← Chapters

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း (၂၄၂) မင်းကို ကယ်တင်ဖို့ ငါလာခဲ့တာ

စစ်မြေပြင်တွင် အင်အားကြီးမားသူများ၏ အငွေ့အသက်များ ပေါက်ကွဲထွက်လာခဲ့ပေသည်။

ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူများနှင့် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူများသည် ချန်ဖုန်းနှင့် သူ၏အဖွဲ့အား တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လာကြလေ၏။

စစ်ပွဲကြီး စတင်ပြီဖြစ်သည်။

ချန်ဖုန်း၏ ဓားမှ အလင်းရောင်တစ်ချက် လက်သွားသည်နှင့် တစ်ပြိုင်နက် အားကောင်းသော စွမ်းအားတစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာပြီး ရှေ့သို့ ပြေးဝင်လာသော ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ သုံးဦးကို ရပ်တန့်သွားစေခဲ့ပေ၏။

ထို့နောက် ချက်ချင်းပင် အသတ်ခံလိုက်ရလေသည်။

ချန်ဖုန်း၏ ခန္ဓာကိုယ်မှာ တစ်ခဏမျှ ရပ်တန့်မသွားဘဲ သူ၏ အငွေ့အသက်များ ထပ်မံမြင့်တက်လာခဲ့၏။

ဓားချက်တစ်ချက်တည်းဖြင့် သူက ရှေ့သို့ ပြေးဝင်လာသော ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပေသည်။

သူ့ လှုပ်ရှားသည်က အရမ်း မြန်ဆန်လွန်းလှ၏။

ရန်သူ့တပ်ဖွဲ့သည် ချန်ဖုန်းအား ဝိုင်းဝန်းသတ်ဖြတ်ရန် ကြိုးစားခဲ့ကြသော်လည်း သူ၏ အမြန်နှုန်းကို လုံးဝ မီအောင် မလိုက်နိုင်ခဲ့ကြချေ။

အခြားသူများ၏ မျက်နှာအမူအရာများမှာ ပြင်းထန်စွာ ပြောင်းလဲသွားကြပေသည်။

သို့သော် ယခုအခါ ၎င်းတို့တွင် နောက်ဆုတ်ရန် လမ်းမရှိတော့သလို ထိုသို့လုပ်ရန်လည်း မတတ်နိုင်တော့ချေ။ ၎င်းတို့မှာ အလွန်အမင်း ထိတ်လန့်နေခဲ့သော်လည်း သွားစွယ်ကိုက်ကာ ဤအဇူရာနန်းတော်၏ သခင်လေးကို ဝိုင်းဝန်းသတ်ဖြတ်ရန်သာ တတ်နိုင်ကြလေ၏။

"သတ်..."

ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။

ချန်ဖုန်းသည် နတ်ဘုရား သို့မဟုတ် မိစ္ဆာတစ်ပါးအလား ဆင်းသက်လာခဲ့ပေသည်။

သူ လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် ရန်သူတစ်ဦး မြေပြင်ပေါ်သို့ လဲကျသွားလေ၏။ အချို့မှာ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူများဖြစ်ပြီး အချို့သူများမှာ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ရူးသွပ်သော သတ်ဖြတ်မှုများက လူတိုင်း၏ မျက်စိရှေ့တွင် မြင်ကွင်းတစ်ခု ဖြစ်နေပေသည်။

ချန်ဖုန်း၏ အနောက်ဘက်၌ မျက်နှာတစ်ထောင် မြေခွေးက အဇူရာနန်းတော်ကို ဦးဆောင်ကာ သွေးဆာနေသော တိုက်ပွဲတစ်ခု ဆင်နွှဲနေခဲ့၏။

၎င်းတို့သည် ဒဏ်ရာများကို ဂရုမစိုက်ကြတော့ဘဲ အပြန်အလှန် သေဆုံးရမည်ဆိုလျှင်တောင် ၎င်းတို့ရှေ့ရှိ ရန်သူကို သတ်ဖြတ်ရန် ဆုံးဖြတ်ထားကြလေသည်။

ယန်ရီက မရပ်မနား ဟိန်းဟောက်နေခဲ့ပေ၏။

ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ အများစုမှာ ချန်ဖုန်း၏ ဆွဲဆောင်ခြင်းကို ခံခဲ့ရပြီး သူက အခြေခံအားဖြင့် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူများကိုသာ ရင်ဆိုင်နေရခြင်း ဖြစ်သည်။ သူလည်း အပြင်းအထန် ဒဏ်ရာရရှိထား၏။

သို့သော် ဤလူများကို သတ်ဖြတ်ရန်မှာ ပြဿနာမဖြစ်သင့်ချေ။

၎င်းတို့၏ သွေးများ ပွက်ပွက်ဆူနေပြီး ၎င်းတို့၏ တိုက်ခိုက်လိုစိတ်က ပိုမိုအားကောင်းလာခဲ့ပေသည်။

လူတစ်ဒါဇင်ကျော်သာရှိသော အဖွဲ့လေးတစ်ဖွဲ့က လူထောင်ပေါင်းများစွာရှိသော တပ်ကြီးကိုပင် ခုခံနိုင်စွမ်းရှိနေပုံရပေ၏။

မိုးက ပိုမိုသည်းထန်လာခဲ့သည်။

ချန်ဖုန်း၏ ခြေလှမ်းများမှာ လုံးဝ ထိခိုက်မှု မရှိခဲ့ချေ။ သူသည် နယ်စပ်ဆီသို့ ဦးတည်သွားခဲ့ပြီး ထိုနေရာတွင် အဇူရာနန်းတော်မှ ထောင်ပေါင်းများစွာသော လူများက တိုက်ပွဲဝင်နေကာ ပြန်လည်စုစည်းရန် ပြင်ဆင်နေကြလေ၏။

ဤကာကွယ်ရေးမျဉ်း သုံးခုကို ချိုးဖျက်ပြီးသည်နှင့် တစ်ပြိုင်နက် အဇူရာနန်းတော်မှ လူငါးထောင် စုဝေးနိုင်မည် ဖြစ်ပေသည်။

"သတ်... သတ်... သတ်..."

အဇူရာနန်းတော် အဖွဲ့ဝင် တစ်ဒါဇင်ကျော်မှာ ရူးသွပ်စွာ တိုက်ခိုက်နေကြပြီ ဖြစ်၏။

၎င်းတို့သည် သေရမည်ကို မကြောက်ကြချေ။

၎င်းတို့ကြောက်တာက အဇူရာနန်းတော် နယ်စပ်ပြင်ပမှာ ပြန်လည်မြင့်မားလာမယ့် နေ့ကို အသက်ရှင်လျက် မမြင်ရမှာကိုပဲ။

၎င်းတို့ချည်းသက်သက် နိုင်ငံဆယ်ခု မဟာမိတ်တပ်၏ တပ်ကြီးကို မတားဆီးနိုင်ကြောင်း ၎င်းတို့ သိရှိထားကြပြီး ယခုအချိန်တွင် ရန်သူများကို တတ်နိုင်သမျှ များများ သတ်ဖြတ်ရန်သာ မျှော်လင့်ထားကြပေသည်။

သခင်လေးနှင့် အဇူရာနန်းတော်အပေါ် ကျရောက်နေသော ဝန်ထုပ်ဝန်ပိုးကို ပေါ့ပါးသွားစေရန်အတွက် ဖြစ်၏။

နယ်စပ်၏ အစွန်အဖျားဆုံး အပိုင်းတွင်။

လဲ့ယန်၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး သူ၏ ဓားကြီးကို ကန့်လန့်ဖြတ် ဝှေ့ယမ်းလိုက်လေသည်။

"ဘုန်း..."

လူတစ်ဒါဇင်ကျော်မှာ ချက်ချင်းပင် အနောက်သို့ လွင့်စင်သွားကြပြီး သွေးအန်ကာ သေဆုံးသွားကြပေ၏။

သူက ဟိန်းဟောက်လိုက်သည်။

"သတ်... သူတို့ကို သတ်... သူတို့ကို သတ်..."

သူ စိုးရိမ်လာနေပြီဖြစ်သည်။

ဤနေရာသည် စစ်မြေပြင်၏ ဗဟိုချက်နှင့် မိုင်အနည်းငယ် ကွာဝေးနေသေး၏။ ဤအတိုင်းဆက်သွားနေပါက သခင်လေးနှင့် အခြားသူများ အန္တရာယ်ရှိနိုင်ပေသည်။

ပိတ်ဆို့မှုများကို တတ်နိုင်သမျှ မြန်မြန် ဖောက်ထွက်ရမည်။

"ကျစ်... အမှိုက်ကောင်တွေ..."

ထိုက်ရှန်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

သူက ရှေ့သို့ ပြေးဝင်လာသော သံချပ်ကာကားတစ်စီးကို လက်တစ်ဖက်တည်းဖြင့် လှန်ပစ်လိုက်လေ၏။

နောက်တစ်ခဏတွင် သူက သံချပ်ကာကားတစ်စီးကို ပခုံးပေါ်တွင် ထမ်းထားလိုက်ပြီး သူ၏ အငွေ့အသက်များက ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။

ထို့နောက် ထိုက်ရှန်းက သံချပ်ကာကားကို လေထဲသို့ တိုက်ရိုက် ပစ်ပေါက်လိုက်၏။

"ဘုန်း..."

ထိုအချိန်တွင် အနိမ့်ပျံသန်းနေသော ရဟတ်ယာဉ်ကို ထိမှန်သွားခဲ့ကာ

နားကွဲမတတ် ဟိန်းဟောက်သံကြီးနှင့်အတူ ပေါက်ကွဲသွားလေ၏။

ကောင်းကင်ထက်ရှိ အခြား ရဟတ်ယာဉ်များမှာ အလွန်အမင်း ထိတ်လန့်သွားကြပြီး ဤမယုံကြည်နိုင်လောက်အောင် အားကောင်းသော ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူက ၎င်းတို့၏ ခေါင်းကို ခွဲပစ်မည်ကို ကြောက်ရွံ့ကာ အလျင်အမြန် အပေါ်သို့ ဆွဲတင်လိုက်ကြပေသည်။

"ကျစ်... သူတို့အကုန်လုံးကို သတ်..."

ဖူထျန်၏ အငွေ့အသက်များလည်း သိသိသာသာ မြင့်တက်လာခဲ့၏။

သူ၏ ခန္ဓာကိုယ်သည် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေပေသည်။

သိပ်သည်းစွာ ချဉ်းကပ်လာနေသော ရန်သူ့တပ်များကို မြင်သောအခါ သူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

"လဲ့ယန်... ဒီလိုတိုက်ခိုက်နေတာက အရမ်းနှေးလွန်းတယ်... ငါ အရင်သွားမယ်... ကျန်တဲ့သူတွေ လိုက်ခဲ့ကြ..."

"ငါ့ကို စောင့်ဦး..."

လဲ့ယန်နှင့် ထိုက်ရှန်း နှစ်ဦးစလုံး ရှေ့သို့ ပြေးထွက်သွားကြလေသည်။

ဘာပဲဖြစ်ဖြစ် ၎င်းတို့က ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြရာ တစ်ယောက်တည်း လှုပ်ရှားပါက ပို၍မြန်ဆန်ပေလိမ့်မည်။

"သတ်..."

ချန်ဖုန်း၏ ခန္ဓာကိုယ်မှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်၏။

၎င်းတို့မှာ သူ၏ ကိုယ်ပိုင်သွေးများရှိသလို ရန်သူများ၏ သွေးများလည်း ရှိပေသည်။

သို့သော် အများစုမှာ ရန်သူ၏ သွေးများပင် ဖြစ်လေ၏။ သူ၏ လက်များသည် မမောမပန်း လှုပ်ရှားနေပြီး ယခုအခါ ပင်မနတ်ဘုရား ဆယ်ပါး၊ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ အယောက်သုံးဆယ်နှင့် မရေမတွက်နိုင်သော ကြယ်ငါးပွင့် စစ်သည်များ သူ့အောက်တွင် လဲကျနေပြီ ဖြစ်သည်။

ရန်သူများမှာ ချန်ဖုန်း၏ သတ်ဖြတ်မှုများကြောင့် ထိတ်လန့်နေကြလေပြီ။

တကယ်တော့ ချန်ဖုန်းက လမ်းရှင်းနေခြင်း ဖြစ်သည်။ အားတက်စရာကောင်းသည်မှာ ၎င်းတို့သည် တစ်ကီလိုမီတာခန့် တိုးတက်လာခဲ့ပြီး ပထမဆုံး ကာကွယ်ရေးမျဉ်းကို ချိုးဖျက်နိုင်လုနီးပါး ဖြစ်နေခြင်းပင်။

နယ်စပ်နှင့် ဆယ့်နှစ်ကီလိုမီတာသာ ကွာဝေးတော့ပေသည်။

ထိုအချိန်၌ နယ်စပ်မျဉ်းဘက်မှ ပုံရိပ်တစ်ခု ပြေးဝင်လာခဲ့၏။ ထိုပုံရိပ်သည် ငွေရောင် အလွိုင်းတိုက်ခိုက်ရေးဝတ်စုံကို ဝတ်ဆင်ထားပေသည်။

ဒါ့အပြင် သူမက ဓားမြှောင်တစ်လက်ကို ကိုင်ဆောင်ထား၏။

ဓားမြှောင်မှာ မယုံကြည်နိုင်လောက်အောင် ထက်မြက်လွန်းလှပြီး ၎င်း၏ တိုက်ခိုက်မှုကို မည်သူမျှ အသက်ရှင်မလွတ်နိုင်သလောက်ပင်။

ရှန်ကွမ်ယွဲ့ ပင် ဖြစ်ပေသည်။

သူမသည် ကောင်းကင်သို့တိုင် ရောက်ရှိမည့်အလား လူသတ်လိုသော အငွေ့အသက်များကို ထုတ်လွှတ်နေပြီး သူမ၏ အရှိန်အဟုန်မှာ ဆက်လက်မြင့်တက်နေခဲ့၏။

ဆီရိုနိုင်ငံမှ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးက သူမရှေ့သို့ ရုတ်တရက် ရောက်လာပြီး အေးစက်သော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်သည်။

"တပ်မှူး ရှန်ကွမ်... နယ်စပ်ကို ခွင့်ပြုချက်မရှိဘဲ ဖြတ်ကျော်တာက ငါတို့နိုင်ငံနှစ်ခုကြား စစ်ပွဲဖြစ်လာမှာကို မင်း မကြောက်ဘူးလား..."

"ထွက်သွားစမ်း..."

ရှန်ကွမ်ယွဲ့၏ မျက်နှာမှာ ရေခဲတမျှ အေးစက်နေခဲ့၏။

"သာမန် ပင်မနတ်ဘုရားတစ်ပါးကများ ငါ့ကို တားဖို့ ကြိုးစားရဲသေးတယ်ပေါ့..."

ထို့နောက် လက်ထဲရှိ ဓားမြှောင်ဖြင့် သူမက ထိုးသွင်းလိုက်လေသည်။

သူမ၏ ခန္ဓာကိုယ်မှ လွှမ်းမိုးနိုင်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာခဲ့၏။

"ရွှီး..."

ထက်မြက်သော ဓားမြှောင်က တစ်ဖက်လူ၏ လည်ပင်းကို ချက်ချင်း ဖောက်ထွင်းသွားလေသည်။

"မင်း..."

ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွား၏။

လွန်ခဲ့သော တစ်ခဏက သူ ရှန်ကွမ်ယွဲ့ကို ရှင်းလင်းစွာ ထိမှန်ခဲ့သော်လည်း အဘယ်ကြောင့် မည်သည့် ထိခိုက်မှုမျှ မရှိခဲ့သနည်း။ သူ့ကို ပို၍ပင် စိတ်ဝင်စားသွားစေသည်မှာ ရှန်ကွမ်ယွဲ့က အစမှအဆုံးတိုင်အောင် မည်သည့် ကာကွယ်မှုမှ မလုပ်ခဲ့ခြင်းပင်။

"မဟုတ်သေးဘူး…မှားနေပြီ..."

"သူမ ဝတ်ဆင်ထားတဲ့ စစ်ဝတ်စုံက တစ်ခုခု ထူးဆန်းနေတယ်..."

ဘာဖြစ်နေသည်ကို သူ သဘောပေါက်သွားချိန်တွင် သူသည် ရှန်ကွမ်ယွဲ့၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေပြီ။

အတားအဆီး ဖယ်ရှားခံလိုက်ရပြီးနောက် ရှန်ကွမ်ယွဲ့သည် တစ္ဆေတစ်ကောင်အလား လွယ်ကူစွာ ရွေ့လျားသွားပြီး ချန်ဖုန်း၏ ဘေးသို့ ချက်ချင်း ရောက်ရှိသွားခဲ့၏။

ချန်ဖုန်းကို မြင်သောအခါ သူမ ရုတ်တရက် ပြုံးကာ ပြောလိုက်၏။

"ဟွန့်..."

"အရင်တစ်ခေါက်က နင် ငါ့အသက်ကို ကယ်ခဲ့တယ်လေ... ဒီတစ်ခါ ငါ့အသက်နဲ့ ပြန်ပေးဆပ်မယ်..."

(အတူတူနေဖူးသွားပီဆိုတော့ နင် / ငါ နဲ့​ပဲပြောပါတော့တယ်)

ဝိုင်းရံမှုထဲသို့ ရှန်ကွမ်ယွဲ့ ပြေးဝင်လာသည်ကို မြင်သောအခါ ချန်ဖုန်းသည်လည်း တစ်ခဏမျှ မှင်တက်သွားခဲ့ပေ၏။

သူ တကယ်ကို မထင်မှတ်ထားခဲ့ချေ။

ရှန်ကွမ်ယွဲ့က ဒီကိုရောက်လာ

လိမ့်မယ်လို့ပေါ့။

သူနှင့် အတူအိပ်ခဲ့ဖူးသော အမျိုးသမီးက သူ့ကို ကယ်တင်ရန်အတွက် လူတစ်သိန်းရှိသော ဝိုင်းရံမှုထဲသို့ သူမ၏ အသက်ကို စတေးကာ ပြေးဝင်လာရန် ဆန္ဒရှိနေခဲ့ပေသည်။

"မင်းက... မင်းက အရူးလား..."

"နင့်ကို ကယ်တင်ဖို့ ငါလာခဲ့တာ..."

ရှန်ကွမ်ယွဲ့က ခေါင်းကို ခိုင်မာစွာ မော့ထားလိုက်၏။

"မင်းက စစ်သေနာပတိလေ..."

ချန်ဖုန်းက ခေါင်းခါလိုက်သည်။

သူမ၏ အမှတ်အသားမှာ အလွန် ထူးခြားလွန်းလှပေ၏။

ဟွာရှစစ်တပ် စစ်ဘက်ဆိုင်ရာဌာန၏ စစ်သေနာပတိ…

"မင်းသာအကယ်၍ တခုခုဖြစ်သွားရင် ​ဘယ်လိုလုပ်မလဲ..."

အကယ်၍ တစ်ခုခု မှားယွင်းသွားပါက နောက်ဆက်တွဲ ရလဒ်များမှာ စိတ်ကူးကြည့်၍ပင် မရနိုင်ချေ။

ရှန်ကွမ်ယွဲ့က ခေါင်းကို မော့ထားဆဲဖြစ်ပြီး ညင်သာစွာ နှာမှုတ်လိုက်၏။

"ငါက စစ်သေနာပတိဖြစ်တော့ ဘာဖြစ်လဲ... ငါ သွားချင်တဲ့နေရာ သွားလို့ရတာပဲ..."

ချန်ဖုန်းမှာ ကူကယ်ရာမဲ့ ဖြစ်သွားရသည်။

ဤအချိန်၌ ရှန်ကွမ်ယွဲ့ ရောက်ရှိလာမှုက စစ်မြေပြင်ရှိ တင်းမာမှုများကို ထပ်မံမြင့်တက်လာစေခဲ့၏။

ချန်ဖုန်း တစ်ယောက်တည်းကပင် နိုင်ငံဆယ်ခု မဟာမိတ်တပ်မှ အင်အားကြီးသူများအတွက် ခေါင်းကိုက်စရာ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ လူများစွာ သေဆုံးသွားသော်လည်း သူက ဒဏ်ရာအနည်းငယ်သာ ရရှိထားပုံရပေ၏။

သူ၏ အနောက်ဘက်ရှိ အဇူရာနန်းတော် အဖွဲ့ဝင်များမှာမူ အပြင်းအထန် ဒဏ်ရာရရှိထားကြသည်။

သို့သော် မည်သူမျှ မသေဆုံးခဲ့ချေ။

ယခု ရှန်ကွမ်ယွဲ့ကဲ့သို့သော အင်အားကြီးမားသူ နောက်တစ်ဦး ရှိနေပြီဖြစ်ရာ လူများပို၍ သေဆုံးကြမည်ကို သူ စိုးရိမ်မိပေသည်။

ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်က ထပ်မံတိုက်ခိုက်လာကြ၏။

"စစ်သေနာပတိ ရှန်ကွမ်... ဟွာရှစစ်ဘက်ဆိုင်ရာဌာနရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ ဒီကိစ္စမှာ ဝင်ပါတာက မသင့်တော်ဘူး မဟုတ်လား... အခုချက်ချင်း မထွက်သွားဘူးဆိုရင် ငါတို့ နိုင်ငံဆယ်ခု မဟာမိတ်တပ်က ဟွာရှနိုင်ငံကို ချက်ချင်း ဝင်တိုက်မယ်..."

"နင်တို့ ရဲလို့လား..."

ရှန်ကွမ်ယွဲ့က ညင်သာစွာ အော်ဟစ်လိုက်သည်။

သူမထံမှ လူသတ်လိုသော အငွေ့အသက်များ ပေါက်ကွဲထွက်လာခဲ့၏။

"ငါက စစ်ဘက်ဆိုင်ရာဌာနရဲ့ စစ်သေနာပတိ မဟုတ်တော့ဘူး... ငါက ရှန်ကွမ်ယွဲ့ ပဲ...နင်တို့က ငါ့အမျိုးသားကို အနိုင်ကျင့်နေတာလေ... ငါက သူ့ကို လာမကယ်နိုင်ဘူးလား..."

"ငါ ရှန်ကွမ်ယွဲ့ ရဲ့ အမျိုးသားက နင်တို့ သဘောရှိ အနိုင်ကျင့်လို့ရတဲ့သူ မဟုတ်ဘူး..."

ဤစကားများကို ပြောဆိုလိုက်ချိန်တွင် ပွဲကြည့်ပရိသတ် တစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့၏။

All Chapters