ဝိညာဉ်အသစ်ရဲ့ အနာဂတ်ကွာခြားမှု
Vol. 148 Ch. 2067
ရှီမာယူယူသည် သန်းခေါင်ယံမြို့အား ပတ်လျှောက်ကြည့်ရာ လေပေါ် ပေါလောပေါ်နေသည့် ဝိညာဉ်များကို အသားမကျနိုင်ပေ။
သူမကိုယ်တိုင်ပင် တစ်ယောက်အပါအဝင်ဖြစ်သော်ငြား…
ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မရှိသူများသည် မည်သည့်အရာကိုမှမစားနိုင် သဖြင့် လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များမရှိပေ။ သို့သော် အထူး သဖြင့် အဆင့်တက်နိုင်မည့်ပစ္စည်းများရောင်းချသည့် ဆိုင်များစွာရှိသည်။ ထို ဆိုင်များမှာ ဈေးကြီးသော်လည်း လူကြိုက်များကြသည်။
ရှီမာယူယူနှင့် ဝူလင်းယူတို့သည် စွမ်းအားကို ဖိနှိပ်ထားသဖြင့် သံသယ ဝင်ဖွယ်မရှိကာ ဆိုင်များကိုသွားလျှင်တောင် မည်သူမှ မနှုတ်ဆက်ကြပေ။
သူတို့သည် လှည့်ပတ်ကြည့်ပြီးနောက် တည်းခိုဆောင်သို့ ပြန်လာချိန် တွင် သူတို့အခန်းထဲသို့ လူဝင်သွားသည်ကို သတိထားမိလိုက်သည်။
အခန်းထဲမှ အရာတိုင်းသည် လက်ရာမပျက်ရှိသော်လည်း ရှီမာယူယူ သည် ထိုအရာများကို ပါးနပ်စွာ အာရုံခံနိုင်သည်။ ထို့အပြင် အခန်းထဲတွင် အနံ့ ခပ်ဖျော့ဖျော့ရှိနေသည်။
ဝူလင်းယူသည် အနံ့များပျောက်ကွယ်သွားရန် ပြတင်းပေါက်များကို ဖွင့် လိုက်သည်။
“ဒီအနံ့ကို ရင်းနှီးနေတယ်.. အရင်က ဒီအနံ့ရှုဖူးတယ်” ရှီမာယူယူသည် မုတ်ဆိတ်နောက်ကွယ်မှ ဖုံးကွယ်ထားသော မျက်နှာကို ပြန်တွေးမိသည်။ “ကျွန်မတို့ကို စိတ်ဝင်စားတဲ့လူထင်တယ်”
“ကိုယ်တို့ကိုမဟုတ်ဘူး မင်းကိုပဲ” ဝူလင်းယူ ဆက်ပြောလေသည် “ကိုယ့် ဝိညာဉ်မှာ အဲလောက် ဆွဲဆောင်မှုရှိတဲ့အနံ့မရှိဘူး”
ရှီမာယူယူသည် ပခုံးတွန့်လေသည် “ကျွန်မကို အပြစ်မတင်ဘူးလား”
သူမ၏ ဝိညာဉ်တွင် ညှို့ယူနိုင်သည့်ရနံ့ရှိသည်။ ထိုအရာကို ထာဝရ ရှင်သန်ခြင်းနယ်မြေတွင် ယွိဒူကိုတွေ့စဉ်က သိခဲ့သည်။ တစ္ဆေလောကတွင်ရှိ စဉ်က တချို့မှာ ဝိညာဉ်များကို စားသောက်ခဲ့ကြသော်လည်း သူမသည် သန်မာ ပြီး အဆင့်အတန်းမြင့်သဖြင့် သူမကို မည်သူမှ မတိုက်ခိုက်ရဲကြပေ။
ယခု သူတို့သည် ဝိညာဉ်နယ်မြေသို့ ရောက်လာပြီသဖြင့် ထူးခြားသော ဝိညာဉ်များသည် အာရုံကိုဆွဲယူနိုင်သည်မှာ သဘာဝပင်ဖြစ်သည်။ သူမသည် စွမ်းအားနှင့် ရောင်ဝါကို ဖိနှိပ်ထားသော်လည်း သူမ၏ရနံ့မှာ ထူးခြားသည့် နှာခေါင်းရှိသည့် ထူးခြားသောလူများမှ ရနံ့ခံနိုင်တုန်းပင်ဖြစ်သည်။
သူမ၏ဝိညာဉ်ကို စိတ်ဝင်စားလာကြမည်ဟု သူမ တွေးမိပြီးသားဖြစ်၏။ ဤမျှမြန်ဆန်လိမ့်မည်ဟု ထင်မထားရုံလောက်သာဖြစ်သည်။ ဤနေရာသည် နယ်စပ်မှ မြို့တစ်မြို့သာဖြစ်သည်။ ဝိညာဉ်နယ်မြေအတွင်းပိုင်းသို့ ဝင်သွား လျှင် ပိုဆွဲဆောင်နိုင်လိမ့်မည်။
“ချွင် ဝုန်း ဘုန်း…”
မြို့အပြင်မှ ကျယ်လောင်သော ဆူညံသံသည်သူတို့နှစ်ယောက်ကို နှောင့်ယှက်လေသည်။ သူတို့သည် ပြတင်းပေါက်မှကြည့်ရာ အားလုံးသည် မြို့ အပြင်ဆီသို့ အလောတကြီးသွားနေကြသည်ကို မြင်လိုက်ရသည်။
“ဘာဖြစ်တာလဲ အကုန်လုံး စိတ်လှုပ်ရှားနေကြပုံပဲ” ရှီမာယူယူသည် အောက်မှ လူအုပ်ကြီးကိုကြည့်လိုက်သည်။
“သွားကြည့်ရအောင်” ဝူလင်းယူသည် သူမကို ဆွဲပြီးပျံထွက်သွားသည်။ သူတို့သည် လမ်းပေါ်ဆင်းသက်ပြီး လူအုပ်နှင့်ဝင်ရောလိုက်သည်။
ဆူညံသံများ ဆက်တိုက်ထွက်လာပြီး အသံကြာလေလေ တခြားသူများ ပိုစိတ်လှုပ်ရှားလေလေဖြစ်သည်။ အားလုံးသည် စိတ်အားထက်သန်စွာ ပြေးထွက်ကြပြီး တားလျှင်တောင် ရပ်မည့်ပုံမရှိပေ။
မြို့အပြင်တွင်… သူတို့ စိတ်လှုပ်ရှားနေကြသည့် အကြောင်းအရင်းကို နောက်ဆုံးတွင် ရှီမာယူယူ သိသွားလေသည်။
ခပ်ရေးရေးရှိသည့် အရိပ်များသည် မြေကြီးပေါ်မှထွက်လာသည်။ သူတို့ ခန္ဓာကိုယ်မှ ဒဏ်ရာများသည် လတ်ဆတ်နေရာ ထိုဝိညာဉ်များသည် အခုမှ ရောက်လာခြင်းဖြစ်သည်ကို ပြသနေသည်။
ဝူလင်းယူနှင့် ရှီမာယူယူတို့သည် ဤကဲ့သို့အရာကို ပထမဆုံးကြုံတွေ့ဖူး ခြင်းဖြစ်သဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ထိုဝိညာဉ်များသည် သူတို့ရောက်နေသည့်နေရာကို မသိသဖြင့် ရှုပ်ထွေး နေကြသည်။
လူအတော်အများမှာ ထိုဝိညာဉ်များကို တောက်ပသော မျက်လုံးများဖြင့် ကြည့်ပြီး တံတွေးမျိုချနေကြသည်ကို ရှီမာယူယူ သတိထားမိလိုက်သည်။ သူတို့ သည် ထိုဝိညာဉ်များကို ဝါးမျိုကြတော့မည့်အတိုင်းဖြစ်နေကြသော်လည်း ရပ်နေသည့်နေရာတွင် မလှုပ်မယှက်ရှိနေကြသည်ကို မြင်လိုက်ရသည်။
“ဒါက ဘယ်နေရာလဲ”
“ငါတို့ က ဘယ်သူတွေလဲ ဒီမှာဘာလို့ ဒီလောက်လူတွေများနေတာလဲ”
“ငါ ငါ…”
ရာချီနေသော ဝိညာဉ်များသည် မြေပေါ်တွင်ရပ်ပြီး သူတို့ရောက်နေသည့် နေရာ၊ သူတို့သည် မည်သူမည်ဝါဖြစ်သည်၊ မည်သည့်နေရာမှသည်ကို မသိကြ ပေ။ သို့သော် ဤအတွေ့အကြုံမှာ ကြောက်စရာကောင်းလှသည်။
သူတို့ ထွက်ပြေးရန်ကြိုးစားလိုက်ချိန်တွင် လူအုပ်ကြီးပြေးလာပြီး ဝိုင်း ထားကြလေသည်။
“မင်းတို့ကဘယ်သူတွေလဲ ဘာလိုချင်တာလဲ”
“ငါတို့ကို နာအောင်မလုပ်ပါနဲ့”
“ငါတို့ကိုလွှတ်ပေးပါ”
လူအုပ်ကြီးသည် သူတို့စကားကို နားမထောင်ဘဲ အဖွဲ့ခေါင်းဆောင် အော် လေသည် “သူတို့ အရည်အချင်းကို စမ်းသပ်လိုက်”
လူတချို့သည် လူအုပ်ကြီးထဲမှထွက်လာပြီး ဟာလာဟင်းလင်းဖြစ်နေ သော မြေဆီသို့သွားသည်။ ထို့နောက် သွေးနီကျောက်ကို ကိုင်ထားပြီး ဝိညာဉ် များအနီးသို့ကပ်ကာ စမ်းသပ်ကျောက်များကို သူတို့၏ခန္ဓာကိုယ်အတွင်းသို့ ထည့်လိုက်သည်။
သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ ကျောက်ကိုင်ထားသော လက်ဝင်လာရာ နာကျင်လွန်းသဖြင့် အော်ဟစ်ကြသည်။ တချို့သော အားနည်းသည့် ဝိညာဉ် များသည် အင်အားကိုမခံနိုင်ကြသဖြင့် မီးခိုးများအဖြစ် ပျောက်ကွယ်သွား၏။
အင်အားကို ခံနိုင်ကြသူများမှာတော့ ခန္ဓာကိုယ်အတွင်းသို့ ကျောက်ဝင် သွားသည်နှင့် ကျောက်အရောင်ပြောင်းသွားလေသည်။ အနိမ့်ဆုံးအဆင့်မှာ အနီရောင်တောက်လာသည်။ ဝိညာဉ်စွမ်းအား သန်မာလေလေ အရောင်ပိုဖျော့ လေပင်။ အားလုံးပေါင်း အဆင့် ၇ ဆင့်ရှိသည်။ လူအုပ်ကြီး ဆွေးနွေးပုံအရ အသန်မာဆုံးလူ၏ စမ်းသပ်ကျောက်မှာ အဖြူရောင်ဖြစ်ရမည်။ သို့သော် ထို အရည်အချင်းရှိသူ မပါပေ။
စမ်းသပ်မှုပြီးသည့်နောက်တွင် အဆင့် ၄ အတွင်းဝင်သည့် ဝိညာဉ်များကို တပ်သားများမှ ခေါ်ဆောင်သွားပြီး ၇၀ မှ ၈၀ ရာခိုင်နှုန်းရှိသော ဝိညာဉ်များသာ ဘာလုပ်ရမည်မသိဘဲ ကျန်ခဲ့လေသည်။
လူအုပ်ကြီး၏ မျက်လုံးများမှာ အရူးအမူးဖြစ်နေကြသည်ကို ရှီမာယူယူ သတိထားမိချိန်တွင် ဝူလင်းယူသည် သူမကို ဆွဲထားလိုက်သည်။ တပ်သားများ ထွက်သွားပြီးနောက် ချုပ်တည်းထားရသူများသည် ရုတ်တရက် ရူးသွပ်သွား ကာ ထိုဝိညာဉ်များဆီသို့ တဟုန်ထိုးပျံသွားကြလေသည်။
တချို့မှာ ဝိညာဉ်များကို ဖမ်းပြီး မရဏာစွမ်းအင်ဖြင့် ဖိနှိပ်ကာ အလုံးလေး အဖြစ်ပြောင်းပြီး… စားလိုက်လေသည်။
ရှီမာယူယူ ရွံရှာမိသည်။ အဲဒါကြောင့် အဲအသံကြားတာနဲ့ ဒီလူတွေက ဒီလောက် စိတ်လှုပ်ရှားနေကြတာကိုး။ သူတို့မှာ ဒီလိုရည်ရွယ်ချက်ရှိနေတာပဲ။
ဝူလင်းယူနှင့် သူမတို့သည် အဝေးမှရပ်ကြည့်ပြီး မြို့ဆီသို့ပြန်လာလိုက် ကြသည်။ သူတို့ မြို့ထဲသို့မဝင်ခင်တွင် လူတစ်ယောက်မှလာတားလေသည်။
ထိုလူသည် မုတ်ဆိတ်နှင့်လူကြီးပင်။
“ကျွတ် ကျွတ် ကျွတ်.. သူတို့တွေက ရူးမိုက်လိုက်ကြတာ.. ဒီလောက် အရသာရှိတာကို လက်လွတ်ခံပြီးတော့ ဘာလို့များ အဲဒီလတ်ဆတ်တဲ့ ဝိညာဉ် တွေအတွက်နဲ့ တိုက်ခိုက်နေကြတာလဲ” မုတ်ဆိတ်နျင့်လူကြီးသည် ရက်စက် စွာရယ်မောကာ သူမအား ကြည့်ရင်း သွားရည်များကျနေသည်။
“ရှင်ပဲ” ရှီမာယူယူသည် သူ့ကို မအံ့ဩသလိုကြည့်လိုက်သည်။ သို့သော် ဤကဲ့သို့လူမျိုး သူမ၏အခန်းထဲသို့ဝင်လာသည်ကို ပြန်တွေးမိလျှင် ရွံရှာမိ သည်။
ပြန်ရောက်ရင်တော့ ပိုပြီးသန့်ရှင်းတဲ့ အခန်းသစ်တစ်ခန်းတောင်းရမယ်။
သူမ၏ နှုတ်ခမ်းသည် အေးစက်သောအပြုံးအဖြစ် တွန့်ကွေးသွားသည် “ရှင်က မြို့အပြင်ရောက်တဲ့အထိ မြို့ထဲမှာကတည်းက လိုက်လာတာပဲ.. မစောင့်နိုင်တော့ဘူးလား”
“ငါမင်းနောက်ကိုလိုက်လာတာ မင်း အစကတည်းက သိနေတာပဲ” မုတ်ဆိတ်နှင့် လူကြီးသည် အနည်းငယ် စိတ်ခုသွားသည် “ဒီကိုတမင်လာတာ လား”
“ရှင်က အဲလောက်မတုံးဘူးပဲ” ရှီမာယူယူ ဆက်ပြောလေသည် “ရှင် ကျွန်မတို့နောက်ကို ဒီလောက် လွယ်လွယ်နဲ့ လိုက်လာနိုင်မယ်လို့ ထင်မထား ဘူး”
“မင်း ငါ့ကိုဘယ်လိုသတိထားမိတာလဲ” မုတ်ဆိတ်နှင့်လူကြီးသည် မယုံ ကြည်နိုင်ဖြစ်နေသည်။ သူ၏ ကိုယ်ယောင်ဖျောက်သည့် အရည်အချင်းသည် အမြဲတစေ ကောင်းခဲ့သည်။ သူ ဘယ်လိုသိသွားတာလဲ။
“ရှင့်ရဲ့အနံ့ကို မိုင်တစ်ရာလောက်ကနေတောင် ရနေတယ်.. ရှင့်ကို သတိ မထားမိဘူးဆိုပြီး ရောနေလိုက်လို့မရဘူး” ရှီမာယူယူ နှာမှုတ်လေသည် “ကျွန်မကို အခွင့်အရေးယူဖို့ စဉ်းစားရဲတယ်ပေါ့.. အဲလိုဆို ရှင်တို့ သေခြင်း တရားနဲ့ပဲ ရင်ဆိုင်ရမယ်”
မုတ်ဆိတ်နှင့်လူကြီးသည် ရှီမာယူယူ အနံ့ခံအာရုံကောင်းသည်ဟု ဆို သဖြင့် အံ့အားသင့်နေသည်။ သို့သော် သူမ အားကောင်းသည်ဟု မထင်သေး ပေ။ ခန္ဓာကိုယ်တောင်မရှိဘဲ ဝိညာဉ်အနေနဲ့ ဘယ်လိုအားကောင်းနိုင်ဦးမှာလဲ။
ထို့ကြောင့်ပင် သူ စိတ်ထဲမထည့်ဘဲ ရှီမာယူယူကို စားပြီးစွမ်းအားအဆင့် မြှင့်ရန် တွေးနေလိုက်သည်။ သို့သော် သူ ဘာမှမလုပ်ခင်မှာပင် လှုပ်မရတော့ သည်ကို သိလိုက်ရသည်။
ဖိအား…
သူသည် ရှီမာယူယူနှင့် ဝူလင်းယူတို့ကို အလန့်တကြားကြည့်လိုက်သည်.. သူတို့ ဤမျှအားကောင်းလိမ့်မည်ဟု သူ ထင်မထားပေ။ သူတို့နှစ်ယောက် ဖြည်းညင်းစွာလျှောက်လာသည်ကို မြင်လိုက်ရချိန်တွင် သေမင်းကိုတွေ့လိုက်ရ သလို ခံစားလိုက်ရသည်။
***