← Chapters

အခန်း ၄၈၄

Vol. 49 Ch. 484

အခန်း ၄၈၄

Vol. 49 Ch. 484

အခန်း။ ၄၈၄

မြွေမလေးမှာ စိတ်ဓာတ်ကျသွားသည်။

မြွေတစ်ကောင်ကို အရေခွံလဲရမည့်အချိန်မဟုတ်ဘဲ အတင်းအကျပ် အရေခွံလဲခိုင်းခြင်းမှာ သက်သောင့်သက်သာရှိသော အတွေ့အကြုံမဟုတ်ပေ။

အဓိကအားဖြင့် ချန်ကျီရှင်းမှာ မေးခွန်းတစ်ခုကို စဉ်းစားနေမိသည်။

နေပါဦး... နိဗ္ဗာနအဆင့်ကို ရောက်ရင် သွေးတစ်စက်တည်းကနေတောင် ပြန်ပြီး အသက်ရှင် မွေးဖွားနိုင်တယ်ဆိုမှတော့ အဲဒီအဆင့်ရှိတဲ့ မိစ္ဆာတစ်ကောင်ကို အပိုင်းပိုင်းခုတ်၊ ပြီးရင် ပြန်ရှင်ခိုင်း၊ ပြီးရင် ထပ်ခုတ်... ဒီလိုနည်းနဲ့သာ လုပ်နေရင်... ငါ့အတွက် အဆုံးမရှိတဲ့ မိစ္ဆာရတနာ ပစ္စည်းတွေကို အလကားရနေမှာ မဟုတ်ဘူးလား။

ငါ စိတ်ကူးယဉ်တာ လွန်သွားပြီ ထင်တယ်။

မိစ္ဆာများသည် သွေးတစ်စက်မှ ပြန်လည်မွေးဖွားနိုင်စွမ်းမရှိပေ။

လူသားများသာလျှင် ကိုယ်ခန္ဓာငယ်အတွင်း စွမ်းအင်အမြောက်အမြား သိုလှောင်ထားနိုင်သဖြင့် ထိုစွမ်းအင်ကို သုံးစွဲ၍ ပြန်လည်မွေးဖွားနိုင်ခြင်းပင်။

မိစ္ဆာတို့မှာမူ ကိုယ်ခန္ဓာကြီးမားလွန်းသဖြင့် စွမ်းအင်မလုံလောက်ဘဲ ပြန်လည်မွေးဖွားရန် မဖြစ်နိုင်ပေ။

"ဘယ်အရာမဆို ကြည့်လိုက်ရင် ထူးဆန်းနေသလိုပဲလို့ ထင်ရပေမဲ့ တကယ်တော့ နောက်ကွယ်က အကြောင်းအကျိုး ညီညွတ်မှုကိုပဲ လိုက်နာနေကြတာ။

လူတွေက ထူးဆန်းတယ်လို့ ထင်ပြီး ယောင်ချာချာ ဖြစ်နေကြတာက အမှန်တရားရဲ့ ဇစ်မြစ်ကို သူတို့ မသိသေးလို့ပဲ"

သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်း စွမ်းအင်နှင့် ရုပ်ဝတ္ထုအကြား အသွင်ပြောင်းခြင်းမှာ ထူးဆန်းသောကိစ္စမဟုတ်ပေ။

နောက်ဆုံးတွင်မူ မျိုးရိုးဗီဇအဆင့်ရှိ 3D ပရင်တာတစ်ခုသာ ဖြစ်သည်။

"ဒါဆို လူတွေကို သွေးတစ်စက်လောက်ပဲ ကျန်အောင် လုပ်လိုက်ရင် သူတို့ရဲ့ စွမ်းအင်က ဘယ်မှာ ပုန်းနေတာဖြစ်မလဲ"

ချန်ကျီရှင်းမှာ သွေးထွက်အောင် အတိုက်ခံရခြင်းမျိုး မကြုံဖူးသလို ကြုံအောင်လည်း မလုပ်လိုပေ။

သို့သော် ယခုအခါတွင် သူစိတ်အေးသွားသည်။

“တစ်နေ့နေ့မှာ ငါ့ခန္ဓာကိုယ် ပျက်စီးသွားရင်တောင် ဖရိုဖရဲ စွမ်းအင်တွေက ပြန်လည်စုစည်းပေးလိမ့်မယ်။ တစ်ယောက်ယောက်က ငါ့ရဲ့ မှော်စွမ်းအင်တွေကို ခန်းခြောက်အောင် လုပ်ပြီး ငါ့ရဲ့ မဟာတာအို ကို ဖြတ်တောက်လိုက်မှသာ ငါ တကယ်သေမှာ”

မဟာတာအိုအကြောင်း တွေးမိသောအခါ ချန်ကျီရှင်း၏ စိတ်ထဲတွင် ထူးဆန်းသော အကြံတစ်ခု ပေါ်လာသည်။

"နိဗ္ဗာနအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအင်က သူတို့ကျင့်ကြံတဲ့ မဟာတာအိုထဲမှာ သိမ်းဆည်းထားတာ ဖြစ်နိုင်မလား။ သွေးတစ်စက်က ပြန်မွေးဖွားတယ်ဆိုတာ မဟာတာအိုက ပြန်ပြီး ပုံနှိပ်ပေးလိုက်တာ ဖြစ်မလား"

သူသည် ဤအကြံအစည်မှာ အလွန်ဖြစ်နိုင်ချေရှိသည်ဟု ယူဆကာ မြွေမလေးကို လွှတ်ပေးလိုက်သည်။

မြွေမလေး၏ "မင်းက လူမှဟုတ်ရဲ့လား" ဟု ပြောနေသယောင် မျက်လုံးများအောက်တွင် သူသည် လှည့်ထွက်သွားပြီး တစ်ယောက်တည်း ရေရွတ်နေမိသည်။

အမှန်တကယ်ပင် ချန်ကျီရှင်း တွေးတာ မှန်နေသည်။

"သခင်လေး ပြောတာ မှန်ပါတယ်။ အဲဒါကို မသိလို့လား"

ချန်ကျီရှင်း သူ့ထံ ရောက်လာသောအခါ လီရွှမ်းက အတည်ပြုပေးလိုက်သည်။

"သခင်လေး နိဗ္ဗာနအဆင့်ဆိုတာ သူကျင့်ကြံတဲ့ တာအိုနဲ့ လိုက်လျောညီထွေဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲလိုက်တာပါ။ သခင်လေးရဲ့ ကျင့်စဉ်ထဲမှာ ဒီအကြောင်း မပါဘူးလား"

"အင်း..."

ချန်ကျီရှင်းက မျက်တောင်ခတ်လိုက်သည်။

သူကျင့်ကြံနေသော ကျင့်စဉ်များမှာ သူကိုယ်တိုင် တီထွင်ထားသည်များဖြစ်ပြီး သူတစ်ပါးထံမှ လေ့လာထားသည်များတွင်လည်း ဤအချက်ကို မည်သူမျှ မပြောခဲ့ကြပေ။

ဒါဆိုရင်... ဒီစာအုပ်ကို ရေးတဲ့လူက တစ်ခုခုကို လျစ်လျူရှုပြီး ကျန်ခဲ့တာလား။

လာနောက်မနေပါနဲ့... ငါ ချန်ကျီရှင်းက စာဖတ်ဝါသနာပါတဲ့သူပါ။

ဒါပေမဲ့ ငါဖတ်ခဲ့ဖူးတဲ့ ကျင့်စဉ်ပေါင်း ရာနဲ့ချီထဲမှာတောင် ဒီလိုအချက်မျိုး တစ်ခုမှ မပါခဲ့ဘူး။ အင်း... ဒါဆိုရင်တော့ ဖြစ်နိုင်ခြေက တစ်ခုတည်းပဲ ရှိတော့တယ်။

"ဒါဆိုရင်... ဒါက ကျင့်ကြံသူလောကမှာတော့ လူတိုင်းသိထားရမယ့် အခြေခံအချက်ပေါ့နော်။

ချန်ကျီရှင်းက အေးဆေးစွာ ပြောလိုက်သည်။

အားလုံးသိထားပြီးဖြစ်သည့် အခြေခံအချက်များသာလျှင် ထိုဈေးကြီးသော ကျင့်စဉ်စာအုပ်များတွင် မပါဝင်တတ်ပေ။ အခြေခံမရှိသေးသူများအနေဖြင့် ထိုအဆင့်မြင့်နည်းလမ်းများကို မြင်နိုင်စွမ်းမရှိပေ။

အသက်ငယ်သူတွေကို ဒီလိုအခြေခံအချက်တွေ ပြောပြပေးဖို့ ဘယ်သူ့မှာ အချိန်ရှိမှာလဲ။

"အဟမ်း အဲဒီလိုဆိုရင်တော့ သခင်လေးက တကယ့် ပါရမီရှင်ပဲ။ ဒါတွေကို မသိဘဲနဲ့တောင် အထွတ်အထိပ်အဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့တာပဲ"

လီရွှမ်းက ပြောရင်း ချောင်းဆိုးသွားသည်။

"ဒါက တကယ့်ကို အရမ်း အံ့ဩစရာကောင်းလွန်းနေတာပဲ။

ချန်ကျီရှင်းက အခြေခံဗဟုသုတတောင် ဘာမှမသိဘဲနဲ့ ဒီအဆင့်အထိ ဘယ်လိုတောင် ရောက်လာတာလဲ။

ကောင်းကင်ဘုံကနေ စွမ်းအားတွေကိုပဲ အလကား အမွေရထားလို့လား။

အင်း... ကြည့်ရတာတော့ အချက်အလက်တွေက သက်သေပြနေတာပဲ"

ချန်ကျီရှင်းက လက်နှစ်ဖက်မြှောက်ပြီး "အခုမှ သတိရတယ်။ တစ်နှစ်ခွဲအရွယ်တုန်းက တစ်ယောက်ယောက်က ငါ့ကို သီချင်းဆိုပြတာလေ။ အသက် ၅ နှစ်ကနေ ၇ နှစ်ကြားမှာလည်း သီချင်းဆိုခဲ့သေးတယ်။ ၇ နှစ်ကျော်တော့ ဘယ်သူမှ မပြောတော့ဘူး" ဟု ပြောလိုက်သောအခါ...

လီရွှမ်း "..."

"သခင်လေးကတော့ တကယ့်ကို ထူးဆန်းတဲ့သူပဲဗျာ။ တစ်နှစ်ခွဲအရွယ်တုန်းက ကိစ္စတွေကို ဘယ်သူက မှတ်မိနေမှာလဲ။ ဒါပေမဲ့ ဒါက အဓိက မဟုတ်သေးပါဘူး။ အဓိက ပြဿနာက ကျင့်စဉ်ရဲ့ အစပိုင်းမှာပဲ။ အဲဒီမှာက ကိုယ့်လမ်းကြောင်းကို ကိုယ်ရှာဖွေဖို့ပဲ ပါတာလေ။ နှလုံးသားနဲ့ သက်သေပြပြီး စိတ်ဝိညာဉ်နဲ့ လမ်းပြဖို့ပဲ သိထားကြတာ။ ဒါက နိဗ္ဗာနအဆင့်ရဲ့ သွေးတစ်စက်ကနေ ပြန်လည်မွေးဖွားခြင်းအကြောင်းကို ပြောနေတာမှန်း ဘယ်သူက သွားသိမှာလဲ..."

ငါ့အတွက်ကတော့ ငါက စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့်မှာတင် မဟာတာအို (၉) ခုစလုံးကို ကျင့်ကြံထားတာ။ ဒါကြောင့် ငါ ဒဏ်ရာရလို့ သွေးထွက်တဲ့အခါတိုင်း ဘယ်တာအိုက ငါ့ကို ပြန်လည်မွေးဖွားပေးနေလဲဆိုတာ ဘယ်သူမှ အတတ်မပြောနိုင်ဘူး။

"ဒါပေမဲ့ တစ်ခုတော့ သက်သေပြနိုင်တယ်..."

"မဟာတာအို တည်ရှိတဲ့ အတိုင်းအတာက သာမန်လူတွေ ရှိနေတဲ့ အတိုင်းအတာမျိုး မဟုတ်ဘူး။ ကျင့်ကြံသူတစ်ယောက်က နိဗ္ဗာနအဆင့်ကို ရောက်သွားတဲ့အခါ ပိုမြင့်မားတဲ့အတိုင်းအတာတစ်ခုရဲ့ သက်ရှိအသွင်ဆီကို တစ်ပိုင်းတစ်စ ပြောင်းလဲသွားတာပဲ"

ချန်ကျီရှင်းက တစ်ယောက်တည်း ရေရွတ်လိုက်သည်။

လီရွှမ်းမှာတော့ ဘာမှနားမလည်တော့သလို ကြည့်နေသည်။

"သခင်လေး ဘာပြောလိုက်တာလဲ"

"မင်းနဲ့ မဆိုင်ဘူး"

ချန်ကျီရှင်းက ဖြေပေးဖို့တောင် ပျင်းနေသည်။

ကျင့်ကြံသူတစ်ယောက်အနေနဲ့ နိဗ္ဗာနအဆင့်လောက်တင် တိုင်းတာမှု အတိုင်းအတာတွေအကြောင်း လျှောက်ပြောနေတာကတော့ နည်းနည်းတော့ မကိုက်ညီသေးဘူးပဲ။

တကယ်တမ်း ပြောရမယ်ဆိုရင်တော့ ဒါမျိုးက ထာဝရအသက်ရှည်ခြင်းအဆင့်မှာရှိတဲ့ ပညာရှင်ကြီးတွေနဲ့မှ ပိုပြီး ကိုက်ညီမှာ။

ဒါပေမဲ့ တကယ်လို့သာ နိဗ္ဗာနအဆင့်ကို ပိုမိုမြင့်မားတဲ့ အတိုင်းအတာတစ်ခုရဲ့ သက်ရှိအသွင်လို့ သတ်မှတ်မယ်ဆိုရင် ထာဝရအသက်ရှည်ခြင်းအဆင့်နဲ့ အဲဒီထက် မြင့်တဲ့အဆင့်တွေကကော ဘယ်လိုမျိုး ဖြစ်မလဲ။

ငါသာ ထာဝရအသက်ရှည်ခြင်းအဆင့်ကိုပါ ကျော်လွန်ပြီး ဒီလမ်းကြောင်းကို နက်နက်ရှိုင်းရှိုင်း လေ့လာနိုင်ခဲ့ရင် အဆင့်မြင့် အတိုင်းအတာတစ်ခုက သက်ရှိအစစ်အမှန်အဖြစ် ပြောင်းလဲသွားပြီး ငါ အစက လာခဲ့တဲ့ ကမ္ဘာကြီးဆီကို ပြန်နိုင်မလား...‌

ငါလာခဲ့နိုင်ရင် ငါ ပြန်သွားနိုင်ရမယ်။ မဟုတ်ရင် ငါ ဒီကို ဘယ်လိုရောက်လာတာလဲဆိုတာ ရှင်းပြလို့မရတော့ဘူးလေ။ ဒါပေမဲ့ အဲဒီအချိန်ကျရင် ငါ့ရဲ့ အရင်ဘဝက အမှတ်တရတွေကိုရော မှတ်မိနေပါဦးမလား။

အခုဆိုရင် ငါ အရင်ဘဝက အမှတ်တရ တော်တော်များများကို မေ့နေပြီ။ ငါ ဒီကို ရောက်ခါစက မှတ်မိခဲ့တဲ့ ဇာတ်လမ်း အနည်းငယ်တောင် ဝေဝါးနေပြီ။ ဒါက ၂၃ နှစ်အတွင်းမှာပဲ ဖြစ်ပျက်သွားတာတွေ….

လီရွှမ်းနှင့် ရှဲ့ပေါ်တို့နှစ်ဦးမှာ ပင်ကိုယ်ကတည်းက ကျင့်ကြံခြင်း ပါရမီရင့်သန် မြင့်မားကြသူများ ဖြစ်ကြသည်။

ထို့ပြင် ချန်ကျီရှင်း၏ နောက်သို့ သစ္စာရှိရှိ လိုက်ပါလာခဲ့ကြသော နှင်းမိစ္ဆာမျိုးနွယ်စုဝင် ရှစ်ယောက်စလုံးမှာလည်း ယခုခေတ်မျိုးဆက်၏ ထိပ်သီးပါရမီရှင်များသာ ဖြစ်ကြပေရာ အကယ်၍ ကျင့်ကြံခြင်း ဆေးလုံးများသာ အလုံအလောက် ရရှိခဲ့မည်ဆိုပါက သူတို့အနက် အများစုမှာ အထွတ်အထိပ်နယ်ပယ်သို့ အလွယ်တကူ တက်လှမ်းသွားနိုင်ကြမည်ပင်။

ချန်ကျီရှင်းနှင့် လီရွှမ်းတို့ စကားလက်ဆုံဆိုခဲ့ပြီး တစ်လခွဲခန့် အကြာတွင်ပင် ရှဲ့ပေါ်တစ်ယောက် အသက်အန္တရာယ်ရှိသော တံခါးပိတ်ကျင့်စဉ်ဝင်ရောက်သွားခဲ့ပြီဟူသော သတင်းဆိုး ရောက်ရှိလာခဲ့သည်။

သူသည် ကျင့်စဉ်မဝင်ရောက်မီကပင် လေးနက်စွာ မှာကြားခဲ့သည်မှာ သူ၏ နောက်ဆုံးသော ကန့်သတ်ချက် အတားအဆီးကို နောက်ထပ် ငါးနှစ်အတွင်း အသေအလဲ ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း၊ အောင်မြင်၍ အသက်ရှင်မလား သို့မဟုတ် ကျရှုံး၍ သေဆုံးသွားမလား ဆိုသည်ကို မည်သို့မျှ မရေရာသဖြင့် ယခုလောလောဆယ်တွင် သူ့ကို လူသေတစ်ယောက်ကဲ့သို့သာ သတ်မှတ်ထားကြရန်ပင်။

၎င်းမှာ အလွန် ပြတ်သားလွန်းလှသည့် ဆုံးဖြတ်ချက်ကြီးပင်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ရှဲ့ပေါ်ကိုယ်တိုင်ပင်လျှင် အထွတ်အထိပ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် ရာနှုန်းပြည့် ယုံကြည်မှု မရှိသည်မှာ ထင်ရှားသည်။

ဒါပေမဲ့... အန္တရာယ်တွေ ပြည့်နှက်နေတဲ့ ဒီကျင့်ကြံခြင်း သေမင်းလမ်းထဲကို ခြေစုံပစ် ဝင်

ရောက်လာခဲ့ပြီးမှတော့ သူ့အတွက် နောက်ဆုတ်ဖို့ လမ်းမရှိတော့တာ အမှန်ပဲ။

ရှေ့ဆက်ဖို့ပဲ ရှိတော့တယ်...

ရက်စက်လှသော ရှဲ့ပေါ်နှင့် နှိုင်းယှဉ်လျှင်မူ လီရွှမ်းက ပိုမို၍ တည်ငြိမ်ရင့်ကျက်လှသည်။

သူက နောက်ထပ် နှစ်နှစ်ခန့်အထိ အောက်ခြေအခြေခံကို သေသေချာချာ ထပ်မံဖြည့်တင်းပြီးမှသာလျှင် ထိုစည်းကို ကျော်ဖြတ်ရန် ရည်မှန်းထားခြင်းပင်။

တကယ်တော့ ဤတံခါးပိတ် ကျင့်ကြံနေသည့် ကာလတိုအတွင်းမှာပင် ပါရမီထူးလှသော နှင်းမိစ္ဆာမျိုးနွယ်ဝင် နှစ်ဦးမှာ နိဗ္ဗာနအဆင့် (၉) အထိ ချိုးဖျက်ကာ တက်လှမ်းသွားနိုင်ခဲ့ကြသည်။

ထို့ကြောင့် အားလပ်သည့် အချိန်တစ်ခုတွင် ချန်ချိုးအာက လီရွှမ်းကို ကြည့်ကာ စနောက်

ကျီစယ်ရင်း "ခေါင်းဆောင်ကြီး... ခင်ဗျားသာ အခုထက်ပိုပြီး မကြိုးစားဘူးဆိုရင်တော့ တခြားသူတွေရဲ့ ကျော်တက်တာကို ခံရတော့မှာ သေချာတယ်နော်" ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသော် လီရွှမ်းကလည်း ငြင်းပယ်ခြင်းမရှိဘဲ ခါးသီးစွာ ပြုံးရင်း အပြည့်အဝ သဘောတူကာ လက်ခံလိုက်သည်။

ချန်ကျီရှင်း၏ ကိုယ်ရံတော်အဖွဲ့မှာ ကျွမ်းကျင်သူများဖြင့် ပြည့်နှက်နေသည်။

နှင်းမိစ္ဆာ (၈) ကောင်အပါအဝင် မကြာသေးမီက စုဆောင်းထားသူများဖြင့် စုစုပေါင်း (၁၈) ဦးရှိပြီး အားလုံးမှာ နိဗ္ဗာနအဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။

ဤအင်အားစုမှာ သာမန်မိသားစုငယ်များကို တုန်လှုပ်ချောက်ချားစေရန် လုံလောက်သည်။ သို့သော်လည်း စစ်မျက်နှာပြင်တွင်မူ ချန်ကျီရှင်းကဲ့သို့ အဆင့်မြင့်နတ်ဘုရားလက်နက်ကိုင်ဆောင်ထားသူအား ကူညီပေးနိုင်ရန်မှာ သူတို့အတွက် ခက်ခဲနေဆဲပင်။ အထွတ်အထိပ်အဆင့်သို့ မရောက်မချင်း သူတို့သည် အထောက်အကူ ဖြစ်လာနိုင်မည်မဟုတ်ပေ။

အထွတ်အထိပ်အဆင့်မှာ လူတိုင်းမျှော်လင့်တောင့်တသော ရည်မှန်းချက်ဖြစ်သည်။

ထိုအဆင့်သို့ ရောက်သူများသည် မည်သည့်နေရာသို့သွားသွား ဂုဏ်သရေရှိမိသားစုများ၏ ဧည့်သည်တော်များဖြစ်ကြပြီး သန့်ရှင်းသော နယ်မြေသုံးခုတွင်ပင် အမြင့်ဆုံးအခွင့်အရေးများ ရရှိကြသည်။

ဇီဝေတောင်၊ ထာဝရအသက်ရှည်ခြင်းခန်းမ

ချန်ကျီရှင်းသည် ချန်ကျောက်ရှင်း ပေးအပ်လိုက်သော ချင်ရီ၏ မဟာမိတ်အဖွဲ့အကြောင်း သတင်းအချက်အလက်များကို ကြည့်ရှုရင်း ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာသည်။

"သူတို့က တောင်ပိုင်းဒေသတစ်ခွင်က ဂိုဏ်းပေါင်း ၉၆ ဂိုဏ်းကို စုစည်းထားတာတောင်မှ အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ၃ ဦးနဲ့ နိဗ္ဗာနအဆင့် ၂၁ ဦးပဲ ရှိတာလား"

"မှားတယ်။ အဲဒီ ၃ ဦးထဲက တစ်ယောက်က ကောင်းကင်သူတော်စင်နန်းတော်က သူလျှိုဖြစ်ပြီး နောက်တစ်ယောက်က သူ့သူငယ်ချင်း။ ကျန်တဲ့သူတွေကိုလည်း ဖယ်ထုတ်လိုက်ရင် တကယ့်ကျွမ်းကျင်သူက တစ်ယောက်ပဲ ကျန်တော့တယ်"

ချန်ကျောက်ရှင်းက ပြုံး၍ ပြောသည်။

ချင်ရီသည် ကောင်းကင်သူတော်စင်နန်းတော်မှဖြစ်သော်လည်း လက်ရှိသူတော်စင်မလေးမဟုတ်သဖြင့် အဆင့်မြင့် ကျင့်ကြံသူများမှာ သူမအား ဂရုစိုက်ကြမည်မဟုတ်ပေ။

"ဒါဆိုရင် ချင်ရီရဲ့ ဒီသင်္ဘောအိုကြီးပေါ်ကို ဘယ်သူက မှားပါသွားတာလဲ ကြည့်ရအောင်"

"ကွမ်းအန်းကျောင်းတော်က ပူဖာဆိုတဲ့ သီလရှင်၊ အသက် ၁,၇၀၀ ရှိပြီ။ အချက်အလက်တွေအရ သူမက အထွတ်အထိပ်အဆင့် တတိယအဆင့်မှာပဲ ရှိပြီး ဘာမှထူးခြားတော့မယ့်သူမျိုးမဟုတ်ဘူး"

ချန်ကျီရှင်းသည် ကျောက်စိမ်းမှန်ထဲမှ သီလရှင်၏ ပုံရိပ်ကိုကြည့်ရင်း နှုတ်ခမ်းကိုမဲ့လိုက်သည်။ သူမသည် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနှင့်တူပြီး သီလရှင်ဖြစ်သော်လည်း ဆံပင်အနက်ရောင်များဖြင့် သာမန်အမျိုးသမီးတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသည်။ သူမတွင် ထူးခြားသောအချက်မှာ သူမ၏ ရင်သားကြီးများသာဖြစ်သည်။

"သူမက အထွတ်အထိပ်အဆင့်ဆိုတော့ သူပြောသမျှက ဥပဒေပဲ။ ဒါပေမဲ့ သူမက တပည့်တွေကိုတော့ တင်းကျပ်တယ်။ ငါ့အတိုင်း လိုက်မလုပ်ကြနဲ့၊ ဒါက မိစ္ဆာလမ်းစဉ်ပဲလို့တောင် ပြောဖူးတယ်" ဟု ချန်ကျောက်ရှင်းက ရှင်းပြသည်။

ပူဖာကပုံမှန်ပါရမီရှင်တစ်ဦးဖြစ်ကာ သူမသည် နှစ်ပေါင်း ၈၀၀ ကျင့်ကြံပြီးမှ အထွတ်အထိပ်အဆင့်သို့ ရောက်ခဲ့ပြီး နောက်ထပ်နှစ်ပေါင်း ၉၀၀ တွင် အဆင့် ၃ ဆင့်သာ တက်နိုင်ခဲ့သည်။ သူမသည် အနုပညာ၊ အရက်၊ အသားနှင့် ရုပ်ရည်ချောမောသော ယောက်ျားများကို နှစ်သက်သူဖြစ်သည်။

အနှစ် ၁၀၀ တိုင်းတွင် သူမသည် သာမန်လူသား အမျိုးသားတစ်ဦးနှင့် လက်ထပ်ကာ လောကီရေးရာတွင် စိတ်ကို သန့်စင်ခြင်းဟု ပြောကာ အချိန်အနည်းငယ် ဖြတ်သန်းလေ့ရှိသည်။ ယခုချင်းရီ၏ မဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်ရခြင်းမှာလည်း သူမ၏သက်တမ်း ကုန်ဆုံးတော့မည်ဟု ယူဆကာ နောက်ဘဝတွင် ပြန်လည်မွေးဖွားရန် နည်းလမ်းများကို ရှာဖွေနေခြင်းကြောင့်ပင်။

"ဒီသီလရှင်အိုကြီးက ဘာတွေတွေးနေတာလဲ။ ပြန်လည်မွေးဖွားခြင်းဆိုတာ တကယ်ရှိရင်တောင် သူ့လိုလူမျိုးကို ဘယ်သန့်ရှင်းတဲ့နယ်မြေက လက်ခံမှာလဲ"

ချန်ကျီရှင်းက ခေါင်းခါလိုက်သည်။

"ချင်းရီက သူမကို ကတိပေးထားတာလေ။ ဒီနယ်မြေမှာ ကြီးမားတဲ့ အောင်မြင်မှုရရင် ကောင်းကင်သူတော်စင်နန်းတော်ရဲ့ တကယ့်တပည့်အဖြစ် သတ်မှတ်ပေးမယ်တဲ့။ ဒီဘဝမှာ မရောက်နိုင်ရင်တောင် နောက်ဘဝမှာ လမ်းညွှန်ပေးမယ်ဆိုပြီး ကတိပေးထားတာ"

ချန်ကျီရှင်း "..."

"ချင်းရီက ရူးနေတာများလား။ ဒီလိုစကားမျိုးကို ဘယ်လိုပြောရဲတာလဲ"

"ဘာတတ်နိုင်မှာလဲ။ တောင်ပိုင်းဒေသမှာ မိသားစုကြီး ၇ ခုပဲ ကျန်တော့တယ်။ အားလုံးက ကျွန်တော်တို့ကိုပဲ ဦးဆောင်သူအဖြစ် မျှော်လင့်နေကြတာလေ။ ချန်မိသားစုက မပါဝင်ဘူးလို့ ပြောထားတော့ ကျန်တဲ့ဂိုဏ်းတွေက ချန်ကျီရှင်းဆိုတဲ့ နာမည်ကိုတော့ အနည်းဆုံး အလေးထားပေးရမှာပေါ့"

ချန်ကျောက်ရှင်းက ပြုံး၍ ပြောလိုက်သည်။

All Chapters