← Chapters

အခန်း (၂၈၅-၂၈၆)

Vol. 29 Ch. 285-286

အခန်း (၂၈၅-၂၈၆)

Vol. 29 Ch. 285-286

အခန်း ၂၈၅ လူသတ်ပြီး နှလုံးသားကိုပါ ချေမှုန်းခြင်း

ကျိုးပဲ့သွားသော အသံများသည် အဆက်မပြတ် ထွက်ပေါ်လာလေသည်။

ကောင်းကင်ယံတွင် အလင်းရောင်များ ပျံ့နှံ့နေပြီး အလွန် မျက်စိကျိန်းစရာ ကောင်းလှပေသည်။ အသံများကိုသာ ကြားရပြီး တိကျသော အခြေအနေကိုမူ ရှင်းလင်းစွာ မမြင်တွေ့နိုင်ချေ။

"ကွဲသွားပြီလား..."

"သိပ်ကောင်းတာပဲ... ဆယ်လက်သီးဓား က တကယ်မိုက်တာပဲ... ကျိုးဟန် ရဲ့ ဓားရှည်ကို အပိုင်းပိုင်းအစစ ဖြစ်အောင် ခုတ်ပိုင်းလိုက်ပြီကွ..."

"သခင်ကြီး ကျုံးချူးမေ့ဇီ... ငါတို့ ချယ်ရီလူမျိုးတွေရဲ့ မျှော်လင့်ချက်ပဲ... ဟားဟား..."

"ဒါက ပထမနေရာကကောင်လား... သိပ်လည်း ဟုတ်လှတာ မဟုတ်ပါဘူး..."

"နာမည်သာ ကြီးနေတာပဲ... အလကားကောင်... ခုနကတောင် ငါ နည်းနည်း လန့်သွားသေးတယ်..."

"ကံကောင်းလို့ တစ်ခုခု ကောက်ရသွားတာ နေမှာပေါ့... မဟုတ်ရင် လျှို့ဝှက်နယ်မြေ ရမှတ်တွေက ဘယ်လိုလုပ် ဒီလောက် မြင့်နေမှာလဲ..."

"လာပြီး လေလုံးထွားနေသေးတယ်... ငါတို့ ချယ်ရီလူမျိုး သိုင်းသမား တစ်ထောင် ဒီမှာရှိတာကိုတောင် အထင်မကြီးဘူးပေါ့လေ..."

ချယ်ရီနိုင်ငံမှ နောက်လိုက်များ အားလုံးမှာ သက်ပြင်းချလိုက်နိုင်ကြပြီး သူတို့၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ တောက်ပနေလေသည်။

တိကျစွာ မမြင်ရဘဲနှင့် မည်သည့်အတွက်ကြောင့် ဆယ်လက်သီးဓား က အနိုင်ရသည်ဟု သူတို့ ထင်မှတ်နေကြသနည်း ဆိုသော် ၎င်းမှာ ဧကရာဇ်အဆင့် အရည်အသွေး ဖြစ်သောကြောင့် ပင်ဖြစ်သည်။ သူတို့၏ ရင်ထဲတွင် ၎င်းမှာ ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်သည်ဟု မှတ်ယူထားကာ ယုံကြည်မှု အပြည့် ရှိနေကြလေသည်။

မည်သို့ပင်ဆိုစေ သူတို့၏ အမြင်တွင် ဧကရာဇ်အဆင့် အရည်အသွေးကို ရရှိရန်မှာ အလွန် ခက်ခဲလွန်းလှရာ ဧကရာဇ်အဆင့် ထက် ကျော်လွန်သော အရည်အသွေးမျိုး ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ဟု ထင်မှတ်ထားကြခြင်း ဖြစ်လေသည်။

သို့သော်ငြားလည်း မျက်စိကျိန်းစရာ အလင်းရောင်များ ပျောက်ကွယ်သွားပြီးနောက် နောက်လိုက်များ အားလုံးမှာ မှင်သက်သွားကြလေတော့သည်။ ကျုံးချူးမေ့ဇီ ၏ ဖြူရော်နေသော မျက်နှာကြီးကို မြင်လိုက်ရချိန်တွင် သူတို့ မည်မျှပင် တုံးအပါစေ ကျုံးချူးမေ့ဇီ ရှုံးနိမ့်သွားပြီ ဖြစ်ကြောင်းကို ကောင်းစွာ နားလည်လိုက်ကြလေသည်။ အပိုင်းပိုင်းအစစ ဖြစ်သွားသည့် အရာမှာ ဆယ်လက်သီးဓား ပင်ဖြစ်လေသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဧကရာဇ်အဆင့် အရည်အသွေးရှိတဲ့ ဆယ်လက်သီးဓား က ဒီလို ရှုံးသွားတာလား..."

"ဒါ အစစ်မဖြစ်နိုင်ဘူး..."

"ကျိုးဟန် လက်ထဲက လက်နက်က ဘယ်လို အရည်အသွေးမျိုးလဲ... ဧကရာဇ်အဆင့် ထက်တောင် ပိုပြီး အစွမ်းထက်နေတာလား..."

"ဒါ... ဒါဆို ငါတို့တွေ ဆက်ပြီး သွားတိုက်ခိုက်ကြဦးမလား..."

မူလက အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသော ချယ်ရီနိုင်ငံမှ နောက်လိုက်များ၏ ခြေလှမ်းများမှာ နှေးကွေးသွားပြီး ရင်ထဲတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာလေသည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် ဆက်လက် ပြေးဝင်သွားမည် ဆိုပါက အသေခံခြင်းနှင့် မည်သို့ ခြားနားတော့မည်နည်း။

"မင်း..."

"ဘာလို့လဲ..."

"ဘာလို့ ဒီလို ဖြစ်သွားရတာလဲ..."

အပိုင်းပိုင်းအစစ ဖြစ်သွားသော ဆယ်လက်သီးဓား ကို ကြည့်ကာ ကျုံးချူးမေ့ဇီ ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့် အံ့အားသင့်မှုများ ပြည့်နှက်နေလေသည်။

"ဟက်... မင်းက စွမ်းအားနဲ့ ပတ်သက်ပြီး ဘာမှ မသိသေးပါလား... ဗဟုသုတ အရမ်း ခေါင်းပါးလွန်းတယ်ကွာ..."

"သာမန် ဧကရာဇ်အဆင့် အရည်အသွေးလောက်က ငါ့ရဲ့ နတ်ဘုရားအဆင့် ဓားရှည် ရှေ့မှာတော့ စက္ကူနဲ့ လုပ်ထားတာနဲ့ ဘာကွာတော့မှာလဲ..."

ကျိုးဟန် ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာပြီး သူ့ကို ကြည့်လိုက်သော အကြည့်များမှာ သနားကရုဏာ သက်မှုများ ပြည့်နှက်နေလေသည်။ အသိဉာဏ်ကင်းမဲ့သော သူသည်သာ အသနားရဆုံး ပင်ဖြစ်သည်။

"ဘာ... နတ်ဘုရားအဆင့် ဟုတ်လား..."

"မင်း... မင်းဆီမှာ ဒီလို အရည်အသွေးမျိုး ရှိနေတာလား..."

ကျုံးချူးမေ့ဇီ ကြားလိုက်ရပြီးနောက် သူ၏ ရင်တွင်းရှိ တုန်လှုပ်မှုမှာ လှိုင်းကြီးလေဆင်နှာမောင်း တစ်ခုအလား လုံးဝ ဖော်ပြ၍ မရနိုင်တော့ဘဲ စကားပြောရာတွင်ပင် အနည်းငယ် ထစ်အသွားလေသည်။

"မင်းရဲ့ အလကားစကားတွေ အရမ်းများနေပြီ..."

"ဟားဟားဟား... အားလုံး သေကြရမယ်..."

ကျိုးဟန် သည် လူဆိုးကြီး တစ်ယောက်အလား ရယ်မောလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေလေသည်။

"သေစမ်း... သူက ငါတို့ အားလုံးကို ဒီမှာ သတ်ပစ်တော့မလို့ပဲ..."

"မဖြစ်နိုင်ဘူး... ငါတို့ ခွဲပြီး ထွက်ပြေးကြရအောင်..."

"သေစမ်း... ကျုံးချူးမေ့ဇီ ဆိုတဲ့ ခွေးကောင်က ဘာလို့ ကျိုးဟန် ကို သွားရန်စရတာလဲ..."

"လခွမ်း... သူ့ကြောင့် ဒုက္ခရောက်ရပြီ..."

ချယ်ရီနိုင်ငံမှ နောက်လိုက်များမှာ အလွန်အမင်း ကြောက်လန့်တကြားဖြင့် တစ်ယောက်ချင်းစီ အော်ဟစ် ဆဲဆိုနေကြပြီး ကိုယ်စီ လားရာတစ်ခုကို ရွေးချယ်ကာ အစွမ်းကုန် ထွက်ပြေးကြလေတော့သည်။

မည်သို့ပင်ဆိုစေ ကျိုးဟန် သည် သူ၏ စွမ်းအားကို အနည်းငယ်သာ ပြသခဲ့ရုံဖြင့် ဤမျှအထိ ကြောက်မက်ဖွယ် ကောင်းနေခဲ့လေပြီ။

သူတို့အနေဖြင့် ပြန်လည် ခုခံရန် သတ္တိ လုံးဝ မရှိကြတော့ချေ။

"ဟက်... ငါ့ရဲ့ အမဲလိုက်ကွင်း ထဲကနေ မင်းတို့ ပြေးလို့ လွတ်မှာ မဟုတ်ဘူး..."

"ဓားနယ်ပယ် ဖွင့်..."

ကျိုးဟန် က တိုးတိတ်စွာ ရေရွတ်လိုက်လေသည်။

ဤသည်မှာ ဓားနယ်ပယ် အဆင့်သို့ ရောက်ရှိပြီးနောက် ပထမဆုံးအကြိမ် အသုံးပြုခြင်း ပင်ဖြစ်သည်။ သူကိုယ်တိုင်လည်း ဤအကျိုးသက်ရောက်မှုမှာ မည်မျှအထိ လွှမ်းမိုးနိုင်စွမ်း ရှိမည်ကို ကြည့်ရှုချင်နေလေသည်။

စကားသံ အဆုံးတွင် လေဟာနယ် တစ်ခုလုံး၌ ပြင်းထန်လှသော ဓားစွမ်းအင် များ ပြည့်နှက်သွားပြီး အရပ်မျက်နှာ အနှံ့အပြားသို့ အဆက်မပြတ် ရိုက်ခတ်သွားကာ ထက်မြက်လှသော အရှိန်အဝါ များမှာ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိလေသည်။ အလွန် ကျယ်ပြန့်လွန်းလှပြီး ပေသုံးထောင် ပတ်လည် ဧရိယာကို လွှမ်းခြုံသွားလေသည်။

အရပ်မျက်နှာ အနှံ့သို့ ထွက်ပြေးနေကြသော ချယ်ရီနိုင်ငံမှ ကစားသမား များမှာ ရူးသွပ် ကြမ်းတမ်းလှသော ဓားစွမ်းအင် များ၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီး ချက်ချင်းပင် အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ချေမှုန်းခံလိုက်ရလေတော့သည်။

"သေစမ်း... ကျိုးဟန် ရဲ့ ဓားစွမ်းအင် က အရမ်း အစွမ်းထက်လွန်းမနေဘူးလား..."

"ပြီးပြီ... ဒီလောက် ကျယ်တဲ့ တိုက်ခိုက်မှု ဧရိယာ ထဲကနေ ဘယ်လိုမှ ထွက်ပြေးလို့ မလွတ်နိုင်တော့ဘူး..."

"ဘုရားရေ... ငါတို့ ဘာအကုသိုလ်တွေများ လုပ်ခဲ့မိလို့လဲ..."

လေဟာနယ် တစ်ခုလုံးတွင် မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်နေပြီး ချယ်ရီနိုင်ငံမှ ကစားသမား များမှာ ကောင်းကင်ကို တိုင်တည်ကာ အော်ဟစ် ငိုယိုနေကြပြီး အဆက်မပြတ် အော်ဟစ် ညည်းတွား နေကြလေသည်။

"နိုးထလာပြီပဲ... အမဲလိုက်ချိန် ရောက်ပြီ..."

မရေမတွက်နိုင်သော ဓားစွမ်းအင် များမှာ အဆက်မပြတ် ရိုက်ခတ်နေပြီး တစ်ကြိမ်တိုင်းတွင် လူများစွာ၏ အသက်ကို ရိတ်သိမ်းသွားလေသည်။

ဤကဲ့သို့သော ရိတ်သိမ်းမှု မျိုးဖြင့်ဆိုပါက ချယ်ရီနိုင်ငံမှ ကစားသမား တစ်ထောင်မှာ သတ်ဖြတ်ရန်ပင် လုံလောက်မည် မဟုတ်ချေ။

ကျိုးဟန် ၏ မျက်နှာထားမှာ အေးစက်နေပြီး အနည်းငယ်မျှပင် သနားကရုဏာ သက်ခြင်း မရှိချေ။ နတ်ဘုရား နှင့် မိစ္ဆာ တိုက်ကြီး ၏ လောကမှာ ဤမျှအထိ ရက်စက် ကြမ်းတမ်းလှပေသည်။ အကယ်၍သာ ကျိုးဟန် ၏ စွမ်းအား မမြင့်မားခဲ့ပါက ရှောင်ရှယ်ဝမ် နှင့် တိုက်ထူ တို့ နှစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး ဖြစ်မည်။ ဤသို့ ဖြစ်နေမှတော့ နောင်လာမည့် ဘေးရန်များကို အမြစ်ဖြတ် ရှင်းလင်းပစ်ရန်မှာ သေချာပေါက် လုပ်ဆောင်ရမည့် ကိစ္စပင် ဖြစ်လေသည်။

မကြာမီမှာပင် ကျိုးဟန် ၏ တိုက်ပွဲဝင် သတင်းအချက်အလက် များမှာ အဖွဲ့ဝင်များ၏ မျက်လုံးများမှ လွတ်ကင်းနိုင်မည် မဟုတ်သဖြင့် သူတို့ အားလုံးသည် အဖွဲ့လိုက်စကားပြောခန်း ထဲတွင် ဆူညံစွာ ပြောဆိုနေကြလေသည်။

"အစ်ကိုကြီး အရမ်း မိုက်တာပဲ... ခွေးကောင်တွေကို ထပ်သတ်နေပြန်ပြီလား... ကျွန်တော်တို့ကိုလည်း ခေါ်ပါဦးဗျာ..."

ကျန်းရှောင်ပိုင် က ရယ်မောကာ ပြောလိုက်လေသည်။

"အစ်ကိုဟန် တစ်ယောက်တည်း စားပေါက် တည့်နေပြန်ပြီပဲ..."

ရန်တင်းထျန်း ကလည်း ဝင်ရောက် နောက်ပြောင်လိုက်လေသည်။

"ဒီလို သတ်ရတာ တကယ် သာယာတာပဲကွာ အစ်ကိုကျိုးဟန်..."

ရှဲ့ရွှန်း က ပြောလိုက်လေသည်။

ကျိုးဟန် သည် အဖွဲ့လိုက်စကားပြောခန်း ထဲရှိ စာများကို တစ်ချက် ကြည့်လိုက်လေသည်။ ယခု အချိန်တွင် အဖွဲ့ဝင် များ၏ အကူအညီကို လိုအပ်နေသော ကိစ္စအချို့ ရှိနေလေသည်။

"ငါ ဒီမှာ ရှေးဟောင်း ကျောက်မျှော်စင် တစ်ခု တွေ့ထားတယ်... အဖွဲ့ထဲက လူတွေ အားလုံး ဒီကို လာစုကြ..."

"အနီးအနားမှာ ရှိနေတဲ့ အဖွဲ့တွေ ဆိုရင်လည်း အခုချက်ချင်း လာခဲ့လို့ ရတယ်..."

"ဒီနေရာရဲ့ ပတ်ဝန်းကျင်နဲ့ မြေပြင် အနေအထားကို ငါ ပြောပြမယ်... ဒီလိုမျိုး..."

လျင်မြန်စွာပင် ကျိုးဟန် သည် ထိုအချက်အလက်များကို အဖွဲ့လိုက်စကားပြောခန်း ထဲသို့ ပို့လွှတ်လိုက်လေသည်။ မည်သို့ပင်ဆိုစေ ဤ ကျောက်မျှော်စင် မှာ ပေတစ်သောင်းကျော် မြင့်မားပြီး အထပ်များစွာ ရှိကာ အထပ်တိုင်းမှာ အလွန် ကြီးမား ကျယ်ပြန့်လေသည်။ အထူးသဖြင့် အောက်ဆုံး အလွှာများမှာ ဧရာမ နန်းတော် ကြီးများအလား မျက်စိတစ်ဆုံး ကျယ်ပြန့်နေပြီး အဆုံးအစကိုပင် မမြင်နိုင်ရာ နေရာယူထားသော အကျယ်အဝန်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းကြောင်း သိသာလှပေသည်။

ထို့ကြောင့် ဤမျှ ကျယ်ပြန့်သော နေရာကြီးကို ကျိုးဟန် တစ်ယောက်တည်း အနေဖြင့် အပြည့်အဝ စူးစမ်းရှာဖွေနိုင်မည် မဟုတ်ချေ။ ဤသို့ ဖြစ်နေမှတော့ လူတိုင်းကို စည်းရုံး၍ အတူတကွ လာရောက် ရှာဖွေစေပါက ပိုမို ကြီးမားသော အကျိုးအမြတ်များကို ရရှိနိုင်မည် ဖြစ်လေသည်။

ထို့နောက် ကျိုးဟန် သည် ဤနေရာ၏ အခြေအနေများကို အသေးစိတ် ရှင်းပြလိုက်ပြီး ဓာတ်ပုံ အချို့ကို ရိုက်ကူးကာ အဖွဲ့လိုက်စကားပြောခန်း ထဲသို့ ပို့လွှတ်လိုက်လေသည်။

ဤနည်းအားဖြင့် အနီးအနားတွင် ရှိနေသော အဖွဲ့ဝင်များ သို့မဟုတ် ယခင်က ဤနေရာကို ဖြတ်သန်းသွားဖူးသော အဖွဲ့ဝင်များ အနေဖြင့် တစ်ချက် ကြည့်လိုက်ရုံဖြင့် အလွယ်တကူ သိရှိနိုင်မည် ဖြစ်လေသည်။

လျင်မြန်စွာပင် ဓာတ်ပုံများကို မြင်တွေ့လိုက်ရပြီးနောက် လူတိုင်းမှာ အံ့သြတကြီး ရေရွတ်လိုက်ကြပြီး မျက်စိရှေ့ရှိ ခမ်းနား ကြီးကျယ်လှသော မြင်ကွင်းကြောင့် တုန်လှုပ်သွားကြလေသည်။

"လခွမ်း... ဒီလောက် ကြီးမားတဲ့ ကျောက်မျှော်စင် ကြီးပါလား... အဲဒီ အပေါ်မှာ ထူးဆန်းတဲ့ အလင်းရောင်တွေ အများကြီးကိုလည်း ငါ မြင်နေရတယ်... အစ်ကိုဟန် ကတော့ တကယ် မိုက်တာပဲ... ဒီလောက် ထူးဆန်းတဲ့ နေရာမျိုးကို ရှာတွေ့ခဲ့တယ်ပေါ့..."

ရှောင်ယန် က အံ့အားသင့်စွာဖြင့် ပြောလိုက်လေသည်။

"သေချာ ပြောရရင်တော့ ဒီနေရာကို ငါ ရှာတွေ့ခဲ့တာ မဟုတ်ဘူး... ချယ်ရီနိုင်ငံ က ကစားသမား တွေက ငါ့ကို ကူညီပြီး ရှာပေးခဲ့တာ..."

ကျိုးဟန် က ပြုံးကာ ပြောလိုက်လေသည်။

သူ ကြိုတင် မလှုပ်ရှားခဲ့ခြင်းမှာ ကံကောင်းသွားခဲ့လေသည်။ ထိုသို့မဟုတ်ဘဲ ကျုံးချူးမေ့ဇီ ကိုသာ ကြိုတင် သတ်ဖြတ်ခဲ့မိမည် ဆိုပါက ဤနေရာနှင့် လွဲချော်သွားမည် ဖြစ်လေသည်။

"အစ်ကိုကြီး ကတော့ အစွမ်းထက်တာပဲ... တကယ်ကို လူသတ်ပြီး နှလုံးသားကိုပါ ချေမှုန်းလိုက်တာပဲ..."

"ဟားဟားဟား... လှပတဲ့ လုပ်ကွက်ပဲဗျာ ကျွန်တော် သဘောကျတယ်..."

"ဒီလောက် ထူးဆန်းတဲ့ နေရာမျိုးက ချယ်ရီနိုင်ငံ က ကစားသမား တွေနဲ့ လုံးဝ မထိုက်တန်ဘူး... အစ်ကိုဟန် လိုမျိုး ကောင်းကင် က ဖန်ဆင်းပေးထားတဲ့ အရည်အချင်း မျိုးနဲ့မှ ပိုင်ဆိုင်နိုင်မှာပါ..."

လုပွန်ဝေ့ က မြှောက်ပင့်ကာ ပြောလိုက်လေသည်။

"တော်ပြီ... အပိုတွေ ပြောမနေနဲ့တော့..."

"လာစုမယ့် သူတွေ အမြန် လာစုကြတော့..."

ကျိုးဟန် က ရယ်မောရင်း ခေါင်းခါလိုက်ကာ အနည်းငယ် စကားမပြောနိုင် ဖြစ်စွာဖြင့် ပြောလိုက်လေသည်။

"အစ်ကိုဟန်... ဒီနေရာကို အရင်က ကျွန်တော့်ရဲ့ အဖွဲ့ဝင် တစ်ယောက် လာပြီး စူးစမ်းဖူးတယ်... နည်းနည်းတော့ မှတ်မိနေသေးတယ်..."

အိုးဟွမ် က ဝင်ရောက် ပြောဆိုလိုက်လေသည်။

"ဟင်... မင်း အခုပဲ အဖွဲ့ကို ဦးဆောင်ပြီး ဒီနေရာကို လာစုလိုက်တော့..."

ကျိုးဟန် ၏ မျက်လုံးများ အရောင်လက်သွားပြီး အလျင်စလို ပြောလိုက်လေသည်။ အိုးဟွမ် ပါဝင်လာမှုကြောင့် ဤတစ်ကြိမ် ရရှိလာမည့် အကျိုးအမြတ် များအပေါ်တွင် သူ ယုံကြည်မှု အပြည့် ရှိနေလေတော့သည်။

အခန်း ၂၈၆ ရှောင်ရှယ်ဝမ် ပြန်လည် အသက်ရှင်လာခြင်း

ညွှန်ကြားချက်များ ပေးပြီးနောက် အတန်ကြာ စောင့်ဆိုင်းနေခဲ့သော်လည်း အခြားမည်သူ့ထံမှ အကြောင်းကြားလာခြင်း မရှိချေ။ ကြည့်ရသည်မှာ ဤနေရာသို့ အခြား မည်သူမျှ ရောက်ရှိဖူးခြင်း မရှိသည်မှာ သေချာလှပေသည်။

သို့သော် ကျိုးဟန် အနေဖြင့် စိတ်ပျက်မသွားခဲ့ပေ။ မည်သို့ပင်ဆိုစေ အိုးဟွမ် ၏ အဖွဲ့ ပါဝင်လာပြီ ဖြစ်ရာ စုစုပေါင်း လူအင်အား လေးရာခန့် ရှိနေလေပြီ။

အကယ်၍ အားလုံး စုပေါင်း၍ ရှာဖွေမည် ဆိုပါကလည်း အလွန် အစွမ်းထက်သော အင်အားစု တစ်ခု ပင်ဖြစ်သည်။ အထူးသဖြင့် နတ်ဘုရားသတ်ဖြတ်ခြင်း နန်းတော် မှ အဖွဲ့ဝင် အားလုံးမှာ ဘုရင်အဆင့် ဝတ်စုံ များကို အပြည့်အစုံ ဝတ်ဆင်ထားကြပြီး ဖြစ်ရာ တိုက်ခိုက်ရေး စွမ်းအားများ ကြီးမားစွာ တိုးတက်လာသည့်အပြင် အခြားသော အထောက်အကူပြု စွမ်းရည် များမှာလည်း သဘာဝကျကျပင် များစွာ မြင့်တက်လာခဲ့လေပြီ။

အဓိက အရေးအကြီးဆုံး အချက်မှာ အိုးဟွမ် ပါဝင်လာခြင်း ဖြစ်ပြီး ၎င်းမှာ ကျိုးဟန် အလေးထားဆုံးသော အချက်လည်း ဖြစ်လေသည်။

သူ၏ ကံကောင်းမှုများက အံ့သြဖွယ်ရာ ဆုလာဘ် များကို သေချာပေါက် ယူဆောင်လာပေးနိုင်လိမ့်မည်ဟု ကျိုးဟန် ယုံကြည်ထားလေသည်။

ကိစ္စရပ်များကို စီစဉ်ပြီးနောက် ကျိုးဟန် သည် အဖွဲ့လိုက်စကားပြောခန်း ကို ပိတ်လိုက်လေသည်။

သူ မော့ကြည့်လိုက်ရာ စစ်တလင်း တစ်ခုလုံးမှာ လုံးဝ ပျက်စီး ရှုပ်ပွနေပြီး သွေးညှီနံ့များဖြင့် ပြည့်နှက်နေလေသည်။ ချယ်ရီနိုင်ငံ မှ ကစားသမား တစ်ထောင်မှာ အားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

ဧကရာဇ်အဆင့် ဝတ်စုံ တစ်ခု ကျဆင်းလာသည်မှလွဲ၍ ကျန်သည့် ပစ္စည်းများ အားလုံးမှာ အမှိုက်များသာ ဖြစ်ကြပြီး သူတို့ မည်မျှ ဆင်းရဲကြောင်းကို ဖော်ပြနေလေသည်။

"ခဏနေမှ အဖွဲ့ဝင်တွေကို သိမ်းခိုင်းလိုက်တော့မယ်..."

ကျိုးဟန် သည် ကိုယ်တိုင် လိုက်လံ သိမ်းဆည်းရန်ပင် ပျင်းရိနေလေပြီ။

အကယ်၍ ဘုရင်အဆင့် အရည်အသွေးရှိသော ပစ္စည်းများ ဆိုလျှင်တော့ သူ သိမ်းဆည်းကောင်း သိမ်းဆည်းမည် ဖြစ်သည်။

ယခုကဲ့သို့ ဘုရင်အဆင့် အောက် နိမ့်ကျသော ပစ္စည်းများ ဆိုပါက ကျွမ်းကျင်မှုစွမ်းရည် ပေါင်းစပ်ခြင်း စွမ်းရည် ရှိနေလျှင်ပင် အကြိမ်မည်မျှ ပေါင်းစပ်ရမည်ကို မသိရှိနိုင်ရာ အချိန်ကုန်ခံရသည်နှင့် အကျိုးအမြတ် လုံးဝ မတန်ချေ။

ရှင်းလင်းရေး လုပ်ငန်းများကို တွေးတောပြီးနောက် ကျိုးဟန် သည် ချောက်ကမ်းပါး ၏ အဝင်ဝသို့ ရောက်ရှိလာလေသည်။

ဤနေရာတွင် ဆူးခြုံများ ပြည့်နှက်နေပြီး အလွန် လျှို့ဝှက်စွာ တည်ရှိနေကာ အနီးအနားသို့ ရောက်ရှိနေလျှင်ပင် ရှာဖွေတွေ့ရှိရန် အလွန် ခက်ခဲလှပေသည်။

ထို့ကြောင့် နောက်ပိုင်း ရောက်လာမည့် အိုးဟွမ် တို့ အဖွဲ့ လမ်းမပျောက်စေရန် အဝင်ဝတွင် စောင့်ဆိုင်းနေလိုက်ခြင်း ဖြစ်လေသည်။

...

ကျိုးဟန် ဤ စစ်တလင်း မှ ထွက်ခွာသွားပြီးနောက် များမကြာမီမှာပင်...

တောအုပ်ထဲမှ ရှပ်ရှပ်မြည်သံများ ထွက်ပေါ်လာပြီး မင်ရောင် မြွေငယ်လေး တစ်ကောင်သည် ကျုံးချူးမေ့ဇီ ၏ အလောင်း ပေါ်သို့ တွားသွား ရောက်ရှိလာလေသည်။

၎င်း၏ တစ်ကိုယ်လုံးတွင် သွေးဆာနေသော အနီရောင် အလင်းတန်းများ တောက်ပနေပြီး အလောင်း ထဲသို့ ရုတ်တရက် တိုးဝင်သွားလေသည်။

ချက်ချင်းပင် အနီရောင် အလင်းတန်းများ လင်းလက်သွားပြီး ကျုံးချူးမေ့ဇီ ၏ အလောင်းမှာ ပျောက်ကွယ်သွားလေသည်။ အလင်းရောင်များ ကြားမှ ရှောင်ရှယ်ဝမ် ၏ ပုံရိပ် ထွက်ပေါ်လာလေတော့သည်။

"ကံကောင်းလို့ ငါ ကျုံးချူးမေ့ဇီ ရဲ့ ခန္ဓာကိုယ် ပေါ်မှာ ကျိန်စာ အမှတ်အသား တစ်ခု ချန်ထားခဲ့မိလို့... မဟုတ်ရင် ဒီတစ်ခါတော့ တကယ်ကို အသေဆိုးနဲ့ သေရတော့မှာပဲ..."

ရှောင်ရှယ်ဝမ် ၏ အက်ကွဲ၍ အေးစက်သော အသံ ထွက်ပေါ်လာလေသည်။

"ကျိုးဟန်... မင်း မှတ်ထားလိုက်..."

ရှောင်ရှယ်ဝမ် ၏ မျက်လုံးများထဲတွင် ပြင်းထန်သော အငြိုးအတေးများ ဖြတ်ပြေးသွားလေသည်။ သေမလောက် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသဖြင့် ဤအမုန်းတရားမှာ အရိုးထဲအထိ စွဲမြဲသွားခဲ့လေပြီ။

"သိပ်ကောင်းတာပဲ... ဒါက ခေါင်းရှစ်လုံး မြွေနတ်ဆိုး ရဲ့ မွေးရာပါ စွမ်းရည် ပဲ... အခုတော့ ငါ့အပိုင် ဖြစ်သွားပြီ... အမြင့်ဆုံး အဆင့်အထိ လေ့ကျင့်နိုင်မယ် ဆိုရင် ရှေးဟောင်း မိစ္ဆာသားရဲ ခေါင်းရှစ်လုံး မြွေကြီး ရဲ့ အမွေအနှစ် ကိုပါ ရရှိနိုင်မယ်..."

"သိပ်ကောင်းတာပဲ... ဒီ မွေးရာပါ စွမ်းရည် က ငါနဲ့ အရမ်း ကိုက်ညီတယ်... ဒီတစ်ခါတော့ ကံဆိုးမသွားရာ ကံကောင်းမှုတွေ ရလာတာပဲ..."

"ကျိုးဟန်... ကြည့်ရတာ မင်းကို ငါ သေချာ ကျေးဇူးတင်ရတော့မယ် ထင်တယ်..."

ရှောင်ရှယ်ဝမ် ၏ မျက်နှာပေါ်တွင် အဆုံးအစမဲ့သော အေးစက်သည့် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာလေသည်။

သို့သော်ငြားလည်း ယခုအချိန်တွင် သူသည် ကျိုးဟန် ၏ ပြိုင်ဘက် လုံးဝ မဟုတ်ကြောင်းကို ကောင်းစွာ သိရှိထားလေသည်။ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ တိတ်တဆိတ် ပုန်းကွယ် လေ့ကျင့်ပြီး ခေါင်းရှစ်လုံး မြွေကြီး ၏ အမွေအနှစ် ကို အပြည့်အဝ ရရှိအောင် ကြိုးပမ်းကာ ကလဲ့စားချေရန် သင့်တော်သော အချိန်ကို စောင့်ဆိုင်းရန်သာ ဖြစ်လေသည်။

ထိုအချိန်သို့ ရောက်ရှိလာပါက သူ၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေး စွမ်းအားများဖြင့် ကျိုးဟန် လို ကောင်မျိုးကို အလွယ်တကူ ချေမှုန်းနိုင်မည် မဟုတ်ပါလား။

ရှောင်ရှယ်ဝမ် သည် ကိုယ်ကို တစ်ချက် လှည့်လိုက်ပြီးနောက် တောအုပ်ကြီးထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားလေတော့သည်။

...

ကျိုးဟန် စောင့်ဆိုင်းနေစဉ်မှာပင် ကက်သရင်း လည်း ဖြည်းညှင်းစွာ နိုးထလာလေသည်။

"မင်း နောက်ဆုံးတော့ နိုးလာပြီပေါ့... ဝက်သေကြီး ကျနေတာပဲ..."

ကျိုးဟန် က နောက်ပြောင်ကာ ပြောလိုက်လေသည်။

"ရှင်မှ ဝက်သေကြီး..."

ကျိုးဟန် ၏ ရင်ခွင်ထဲတွင် သာယာစွာ အိပ်စက်နေခဲ့သော ကက်သရင်း မှာ ချက်ချင်းပင် မျက်စောင်းထိုးကာ ပြောလိုက်လေသည်။

သို့သော် ယခု နိုးလာပြီဖြစ်ရာ ဆက်လက်၍ အခွင့်အရေး ယူကာ ရင်ခွင်ထဲတွင် နေနေရန်မှာ မဖြစ်နိုင်တော့ချေ။

"ဟင်... ငါ့အင်္ကျီတွေ..."

"ရှင်... ရှင် လဲပေးထားတာလား..."

ကက်သရင်း သည် သူမ၏ အဝတ်အစားများကို ပြင်ဆင်နေစဉ် မူမမှန်မှု တစ်ခုကို သတိပြုမိသွားပြီး မျက်နှာလေး နီရဲသွားကာ အလျင်စလို မေးလိုက်လေသည်။

"အဲဒါက ပြောနေစရာ လိုသေးလို့လား... မင်းရဲ့ စကတ် ကြီးက စိုရွှဲနေတာလေ... ငါ ဖက်ထားရတာ မရွံဘူးလို့ ထင်နေလား..."

"အဲဒါကြောင့် လဲပေးလိုက်တာပေါ့..."

ကျိုးဟန် က ရိုးရှင်းစွာပင် ဖြေလိုက်လေသည်။

"ဒါဆို ကျွန်မရဲ့... တစ်ကိုယ်လုံးကို ရှင် အကုန် မြင်သွားပြီပေါ့..."

ကက်သရင်း က အသံတိုးတိုးလေးဖြင့် မေးလိုက်လေသည်။

"အရင်ကလည်း မမြင်ဖူးတာမှ မဟုတ်တာ..."

"ပြီးတော့ မင်းလည်း ငါ့ရဲ့ဟာကို မြင်ဖူးတာပဲလေ... အဲဒီတော့ အပြန်အလှန် ပေါ့ကွာ ဟီးဟီး..."

"အော် ဒါနဲ့ ပြောဖို့ မေ့နေတာ... မင်းရဲ့ ရင်ဘတ်က ဒဏ်ရာ က လုံးဝ အမာရွတ် မကျန်ဘဲ ကောင်းသွားပြီနော်..."

"အာ... ရှင်..."

ကက်သရင်း သည် ရှက်ရွံ့နေသည်ကို ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်းပင် သူမ အဂုဏ်ယူရဆုံးသော ရင်ဘတ်ကို ဖွင့်ကာ ကြည့်ရှုလိုက်လေသည်။

ထင်သည့်အတိုင်းပင် ကြည်လင် တောက်ပနေပြီး အမာရွတ် အနည်းငယ်မျှပင် မကျန်ရစ်တော့ချေ။ ကျိုးဟန် ၏ ကုသမှု စွမ်းရည်များမှာ တကယ်ပင် အံ့သြစရာ ကောင်းလွန်းလှပေ။

"ကျေးဇူးပါပဲ ကျိုးဟန်..."

သူမ၏ ခန္ဓာကိုယ် အနှံ့ မြင်တွေ့ခံလိုက်ရသော်လည်း ကျေးဇူးတင်သင့်သည်ကိုတော့ ကျေးဇူးတင်ရမည် မဟုတ်ပါလား။ ဤသည်မှာ သီးခြား ကိစ္စရပ် နှစ်ခု ပင်ဖြစ်သည်။

"ကျေးဇူးတင်စရာ မလိုပါဘူး... ငါ့ကို လော့ဖုန်း လို့ပဲ ခေါ်ပါ... သူတစ်ပါးကို ကူညီပြီး နာမည် မဖော်ပြချင်တဲ့ လူပါကွာ..."

ထို့နောက် သူတို့နှစ်ယောက်သည် အချင်းချင်း မျက်လုံးချင်း ဆုံမိသွားကြပြီး ကက်သရင်း မှာ အလွန်အမင်း ရှက်သွေးဖြာသွားကာ မည်သည့်စကား ဆက်ပြောရမည်ကိုပင် မသိတော့ချေ။

သို့သော် ကံကောင်းထောက်မစွာဖြင့် ဤအချိန်တွင် ခြေသံများစွာ ထွက်ပေါ်လာပြီး အနေရခက်သော အခြေအနေကို ကယ်တင်ပေးလိုက်လေသည်။

အဝေးမှနေ၍ လုပွန်ဝေ့ ၏ မြှောက်ပင့်သံများကို ကြားလိုက်ရလေသည်။

"အစ်ကိုကြီး... ကျွန်တော်တို့ ရောက်လာပါပြီ... အဝေးကြီးကနေတောင် ထူးဆန်းတဲ့ စွမ်းအင်တွေ လွင့်ပျံလာတာကို ခံစားနေရတယ် လို့ ပြောနေကြတာ..."

"ဒါတွေ အားလုံးက အစ်ကိုကြီး ရဲ့ ခန့်ညားမှုတွေကြောင့် ဖြစ်ရမယ် လို့ တွေးမိတယ်... တစ်ရက်လေး မတွေ့ရသေးဘူး ပိုပြီး ခန့်ညားလာပြန်ပြီ... ကျွန်တော်တို့တွေ ဘယ်လို လုပ် အသက်ရှင်ရတော့မလဲ..."

"အားလုံး စုံပြီလား..."

လုပွန်ဝေ့ ၏ ဤကဲ့သို့သော အခြေအနေမျိုးကို ကျိုးဟန် အသားကျနေပြီ ဖြစ်ရာ ပြုံးရုံသာ ပြုံးလိုက်ပြီး မေးလိုက်လေသည်။

"အားလုံး စုံပါပြီ... အဖွဲ့ဝင် တစ်ရာ့ကိုးဆယ့်ကိုး ယောက် တစ်ယောက်မှ မကျန်ပါဘူး..."

လုပွန်ဝေ့ က ပြန်လည် ဖြေကြားလိုက်လေ။

ကျိုးဟန် ခေါင်းညိတ်ပြလိုက်ပြီး အဖွဲ့ဝင်များ၏ အခြေအနေကို တစ်ချက် ဝေ့ကြည့်လိုက်လေသည်။ အားလုံး၏ အခြေအနေများမှာ ကောင်းမွန်နေကြပြီး သူ့ကို လေးစား အားကျသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။

မည်သို့ပင်ဆိုစေ အားလုံးမှာ ဘုရင်အဆင့် ဝတ်စုံ များကို အပြည့်အစုံ ဝတ်ဆင်ထားကြသဖြင့် တမင်သက်သက် သေကြောင်း မကြံသရွေ့ ကြီးမားသော ဘေးအန္တရာယ် များနှင့် ကြုံတွေ့ရမည် မဟုတ်ရာ အဖွဲ့ဝင်များ သေဆုံးမှု မရှိခြင်းမှာလည်း သဘာဝကျလှပေသည်။

"မင်း သေချာ တာဝန်ကျေပါတယ်..."

ကျိုးဟန် သည် လုပွန်ဝေ့ ၏ ပခုံးကို ပုတ်ကာ အားပေးစကား ပြောလိုက်လေ။ သူ အဖွဲ့မှ ခွဲထွက်လာပြီးနောက် လုပွန်ဝေ့ ကသာ အဖွဲ့ကို ဦးဆောင် ခေါ်လာခဲ့ခြင်း ဖြစ်ပြီး အချက်အလက် မျက်နှာပြင် ပေါ်ရှိ အဖွဲ့၏ အကျိုးအမြတ်များကို ကြည့်ရှုလိုက်ရာ အတော်လေး များပြားနေကြောင်း တွေ့လိုက်ရလေသည်။

"ဟီးဟီး... ဒါတွေ အားလုံးက အစ်ကိုကြီး ရဲ့ သွန်သင် ပြသမှုတွေကြောင့်ပါ..."

"အစ်ကိုကြီး ရဲ့ ဂုဏ်ကျက်သရေ တွေက ကျွန်တော်တို့ကို လမ်းပြပေးနေတာပါ..."

"အစ်ကိုကြီး ရဲ့ သွန်သင်မှုတွေသာ ရှိနေမယ်ဆိုရင် ဝက်တစ်ကောင် တောင်မှ ကောင်းကင် ပျံတက်နိုင်ပါလိမ့်မယ်... ကျွန်တော်တို့ရဲ့ စွမ်းရည်တွေ မတိုးတက်လာဘဲ ဘယ်နေပါ့မလဲ..."

လုပွန်ဝေ့ က မြှောက်ပင့်ကာ ပြောလိုက်လေသည်။

ဘေးနားရှိ ကျန်းရှောင်ပိုင်၊ ရန်တင်းထျန်း၊ ရှဲ့ရွှန်း၊ ချိုက်ခွန်း အစရှိသူတို့ကလည်း တိတ်တဆိတ် လက်မထောင်ပြလိုက်ကြပြီး သူသည် တကယ်ကို အဆင့်မြင့်သူ တစ်ယောက် ဖြစ်ကြောင်း ဝန်ခံလိုက်ကြလေ။

"ရပြီ... ဒီ ဘုရင်အဆင့် မှော်လက်နက် လေး ယူပြီး ဆော့နေလိုက်တော့..."

ကျိုးဟန် သည် မှော်လက်နက် တစ်ခုကို ထုတ်ယူကာ လှမ်းပစ်ပေးလိုက်လေသည်။ ဤစကားများက ဤဆုလာဘ် နှင့် တန်လှပေသည်။

"ဝိုး... မှော်လက်နက် ပါလား..."

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး..."

လုပွန်ဝေ့ ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ ဖြတ်ပြေးသွားလေသည်။ သူ့ထံတွင် မှော်လက်နက် များ ရှိနေသော်လည်း နှစ်ခုသာ ရှိသေးလေသည်။ မြှောက်ပင့်စကား အနည်းငယ် ပြောလိုက်ရုံဖြင့် ဤကဲ့သို့သော မှော်လက်နက် မျိုး ရရှိနိုင်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

အစ်ကိုဟန် ကတော့ တကယ်ကို လက်ဖွာလွန်းလှပေသည်။ ဤသည်က လုပွန်ဝေ့ အား မြှောက်ပင့်ခြင်း လမ်းစဉ်တွင် ပိုမို ခိုင်မာစွာ လျှောက်လှမ်းရန် တွန်းအားပေးလိုက်သလို ပင်ဖြစ်သည်။

"လခွမ်း... အစ်ကိုဝေ့ က ဒီလိုမျိုးတောင် မှော်လက်နက် ရနိုင်တာလား..."

"တကယ်ကို အားကျစရာပဲကွာ..."

"မိုက်တယ်ကွာ... အစ်ကိုကြီး နောက်ကို လိုက်ရတာ နေရာတိုင်းမှာ အံ့သြစရာတွေချည်းပဲ..."

အဖွဲ့ဝင် များ၏ မျက်လုံးများမှာ ပြူးကျယ်သွားကြပြီး လုပွန်ဝေ့ ကို အတုယူကာ မြှောက်ပင့်ရန် ကြိုးစားကြည့်ကြလေသည်။

သို့သော် လျင်မြန်စွာပင် ကျရှုံးသွားခဲ့ကြလေသည်။ ဤသည်မှာ နည်းပညာ တစ်ခု ဖြစ်ပြီး သာမန်လူများ အလွယ်တကူ သင်ယူ၍ မရနိုင်ကြောင်း၊ မွေးရာပါ အရည်အချင်း လိုအပ်ကြောင်းကို သူတို့ နားလည်သွားကြလေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့ ပြောဆိုသော စကားများမှာ 'အစ်ကိုကြီး... အစ်ကိုကြီး အရမ်း မိုက်တယ်' ၊ 'အစ်ကိုကြီး... အစ်ကိုကြီး အရမ်း အစွမ်းထက်တယ်' စသည်တို့သာ ဖြစ်ပြီး အဆင့်အတန်း လုံးဝ မရှိသောကြောင့် ပင်ဖြစ်သည်။

ထို့ကြောင့် လူအများစုမှာ လက်လျှော့လိုက်ကြပြီး ရိုးရိုးသားသားသာ အလုပ်လုပ်ရန် ဆုံးဖြတ်လိုက်ကြလေသည်။ ဤကဲ့သို့သော အရာများမှာ သူတို့နှင့် မသင့်တော်ချေ။

"ဟင်... ဒါ ဟို နိုင်ငံခြားသူကြီး မဟုတ်လား…”

All Chapters