← Chapters

နှင်ထုတ်ခြင်း

Vol. 182 Ch. 2600

နှင်ထုတ်ခြင်း

Vol. 182 Ch. 2600

“ပြင်ပကိုယ်ပွား...”

တစ်စုံတစ်ယောက်က ပြောလိုက်သည်။

ရှေးဟောင်းနတ်ဘုရားကလန်များမှ ကျင့်ကြံသူများသည် ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ ထိုကိုယ်ပွားထံမှ မည်သည့်အရှိန်အဝါမှ ထွက်မနေပေ။ ထိုကိုယ်ပွားသည် အစစ်ဟုလည်း ထင်ရသလို၊ အတုဟုလည်းထင်ရပြီး အချိန်မရွေးပျောက်ကွယ်သွားတော့မလို ထင်နေရလေသည်။

ရီဖူရှင်းသည် စွမ်းအားကြီးထိပ်သီးနှစ်ဦးကို သတ်ခဲ့သော်လည်း အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခု၏ ခေါင်းဆောင်များသည် ဤနေရာတွင် ရှိနေပေသည်။ သူတို့၏စွမ်းရည်များသည် နတ်ဘုရားမာန်ဟုန်တောင်ကုန်းဆရာသခင်နှင့် မိုကလန်ခေါင်းဆောင်တို့ထက် ပို၍သာပေသည်။ ထို့အပြင် မဟာအင်ပါယာအဆင့်လက်နက်များကို အသုံးပြုနိုင်သော ဝမ်ရှောင်မှာလည်း သူတို့နှင့်အတူရှိနေပေသည်။ ထို့ကြောင့် ရီဖူရှင်းသည် ဤနေရာသို့ စွန့်စား၍ ကိုယ်တိုင်လာလိမ့်မည် မဟုတ်ပေ။ အကယ်၍ သူသာ ထိုသို့လာခဲ့လျှင် သူတို့ကို သူ့အား သတ်နိုင်ရန်အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

ကိုယ်ပွားသည် သူတို့ရှေ့တွင် ရပ်လိုက်သည်။ ၎င်းသည် ကိုယ်ပွားတစ်ခုသာ ဖြစ်သော်လည်း အစစ်ဟုထင်ရပေသည်။ အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုမှ ကျင့်ကြံသူများသည် ထိုကိုယ်ပွားကို ငေးကြည့်လိုက်ကြသည်။ သူတို့သည် မည်သို့မှ မပြောလိုက်ကြပေ။ ဝမ်ရှောင်မှာလည်း ပုံရိပ်ကို ကြည့်နေသည်။

ရီဖူရှင်း၏ ပြင်ပကိုယ်ပွားသည် အဘယ်ကြောင့် ဤနေရာသို့ ရောက်လာရသနည်း။

“အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုနဲ့ တခြားအင်အားစုတွေအားလုံး မူလဘုံက ချက်ချင်းထွက်သွားကြပါ။ ပြီးတော့ ကျုပ်ရဲ့ ခွင့်ပြုချက်မပါဘဲနဲ့ မူလဘုံထဲကို ထပ်ပြီး ခြေတစ်လှမ်းမှ မချကြနဲ့တော့”

ရီဖူရှင်းက အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုမှ ကျင့်ကြံသူများကိုကြည့်၍ ပြောလိုက်သည်။

သူက အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုမှ ခေါင်းဆောင်များနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ ကောင်းကင်ဒေသတွင် သူတို့ခြောက်ဦးသည် ထိပ်တန်းအဆင့်တွင် ပါသူများဖြစ်သည်။

သို့သော် ယခုတွင် ရီဖူရှင်း၏ပြင်ပကိုယ်ပွားသည် သူတို့ကို အမိန့်ပေးသံဖြင့် ပြောနေသည်။ သူက သူတို့ကို မူလဘုံမှ ထွက်သွားစေလိုနေပြီး သူ၏ခွင့်ပြုချက်မပါဘဲနှင့် မူလဘုံသို့ နောက်ထပ်ခြေမချရန် ပြောနေ၏။

သူက လွန်စွာ အထက်စီးဆန်နေသည်။

အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုမှ စွမ်းအားကြီးထိပ်သီးများသည် မျက်နှာပျက်သွားကြသည်။ သူတို့သည် မည်သည့်အခါကမှ ထိုကဲ့သို့ အပြုအမူမျိုးဖြင့် ခြိမ်းခြောက်မခံဖူးခဲ့ပေ။

“မင်းက ဒီကို ညှိနှိုင်းရအောင် လာတာလား...”

ထျန်းယန်မြို့သခင်က ရီဖူရှင်းကို စိုက်ကြည့်၍ ရေခဲတမျှ အေးစက်သော အသံဖြင့် မေးလိုက်သည်။

ရီဖူရှင်းက ပြန်ပြောလိုက်၏။

“ဒါက ညှိနှိုင်းတာ မဟုတ်ဘူး။ ကျုပ်က ခင်ဗျားတို့ကို အသိပေးရအောင်လာတာ။ ဒီ‌နေ့ကစပြီး ခင်ဗျားတို့ထဲက ဘယ်သူမဆို မူလဘုံထဲကို ဝင်လာခဲ့ပြီး ကျုပ်သာ အဲဒီကြောင်းကို သိသွားလို့ကတော့ ခင်ဗျားတို့ရဲ့ ရှေးဟောင်းနတ်ဘုရားကလန်တွေ ငြိမ်းချမ်းမှာ မဟုတ်ဘူးဆိုတာ ကျုပ်အာမခံတယ်။ ခင်ဗျားတို့ရဲ့ တပည့်တွေ ခင်ဗျားတို့ရဲ့ စခန်းတွေထဲက ခြေတစ်လှမ်းမှ မထွက်နိုင်အောင် ဖြစ်သွားမယ်”

သူ၏လေသံသည် အရေးမစိုက်ဟန်ရှိသော်လည်း ထင်ရှားသောခြိမ်းခြောက်မှုအငွေ့အသက်တစ်ခု ပါလေသည်။

သူ၏စကားများသည် အထက်စီးဆန်လေသည်။ အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် ရီဖူရှင်းက အမှန်ပင် ထိုသို့လုပ်နိုင်ကြောင်း စိတ်မချမ်းမသာ သဘောပေါက်ကြလေသည်။

ရီဖူရှင်း၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် စွမ်းရည်နှင့်ဆိုလျှင် သူက ရှေးဟောင်းနတ်ဘုရားကလန်များ၏ ဌာနချုပ်များအတွင်းသို့ ဝင်မလာနိုင်သော်လည်း သူတို့၏ကျင့်ကြံသူများကို အပြင်သို့ မထွက်လာနိုင်အောင် ပိတ်ဆို့ထားနိုင်သည်။ ထို့အပြင် သူက သူတို့ကို တစ်ဦးချင်းစီ လိုက်လံသတ်ဖြတ်နိုင်ပေသေးသည်။

“ပြီးတော့ တကယ်လို့ သတ်မိန့်ကြောင့် စီဝေ့ကြယ်ကောင်းကင်က နောက်တစ်ယောက် ထပ်သေသွားမယ်ဆိုရင် ဒါမှမဟုတ် ခင်ဗျားတို့ထဲက အဖွဲ့ဝင်တစ်ယောက်ရဲ့ သတ်တာကို ခံလိုက်ရတယ်ဆိုရင် ကျုပ် အဆတစ်ရာပြန်ပြီး လက်စားချေမယ်...”

ရီဖူရျင်း ဆက်ပြောလိုက်သည်။

“အခုကစပြီးတော့ ထွက်သွားကြတော့။ မူလဘုံက ထွက်သွားပြီး ကျုပ်ရဲ့ မျက်စိရှေ့မှာ ထပ်ပေါ်မလာကြနဲ့တော့”

ရီဖူရှင်းက အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုမှ ကျင့်ကြံသူများကို မူလဘုံမှ ထွက်သွားစေလိုနေသည်။

သူတို့သည် သူ၏မျက်စိရှေ့တွင် ထပ်ပေါ်လာ၍ မရတော့ပေ။

ထိုစကားများသည် အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုကို စော်ကားနေသကဲ့သို့ပင်။ မည်သူမှ သူတို့ကို ထိုသို့မပြောဝံ့ခဲ့ကြပေ။

သို့သော် ယနေ့တွင် မူလဘုံမှ ရီဖူရှင်းက သူတို့ကို အမိန့်ပေးနေသည်။ သူက သူတို့ကို မူလဘုံမှ ထွက်သွားစေလိုနေသည်။ မဟုတ်လျှင် သူက သူတို့၏ ရှေးဟောင်းနတ်ဘုရားကလန်များကို မငြိမ်းချမ်းအောင်လုပ်မည်ဟု ဆိုနေပေသည်။

သူတို့ အလွန်ဒေါသထွက်နေကြသည်။  သူတို့ထံမှနေ၍ ကြောက်မက်ဖွယ် ဖိအားများထွက်လာကြပြီး ရီဖူရှင်း၏ ပြင်ပကိုယ်ပွားအပေါ် ကျဆင်းသွားကြသည်။ သို့သော် သူတို့၏အရှိန်အဝါများသည် သူ၏ကိုယ်ပွားအပေါ် သက်ရောက်မှုရှိပုံမ‌ပေါ်ပေ။ သူဆက်ပြောလိုက်သည်။

“ကျုပ် ခင်ဗျားတို့ကို ထွက်သွားဖို့ ဒီနေ့တစ်ရက်ပဲ အချိန်ပေးထားတယ်ဆိုတာ ခေါင်းထဲမှာ မှတ်ထားပါ။ ဒီနေ့ပြီးသွားတာနဲ့ ကျုပ်က ပြောထားသလို လုပ်တော့မှာ... ခင်ဗျားတို့ စိုက်ပျိုးတာကို ခင်ဗျားတို့ ပြန်ရိတ်သိမ်းရမှာပဲ...”

သူထိုသို့ပြောလိုက်ပြီးနောက် သူ၏ကိုယ်ပွားသည် မဟာလမ်းစဉ် အလင်းလုံးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ခြေရာလက်ရာတစ်ခုမှ မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားလေတော့သည်။ ၎င်းသည် ထိုနေရာတွင် တစ်ခါမှထွက်ပေါ်မလာခဲ့ဘဲ မည်သူမှလည်း မည်သည့်စကားကိုမှ မပြောခဲ့သလိုပင် ထင်ရလေသည်။

သို့သော် ဖြစ်ပျက်သွားခဲ့သော အရာအားလုံးသည် အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုမှ ကျင့်ကြံသူများ၏ စိတ်ထဲတွင် စွဲဝင်နေပြီဖြစ်သည်။

ထိုကိစ္စသည် သူတို့ကို သိက္ခာချခြင်းပင်။

ထိုကိစ္စသည် သူတို့ကို လှောင်ပြောင်စော်ကားခြင်းပင်။

သူတို့၏ ရှေးဟောင်းနတ်ဘုရားကလန်များသည် ဂုဏ်ရှိန်မြင့်ကာ အင်အားကြီးပေသည်။ ကုန်းမြေသခင်အိမ်တော်များပင် သူတို့ကို မျက်နှာသာပေးရသည်။ အင်ပါယာနန်းတော်ပင် သူတို့ကို လေးစားသမှုဖြင့် ဆက်ဆံရသည်။

သို့သော် ယနေ့တွင် သူတို့သည် မမျှော်လင့်ထားသည့် စော်ကားမှုကို ကြုံခဲ့ရလေသည်။

ရီဖူရှင်းက သူတို့ကို မူလဘုံမှ ထွက်သွားစေလိုနေသည်။

မဟုတ်လျှင် သူတို့သည် သူတို့စိုက်ပျိုးသည်ကို ပြန်ရိတ်သိမ်းရမည်ဟု ဆိုသည်။

ရီဖူရှင်းက သူတို့ကို ထွက်သွားရန် တစ်ရက်သာ အချိန်ပေးခဲ့သည်။

သူက သူတို့ကို ထိုသို့မောက်မာသောဟန်ပန်ဖြင့် အထက်စီးမှ ဆက်ဆံသွားကာ အမိန့်ပင်ပေးခဲ့သေးလေသည်။

စွမ်းအားကြီးထိပ်သီးခြောက်ဦးထံမှ အေးစက်သောဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာ၏။ သူတို့၏ဝိညာဉ်စွမ်းအားများသည် ကျယ်ပြောသောအာကာပြင်ကို လွှမ်းခြုံသွားသည်။ ဖိအားသည် ကြောက်မက်ဖွယ် ကောင်း၏။

သူတို့သည် ထိုကဲ့သို့သော စော်ကားမှုမျိုးကို မည်သည့်အခါကမှ မခံဖူးခဲ့ပေ။

သို့သော် ယနေ့တွင် သူတို့ အစော်ကားခံခဲ့ရလေသည်။

ပို၍အရေးကြီးသည်မှာ သူတို့သည် ရီဖူရှင်း၏စကားများကို တွေးတော၍ ထွက်သွားရမည်လော သို့မဟုတ် ထွက်မသွားဘဲနေရမည်လောဟု စဉ်းစားမိနေခြင်းပင်ဖြစ်သည်။ ထိုအချက်သည် ပို၍ပင် အရှက်ရစရာ ကောင်း၏။

ရီဖူရှင်း၏ခြိမ်းခြောက်မှုသည် အတိုက်အခိုက်ရပ်စဲရန် ကမ်းလှမ်းမှုတစ်ခုလည်းဖြစ်သည်။ သူတို့သာ မူလဘုံမှ ထွက်သွားပါက နှစ်ဖက်စလုံးသည် အတိုက်အခိုက်ရပ်စဲကာ တစ်ဖက်၏ကိစ္စကို တစ်ဖက်က ဝင်ရှုပ်တော့မည်မဟုတ်ဟု ဆိုလိုခြင်းပင်။

သို့သော် သူတို့သာ ပြန်ဆုတ်ခွာမသွားပါက သူတို့သည် စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးရန်နှင့် ၎င်းတွင်နေထိုင်သော ကျင့်ကြံသူများကိုသတ်ရန် ဆက်ကြိုးစားမည်ဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။ သို့ဆိုလျှင် ရီဖူရှင်းမှာလည်း သူ၏အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကိုစ၍ အားလုံးကို သတ်ပစ်မည်ဖြစ်သည်။

ယခုတွင် ရီဖူရှင်းက သူတို့ကို ရွေးချယ်စရာ တစ်ခုပေးနေခြင်းပင်။ သူတို့ ပြန်ဆုတ်ခွာသွားမည်လော။

သူတို့သည် ဒေါသူပုန်ထပြီးနောက်တွင် ပြန်၍ စိတ်တည်ငြိမ်လာကြသည်။ သူတို့ကဲ့သို့အဆင့်ရှိသော လူများ၏ စိတ်အခြေအနေသည် ကြာရှည် မတည်မငြိမ်ဖြစ်နေမည်မဟုတ်ပေ။ သူတို့ အဓိကထားသောအရာမှာ အကျိုးအမြတ်ပင် ဖြစ်ပေသေးသည်။

“ခင်ဗျားတို့အားလုံး ဘယ်လိုထင်ကြလဲ”

ထျန်းယန်မြို့သခင်က မေးလိုက်သည်။ သူ လက်တစ်ချက်ယမ်းလိုက်ရုံဖြင့် ဖျက်ဆီးနိုင်ခဲ့သော ကောင်းကင်အာဏာစက်ကျောင်းတော်၏ လက်ရှိခေါင်းဆောင်သည် သူ့ကို ထိုမျှပင် ခြိမ်းခြောက်နိုင်နေပြီဖြစ်ကြောင်း သူမည်သို့ တွေးခဲ့မိမည်နည်း။

ထိုမတိုင်ခင်က သူတို့သည် ရီဖူရှင်း၏ကျင့်ကြံခြင်းအစွမ်းမှာ ပထမကပ်ဘေးကျင့်ကြံသူများကိုသာ သတ်နိုင်ရန်လုံလောက်သည်ဟု ထင်ခဲ့ကြသည်။ သူတို့သည် စီဝေ့ကြယ်ကောင်းကင်ကို ချိပ်ပိတ်၍ အတွင်းသို့ ဝင်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာလိုခဲ့သည်။

သို့သော် ယခုတွင် ရီဖူရှင်းက ဒုတိယကပ်ဘေးအဆင့်ကျင့်ကြံသူများကို သတ်နိုင်နေပြီဖြစ်ရာ သူတို့သည် စီဝေ့ကြယ်ကောင်းကင်ကို မည်သို့ချိပ်ပိတ်ထားနိုင်မည်နည်း။

အကယ်၍ သူတို့သာ အဓိကဦးတည်ရာခြောက်ခုတွင် ဆက်၍စခန်းချထားပါက ရီဖူရှင်းက သူတို့ကို အချိန်မ‌ရွေး အလစ်ဝင်တိုင်နိုင်သည်။ စွမ်းအားကြီးထိပ်သီးခြောက်ဦးမှလွဲ၍ မည်သူက ရီဖူရှင်းကို တားနိုင်မည်နည်း။

“ဒီမှာ ဆက်နေလည်း ဘာအကျိုးမှရှိမှာမဟုတ်ဘူး...”

ကျန်းကလန်၏ ရှေးဟောင်းတော်ဝင်မိသားစုခေါင်းဆောင်က ပြောလိုက်သည်။

“ကျုပ်တို့ အရင်ဆုံး ထွက်သွားသင့်တယ်... ‌နောက်မှ ရီဖူရှင်းကို ဘယ်လိုသတ်မလဲဆိုတာ ကျုပ်တို့ ဆွေးနွေးလို့ရတာပဲ”

“သဘောတူတယ်...”

ဝရဇိန်နယ်မြေသခင်က ထပ်ပြောလိုက်သည်။

“အချိန်တွေအများကြီး ရှိပါသေးတယ်။ ကျုပ်တို့ အခွင့်အရေးရတော့မှ သူကို သတ်လို့ရတာပဲ”

သူတို့ ရီဖူရှင်းကို သတ်နိုင်သည်နှင့် အရာအားလုံး အဆုံးသတ်သွားမည်ဖြစ်သည်။

အနန္တတောင်ကုန်းဆရာသခင်သည် ထိုအခြင်းအရာအားလုံးကို တိတ်တဆိတ်ကြည့်ရှုနေသည်။ ထိုမတိုင်ခင်က သူ၏ဆရာဦးလေးသည် ရီဖူရှင်းသည် ဒုတိယကပ်ဘေးအဆင့် တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်နိုင်လောက်သည်ဟု ပြောခဲ့သည်။ မျှော်လင့်ထားသကဲ့သို့ပင် သူ့ဆရာဦးလေး၏ ခန့်မှန်းမှုသည် မှန်ကန်ခဲ့ပေသည်။

ဤစစ်ပွဲသည် ပို၍ အန္တရာယ်များလာပေပြီ။

သူတို့သည် သရေအနေအထားသို့ ရောက်နေသည်ဟု ထင်ရပေသည်။

“အခြေအနေက ဒီလိုဆိုမှတော့လည်း ပြန်ဆုတ်ခွာကြတာပေါ့”

ဟောက်ထျန်းကလန်ခေါင်းဆောင်က ပြောလိုက်သည်။ ထိုမတိုင်ခင်က သူတို့သည် သတ်မိန့်ထုတ်ပြန်ခဲ့ကြပြီး ကောင်းကင်ဒေသတစ်ခွင်လုံးမှ အင်အားစုများကို စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးရန်နှင့် ရီဖူရှင်းကိုသတ်ရန် ညွှန်ကြားခဲ့ကြသည်။

သို့သော် ယခုတွင် သူတို့သည် စီဝေ့ကြယ်ကောင်းကင်အပြင်ဘက်တွင် ရောက်နေသော်လည်း ပြန်ဆုတ်ခွာရတော့ပေမည်။

အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် စီဝေ့ကြယ်ကောင်းကင်မှ ပြန်ဆုတ်ခွာရန် အလျင်အမြန် သဘောတူညီမှု ရရှိသွားလေသည်။

ထိုတစ်ချိန်လုံးတွင် ဝမ်ရှောင်သည် ဘေးမှနေ၍ တိတ်တဆိတ်ကြည့်နေပေသည်။ ဤအခြေအနေသည် စစ်ပွဲ၏ အပြောင်းအလဲအခြေအနေပင်လော။

ရီဖူရှင်းဦးဆောင်သော စီဝေ့ကြယ်ကောင်းကင်သည် ရှေးဟောင်းနတ်ဘုရားကလန်များကို မကြောက်တော့ပေ။

အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် ဤနေရာမှ ပြန်ဆုတ်ခွာသွားကြလေသည်။ လျင်မြန်စွာပင် သူတို့အားလုံးသည် ကြယ်တာရာကောင်းကင်မှ ပျောက်ကွယ်သွားကြ၏။ ဤတိတ်ဆိတ်သောနေရာသို့ မည်သူမှ ရောက်ရှိမလာခဲ့သလိုပင်။ ယင်းနေရာတွင် မည်သည့်ကိစ္စမှ မဖြစ်ပျက်သလိုပင် ထင်ရပေသည်။

အင်အားစုအသီးသီးမှ ကျင့်ကြံသူများ ပြန်ဆုတ်ခွာသွားပြီးနောက်တွင် သူတို့သည် မူလဘုံမှ သူတို့၏အဖွဲ့ဝင်များကို ပြန်ခေါ်၍ ကောင်းကင်ဒေသသို့ အတူတကွပြန်သွားကြလေသည်။

သူတို့အားလုံးသည် မူလဘုံကို လက်လျှော့လိုက်ရန် ဆုံးဖြတ်ခဲ့ပြီးပေပြီ။

ရှေးဟောင်းနတ်ဘုရားကလန်များပင် မူလဘုံကို လက်လျှော့ခဲ့ရပေရာ ထိုကိစ္စသည် သူတို့အတွက် အရှက်ရစေမည့် ရှုံးနိမ့်မှုမဟုတ်ပေ။

******

ရီဖူရှင်းက အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခု စီဝေ့ကြယ်ကောင်းကင်မှ ပြန်ဆုတ်ခွာသွားသည်ကို ချက်ချင်းသိလိုက်သည်။

လည်ပတ်နေသော ကြယ်တာရာအလင်းတန်းတစ်ခုနှင့်အတူ ရီဖူရှင်းဦးဆောင်လာသော ကျင့်ကြံသူတစ်စုသည် စီဝေ့ကြယ်ကောင်းကင်အပြင်ဘက်တွင် ပေါ်လာ၏။ သခင်ချန်၊ ရှီးချီယောင်နှင့် အခြားသူများသည် သူနှင့်အတူ ပါလာပေသည်။

သခင်ချန်ပြောလိုက်သည်။

“နန်းတော်သခင်... နန်းတော်သခင်က တိုက်ပွဲအတွင်းမှာ စွမ်းအားကြီးထိပ်သီးနှစ်ဦးကို သတ်ပြီးတော့ ကောင်းကင်ဒေသရဲ့ ထိပ်တန်းအင်အားစုနှစ်စုကို ဖျက်ဆီးပစ်ခဲ့တယ်။ နန်းတော်သခင်က ကောင်းကင်ဒေသက ကျင့်ကြံသူတွေကို တုန်လှုပ်သွားစေပြီး အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုကို ပြန်ဆုတ်ခွာသွားအောင် ခြိမ်းခြောက်နိုင်ခဲ့တယ်။ အခု ပြီးဆုံးသွားပြီဆိုတော့ နန်းတော်သခင်က အနားယူပြီး ပြန်အားဖြည့်ဖို့ ကြံထားပါသလား...”

ရီဖူရှင်း ခေါင်းညိတ်၍ ပြောလိုက်သည်။

“ဒီတိုက်ပွဲပြီးသွားရင် သတ်မိန့်က ကျုပ်တို့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ဘူး။ ကောင်းကင်ဒေသက ဘယ်သူမှ စီဝေ့ကြယ်ကောင်းကင်ကို အလွယ်တကူ ရန်စဝံ့မှာ မဟုတ်တော့ဘူး...”

စီဝေ့ကြယ်ကောင်းကင်မှ ကျင့်ကြံသူများ လောကကြီးထဲသို့ ထပ်မံထွက်ရန် အချိန်ကျပေပြီ။ သူတို့အတွက် စီဝေ့ကြယ်ကောင်းကင်အတွင်း၌ ဆက်၍နေ,နေပြီး အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုနှင့် စစ်ဖြစ်ရင်း လုံးပါး,ပါးလာလျှင် အကျိုးရှိမည်မဟုတ်ပေ။

သခင်ချန်သည် ရီဖူရှင်း၏ ရည်ရွယ်ချက်ကို နားလည်ပေသည်။ သူက အနည်းငယ်ခေါင်းညိတ်၍ ပြောလိုက်သည်။

“ကျုပ်က ကျုပ်တို့ရဲ့ လူတွေကို မူလဘုံမှာရှိတဲ့ အဓိကရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုရဲ့ အခြေစိုက်စခန်းတွေကို သွားပြီးသိမ်းပိုက်ဖို့ ထပ်ပြီးပြင်ဆင်လိုက်မယ်။ ဒီတိုက်ပွဲထဲမှာ အံ့အားသင့်သွားတဲ့သူတွေက ကောင်းကင်ဒေသက ကျင့်ကြံသူတွေပဲမဟုတ်ဘူး။ မူလဘုံမှာလည်း ဘယ်သူမှ ကျုပ်တို့ကို မယှဉ်ဝံ့လောက်တော့ဘူး”

ရီဖူရှင်း၏ ပထမဆုံးပန်းတိုင်မှာ စီဝေ့ကြယ်ကောင်းကင်အတွင်းမှထွက်၍ မူလဘုံ၏ နယ်မြေများကို ပြန်ရယူရန်ဖြစ်သည်။

“အဲဒီတာဝန်ကို သခင်ချန်ကိုပဲ ပေးလိုက်မယ်...”

ရီဖူရှင်း ပြောလိုက်သည်။ ထို့နောက် သခင်ချန်နှင့် အခြားသူများ ထွက်ခွာသွားလေသည်။

သူတို့ ထွက်သွားပြီးနောက်တွင် ဟွာဂျီယူနှင့် ရှီးချီယောင်တို့သာ ကျန်ခဲ့လေသည်။

ရှီးချီယောင်သည် ဟွာဂျီယူကို သူမ၏လှပသော မျက်ဝန်းများဖြင့် ကြည့်နေသည်။ ရီဖူရှင်းက သူမကိုကြည့်၍ ပြောလိုက်သည်။

“နတ်မိမယ်ချီယောင်... နတ်မိမယ်ဆီမှာ ပြောချင်တာများ ရှိလို့ပါလား...”

“အင်း...”

ရှီးချီယောင်သည် ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။

“ရှင်က အဓိကရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုနဲ့ လုံးပါး,ပါးရမယ့် စစ်ပွဲကို ဆက်မတိုက်ချင်တာက ရှင့်ရဲ့ကိုယ်ပိုင်စွမ်းရည်ကို ရှင်ယုံလို့ပဲ။ ရှင့်ကိုသာ အချိန်တစ်ခုပေးခဲ့မယ်ဆိုရင် နောက်ကျရင် ရှင်က ရှေးဟောင်းနတ်ဘုရားကလန်တွေကို ဖျက်ဆီးပစ်နိုင်မှာပဲ။ အဲဒါကြောင့် ရှင်က သူတို့ကို နှင်ထုတ်ရုံပဲ နှင်ထုတ်ခဲ့တာပဲ”

ရီဖူရှင်းက မည်သို့မှပြန်မပြောလိုက်ဘဲ သူမကိုသာ ကြည့်လိုက်သည်။ ရှီးချီယောင်သည် သူ့ကို တစ်ခုခု ပြောချင်နေပုံပေါ်၏။

“ကျွန်မက ရှင့်ကို သတိတစ်ခု ပေးချင်တာပါ”

ရှီချီယောင်‌ ပြောလိုက်သည်။

“ဒီမတိုင်ခင်တုန်းက ရှေးဟောင်းနတ်ဘုရားကလန်တွေက အမွေအနှစ်တွေ အများကြီးရှိတယ်လို့ ကျွန်မ ရှင့်ကို ပြောခဲ့တယ်မလား... သူတို့မှာ ရှိတာတွေက ရှင်တွေးနိုင်တာထက် အများကြီးပိုတယ်။ ဒီတစ်ကြိမ်မှာလည်း အတူတူပဲ။ ရှေးဟောင်းနတ်ဘုရားကလန်တွေက မရေမတွက်နိုင်တဲ့နှစ်ပေါင်းများစွာအတွင်း မဟာအင်ပါယာတွေရဲ့ အမွေအနှစ်တွေကို အများကြီးရထားတာပဲ။ သူတို့ဆီမှာရှိတာက မဟာအင်ပါယာတစ်ပါးရဲ့ ဝိညာဉ်စွမ်းအားလောက်ပဲ မဟုတ်ဘူး။ ရှင် တွေးလို့ရတာမှန်သမျှကို သူတို့လည်း လုပ်နိုင်တယ်။ နောက်ကျရင် ရှင်သတိထားမှ ရမယ်”

ရှီးချီယောင်သည် ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုတွင် မွေးဖွားလာခဲ့သူဖြစ်သည်။ ထို့ကြောင့် သူမသည် ရှေးဟောင်းနတ်ဘုရားကလန်များနှင့် ပို၍ရင်းနှီးကျွမ်းဝင်မှု ရှိပေသည်။ သူမသည် အနောက်အင်ပါယာနန်းတော်၏ နတ်မိမယ်တစ်ပါးလည်းဖြစ်ပြီး မဟာအင်ပါယာတစ်ပါး၏ ဆက်ခံသူတစ်ဦးဖြစ်သည်။ သူမသည် ထိုအကြောင်းများကို အခြားသူများထက် သေချာပေါက် ပိုသိမည်ဖြစ်သည်။

“ကျုပ် သတိထားပါ့မယ်...”

ရီဖူရှင်းက ခေါင်းညိတ်၍ အလေးအနက် ပြန်ဖြေလိုက်သည်။ သူက ရှီးချီယောင်၏စကားများကို ရင်ထဲတွင် မှတ်သားထားလိုက်သည်။

ထိုမတိုင်ခင်က သူက စမ်းသပ်မှုတစ်ခုအနေဖြင့် အနန္တတောင်ကုန်းကို တိုက်ခိုက်ခဲ့သည်။ အနန္တတောင်ကုန်းထိပ်တွင် သူသည် နတ်‌တောင်ကုန်း၏ ဝိညာဉ်စွမ်းအားကို အသုံးပြု၍ အလွန်စွမ်းအားကြီးသော အရှိန်အဝါကို ထုတ်လွှတ်နိုင်သည့် အကြီးအကဲတစ်ဦးနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုမှလွဲ၍ နတ်တောင်ကုန်းထဲတွင် အခြားမည်သည့်အရာများ ရှိသေးကြောင်း သူမသိပေ။

ဟောက်ထျန်းမြို့ထဲတွင် အရှင်ဟောက်ထျန်း၏ ဝိညာဉ်စွမ်းအားကို ခံစားခဲ့ရသည်။ မဟာအင်ပါယာသည် သူ့ကိုပင် စကားပြောခဲ့လေသည်။ သူသည် ကျဆုံးပြီးသော နတ်ဘုရားအိုကြီးကို လှောင်ပြောင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ နတ်ဘုရားအိုကြီးသည် အမှန်ပင် ကျဆုံးပြီး ဖြစ်ပါလေသလော။

မျက်စိဖြင့် မြင်ရသည့်ကိစ္စများထက် မသိနိုင်သည့်ကိစ္စများက ပို၍များစွာရှိနိုင်သည်။

မည်သို့ပင်ဖြစ်စေ ဤတစ်ကြိမ်တွင် စီဝေ့ကြယ်ကောင်းကင်သည် ကြီးမားသောအောင်နိုင်မှုကို ရရှိခဲ့လေသည်။

****

အဓိကရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုနှင့် ကောင်းကင်ဒေသမှ အင်အားစုများသည် မူလဘုံကို လက်လျှော့ခဲ့ကြသည်။ သူတို့သည် နှင်ထုတ်ခံခဲ့ရပြီး ကောင်းကင်ဒေသသို့ ပြန်ခဲ့ရလေသည်။ ထိပ်တန်းအင်အားစုနှစ်စုမှာလည်း ဖျက်ဆီးခံလိုက်ရသည်။ ထိုသတင်းများသည် လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ထိုသတင်းများသည် မည်မျှ အံ့အားသင့်တုန်လှုပ်ဖွယ်ကောင်းသည်ကို တွေးကြည့်နိုင်သည်။

ရီဖူရှင်းသည် အမှန်ပင် ကောင်းကင်ထက်မှ နေမင်းကြီးကဲ့သို့ ဖြစ်လေသည်။ ကောင်းကင်ဒေသမှ လူအားလုံးသည် သူ၏အမည်ကို သိကြပေသည်။ လူငယ်များပင် သူ၏အကြောင်းကို ပြောဆိုနေကြသည်။

ကောင်းကင်ဒေသမှ အင်အားစုများသည် လက်ရှိမူလဘုံနှင့် စီဝေ့ကြယ်ကောင်းကင်သည် ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုနှင့် ယှဉ်နိုင်နေပြီဟု တွေးကြလေသည်။

စီဝေ့ကြယ်ကောင်းကင်သည် စွမ်းအားကြီးထိပ်သီးနှစ်ဦးရှိပေသည်။ ထိုနှစ်ဦးမှာ ရီဖူရှင်းနှင့် သခင်ချန်ဖြစ်ပေသည်။ သူတို့သည် မဟာအင်ပါယာစီဝေ့၏ ဝိညာဉ်စွမ်းအားလည်းရှိပြီး စွမ်းအားကြီးကျင့်ကြံသူများစွာလည်း ရှိပေသည်။ သူတို့၏အင်အားသည် ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုထက် မနိမ့်ပေ။

မူလဘုံတွင် အင်အားကြီးထိပ်တန်းအင်အားစုတစ်စု ဖွားမြင်လာပေပြီ။ သူတို့သည် မူလဘုံကို စိုးမိုးလိုနေပေသည်။

ဤပရမ်းပတာလောကထဲတွင် စီဝေ့ကြယ်ကောင်းကင်သည် မူလဘုံကို စိုးမိုးနိုင်မည်လော။

All Chapters