← Chapters

တစ္ဆေဘုရင်ဆီသို့သွားလည်ခြင်း

Vol. 148 Ch. 2061

တစ္ဆေဘုရင်ဆီသို့သွားလည်ခြင်း

Vol. 148 Ch. 2061

သူမ နှုတ်ခမ်းဆူနေပုံသည် ဝူလင်းယူ၏ နှလုံးသားကို နာကျင်စေသည်။ သူသည် စနောက်မနေတော့ဘဲ သူမကို တင်းကြပ်စွာဖက်ကာ နှဖူးလေးအား အနမ်းခြွေလိုက်ပြီးနောက် နူးညံ့စွာ ပြောလေသည် “ဝမ်းမနည်းပါနဲ့ ကိုယ် မင်း ဆီကနေထွက်မသွားပါဘူး”

“ဝမ်းမနည်းပါဘူး” ရှီမာယူယူသည် ထိုသို့ပြောလိုက်သော်လည်း သူမ၏ နှာခေါင်းမှာ အနည်းငယ်ချဉ်သလိုခံစားရတုန်းပင်ဖြစ်သည်။ သူ နူးညံ့စွာ ပွေ့ဖက်ထားသဖြင့် နှလုံးသားမှာလည်း မမာနိုင်တော့ပေ။

“ဟီး ဟီး” ဝူလင်းယူ ရယ်မောပြီး ရှေ့သို့တိုးကာ သူမ၏နှုတ်ခမ်းကို နမ်း ကာ သူမ၏စကားလုံးများနှင့် ခံစားချက်များကို နှင်ထုတ်လိုက်သည်။

အတန်ကြာမှပင် သူ သူမကိုလွှတ်ပေးလိုက်သည်။ သူမ၏ နီရဲပြီး ဖူးယောင်နေသော နှုတ်ခမ်းများနှင့် ဝေဝါးနေသော မျက်လုံးများကိုမြင်သော အခါ သူ ကျေနပ်စွာရယ်မောလိုက်သည်။

ရှီမာယူယူသည် သူ၏ပြုံးနေသောမျက်လုံးများကို ကြည့်ပြီး ခါးကို ဆွဲဆိတ်ကာ ခြိမ်းခြောက်လိုက်သည်။ “ရယ်ခွင့်မရှိဘူးနော်”

“ကိုယ်မရယ်ပါဘူး” ဝူလင်းယူ ငြင်းဆန်လေသည်။

“ဟင်း” ရှီမာယူယူသည် မျက်နှာကိုစူပုပ်ထားသည် “မရယ်ဘူးဟုတ်လား ခုနက အသံမထွက်ဘဲရယ်လိုက်တယ်လေ”

“ကောင်းကင်နဲ့မြေကြီးက သက်သေဖြစ်ပေးလိမ့်မယ် ကိုယ်တကယ် မရယ်ဘူး” တူလင်းယူသည် သူမကို ချီပြီးခုံပေါ်ထိုင်ကာ သူမကို ပေါင်ပေါ်တင် လိုက်သည်။

“ကိုယ်တကယ်မရယ်ဘူး” တစ်ယောက်သောသူမှာ နူးညံ့စွာငြင်းဆန် လေသည်။

“ဟုတ်ပြီ ကိုယ်သိပြီ” ဝူလင်းယူ ပြောလေသည်။

ရှီမာယူယူသည် ထပ်မံငြင်းမနေတော့ပေ။ သူမသည် သူ၏လည်ပင်းကို လက်တင်လိုက်သည် “ခုနက တကယ်ပြောတာ နတ်ဆိုးလောကကို ပြန်သင့် နေပြီလို့”

“မလိုပါဘူး သူတို့အခုနိုင်နေသေးတယ်” ဝူလင်းယူသည် အစကပင် တုံ့ဆိုင်းပြီးပြီဖြစ်သည်။ အစောက သူမ၏ အခြေအနေကိုကြည့်ပြီး သူမကို ပို၍ ပင်ထားမသွားချင်ပေ။ တခြားကိစ္စများကို တခြားသူများကိုသာ အပ်ထားတော့ မည်။

“ဒါပေမဲ့…”

“စိတ်ချပါ ကိုယ်ကကိုယ့်အကန့်အသတ်ကိုယ် သိပါတယ်.. အခြေအနေ က ထိန်းချုပ်လို့မရတော့ဘူးဆိုရင် ကိုယ်ပြန်ပါ့မယ်.. အခုက အဲအဆင့်ထိ မရောက်သေးလို့ မင်းကိုအဖော်ပြုပေးပါရစေဦး” ဝူလင်းယူသည် သူမ၏ မျက်နှာလေးကို ဆိတ်လိုက်သည် “အခြေအနေတွေ အရေးကြီးရင် ကိုယ် ဘယ်လိုလုပ် ငြိမ်နေပါ့မလဲ”

“ဒါပေမဲ့…”

“ဒါပေမဲ့ဆိုတာတွေလုပ်မနေနဲ့တော့… ကိုယ့်လက်အောက်ကလူတွေက အသုံးမကျတဲ့လူတွေမဟုတ်ဘူးဆိုတာကိုပဲ ယုံထားလိုက်.. မင်းက မင်းကိစ္စပဲ လုပ်” ဝူလင်းယူသည် ခိုင်မာစွာပြောလေသည်။

သူမသည် သူ၏လည်ပင်းကို ခေါင်းမှီလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ရင်းနှီး သော ရနံ့ကိုရှုရှိုက်လိုက်သည်နှင့် ပူပန်နေသောစိတ်များ ပြန်ငြိမ်ကျသွားတော့ သည်။

တခြားသူများ သူမကို မည်သို့ပင် ထင်စေကာမူ၊ သူမသည် သန်မာသည် ဟု ပြောကြစေကာမူ သူမသည် သူ့ကိုမှီခိုနေတုန်းပင်ဖြစ်သည်။ သူ ဘာမှမလုပ် လျှင်တောင် သူမတွင် ယုံကြည်မှုရှိနေတုန်းပင်။

သူမ၏ ခံစားချက်များ ငြိမ်သွားသည်ကို ဝူလင်းယူခံစစားမိသည်။ ထို့ကြောင့် သူဘေးသို့လှည့်ကာ သူမ၏နဖူးကို အနမ်းခြွေလိုက်သည်။ သူ နှုတ်ခမ်းကို ပင့်လိုက်သည်နှင့် သဲ့သဲ့ပြုံးလိုက်သည်။

နောက်ရက်များတွင် ဝူလင်းယူ ပိုအလုပ်များနေသည်ဟု ရှီမာယူယူ ခံစား ရသည်။ သူသည် မကြာခဏဆိုသလို ရက်အနည်းငယ် ပျောက်ပျောက်သွား တတ်သည်။ ပြန်လာချိန်တွင်လည်း ကြာမြင့်အောင်မနေဘဲ ထပ်ထွက်သွားပြန် သည်။

သူမသည် ဝူလင်းယူနှင့်အတူ သွားချင်သည်။ သို့သော် သူသည် ဤကိစ္စ အတွက်နှင့် သူမကို စိတ်မပူစေလိုပေ။ သူသည် သူမ၏ ကိုယ်ပိုင်ကိစ္စများကို သာဖြေရှင်းခွင့်ပြုထားသည်။ ထို့ကြောင့် သူတစ်ယောက်တည်းသာ အမြဲထွက် သွားသည်။

သူမသည် တစ္ဆေဘုရင်အား သွားရှာပြီး မိခင်ဖြစ်သူကို အမြန်ကယ်တင် ပြီးမှသာ သူနှင့်အတူ နတ်ဆိုးလောကသို့ လိုက်သွားရန်ဆုံးဖြတ်လိုက်သည်။ ထိုမှသာ သူမကို ငြင်းဆန်ရန် အကြောင်းအရင်းမရှိတော့မည်ဖြစ်သည်။

သူမသည် တစ္ဆေဘုရင် ကျင့်ကြံနေသည့်နေရာသို့ သွားလိုက်သည်။ သူမ ပြန်လာကတည်းက မတွေ့ရသည့်လူတစ်ယောက်နှင့် တွေ့ရလိမ့်မည်ဟု ထင် မထားပေ။ ထိုသူမှာ တစ္ဆေကြင်ယာတော်ပင်..

ပြောရလျှင် တစ္ဆေကြင်ယာတော်နှင့် နောက်ဆုံးအကြိမ်တွေ့သည်မှာ ယွိဟောက်ကို ပညာပေးသည့်အချိန်ဖြစ်သည်။ သူမသည် မိုးကြိုးအပစ်ခံရပြီး နောက် သုံးရက်လုံးလုံးပိတ်လှောင်နေခဲ့ရာ ထွက်လာသည်နှင့် ခက်ခဲသော အခြေအနေများရှိခဲ့သည်ဟု ကြားရသည်။

သို့သော် သူမကို မည်သည့်ပြဿနာမှလာမရှာခဲ့ပေ။ အတိအကျဆိုရလျှင် အပေါ်ယံတွင်တော့ သူမကို ပြဿနာမရှာခဲ့ပေ။ ထိုစဉ်က သူမ သွားရှုပ်ခြင်း မဟုတ်သည်ကို အားလုံးသိကြသည်။ တစ္ဆေကြင်ယာတော်သည် တိတ်တဆိတ် အကြိမ်ပေါင်းများစွာ ကြံစည်ခဲ့သော်လည်း သူတို့အပေါ် သက်ရောက်မှုမရှိခဲ့ ပေ။

တစ္ဆေကြင်ယာတော်သည် ဤနေရာတွင် ရှီမာယူယူနှင့် တွေ့ရလိမ့်မည် ဟု ထင်မထားပေ။ သူမသည် ပြီးခဲ့သည့်ရက်အနည်းငယ်က ကိစ္စကို ပြန်တွေး မိသည်။ ဟောက်အာသည် သူမကိုလာရှာပြီး ရှီမာယူယူကို ကျင့်စဉ်ဖိုပေးလိုက် ကြောင်း ပြောပြလာသည်။ ထိုကိစ္စကို ဆက်မလိုက်ရန်ကိုပါ ပြောခဲ့သဖြင့် သူမ အနည်းငယ် ဒေါသထွက်နေတုန်းပင်ဖြစ်သည်။

သူမ၏ အသည်းကျော်လေး မြေးဖြစ်သူသည် ရှီမာယူယူအကြောင်းပြော သည်နှင့် တောင့်တင်းသွားသည်။ ဟောက်အာ ထိုမျှကြောက်တတ်သွားသည် မှာ သူမ၏ အမှားပင်ဖြစ်သည်။

သူမသည် မျက်လုံးထဲမှလူသတ်အကြည့်ကို ဖုံးကွယ်ကာ တည်ငြိမ်သော မျက်နှာဖြင့် ပြောလိုက်သည် “ဒါက ဘုရင်ကြီး တံခါးပိတ်ကျင့်ကြံတဲ့နေရာပဲ ဘာလို့ ဒီနေရာကိုလာတာလဲ”

“အဘိုးတော်ကို လာကြည့်တာပေါ့” ရှီမာယူယူသည် သူမကို အရိုအသေ ပြုရန်ပင် ပျင်းလွန်းလှသည်။ မည်သို့ပင်ဖြစ်စေကာမူ ငြိမ်းချမ်းရေးလုပ်ရန် မလိုသည်ကို နှစ်ဦးနှစ်ဖက်သိကြသည်။ ထို့ကြောင့် အပေါ်ယံ ယဉ်ကျေးသမှု များကို ဘေးဖယ်ထားသည်။

“ဘုရင်ကြီးက အခု တံခါးပိတ်ကျင့်ကြံနေတာ သူ မင်းကိုတွေ့မှာမဟုတ် ဘူး” တစ္ဆေကြင်ယာတော် ပြောလေသည် “မင်း မြန်မြန်သွားသင့်တယ် ဘုရင် ကြီး ကျင့်ကြံနေတာကို လာမနှောင့်ယှက်နဲ့”

“အဲလိုဆိုရင် မိဖုရားကရော ဒီကိုဘာလို့လာတာလဲ” ရှီမာယူယူ ခွန်းတုံ့ပြန်သည်။

“ငါ ဘုရင်ကြီးကို တစ်ခုခုကူညီနိုင်တာများရှိမလားလို့ လာကြည့်တာ” တစ္ဆေကြင်ယာတော် ပြောလေသည်။

“အိုး ကျွန်မလည်း အဘိုးကို တစ်ခုခုကူညီနိုင်တာရှိမလားလို့ လာကြည့် တာ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မစွမ်းအားတွေက အားနည်းနေပေမဲ့ အဘိုးရဲ့ စွမ်းအားကမြင့်နေ‌တော့ ရှင့်အစွမ်းအစနဲ့လည်း ဒီအတိုင်းကြီး ကူညီလို့ ရမယ်မထင်ဘူး”

တစ္ဆေကြင်ယာတော်သည် မျက်လုံးများကို ကျဉ်းမြောင်းပြီး ရှီမာယူယူ အားကြည့်လေသည်။ ရှီမာယူယူသည် ယှဉ်ကြည့်ရန်ကြောက်နေသော သူမကို တည်ငြိမ်စွာကြည့်လိုက်သည်။ သူမ၏ မျက်လုံးထဲမှအကြည့်နှင့်မလုံလောက် လျှင် ထိုအရာအစား ယူရန်မှာ အသက်ရှိသေးသည်။

တစ္ဆေကြင်ယာတော်သည် သူမဘေးသို့လျှောက်လာပြီး  အထင်သေးစွာ ကြည့်ကာ အေးစက်စက်ဖြင့် ရယ်လေသည် “မင်း ဘုရင်ကြီးကို လာရှာလိုက် ရင် အဆင်ပြေသွားပြီလို့ထင်နေတာလား.. မင်းလုပ်ခဲ့တဲ့ကိစ္စတွေကို ငါ အကုန် မှတ်မိတယ်”

“ယူယူက ဘာမှမလုပ်ခဲ့ပါဘူး” ရှီမာယူယူသည် အပြစ်ကင်းသလို မျက်တောင်ခတ်လေသည် “ကျွန်မက ဘယ်တုန်းက မိဖုရားဒေါသထွက်အောင် လုပ်မိလို့လဲ.. ကျွန်မကငယ်သေးလို့ မသိသေးတဲ့ကိစ္စတွေ အများကြီးရှိသေး တာ ရှင်လည်းသိတာပဲ.. ကျွန်မမှားတာရှိရင် မိဖုရားကထောက်ပြလို့ရပါတယ် ကျွန်မပြင်မှာပါ”

ရှီမာယူယူ၏ အကြည့်မှာ အလွန်ဖြူစင်နေသည်။ သူမသည် လုပ်ခဲ့သည့် ကိစ္စများကို အမှန်တကယ်မသိသည့်ပုံပင်။

သူမ ပြောပြီးနောက် တစ္ဆေကြင်ယာတော်ကို ပြုံးပြလိုက်သည်။ သူမသာ ပြောရဲသည့် အစွမ်းအစရှိလျှင် လုပ်ခဲ့သမျှကို ကြေညာလိုက်သလိုဖြစ်သွား မည်။ ထိုအခါမှပင် မည်သူအရှက်ရမည်ကို သူမ ကောင်းကောင်းကြီးကြည့် လိုက်မည်။

တစ္ဆေကြင်ယာတော်က သူမကို လာရန်စနေတာ ဘယ်လိုလုပ် မမြင်ရမှာ လဲ။ ရှီမာယူယူတွေးသည့်အတိုင်းပင် သူမသည် ထိုကိစ္စများကိုမပြောရဲပေ။ ထိုအရာများကို ပြောလိုက်ခြင်းသည် သူမ၏အရှက်ကိုခွဲနေခြင်းဖြစ်သည်။

အမှန်ပင်။ သူမ ပို၍ဒေါသထွက်သွားသည်။ သူမသည် မိနစ်တိုင်း စက္ကန့် တိုင်းတွင် ဤစုန်းမလေးကို လည်ပင်းညှစ်ချင်မိသည်။

“ကြည့်ကြတာပေါ့ မင်း ဘယ်လောက်ပျော်နိုင်မလဲ ကြည့်ကြတာပေါ့” သူမသာ ဆက်ပြောနေလျှင် တိုက်ခိုက်ခံရမည်ကို ကြောက်လာသဖြင့် ခြိမ်းခြောက်ပြီးသည်နှင့် ထွက်သွားလေသည်။

အခုကို ပျော်နေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ရှင်ကတော့ ကြာကြာမပျော်နိုင်ပါ ဘူး။

“ယူယူ မိဖုရားကိုနှုတ်ဆက်ပါတယ်” ရှီမာယူယူသည် မိဖုရားကို နှုတ်ဆက်သည်ဟု ဆိုနေသော်လည်း ခန္ဓာကိုယ်မှာ တုပ်တုပ်မှမလှုပ်ပေ။

သူမသည် တစ္ဆေကြင်ယာတော်ထွက်သွားသည်ကို ကြည့်နေသည်။ ပြီးနောက် မျက်နှာမှအပြုံးသည် တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။ တစ္ဆေကြင်ယာတော် သူမကို ကြည့်သည့်အကြည့်မှာ ပုံမှန်မဟုတ်ပေ။ သူမ သည် တစ်စုံတစ်ရာရှိနေသည့်ပုံမှာ စိတ်ထဲတွင်ရတက်မအေးဖြစ်လာသည်။

သူမ သေချာစုံစမ်းရတော့မည်။

“မင်းသမီးလေး” တစ်ချိန်လုံး တိတ်ဆိတ်လာသော အစောင့်သည် ရုတ်တရက် ပြောလာရာ သူမ၏ အတွေးများပြတ်တောက်သွားသည်။

“အဘိုးက အပြည့်အဝတံခါးပိတ်ကျင့်ကြံနေတာလား” ရှီမာယူယူ မေး လိုက်သည်။

“ဟုတ်ပါတယ်” အစောင့်မှ ပြန်ဖြေလေသည် “ဒါပေမဲ့ ဘုရင်ကြီး တံခါး ပိတ်မကျင့်ကြံခင်က သခင်ကြီးမိုယွိနဲ့တွေ့သွားပါတယ်.. ဘုရင်ကြီးမှာထားပါ တယ်.. မင်းသမီးလေးသာ မရဏာစံတင်အဆင့်ကျော်နိုင်သွားရင် သခင်မိုယွိကို သွားရှာလိုက်ပါတဲ့”

“မိုယွိကို သွားရှာရမယ်ဟုတ်လား”

“ဟုတ်ပါတယ် မင်းသမီးလေးရှာချင်တဲ့အဖြေကို သခင်မိုယွိနဲ့ရှိနေပါ တယ်တဲ့”

“မိုယွိက အင်ပါယာမြို့တော်မှာရှိလား”

“ဒီလက်အောက်ငယ်သားက မသိပါဘူး”

“အဘိုးရဲ့အခြေအနေရော ဘယ်လိုလဲ”

“ဘုရင်ကြီး တံခါးပိတ်ကျင့်ကြံကတည်းက ဘာလှုပ်ရှားမှုမှမရှိသေးပါဘူး အဲဒါကြောင့် ကျွန်တော်တို့လည်းမသိပါဘူး”

“ငါ နားလည်ပြီ.. အဘိုးဆီက လှုပ်ရှားမှုရှိလာရင် ငါ့ကို ချက်ချင်း သတင်း ပေးပါ”

“ဟုတ်ကဲ့ပါ မင်းသမီးလေး”

ဘုရင်ကြီးသည် တံခါးပိတ်မကျင့်ကြံစဉ်က သူမရှိလျှင် ရှီမာယူယူ၏ အမိန့်ကိုသာ နာခံရန်ပြောသွားသဖြင့် သူတို့သည် သူမ၏အမိန့်ကို အတပ်လိုက် နာရမည်ပင်။

***

All Chapters