ကယ်တင်ခြင်း
Vol. 148 Ch. 2059
ရှီမာယူယူ ငယ်ရွယ်ခြင်းနန်းတော်သို့ ပြန်ချိန်တွင် ဟိုင်ရှင်းသည် ဟိုင်မြန့်ကို ဒဏ်ရာများ သန့်ရှင်းပေးနေသည်။
ဟိုင်မြန့်၏ခန္ဓာကိုယ်သည် ဒဏ်ရာများဖြင့် ပြည့်နှက်နေရာ ဟိုင်ရှင်း သည် သန့်ရှင်းပေးနေရင်း ငိုမိသည်။ ရှီမာယူယူ ပြန်လာချိန်တွင် ကလေးကဲ့သို့ နီရဲသောမျက်လုံးများဖြင့် ကြည့်လေသည်။ ရှီမာယူယူ သူမကို ဤကဲ့သို့ မမြင်ရ သည်မှာ ကြာပြီဖြစ်သည်။
သူမ လျှောက်သွားပြီး ဟိုင်မြန့်၏အခြေအနေကို စမ်းသပ်လိုက်သည်နှင့် ဟိုင်ရှင်း ဆေးတိုက်ပြီးနှင့်ပြီးသည်ကို သိလိုက်ရသည်။ သူတို့ လုပ်ရမည်မှာ အပေါ်ယံဒဏ်ရာများ သန့်ရှင်းပေးရန်သာဖြစ်သည်။ သို့သော် ရှီယွိသည် ဆေး အကြောင်းမသိကာ ဟိုင်ရှင်း၏ လက်များမှာလည်း တုန်ယင်နေသဖြင့် လုပ်ရန် အားမရှိပေ။ သူမ သက်ပြင်းချပြီး ဟိုင်ရှင်း၏လက်ကိုဆုပ်ကိုင်ကာ သူမဆီမှ ကတ်ကြေးယူလိုက်သည်။
“ငါလုပ်လိုက်မယ် မင်းသွားလိုက်တော့” သူမ အမိန့်ပေးပြီးသည်နှင့် လှည့်ကာ ဟိုင်မြန့်၏အဝတ်များကို ဖြတ်လိုက်သည်။
“ကျွန်မတို့ ရေနွေးလေးသွားပြင်လိုက်ပါမယ်” ရှီယွိသည် ပြန်ဖြေပြီးသည် နှင့် လန်ယွင်နှင့်အတူ ထွက်သွားလေသည်။
ဟိုင်ရှင်း တွေဝေသွားသည်။ သို့သော် နေခဲ့ပြီး ဘေးမှ တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။ ဟိုင်ရှင်းသည် အသာနေနေသဖြင့် ရှီမာယူယူလည်း သူမ ကို စိတ်ထဲမထည့်တော့ပေ။
ဟိုင်မြန့်၏ အဝတ်များကို ညှပ်လိုက်သည်နှင့် ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာ များအားလုံးကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
ဒဏ်ရာများကို သန့်ရှင်းပြီးနောက် ဆေးလိမ်းသည့်အချိန်တွင် တစ်စုံ တစ်ရာထူးဆန်းနေသည်ကို သတိထားမိလိုက်သည်။ သူမ တုံ့ဆိုင်းသွားသည် ကို မြင်သောအခါ ဟိုင်ရှင်းသည် သူမမျက်နှာကိုဖတ်တတ်သဖြင့် အဖြစ်အပျက် ကိုသိလိုက်သည်။
“ဆရာ ဒေါ်လေးက…”
“မဟုတ်ဘူး ဘာမှမဟုတ်ဘူး.. ဒီဒဏ်ရာတွေက နည်းနည်းထူးဆန်း တယ်လို့ ထင်လို့ရယ်” ရှီမာယူယူသည် ဒဏ်ရာနှစ်ခုကို ထောက်ပြသည် “ဒီ ဒဏ်ရာနှစ်ကိုကြည့်လိုက်.. အရာတွေက မှိန်နေပြီ.. ဒါပေမဲ့ သူမကိုယ်သူမ လုပ် ထားတယ်ဆိုတာ ပြောလို့ရတယ်”
“ဒေါ်လေးက သူမကိုယ်သူမ ထိခိုက်အောင်လုပ်တာလား ဘာလို့လဲ”
ရှီမာယူယူသည် ဟိုင်မြန့်၏ သီးသန့်နေရာကို စမ်းသပ်ပြီးနောက် သုံးသပ် ပြီးမှပင် သက်ပြင်းချလိုက်သည်။
“သူမက အပျိုရည်မပျက်သေးဘူး” သူမသည် ဟိုင်ရှင်းကို ပြောလိုက် သည် “သူမကိုယ်သူမ ဒီလိုလုပ်တာက ယောက်ျားတွေရွံပြီး သူမကိုမထိအောင် လို့ပဲ.. ပြီးတော့ ကျင့်ကြံတာကို နှစ်ဆတင်လိုက်တာတောင် သူမရဲ့ စွမ်းအားက သန်မာမလာဘူး.. အဲဒါကြောင့် သူမက…”
သူမသာ ဤသို့မလုပ်လျှင် အပျိုရည်ကို ကာကွယ်ရန်အတွက် မည်သည့် အကြောင်းပြချက်မျှမရှိတော့ပေ။
“ဒေါ်လေး…” ဟိုင်ရှင်းသည် ဟိုင်မြန့်အား ရင်နာစွာကြည့်လိုက်သည်။ သူမသည် ဝမ်းနည်းမိသလို ဝမ်းလည်းသာမိသည်။
သူမသာ သူမ၏သခင်နောက်သို့ မလိုက်ခဲ့မိလျှင် ဒေါ်လေးကဲ့သို့ အဆုံး သတ်မည်ဖြစ်ကာ ဒေါ်လေးကဲ့သို့ သူမကိုယ်သူမ ကာကွယ်မိမည်ဖြစ်သည်။ ထို အကြံမှာ ယာယီမျှသာဖြစ်ကာ သူမတွင် စွမ်းအားရှိလာသည်နှင့် သူမကိုယ်သူမ ရွံရှာအောင်လုပ်သည့်နည်းသည် တခြားသူများ၏ တက်မက်မှုကိုမတားဆီးနိုင် ပေ။
ဤအခိုက်တွင် ဒေါ်လေးသည် သခင်နှင့် တွေ့သည်မှာကံကောင်းသည်။ အနာဂတ်တွင် သူမသည် မည်သည့်ပူပန်မှုမှမရှိဘဲ ကျင့်ကြံနိုင်မည်ဖြစ်ကာ စွမ်းအားတိုးလာမည်ကို ကြောက်ရန်မလိုတော့ပေ။
ရှီယွိသည် ရေနွေးယူပြီးရောက်လာသည်။ ရှီမာယူယူသည် ရေနွေးထဲသို့ ဆေးတချို့ထည့်ကာ ရေထဲသို့ ပုဝါနှစ်ပြီး ဟိုင်မြန့်၏ခန္ဓာကိုယ်အား ဂရုတစိုက် သန့်ရှင်းပေးသည်။
“မင်းသမီးလေး ကျွန်မလုပ်လိုက်ပါမယ်” ရွှီယွိသည် ကိုယ်စားလုပ်ပေး ချင်မိသည်။ ရှီမာယူယူ၏ ရာထူးအဆင့်အတန်းနှင့် ဟိုင်မြန့်ကို လုပ်ကိုင်ပေးနေ သည်မှာ မသင့်တော်လှဟု ထင်မိသည်။
“ဟိုင်မြန့်ရဲ့ ခန္ဓာကိုယ်က ဒဏ်ရာတွေနဲ့ပြည့်နေတာ.. မင်းကလည်း ဒဏ်ရာတွေကို ကိုင်ဖို့ယုံကြည်ချက်မရှိဘူး.. သူမဒဏ်ရာကို ထိမိသွားရင် နာသွားလိမ့်မယ်” သူမ ရွှီယွိကိုလုပ်ခိုင်းပြီးမှ အနာရွတ်များကို သတိလက်လွတ် ကိုင်တွယ်မိနိုင်သည်။ သို့သော် ဟိုင်ရှင်းနှင့် ရွယ်တူမျှသာရှိသော သူမအတွက် စိတ်မကောင်းဖြစ်မိသည်။
ဟိုင်မြန့်ကို သန့်ရှင်းရေးလုပ်ပြီးသည်နှင့် ပတ်တီးများစည်းပေးရာ မံမီ ကဲ့သို့ပင်ဖြစ်နေသည်။ ထိုအချိန်တွင် သူမ မျက်လုံးဖွင့်လာသည်။ သူမသည် ရှေ့တွင်ရှိနေသာလူကို မည်သူမည်ဝါမှန်းမသိသော်လည်း ထိုလူ၏မျက်နှာမှ နူးညံ့မှုနှင့် နွေးထွေးမှုကိုမြင်နေရကာ မျက်ရည်များကျလာသည်။ သူမသည် အားပျော့စွာ ခေါ်လိုက်မိသည် “အမေ…”
ရှီမာယူယူ တန့်သွားပြီးနောက် နောက်ဆုံးပတ်တီးကိုချည်လိုက်သည်။ သူမတွင် သမီးမရှိဟု ပြောလိုက်ချင်သော်လည်း ဟိုင်မြန့်၏ မျက်လုံးများကို မြင်သောအခါ စကားလုံးများကို မျိုသိပ်ပြီး နူးညံ့စွာ နှစ်သိမ့်ပေးလိုက်သည် “စိတ်မပူပါနဲ့ အိပ်လိုက်.. အိပ်ပြီးရင် ကောင်းသွားလိမ့်မယ်”
သူမ၏ အသံမှာ အလွန်နူးညံ့နေ၍လား မဟုတ်လျှင် သူမတည်ရှိမှုသည် တခြားသူများကို စိတ်လုံခြုံစေသည်လားမသိပေ.. သူမ၏ အသံကြားပြီးသည် နှင့် ဟိုင်မြန့်သည် တဖြည်းဖြည်းအိပ်မောကျသွားလေသည်။
ဟိုင်မြန့် အိပ်မက်မက်လေသည်။ သူမသည် မိခင်ဖြစ်သူကို အိပ်မက်မက် ပြန်သည်။ အိပ်မက်မှာ ပြီးခဲ့သည့်တစ်ခေါက်ကထက် ထင်ရှားသည်။ သူမသည် မျိုးနွယ်ဝင်များကို မက်သည်။ အိပ်မက်ထဲတွင် ဝမ်းနည်းမှုသာရှိသော်လည်း သည်တစ်ကြိမ်တွင် အတိတ်တွင် ဘာမှမဖြစ်ခဲ့သကဲ့သို့ လုံခြုံမှုရှိလှသည်။ သူမ တွင် အတွေ့အကြုံမရှိသေးသည့်အချိန်တွင် မျိုးနွယ်ဖျက်ဆီးခံလိုက်ရသည်။ သို့သော် သူမမိခင်၏ မျက်နှာသည် တဖြည်းဖြည်း သူစိမ်းတစ်ယောက်ဖြစ်သွား သည်။ သူမသည် ထိုလူကို မသိပေ။ သို့သော် သူမသည် နူးညံ့ပြီး မျက်လုံး တစ်စုံသည် မိခင်ဖြစ်သူနှင့်တူသည်။ သည်လိုနှင့် သူမသည် မိခင်ဖြစ်သူကို အိပ်မက်မက်သည်လား သူစိမ်းကိုမက်သည်လားကို မသိတော့ပေ။
သူမသည် ထိုလူကို ကြည့်ရန်ကြိုးစားသော်လည်း အမြင်အာရုံများ ဝေဝါး လာခဲ့သည်။ သူမလက်ဆန့်ထုတ်ပြီး ထိုလူကိုဆုပ်ကိုင်ချင်မိသည်။ သို့သော် သူမ၏လက်များမှာ ဖမ်းဆုပ်ခံလိုက်ရသည်။
သူမသည် စိုးရိမ်နေသောအသံကို ကြားလိုက်ရသည်။ တစ်စုံတစ်ယောက် သည် သူမကို ဒေါ်လေးဟုခေါ်နေသည်။ သူမကို ဒေါ်လေးလို့ ဘယ်သူကခေါ် တာလဲ။ သူမ ထင်ယောင်ထင်မှားဖြစ်နေတာပဲ ဖြစ်မယ်။ ထိုအရာများသည် သူမ အိပ်မက်မှ နိုးလာချိန်တွင် ဖြစ်နေခြင်းပင်။
သူမသည် မျက်လုံးများကို တဖြည်းဖြည်းဖွင့်လိုက်ရာ စိုးရိမ်နေသော မျက်လုံးများကို မြင်လိုက်ရလေသည်။
“ဒေါ်လေး မကြောက်နဲ့ ကျွန်မရှိတယ်” ဟိုင်ရှင်းသည် သူမ၏လက်ကို ဆုပ်ကိုင်ပေးရင်း နှစ်သိမ့်ပေးနေသည်။
ဒေါ်လေးဟုတ်လား။ အသံနဲ့ နာမည်က အိပ်မက်ထဲကအသံနဲ့ တူနေ တယ်။
“မင်းက.. ဟိုင်ရှင်းလား” ဟိုင်မြန့်သည် ဟိုင်ရှင်းအား တုံ့ဆိုင်းစွာဖြင့် ကြည့်လေသည်။ ဟိုင်ရှင်းသည် အရွယ်ရောက်လာပြီဖြစ်သော်လည်း နောက်ဆုံးအချိန် သူမကိုမြင်ခဲ့စဉ်က အသွင်အပြင်ကိုမှန်း၍ပြောနိုင်သည်။ သို့သော် နှစ်ပေါင်းများစွာ ကွဲကွာလာပြီးနောက် အသိအမှတ်ပြုရန် ကြောက်နေ ခဲ့သည်။
“ဒေါ်လေး ကျွန်မပါ” ဟိုင်ရှင်းသည် မျက်ရည်များဖြင့် ပြုံးလေသည် “အဆင်ပြေသွားပြီ ဒေါ်လေးနိုးလာတာကောင်းတယ် နိုးလာတာကောင်းတယ်”
“ဒီနေရာက ဘယ်နေရာလဲ ဘာလို့ ဒီကိုရောက်နေတာလဲ” ဟိုင်မြန့်သည် တဖြည်းဖြည်းနှင့် ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးမိလာသည်။ သူမကို ယွိဟောက် ညှဉ်းပန်းခြင်းကိုခဲ့ပုံကို မှတ်မိသည်နှင့် ထထိုင်ကာ ဟိုင်ရှင်း၏လက်ကို ဆုပ်ကိုင်ပြီး ပြောလေသည် “မင်းလည်းအဖမ်းခံရတာလား သူတို့တွေ ဘာလုပ် သေးလဲ”
“ဒေါ်လေး စိတ်မပူပါနဲ့ ဒါကသခင့်ရဲ့နန်းတော်ပါ ယွိဟောက်ရဲ့နေရာ မဟုတ်ဘူး.. ဒေါ်လေးက အဲဒီနေရာကနေထွက်လာပြီ ကျွန်မလည်း အဆင်ပြေ နေတယ်” ဟိုင်ရှင်းသည် သူမ၏လက်ကို တင်းကြပ်စွာဆုပ်ကိုင်ပြီး နှစ်သိမ့်ပေး လေသည်။
“သခင့်ရဲ့နန်းတော်ဟုတ်လား ဟိုင်ရှင်း မင်းက အခုကို…”
“မဟုတ်ဘူး ကျွန်မအဆင်ပြေပါတယ်” ဟိုင်ရှင်း ပြောလိုက်သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ဟိုင်မြန့်သည် သူမကို မယုံပေ။ သူမသာ မပေးဆပ်လိုက်ရင် ဒီလိုမျိုးတောက်ပပြီး လှပတဲ့အဝတ်အစားတွေဝတ်နိုင်ပြီး ဘာလို့ အသက်ရှင်နေနိုင်ဦးမှာလဲ။ “နန်းတော်ဟုတ်လား မင်းလည်း နန်းတော် ကိုအဖမ်းခံခဲ့ရတာလား ဘယ်မင်းသားက ဖမ်းလာတာလဲ”
“ဒေါ်လေး ဒါကမင်းသမီးလေးရဲ့ နန်းတော်ပါ မင်းသားမဟုတ်ဘူး.. ကျွန်မရဲ့ သခင်ကမင်းသမီးလေးပါ မင်းသားမဟုတ်ဘူး” ဟိုင်ရှင်း ဆက်ပြော လေသည် “ဟိုင်ရှီးလည်း ဒီမှာရှိတယ် ကျွန်မတို့အကုန် အဆင်ပြေတယ်”
“တကယ့်မင်းသမီးလား” ဟိုင်မြန့်သည် မယုံနိုင်သေးပေ။
“ဟုတ်ပါတယ် တကယ့်မင်းသမီးပါ.. ဒေါ်လေးက သခင့်ရဲ့လက်ကိုကိုင် ပြီး အမေလို့တောင် ခေါ်လိုက်သေးတယ်” ဟိုင်ရှင်းသည် ပြောရင်းနှင့် ပြုံးလိုက် သည်။
ဟိုင်မြန့်သည် မြင်လိုက်ရသည့် နူးညံ့သည့်မျက်နှာကို ပြန်မြင်ယောင်ပြီး စိတ်ထဲတွင် လစ်ဟာသွားသည်။
အဲဒီအမျိုးသမီးလား။
“ဘာတွေဖြစ်ခဲ့တာလဲ မင်းလေလံဆွဲခံရတာတော့ မှတ်မိတယ် ဘာလို့ ဒီ ရောက်နေတာလဲ”
“စိတ်မလှုပ်ရှားပါနဲ့ ပြောပြမယ်..”
ဟိုင်ရှင်းသည် သူတို့နှင့် ရှီမာယူယူတို့ တွေ့ခဲ့သည့်အကြောင်းပြောပြရာ ရှီမာယူယူသည် သူတို့ကို ကောင်းမွန်စွာဆက်ဆံပေးသည်ဟု ကြားမှပင် ဟိုင်မြန့် စိတ်သက်သာရာရသွားသည်။
သူတို့သည် သူမထက် ကောင်းမွန်သောအခြေအနေတွင် နေခဲ့ရသည်။
“ဒေါ်လေး.. ဒေါ်လေးလည်း ကျွန်မတို့နဲ့အတူနေချင်ရင် ကောင်းကောင်း ကျင့်ကြံပြီးတော့ ကျွန်မတို့မျိုးနွယ်ကို ဖျက်ဆီးခဲ့တဲ့လူတွေကို ဖျက်ဆီးလို့ရ တယ်လို့ သခင်ကပြောတယ်”
***