← Chapters

အခန်း ၂၄၇

Vol. 25 Ch. 247

အခန်း ၂၄၇

Vol. 25 Ch. 247

အခန်း (၂၄၇) ချန်ဖုန်းနှင့် ဟော့ဝူ

စစ်ပွဲကြီး။

ဤစစ်ပွဲက ပြင်ပအင်အားစုများအားလုံးကြားတွင် အဇူရာနန်းတော်နှင့် ပတ်သက်သည့် အမြင်ကို ပြန်လည်သတ်မှတ်ပေးလိုက်ပြီ ဖြစ်၏။

အတိတ်က အဇူရာနန်းတော်သည် အမှန်တကယ်ပင် အလွန်အစွမ်းထက်ခဲ့ပြီး ၎င်း၏ နာမည်က လူများ၏ နှလုံးသားထဲသို့ အကြောက်တရားများ ရိုက်သွင်းနိုင်ခဲ့ပေသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က အဇူရာနန်းတော်သခင် ပိုင်ရိဟန် ဒဏ်ရာရသွားပြီးနောက်ပိုင်း အဇူရာနန်းတော်သည် နယ်စပ်ပြင်ပ စစ်မြေပြင်မှ ဆုတ်ခွာသွားခဲ့လေ၏။

ထိုအချိန်မှစ၍။

အဇူရာနန်းတော်၏ ဂုဏ်သတင်း ကျန်ရှိနေသေးသော်လည်း အစပိုင်းကလောက် မကြီးမားတော့ချေ။

သို့သော် ယနေ့စစ်ပွဲက သူတို့ကို ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိသွားစေခဲ့ပြီ။

အဇူရာနန်းတော်ကို ရင်ဆိုင်လိုသော နယ်စပ်ပြင်ပမှ အင်အားစုများနှင့် နိုင်ငံများသည် အဇူရာနန်းတော်၏ ဒေါသကို ခံနိုင်ရည်ရှိမရှိ သေချာစွာ ပြန်လည်စဉ်းစားရတော့မည် ဖြစ်ပေ၏။

ဤစစ်ပွဲသည် နိုင်ငံအသီးသီးတွင် အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့လေသည်။

နိုင်ငံဆယ်ခု မဟာမိတ်တပ်သည် စုစုပေါင်း တပ်မှူး ခြောက်ဦး၊ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ လေးဆယ်ကျော်နှင့် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ရာကျော် ဆုံးရှုံးခဲ့ရပေသည်။

ကြယ်လေးပွင့်နှင့် ကြယ်ငါးပွင့်အဆင့် စစ်သည်များမှာမူ မရေမတွက်နိုင်အောင်ပင်။

၎င်းက ထိုနိုင်ငံများကို ပြင်းထန်စွာ ထိခိုက်သွားစေရန် လုံလောက်နေပေ၏။

ချန်ဖုန်းနှင့် အခြားသူများ စစ်စခန်းသို့ ပြန်ရောက်ပြီးနောက် ၎င်းတို့၏ ဒဏ်ရာများကို အကြမ်းဖျင်း ကုသလိုက်ကြသည်။

အဇူရာနန်းတော်မှ အခြားအဖွဲ့ဝင်များလည်း ထွက်ခွာသွားကြပြီး ပင်မနတ်ဘုရားဆယ်ပါး သာ စခန်းအပြင်ဘက်တွင် ကျန်ရစ်ခဲ့လေ၏။

ဘာပဲဖြစ်ဖြစ် ၎င်းတို့၏ အမှတ်အသားများက အလွန် ထူးခြားလွန်းလှသဖြင့် ဟွာရှနိုင်ငံနှင့် အလွန်အကျွံ ပတ်သက်နေရန် မသင့်တော်သောကြောင့် ဖြစ်ပေသည်။

ချန်ဖုန်းက သူ၏ဘေးရှိ ရှန်ကွမ်ယွဲ့အား တစ်ချက်ကြည့်ကာ သက်ပြင်းချလျက် ပြောဆိုလိုက်၏။ "မင်းက စစ်ဘက်ဆိုင်ရာဌာနရဲ့ စစ်သေနာပတိလေ မင်းဒီကိစ္စမှာ မပါဝင်သင့်ဘူး အဇူရာနန်းတော်က ပြင်ပအင်အားစုတစ်ခုပဲ"

အဇူရာနန်းတော်က အဖွဲ့အစည်းများစွာကို စော်ကားထားခဲ့ပြီး ဟွာရှနိုင်ငံနှင့် ဆက်ဆံရေး ပေါ်ပေါက်သွားသည်နှင့် တစ်ပြိုင်နက်...

ထိုအင်အားစုများက ဟွာရှနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာဌာနကို ပစ်မှတ်ထားလာကြပေလိမ့်မည်။

"ရှင် အပိုတွေ ပြောမနေနဲ့"

ရှန်ကွမ်ယွဲ့က ခေါင်းကို လွှဲဖယ်သွားကာ ဆက်မပြောတော့ချေ။

စစ်ဘက်ဆိုင်ရာဌာန၏ စစ်သေနာပတိ တစ်ယောက်အနေဖြင့် သူမကို လူတိုင်းက အထက်စီးဆန်သူအဖြစ် မြင်ကြပေ၏။

တစ်ချိန်တည်းမှာပင် သူမက အလွန် ခေါင်းမာလွန်းလှသည်။ သူမ ဆုံးဖြတ်ချက်ချပြီးသည်နှင့် တစ်ပြိုင်နက် မည်သူကမျှ ပြောင်းလဲ၍မရနိုင်ချေ။

ချန်ဖုန်းက ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။ သူက ဘေးရှိ ဟော့ဝူကို လက်ညှိုးထိုးကာ ပြောဆိုလိုက်၏။ "ငါ့အတွက် အခန်းတစ်ခန်း ပြင်ပေးပါ ငါ သူမနဲ့ ဆွေးနွေးစရာလေး ရှိလို့"

"ငါ နားထောင်လို့ရမလား"

ရှန်ကွမ်ယွဲ့က မသိစိတ်မှပင် လွှတ်ခနဲ ပြောဆိုလိုက်သည်။

သူမ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ချက်ချင်း နောင်တရသွားခဲ့၏။

‘ငါ ဘာဖြစ်နေတာလဲ’

ဤကာလအတွင်း သူမ၏ အပြုအမူများက ထူးဆန်းနေသည်ဟု သူမကိုယ်တိုင်ပင် ခံစားနေရပေသည်။

အတိတ်ကဆိုလျှင်...

တစ်စုံတစ်ယောက်က သူမနှင့် အတူအိပ်ရန် ရဲဝံ့ပါက ကမ္ဘာမြေအဆုံးတိုင်အောင် လိုက်လံသတ်ဖြတ်မည့်သူမျိုး ဖြစ်လေ၏။

အခုကျတော့ သူမက ချန်ဖုန်းကို မမုန်းတဲ့အပြင် သူ့ရဲ့ ဘေးကင်းမှုအတွက်တောင် စိုးရိမ်နေမိပြီး သူ့ဘဝရဲ့ အသေးစိတ်အချက်အလက်တိုင်းကိုပါ သိချင်နေတယ်။

အထူးသဖြင့် ဤဆွဲဆောင်မှုရှိသော အမျိုးသမီးနှင့် ချန်ဖုန်း နှစ်ယောက်တည်း ရှိနေတော့မည်ကို မြင်သောအခါ သူမ အနည်းငယ် သဝန်တိုမိသွားခဲ့ပေသည်။

ရှောင်လန်က ရှန်ကွမ်ယွဲ့၏ နားနားသို့ ကပ်ကာ တီးတိုးပြောဆိုလိုက်၏။ "အစ်မရှောင်ယွဲ့ အစ်မ ချစ်ကြိုက်နေပြီလား သူ့ရဲ့ ကလေးတွေကို မွေးချင်နေတာလား"

"..."

ရှန်ကွမ်ယွဲ့က သူမကို စူးရှစွာ တစ်ချက်ကြည့်လိုက်သည်။

ဟော့ဝူက ညင်သာစွာ ပြောဆိုလိုက်၏။ "သခင်မလေးရှန်ကွမ် ဝင်လာခဲ့ပါ အပြင်က အကြီးအကဲသုံးဦးလည်း ဝင်လာခဲ့ကြပါ ဒီကိစ္စက သခင်မလေးရှန်ကွမ်နဲ့လည်း သက်ဆိုင်ပါတယ်"

"ဟင်"

ရှန်ကွမ်ယွဲ့ ရုတ်တရက် မှင်တက်သွားခဲ့ပေသည်။

‘ဘာတွေဖြစ်နေတာလဲ

ဘာတွေများ ဖြစ်ခဲ့လို့ ငါ့ဘဝနဲ့ပါ သက်ဆိုင်လာရတာလဲ’ ဟု သူမ တွေးလိုက်၏။

သူမ တစ်ယောက်တည်း မဟုတ်ချေ။

ချန်ဖုန်းပင်လျှင် အနည်းငယ် အံ့အားသင့်သွားခဲ့ရ၏။

သို့သော် သူ ခေါင်းညိတ်လိုက်ပြီး တံခါးအပြင်ဘက်ရှိ အဇူရာနန်းတော်၏ အကြီးအကဲများကိုလည်း အထဲသို့ ခေါ်လိုက်လေသည်။

လူအနည်းငယ် အစည်းအဝေးခန်းမတစ်ခုထဲသို့ ဝင်သွားကြသည်ကို မြင်တွေ့လိုက်ရပေ၏။

စစ်သေနာပတိ ကျီဝူ သည် သူ၏ စိတ်လှုပ်ရှားမှုများကို အစွမ်းကုန် ဖိနှိပ်ထားခဲ့သည်။ သူ ဤမျှ ထူးခြားသော လူတစ်ယောက်နှင့် တွေ့ဆုံရလိမ့်မည်ဟု ယနေ့တွင် တကယ်ကို မမျှော်လင့်ထားခဲ့ချေ။

သူက ဂြိုဟ်တုဖုန်းကို တုန်ရီနေသော လက်များဖြင့် ထုတ်ယူလိုက်၏။

ထို့နောက် ဖုန်းနံပါတ်တစ်ခုကို နှိပ်ကာ ခေါ်ဆိုလိုက်သည်။ "ရွှမ်ဝူ မြန်မြန်လုပ် မင်း အခုချက်ချင်း ဒီကိုလာခဲ့ ငါ ဘယ်သူနဲ့ တွေ့ခဲ့လဲဆိုတာ မင်းသိလား မင်း ဘယ်တော့မှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး"

"သူ အသက်ရှင်နေသေးတယ် သူ အသက်ရှင်နေသေးတယ်ကွ"

"စစ်သေနာပတိ ကျီဝူ ခင်ဗျား ရူးနေတာလား အသက်ရှင်နေသေးတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ ငါ အခုလေးတင် ရန်သူ့တပ်တွေကို တွန်းလှန်ပြီးတာလေ အဲဒီကိုရောက်ဖို့ အနည်းဆုံး တစ်နာရီလောက်တော့ ကြာဦးမယ်"

ရွှမ်ဝူက ကျိန်ဆဲလျက် ပြောဆိုလိုက်သည်။

သူနှင့် စစ်သေနာပတိ ကျီဝူတို့သည် တစ်ယောက်ကိုတစ်ယောက် သိကျွမ်းခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးမှာ ဟွာရှနိုင်ငံ၏ စစ်မှုထမ်းဟောင်းများ ဖြစ်ကြပေ၏။

တကယ်တော့ ရွှမ်ဝူသည် အစပိုင်းတွင် နယ်စပ်ပြင်ပ စစ်မြေပြင်၌ တပ်စွဲထားခြင်း မဟုတ်ဘဲ နယ်စပ်ကို စောင့်ကြပ်နေခဲ့ခြင်း ဖြစ်ကာ သူနှင့် စစ်သေနာပတိ ကျီဝူတို့ကြားရှိ ဆက်ဆံရေးမှာ အတော်လေး ကောင်းမွန်ပေသည်။

ထိုအချိန်က ချင်းလုံ၊ ပိုင်ဟူ နှင့် ကျူချွဲ တို့သည်လည်း နယ်စပ်တွင် တပ်စွဲထားခဲ့ကြလေ၏။

စစ်သေနာပတိ ကျီဝူ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေခဲ့သည်။

သူ၏ အသံပင် တုန်ရီလာခဲ့ပေ၏။ "မင်း မေ့သွားပြီလား လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ရန်သူတွေကို တိုက်ခိုက်ဖို့ ငါတို့ကို ဦးဆောင်ခဲ့တဲ့သူလေ သူ့ရဲ့ကလေးက မသေသေးဘူးကွ သူ အသက်ရှင်နေသေးတယ်"

"အခု ငါ့စစ်စခန်းမှာ ရောက်နေတယ်"

"ဘာ"

ဖုန်း၏ အခြားတစ်ဖက်မှ တစ်စုံတစ်ခု မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့်အသံ ထွက်ပေါ်လာခဲ့သည်။

“ဘုတ်…”

နောက်တစ်ခဏတွင်

ရွှမ်ဝူ၏ စိတ်လှုပ်ရှားနေသော အသံ ထွက်ပေါ်လာခဲ့၏။ "သူက... အဲဒီလူရဲ့ ကလေးဆိုတာ သေချာလို့လား စစ်သေနာပတိ ကျီဝူ ဒါက နောက်ပြောင်စရာ ကိစ္စမဟုတ်ဘူးနော်"

"ငါ သေချာတယ်"

စစ်သေနာပတိ ကျီဝူ၏ မျက်လုံးများတွင် မျက်ရည်များ ရစ်သိုင်းနေခဲ့ပြီ ဖြစ်သည်။

"သူက ငါတို့ရဲ့ တပ်မှူး ဟွာရှနိုင်ငံရဲ့ တစ်ဦးတည်းသော စစ်ဘုရင်လေ သူ့ရဲ့ ကလေးကို ငါ ဘယ်လိုလုပ် မှားနိုင်မှာလဲ"

"ဒါ့အပြင် အဲဒီကလေးက လက်ရှိ အဇူရာနန်းတော်ရဲ့ သခင်လေး ဖြစ်နေတာကွ"

"ဘုန်း"

ရွှမ်ဝူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားခဲ့ပေ၏။

စိတ်ခံစားမှုအားလုံး နောက်ဆုံးတွင် ပေါက်ကွဲထွက်လာခဲ့သည်။

ယောက်ျားများ မျက်ရည်မလွယ်ဟု ဆိုကြပေ၏။ သို့သော် သူသည် မျက်ရည်များကို လုံးဝ ထိန်းချုပ်၍ မရနိုင်ခဲ့ချေ။ စိတ်လှုပ်ရှားမှုကြောင့်လော၊ အတိတ်ကို ပြန်လည်သတိရမိသောကြောင့်လော ဆိုသည်ကိုမူ သူကိုယ်တိုင်ပင် မသိခဲ့ပေ။

"ကလေးက အသက်ရှင်နေသေးတယ်"

"အဲဒီမှာ စောင့်နေ ငါ အခုချက်ချင်း လာခဲ့မယ်"

ရွှမ်ဝူသည် သူ လုပ်နေသမျှ အရာအားလုံးကို ချန်ထားခဲ့ပြီး စစ်သေနာပတိ ကျီဝူ ရှိရာသို့ ချက်ချင်း ဦးတည်သွားလေ၏။

ထို့နောက်

စစ်သေနာပတိ ကျီဝူ က ပိုင်ဟူ နှင့် ကျူချွဲ တို့ကို ထပ်မံ ဖုန်းခေါ်ဆိုလိုက်သည်။

ချင်းလုံနှင့် ပတ်သက်၍မူ သူက စစ်ဘက်ဆိုင်ရာဌာနသို့ နောက်ပိုင်းမှ ဝင်ရောက်လာသူဖြစ်ပြီး ယခင်ကိစ္စရပ်များစွာကို မသိရှိခဲ့ချေ။ သို့သော် ခဏတာ စဉ်းစားပြီးနောက် သူ့ကိုပါ လာရန် ဖိတ်ခေါ်လိုက်လေ၏။

…

အစည်းအဝေးခန်းမအတွင်း၌။

ဟော့ဝူသည် ချန်ဖုန်း၏ မျက်နှာကို ကြည့်ရင်း သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ ထိန်းမနိုင်သိမ်းမရ စီးကျလာခဲ့ပေသည်။

"ငါ မင်းကို ဖက်ထားလို့ ရမလား"

"ဟင်"

သူမ မည်မျှ ဝမ်းနည်းနေသည်ကို မြင်သောအခါ ချန်ဖုန်းက ငြင်းဆန်ရန် မတတ်နိုင်ခဲ့ချေ။

ဟော့ဝူသည် ချန်ဖုန်းအား မတုံ့ဆိုင်းဘဲ ဖက်ထားလိုက်ပြီး အသံထွက်ကာ ငိုကြွေးလိုက်ရာ သူ၏ အင်္ကျီရှေ့ပိုင်းပင် စိုရွှဲသွားခဲ့လေ၏။

ဘေးရှိ အကြီးအကဲသုံးဦးကလည်း တစ်စုံတစ်ရာကို ရှင်းလင်းစွာ သိရှိထားပုံရကာ ညင်သာစွာ သက်ပြင်းချလိုက်ကြသည်။

ရှန်ကွမ်ယွဲ့၏ မျက်မှောင်များ အနည်းငယ် တွန့်ကွေးသွားပေ၏။

သူမက တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း ပြန်ပိတ်သွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက်။

ဟော့ဝူသည် ချန်ဖုန်း၏ ကိုယ်ပေါ်မှ ဖယ်ခွာသွားကာ မျက်ရည်များကို သုတ်လိုက်ပြီး ချန်ဖုန်းကို ကြည့်ရင်း ရယ်တစ်ဝက် ငိုတစ်ဝက် ဖြစ်နေခဲ့လေသည်။

သူမ ဘဝတွင် ဤကလေးကို နောက်တစ်ကြိမ် ထပ်မံမြင်တွေ့ရတော့မည် မဟုတ်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။

ပြန်လည်တွေ့ဆုံခွင့် ရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ချေ။

"ကျွန်တော်တို့ရဲ့... ပတ်သက်မှုက ဘာလဲ ကျွန်တော်က ဘယ်သူလဲ"

သူမ၏ အမူအရာကို မြင်သောအခါ ချန်ဖုန်း၏ ရင်ထဲတွင် စိတ်ခံစားမှုများ အနည်းငယ် လှုပ်ရှားသွားခဲ့ပေသည်။

သူ၏ရှေ့ရှိ အမျိုးသမီးက မည်သူဖြစ်ကြောင်း သူ မသိခဲ့ချေ။

သို့သော် သိမ်မွေ့ပြီး မငြိမ်မသက်ဖြစ်စေသော ခံစားချက်တစ်ခု ရှိနေခဲ့၏။ ဒါဟာ သွေးချင်းဆက်နွယ်

နေသမျိုးပဲ။

"ဒီလို မြင်ကွင်းမျိုးကို မြင်လိုက်ရတဲ့အတွက် တောင်းပန်ပါတယ်"

ဟော့ဝူက မျက်ရည်များကို သုတ်ကာ ချန်ဖုန်းကို ကြည့်လျက် ဖြည်းညင်းစွာနှင့် ရှင်းလင်းပြတ်သားစွာ ပြောဆိုလိုက်သည်။

"အဲဒီတုန်းက အဲဒီလင်မယားရဲ့ တံခါးဝကို မင်းကို ပို့ခဲ့တာ ငါပါ"

"တကယ်လို့ ငါက မင်းကို အဝေးပို့မပစ်ခဲ့ဘူးဆိုရင် မင်း အခု အသက်ရှင်နေမှာ မဟုတ်ဘူး"

"တခြားသူတွေလိုပဲ အေးအေးချမ်းချမ်းနဲ့ သာမန်ဘဝလေးမှာ နေသွားနိုင်မယ်လို့ ငါ အစက ထင်ထားခဲ့တာ"

"ဒါပေမဲ့ ဒီလိုဖြစ်လာလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့ဘူး"

"ချန်ဖုန်း ငါက မင်းရဲ့ အဒေါ်ပဲ"

"ဒီကမ္ဘာပေါ်မှာ မင်းရဲ့ တစ်ဦးတည်းသော မိသားစုဝင်ပဲ"

"ဘုန်း"

ချန်ဖုန်း၏ စိတ်ထဲတွင် ပေါက်ကွဲထွက်သွားလေ၏။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းယိုင်သွားခဲ့သည်။

"ကျွန်တော့်ရဲ့ မိဘအရင်းတွေ သေသွားပြီလား"

သူ၏ နောက်ခံကို အမြဲတမ်း ရှာဖွေသိရှိချင်ခဲ့သော်လည်း ဤသို့ ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။

မိဘနှစ်ပါးစလုံး သေဆုံးသွားခဲ့ပြီ။

"ကလဲ့စားချေဖို့ သတ်ဖြတ်ခံရတာလား"

"ဒါမှမဟုတ် ရောဂါကြောင့်လား"

ရှန်ကွမ်ယွဲ့လည်း တစ်ခဏမျှ အံ့အားသင့်သွားခဲ့ရပေ၏။

သူမစိတ်ထဲတွင်လည်း…

‘ငါ့ရှေ့က ဒီဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးက ချန်ဖုန်းရဲ့ အဒေါ်တဲ့လား

သူ့ရဲ့ မိဘအရင်းတွေ နှစ်ယောက်လုံးကရော သေသွားပြီလား’ ဟု တွေးလိုက်၏။

အခန်းတစ်ခုလုံးတွင် အကြီးအကဲသုံးဦးသာ တည်ငြိမ်နေပြီး မည်သည့် အံ့အားသင့်မှု အရိပ်အယောင်မျှ မပြသခဲ့ကြချေ။

All Chapters