်အိပ်မက်နှင့် အစွမ်းထက်ပညာရှင်များပင်အပါအဝင် အားလုံး မဆိုင်းမတွ ဆုတ်ခွာသွားကြသည်။

တောင်ပင်လယ်တပ်ဖွဲ့များ နဝမတောင်ပင်လယ်သို့ ပြန်ဆုတ်နေကြစဉ် အနှစ်သာရ ၈ ခုပါရာဂွန်အမျိုးသမီးက သူတို့ကို တားချင်ပုံရသော်လည်း မတားနိုင်ပေ။ အနှစ်သာရ ၈ ခု ပါရာဂွန်အမျိုးသားမှာမူ မျက်လုံးများလင်းလက်သွားသည့်တိုင် အကြောက်တရားက သူ့နှလုံးသားကို စိုးမိုးနေ၍ ဘာမှမလုပ်ပေ။

သို့သော် ... တောက်ဖန်က သွေးအေးစွာ ပြုံးသည်။ သူ ပခုံးပေါ်တင်ထားသော တုတ်က နဝမတောင်ပင်လယ်သို့ ပြန်ဆုတ်နေသည့် ကျင့်ကြံသူများထံ ရိုက်ချလိုက်၏။

တုတ်သည် ရွှေရောင်ရင့်ရင့်ဖြစ်ပြီး လျင်မြန်စွာ ရွေ့လျားလာနေသည်။ ၎င်း နဝမတောင်ပေါ် ကျနေစဉ် ၎င်း၏ပစ်မှတ်နှင့် နည်းနည်းသာ လိုတော့သည်အထိ ရှည်ထွက်လာ၏။

ဤအခိုက်အတန့်တွင် အေးစက်စက်နှာမှုတ်သံထွက်လာပြီး ရွှေတုန်းလျှိုက ရှေ့တစ်လှမ်းလှမ်းကာ နဝမတောင်ထိပ်တွင် ပေါ်လာသည်။ သူသည် လက်ကို ဆန့်တန်း၍ အင်္ကျီလက်စကို ခါလိုက်ရာ တဂျုန်းဂျုန်းမြည်သံများ ဆူညံသွား၏။ ရွှေတုန်းလျှို၏အင်္ကျီလက်စထဲမှ ဖြာဆင်းသွားသော အဆုံးမဲ့စွမ်းအားက တုတ်ကို ဝင်လိုက်သဖြင့် နဝမတောင်တစ်တောင်လုံး တုန်ခါသွားလေသည်။

အုန်းးးးးးးးးးးးးးးးးးးးးး

တုတ်မှာ ကြီးမားသောအားတစ်ရပ်ဖြင့် ဟန့်တားခံလိုက်ရသကဲ့သို့ပင်။ အောက်သို့ဆက်မကျတော့သည့်အပြင် တွန်းထုတ်ခံလိုက်ရသည်။ ညာလက်ထဲရှိ တုတ်၏တုန်ခါမှုကို ခံစားလိုက်ရသဖြင့် တောက်ဖန်၏သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ ရွှေတုန်းလျှိုသည် ထိုတုတ်ကို တားဖို့ သူ၏ခွန်အားတစ်ခုတည်းကိုသာ အသုံးပြုခဲ့သည်သာမက သူ့မျက်နှာမှာ အတန်ငယ်နီမြန်းသွားသော်လည်း ထိခိုက်သွားပုံမရပေ။ အမှန်က သူ၏ချီနှင့်သွေးတို့ ဆူပွက်နေပြီး သူ့ဝိညာဉ်လည်း မငြိမ်သက်သည့်တိုင် သူ့မျက်လုံးများက တည်ငြိမ်နေ၏။ သူက သက်ပြင်းခိုးချလိုက်သည်။

“နောက်ဆုံးတော့လည်း ... ငါ အိုလာပြီပဲ” သူက တွေးသည်။

သူ၏တိုက်ကွက် တွန်းလှန်ခံလိုက်ရပြီးနောက် တောက်ဖန်က ထပ်မံမလှုပ်ရှားတော့ပေ။ သူသည် တောင်ပင်လယ်ကျင့်ကြံသူများ ဆုတ်နေသည်ကို အေးစက်စွာ ကြည့်ပြီးနောက် တောင်ပင်လယ်လောက၏ နောက်ဆုံးခံတပ်ဖြစ်သော နဝမတောင်အား ပြန်လှည့်ကြည့်၏။

ဤအခိုက်အတန့်တွင် ... နဝမပင်လယ်နှင့် နဝမတောင်သာ ကျန်တော့လေပြီ။

All Chapters