ကစဉ်ကလျားမြစ်ရေ
Vol. 148 Ch. 2060
ဟိုင်မြန့်သည် လက်တွေ့မဆန်သလို ခံစားရလေသည်။
သူမသည် ညှဉ်းပန်းခံရပြီးနောက် မေ့လဲသွားသည်။ သို့သော် နိုးလာချိန် တွင် သူမ၏ ဘဝပြောင်းလဲသွားလေပြီ။ သူမသည် အနာဂတ်ကိုစိတ်ပူရန်မလို တော့သလို တခြားသူများ အခွင့်အရေးယူလာမည်ကိုလည်း ပူပန်ရန်မလိုတော့ သည့်အပြင် လက်စားချေရန်ကိုပါ စဉ်းစားနိုင်တော့မည်။
သူမသည် ဟိုင်ရှင်းကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများတွင် အမုန်း တရားများပြည့်နေသည်။ သို့သော် မျှော်လင့်ချက်များလည်း ရှိနေ၏။ ပြီးနောက် သူမ မတွေးရဲသည့် တစ်စုံတစ်ရာပါရှိနေသည်။
ဟိုင်ရှင်း၏ မျက်လုံးထဲမှ မျှော်လင့်ချက်သည် သူမဆီကိုပါ ကူးစက်လာ ပြီး အလိုလိုပင် ခေါင်းညိတ်မိသည်။
“ဟိုင်ရှင်း ဒေါ်လေး သတိရပြီလား” ရှီယွိ ဝင်လာရာ သူတို့ စကားပြောနေ သည်ကိုမြင်သောအခါ ပြုံးပြီး ပြောလိုက်သည် “အိမ်ထဲက အသံတွေကြားလိုက် လို့ သူမနိုးနေပြီလို့ မှန်းလိုက်တာ… တော်သေးတယ် စိတ်ပူစရာမလိုတော့ဘူးပဲ”
“ဒေါ်လေး ဒါက အဒေါ်ရှီယွိပါ” ဟိုင်ရှင်းသည် ရှီယွိနှင့် ဟိုင်မြန့်ကို မိတ်ဆက်ပေးသည် “အဒေါ်ရှီယွိက ကျွန်မနဲ့အတူ ဒေါ်လေးကို စောင့်ရှောက် ပေးနေတာလေ”
“ကျေးဇူးတင်ပါတယ် အဒေါ်ရှီယွိ” ဟိုင်မြန့်သည် ရှီယွိအား ထပြီး ကျေးဇူးတင်ချင်သည်။ သို့သော် ရှီယွိမှ တားလေသည်။
“လှဲနေပါ မလှုပ်နဲ့.. နေပြန်ကောင်းဖို့ဆို လှဲနေရမဘ်လို့ မင်းသမီးလေး မှာထားတယ်” ရှီယွိသည် သူမကို ရယ်ပြလေသည်။
သီလရှင်များ အပျိုစင်ဖြစ်ခြင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန်မရှိသော် လည်း သူမသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ဤနည်းလမ်းသုံးခဲ့သည်ကို ရှီယွိလေးစားမိသည်။
ဟိုင်ရှင်း၏ နွမ်းနယ်နေသော မျက်နှာကိုကြည့်ပြီး ရှီယွိ ပြောလိုက်သည် “သူမကို အကြာကြီး ပြုစုလာတာ.. အခု သူမနိုးလာပြီဆိုတော့ မင်းလည်း နား တော့လေ.. ငါ ကြည့်ပေးပါမယ်”
ဟိုင်မြန့် ၇ ရက် ၈ ရက်ကြာအောင် သတိမေ့စဉ်ကတည်းကပင် သူမ၏ စိတ်ကိုပါနှစ်ထားရသဖြင့် အနားမယူခဲ့ရပေ။ ယခု ဟိုင်မြန့်နိုးလာပြီဖြစ်သဖြင့် ပြဿနာတစ်ခုရှင်းသွားရာ သူမ အနားယူနိုင်ပြီဖြစ်သည်။
ဟိုင်ရှင်းသည် ရှီယွိပြောမှပင် ပင်ပန်းလာသည်။ သူမသည် ဟိုင်မြန့်ကို ပြောပြီးထွက်ခဲ့လိုက်သည်။ သို့သော် သူမ၏ အိမ်သို့မပြန်ခင်တွင် ရှီမာယူယူကို သွားရှာလိုက်သည်။
ရှီမာယူယူသည် ကစဥ့်ကလျားမြစ်ရေကို ငေးငိုင်စွာကြည့်နေသည်။ သူမ သည် ဟိုင်ရှင်းဝင်လာသည်ကိုမြင်သောအခါ ပုလင်းချကာ မေးလိုက်သည် “သူမ နိုးလာပြီလား”
“ဒေါ်လေးနိုးပါပြီ.. သူမကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်သခင်” ဟိုင်ရှင်းသည် ကျေးဇူးတင်စွာဖြင့် ပြောလေသည်။
“ကယ်ပေးလို့ ကျေးဇူးတင်မယ်ဆိုရင် အများကြီးပဲ.. နောက်မှ ဖြည်းဖြည်းချင်း ပြန်ဆပ်ပေါ့” ရှီမာယူယူ ပြောလိုက်သည်။
“သခင့်ကို ပြန်ဆပ်ဖို့အတွက် သေချာပေါက် အကောင်းဆုံးကြိုးစားမှာပါ” ဟိုင်ရှင်းသည် ရှီမာယူယူကို ပြောရင်းနှင့် သူမကိုယ်သူမလည်းပြောလိုက်သည်။
“အင်း သွားနားတော့လေ” သူမ မည်မျှပင်ပန်းနေသည်ကို မြင်နေရသဖြင့် ရှီမာယူယူသည် ဆွဲမထားတော့ပေ။
ဟိုင်ရှင်းသည် ပြန်သွားသည်နှင့် လန်ယွင်သည် ဒိကျဲ့ကိုခေါ်ပြီးဝင်လာ သည်။
“ဒါက မင်းပြောတဲ့ ကစဥ့်ကလျားမြစ်ရေလား” ဒိကျဲ့သည် လျှောက်လာ ပြီး သူမလက်ထဲမှ ပုလင်းကိုကြည့်ပြီးမေးလေသည်။
“ဟုတ်တယ်” ရှီမာယူယူသည် သူ့ကိုပုလင်းပေးရာ သူယူပြီး အာရုံခံကြည့် လေသည်။
“ဒီမှာရှိနေတဲ့ ထူးခြားတဲ့စွမ်းအင်ကို ခံစားလို့ရတယ် ဒါပေမဲ့ ဒါက အဘိုး အတွက်အသုံးဝင်လို့လား”
မည်သို့ပင်ဖြစ်စေကာမူ ကစဥ့်ကလျားမြစ်ရေသည် ကောင်းကင်ဘုံနှင့် ယှဉ်မရပေ။
ရှီမာယူယူသည်လည်း ယုံကြည်ချက်မရှိလှပေ “အသုံးဝင်လားတော့ မသိ ဘူး.. အဘိုး တံခါးပိတ်ကျင့်ကြံကတည်းက မမြင်ရသေးတော့ အခု ဘယ်လိုနေ လဲမသိဘူး.. ဘာမှမရှိတာထက်စာရင် ဖြေရှင်းချက်ရှိတာကောင်းတယ်လို့ပဲ ပြောနိုင်တယ်”
“အဲလိုပဲမျှော်လင့်ရတာပဲ” ဒိကျဲ့ ဆက်ပြောလေသည် “နယ်နိမိတ်ဘက် မှာ ရှင်းရမယ့်ကိစ္စလေးတွေရှိသေးတယ် အမြန်သွားရမယ်.. အင်ပါယာမြို့တော် ထဲလျှောက်သွားမနေနဲ့”
“ဝိညာဉ်နယ်မြေကဘာဖြစ်လို့လဲ”
“ရွှီယွိဘက်မှာ တစ်ခုခုဖြစ်နေတာ... သူ့လူတွေက သဲလွန်စမရှိပျောက်နေ တယ်.. ရှောင်ဟော်များ သဲလွန်စပေးနိုင်မလားလို့ သွားကြည့်လိုက်ဦးမယ် သူလည်း ငါ့ကိုပြဿနာမရှာနိုင်ပါဘူး” ဒိကျဲ့သည် သူမကို ဖုံးကွယ်ထားရန် အစီအစဉ်မရှိပေ။
“ရွှီယွိဟုတ်လား” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။
“မင်း အမူအရာကိုကြည့်ရတာတော့ သိနေတာများရှိနေတာလား” ဒိကျဲ့ မေးလိုက်သည်။
“တြိဂံဒေသမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မိုယွိပြောပြီးလောက်ပြီ”
“ဆေးဖက်ဝင်ပစ္စည်းအကြောင်းပြောတာလား.. အဲဒါက ရွှီယွိဖြစ်တာနဲ့ ပတ်သက်နေမယ်လို့ ထင်တာလား”
“ပတ်သက်မှုရှိလားဆိုတာတော့ မသေချာဘူး.. ဒါပေမဲ့ အဲဒါဖြစ်ရင် သုံးလို့ရတယ်” ရှီမာယူယူ ပြုံးပြီးပြောလေသည် “အိုး အဲဒါမဖြစ်ရင်လည်း သုံး လို့ရပါတယ်”
ဒိကျဲ့ ရယ်မောလိုက်သည်။ အဲလောက်ကောင်းတဲ့အရာကို ဘာလို့ မသုံး ကြည့်ဘဲနေခဲ့တာလဲ။ ဒီကောင်မလေးပဲ အဲလိုမျိုး မရိုးသားတဲ့အကြံတွေပဲ ကြံ တတ်တာလေ။
နှင်းဖြူစင်ကြာပွင့်ကိစ္စသည် မပြန့်သေးသဖြင့် သူ့ကိုပြဿနာသွားရှာသူ များသည် တြိဂံဒေသမှ လူအိုကြီးများပင်ဖြစ်လိမ့်မည်။ ရှောင်ဟော်၏ အကာ အကွယ်နှင့် ထိုလူများသည် မည်သည့်အကျိုးအမြတ်မှမရခဲ့ပေ။
စည်းကမ်းမဲ့နယ်မြေသည် တြိဂံဒေသတွင်သာရှိသဖြင့် တြိဂံဒေသ အဖွဲ့ဝင်များသည် သူတို့၏နယ်မြေတွင်သာ အုပ်စိုးနိုင်ကြသည်။ အပြင်သို့ထွက် လာချိန်တွင် သူတို့၏ အဆင့်အတန်းမှာမမြင့်တော့ပေ။
ဝိညာဉ်နယ်မြေ၏စစ်သူကြီးဖြစ်သော ရှောင်ဟော်သည် သူ၏ လက်အောက်တွင် အထက်တန်းလွှာများစွာရှိသောကြောင့် လူတစ်ယောက်ကို ကာကွယ်ရန်မှာ ပြဿနာမဖြစ်နိုင်ပေ။
သို့သော် တိုက်ကြီးမှလူအိုကြီးများအားလုံး သွားလိုက်လျှင်တောင် ရွှီယွိ ကို ကာကွယ်နိုင်မည်လားကို မည်သူမှမသေချာပေ။
ထိုအကြောင်းကိုတွေးမိလျှင် ကျနေသောစိတ်ဓာတ်များ ပြန်မြင့်လာကာ ထိုင်မနေနိုင်တော့ပေ။ သူ မတ်တတ်ရပ်ပြီး ပြောလိုက်သည် “ငါ ပြန်လိုက်ဦး မယ် သူတို့နဲ့ အသေးစိတ်ဆွေးနွေးပြီး အမြန်သွားရမယ်.. တစ်ခုခုဆို ငါ့ကို ဆက်သွယ်လိုက်”
“ဟုတ်ပါပြီ” ရှီမာယူယူ ပြောလိုက်သည် “ဒါတွေယူသွားလိုက်”
သူမသည် မှော်ဝင်လက်စွပ်ကို ဒိကျဲ့အားပေးလိုက်သည်။
“ဒါကဘာလဲ” ဒိကျဲ့သည် ယူပြီးနောက် မေးလေသည်။
“ဆေးတချို့ပါ ဝိညာဉ်ကို ပြန်နလန်ထူတဲ့နေရာမှာ အထောက်အကူဖြစ် တဲ့ ဝိညာဉ်ဆေးပဲ” ရှီမာယူယူ ဆက်ပြောလေသည် “ဝိညာဉ်နယ်မြေက အဖွဲ့ ဝင်တွေက ဝိညာဉ်တွေကို ကိုင်တွယ်တဲ့နေရာမှာ တော်ကြတယ်.. ဒါတွေက ဝိညာဉ်တွေအတွက်ကောင်းတယ်.. ဆေးအဆင့်တွေကို အမှတ်အသားလုပ် ထားတယ်.. ထိပ်တန်းအဆင့် နည်းနည်းလည်းပါတယ် ပေးမပစ်နဲ့ဦး”
သူမသည် ဝိညာဉ်များကို အထောက်အကူဖြစ်စေမည့် ဆေးတချို့ သန့်စင်ထားခဲ့သည်။ သူမသည် သူ့ကို ဝိညာဉ်အရည်နှင့် အကြီးအကဲဖြူပေး ထားသည့် အဆီအနှစ်တချို့ကိုပါ ပေးလိုက်သည်။ သူမတွင် ဝိညာဉ်အရည်များ လုံလောက်စွာရှိသဖြင့် ပိုပေးသည်။ သို့သော် အကြီးအကဲဖြူ၏ အဆီအနှစ်မှာ တော့ ဒိကျဲ့၏အသက်ကိုကယ်ရန်ဖြစ်သည်။
အကြီးအကဲဖြူအကြောင်း ပြန်ပြောသည်ကို ဒိကျဲ့ကြားသောအခါ သူမ တွင် ဝိညာဉ်သစ်ပင်အဆီအနှစ်ရှိနေခြင်းကို သူအံ့အားသင့်မိသည်။ သို့သော် သူသည် လိမ္မာပါးနပ်စွာဖြင့် ဘာမှထပ်မမေးတော့ဘဲ သူ့အသက်အတွက်သာ သုံးမည်ဟု အာမခံပြီးနောက် ထွက်သွားလေသည်။
ရှီမာယူယူ တစ်ယောက်တည်းကျန်ခဲ့ကာ ကစဥ့်ကလျားမြစ်ရေကို ထပ်မံ လေ့လာလိုက်သည်။ မြစ်ရေသည် အသက်များ၏ဇစ်မြစ်ဖြစ်ပြီး မသိနိုင်သော နည်းလမ်းများရှိမည်ဟု အမြဲတစေတွေးခဲ့သည်။ သူမသာ ထပ်မံလေ့လာကြည့် လျှင် မည်သည့်နေရာတွင် အသုံးဝင်နိုင်သည်ကို ရှာတွေ့နိုင်သည်။
အတန်ကြာလေ့လာပြီးနောက် မြစ်ရေကိုချကာ ပြန်ပြီးငေးငိုင်စွာကြည့်မိ ပြန်သည်။
ဝူလင်းယူ နတ်ဆိုးလောကအဖွဲ့ဝင်များနှင့် ဆက်သွယ်ရန်ထွက်သွား သည်မှာ ရက်အနည်းငယ်ရှိပြီဖြစ်သည်။ နတ်ဆိုးလောကတွင် တစ်စုံတစ်ရာ ဖြစ်ပွားနေသည်ကို သူမ သိသည်။ သို့သော် ဝူလင်းယူမှ မပြောသဖြင့် မည်မျှ ပြင်းထန်သည်ကို မသိပေ။ သူသည် ထိုအပိုင်းမှကိစ္စများကို စိုးရိမ်နေသဖြင့် ဖြေရှင်းရန်လွှတ်သင့်သည်ဟု ခံစားရသည်။
သို့သော် သူနှင့် ကြာမြင့်စွာ ခွဲခွာနေရသည်ကို သူမ သည်းမခံနိုင်ပေ။
“ဘာတွေစဉ်းစားနေတာလဲ” ရင်းနှီးပြီးနွေးထွေးနေသော အသံကြောင့် သူမ အသိစိတ်ပြန်ဝင်လာသည်။
“ဘာလို့ ဒီလောက်မြန်မြန်ကြီးပြန်လာတာလဲ” ရှီမာယူယူသည် သူ့ရင်ခွင် အားမှီလိုက်သည်။
“အင်း ကိစ္စတွေဖြေရှင်းပြီးလို့ ပြန်လာတာလေ” ဝူလင်းယူ ဆက်ပြော လေသည် “ခုနက မျက်ခုံးတွေတင်းကြပ်နေတာ တစ်ခုခုများဖြစ်လို့လား”
ရှီမာယူယူသည် လှည့်ပြီး သူနှင့်မျက်နှာချင်းဆိုင်ကာ သူ၏လည်ပင်အား လက်တင်ပြီး ပြောလိုက်သည် “လင်းယူ နတ်ဆိုးလောကကို ပြန်သင့်ပြီ”
“မင်းက ရှောင်နေပြီးတော့ အခုကျ ကိုယ့်ကိုနှင်ထုတ်နေပြီလား” ဝူလင်းယူသည် ပြောရင်းနှင့် ဝမ်းနည်းဟန်ပြုလေသည်။
“ဘယ်သူမှ ရှင့်ကိုမရှောင်ဘူး.. ကျွန်မဘေးမှာ အမြဲတမ်းတောင် ရှိသွား စေချင်တာ” ရှီမာယူယူသည် ဝမ်းနည်းသဖြင့် နှုတ်ခမ်းဆူလေသည်။ သူမသည် ရုတ်တရက် အနည်းငယ် ဝမ်းနည်းလာသလိုပင်။
***