← Chapters

ဖူရှီပေါ်လာခြင်း

Vol. 148 Ch. 2064

ဖူရှီပေါ်လာခြင်း

Vol. 148 Ch. 2064

အထဲတွင်စောင့်နေကြသောလူများသည် ရှီမာယူယူကိုတွေ့သည်နှင့် အံ့ဩကြသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူမလည်း အံ့အားသင့်မိသည်။

“ယူယူ.. နောက်ဆုံးတော့ မင်းကိုတွေ့ရပြီပဲ.. ကောင်မလေး မင်းရဲ့ နေရာ ကအမြဲလျှို့ဝှက်ဆန်းကြယ်နေတာ.. အချိန်တိုင်းငါတို့ပြန်လာတိုင်း မင်းက အင်ပါယာမြို့တော်မှာရှိမနေဘူး”

သူမ၏မျက်လုံးကို ပထမဆုံးဖမ်းစးထားသည်မှာ ပန်းရောင်ပင်ဖြစ်သည်။ လမ်းလျှောက်လာသည့် ပန်းရောင်ဝတ်ထားသည့်သူနှင့် လန်ယွိမှလွဲ၍ တခြား သူကိုတော့ တစ္ဆေလောကတွင် သူမ မတွေ့ဖူးပေ။

တစ်ခုကောင်းသည်မှာ သူသည် ယောက်ျားလေး မိန်းကလေးကို ခွဲခြားသိ နေသဖြင့် သူမရှေ့သို့ရောက်သောအခါ ခုန်တော့မတက်ပေ။ သို့သော် သူ့ကို ဖြတ်ကျော်သွားမှပင် သူ စည်းတားထားခြင်းမဟုတ်ဘဲ ယွိရှီသည် သူ၏ စကတ် ကို ဆွဲထားသောကြောင့် မခုန်နိုင်ခြင်းဖြစ်လေသည်။

ယွိရှီဘေးတွင် ထိုင်နေသူမှာ မုရုန်ဟွေ့ဖြစ်သည်။ မုရုန်ဟွေ့သည် သူမကို မြင်သောအခါ ပြုံးလေသည်။

“အဖေ ဦးလေး ဘာလို့ ဒီကိုလာကြတာလဲ” ရှီမာယူယူသည် လျှောက် သွားရင်းနှင့် ပြုံးလိုက်သည်။

“သမီးပြန်လာပြီဆိုတာကြားလို့လေ… အဖေတို့လည်း ဒီနေရာနဲ့ မလှမ်းမကမ်းမှာရောက်နေတာနဲ့ ဝင်လာကြည့်တာ” မုရုန်ဟွေ့ပြောလိုက်၏။

တကယ်တော့ သူဆိုလိုသည့် ‘မလှမ်းမကမ်း’ ဆိုသည်မှာ အတော်အတန် ဝေးသည်ဟု တွေး၍ရသသည်။ သို့သော် သူမနှင့်တွေ့ရဖို့အတွက် ထိုခရီးမှာ သွားတန်သည်။

သူမ ယန်းမြို့တော်မှ ထွက်လာကတည်းကပင် သူမကိုမတွေ့ရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ သူမ ပြန်ရောက်သည်ဟု သတင်းကြားသည် နှင့် ချက်ချင်းပြေးလာချင်ခဲ့သသည်။ ယွိရှီနှင့် လန်ယွိတို့ပါ ဤနေရာသို့သွား မည်ဆိုသဖြင့် သူတို့နောက်လိုက်ကာ အတူလာခြင်းဖြစ်သည်။

“အဖေ တောင်းပန်ပါတယ် ဒီနှစ်တွေမှာ အဖေ့ကိုလာမတွေ့နိုင်ဘူး” ရှီမာယူယူသည် မုရုန်ဟွေ့ကို အပြစ်မကင်းသလိုကြည့်လိုက်သည်။

“အဲလိုမပြောနဲ့လေ.. ပြီးခဲ့တဲ့နှစ်တွေမှာ သမီး အများကြီးဖြတ်သန်းခဲ့ရ တယ်ဆိုတာကို အဖေတို့အကုန်သိတယ်.. အခုတွေ့ရတာတင်ကို ဝမ်းသာနေပါ ပြီ” မုရုန်ဟွေ့ ရယ်မောလေသည် “ပြီးခဲ့တဲ့တစ်ခေါက် စစ်မြေပြင်သွားတာ အရမ်းကောက်ဖို့ကောင်းတယ်.. နောက်တစ်ခါဆိုရင် အဲလိုအန္တရာယ်များတာ တွေမလုပ်နဲ့တော့… တစ်ခုခုဖြစ်ရင် သူတို့ကို ကိုင်တွယ်ခိုင်းလိုက်”

“စစ်မြေပြင်အကြောင်းကို ဘယ်လိုသိတာလဲ” ရှီမာယူယူ တအံ့တဩ မေးလိုက်သည်။

“သမီးက နှစ်တွေအများကြီးပျောက်နေတာလေ.. အဲဒါကြောင့် အဖေတို့ က စိတ်ပူတာပေါ့ ဘယ်လိုရှာရမလဲဆိုတာကိုလည်း မသိတော့ စစ်သူကြီးဒိကို သွားရှာခဲ့တယ်.. စစ်သူကြီးဒိက သမီးအကြောင်းပြောပြတယ်.. သမီးက လျှို့ဝှက်ဂိုဏ်းကိုဝင်ပြီး သွားလေ့လာတယ်လို့တောင် ပြောလိုက်သေးတယ်” မုရုန်ဟွေ့ပြောလေသည်။

“ယူယူ.. မင်းက လျှို့ဝှက်ဂိုဏ်းကိုတင်သွားတုန်းက သခင်ဖြစ်မလာသေး ခင် ပြန်မထွက်လာဘူးလို့ ပြောခဲ့တယ်မလား.. မင်းက အဲဒီကိုဝင်သွားတာ အနှစ် ၂၀ ကျော်ပဲရှိသေးတာ ထွက်ခွာခြင်းစာမေးပွဲကိုအောင်လာပြီလား” လန်ယွိ မေးလေသည်။

“သူတို့မှာ အဲလိုစည်းမျဉ်းရှိတာကို ရှင်တို့ကသိပြီးနေပြီပဲ.. အခု ရှင်တို့ ကျွန်မကိုမြင်နေရတယ် သေချာပေါက် အဲစာမေးပွဲကိုအောင်လို့ပေါ့” ရှီမာယူယူ ပြန်ဖြေလေသည်။

“မင်းက အချိန်တိုအတွင်းမှာ သခင်ဖြစ်လာတယ်.. မင်းက တကယ်ကိုပဲ မိုက်တာပဲ” လန်ယွိသည် ခံစားချက်ပါပါပြောလေသည်။

တကယ်တော့ သူသည်လည်း လျှို့ဝှက်ဂိုဏ်းမှထွက်လာသောကြောင့် လျှို့ဝှဥက်ဂိုဏ်း၏ စာမေးပွဲသည် လူတစ်ယောက်၏ အဆင့်အတန်းကြောင့် ကွဲပြားသွားမည်မဟုတ်သည်ကို သိထားသည်။ စာမေးပွဲစစ်ရန် စံသတ်မှတ် ချက်ရှိကာ ထိုစံသတ်မှတ်ချက်ကိုရောက်မှပင် သခင်တစ်ယောက်ဖြစ်လာနိုင် မည်။

“မင်း ခုနကဝင်လာတုန်းက ပျော်နေပုံပဲ တစ်ခုခုကောင်းတာများဖြစ်လို့ လား” ယွိရှီ သူမကို မေးလေသည်။

“ဟီးဟီး အခုတလော ပျော်စရာကိစ္စတွေဖြစ်နေတာ” ရှီမာယူယူ ပြော လိုက်သည်။

“အတိအကျပြောရရင် မင်းစိတ်ထဲမှာ မြှုပ်ထားခဲ့တဲ့ ကိစ္စကို အတည်ပြု ပြီးသွားပြီ.. နောက်ဆိုရင် ဘယ်လမ်းကိုလျှောက်ရမလဲဆိုတာ သိသွားပြီ”

ရှီမာယူယူ အံ့အားသင့်သွားသည် “ဘယ်လိုသိတာလဲ”

“မင်း ဒီလိုဖြစ်နေတာကို ကြည့်ရရင် ငါ မှန်းတာမမှားဘူးဆိုတာသိတယ် မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းကို တွေ့ပြီးပြီမလား” ယွိရှီ ပြောလိုက်သည်။

ရှီမာယူယူ ပို၍ပင်အံ့ဩသွားသည်။ သူက မြောက်မျက်နှာအံ့ဖွယ်ချိပ် စည်း အကြောင်းကိုပါ သိနေတာလား။

“ဘုရင်ကြီး တစ်ခါပြောတာကြားဖူးတယ်” ယွိရှီ ရှင်းပြလေသည်။

ရှီမာယူယူသည် သူ့မျက်လုံးထဲကို စူးစိုက်စွာကြည့်လိုက်သည်။ အဘိုး၏ စိတ်ထဲတွင် သူ၏နေရာမှာ မနိမ့်သည်ဟု သူမ သိသည်။

“မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းက နှစ်တွေအများကြီးပျောက်နေခဲ့တာ အဲဒါကို မင်းကတွေ့တယ်ဆိုတော့ မင်းအပိုင်ဖြစ်သင့်တာပဲ” လန်ယွိသည် သူမ ကံကောင်းသည်ကို အမြဲတစေသိခဲ့သည်။ ယခုကြည့်ရသည်မှာ မဆိုးလှသည့်ပုံ ပင်။

“ဟုတ်တယ်.. အဲဒါက မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းဟုတ်တယ်” ရှီမာယူယူ ပြောလိုက်သည် “အရင်ကတော့ အတုဖြစ်မှာကြောက်နေတာ.. အခု အဲဒါက အစစ်ဆိုတာသေချာတော့ ပျော်နေတာ”

“ကောင်းတာပေါ့”

သူတို့သည် အချိန်ကြာမြင့်စွာ စကားပြောကြသည်။ ရှီမာယူယူသည် တစ္ဆေကြင်ယာတော်၏ အခြေအနေကို မေးမြန်းသည်။ ယွိရှီသည် သူမကို အသေးစိတ်ပြောပြသည်။ အသေးစိတ်နားထောင်ပြီးနောက် ဒိကျဲ့တွင် ဖိအား မည်မျှများသည်ကို သိလိုက်ရသည်။

ကံကောင်းစွာပင် တစ္ဆေဘုရင်၏လူများသည် သူ၏အမိန့်ကို လိုက်နာလို ဆဲဖြစ်သည်။ မဟုတ်လျှင် တစ္ဆေကြင်ယာတော် အောင်မြင်သွားပေမည်။

သူတို့သည် နေ့ခင်းမှ ညအထိစကားပြောကြသည်။ ရှီမာယူယူသည် သူတို့ကို ညစာစားရန်ပြောပြီး ပြီးသည်နှင့် လိုက်ပို့ပေးသည်။

မုရုန်ဟွေ့သည် နေခဲ့ပြီး သူမနှင့် စကားပြောချင်သည်။ သို့သော် ညတွင်း ချင်း အမြန်ပြန်ရန်လိုသဖြင့် ထွက်သွားရသည်။

ရှီမာယူယူသည် ထင်ဆန်းနှင့် ထင်ရွှေတို့ကိုတွေးပေးခဲ့ကာ ရှီယွိသည် သူမ၏ အမိန့်အရ သူတို့နှစ်ယောက်ကို နန်းတော်ထဲသွင်းခဲ့သည်။ သူမ နန်းတော်ထဲတွင် မနေတော့သဖြင့် သူတို့နှစ်ယောက်သည်လည်း နန်းတော်ထဲ တွင် အသားမကျကာ နောက်ဆုံးတွင် ပြန်ထွက်သွားခဲ့သည်။

နောက်တစ်နေ့တွင် ဒိယိသည် ချင်းဟွမ်၏ သတင်းပို့လာသည်။ သူသည် တခြားအရေးပါသောလူများ၏ သတင်းကိုလည်း ပို့လာသည်။ သူတို့သည် ဝိညာဉ်နယ်မြေမှလူများကို အမြဲတစေကိုင်တွယ်လာသဖြင့် တခြားသူများ ထက် သူတို့အကြောင်း ပိုသိသည်။ ထိုထူထဲလှသော သတင်းကိုကြည့်ပြီး ပြီးအောင်ဖတ်ရန် အချိန်ကြာလိမ့်မည်ဟု ခံစားရသည်။

ရက်အနည်းငယ်ကြာပြီးနောက် ဝူလင်းယူ ပြန်လာသည်။ သူမသည် လည်း ချင်းဟွမ်၏ အခြေအနေကို ပိုနားလည်လာသည်။

ရှီမာယူယူသည် မြောက်နှင့်အရှေ့မျက်နှာအံ့ဖွယ်ချိပ်စည်းကို ထုတ်ကာ သူ့ကိုပြလိုက်သည်။ ထိုနှစ်ခုကြားမှ ဆွဲငင်မှုကိုပါ ပြသလိုက်သည်။

“အချိန်ကတော့ ကွက်တိပဲ.. ကိုယ်လည်း အဲဒီကကိစ္စတွေ ဖြေရှင်းပြီး တော့မယ်.. ဝိညာဉ်နယ်မြေကို အချိန်မရေးသွားလို့ရပြီ” ဝူလင်းယူ ပြောလေ သည်။

သူသည် ရက် ၂၀ ကြာမှထွက်သွားပြီး တစ်ချိန်လုံး ထိုကိစ္စများကို ကိုင်တွယ်ခဲ့သည်။ နတ်ဆိုးလောက၏ အခြေအနေမှာ အကောင်းဘက် မရောက်သေးသော်လည်း လက်ရှိကပ်ဆိုးကို ယာယီဖိနှိပ်ထားနိုင်လေပြီဖြစ် သည်။ သည်လိုနှင့် သူမကို စိတ်အေးလက်အေး အဖော်ပြုနိုင်မည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေကာမူ သူသည် သူမကို အဖော်ပြုပေးဦးမည်ဖြစ်သည်။ ချင်းဟွမ်နှင့် အသူရာငရဲမှလူကို ကိုင်တွယ်ရသည်မှာ လွယ်ကူသည့်ကိစ္စတော့ မဟုတ်ပေ။ သူမတွင် တစ်ခုခုဖြစ်လာပါက သူ မည်သို့လက်ခံနိုင်မည်နည်း။

ထို့အပြင် သူ့တွင် တစ်ကိုယ်ကောင်းဆန်သည့် အတွေးလည်းရှိသည်။ သူမကို အဖော်ပြုပြီး ယောက္ခမကြီးကို ကယ်ပေးလျှင် ယောက္ခမကြီးအဆင့်ကို အလွယ်တကူကျော်ဖြတ်နိုင်မည်ဖြစ်သည်။ သူမ ထွက်လာသည်နှင့် သူတို့၏ မင်္ဂလာပွဲကို သဘောတူချင်တူလိမ့်မည်။ သူ ထိုသို့စဉ်းစားလိုက်သောအခါ သူမကို ပို၍အဖော်ပြုပေးချင်လာသည်။

ရှီမာယူယူသည် သူ့အတွေးကို သိသဖြင့် ရယ်မောလိုက်သည်။ အမေတွေ က အဖေတွေထက် ကိုင်တွယ်ဖို့ပိုလွယ်တာကို သူ မသိတာလား။ သူက အဖေ့ ဆီကတောင် အသိအမှတ်ပြုခံရပြီးပြီ အမေ့ကို ဘာလို့စိတ်ပူနေဖို့လိုတော့မှာ လဲ။

သူတို့ ဝိညာဉ်နယ်မြေသို့ ထွက်ခွာတော့မည်အပြုတွင် ဖူရှီ ပျောက်နေ သည်ကို ရုတ်တရက် သတိထားမိသွားသည်။ ထို့အပြင် သူ‌ ပျောက်နေသည်မှာ ရက်အနည်းငယ်ရှိပြီဖြစ်သည်။

ရှီမာယူယူသည် ဝိညာဉ်နယ်မြေအခြေအနေကို လေ့လာနေရသဖြင့် သူ့ ကို သတိမထားမိပေ။ သူမ ရှီယွိနှင့် တခြားသူများကိုမေးသောအခါ မမြင်မိပါ ဟုသာ ပြန်ဖြေကြသည်။

“သူက လွန်ခဲ့တဲ့ရက်ပိုင်းကတည်းက နန်းတော်ကိုပြန်မလာဘူး” ဟိုင်ရှီး သည် အနည်းငယ် စိတ်ပူနေသည် “သခင် သူ အဖမ်းခံလိုက်ရတယ်လို့တော့ တွေးနေတာမဟုတ်လောက်ပါဘူးနော်”

ဖြစ်နိုင်ချေရှိသည်ဟု ရှီမာယူယူ ခံစားရသည်။ ပြီးခဲ့သည့်တစ်ခေါက် တစ္ဆေကြင်ယာတော်၏ ထူးဆန်းသော မျက်နှာထားကို ပြန်စဉ်းစားလျှင် ဖြစ်နိုင် ချေရှိသည်ဟု ပိုခံစားရသည်။ ဖူရှီ့ကို တစ္ဆေကြင်ယာတော်ရဲ့ လူတွေက ဖမ်းသွားတာများလား။

“အခုပဲ သွားစုံစမ်းကြတာပေါ့” ဟိုင်ရှင်း ပြောလိုက်သည်။

ဖူရှီသည် ရက်ပေါင်းများစွာ ပျောက်နေခဲ့သည်။ သူသည် အင်ပါယာ မြို့တော်အကြောင်း သိချင်၍ သွားကစားသည်ဟု အားလုံးထင်ထားကြသည်။ သူနှင့် အဆက်အသွယ်ပြတ်သွားလိမ့်မည်ဟု ထင်မထားပေ။

သူသာ တစ္ဆေကြင်ယာတော်၏ လက်ထဲရောက်သွားလျှင် နောက်ကျ သွားမည်ကို စိုးရိမ်လာသည်။

သူမ စိုးရိမ်လာကာ ချက်ချင်းပင် ငယ်ရွယ်ခြင်းနန်းတော်မှလူများကို ရှာဖွေရန် လူဖြန့်ခိုင်းလိုက်သည်။ သူမသည် ဒိယိ၏လူများကိုပင် ရှာခိုင်းခဲ့ သည်။ လှည့်ပတ်ရှာပြီးနောက် နောက်ဆုံးတွင် သတင်းတချို့ရလာသည်။ သူသည် လူအများကြား ပင်မလမ်းတွင် ဆွဲဆောင်ခံနေရသည်ကို သိလိုက်ရ တော့သည်။

***

All Chapters