← Chapters

ပြန်သွားခြင်း

Vol. 148 Ch. 2065

ပြန်သွားခြင်း

Vol. 148 Ch. 2065

ရှီမာယူယူသည် ထိုသတင်းကြားပြီးနောက် စိတ်အေးသွားသည်။

“တစ္ဆေကြင်ယာတော်က လူတစ်ယောက်ကို ဒီလောက်ကြီးပေါ်ပေါ်ထင် ထင် မဖမ်းဘူး” ရှီမာယူယူ ပြောလိုက်သည်။ မကောင်းမှုများကို လျှို့ဝှက်မလုပ် တတ်သည်မှာ သူမ၏ ပုံစံတော့မဟုတ်ပေ။

အမှောင်ထဲတွင် သူမကို တိုက်ခိုက်ရန် ကြိုးစားခဲ့သည့် နည်းလမ်းများ သည် အလင်းကို ဘယ်သောအခါမှ ထိတွေ့နိုင်မည်မဟုတ်ပေ။ ဖူရှီတွင် ဒဏ္ဍာရီ နဂါးအမိန့်ရှိနေသဖြင့် ထိုအရာကိုမရခင်အထိ သိုသိုသိပ်သိပ်နေရမည်။

“ဖူရှီကို ဖမ်းတာတစ္ဆေကြင်ယာတော်မဟုတ်ဘူးဆိုရင် ဘယ်သူလဲ” ဟိုင်ရှင်း မေးခွန်းထုတ်လိုက်သည်။

“ငါတို့ ရှာတွေ့နိုင်မှာမဟုတ်ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ပြီးတော့ သူတို့က ဒဏ္ဍာရီနဂါးအမိန့်ကြောင့် လာတာမဟုတ်ဘူး”

ဒဏ္ဍာရီနဂါးအမိန့်ကြောင့်မဟုတ်လျှင် သူတို့သည် သူ့ကြောင့်ရောက်လာ ခြင်းပင်ဖြစ်မည်။ သူ မခုခံသည်မှာ ထိုလူများကို သိနေသည်ဟု ပြသနေသည်။

“သူတို့က အဲဒီကလာကြတာလား”

“ဖြစ်နိုင်တယ်” ရှီမာယူယူသည် နီရဲပျားများကို လွှတ်ပြီး ဖူရှီအား ခြေရာခံ ခိုင်းလိုက်သည်။

ဖူရှီသည် ကန်လေးတွင်ထိုင်နေရင်း တခြားနှစ်ယောက်နှင့် စကားပြော ကာ မှိုင်တွေပြီး ဒေါသထွက်နေသည်။

သခင်များမှာ အနက်နှင့် အဖြူဝတ်ထားပြီး ခပ်ဆင်ဆင်ဖြစ်ကြသည်။ သူတို့ကို ခွဲခြားရန်နည်းလမ်းတစ်ခုမှာ သူတို့၏အဝတ်အစားများပင် ဖြစ်သည်။ သူတို့နှစ်ယောက်လုံးသည် ဆွေးနွေးပြီးနောက် လျှောက်လာကာ ပြောလေ သည် “ရှီလေး.. မင်း ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ ငါတို့ရဲ့ဆုံးဖြတ် ချက်ကို မပြောင်းနိုင်ဘူး”

“ကျွန်တော် ဒီမှာပဲနေချင်တယ် မပြန်ချင်ဘူးလို့ ပြောနေတယ်လေ.. ပြန်ခင်ရင် ကိုယ့်ဘာသာပြန်ကြပါ” ဖူရှီသည် ဒေါသတကြီးပြောလေသည်။

“မင်းက ကျေးဇူးမသိတတ်တဲ့ကောင်လေးပဲ.. ငါတို့တွေ မင်းကိုရှာဖို့ မိုင်ပေါင်းများစွာလမ်းလျှောက်ပြီး အချိန်တွေအများကြီးရင်းခဲ့ရတာ အဲဒါကို မင်းက လိုက်မပြန်ချင်ဘူးဟုတ်လား” အဖြူရောင်ဝတ်ထားသောသခင်သည် လက်ဆန့်ထုတ်ပြီး ဖူရှီ၏ခေါင်းကို ပုတ်လေသည်။

“ကျွန်တော် လာခိုင်းတာလည်းမဟုတ်ဘူး” ဖူရှီ ညည်းညူလေသည်။

“မင်းရဲ့ ဆရာကြီး၊ ဆရာ၂ နဲ့ ဆရာ ၃တို့သာ ငါတို့ကို မတောင်းဆိုရင် ငါလည်း အိမ်မှာပဲနေပြီး အစားကောင်းစားပြီး သေရည်ကောင်းကောင်းလေး သောက်နေမှာပဲ.. ငါတို့လည်း ဒီကိုလာချင်တယ်ထင်နေလား” အဖြူရောင် ဝတ်ထားသောသခင်သည် သူ့ခေါင်းကို နာနာလေးခေါက်လိုက်သည်။

“ဒါဆိုရင်လည်း ပြန်သွားပြီးတော့ ကျွန်တော့်ကိုမရှာနဲ့လို့ သူတို့ကိုပြော လိုက်ဗျာ” ဖူရှီ ဆက်ပြောလေသည် “ကျွန်တော် အရွယ်ရောက်နေတာကို ဘယ်လိုများမှတ်မိလဲမသိဘူး”

ထို့အပြင် သူသည် သခင် ၄ နှင့် ၅ တို့ကို လမ်းပေါ်တွင်တွေ့စဉ်က နှစ်ပေါင်းများစွာ မတွေ့ခဲ့ရခြင်းကြောင့် ပျော်ရွှင်မိသည်။ သို့သော် သူ့ကို ပြန် လာခေါ်သည်ဟု သိသည်နှင့် မပျော်ရွှင်တော့ပေ။ ထိုအဘိုးကြီးများသည် ပြန် မလိုက်နိုင်ဟု သိသည်နှင့် လမ်းများနှင့်ဝေးရာကို ခေါ်ခဲ့ကြသည်။

တစ်ယောက်မှာ အော်ဟစ်ရင်း နှစ်ယောက်မှာ ဆွဲခေါ်လာရင်းနှင့် သုံး ယောက်သား ဤနေရာအရောက်တွင်ရပ်ကာ ပြန်သွားရန် ရက်ပေါင်းများစွာ စကားပြောခဲ့ကြသည်။

သူ ထွက်လာသည်မှာ ရက်ပေါင်းများစွာကြာပြီဖြစ်သော်လည်း ရှီမာယူယူ တို့သည် သူ့ကိုလိုက်မရှာခဲ့ပေ။ သူ့ကို သူတို့က ဂရုမစိုက်တော့ဘူးလား။ သူ သည် စဉ်းစားမိလိုက်သည်နှင့် ခံစားချက်မကောင်းပေ။

“မင်းက အမြဲဒီလိုပဲ.. အရွယ်ရောက်လာလည်း ဘာမှမပြောင်းလဲသွားဘူး” အဖြူရောင်ဝတ်သခင် နှာမှုတ်လေသည်။

“ရှီမာယူယူက အဲလောက်တောင် ကောင်းတာလား” အနက်ဝတ်ထား သောသခင် မေးလေသည်။

“ဟုတ်တယ် သူမက အရမ်းကိုကောင်းတာ.. သူမက ကျွန်တော့်အသက် ကိုကယ်ပေးပြီး ကျွန်တော့်ခန္ဓာကိုယ်ကိုလည်း အရမ်းတန်ဖိုးထားတယ်.. ကျွန်တော့်နောက်ကို လူတွေအများကြီးလိုက်နေတာကို သိရင်လည်း ကာကွယ် ပေးသေးတယ်” ဖူရှီ ပြောလေသည်။

“ကောင်လေး ငါတို့က မင်းကိုနှစ်ပေါင်းများစွာ ကာကွယ်ပေးလာတာကို ကျ ကျေးဇူးမတင်ဘူးလား” အဖြူရောင်ဝတ်ထားသောသခင်သည် လူတစ် ယောက်ကို ဆင်ခြင်တုံတရားမရှိသောသူကို ပျိုးထောင်ရသည်ဟု ခံစားရသဖြင့် ဒေါသထွက်၍သေတော့မည့်အတိုင်းပင်။

“သူတို့သာ မင်းပြောသလို ကောင်းနေရင် ဒီလောက်ရက်တွေအများကြီး ကြာတာတောင် ဘာလို့မင်းကိုလာမရှာတာလဲ.. သူတို့က မင်းရဲ့လုံခြုံရေးကို စိတ်မပူလို့ပဲ မင်းပျောက်သွားတာကို သတိမထားမိတာမလား” အနက်ဝတ် ထားသောသခင်သည် ထိုမှတ်ချက်နှင့် ထိုးနှက်သည်။

“သခင်တို့ပြောသလိုမဟုတ်ဘူး.. သူမက အခုရက်ပိုင်းအလုပ်များနေ တော့ ကျွန်တော့်ကိုမမြင်တာလည်း သဘာဝကျတယ်.. ကျွန်တော် ပျောက်နေ တာကိုသိတာနဲ့ ချက်ချင်း လိုက်ရှာမှာသေချာတယ်” ဖူရှီသည် ရှီမာယူယူဘက် မှ ကာကွယ်ပေးသည်။

“တခြားသူတွေ ကောင်းပေးတာကိုပဲ တွေးမနေနဲ့ ဒီလောက်အများကြီး မြင်ခဲ့ပြီးတာတောင် ဘာလို့ အဲလိုတွေးနေသေးတာလဲ” အဖြူရောင်ဝတ်သခင် သည် ရှီမာယူယူ သူ့အပေါ်ကောင်းပေးသည်ကို မယုံပေ။ “မင်း ဒီမှာ အနှစ် ၂၀ ကျော်နေပြီးသွားတော့ ဘာလို့များ ဒီလောက်ရိုးစင်းသွားရတာလဲ”

ဒါက ရိုးစင်းတာလား။

ဖူရှီသည် ခေါင်းခါလိုက်သည် “သခင် သူမနဲ့ တစ်ခါမှ မဆက်သွယ်ဖူးလို့ သူမက ဘယ်လိုလူမျိုးလဲဆိုတာ မသိတာပဲ.. သူမက တကယ်ပဲ သူများတွေနဲ့ မတူဘူး”

“အိုး” သူတို့သည် အံ့ဩသွားသည်။ ဒီကောင်လေးက လူတစ်ယောက်ကို ကာကွယ်ဖို့ ဘယ်တုန်းကသင်လိုက်တာလဲ။ သူ ဒီကိုရောက်နေတုန်း တခြားသူ တွေကို သွားမရှုပ်ရင်ပဲ တော်လှပြီ.. အခုက ကာကွယ်ပေးနေသေးတယ်။ ဒါက ကောင်းတာလား ဒါမှမဟုတ် သူ့အတွေးတွေပြောင်းခံလိုက်ရတာလား။

“သူမ ဘယ်လောက်ပဲကောင်းကောင်း ဒီလောက,က လူတစ်ယောက်ပဲ” အနက်ဝတ်သခင်သည် ဆက်ပြောလေသည် “သူမက တက်လာလို့မရသလို မင်းလည်း ဒီမှာတစ်သက်လုံးနေလို့မရဘူး.. မင်း ဒီမှာ ရက်တွေအများကြီး နေတောင် ဘာထူးခြားသွားမှာမို့လို့လဲ”

သူတို့သည် အနှေးနှင့်အမြန် ခွဲခွာရမည်ပင်။ ဘာကြောင့် ရက်ပေါင်းများ စွာ အချိန်ဆွဲနေမည်နည်း။

“မဟုတ်ဘူး သူမ တက်လာမှာ” ဖူရှီသည် အခိုင်အမာပင် ပြောလေသည် “သူမက ကိုးခုမြောက်မရဏာမျိုးနွယ်ရဲ့ ဘုရင်မလေးဖြစ်ပြီးတော့ ဟင်္သပဒါး ငှက်ရဲ့ စာချုပ်ပိုင်ရှင်ပဲ.. အဲဒါကိုဘယ်လိုပဲမြင်မြင် သူမက နတ်ဘုံကိုတက်ရမှာ ပဲ”

“သူမက ကိုးခုမြောက်မရဏာမျိုးနွယ်ရဲ့ ဘုရင်မလေးလား”

“ကိုးခုမြောက်မရဏာမျိုးနွယ်က မိုးကြိုးကို ခံနိုင်ရည်ရှိကြတယ်.. သူမမှာ တကယ်ပဲ ကိုယ်ပိုင်မိုးကြိုးရှိပြီးတာလား တကယ်အံ့ဖွယ်ပဲ”

“အဲလိုဆိုရင်တောင် သူမ တက်လာနိုင်ဖို့က အချိန်အများကြီးလိုဦးမှာ.. မင်း ဒီမှာ နှစ်တွေ ရာချီထောင်ချီ စောင့်ပေးလို့မရဘူးလေ… ပြီးတော့ မင်းက သူမကို စောင့်ပေးဖို့ ဘယ်လိုအနေအထားမို့လို့လဲ”

“ကျွန်တော်…” ဖူရှီသည် မှိုင်တွေကာ စကားထစ်နေသည်။

သခင်ပြောသည်မှာ မှန်သည်။ သူမကို စောင့်နေဖို့ ဘယ်လိုအနေအထား မို့လို့လဲ။ သူမတွင် တစ်စုံတစ်ယောက်ရှိနေပြီးဖြစ်ကာ သူ့အတွက်နေရာမရှိ တော့ပေ။

သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် သဘောကျနေတာ လေ။ ဒီကောင်လေးက သူမကို သဘောကျသွဦးတာလား။ အဲလိုဆိုရင်တော့ ပြန်ခေါ်ဖို့ ခက်ပေရော့မယ်။ သူတို့သည် သူ၏ ခေါင်းမာမှုကို ဆန့်ကျင်ရတော့ မည်လား မသိတော့ပေ။

“သူမကို ပြန်လုချင်လို့လား” အနက်ဝတ်သခင်သည် မေးလေသည်။

ဖူရှီ ခေါင်းခါသည်။ သူသည် သူမနောက်သို့ ကြာရှည်စွာမလိုက်ခဲ့လျှင် ထိုသို့ တွေးမိဦးမည်။ သို့သော် အနှစ် ၂၀ ကျော်ကြာအောင် သူမနှင့် ဝူလင်းယူ ၏ ပတ်သက်မှုကို မြင်တွေ့လာခဲ့သဖြင့် သူမ၏သဘောထားကို သိထားပြီးသား ဖြစ်သည်။ သူသာ အတင်းအကြပ်ခေါ်သွားလျှင်တောင် သူမ၏ နှလုံးသားနှင့် ဝိညာဉ်ကို ပါအောင်ခေါ်နိုင်မည်မဟုတ်ပေ။

သူမရဲ့ နှလုံးသားနဲ့ ဝိညာဉ်မရှိဘူးဆို သူမ ဟုတ်ပါဦးမလား။

“မျှော်လင့်ချက်မရှိဘူးထင်တယ်” အဖြူဝတ်သခင်သည် ဖူရှီ၏ ပခုံးအား သနားစွာ ပုတ်လိုက်သည်။ သို့သော် ဖူရှီသည် သူ့မျက်နှာမှ ပျော်ရွှင်မှုကို မြင် လိုက်ရသည်။

“အဲလိုဆိုရင်တောင် ကျွန်တော်နေမှာပဲ” ဖူရှီသည် ဆုံးဖြတ်ချက်ခိုင်မာ နေသည်။ သူသည် သူမကို စောင့်ရှောက်ရမည်။ နောက်ကို သူမ မသွားရင် ဘယ်လိုလုပ်မလဲ။ မဟုတ်ရင် အရမ်းကြာသွားလို့ သူ့ကိုမေ့သွားရင် ဘယ်လို လုပ်မလဲ။

“မင်းက သူမကို မရနိုင်သလို လက်လည်းမလွှတ်နိုင်ဘူး.. မင်းကို မင်း အဖေနဲ့မတူဘူးလို့ထင်နေတာ တကယ်ပဲ အဖေ့သွေးပါတာပဲ” အနက်ဝတ် သခင်သည် သက်ပြင်းချလေသည် “သူမ နတ်ဘုံကိုသွားတာနဲ့ အဲဒီမှာ အခြေအနေမကောင်းနိုင်မှန်း မင်းသိထားပါတယ်… အဲဒီနှစ်က အံ့ဖယ်သားရဲ ကြီး လေးကောင်… သူမ တက်သွားတဲ့အချိန်ဆို ဘယ်လောက် အန္တရာယ်များ လိုက်မလဲ.. အဲဒီမှာဆို သူမကို ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး… အဲဒီတော့ ဘာလို့ ပြန်ပြီး ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင် မလုပ်တာလဲ.. အဲဒါဆို သူမ တက်လာရင်လည်း မင်းရဲ့စွမ်းရည်နဲ့ အကောင်းဆုံးကာကွယ်နိုင်မှာပဲ”

“သခင် ၄ ပြောတာမှန်တယ်.. သူမနဲ့နေခဲ့ရင်လည်း မင်းက ဘာလုပ်နိုင် မှာလဲ.. မင်းမှာ စွမ်းအားမရှိရင် သူမတက်လာတဲ့အချိန် ကာကွယ်နိုင်မှာမဟုတ် ဘူး…” အဖြူဝတ်သခင်သည် သူ၏အနာကို ဆွလိုက်သည် “ပြီးတော့ မင်းမှာ ဒဏ္ဍာရီနဂါးအမိန့်ရှိနေတာကို တခြားသူတွေသိရင် မင်းကို သေချာပေါက် လွှတ် ပေးမှာမဟုတ်ဘူး.. ဒါပေမဲ့ ဒီမှာကျရော.. သူမကို အန္တရာယ်ထဲဆွဲသွင်းချင်တာ လား.. ဟင်္သပဒါးငှက်ရှိနေတာကို တခြားသူတွေသိရင် ဘယ်လိုဖြစ်မလဲဆိုတာ မင်း တွေးဖူးလား”

***

All Chapters