← Chapters

ဒုတိယတိုက်ခိုက်မှု

Vol. 182 Ch. 2595

ဒုတိယတိုက်ခိုက်မှု

Vol. 182 Ch. 2595

ဟောက်ထျန်းကလန်တွင် ဖြစ်ပွားခဲ့သည်နှင့် အနန္တတောင်ကုန်းတွင် ဖြစ်ပွားခဲ့သည်တို့သည် ကောင်းကင်ဒေသတစ်ခွင်လုံးကို တုန်လှုပ်သွားစေလေသည်။ ကောင်းကင်ဒေသရှိ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် ရီဖူရှင်းတစ်ယောက်တည်းကြောင့် ထိုသို့သောအကြပ်အတည်းအတွင်း ရောက်ရှိနေပေသည်။

သူက ဟောက်ထျန်းကလန်သို့ တစ်ဦးတည်းသွား၍ ပရမ်းပတာအခြေအနေများ ဖြစ်စေခဲ့ပြီး သတ်မိန့်ကို နာခံခဲ့သော ကျင့်ကြံသူအမြောက်အမြားကို သတ်ပစ်ခဲ့လေသည်။ ထို့အပြင် သူက ဟောက်ထျန်းကလန်မှ တပည့်ရင်းများနှင့် ကပ်ဘေးအဆင့်ကျင့်ကြံသူများကိုလည်း သတ်ခဲ့ပေသေးသည်။ ထို့နောက်တွင် အနန္တတောင်ကုန်းမှာလည်း အဆုံးအရှုံးများခဲ့လေသည်။ သူတို့၏ မဟာကိုယ်ရံတော်သည် ရီဖူရှင်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး တပည့်အများအပြားလည်း သေဆုံးခဲ့သည်။

နတ်ဘုရားမာန်ဟုန်တောင်ကုန်းမှာမူ ထိုကဲ့သို့ ကြီးမားလွန်းသောဘေးအန္တရာယ်ကို တောင့်ခံနိုင်ရန် အခြေမခိုင်ခဲ့ပေ။ ၎င်းသည် အလုံးစုံနီးပါး ဖျက်ဆီးခံခဲ့ရသည်။ ဟောက်ထျန်းမြို့သို့ သွားနေခဲ့သော လူအနည်းငယ်သာ အသက်ရှင်ကျန်ခဲ့ပေသည်။

သူတို့၏ရှေ့တွင် ထိုကဲ့သို့ သွေးလွှမ်းသောနမူနာများရှိနေရာ အခြားလူမည်မျှသည် သတ်မိန့်ကို နာခံဝံ့ကြမည်နည်း။

ကလန်ဆက်နွယ်မှုများမရှိသဖြင့် စိုးရိမ်စရာများစွာမရှိသော တစ်ကိုယ်တည်းကျင့်ကြံသူများသည် စမ်းကြည့်လိုရန် စိတ်ဝင်စားနိုင်သော်လည်း အသက်ဆုံးရှုံးနိုင်ချေ ရှိပေသေးသည်။

စစ်ပွဲဖြစ်ပေါ်လာပြီးနောက်တွင် ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် အတော်လေး စိတ်မသက်မသာ ခံစားနေရလေသည်။ ရီဖူရှင်းသည် ရှေးဟောင်နတ်ဘုရားကလန်များကိုပင် တိုက်ရိုက်ခြိမ်းခြောက်နိုင်စွမ်းရှိပေသည်။ အနည်းဆုံးအနေဖြင့် ရီဖူရှင်းရှိနေခြင်းကြောင့် ရှေးဟောင်းနတ်ဘုရားကလန်များမှ ကျင့်ကြံသူများသည် သူတို့သဘောရှိ မလုပ်နိုင်ကြပေ။ သူတို့သည် ယခင်ကသို့ အပြင်သို့ စိတ်ရှိသလို ထွက်မသွားဝံ့ကြတော့ချေ။ အပြင်သို့ လျှောက်သွားနေလျှင် သူတို့အတွက် အသက်အန္တရာယ်ရှိပေသည်။

ထို့နောက်တွင် ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် သူတို့၏အဖွဲ့ဝင်အားလုံးကို သူတို့၏ဌာနချုပ်များသို့ ပြန်ခေါ်လိုက်ကြပြီး အချိန်မရွေး သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ရန် ပြင်ဆင်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် မည်သို့ပြန်တုံ့ပြန်ရမည်ကို လျှို့ဝှက်ဆွေးနွေးခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့သည် သဘောတူညီမှုတစ်ခု ရရှိခဲ့လေသည်။

သူတို့သည် ရီဖူရှင်းအား သူတို့ကို တိုက်ခိုက်နိုင်မည့် အခွင့်အရေး ထပ်မပေးနိုင်တော့ပေ။

ရီဖူရှင်းသည် စီဝေ့ကြယ်ကောင်းကင်သို့ပြန်ရောက်ပြီးနောက် လမ်းလျှောက်နေစဉ်တွင် သူ့စိတ်ထဲ၌ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ့ရှေ့တွင် ရတနာမှန်တစ်ချပ်ထွက်ပေါ်လာပြီး မှန်ထဲတွင် ရှီးချီယောင်၏ပုံရိပ် ပေါ်လာ၏။

“ရှင် အခုထိ ပြန်မရောက်သေးဘူးလား...”

ရှီးချီယောင် မေးလိုက်သည်။ ယခုတွင် ရှီးချီယောင်သည် စီဝေ့အင်ပါယာနန်းတော်တွင် ရှိနေပေသည်။

“ရောက်တော့မှာပါ... ကျုပ် အခု စီဝေ့ကြယ်ကောင်းကင်ထဲ ရောက်နေပြီ”

ရီဖူရှင်း ပြန်ဖြေလိုက်သည်။

“ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုက အာကာသလမ်းကြောင်းတွေကို ပြန်ဖွင့်ဖို့ ပြင်ဆင်နေပြီး မူလဘုံကို ‌နောက်တစ်ကြိမ်ထပ်လာဖို့ ကြံနေတယ်လို့ ကျွန်မသတင်းရထားတယ်။ ဒီတစ်ခေါက်တော့ သူတို့က စီဝေ့ကြယ်ကောင်းကင်ကို ဝိုင်းရံဖို့ စီဝေ့ကြယ်ကောင်းကင်တစ်ဝိုက်မှာ အကြာကြီး တပ်စွဲထားလောက်တယ်”

ရှီးချီယောင် ပြောလိုက်သည်။

နောက်ဆုံးတွင် ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် ရီဖူရှင်းကို စစ်ကြေညာတော့ပေမည်။ ရီဖူရှင်းအသက်ရှိနေသ၍ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် တစ်ရက်မှ စိတ်အေးလက်အေးနေရမည်မဟုတ်ကြောင်း သူတို့ သဘောပေါက်သွားပေပြီ။

“ကျုပ်သိပါတယ်... ကျုပ် အဲဒီကို မကြာခင်ပြန်ရောက်တော့မှာပါ”

ရီဖူရှင်း ပြောလိုက်သည်။ သူ၏အတွေး ရွေ့လျားသွားပြီး သူက ဟင်းလင်းပြင်ကိုဖြတ်သန်းသွားလေသည်။ မကြာခင်မှာပင် ရီဖူရှင်းသည် စီဝေ့အင်ပါယာနန်းတော်ထဲတွင် ပေါ်လာပြီး ရှီးချီယောင်နှင့် တွေ့လိုက်သည်။

“ရှင် နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့...”

ရှီးချီယောင်သည် ရှေ့သို့ လျှောက်လာ၏။

“ရှင်က ဒီတစ်ခေါက်တော့ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုရဲ့ အခြေခံအုတ်မြစ်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီ။ ဒီတစ်ကြိမ်တော့ သူတို့က အဲဒီကိစ္စကို အလွယ်တကူပြီးသွားစေမှာ မဟုတ်‌လောက်ဘူး...”

“ကျုပ် ဒီတစ်ခေါက် မသွားရင်လည်း သူတို့က ဘယ်လိုဖြစ်ဖြစ် သတ်မိန့်ကို ထုတ်ပြန်မှာပဲ။ ဒီတော့ ဘာများ ကွဲပြားသွားမှာမို့လို့လဲ...”

ရီဖူရှင်းက ပြန်ပြောလိုက်သည်။

“တကယ်လို့ သူတို့ လာချင်တယ်ဆိုရင်လည်း ကျုပ်တို့ ဒီမှာ သူတို့ကို စောင့်နေမှာပေါ့”

ထို့နောက်တွင် သူက ရိပ်ခနဲပျောက်သွားပြီး စီဝေ့အင်ပါယာနန်းတော်၏ ဘုံကျောင်းအတွင်းသို့ ဝင်သွားကာ အော်ပြောလိုက်သည်။

“အားလုံးပဲ နားထောင်ကြပါ...”

သူ၏အသံထွက်ပေါ်လာ၏နှင့် လူများစွာသည် ချက်ချင်း ရောက်ရှိလာကြသည်။ သူတို့သည် မုရုံယွီနှင့် အခြားသူများဖြစ်သည်။ သူတို့သည် စီဝေ့အင်ပါယာနန်းတော်အတွင်း၌ အဓိကျသောလူများဖြစ်ပေသည်။

“နန်းတော်သခင်...”

သူတို့ ခေါ်လိုက်ကြသည်။

“စီဝေ့အင်ပါယာနန်းတော်က ကျင့်ကြံသူအကုန်လုံးကို ပြန်ခေါ်လိုက်ပါ။ ကျုပ်တို့ အရင်က သိမ်းပိုက်ထားခဲ့တဲ့ ကုန်းမြေတွေကို စွန့်ပစ်ခဲ့ခိုင်းလိုက်တော့... ဒါပေမဲ့ အသုံးဝင်မယ့် ပစ္စည်းတွေအကုန်လုံးကိုတော့ သူတို့နဲ့အတူ ပြန်ယူလာခိုင်းလိုက်ပါ”

ရီဖူရှင်း တိုက်ရိုက်အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ နန်းတော်သခင်...”

အားလုံးက ခေါင်းညိတ်၍ အမိန့်နာခံလိုက်သည်။

“နန်းတော်သခင်... ကျုပ်တို့ တခြား ဘာလုပ်ပေးရဦးမလဲ...”

မုရုံယွီက မေးလိုက်သည်။

“မရှိတော့ဘူး...”

ရီဖူရှင်း ခေါင်းခါလိုက်သည်။

“ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုက စီဝေ့ကြယ်ကောင်းကင်ကို ဒုတိယအကြိမ် တိုက်ခိုက်တော့မှာ... ဒီတစ်ခေါက်မှာလည်း သူတို့လိုချင်တဲ့ ရလဒ်ကို မရစေရဘူးဆိုတာ  ကျုပ်သေချာတယ်။ အနာဂတ်မှာလည်း တတိယအကြိမ် တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်... သူတို့ စီဝေ့ကြယ်ကောင်းကင်ကို တတိယအကြိမ် တိုက်ခိုက်တဲ့အခါမှာတော့ စီဝေ့ကြယ်ကောင်းကင်က သူတို့ကို ဒီနေရာက ဘယ်တော့မှ ပြန်ထွက်မသွားနိုင်တော့အောင် လုပ်နိုင်စွမ်းရှိနေပါစေလို့ ကျုပ်မျှော်လင့်တယ်”

“ကျုပ်တို့ ကျုပ်တို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်နိုင်အောင် ကြိုးစားမှာပါ”

မုရုံယွီနှင့် အခြားသူများက ဦးညွှတ်လိုက်ကြသည်။ ဤတစ်ကြိမ်တွင်လည်း သူတို့သည် နန်းတော်သခင်အပေါ်တွင်သာ မှီခိုရပေဦးမည်။ သူတို့သည် ကပ်ဘေးအဆင့်သို့ ရောက်နေသော်လည်း ထိုကဲ့သို့အဆင့်ရှိသည့် တိုက်ပွဲတစ်ခုတွင် ဝင်ပါရန် ခက်ခဲနေဆဲဖြစ်သည်။

ရှေးဟောင်းနတ်ဘုရားကလန်သည် လွန်စွာစွမ်းအားကြီးလေသည်။ အကယ်၍ သူတို့သာ တိုက်ပွဲအတွင်း ဝင်ပါခဲ့လျှင် သူတို့ သေဆုံးသွားနိုင်ချေ များလေသည်။

“သွားပြီး ပြင်ဆင်ကြတော့...”

ရီဖူရှင်း ပြောလိုက်သည်။ ထို့နောက် သူက သခင်ချန်ကို ဆက်၍ ဆက်သွယ်လိုက်သည်။

သခင်ချန်နှင့် အစ်ကို၃တို့သည် ကောင်းကင်အာဏာစက်ဘုံတွင် နေခဲ့ကြသည်။

ရှေးဟောင်းနတ်ဘုရားကလန် ထပ်မံတိုက်ခိုက်လျှင် သူတို့သည် သူတို့ဆုံးရှုံးခဲ့ရသော နယ်မြေများကို သေချာပေါက် ပြန်သိမ်းပိုက်မည်ဖြစ်သဖြင့် ကောင်းကင်အာဏာစက်ဘုံကိုလည်း တိုက်ခိုက်နိုင်ချေများလေသည်။ အကယ်၍ သူတို့သည် စီဝေ့ကြယ်ကောင်းကင်ကို မဖျက်ဆီးနိုင်ခဲ့လျှင် ကောင်းကင်အာဏာစက်ဘုံဘက်ကသို့ ဦးလှည့်သွားပေလိမ့်မည်။

မည်သည့်အင်အားစုသည် ကောင်းကင်အာဏာစက်ဘုံကို သွားရောက်တိုက်မည်ကို သူတို့မသိကြပေ။

သူတို့ သူတို့၏ကျင့်ကြံသူအားလုံးကို ပြန်ခေါ်ပြီးနောက်တွင် စီဝေ့ကြယ်ကောင်းကင်သည် စတင် လှုပ်ရှားသက်ဝင်လာ၏။ တစ်ချိန်တည်းမှာပင် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ဆက်သွယ်ထား‌သော မဟာအာကာသကွန်ရက်ကြီး အသက်ဝင်လာပြီး ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများကို စီဝေ့ကြယ်ကောင်းကင်သို့ ပြန်ပို့လိုက်သည်။

စီဝေ့ကြယ်ကောင်းကင်ထဲတွင်လည်း မူလကောင်းကင်အာဏာစက်ဘုံကျောင်းနှင့် ပုံစံတူတည်ဆောက်ထားသည့် ကောင်းကင်အာဏာစက်ကျောင်းတော် ရှိလေသည်။

“နတ်မိမယ်ချီယောင်... ကျုပ် အကူအညီတောင်းစရာတစ်ခု ရှိတယ်”

ရီဖူရှင်းက ရှီးချီယောင်ကို ပြောလိုက်သည်။

“ပြောပါ...”

ရှီးချီယောင် ခေါင်းညိတ်လိုက်၏။

“အနောက်အင်ပါယာနန်းတော်ကို ကောင်းကင်ဒေသမှ စကားဖြန့်ခိုင်းလိုက်ပါ... ကျုပ်ကိုယ်တိုင် ကောင်းကင်ဒေသက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုကို သတိပေးစကားပြောတာလို့ သူတို့သိသွားအောင် လုပ်ပေးပါ။ တကယ်လို့ တစ်စုံတစ်ယောက်ကသာ စီဝေ့ကြယ်ကောင်းကင်ရဲ့ တခြားနယ်မြေတွေဖြစ်တဲ့ ကောင်းကင်အာဏာစက်ဘုံတို့ ဒါမှမဟုတ် မူလဘုံတို့ကို ဖျက်ဆီးပြီး အဲဒီကအပြစ်ကင်းတဲ့လူတွေကို ထိခိုက်စေခဲ့မယ်ဆိုရင် ကျုပ်က ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုရဲ့ မြို့တွေကို လူသေတွေရဲ့မြို့ဖြစ်အောင် လုပ်ပစ်မယ်ဆိုပြီး စကားဖြန့်ပေးပါ”

ရီဖူရှင်းက ပြောလိုက်သည်။

ပြီးခဲ့သော တိုက်ပွဲအပြီးတွင် ကောင်းကင်ဒေသမှ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် ရီဖူရှင်းက အမှန်ပင် ထိုသို့လုပ်နိုင်ကြောင်းကို သိရှိပြီးဖြစ်ပေမည်။

သူက ရှေးဟောင်းနတ်ဘုရားကလန်များ၏ အတွင်းပိုင်းသို့ ဖောက်မဝင်နိုင်လောက်သော်လည်း သူ၏စွမ်းရည်ဖြင့်ဆိုလျှင် ရှေးဟောင်းနတ်ဘုရားကလန်များရှိသည့် မြို့များကိုမူ ဖျက်ဆီးပစ်နိုင်စွမ်းရှိလေသည်။ သူက ထိုမြို့များကို လူသေများနှင့်ပြည့်နှက်နေသည့် မြို့များဖြစ်အောင် လုပ်နိုင်စွမ်းရှိသည်။ ထိုစကားသာပြန့်သွားလျှင် ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် ရီဖူရှင်းအသက်ရှိနေစဉ်အတွင်း ကောင်းကင်အာဏာစက်ဘုံကို တိုက်ခိုက်ခဲ့ပါက ထိုမြို့များတွင် နေထိုင်သူများသည် ထိုဘေးအန္တရာယ်မှ ရှောင်ရှားနိုင်ရန် သူတို့ဘာသာ မြို့မှ ထွက်သွားကြမည်ဖြစ်သည်။

ဟောက်ထျန်းမြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအရ သူသည် ထိုလူများကို ဟန့်တားနိုင်ရန် အစွမ်းရှိသည်ဟု သူယုံကြည်လေသည်။

“အဲဒါက အပန်းမကြီးဘူး...”

ရှီးချီယောင် ခေါင်းညိတ်လိုက်သည်။ ထိုကဲ့သို့သော သတင်းမျိုးကို ဖြန့်ရခြင်းသည် ရိုးရှင်းပြီး အနောက်အင်ပါယာနန်းတော်က ထိုကိစ္စကို အလွယ်တကူလုပ်ဆောင်နိုင်သည်။

အထူသဖြင့် လက်ရှိတွင် ကောင်းကင်ဒေသတစ်ခွင်လုံးသည် ဟောက်ထျန်းမြို့တွင် ဖြစ်ပျက်သွားခဲ့သည့်ကိစ္စများကြောင့် တုန်လှုပ်နေဆဲဖြစ်သဖြင့် ထိုကဲ့သို့ အားကောင်းသည့် ရီဖူရှင်း၏သတိပေးချက်နှင့် တွဲဖက်လိုက်လျှင် ထိုသတင်းသည် ကောင်းကင်ဒေသတစ်ခွင်လုံးတွင် တစ်ခဏအတွင်း အုတ်အော်သောင်းတင်း ပျံ့နှံ့သွားမည်ဖြစ်သည်။

‌ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် လောက၏အမြင်ကို လျစ်လျူရှု၍ ကောင်းကင်အာဏာစက်ဘုံနှင့် အခြားဘုံများကဲ့သို့ နယ်မြေများကို တိုက်ခိုက်လိမ့်မည်ဖြစ်ကြောင်း သူမယုံကြည်ပေ။ ယခင်ကထုတ်ပြန်ခဲ့သော သတ်မိန့်သည်ပင် ထိုအမိန့်ထုတ်ပြန်စဉ်က ရှိနေခဲ့သော ကျင့်ကြံသူများစွာကို မယုံမကြည်ဖြစ်စေခဲ့ပြီဖြစ်သည်။ သူတို့သည် သတ်မိန့်ကို နာခံခဲ့သော်လည်း ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် သူတို့၏အသက်များကို မကာကွယ်‌ပေးခဲ့ဘဲ သူတို့ကို မြို့ထဲတွင် ပိတ်ထားကာ ရီဖူရှင်းကို သဘောရှိ လိုက်ဖမ်းခဲ့သည်။

လက်ရှိတွင် ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် သူတို့၏ဒေါသများကို ကောင်းကင်အာဏာစက်ဘုံအတွင်းရှိ အပြစ်ကင်းသောလူများအပေါ် ပုံချ၍ မရနိုင်တော့ပေ။ ထိုသို့လုပ်လိုက်လျှင် သူတို့၏ မြို့များကိုသာ ပြန်၍ပျက်စီးသွားစေမည်ဖြစ်ပြီး သူတို့လူများကိုလည်း စိတ်ဓာတ်ကျသွားစေမည်ဖြစ်သည်။ သို့သော် သူတို့သာ ရီဖူရှင်းကို သတ်နိုင်ခဲ့လျှင် စိတ်ကြိုက်လုပ်နိုင်ပြီဖြစ်သည်။

စီဝေ့အင်ပါယာနန်းတော်သည် စတင်အလုပ်ရှုပ်လာစဉ်တွင် ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုမှာလည်း အလုပ်ရှုပ်လာ၏။ ယခုတွင် သူတို့သည် ရှေးဟောင်းနတ်ဘုရားကလန်များ၏ အင်အားများကို ပြန်၍စုစည်းခဲ့သည်။ သူတို့သည် အပြင်တွင် အခြေချထားသော သူတို့၏ကျင့်ကြံသူများကို ပြန်၍ခေါ်ပြီးသောအခါ ထိပ်သီးများသည် လမ်းကြောင်းတစ်ခုကို စတင်ဖန်တီးခဲ့သည်။

ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခု ပူးပေါင်းထားသော မဟာမိတ်အင်အားစုသည် မူလဘုံသို့ သွားရာလမ်းကြောင်းကို ထပ်မံဖွင်ခဲ့လေသည်။ တစ်ချိန်တည်းမှာပင် နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ သခင်နှင့် အခြားထိပ်သီးအင်အားစုများစွာသည် ရီဖူရှင်းကို သတ်နိုင်ရန်အတွက် ကြီးစွာသောစတေးမှုများ ပြုခဲ့ရပေသည်။ မည်မျှစတေးရစေကာမူ သူတို့သည် ရီဖူရှင်းကို သတ်ပစ်ရမည်ဖြစ်သည်။

ရီဖူရှင်းသာ ဆက်၍အသက်ရှိနေသေးလျှင် သူတို့၏အင်အားစုများမှာလည်း နတ်ဘုရားမာန်ဟုန်တောင်ကုန်းကဲ့သို့ အလုံးစုံပျက်သုဉ်းကာ အဆုံးသတ်သွားနိုင်သည်။ လက်ရှိအခြေအနေသည် တစ်ဖက်ကိုသာ ကျန်ရှိနေရန် ခွင့်ပြုပေသည်။

ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် သူတို့၏ကျင့်ကြံသူများနှင့် မူလဘုံသို့ နောက်တစ်ကြိမ်သွားခဲ့လေသည်။ သူတိုပထမဆုံးလုပ်ခဲ့သောအရာမှာ တစ်ချိန်က သူတို့ မူလဘုံတွင် သိမ်းပိုက်ထားခဲ့သော နယ်မြေများသို့ သွားခြင်းဖြစ်သည်။ သို့သော် သူတို့သည် ထိုနေရာများတွင် မည်သူမှ မရှိတော့သည်ကို အံ့အားသင့်စွာတွေ့လိုက်ရလေသည်။ စီဝေ့ကြယ်ကောင်းကင်မှ ကျင့်ကြံသူများအားလုံးကိုလည်း ပြန်ခေါ်သွားပြီဖြစ်သည်။

သူတို့အားလုံးသည် မကျေမနပ်ဖြစ်သွားကြ၏။ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုနှင့် စီဝေ့ကြယ်ကောင်းကင်၏အကြားမှ စစ်ပွဲတွင် စီဝေ့ကြယ်ကောင်းကင်သည် ခံစစ်ဖြင့်သာ တိုက်ခဲ့ပေသည်။ သို့သော် သူတို့ထဲက မည်သူမှ စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ မဝင်ဝံ့ကြပေ။ စီဝေ့ကြယ်ကောင်းကင်ထဲတွင် ရီဖူရှင်းသည်အကြွင်းမဲ့ဆရာသခင်ဖြစ်သဖြင့် သူတို့ အထဲရောက်သွားသည်နှင့် အပြင်သို့ အသက်ရှင်လျှက် ပြန်ထွက်နိုင်ရန် ဖြစ်နိုင်ချေသိပ်မရှိတော့ပေ။

အမှန်မှာ ထျန်းယန်မြို့သည် ဝမ်ရှောင်ကို မဟာအင်ပါယာအဆင့်လက်နက်များနှင့် စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ ပို့ရန် တွေးခဲ့သည်။ သို့သော် ထျန်းယန်မြို့သခင်သည် ထိုသို့စွန့်စားရန် ချီတုံချတုံ ဖြစ်ခဲ့လေသည်။  ဝမ်ရှောင်သည် မဟာအင်ပါယာအဆင့်လက်နက်များနှင့်ဆိုလျှင် လွန်စွာစွမ်းအားကြီးသော်လည်း အကယ်၍ ကြိုမမြင်နိုင်သည့် အခြေအနေများဖြစ်လာခဲ့ပါက ဝမ်ရှောင်သည် စီဝေ့ကြယ်ကောင်းကင်ထဲတွင် သေဆုံးပျောက်ကွယ်သွားမည်ဖြစ်သည်။ ထျန်းယန်မြို့သည် ထိုသို့သော တန်ကြေးမျိုးကို မပေးနိုင်ပေ။

ထို့ကြောင့် ထျန်းယန်မြို့သည် ထိုသို့ မစွန့်စားခဲ့ခြင်းဖြစ်သည်။

မူလဘုံအတွင်းရှိ နယ်မြေများသည် ရီဖူရှင်း ကျင်လည်ခဲ့ရာ နေရာများပင် မဟုတ်ပါလား။ ထို့ကြောင့် သူတို့ဘက်က တစ်ပန်းရှုံးနေပေသည်။ အကယ်၍ သူတို့သာ စီဝေ့ကြယ်ကောင်းကင်ကို ဖိအားပေးလိုလျှင် တစ်ခုတည်းသောနည်းလမ်းမှာ စီဝေ့ကြယ်ကောင်းကင်ကို အပြင်မှနေ၍ အလုံးအရင်းဖြင့် အချိန်ကြာရှည် ဝန်းရံပိတ်ဆို့ထားရန်သာ ရှိလေသည်။

လောလောဆယ်တွင် ‌ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် ပို၍ကောင်းသည့် နည်းလမ်းကို စဉ်းစား၍မရနိုင်သေးပေ။

ထျန်းယန်မြို့သည် စိုးရိမ်နေသော်လည်း သူတို့အသာရနိုင်မည့် အခြားအခြေအနေတစ်ခု ရှိနေပေသေးသည်။ ထိုအခြေအနေမှာ ဝမ်ရှောင် အဆင့်တက်သွားသည့်အခြေအနေပင်ဖြစ်သည်။ ဝမ်ရှောင်သာ မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပါက လောကကြီးထဲမှ မည်သူက မဟာအင်ပါယာအဆင့်လက်နက်များ၏ စွမ်းအားကိုလည်း ပိုင်ဆိုင်ထားသော ဝမ်ရှောင်ကို တားဆီးနိုင်တော့မည်နည်း။

ရီဖူရှင်းသည် အရှင်စီဝေ့၏ ဝိညာဉ်စွမ်းအားကို အသုံးပြုခဲ့လျှင်ပင် သေချာပေါက် သေဆုံးသွားမည်ဖြစ်သည်။

ထိုတိုက်ပွဲသည် ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုအတွက် အချိန်ဆွဲ၍ ရည်ရှည်တိုက်ရမည့် တိုက်ပွဲတစ်ခုဖြစ်နိုင်သည်။ သူတို့သည် ထိုကဲ့သို့သော ဘေးကြံနံကြပ်အခြေအနေနှင့် တစ်ခါမှ မကြုံခဲ့ဖူးကြချေ။

All Chapters