← Chapters

အခန်း (၂၈၇-၂၈၈)

Vol. 29 Ch. 287-288

အခန်း (၂၈၇-၂၈၈)

Vol. 29 Ch. 287-288

အခန်း ၂၈၇ ဝိညာဉ် ဖိနှိပ်ရေး မျှော်စင်

လျင်မြန်စွာပင် အားလုံး အတန်ကြာ ဆူညံနေကြပြီးနောက် ကက်သရင်း ၏ ရုပ်ရည်အသွင်အပြင်ကြောင့် ဆွဲဆောင်ခံလိုက်ရကာ လူ့လောက၏ ပြိုင်ဘက်ကင်း အလှတရားအဖြစ် အံ့သြတကြီး ရေရွတ်လိုက်ကြလေသည်။

ဤကဲ့သို့သော အလှဘုရင်မလေးကို အစ်ကိုကြီးလို အစွမ်းထက်တဲ့ သိုင်းပညာရှင်ကမှ ရနိုင်မှာပါလားဟု သူတို့တွေးမိကြလေသည်။

"အစ်ကိုကြီးလို့ ခေါ်ရတာ တန်တာပဲ တကယ်ကို မိုက်တာပဲကွာ..."

ရှောင်ယန် က လေးစားစွာဖြင့် ပြောလိုက်လေသည်။

"ငါတို့ အစ်ကိုကြီးက ဘယ်သူလဲ ဒီလို ပြိုင်ဘက်ကင်း အလှလေးမှ သူ့ရဲ့ အရှိန်အဝါနဲ့ လိုက်ဖက်မှာပေါ့ ဒီနိုင်ငံခြားသူလေးလည်း ကံကောင်းသွားတာပဲ..."

လုပွန်ဝေ့ က ရယ်မောကာ ပြောလိုက်လေသည်။

"ဘယ်တော့လောက်များ အစ်ကိုကြီးလိုမျိုး အစွမ်းထက်လာမလဲ မသိဘူးကွာ..."

လင်းတုန်း က သက်ပြင်းချကာ ပြောလိုက်လေသည်။

"တစ်ဝက် ဟုတ်လား မင်းကလည်း လွန်လွန်းနေပါပြီ ငါကတော့ အစ်ကိုကြီးရဲ့ ရာခိုင်နှုန်း တစ်ရာမှာ တစ်ရာခိုင်နှုန်းလောက် အစွမ်းထက်ရင်ကို ကောင်းကင်ပျံတက်နိုင်နေပြီ..."

မုချန် က ဝင်ရောက် ပြောဆိုလိုက်လေသည်။

အဖွဲ့ဝင်များ၏ စကားများကြောင့် ကက်သရင်း မှာ မျက်နှာလေး နီရဲလာပြီး ရင်ခုန်မြန်လာလေသည်။ အမှန်တကယ်ပင် သူမသည် ဤခရီးတစ်လျှောက်တွင် ကျိုးဟန် ထံမှ အကူအညီများစွာကို ရရှိခဲ့လေသည်။

အစပိုင်းတွင် တစ္ဆေ ဧကရာဇ် နှင့် ကြုံတွေ့ရချိန်၌ ကျိုးဟန် ၏ သွယ်ဝိုက်သော ကယ်တင်မှုကို ရရှိခဲ့ပြီးနောက် သူ၏ လက်ထဲမှ ဧကရာဇ်အဆင့် မှော်လက်နက် သားရဲ ထိန်းချုပ်ရေး ကြာပွတ် ကို ရရှိခဲ့လေသည်။

ထို့အပြင် ဝိညာဉ်သားရဲ ဆင့်ခေါ်ခြင်း ကျွမ်းကျင်မှုစွမ်းရည် စာအုပ်မှာလည်း ကျိုးဟန် ၏ စွမ်းအားကြောင့် ပိုမို အစွမ်းထက်လာခဲ့ပြီး ဧကရာဇ်အဆင့် ဝိညာဉ်သားရဲ များကို ဆင့်ခေါ်နိုင်စွမ်း ရှိလာခဲ့လေသည်။ နောက်ဆုံးတွင် ကျိုးဟန် ၏ ကုသပေးမှုကိုလည်း တစ်ကြိမ် ရရှိခဲ့သေးလေသည်။

အဖိုးအခ အချို့ကို ပေးဆပ်ခဲ့ရသော်လည်း နှိုင်းယှဉ်ကြည့်မည် ဆိုပါက သူမသည် တကယ်ကို အမြတ်ကြီး ထွက်ခဲ့လေသည်။

'သူက ငါ့ကို မသိမသာနဲ့ ဒီလောက်တောင် ကူညီပေးခဲ့တာပဲ...'

ကက်သရင်း ၏ လှပသော မျက်လုံးလေးများ တုန်ခါသွားပြီး ကျိုးဟန် ကို ငေးမော ကြည့်နေမိလေသည်။

မူလက သူမသည် မောက်မာသော သူတစ်ယောက် ဖြစ်သော်လည်း ကျိုးဟန် ၏ အကူအညီကိုမူ မငြင်းဆန်ခဲ့ဘဲ ဆန့်ကျင်ဘက် အနေဖြင့် သူမ၏ ရင်ထဲတွင် အလွန် မျှော်လင့်နေခဲ့မိလေသည်။

"ငါ့ရဲ့ ခန့်ညားမှုကြောင့် ဆွဲဆောင်ခံလိုက်ရတာလား ငေးကြည့်နေတာပဲ..."

ကျိုးဟန် က နောက်ပြောင်လိုက်လေသည်။ သူ၏ အစွမ်းထက်သော အာရုံခံနိုင်စွမ်းဖြင့် ကက်သရင်း သူ့ကို စိုက်ကြည့်နေကြောင်း ကောင်းစွာ သိရှိထားလေသည်။

"အာ... ငါ..."

ကက်သရင်း သည် သူမ ခိုးကြည့်နေသည်ကို အမိခံလိုက်ရမည်ဟု မထင်မှတ်ထားခဲ့သဖြင့် အနည်းငယ် အနေရခက်သွားလေသည်။ ယခုအခါ ကျိုးဟန် နှင့် ရင်ဆိုင်ရချိန်တွင် သူမမှာ အလွန်အမင်း ရှက်ရွံ့နေမိလေသည်။

"ဟားဟားဟား... မင်းရဲ့ အစပိုင်းက မောက်မာပြီး ရိုင်းစိုင်းတဲ့ ပုံစံလေးကို ငါ ပိုသဘောကျတယ်..."

ကျိုးဟန် က စနောက်ကာ ပြောလိုက်လေသည်။

"ဟုတ်လို့လား..."

ကက်သရင်း သည် သွားကို ကျိတ်လိုက်ပြီး သူမ၏ လက်ချောင်းလေးများဖြင့် ကျိုးဟန် ၏ ခါးမှ အသားများကို လှမ်းဆွဲလိုက်လေသည်။

...

လုပွန်ဝေ့ တို့ အဖွဲ့ စစ်တလင်း ကို ရှင်းလင်း သိမ်းဆည်းပြီးချိန်တွင် အိုးဟွမ် သည်လည်း အဖွဲ့ကို ခေါ်ဆောင်ကာ နောက်ဆုံး၌ ရောက်ရှိလာလေသည်။ အကွာအဝေးမှာ အတော်လေး ဝေးကွာသဖြင့် အချိန် အနည်းငယ် ကြာမြင့်သွားခဲ့ခြင်း ဖြစ်လေသည်။

သို့သော် ခမ်းနား ကြီးကျယ်လှသော ဤ ကျောက်မျှော်စင် ကြီးကို မြင်တွေ့လိုက်ရချိန်တွင် ဤမျှ ဝေးကွာသော ခရီးကို လာခဲ့ရခြင်းမှာ လုံးဝ တန်သည်ဟု လူတိုင်းက ခံစားလိုက်ရလေသည်။

သူတို့သည် ဓာတ်ပုံများကို မြင်တွေ့ခဲ့ပြီး ဖြစ်သော်လည်း ကျောက်မျှော်စင် ကြီး၏ အောက်တွင် တကယ်တမ်း မတ်တပ်ရပ် လိုက်ရချိန်မှသာ သူတို့ကိုယ်သူတို့ သေးငယ်သွားကြောင်း ခံစားလိုက်ရလေသည်။

ကျိုးဟန် ၏ အကြည့်များ ရောက်ရှိသွားချိန်တွင် ကျောက်မျှော်စင် နှင့် သက်ဆိုင်သော အချက်အလက်များ အားလုံး ထွက်ပေါ်လာလေတော့သည်။

[ဝိညာဉ် ဖိနှိပ်ရေး မျှော်စင်]

[ဖော်ပြချက် - ထိပ်တန်း အမြင့်ဆုံးအဆင့် သိုင်းပညာရှင် ကိုးယောက် ပူးပေါင်း၍ တည်ဆောက်ထားသော ကျောက်မျှော်စင် ဖြစ်ပြီး ရက်စက် ကြမ်းတမ်းသော ဝိညာဉ်ပေါင်း ကုဋေတစ်သိန်းကို ဖိနှိပ် ချုပ်နှောင်ထားပါသည်... အချိန်နှင့် ဟင်းလင်းပြင် အက်ကွဲကြောင်း ထဲသို့ ထည့်သွင်းထားပြီး တစ်လလျှင် တစ်ကြိမ် နေရာ ပြောင်းလဲလေ့ ရှိပါသည်]

[သတိပေးချက် - အတွင်းပိုင်းတွင် ထူးဆန်းသော လေဟာနယ် များစွာ ရှိနေပြီး ဝင်ရောက်နိုင်ခြင်း သို့မဟုတ် အသက်ဝင်စေနိုင်ခြင်းမှာ ကံတရား အပေါ်တွင်သာ မူတည်နေပါသည်... ထို့အပြင် အတွင်းပိုင်းရှိ ကြမ်းတမ်းသော ဝိညာဉ်များမှာ အလွန် အစွမ်းထက်ပြီး ဘုရင်အဆင့် အောက် နိမ့်ကျသော သိုင်းပညာရှင်များ အနေဖြင့် အလွယ်တကူ မဝင်ရောက်သင့်ပါ]

[ကျဆင်းလာသော ပစ္စည်းများ - ကြမ်းတမ်းသော ဝိညာဉ် များကို သတ်ဖြတ်ပါက ဘုရင်အဆင့် အရည်အသွေး နှင့် အထက် ရှိသော ဝတ်စုံများ မှော်ဆေးလုံးများ မှော်လက်နက်များနှင့် အခြားသော အပိုင်းအစများ စသည့် အထောက်အကူပြု ပစ္စည်း အမျိုးမျိုး ကျဆင်းနိုင်ပါသည်]

ဖော်ပြချက်များကို ဖတ်ရှုပြီးနောက် ကျိုးဟန် သည် ၎င်း၏ လျှို့ဝှက်ဆန်းကြယ်မှု များကို ခံစားသိရှိလိုက်လေသည်။

ဤ ဝိညာဉ် ဖိနှိပ်ရေး မျှော်စင် ၏ နောက်ခံမှာ သာမန် မဟုတ်ဘဲ ထိပ်တန်း အမြင့်ဆုံးအဆင့် သိုင်းပညာရှင် ကိုးယောက် ပူးပေါင်း ဖန်တီးထားခြင်း ဖြစ်လေသည်။ ဤအချက် တစ်ခုတည်းကပင် ကြီးမားလှသော လုပ်ရပ်တစ်ခု ဖြစ်ကြောင်း သက်သေပြနေပြီး အတွင်းမှ ရရှိလာမည့် အကျိုးအမြတ် များအပေါ် လူတိုင်းကို မျှော်လင့်ချက် ပြည့်နှက်သွားစေလေသည်။

"ကဲ လူတွေလည်း အားလုံး စုံပြီဆိုတော့ အခုပဲ အထဲကို ဝင်ကြရအောင်..."

ကျိုးဟန် သည် လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်လေသည်။

အဖွဲ့ဝင် များ အားလုံးမှာ ဘုရင်အဆင့် ဝတ်စုံ များကို ဝတ်ဆင်ထားကြသည့်အပြင် အစောင့်အရှောက် သားရဲ ဖြစ်သော ကောင်းကင် မီးလျှံ နဂါး သိန်းငှက် ၏ စွမ်းအားကိုလည်း အသုံးပြုနိုင်သေးလေသည်။ ဤကဲ့သို့သော စွမ်းအားမျိုးဖြင့် ဘုရင်အဆင့် များကြားတွင်ပင် ထိပ်တန်း အဆင့်ဟု သတ်မှတ်နိုင်ပေသည်။

အိုးဟွမ် နှင့် အခြားသော သူများမှာမူ ဧကရာဇ်အဆင့် သို့ ချိုးဖောက် ဝင်ရောက်ပြီး ဖြစ်ရာ [ဝိညာဉ် ဖိနှိပ်ရေး မျှော်စင်] ထဲသို့ ဝင်ရောက်ရန် လုံးဝ ပြဿနာ မရှိတော့ချေ။

"ဟုတ်ကဲ့ပါ အစ်ကိုကြီး ဒီတစ်ခါတော့ ငါတို့ အကြီးအကျယ် အမြတ်ထွက်အောင် လုပ်ကြရအောင်..."

"ဒီတစ်ခါ ပြီးသွားရင် ငါတို့ ဂိုဏ်း ရဲ့ ပျမ်းမျှ ရမှတ် တွေက အဆင့်သတ်မှတ်ချက် စာရင်း မှာ ပထမနေရာကို အခိုင်အမာ ရရှိသွားမှာ သေချာတယ်..."

"သေချာပေါက် စာရင်း နှစ်ခုလုံးမှာ ပထမနေရာ ရရမှာပေါ့ ဒါမှ ငါတို့ နတ်ဘုရားသတ်ဖြတ်ခြင်း နန်းတော် ရဲ့ ပုံစံနဲ့ ကိုက်ညီမှာလေ..."

အဖွဲ့ဝင် များမှာ လက်သီးလက်မောင်း တန်းနေကြပြီး အလွန် စိတ်လှုပ်ရှားနေကြလေသည်။ သူတို့ ကိုယ်တိုင်လည်း ဝိညာဉ် ဖိနှိပ်ရေး မျှော်စင် ၏ အခြေခံစွမ်းရည် ဖော်ပြချက် များကို ကြည့်ရှုနိုင်သဖြင့် ၎င်းအတွင်း၌ အကျိုးအမြတ် များစွာ ရှိနေကြောင်းကို ကောင်းစွာ သိရှိထားကြလေသည်။

"အစ်ကိုကြီး ကျွန်တော့်ကို ရှေ့ဆုံးကနေ သွားခွင့်ပြုပါ..."

အိုးဟွမ် က မိမိကိုယ်ကို တာဝန်ယူလိုစိတ်ဖြင့် ပြောလိုက်လေသည်။ သူသည် သူ၏ ကံကောင်းမှုများကို အသုံးပြု၍ ထူးခြားသော လေဟာနယ် အချို့ကို အသက်ဝင်စေနိုင်ခြင်း ရှိမရှိ စမ်းသပ်လိုပြီး ထိုသို့ဖြင့် ပိုမိုများပြားသော အကျိုးအမြတ်များကို ရရှိနိုင်မည် ဖြစ်လေသည်။

"ကျိုးဟန် ကျွန်မရဲ့ ဆင့်ခေါ် သတ္တဝါ တွေကိုပဲ ရှေ့ကနေ လမ်းပြခိုင်းလိုက်ပါ..."

"ဒီထဲမှာ အခြေအနေ ဘယ်လိုရှိလဲ ဆိုတာ ကျွန်မတို့ သေချာ မသိရဘူးလေ သတိထားတာ အကောင်းဆုံးပဲ..."

ကက်သရင်း က အကြံပြုလိုက်လေသည်။

"အင်း မင်းပြောတာလည်း မှန်တယ်..."

"ဝိညာဉ်သားရဲ ဆယ်ကောင်လောက် အရင် ဆင့်ခေါ်လိုက်..."

ကျိုးဟန် သည် သူမ၏ အကြံပြုချက်ကို သဘောတူလိုက်လေသည်။

သူ၏ စွမ်းအား အရ ကြယ်ငါးပွင့် နတ်ဘုရားအဆင့် အောက် နိမ့်ကျသော သိုင်းပညာရှင် များကို လုံးဝ ဂရုစိုက်စရာ မလိုသော်လည်း လျှို့ဝှက်ဆန်းကြယ်သော သတ္တဝါ အချို့က ထူးဆန်းသော နည်းလမ်းများကို အသုံးပြုလာနိုင်ခြေ ရှိလေသည်။ ကျိုးဟန် ၏ အစွမ်းထက်သော စွမ်းအားများကြောင့် အသတ်မခံရနိုင်သော်လည်း ပြဿနာ အချို့ ဖြစ်ပေါ်လာနိုင်ပြီး အချိန်များစွာ ကြန့်ကြာသွားနိုင်လေသည်။

ဥပမာအားဖြင့် ယခင်က ထောက်ထျဲ့ ၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကြောင့် ထိန်းချုပ်ခံလိုက်ရစဉ်က သူသည် နတ်သတ် ပုဆိန် သို့မဟုတ် ကောင်းကင် နဂါး ရှောင်တိမ်းခြင်း သိုင်းကျင့်စဉ် ကို အသုံးပြု၍ လွတ်မြောက်နိုင်သော်လည်း ၎င်းမှာ အတော်လေး လက်ပေါက်ကပ်သော ကိစ္စပင် ဖြစ်လေသည်။

ထို့ကြောင့် ယခင်ကဲ့သို့သော အဖြစ်အပျက်မျိုး ထပ်မံ မပေါ်ပေါက်စေရန် ကက်သရင်း ၏ ဆင့်ခေါ် သတ္တဝါ များက အသုံးဝင်လာခဲ့လေပြီ။ အစွမ်းထက်သော ရန်သူများနှင့် ကြုံတွေ့ရပါက အသေခံ တပ်သားများ အဖြစ် အသုံးပြုနိုင်ပြီး အားနည်းသော သူများနှင့် ကြုံတွေ့ရပါက တိုက်ရိုက် ချေမှုန်းနိုင်သဖြင့် အလွန် အချိန်ကုန် လူပန်း သက်သာစေလေသည်။

ထို့အပြင် ကျိုးဟန် သည် ယခင်ကတည်းက ကက်သရင်း နှင့် သဘောတူညီမှု ရယူထားပြီး ဖြစ်ရာ သူမ အနေဖြင့် တစ္ဆေ တစ်ရာ ည တိုက်ပွဲ လျှို့ဝှက်နယ်မြေ အတွင်းမှ ရရှိသော အဆင့်သတ်မှတ်ချက် ဆုလာဘ် များ အားလုံးမှာ ကျိုးဟန် ၏ အပိုင်သာ ဖြစ်လေသည်။ ထို့ကြောင့် ဤ ကြမ်းတမ်းသော ဝိညာဉ် များကို ကက်သရင်း က သတ်ဖြတ်ခြင်းမှာလည်း လက်ခံနိုင်စရာ ပင်ဖြစ်သည်။

"ကောင်းပြီလေ..."

ကက်သရင်း သည် ခေါင်းညိတ်ပြလိုက်လေသည်။ ခုနက သူမ ခေတ္တခဏ အနားယူထားခဲ့သဖြင့် အမြင့်ဆုံး အခြေအနေသို့ ပြန်လည် မရောက်ရှိသေးသော်လည်း ဝိညာဉ်သားရဲ ဆယ်ကောင်ကို ဆင့်ခေါ်ရန်မှာ ပြဿနာ မရှိချေ။

မန္တန် ရွတ်ဆိုလိုက်ပြီးနောက် ဧကရာဇ်အဆင့် ဝိညာဉ်သားရဲ ဆယ်ကောင်ကို ချက်ချင်း ဆင့်ခေါ်လိုက်လေသည်။

"ဟင် ဒီအရည်အသွေးက သာမန် မဟုတ်ဘူးပဲ..."

"အရမ်း အစွမ်းထက်တဲ့ စွမ်းအင် လှိုင်းတွေ ပါလား..."

"ငါကတော့ ဒီ ဝိညာဉ်သားရဲ တွေထဲက တစ်ကောင်ကိုတောင် နိုင်မှာ မဟုတ်ဘူးလို့ ခံစားရတယ်..."

ဝိညာဉ်သားရဲ များကို ဆင့်ခေါ်လိုက်သည်နှင့် အဖွဲ့ဝင် များ အားလုံးမှာ ၎င်းတို့၏ အစွမ်းထက်မှုကို ခံစားလိုက်ရပြီး အံ့အားသင့်စွာ ပြောဆိုနေကြလေသည်။

"ဟုတ်ပါတယ် ဒါတွေ အားလုံးက ဧကရာဇ်အဆင့် အရည်အသွေး ရှိတဲ့ ဆင့်ခေါ် သတ္တဝါ တွေပါ..."

"ဒါပေမဲ့ ဒါတွေ အားလုံးက ကျိုးဟန် ရဲ့ ကျေးဇူးကြောင့်ပါ မဟုတ်ရင် ကျွန်မက ဒီလောက်အထိ အစွမ်းထက်လာမှာ မဟုတ်ဘူးလေ..."

လူတိုင်း၏ ခန့်မှန်း ပြောဆိုမှုများကို မြင်တွေ့လိုက်ရသဖြင့် ကက်သရင်း သည် ပြုံးကာ ဖွင့်ဟ ပြောဆိုလိုက်လေသည်။

"အစ်ကိုကြီး ကတော့ အစွမ်းထက်တာပဲ အလွယ်တကူ လေ့ကျင့်ပေးလိုက်တာနဲ့တင် ဧကရာဇ်အဆင့် အစွမ်းထက်သူ တစ်ယောက် ထွက်ပေါ်လာပြီပေါ့..."

လူတိုင်းမှာ အံ့အားသင့်စွာဖြင့် ပြောလိုက်ကြလေသည်။

"ဒီတစ်ခါ ဝိညာဉ် ဖိနှိပ်ရေး မျှော်စင် ထဲမှာ အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ သူကို ငါ အခမဲ့ တစ်ကြိမ် အဆင့်မြှင့်တင်ပေးမယ်..."

ကျိုးဟန် သည် လူတိုင်း၏ စိတ်ဓာတ် တက်ကြွလာစေရန်နှင့် မျှော်လင့်ချက် တစ်ခု ရရှိစေရန် ပြုံးကာ ပြောလိုက်လေသည်။

"ဝိုး အစ်ကိုကြီး အရမ်း မိုက်တယ်ဗျာ..."

အိုးဟွမ် သည် ချက်ချင်းပင် အော်ဟစ်လိုက်လေသည်။ သူသည် အားသာချက် အရှိဆုံးသော ပြိုင်ဘက် တစ်ယောက် ဖြစ်ရာ သဘာဝကျကျပင် အလွန် စိတ်လှုပ်ရှားနေလေသည်။

"ဒီ အခွင့်အရေးကို ငါလည်း လက်လွတ်ခံမှာ မဟုတ်ဘူး..."

လုပွန်ဝေ့ မှာလည်း အလွန်အမင်း စိတ်လှုပ်ရှားနေပြီး သူ့ထံတွင်လည်း အထူး နည်းလမ်း အချို့ ရှိနေလေသည်။

"ကောင်းတယ် တကယ်ကို သိပ်ကောင်းတာပဲ..."

ချိုက်ခွန်း မှာလည်း စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးလိုက်လေသည်။

ထို့နောက် ရှောင်ယန် လင်းတုန်း နှင့် မုချန် တို့ အပါအဝင် အခြားသူများ မှာလည်း တိုက်ခိုက်လိုစိတ်များ အလွန် ပြင်းပြနေကြလေသည်။ သူတို့သည် ကျိုးဟန် နှင့် အဖွဲ့တစ်ဖွဲ့တည်း ဖြစ်ခဲ့ဖူးသဖြင့် အကျိုးအမြတ် အချို့ကို ခံစားခဲ့ရကာ မကြာသေးမီက လျင်မြန်စွာ အစွမ်းထက်လာခဲ့သူများ ပင်ဖြစ်သည်။

အခန်း ၂၈၈ အတွင်းပိုင်းရှိ လျှို့ဝှက်ဆန်းကြယ်မှုများ

ကျိုးဟန်သည် လူများကို ခွဲဝေချထားရန် အဖွဲ့ငယ်လေးများ ဖွဲ့စည်းသည့် ပုံစံကိုသာ ဆက်လက် အသုံးပြုလိုက်လေသည်။

ယခုတစ်ကြိမ် ဝိညာဉ် ဖိနှိပ်ရေး မျှော်စင် ၏ အန္တရာယ် ပမာဏမှာ အနည်းငယ် ပိုမို ကြီးမားနိုင်သဖြင့် အဖွဲ့ဝင် လေးဆယ်စီ ပါဝင်သော အဖွဲ့ငယ် ဆယ်ဖွဲ့ ခွဲခြားလိုက်လေသည်။

တာဝန်များ ခွဲဝေပေးပြီးနောက် အချိန်မဆွဲတော့ဘဲ ဧကရာဇ်အဆင့် ဝိညာဉ်သားရဲများ၏ လမ်းပြမှု အောက်တွင် အားလုံးသည် ဝိညာဉ် ဖိနှိပ်ရေး မျှော်စင် ၏ အဝင်ဝသို့ ရောက်ရှိသွားကြလေသည်။

အဝင်ဝ နေရာတွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းကွင်း တစ်ခု ရှိနေပြီး ၎င်းမှာ နာရီလက်တံအတိုင်း အဆက်မပြတ် လည်ပတ်နေကာ ထူးဆန်းသော စွမ်းအင်လှိုင်းများကို ဖြစ်ပေါ်စေလေသည်။

၎င်း၏ အတွင်းမှနေ၍ မှောင်မိုက်သော အလင်းရောင်များ စိမ့်ထွက်နေပြီး ကြမ်းတမ်းသော ဝိညာဉ်များ၏ ရူးသွပ်စွာ ဟိန်းဟောက်သံများနှင့်အတူ မွှေးကြိုင်လှသော ဝိညာဉ် သစ်ပင်များနှင့် မှော်ဆေးလုံးများ၏ ရနံ့များကိုပါ ရှူရှိုက်မိနိုင်လေသည်။

အပြင်ဘက်မှ ကြည့်ရုံဖြင့်ပင် ၎င်း၏ ထူးခြား ဆန်းကြယ်မှုများကို အကြမ်းဖျင်း ခံစားသိရှိနိုင်ပေသည်။ မည်သို့ပင်ဆိုစေ ထိပ်တန်း အမြင့်ဆုံးအဆင့် သိုင်းပညာရှင် ကိုးယောက် တည်ဆောက်ထားသော နေရာဖြစ်ရာ လျှို့ဝှက်ဆန်းကြယ်မှု များစွာ ရှိနေမည်မှာ သေချာပြီး ကိုယ်တိုင် ဝင်ရောက် စူးစမ်းရှာဖွေမှသာ ရှင်းလင်းစွာ သိရှိနိုင်မည် ဖြစ်လေသည်။

"သွားကြမယ်... ဒီအလင်းကွင်း ထဲကို ဝင်ကြရအောင်..."

ကျိုးဟန်သည် လူတိုင်းကို လမ်းပြပေးလိုက်လေသည်။ အရှေ့တွင် ဧကရာဇ်အဆင့် ဝိညာဉ်သားရဲများက လမ်းရှင်းပေးထားပြီး သူက အနောက်မှသာ လိုက်ပါရန် လိုအပ်လေသည်။ သာမန် ကိစ္စရပ်များကို နောက်လိုက်များနှင့် ဆင့်ခေါ် သတ္တဝါများက ဖြေရှင်းပေးနိုင်သဖြင့် သူကိုယ်တိုင် ဝင်ရောက် လှုပ်ရှားရန် မလိုအပ်ချေ။

"ဒီ ဝိညာဉ် ဖိနှိပ်ရေး မျှော်စင် က သီးခြား လေဟာနယ် တစ်ခုများ ဖြစ်နေမလား..." ကက်သရင်းက အနည်းငယ် သံသယဖြစ်စွာဖြင့် တိုးတိတ်စွာ ရေရွတ်လိုက်လေသည်။

"ဘာလို့ အဲဒီလို ပြောတာလဲ..." ကျိုးဟန်က မေးလိုက်လေသည်။

"ငါ့ရဲ့ ဆင့်ခေါ် သတ္တဝါတွေက အလင်းကွင်း ထဲကို ဝင်သွားတာနဲ့ ငါနဲ့ သူတို့ကြားက ဆက်သွယ်မှုက အရမ်း အားနည်းသွားတယ်... အချိန် နည်းနည်းလောက် ထပ်ကြာရင် သွေးကတိစာချုပ် ပါ ပြတ်တောက်သွားနိုင်တယ်..."

ကက်သရင်းက ရှင်းပြလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် အံ့သြမှုများ ပြည့်နှက်နေလေသည်။

"ဒါဆိုရင်တော့ မင်းပြောသလို ဖြစ်ဖို့ များတယ်..."

"သွားကြမယ်... ငါတို့လည်း ဝင်ကြရအောင်..."

"အင်း..."

သူတို့ နှစ်ယောက်သည် အလင်းကွင်း ထဲသို့ တစ်ပြိုင်နက်တည်း ဝင်ရောက်သွားကြလေသည်။ ထို့နောက် ကောင်းကင်နှင့် မြေကြီး ပြောင်းပြန် လည်ထွက်သွားသည့်အလား ခံစားလိုက်ရပြီး အသိစိတ်များမှာ ရှုပ်ထွေးမှုများ ကြားထဲသို့ ကျရောက်သွားကာ အလွန် တိုတောင်းသည်ဟု ထင်ရသလို အလွန် ကြာမြင့်သည်ဟုလည်း ထင်မှတ်ရလေသည်။

ရှုပ်ထွေးမှုများ ပြီးဆုံးသွားပြီးနောက် မျက်လုံးများက အလင်းရောင်ကို ခံစားသိရှိလာရလေသည်။ ကျိုးဟန် မျက်လုံး မဖွင့်ရသေးမီမှာပင် အဖွဲ့ဝင်များ၏ အံ့သြ သံသယဖြစ်နေသော အသံများကို ကြားလိုက်ရလေသည်။

"ဟင်... ဒီနေရာက ဘာလို့ ဟာလာဟင်းလင်း ကြီး ဖြစ်နေတာလဲ... ဘာမှလည်း မရှိပါလား..." ကျန်းရှောင်ပိုင်က အနည်းငယ် ကြောင်အမ်းအမ်းဖြင့် ပြောလိုက်လေသည်။

"အရမ်း ထူးဆန်းတဲ့ လေဟာနယ် ပဲ... ဒီလို အခြေအနေမျိုး ကြုံရတာ ပထမဆုံးအကြိမ်ပဲ..." ရှဲ့ရွှန်းကလည်း အံ့အားသင့်စွာဖြင့် ပြောလိုက်လေသည်။

"ကြမ်းတမ်းတဲ့ ဝိညာဉ်တွေ အများကြီး ရှိတယ် ဆိုပြီးတော့များ တစ်ကောင်မှတောင် မတွေ့ရဘူး... ငါတို့ ဝင်လာတဲ့ နေရာများ မှားသွားတာလား..." ချိုက်ခွန်း၏ အသံထဲတွင် သံသယများ ပြည့်နှက်နေသည်ကို ကြားလိုက်ရလေသည်။

"အစ်ကိုကြီး ရောက်လာပြီ... သူ့ကို မေးကြည့်ရအောင်..."

အလင်းရောင် တစ်ချက် လက်ကနဲ ဖြစ်သွားပြီးနောက် ကျိုးဟန်၏ ပုံရိပ်သည် ဤ လေဟာနယ် ထဲတွင် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် လုပွန်ဝေ့က အလျင်စလို ပြောလိုက်လေသည်။

[အသိပေးချက်... သင်သည် အထူး မြေပုံ ဖြစ်သော ဝိညာဉ် ဖိနှိပ်ရေး မျှော်စင် အတွင်းသို့ ဝင်ရောက်သွားပါပြီ... ဤနေရာမှာ လျှို့ဝှက်ဆန်းကြယ်သော လေဟာနယ် တစ်ခု ဖြစ်ပြီး ကိုဩဒိနိတ် နေရာတိုင်းတွင် လျှို့ဝှက်ချက် များစွာ ရှိနေနိုင်ပါသည်... ကျေးဇူးပြု၍ ကိုယ်တိုင် စူးစမ်းရှာဖွေပါ]

စနစ်၏ အသိပေးချက် ထွက်ပေါ်လာပြီးနောက် လူတိုင်း၏ သံသယ အသံများ ကြားထဲတွင် ကျိုးဟန်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး ပတ်ဝန်းကျင် အခြေအနေကို အကဲခတ် ကြည့်ရှုလိုက်လေသည်။

ဤနေရာရှိ အလင်းရောင်မှာ အလွန် တောက်ပနေပြီး စိတ်ကူးထဲတွင် တွေးထင်ထားသော မှောင်မိုက် အေးစက်သည့် အခြေအနေနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလေသည်။

မြင်ကွင်း တစ်ဆုံး၌ ဟင်းလင်းပြင် ကြီးကိုသာ မြင်တွေ့ရပြီး အမြင်အာရုံကို ဟန့်တားထားခြင်း မရှိသော်လည်း အခြား မည်သည့် အရာကိုမျှ မမြင်တွေ့ရသဖြင့် အလွန် ထူးဆန်းနေလေသည်။

'ကိုဩဒိနိတ် နေရာတွေလား...'

'လျှို့ဝှက်ချက်တွေ ရှိနေတယ်...'

ကျိုးဟန်သည် စနစ်၏ အသိပေးချက်ကို တွေးတောနေသော်လည်း မည်သို့မျှ အဖြေရှာမရ ဖြစ်နေလေသည်။ စနစ်ကလည်း တိတိကျကျ မပြောပြသဖြင့် အစဖော်ရန်ပင် ခက်ခဲနေလေသည်။

"ကျိုးဟန်... ငါတို့ ဘယ်လို လုပ်ကြမလဲ..."

"ဒီလောက် ကျယ်ပြောတဲ့ လေဟာနယ် ကြီးထဲမှာ ခေါင်းမရှိတဲ့ ယင်ကောင်လို ဖြစ်နေပြီ..."

ကက်သရင်းက အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။ သူမ ကိုယ်တိုင်လည်း စမ်းသပ် ကြည့်ခဲ့သော်လည်း မည်သည့်အရာမျှ မတွေ့ရှိရသဖြင့် ကျိုးဟန်ထံသို့သာ အကူအညီ တောင်းခံရန် ကြည့်လိုက်ရလေသည်။ မည်သို့ပင်ဆိုစေ သူသည် အစွမ်းထက်ပြီး အမြဲတမ်း နည်းလမ်း ရှိတတ်သည် မဟုတ်ပါလား။

ကျိုးဟန်သည် ချက်ချင်း ပြန်လည် မဖြေကြားခဲ့ပေ။ သူသည် သွေးသတ်ဖြတ်မှု မြင်ကွင်း ကို အသုံးပြုကာ စမ်းသပ် ကြည့်ရှုလိုက်ရာ မထင်မှတ်ဘဲ အရာတစ်ခုခုကို မြင်တွေ့လိုက်ရလေသည်။

"ဟီးဟီး... အခြေအနေ ဘယ်လို ရှိလဲ ဆိုတာ ငါ အကြမ်းဖျင်း သိသွားပြီ..." ကျိုးဟန်က တွေးတွေးဆဆဖြင့် ပြောလိုက်လေသည်။

"ကျိုးဟန်... နင် ဘာတွေ တွေ့လိုက်လို့လဲ... ငါ့ကို မြန်မြန် ပြောပြပါဦး..." ကက်သရင်း၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ထွက်ပေါ်လာပြီး အလျင်စလို မေးလိုက်လေသည်။

ထင်သည့်အတိုင်းပင် ကျိုးဟန်ထံတွင် အမြဲတမ်း နည်းလမ်း ရှိပြီး မည်သည့်အခါမျှ စိတ်ပျက်မသွားစေခဲ့ချေ။

အိုးဟွမ်တို့ အဖွဲ့သည်လည်း စကားပြောသံများကို ကြားလိုက်ရသဖြင့် သူတို့၏ အကြည့်များကို လှမ်းပို့လိုက်ကြလေသည်။ အစ်ကိုကြီး ကတော့ တကယ်ကို အစွမ်းထက်လွန်းလှပေသည်။

"အရမ်း မလောပါနဲ့ဦး... ငါ သေချာအောင် အရင် စမ်းကြည့်ရဦးမယ်..." ကျိုးဟန်သည် မသိမသာ ပြုံးလိုက်ပြီး ရှေ့သို့ ခြေလှမ်း ဆယ်လှမ်းခန့် လျှောက်သွားလိုက်လေသည်။

ယခုအချိန်တွင် သွေးသတ်ဖြတ်မှု မြင်ကွင်း ၏ ကြည့်ရှုနိုင်စွမ်း အောက်၌ ခြေအောက်ရှိ လေဟာနယ်မှာ ဧရာမ စစ်တုရင် ခုံကြီး တစ်ခုအလား ဖြစ်နေပြီး ၎င်းအပေါ်တွင် မရေမတွက်နိုင်သော လေးထောင့်ကွက်များ ရှိနေကာ အဝေးသို့ အဆက်မပြတ် ဆန့်ထွက်သွားပြီး အဆုံးအစကိုပင် မမြင်တွေ့ရလောက်အောင် ကျယ်ပြော ခမ်းနားလှပေသည်။

'ဒါက ကိုဩဒိနိတ် နေရာတွေလား...'

သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လေးထောင့်ကွက် အသစ်တစ်ခုဆီသို့ ရောက်ရှိသွားမည် ဖြစ်လေသည်။ သေချာပေါက် အကယ်၍ ခြေလှမ်း သေးငယ်သွားပါက မူလ လေးထောင့်ကွက် ထဲတွင်သာ ဆက်လက် ရှိနေဦးမည် ဖြစ်လေသည်။

'ဟင်... ဒီ လေးထောင့်ကွက် အပေါ်မှာ ဝိညာဉ် သစ်သီး ပုံလေး ရှိနေပါလား... ဒါဆိုရင်တော့...'

ကျိုးဟန်၏ စိတ်ဆန္ဒ အနည်းငယ် လှုပ်ရှားသွားလေသည်။ သူသည် အနီးအနားရှိ လေးထောင့်ကွက် တစ်ခုမှာ အခြား လေးထောင့်ကွက်များနှင့် မတူညီဘဲ ကွဲပြားနေကြောင်း တွေ့ရှိလိုက်ရသဖြင့် ရင်ထဲတွင် ရဲတင်းသော ခန့်မှန်းချက် တစ်ခု ဖြစ်ပေါ်လာကာ ထိုနေရာသို့ တိုက်ရိုက် လျှောက်သွားလိုက်လေသည်။

[တိုက်ပွဲဝင် သတိပေးချက်... သင်သည် ကြယ်ရောင်အဆင့် အရည်အသွေးရှိသော ဝိညာဉ် သစ်သီး ဖြစ်သည့် မီးနဂါး သစ်သီး နှင့် ကြုံတွေ့ရပါသည်... ဤ ဝိညာဉ် သစ်သီး မှာ ရင့်မှည့်နေပြီ ဖြစ်ပါသည်... ကောက်ယူ သိမ်းဆည်းလိုခြင်း ရှိမရှိ ရွေးချယ်ပါ]

'အော် ဒီလိုကိုး... ငါ နားလည်သွားပြီ...'

စနစ်၏ အသိပေးချက်ကို ကြားလိုက်ရချိန်တွင် ဤ ဝိညာဉ် ဖိနှိပ်ရေး မျှော်စင် ၏ အလုပ်လုပ်ပုံကို ကျိုးဟန် ကောင်းစွာ နားလည်သွားခဲ့လေပြီ။

ဤ လေဟာနယ် ကြီးကို မရေမတွက်နိုင်သော ကိုဩဒိနိတ် နေရာများအဖြစ် ခွဲခြားထားပြီး အချို့သော ကိုဩဒိနိတ် နေရာများတွင် ဝိညာဉ် သစ်သီးများ၊ ကြမ်းတမ်းသော ဝိညာဉ်များ၊ မှော်ဆေးလုံးများ အစရှိသည့် လျှို့ဝှက်ချက်များ ရှိနေနိုင်လေသည်။

သင့်အနေဖြင့် သက်ဆိုင်ရာ ကိုဩဒိနိတ် နေရာသို့ ရောက်ရှိသွားပါက ၎င်းနှင့် သက်ဆိုင်သော အဖြစ်အပျက်များကို အသက်ဝင်စေမည် ဖြစ်လေသည်။ ဤအရာများ အားလုံးကို ကိုယ်တိုင် စူးစမ်းရှာဖွေရမည် ဖြစ်ပြီး ကောင်းကင် က ဖန်ဆင်းပေးထားသော သဘာဝ ရတနာများနှင့် ကြုံတွေ့ရမည်လား သို့မဟုတ် ပြိုင်ဘက်ကင်း ကြမ်းတမ်းသော ဝိညာဉ်များနှင့် ကြုံတွေ့ရမည်လား ဆိုသည်မှာ ကံတရား အပေါ်တွင်သာ အပြည့်အဝ မူတည်နေလေသည်။

ထို့နောက် ကျိုးဟန်သည် အဆင့်မြှင့်တင် ထားသော သွေးသတ်ဖြတ်မှု မြင်ကွင်း ကိုးကြိမ်မြှင့် ကို အသုံးပြု၍ ခိုးကြောင်ခိုးဝှက် ကြည့်ရှုနိုင်လေသည်။ ထိုသို့မဟုတ်ပါက သူသည်လည်း အခြားသူများ ကဲ့သို့ပင် ဆင်းရဲဒုက္ခခံကာ အслеစမ်း ရှာဖွေနေရမည် ဖြစ်ပြီး အလွန် အလုပ်ရှုပ်မည် ဖြစ်လေသည်။

သို့သော် သွေးသတ်ဖြတ်မှု မြင်ကွင်း ကိုးကြိမ်မြှင့် မှာလည်း အရာအားလုံးကို မလုပ်ဆောင်နိုင်ပေ။ မိမိ၏ ပတ်ဝန်းကျင်ရှိ လေးထောင့်ကွက် ဆယ်ကွက်စာ ဧရိယာကိုသာ ကြည့်ရှုနိုင်စွမ်း ရှိပြီး ကန့်သတ်ချက် အချို့ ရှိနေသေးလေသည်။

သို့သော်လည်း ကြည့်ရှုနိုင်ခြင်းက လုံးဝ မမြင်ရခြင်းထက်မူ များစွာ ပိုမို ကောင်းမွန်လှပေသည်။

'ကြည့်ရတာ... ဒီ ကျွမ်းကျင်မှုစွမ်းရည် ရဲ့ အရည်အသွေး ကို နည်းလမ်းရှာပြီး အဆင့်မြှင့်တင်မှ ရတော့မယ်...'

မည်သို့ပင်ဆိုစေ ဘုရင်အဆင့် အရည်အသွေး မှာ အနည်းငယ် အားနည်းနေသေးလေသည်။ အကယ်၍ မျက်လုံး စွမ်းရည်များ၏ အရည်အသွေး သည် ဧကရာဇ်အဆင့် သို့မဟုတ် နတ်ဘုရားအဆင့် သို့ ရောက်ရှိသွားပြီး မွေးရာပါ စွမ်းရည် ဖြစ်သော အဆုံးမဲ့ အဆင့်မြှင့်တင်ခြင်း ဖြင့်ပါ ပေါင်းစပ်လိုက်မည် ဆိုပါက မြင်တွေ့နိုင်သော ဧရိယာမှာ သေချာပေါက် ပိုမို ကျယ်ပြန့်လာမည် ဖြစ်လေသည်။

ယခု မြင်ကွင်း ဧရိယာမှာ အနည်းငယ် ကျဉ်းမြောင်းနေသဖြင့် ကျိုးဟန် အနေဖြင့် တစ်ကွက်ချင်းစီ လိုက်လံ စကင်ဖတ် နေရမည် ဆိုပါက စွမ်းအင် ကုန်ခမ်းမှုများကို မဆိုထားနှင့် ဤမျှ ကျယ်ပြောလှသော လေဟာနယ် ကြီးထဲတွင် အလွန် အချိန်ကုန် လူပန်း ဖြစ်စေကာ မျက်လုံးများပင် ကန်းသွားနိုင်လေသည်။

အတွေးများ မလွန်ကျူးတော့ဘဲ ကျိုးဟန်သည် မီးနဂါး သစ်သီး ကို ကောက်ယူ သိမ်းဆည်းလိုက်လေသည်။ ၎င်းကို ကောင်းကင် မီးလျှံ နဂါး သိန်းငှက် ကို ကျွေးမွေးနိုင်ပြီး ဘုရင်အဆင့် အရည်အသွေး သို့ အဆင့်တက်လှမ်းရန် မျှော်လင့်ချက် ရှိလာပြီ ဖြစ်လေသည်။

"အစ်ကိုကြီး ကတော့ အစွမ်းထက်တာပဲ... ငါတို့တွေ ဘာမှန်း မသိဖြစ်နေတဲ့ အချိန်မှာ သူက ဝိညာဉ် သစ်သီး တစ်လုံးတောင် ရသွားပြီ..."

အဖွဲ့၏ တိုက်ပွဲဝင် သတင်းအချက်အလက် မျက်နှာပြင် ပေါ်တွင် ဤအချက်အလက်များကို ချက်ချင်း မြင်တွေ့လိုက်ရသဖြင့် ရန်တင်းထျန်းက အံ့သြတကြီး ပြောလိုက်လေသည်။

"အစ်ကိုကြီး... ဘာတွေ ဖြစ်နေတာလဲ..."

"ဟုတ်ပါ့... ဒီလို နေရာမျိုးမှာ ငါ လှုပ်တောင် မလှုပ်ရဲဘူး... ကျောချမ်းစရာ ကြီး..."

လူတိုင်း၏ မေးမြန်းမှုများကို ကြားလိုက်ရသဖြင့် ကျိုးဟန်သည် ပြုံးကာ သူ ရှာဖွေတွေ့ရှိထားသော အချက်အလက်များကို ပြောပြလိုက်လေသည်။

လူတိုင်း ကြားပြီးနောက် အလွန်အမင်း အံ့အားသင့်သွားကြလေသည်။

"ဒီလို သေးငယ်တဲ့ လေးထောင့်ကွက် လေးတွေထဲမှာ ဒီလောက် လျှို့ဝှက်ချက်တွေ အများကြီး ရှိနေလိမ့်မယ်လို့ မထင်ထားဘူး... နှမြောစရာက ငါတို့ဆီမှာ အဲဒီလောက် အစွမ်းထက်တဲ့ စွမ်းရည် မရှိတော့ သေချာ မမြင်ရဘူး..."

"ထိပ်တန်း အမြင့်ဆုံးအဆင့် သိုင်းပညာရှင်တွေက တကယ်ကို လက်စွမ်း ထက်မြက်တာပဲ... ဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့ လေဟာနယ် မျိုးကိုတောင် ဖန်တီးနိုင်တယ်ဆိုတော့လေ…”

All Chapters