ဟိုင်မြန့်၏ထွက်ခွာခြင်း
Vol. 148 Ch. 2062
ရှီမာယူယူသည် အင်ပါယာမြို့တော်၏ အင်အားတစ်ခုဖြစ်သော မိုမျိုးနွယ်ကိုသွားလိုက်သည်။ မိုယွိသည် ထိုနေရာတွင်သာ အမြဲနေတတ် သော်လည်း ယခုရက်ပိုင်းတွင် သူမရှိပေ။
ယခုအချိန်တွင် သူမ အင်ပါယာမြို့တော်သို့ ပြန်လာသည်ကို သူ မသိ လိုက်ပေ။
မိုမျိုးနွယ်မှလူများသည် မိုယွိကိုဆက်သွယ်ပေးမည်၊ သို့သော် ပြန်လာနိုင် မလာနိုင်ကိုတော့ အာမမခံရဲဟု ဆိုလေသည်။
မိုယွိ၏ တည်နေရာမှာ အမြဲတမ်းပြောင်းနေပြီး မတည်မြဲသည်ကို ရှီမာယူယူသိသည်။ ထို့ကြောင့် အဖြေထွက်ရန် သူတို့ကို ဖိအားမပေးတော့ပေ။ သူမသည် အကောင်းဆုံးကြိုးစားပေးရန်ကိုသာ ပြောလိုက်သည်။
ထို့နောက် နန်းတော်သို့ ပြန်လာခဲ့လိုက်သည်။
သူမ ပြန်ရောက်သည်နှင့် ရှီယွိသည် သူမကို သတင်းပို့လေသည် “မင်းသမီးလေး ဟိုင်မြန့်က မင်းသမီးလေးဆီလာပြီး ကျေးဇူးတင်စကားပြော ချင်တယ်လို့ ပြောပါတယ်”
“ဟိုင်မြန့် ပြန်ကောင်းလာပြီလား” ရှီမာယူယူသည် ဟိုင်မြန့် အတော် အသင့်ပြန်ကောင်းနေပြီကို သတိရသွားသည်။
ဟိုင်မြန့်ကို ပထမဆုံးဆေးကုပေးခြင်းသည် သူမ ဖြစ်သော်လည်း နောက် ပိုင်းကိစ္စများကို ဟိုင်ရှင်းမှ လုပ်ပေးခြင်းဖြစ်သည်။ ဟိုင်ရှင်း ဝိညာဉ်စေတီတွင် ရှိစဉ်က သူမ၏ ဆေးနှင့်အဆိပ်ပညာများကို ကောင်းမွန်စွာ တတ်မြောက်နေပြီ ဖြစ်သည်။
“အပြည့်အဝပြန်ကောင်းတော့မှာပါ.. အဲဒါကြောင့် မင်းသမီးလေးကို ကျေးဇူးတင်ချင်လို့” ရှီယွိ ပြန်ဖြေလေသည်။
“ဒါဆို သူမကို ဝင်ခွင့်ပေးလိုက်ပါ” ရှီမာယူယူသည် သူမ လုပ်စရာမရှိဟု ခံစားရသဖြင့် ထိုအမျိုးသမီးကိုပေးတွေ့လိုက်သည်။
ရွှီယွိသည် သတင်းသွားပြောပြီးနောက် ပြန်လာကာ ရှီမာယူယူ၏ အနောက်တွင် ရပ်နေလိုက်သည် “သခင် ဟိုင်မြန့်ကို နေခိုင်းမှာလား”
“အကြံပြုစရာများရှိလို့လား” ရှီမာယူယူ မေးလိုက်သည်။
“ဒီအစေခံက ဒီအကြောင်းတွေကို ဘာမှမတွေးတတ်ပါဘူး.. သူမက လူ ကောင်းတစ်ယောက်ပါလို့ပဲ ခံစားရပါတယ်.. ဒါပေမဲ့ သူမရဲ့ သရုပ်မှန်က နည်း နည်း အထိမခံနိုင်ဘူး.. ပြီးတော့ သူမကို တစ္ဆေကြင်ယာတော်က ခေါ်လာခဲ့ တာလေ.. ပြီးတော့ သူမကို မင်းသားလေးက နှိပ်စက်ထားတာ.. သူမကို မင်းသမီးလေးဆီပေးလိုက်ရတာကို ဘာမှမပြောပေမဲ့ ဟိုင်မြန့် သူ့ရှေ့မှာ ပေါ် လာရင် အရင်ကဖြစ်ခဲ့တာတွေကို ပြန်တွေးမိမယ်ထင်တယ်” ရှီယွိသည် သူမ၏ ထင်မြင်ချက်ကို ပြောပြလေသည်။
ရှီမာယူယူသည် မျက်ခုံးများကိုပင့်မိသည် “အဲတော့”
“ဒါက ဒီအစေခံရဲ့ ကိုယ်ပိုင်ထင်မြင်ချက်ပါ ဟိုင်မြန့်က နေလို့ရပါတယ်.. ဒါပေမဲ့ သခင့်ဘေးမှာတော့ နေလို့မရဘူး.. ပြီးတော့ နန်းတော်ထဲမှာလည်း နေလို့မရဘူး” ရှီယွိ ပြောလိုက်သည်။
“မင်း အဲလိုပြောတာကို ကြည့်ရတာတော့ သူမအတွက် နေရာကောင်း တစ်ခုကို ရှာတွေ့ပြီးပြီထင်တယ်” ရှီမာယူယူ ပြုံးလိုက်သည် “ဘာပြောမလဲလို့ နားထောင်ကြည့်တာပေါ့”
“စစ်သူကြီးဆီမှာ လူတွေကို အထူးလေ့ကျင့်ပေးတဲ့ နေရာတစ်ခုရှိပါတယ် ကိုယ်သာကြိုးစားရင် အဲဒီလေ့ကျင့်ရေးကနေထွက်လာတာနဲ့ အရမ်းထူးချွန် သွားမှာပါ” ရှီယွိ ပြောလိုက်သည်။
“ဝမ်းကွဲရဲ့ လေ့ကျင့်ရေးစခန်းလား.. အဲဒီက အရမ်းကိုတင်းကြပ်တယ်လို့ ကြားတယ်” ရှီမာယူယူ ပြောလိုက်သည် “ဟိုင်မြန့်က ဟိုင်ရှင်းထက် ကိုယ်လုံးကိုယ်ထည် အတူတူလောက်ဆိုပေမဲ့ ဟိုင်ရှင်းတို့ထက် နည်းနည်း အသက်ပိုကြီးတယ်.. ပြီးတော့ ဒီနှစ်တွေမှာ ဒီလောက်အများကြီးကြုံခဲ့တာဆို တော့ သူမမှာ အရည်အချင်းအများကြီးမရှိလောက်ဘူး.. အဲဒီနေရာကို သွားလို့ အဆင်ပြေပါ့မလား”
“သူတို့က သူမရဲ့ အခြေအနေနဲ့လိုက်ပြီးတော့ အစီအစဉ်ချပေးပါတယ်.. နည်းနည်းကြမ်းမယ်ဆိုပေမဲ့ သူမသာ ဆန္ဒရှိရင် တောင့်ခံနိုင်မှာပါ.. သူမလုပ်နိုင် မယ်လို့လည်း ကျွန်မယုံတယ်” ရှီယွိသည် ဟိုင်မြန့်ကို ယုံကြည်ချက်ရှိနေသည်။
တကယ်တော့ သူတို့သည် ထိုနည်းလမ်းကို အတူဆွေးနွေးပြီးဖြစ်သည်။ ဟိုင်မြန့်နန်းတော်ထဲတွင်နေသည်မှာ အန္တရာယ်ရှိပြီး ရှီမာယူယူ၏ ဘေးတွင် နေသည်မှာ သူမကို ပြဿနာတိုးစေသည်ဟု ဟိုင်ရှင်းနှင့် ဟိုင်ရှီးတို့နှစ်ယောက် လုံး တွေးထားကြသည်။ ထို့ကြောင့် နန်းတော်ထဲမှထွက်သွားခြင်းသည် အကောင်းဆုံးရွေးချယ်မှုသာဖြစ်သည်။ ဒိကျဲ့၏ အိမ်တော်သို့သွားရန်မှာ လန်ဖန်း၏ အကြံပြုချက်ဖြစ်သည်။ ပြီးခဲ့သည့်တစ်ခေါက် သူ ဒိကျို့နှင့် ရှီကျို့ တို့နှင့် ဆက်ဆံရချိန်တွင် စကားများစွာပြောခဲ့သည်။ ထို့ကြောင့် ဒိမိသားစု၏ စစ်တပ်အကြောင်းကို သိထားသည်။ ထို့ကြောင့် အကြံပြုခြင်းဖြစ်သည်။
ဟိုင်ရှီးသည်လည်း ထိုအကြံကို မထောက်ခံပေ။ သူသည် စိုးရိမ်နေသော် လည်း တခြားသူများသည်တော့ ထောက်ခံကြသည။ ရှီမာယူယူ၏ ဘေး၊ နန်းတော်ထဲတွင် နေထိုင်သည်မှာ မကောင်းလှပေ။ သို့သော် သူမ ထွက်သွား သည်နှင့် နေရာအခိုင်အမာမရှိလျှင် မလုံခြုံနိုင်ပေ။ ဒိကျဲ့၏ လေ့ကျင့်စခန်းသို့ သွားခြင်းသည် အကောင်းဆုံးထင်မြင်ချက်ပင်။
ဟိုင်ရှင်းသည် ဟိုင်မြန့်ကိုခေါ်ပြီးဝင်လာသည်။ ဟိုင်မြန့်သည် ရှီမာယူယူ အားဒူးထောက်ပြီး သုံးကြိမ်တိုင်တိုင် ဦးညွှတ်ကန်တော့ကာ ပြောလေသည် “ကယ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် မင်းသမီးလေး”
“ထပါ” ရှီမာယူယူသည် သူမကို ထူလိုက်သည် “အခု မင်းကိုကြည့်ရတာ တော့ တော်တော်လေး ပြန်ကောင်းလာနေတာပဲ.. အဲလိုဆိုရင် ဟိုင်ရှင်းတို့ အရမ်းကြီး စိတ်ပူစရာမလိုတော့ဘူးပေါ့”
“မင်းသမီးလေးက ဟိုင်ရှင်းတို့ကြောင့် ကျွန်မကိုကယ်တယ်ဆိုတာ သိပါ တယ်.. ဟိုင်ရှင်းတို့မှာ မင်းသမီးလေးလိုမျိုး သခင်ရှိတာ အရမ်းကိုကံကောင်းပါ တယ်” ဟိုင်မြန့်သည် သူတို့အတွက် ကံကောင်းသည်ဟုခံစားမိသည်။ သူတို့ သည် သူမကဲ့သို့ အတွေ့အကြုံမျိုးမရှိခဲ့ပေ။
“မင်း သူတို့နဲ့ ဆွေးနွေးပြီးပြီလို့ကြားတယ်… ဝမ်းကွဲအစ်ကိုရဲ့ နေရာကို သွားမှာသေချာလား” ရှီမာယူယူ သူမကိုမေးလိုက်သည်။
“မင်းသမီးလေးသာ ခွင့်ပြုမယ်ဆို ကျွန်မသွားချင်ပါတယ်” ဟိုင်မြန့် ပြော လိုက်သည် “မင်းသမီးလေးက ကျွန်မကို တခြားဟာလုပ်ခိုင်းချင်လည်း စိတ်ပါ လက်ပါလုပ်မှာပါ”
ယခုအချိန်တွင် သူမသည် ရှီမာယူယူ၏ လူတစ်ယောက်ဖြစ်သည်ဟု တွေးမရပေ။ သို့သော် ရှီမာယူယူ၏ စကားများကို နားထောင်ရမည်ပင်။
“မင်းသာ တောင့်ခံနိုင်မယ်လို့ ထင်ရင် အဲဒီကိုသွားလိုက်တာ ကောင်းတာ ပေါ့.. အနည်းဆုံးတော့ ထွက်လာရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ့် စွမ်းရည်ရှိသွားတာပေါ့” ရှီမာယူယူ ပြောလေသည် “ငါ ဝမ်းကွဲအစ်ကိုကို စာပို့ ပြီး သူတို့ကိုလာကြိုခိုင်းလိုက်မယ်”
“ကျေးဇူးတင်ပါတယ် မင်းသမီးလေး” ဟိုင်မြန့်သည် ဝမ်းသာစွာဖြင့် ပြော လေသည်။
သူမသည် ဒိကျဲ့၏ လေ့ကျင့်ရေးစခန်းသို့ သွားချင်သည်။ အနှစ် ၂၀ ကြာ အခက်အခဲများ ဖြတ်သန်းလာပြီးနောက် ထိုသတင်းများကိုလည်း ကြားမိ သည်။
နတ်ဆိုးကဲ့သိ့ လေ့ကျင့်ရေးများ၊ ပြောင်မြောက်သည့် အရင်းအမြစ်များ။ ကိုယ်သာ တောင့်ခံနိုင်လျှင် ကျွမ်းကျင်သူဖြစ်နိုင်သည်။
သို့သော် လုပ်ငန်းစဉ်မှာ အလွန်ရှည်သည်။ ထို့ကြောင့် အများစုမှာ လေ့ကျင့်ရေး စခန်းကို ပြီးသည်အထိမဝင်နိုင်ပေ။
“ဝမ်းကွဲအစ်ကိုရဲ့နေရာကိုသွားတော့ မင်းက ဝမ်းကွဲအစ်ကိုရဲ့ လူတွေထဲ က တစ်ယောက်ဖြစ်သွားပြီ” ရှီမာယူယူ တိုက်တွန်းလေသည်။ သူမသည် လူ အများအပြားမလိုပေ။ သူမသည် ဟိုင်မြန့်ကို သွားစေပြီး ဒိကျဲ့ကို သခင်အဖြစ် သတ်မှတ်စေလိုသည်။
“ဟိုင်မြန့် နားလည်ပါတယ်” သူမသည် ရှီမာယူယူ၏ ဆိုလိုရင်းကို နားလည်သည်။ အနာဂတ်တွင် သူမသည် ဒိကျဲ့၏ လက်အောက်ငယ်သားဖြစ် သွားတော့မည်။ သူသည် သူမ၏ သခင်ဖြစ်ကာ သူ့စကားများကို နာခံရမည်။ သူမစိတ်ထဲတွင် သခင်နှစ်ယောက်မရှိနိုင်ပေ။
“ဒါဆိုရင် ဟိုင်ရှင်း၊ဟိုင်ရှီးတို့နဲ့ စကားကောင်းကောင်းပြောသင့်တယ်.. မင်းတို့တွေ မတွေ့ရတာလည်း တော်တော်ကြာနေပြီ” ရှီမာယူယူ ပြောလိုက် သည်။
“ကျေးဇူးတင်ပါတယ် မင်းသမီးလေး”
ဟိုင်ရှင်းနှင့် ဟိုင်မြန့်ထွက်သွားသည်နှင့် ရှီမာယူယူသည် ရှီယွိကိုလွှတ် ကာ ဒိယိကို သွားခေါ်ခိုင်းလိုက်သည်။
ဒိယိနှင့် ဒိအာတို့သည် ဒိကျဲ့၏ဘေးတွင် အမြဲရှိနေတတ်သူများဖြစ်ကာ သူ၏ ကိစ္စများကို စီမံသူများဖြစ်သည်။ ထို့ကြောင့် ဒိကျဲ့ထွက်သွားချိန်တွင် သူတို့နှစ်ယောက်ကို အတူခေါ်မလာခြင်းဖြစ်သည်။
ဒိယိနန်းတော်သို့ ဝင်လာသည်နှင့် ရှီမာယူယူသည် ဟိုင်မြန့်၏ အခြေအနေကို ရှင်းပြလိုက်သည်။
ဒိယိသည် ဟိုင်မြန့်ကို တစ်ခါမှမမြင်ဖူးပေ။ သို့သော် အရင်ကတော့ စုံစမ်း ဖူးသည်။ ထို့ကြောင့် ဟိုင်မြန့်၏အခြေအနေကို သိထားသည်။
“မင်းသမီးလေး.. သူမကို ခေါ်ထားရတာက ပြဿနာမဟုတ်ပါဘူး ဒါပေမဲ့ အဲဒီက လေ့ကျင့်ရေးတွေက အရမ်းကြမ်းပါတယ်.. သူမက မိန်းကလေးပါ.. သူမ ကို အဲဒီကိုခေါ်တာက ကောင်းပါ့မလား” ဒိယိ ပြောလိုက်သည်။
“သူမ လေ့ကျင့်ရေးတွေကို ခံနိုင်ရည်မရှိမှာစိုးနေတာလား” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်ပါတယ် ယောက်ျားတွေတောင် လူတိုင်းမခံနိုင်ကြဘူး” ဒိယိ ဝန်ခံ သည်။
“မစမ်းကြည့်ရင် အလုပ်မဖြစ်ဘူးလို့ ဘယ်လိုသိမှာလဲ” ရှီမာယူယူ ပြော လိုက်သည် “သူမ တောင့်ခံနိုင်တာလည်း ဖြစ်နိုင်တာပဲ”
“မင်းသမီးလေးက ဒီလိုပြောမှတော့ သူမကို ခေါ်သွားလိုက်ပါမယ်” ဒိယိ ပြန်ဖြေလိုက်သည်။
“ငါ သူမနဲ့ပြောပြီးပြီ.. သူမ အဲဒီကိုသွားရင် ဝမ်းကွဲအစ်ကိုရဲ့လူဖြစ်လာ လိမ့်မယ်.. နောက်ဆိုရင် သေရေးရှင်ရေးကလွဲပြီး ငါ့ဆီသတင်းပို့ဖို့မလိုတော့ ဘူး” ရှီမာယူယူ ပြောလိုက်သည်။
ဟိုင်မြန့်၏ အခြေအနေကို သိနေခြင်းသည် သေဆုံးသွားသည်ထက် တော်သေးသည်။
ဒိကျဲ့သည် သူမ၏ ဆိုလိုရင်းကို နားလည်သဖြင့် ခေါင်းညိတ်လိုက်သည်။
ရှီမာယူယူသည် ရှီယွိကို ဟိုင်မြန့်အားသွားခေါ်စေပြီး ဒိယိဆီသို့လွှဲပေး သည်။ ပြီးသည်နှင့် သူသည် သူမကိုခေါ်ပြီးထွက်သွားလေသည်။
ဟိုင်ရှင်းနှင့် ဟိုင်ရှီးတို့သည် သူမကို လိုက်ပို့ကြသည်။ သူတို့နှစ်ယောက် ပြန်လာသောအခါ မျက်လုံးများ နီရဲလာကြသည်။
“သူမအတွက် လမ်းရှိသွားပါပြီ အခုကိုကံကောင်းနေပါပြီ” ရှီယွိသည် သူ တို့နှစ်ယောက်ကို နှစ်သိမ့်ပေးလေသည်။
“ကျွန်မတို့နားလည်ပါတယ်.. ဒီလောက်မြန်မြန်ကြီး ခွဲရလိမ့်မယ်လို့ ထင် မထားရုံပါ ပြန်တွေ့တာမကြာသေးတော့ ဝမ်းနည်းရုံတင်ပါ” ဟိုင်ရှင်းသည် နှုတ်ခမ်းတွန့်ပြီး ပြုံးဟန်ပြုသည်။
လန်ယွင်သည် အပြင်မှဝင်လာပြီး ရှီမာယူယူကို ဦးညွှတ်ကာ ပြောလိုက် သည် “မင်းသမီးလေး သခင်မိုယွိလာပါတယ်”
ရှီမာယူယူ အံ့ဩသွားသည်။ သူသည် မိုမျိုးနွယ်မှ ယခုလေးတင်ပြန်လာ ခြင်းဖြစ်သည်။ နောက်လနေမှပြန်လာလျှင်တောင် အတော်လေးမြန်နေပြီဖြစ် သည်။
***