← Chapters

မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်း၏ စစ်မှန်မှု

Vol. 148 Ch. 2063

မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်း၏ စစ်မှန်မှု

Vol. 148 Ch. 2063

မိုယွိဝင်လာချိန်တွင် သူ့ခန္ဓာကိုယ်၌ သွေးနံ့ခပ်ဖျော့ဖျော့ရှိနေသည်။ ရှီမာယူယူ သူ့ကို စစ်ကြည့်လိုက်သည်။ မည်သည့်ဒဏ်ရာမှမမြင်မိသဖြင့် သူ အခြေအနေကောင်းသည်ကို သိလိုက်သည်။

“အခုလေးတင် တိုက်ခိုက်လာတာလား” သူမ မေးလိုက်သည်။

“ဟုတ်တယ်” မိုယွိသည် များများစားစားမပြောပေ။

သူ့ကိုပါ လှုပ်ရှားအောင်လုပ်နိုင်သူမှာ အဆင့်အတန်းမြင့်လှသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထိုလူသည် တစ္ဆေကြင်ယာတော်၏ လက်အောက်မှလူ ဟုတ်သည်မဟုတ်သည်ကို သူမ သိချင်မိသည်။

“မင်း မရဏာစံတင်အဆင့်ကို ကျော်နိုင်သွားပြီလား” သူ မေးလိုက်သည်။

ရှီမာယူယူသည် ခန္ဓာကိုယ်ထဲမှ မရဏာစွမ်းအားကို ထုတ်လွှတ်လိုက် သည်။ အမှန်တကယ်ပင် မရဏာစံတင်စွမ်းအားဖြစ်သည်။ မိုယွိသည် ခေါင်းညိတ်ပြီး ပြောလိုက်သည် “သွားရအောင်”

“ဘယ်ကိုလဲ”

“မင်းအဘိုးတော်ရဲ့ အိပ်ခန်းကိုလေ”

သူတို့နှစ်ယောက်သည် တစ္ဆေဘုရင်၏ အိပ်ခန်းသို့သွားကြသည်။ အစောင့်များသည် မိုယွိနှင့် ရှီမာယူယူတို့ အတူလာကြသည်ဟု သတင်းရလိုက် သည်နှင့် မည်သူမှ မတားကြပေ။

သူတို့နှစ်ယောက်သည် အိပ်ခန်းထဲသို့ ဝင်လိုက်ကြသည်။ မိုယွိသည် အနောက်ဘက်ရှိ နံရံသို့သွားကာ ကျောက်တုံးများထဲမှ တစ်တုံးကို ဖိနှိပ်လိုက် သည်။ ကျောက်တုံးသည် အရှေ့သို့ပြန်ကန်ထွက်လာပြီးနောက် ပြန်ဝင်သွား သည်။

ပွင့်သွားသည်။ အပြင်ပန်းပုံသဏ္ဍာန်မှာ တခြားကျောက်တုံးများနှင့် ဆင်ဆူသည်။ သို့သော် အထဲတွင် သေတ္တာတစ်လုံးရှိနေသည်။

မိုယွိသည် အပြင်ဘက်မှ ယန္တရားကိုဖယ်ရှားပြီး သေတ္တာထုတ်ကာ ရှီမာယူယူအား ‌ပေးလိုက်သည် “ဒီသေတ္တာကို မင်းရဲ့ရောင်ဝါနဲ့ပဲ ဖွင့်လို့ရမယ်”

ဤကဲ့သို့ ကန့်သတ်ချက်များကို ရှီမာယူယူသိသည်။ သူမသည် သေတ္တာ ယူလိုက်ပြီး သူမ၏ရောင်ဝါထုတ်လွှတ်လိုက်သည်။ သော့ပေါ်မှ ကန့်သတ်ချက် မှာပျောက်ကွယ်သွားသည်။ သူမ ဖွင့်ကြည့်ရာ အထဲတွင် မြောက်မျက်နှာ အံ့ဖွယ်ချိပ်စည်းနှင့်တူသည့် လေးမျက်နှာအံ့ဖွယ်ချိပ်စည်းတစ်ခုကိုတွေ့လိုက် သည်။ လေးမျက်နှာအံ့ဖွယ်ချိပ်စည်း၏ အောက်ခြေတွင် “အရှေ့” ဆိုသည့် စာလုံးကိုထွင်းထုထားသည်။

“အရှေ့မျက်နှာအံ့ဖွယ်ချိပ်စည်း” ရှီမာယူယူသည် လေးမျက်နှာအံ့ဖွယ် ချိပ်စည်းကို ကောက်ယူပြီးနောက် မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းကို ထုတ် လိုက်သည်။ သူမသည် လေးမျက်နှာအံ့ဖွယ်ချိပ်စည်းနှစ်ခုကို ကပ်လျက်ထား လိုက်သည်။ တစ်ပုံစံတည်းပင်။ မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းမှာ လေဒဏ်၊ နှင်းဒဏ် ရွှံပေကပ်ခြင်းများ မရှိခဲ့ပါက ထိုနှစ်ခုကိုခွဲခြားရန်ခက်ပေတော့မည်။

“ဒီအတိုင်းကြည့်ရတာတော့ မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းက အစစ်နဲ့ တူတယ်” ရှီမာယူယူ ပြောလိုက်သည် “အဲဒါကို ဘယ်လိုအတည်ပြုမှာလဲ”

“အရမ်းကိုရိုးရှင်းတယ်လို့ ဘုရင်ကြီးပြောတယ်.. လေးမျက်နှာအံ့ဖွယ် ချိပ်စည်းနှစ်ခုရဲ့ မရဏာစွမ်းအင်ကို တစ်ချိန်တည်းထုတ်လွှတ်ရမယ်.. အစစ် သာဆိုရင် အဲနှစ်ခုကြားမှာ ဆွဲငင်မှုရှိလိမ့်မယ်” မိုယွိသည် အရှေ့မျက်နှာအံ့ဖွယ် ချိပ်စည်းကိုယူကာ ရှီမာယူယူနှင့်အတူ တစ်ခုချင်းစီ မရဏာစွမ်းအား ထည့် လိုက်သည်။

လေးမျက်နှာအံ့ဖွယ်ချိပ်စည်းနှစ်ခုလုံးမှ အဖြူနှင့်အစိမ်းရောင် အလင်း တန်း ခပ်ဖျော့ဖျော့ ထွက်လာသည်။ အလင်းတန်းနှစ်ခုသည် ရောယှက်သွား သည်။ မတူညီသော အလင်းတန်းဖြစ်သည်မှာ သေချာသော်လည်း နှစ်ခုမှာ တစ်သားတည်းဖြစ်သွားကာ ခွဲခြားရန်ပင်ခက်ခဲလလေသည်။

သူတို့သည် လုံးဝပင်ပေါင်းစပ်သွားလေသည်။

မိုယွိသည် ဝိညာဉ်စွမ်းအင်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ရှီမာယူယူလည်း ရပ်လိုက်သည်။ လေးမျက်နှာအံ့ဖွယ်ချိပ်စည်းမှ အလင်းတန်းများလည်း ပြန်ကျ သွားကာ လေထဲမှ ရောယှက်နေသောအလင်းတန်းသည် တစ်ခဏမျှ ကျန်ရှိ ကာ ပျောက်ကွယ်သွားလေသည်။

“အခု စိတ်ချလို့ရပြီ” မိုယွိ ပြောလိုက်သည်။

ရှီမာယူယူ ရယ်မောလိုက်သည်။ အရင်က လေးမျက်နှာအံ့ဖွယ်ချိပ်စည်း များ၏ တည်နေရာကို မသိစဉ်က သူမ စိုးရိမ်ခဲ့ရသည်။ သူမလက်ထဲတွင် မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းရှိသော်လည်း မစဉ်းစားရဲပေ။

သူမလက်ထဲမှ အံ့ဖွယ်ချိပ်စည်းသာ အစစ်မဟုတ်လျှင် သူမ လုပ်ရမည် မှာ…

ကံကောင်း၍ အစစ်ဖြစ်နေသည်။

“အဘိုးမှာ အရှေ့မျက်နှာအံ့ဖွယ်ချိပ်စည်းရှိနေတာကို ကျွန်မကိုကျမပြော ဘူး…” ရှီမာယူယူ သက်ပြင်းချလေသည် “အဲတော့ တခြားလေးမျက်နှာအံ့ဖွယ် ချိပ်စည်းအကြောင်းကို အဘိုးက ပြောခိုင်းထားတယ်မလား”

“အနောက်မျက်နှာအံ့ဖွယ်ချိပ်စည်းက ချင်းဟွမ်ရဲ့လက်ထဲမှာရှိတယ် တောင်မျက်နှာအံ့ဖွယ်ချိပ်စည်းက အသူရာငရဲရဲ့ အုပ်ချုပ်သူလက်ထဲမှာရှိတယ်” မိုယွိ ပြောလေသည် “တခြားလေးမျက်နှာအံ့ဖွယ်ချိပ်စည်းလိုချင်ရင်တော့ မင်း ထင်ထားတာထက် ပိုခက်လိမ့်မယ်”

ရှီမာယူယူ နားလည်သည်။ အသူရာငရဲတွင် ဂယက်ထသွားမည်ကို မဆို နှင့်.. ချင်းဟွမ်တစ်ယောက်နှင့်ပင် လွယ်ကူမည်မဟုတ်ပေ။ ချင်းဟွမ် သူမ၏ မိခင်ကိုလုပ်ခဲ့သည်များကို ပြန်တွေးပြီး အနောက်မျက်နှာအံ့ဖွယ်ချိပ်စည်းကို ရချင်သည်မှာ ကောင်းကင်ဘုံကို သွားသကဲ့သို့ ခက်ခဲပေမည်။

သို့သော် ခက်ခဲလျှင်တောင် သူမတွင် ရွေးချယ်စရာမရှိပေ။ သူမသည် ဆက်လုပ်ရမည်ပင်။ အတင်းဖိအားပေး ယူရမည်လားပင် မသေချာပေ။

“ချင်းဟွမ်ရဲ့ဘေးမှာ ကျွမ်းကျင်သူတွေချည်းပဲ.. သူကိုယ်တိုင် အစွမ်းအစ ကလည်း အရမ်းသန်မာတယ်.. သူ့ဆီကလုချင်ရင်တော့ ဘယ်လိုသေမလဲဆို တာ ကြိုတွေးထားသင့်တယ်” မိုယွိသည် သူမကို ထိုးနှက်လေသည်။

“ဖိအားပေးပြီးတော့ ယူလို့မရနိုင်ဘူး အဲတော့ ဉာဏ်သုံးပြီးတော့ ယူရ မယ့်ပုံပဲ” ရှီမာယူယူ ပြောလိုက်သည် “ကြည့်ရတာ အခြေအနေကို ပိုနားလည် ဖို့ ဝိညာဉ်နယ်မြေကိုသွားရမယ့်ပုံပဲ”

အနောက်မျက်နှာအံ့ဖွယ်ချိပ်စည်းသည် အသူရာငရဲတွင်ရှိသည်။ သူမ သည် ချင်းဟွမ်နှင့် ရှင်းပြီးမှပင် သွားမည်။ သည်လိုနှင့် လေးမျက်နှာအံ့ဖွယ် ချိပ်စည်းများယူပြီး မိခင်ဖြစ်သူကို ကယ်နိုင်မည်ဖြစ်သည်။

“ချင်းဟွမ်က အကျိုးအမြတ်ကို ဦးစားပေးတယ်.. အဲအချက်နဲ့စလို့ရ တယ်” မိုယွိသည် သူမကို သတိပေးလေသည် “မင်း သွားရင်တော့ ယွင်ရာနဲ့ ဖေးယိကို အကူအညီတောင်းလို့ရတယ်”

“ဟုတ်ပြီ စဉ်းစားကြည့်လိုက်မယ်” ရှီမာယူယူ ခေါင်းညိတ်လေသည်။

“လိုအပ်လာရင် မင်းဘေးကလူတွေကို အသုံးချလို့ရတယ်.. သူတို့က မင်း နောက်ကိုလိုက်နေတာပဲ.. မင်းနောက်ကို နေ့တိုင်းသာလိုက်နေတာ ဘာမှမလုပ်ရတာတော့ မဖြစ်သင့်ဘူး” မိုယွိ ပြောလိုက်သည်။

သူသည် အရိပ်မည်းတို့အကြောင်း ပြောနေသည်ကို ရှီမာယူယူသိသည်။ ဆိုလိုသည်မှာ အကူအညီလိုအပ်လာလျှင် မရဏာလောက၏စွမ်းအားကို ငှားနိုင်သည်ဟု သူ ပြောနေခြင်းဖြစ်သည်။

သူမသည် အရင်က ဟွမ်ကိုရှာလေ့မရှိသော်လည်း နောက်ဆုံးတွင် ရွေးချယ်စရာမရှိတော့ဘဲ ထိုနည်းလမ်းကို မငြင်းဆန်တော့ပေ။

သူမသည် လေးမျက်နှာအံ့ဖွယ်ချိပ်စည်းနှစ်ခုကို သိမ်းပြီး တစ္ဆေဘုရင်၏ အိပ်ခန်းမှ မိုယွိနှင့်အတူ ထွက်လာလိုက်သည်။ တစ္ဆေကြင်ယာတော်၏ နန်းတော်ကို အဝေးမှမြင်နေရသောအခါ တစ္ဆေကြင်ယာတော်နှင့် တွေ့ဆုံခဲ့ သည့်အကြောင်းကို ပြောပြလိုက်သည်။

“သူမရဲ့ အကြည့်က နည်းနည်းထူးဆန်းတယ်လို့ ခံစားနေရတယ်.. ဒါပေမဲ့ စကားနဲ့ပြောလို့မရဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ခုနောက်ပိုင်း တစ္ဆေကြင်ယာတော်ရဲ့ အပြုအမူတွေက ကျယ်ပြန့်လာ တယ်.. ဘုရင်ခံတော်တော်များများလည်း သူမနဲ့ ပြဿနာဖြစ်ကြလို့ မင်းဝမ်းကွဲ အစ်ကိုလည်း စိတ်ဖိစီးနေတယ်.. တစ္ဆေကြင်ယာတော် လုပ်နေတာတွေကြောင့် သာမဟုတ်ရင် ငါလည်း မင်းနောက်ကိုလိုက်ပြီး ဝိညာဉ်နယ်မြေကိုလိုက်ခဲ့ပါ တယ်”

“အဘိုးက တံခါးပိတ်ကျင့်ကြံနေလို့ ဒီလိုဖြစ်နေတာလေ.. အဲဒါကို သူတို့ က အခွင့်အရေးလို့မြင်နေတာ” ရှီမာယူယူ ပြောလိုက်သည် “အဘိုးက လိုချင် တာကို စမ်းကြည့်ရုံပဲ၊ ရလဒ်ထွက်လာမှာမဟုတ်ဘူးလို့ သူတို့ထင်နေတာဖြစ် မယ်.. အဲဒါကြောင့် သူ တံခါးပိတ်ကျင့်ကြံနေတုန်းကို အခွင့်အရေးယူပြီး လှုပ်ရှားနေကြတာပဲ.. အဘိုးထွက်လာရင် အကုန်လုံး ဖြေရှင်းပြီးသားဖြစ်သွား မှာပါ.. ဘယ်လိုပဲဖြစ်ဖြစ် သူထပ်ပြီးအဆင့်တက်စရာလည်းမရှိတော့ဘူး”

“မင်းက မင်းအဘိုးကို အရမ်းယုံကြည်မှုရှိနေသလိုပဲ”

“ဒါပေါ့” ရှီမာယူယူ ရယ်မောလေသည်။

ဤဖြေရှင်းချက်မှာ သက်ရောက်မှုမရှိလျှင် တစ္ဆေဘုရင်သည် အနှစ် ၂၀ မျှ တံခါးပိတ်ကျင့်ကြံနေမည်မဟုတ်ပေ။ သူ အထဲတွင် ကြာကြနေလေလေ အောင်မြင်နိုင်ချေများလေလေဖြစ်သည်။

“သူက ကောင်းကင်ဘုံကို ဆန့်ကျင်တိုက်ခိုက်ဖို့လိုတယ်”

“ကျွန်မသိပါတယ်.. ဒါပေမဲ့ ကောင်းကင်ဘုံကို ရင်ဆိုင်လို့မရဘူးလို့ ဘယ်သူမှ မပြောခဲ့ဘူးလေ နည်းလမ်းမှန်မှန်ကိုရှာတွေ့ရင်ရပြီ” ရှီမာယူယူ ပြောလိုက်သည် “အဘိုးသာ ဒီတစ်ခေါက်အောင်မြင်ရင် ရှင့်ကို နည်းလမ်းပြော ပြမယ်.. သူ မအောင်မြင်ရင်တော့ မျှော်လင့်ချက်အမှားတွေပေးတယ်လို့ အပြောမခံနိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်ပါပြီ” တစ္ဆေဘုရင်၏ နည်းလမ်းမှာ သက်ရောက်မှုရှိမည်ဟု မိုယွိ လည်း မျှော်လင့်မိသည်။ ထိုအခါမှသာ သူလည်း အထက်သို့တက်နိုင်မည် ဖြစ် သည်။

အသက်ရှင်နေရင်းနှင့် ကြောက်စရာအကောင်းဆုံးကိစ္စမှာ ရှေ့ဆက် မတိုးတက်နိုင်တော့သည့်ကိစ္စဖြစ်ကာ ဆက်လက်ကြိုးစားချင်စိတ်ပျောက်စေ သည်။

မိုယွိသည် သူမကို ငယ်ရွယ်ခြင်းနန်းတော်ကို ပြန်လိုက်ပို့သည်။ သူ ထွက် မသွားခင်တွင် သူမ ဘယ်တော့ထွက်သွားမည်ကို မေးမြန်းခဲ့သည်။ သူမသည် ဝူလင်းယူပြန်လာသည်ကို စောင့်ပြီး၊ ချင်းဟွမ်၏ သတင်းကို ကောင်းကောင်း နားလည်ပြီးမှသွားချင်သည်ဟု ဆိုသည်။

သန်မာသော ပြိုင်ဘက်နှင့်ရင်ဆိုင်ရန် သူ့အခြေအနေကို အရင်နားလည် အောင်လုပ်ရန် လိုအပ်သည်။ ပြီးသည်နှင့် ဆုံးဖြတ်ချက်ချပြီးမှ သွားရမည်။

ထိုစကားကိုကြားသောအခါ မိုယွိသည် အင်ပါယာမြို့တော်တွင် ရှိနေမည် မဟုတ်သဖြင့် သူမ ထွက်သွားချိန်တွင် အသိပေးရန်မလိုကြောင်း ပြောလေ သည်။ မည်သို့ပင်ဖြစ်စေကာမူ သူသည် သူမကိုလိုက်ပို့မည်မဟုတ်ပေ။ ထို့နောက် သူထွက်သွားလေသည်။

ရှီမာယူယူ နှုတ်ခမ်းတွန့်မိသည်။ သူ့ကိုယ်သူ အရမ်းအထင်ကြီးနေတာပဲ သူမကဖြင့် အစကတည်းက သူ့ကိုပြောဖို့စိတ်ကူးမရှိဘူး။ သို့သော် သူမ မပြော လိုက်ရသေးခင်မှာပင် သူ ပျောက်ကွယ်သွားလေသည်။

ထားလိုက်ပါတော့… သူမ ဒီနေ့ ခံစားချက်ကောင်းနေတနာဆိုတော့ သူနဲ့ လိုက်တွက်ကပ်နေဖို့မလိုတော့ဘူး။

“ငါ ခံစားချက်တွေကောင်းနေပြီ.. မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းက တကယ်ပဲ အစစ်ဖြစ်တဲ့ပုံပဲ” ဖူရှီသည် တိုင်လုံးကိုမှီကာ နှုတ်ခမ်းဆူလေသည် “အာ.. ကြည့်ရတာ သစ်ချသီးထုဖို့ တူပျောက်သွားပြီထင်တယ်”

ရှီမာယူယူ ရယ်မောလေသည်။

ကျန်ချိပ်စည်းများမှာ မည်သည့်နေရာတွင်ရှိနေသလဲဟု ဖူရှီ သူမကို မေး ချင်သည်။ သို့သော် မေးရန်အချိန်မသင့်တော်ပေ “ဧည့်သည်တွေရောက်နေ တယ် သူတို့က အထဲမှာ မင်းကိုစောင့်နေကြတယ်”

***

All Chapters