← Chapters

အခန်း ၂၉၃

Vol. 30 Ch. 293

အခန်း ၂၉၃

Vol. 30 Ch. 293

အခန်း ၂၉၃ မျက်လုံး စွမ်းရည် ရယူခြင်း

ရှောင်ယန် အနေဖြင့် နတ်ဘုရားအဆင့် စွမ်းအားဆိုသည်မှာ မည်သို့သော အရာမျိုးမှန်း သေချာ မသိရှိသော်လည်း ဤမျှ ကြမ်းတမ်း ရူးသွပ်သော စွမ်းအားမျိုးကိုမူ ယခုမှ ပထမဆုံးအကြိမ် ခံစားဖူးခြင်း ပင်ဖြစ်သည်။

ကျိုးဟန် ၏ ယခင်က ပြောဆိုခဲ့သော စကားများကို ပြန်လည် တွေးတောကြည့်လိုက်ရာ နတ်ဘုရားအဆင့် ကျွမ်းကျင်မှုစွမ်းရည် ထက် မနိမ့်ကျစေရဟု ကတိပေးခဲ့သဖြင့် ဤစွမ်းအားမှာ ယုံမှားသံသယဖြစ်ဖွယ် မလိုဘဲ သေချာပေါက် နတ်ဘုရားအဆင့် စံနှုန်းသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

ထို့ကြောင့် ရှောင်ယန် အနေဖြင့် မည်သို့ မအံ့သြဘဲ နေနိုင်မည်နည်း မည်သို့ မပျော်ရွှင်ဘဲ နေနိုင်မည်နည်း။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

"အစ်ကိုကြီးရဲ့ နည်းလမ်းတွေက တကယ်ကို အံ့မခန်းပါပဲကွာ" ရှောင်ယန် က လေးစား အားကျမှုများ ကျေးဇူးတင်မှုများဖြင့် ပြောလိုက်လေသည်။

"အပိုတွေ ပြောမနေနဲ့တော့ မြန်မြန် ကျွမ်းကျင်မှုစွမ်းရည် စာအုပ်ကို သင်ယူလိုက်စမ်းပါ" ကျိုးဟန် က လက်ဝှေ့ယမ်းကာ ပြောလိုက်လေသည်။

"အမိန့်အတိုင်းပါပဲ"

"အမလေး ပူတယ် ပူတယ် ပူတယ်" ရှောင်ယန် မှာ အော်ဟစ် ညည်းတွားနေလေသည်။ ထင်ရှားစွာပင် မီးတောက်၏ အစွမ်းမှာ အလွန် ပြင်းထန်လွန်းလှပြီး နတ်ဘုရားအဆင့် စွမ်းအားက သူ့ကို သက်တောင့်သက်သာ မဖြစ်စေချေ။

သို့သော် ကျိုးဟန် သည် များများစားစား ကြည့်မနေခဲ့သလို ဝင်ရောက် ကူညီခြင်းလည်း မရှိခဲ့ပေ။ အကယ်၍ ရှောင်ယန် အနေဖြင့် ကျွမ်းကျင်မှုစွမ်းရည် တစ်ခုကိုပင် သေချာ မသင်ယူနိုင်ပါက အလကားကောင်သာ ဖြစ်ရာ အချိန်ဖြုန်းနေရန် လိုအပ်ဦးမည်လား။

ဤကိစ္စကို သူ လုပ်ဆောင်နိုင်မည်ဟု ကျိုးဟန် ယုံကြည်ထားလေသည်။ နက်ရှိုင်းသော ချောက်ကမ်းပါး အတွင်းသို့ ဝင်ရောက်မည့် သူများစာရင်းတွင် သူ့ကိုပါ ထည့်သွင်း တွက်ချက်ထားပြီး ဖြစ်လေသည်။

ဆယ်ကြိမ်မြှင့် ထားသော ကောင်းကင် လောင်ကျွမ်းခြင်း ကျင့်စဉ် ကို အောင်မြင်စွာ လေ့ကျင့်နိုင်မည် ဆိုပါက ရှောင်ယန် ၏ စွမ်းအားမှာ ဧကရာဇ်အဆင့် သို့ အလွယ်တကူ ရောက်ရှိသွားမည် ဖြစ်ရာ ရှေးဟောင်း နက်ရှိုင်းသော ချောက်ကမ်းပါး သို့ ဝင်ရောက်နိုင်မည် ပင်ဖြစ်သည်။

လူတိုင်းမှာလည်း ရှောင်ယန် ၏ အမူအရာကို မျက်စိထဲတွင် မြင်တွေ့နေရပြီး တစ်ယောက်ချင်းစီတိုင်းမှာ အားကျလွန်း၍ မျက်ရည်များပင် ကျဆင်းလာကြလေသည်။

"ရှောင်ယန် ကတော့ ဒီတစ်ခါ လုံးဝ ကောင်းကင် ပျံတက်သွားပြီပဲ ငါတို့လည်း နောက်ကျကျန်ခဲ့လို့ မဖြစ်ဘူးနော်" လင်းတုန်း သည်လည်း ရှောင်ယန် ၏ အခွင့်အရေးကို အလွန် အားကျနေပြီး ခံစားချက် အပြည့်ဖြင့် ပြောလိုက်လေသည်။

"ဟုတ်တယ် သူ သိပ်မကြာခင်မှာပဲ ဧကရာဇ်အဆင့် စွမ်းအားကို ရောက်တော့မှာပဲ" မုချန် သည်လည်း အလွန်အမင်း ခံစားနေရလေသည်။ ယခင်က ဆားနယ်ငါး သုံးယောက်အဖွဲ့ထဲမှ ရှောင်ယန် မှာ ကောင်းကင် ပျံတက်သွားခဲ့ပြီ ဖြစ်ရာ သူ၏ ရင်ထဲတွင် သေချာပေါက် အရသာ မရှိဖြစ်နေလေသည်။

"ငါ့အမြင်တော့ အစ်ကိုကြီးရဲ့ နည်းလမ်းတွေက နတ်ဘုရားတွေထက်တောင် ပိုပြီး အစွမ်းထက်နေသေးတယ် ဒီလောက် လွယ်လွယ်ကူကူနဲ့ပဲ ဧကရာဇ်အဆင့် အစွမ်းထက်သူ တစ်ယောက်ကို ဖန်တီးပေးလိုက်နိုင်တာပဲ"

"ဒါပေါ့ နတ်ဘုရားသတ်ဖြတ်ခြင်း နန်းတော် ဆိုတဲ့ နာမည် ဘယ်ကလာလဲ ငါ သိသွားပြီ နတ်ဘုရားတွေက ဘာများ အရေးစိုက်စရာ လိုလို့လဲ အကုန် သတ်ပစ်မှာပဲ"

...

အဖွဲ့ဝင်များ၏ မြှောက်ပင့် ပြောဆိုနေမှုများကို ကျိုးဟန် အာရုံမစိုက်တော့ဘဲ တစ္ဆေ နတ်ဘုရား ပုလဲ အပိုင်းအစများ ကို စတင် ရယူရန် ပြင်ဆင်လိုက်လေသည်။

"သခင် ကျွန်တော့်ကို ခေါ်လိုက်တာ ဘာများ ခိုင်းစရာ ရှိလို့လဲ" ကျုံးခွေ သည် ဝိညာဉ် တံခွန် ထဲမှ ထွက်ပေါ်လာပြီး သံသယဖြစ်စွာဖြင့် မေးလိုက်လေသည်။

"အင်း အခု မင်း အလုပ်လုပ်ပေးဖို့ လိုနေပြီ" ကျိုးဟန် က ပြုံးကာ ပြောလိုက်လေသည်။

"အမိန့်အတိုင်းပါပဲ သခင်"

"နည်းနည်း သံသယ ဝင်နေတာလား"

"ဟုတ်ပါတယ် သခင်ရဲ့ စွမ်းအားက ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်တော့ ရန်သူတွေကို အလွယ်တကူပဲ စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်နိုင်တယ်လေ ကျွန်တော် အဓိက ဝိညာဉ် ဖြစ်လာပြီးတဲ့နောက်မှာတောင် တိုက်ခိုက်ရမယ့် နေရာ မရှိသလို ခံစားနေရလို့ပါ"

"အခု ကျွန်တော့်ကို ရန်သူတွေ သတ်ခိုင်းတယ် ဆိုတာ တခြား အကြောင်းပြချက် ရှိလို့ နေမှာပေါ့"

ကျုံးခွေ သည် သူ၏ ရင်တွင်းရှိ သံသယများကို ဖွင့်ဟ ပြောဆိုလိုက်လေသည်။ သူသည် ကျိုးဟန် ၏ နည်းလမ်းများကို သဘာဝကျကျပင် သိရှိထားလေသည်။ သူ့ကို ဆင့်ခေါ်ရသည့် အချိန်မှာ ဓားအလင်းတန်း တစ်ချက် ပစ်လွှတ်လိုက်ရသည့် အချိန်ထက် များစွာ ပိုမို နှေးကွေးလေသည်။

ထို့ကြောင့် ဤကဲ့သို့ အချိန်ဖြုန်းသော ကိစ္စရပ်မျိုးကို လုပ်ဆောင်ရခြင်းမှာ သေချာပေါက် အခြားသော အကြောင်းရင်းများ ရှိနေမည်သာ ဖြစ်လေသည်။

"မှန်တယ် ငါ တစ္ဆေ နတ်ဘုရား ပုလဲ အပိုင်းအစများ ကို ရယူဖို့ မင်းရဲ့ တစ္ဆေ နတ်ဘုရား အညံ့ခံခြင်း ဆိုတဲ့ အထူးအကျိုးသက်ရောက်မှု ကို လိုအပ်နေလို့ပဲ" ကျိုးဟန် က တိုက်ရိုက်ပင် ပြောလိုက်လေသည်။

"ဒီလိုကိုး"

"တစ္ဆေ နတ်ဘုရား ပုလဲ အပိုင်းအစတွေ ကို ရယူချင်ရင် ဘုရင်အဆင့် စွမ်းအားရှိတဲ့ ရန်သူတွေကိုပဲ သတ်မယ်ဆိုရင် ကျဆင်းနိုင်ခြေ က အရမ်း နိမ့်ကျလွန်းတယ်လေ"

"ဧကရာဇ်အဆင့် ရန်သူတွေ ဆိုရင်တော့ ကျဆင်းနိုင်ခြေ က အများကြီး တိုးတက်လာမှာပါ" ကျုံးခွေ က သူ သိရှိထားသည်များကို ထုတ်ဖော် ပြောဆိုလိုက်လေသည်။

ထို့နောက် တစ္ဆေ နတ်ဘုရား ပုလဲ အပိုင်းအစ ၏ မူလဇစ်မြစ်နှင့် ထူးခြားချက် အချို့ကို သူက ဆက်လက် ရှင်းပြလိုက်လေသည်။

ကျိုးဟန် သည် ခေါင်းညိတ်ပြလိုက်ပြီး သေချာစွာ အတည်ပြုပြီးနောက် အဖွဲ့ဝင်များထံသို့ အမိန့်ပေးလိုက်လေသည်။ တွေ့ဆုံရသော တိုက်ပွဲဝင် အထူး ကိုဩဒိနိတ် နေရာများ အားလုံးကို သူ့ထံသို့ သတင်းပို့ရန် ဖြစ်လေသည်။

ထို့နောက် ထိုရန်သူများကို ကျုံးခွေ အား သတ်ဖြတ်ခိုင်းလိုက်မည်သာ ဖြစ်လေသည်။

ဘုရင်အဆင့် မိစ္ဆာသားရဲ များမှာ တစ္ဆေ နတ်ဘုရား ပုလဲ အပိုင်းအစများ ကျဆင်းနိုင်ခြေ နိမ့်ကျသော်လည်း အရေအတွက် များပြားပါက အကျိုးအမြတ်မှာလည်း မဆိုးလှချေ။ ထို့ကြောင့် ကျိုးဟန် အနေဖြင့် အလွယ်တကူ လက်လွတ်ခံမည့် အကြောင်းပြချက် မရှိပေ။

ထင်းများများ ထည့်လျှင် မီးတောက် ကြီးမားလာသကဲ့သို့ လူအင်အား များပြားခြင်း၏ အားသာချက်မှာ နောက်တစ်ကြိမ် ထပ်မံ ပေါ်ထွက်လာခဲ့လေပြီ။

မိနစ်အနည်းငယ်မျှ ကြာပြီးနောက် သူတို့သည် အထူး ကိုဩဒိနိတ် နေရာ သုံးခုကို ရှာဖွေတွေ့ရှိခဲ့ပြီး အားလုံးမှာ တိုက်ပွဲဝင် လေဟာနယ် ထဲသို့ ဝင်ရောက်ရမည့် နေရာများ ဖြစ်ကြလေသည်။

"ကျုံးခွေ မင်း အစွမ်းပြရမယ့် အချိန် ရောက်ပြီ" ကျိုးဟန် က ပြုံးကာ ပြောလိုက်လေသည်။

"သခင် စိတ်ချပါ ကျွန်တော့်ကိုသာ လွှဲထားလိုက်" ကျုံးခွေ ၏ မျက်နှာမှာ တည်ငြိမ်နေပြီး တိုက်ပွဲဝင် လေဟာနယ် အတွင်းသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားလေတော့သည်။

ကျိုးဟန် ၏ အကြည့်များမှာလည်း ထို လေဟာနယ် ထဲသို့ ရောက်ရှိသွားလေသည်။

[တိုက်ပွဲဝင် သတိပေးချက်... ]

[သင်၏ အဓိက ဝိညာဉ် - ကျုံးခွေ သည် အထူး ကိုဩဒိနိတ် နေရာကို နင်းမိသွားပြီး ရေကြည် ရေကန် အတွင်းသို့ ဝင်ရောက်သွားပါသည်... ]

[ယခုအချိန်တွင် ကြမ်းတမ်းသော ဝိညာဉ် - ငွေရောင်ချပ်ဝတ် နွားငယ် များ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံနေရပါသည်...]

၎င်းအတွင်း၌ ရေကန် တစ်ခု ရှိနေပြီး ရေထဲတွင် ကြမ်းတမ်းသော ဝိညာဉ် အရေအတွက်မှာ မနည်းလှချေ။ အားလုံးမှာ ခွေးကိုယ်လုံးနှင့် နွားခေါင်း ပုံစံမျိုး ရှိကြပြီး အရှိန်အဝါမှာ အလွန် ကြမ်းတမ်း ပြင်းထန်လှပေသည်။

ကျုံးခွေ ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် "မူး မူး" ဟု အဆက်မပြတ် အော်ဟစ်နေကြပြီး ၎င်းတို့၏ မျက်လုံးများထဲတွင် ရက်စက် ကြမ်းတမ်းသော အလင်းတန်းများ ပြည့်နှက်နေလေသည်။

"ဟီးဟီး ကံကောင်းတာပဲ ဒီအထဲမှာ ဧကရာဇ်အဆင့် မိစ္ဆာသားရဲ သုံးကောင်တောင် ပါနေသေးတယ်" ကျုံးခွေ ၏ စွမ်းအားနှင့် ပတ်သက်၍ ကျိုးဟန် အနည်းငယ်မျှပင် စိတ်ပူပန်ခြင်း မရှိချေ။ ဆန့်ကျင်ဘက် အနေဖြင့် ထို ကြမ်းတမ်းသော ဝိညာဉ် အုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ရာ ဝိညာဉ် ခေါင်းဆောင် သုံးကောင်မှာ ဧကရာဇ်အဆင့် သို့ ရောက်ရှိနေကြောင်း ရှာဖွေတွေ့ရှိလိုက်လေသည်။

ဤသို့ဆိုလျှင် ကျဆင်းနိုင်ခြေ မှာ အများကြီး တိုးတက်လာမည် ဖြစ်ရာ အစကောင်း တစ်ခုကို သေချာပေါက် ရရှိနိုင်မည် ပင်ဖြစ်သည်။

"ငါ နွားကြီး ရဲ့ နယ်မြေထဲကို ဝင်လာရဲတယ်ပေါ့ သေချင်နေတာပဲ" ခေါင်းဆောင်များထဲမှ တစ်ကောင်ဖြစ်သော ရွှေရောင်ချပ်ဝတ် နွားဘုရင် က ရက်စက် ကြမ်းတမ်းစွာ အော်ဟစ်လိုက်လေသည်။

"နွားလေးတို့ ဒီကောင့်ကို အစွမ်းလေး ပြလိုက်ကြစမ်း"

"မူး မူး"

"မူး မူး ငါ့ရဲ့ ထက်မြက်တဲ့ နွားချို အရသာကို မြည်းစမ်းကြည့်လိုက်စမ်း"

ရွှေရောင်ချပ်ဝတ် နွားဘုရင် ၏ အမိန့်ပေးသံ အောက်တွင် ထို ငွေရောင်ချပ်ဝတ် နွားငယ် များသည် ချက်ချင်းပင် ထိုးစစ်ဆင်ရန် ချီတက်လာကြပြီး အရှိန်အဝါများမှာ ကောင်းကင်ယံကိုပင် တုန်ခါသွားစေကာ ရင်ဆိုင်ရန် ခက်ခဲလွန်းလှပေသည်။

"အထူးသတ်ဖြတ်ခြင်း... ဝိညာဉ်ခိုး သံကြိုးချိတ်"

ကျုံးခွေ က အေးအေးဆေးဆေးပင် ပြုံးလိုက်ပြီး သံကြိုးချိတ် တစ်ခုကို တိုက်ရိုက် ပစ်လွှတ်လိုက်လေသည်။ မိုးကြိုး တစ်ခုအလား လျင်မြန်လွန်းလှပြီး လေပြင်း တစ်ခုအလား ကြမ်းတမ်း ရူးသွပ်လွန်းလှပေသည်။

ထို့နောက် မောက်မာနေသော ရွှေရောင်ချပ်ဝတ် နွားဘုရင် မှာ လုံးဝ တုံ့ပြန်နိုင်စွမ်း မရှိလိုက်ဘဲ အပိုင်းပိုင်းအစစ ဖြစ်အောင် ချေမှုန်းခံလိုက်ရလေတော့သည်။

[သင်၏ အဓိက ဝိညာဉ် - ကျုံးခွေ သည် ကြယ်ကိုးပွင့် ဧကရာဇ်အဆင့် မိစ္ဆာသားရဲ ရွှေရောင်ချပ်ဝတ် ရေနွား ကို အောင်မြင်စွာ သတ်ဖြတ်လိုက်ပါသည်...]

[ဘုရင်အဆင့် ဝတ်စုံ သုံးခု... ဧကရာဇ်အဆင့် ဝတ်စုံ တစ်ခု နှင့် တစ္ဆေ နတ်ဘုရား ပုလဲ အပိုင်းအစ လေးခု ကျဆင်းလာပါသည်...]

"တကယ်ပဲ အစကောင်းနေတာပါလား မဆိုးဘူး မဆိုးဘူး" သတင်းအချက်အလက်ကို ရရှိလိုက်သော ကျိုးဟန် မှာလည်း အလွန် ဝမ်းသာနေလေသည်။ မကြာမီ အချိန်အတွင်း မျက်လုံး စွမ်းရည် ကျွမ်းကျင်မှုစွမ်းရည် စာအုပ် ကိစ္စမှာ ပြီးမြောက်သွားတော့မည် ဖြစ်လေသည်။

ငွေရောင်ချပ်ဝတ် နွားငယ် များမှာ အနည်းငယ် တုန်လှုပ်သွားကြသော်လည်း ထိုးစစ်ဆင်သည့် အရှိန်အဟုန်ကိုမူ မရပ်တန့်ခဲ့ကြဘဲ ကျုံးခွေ ၏ အနီးသို့ ရောက်ရှိလာကြလေသည်။

"အရာအားလုံး ဖျက်ဆီးခြင်း သံကြိုးချိတ်... ခွဲထွက်စမ်း" ကျုံးခွေ ၏ အေးစက်သော အသံ ထွက်ပေါ်လာလေသည်။

စကားသံ အဆုံးတွင် သူ၏ လက်ထဲရှိ ကြယ်ငါးပွင့် အမြင့်ဆုံးအဆင့် အရည်အသွေးရှိသော သံကြိုးချိတ် မှာ တစ်ခုမှ လေးခု... လေးခုမှ ဆယ့်ခြောက်ခု သို့ ခွဲထွက်သွားလေသည်။

လျင်မြန်စွာပင် ကောင်းကင်နှင့် နေရောင်ကို ဖုံးကွယ်သွားနိုင်သော သံကြိုးကွန်ရက်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထို နွားငယ်များ အားလုံးကို လွှမ်းခြုံ ချုပ်နှောင်လိုက်လေသည်။

သံကြိုးများ အပေါ်တွင် ကြောက်မက်ဖွယ် ကောင်းပြီး ဝိညာဉ်ကို ဖမ်းယူနိုင်စွမ်းရှိသော အငွေ့အသက်များ ပြည့်နှက်နေလေသည်။

ထို့နောက် ကျုံးခွေ သည် ခုတ်ပိုင်း သတ်ဖြတ်သည့် ဟန်ပန်တစ်ခုကို လုပ်ဆောင်လိုက်လေသည်။

"မူး မူး" ဟူသော ညည်းတွားသံ အမျိုးမျိုးကိုသာ ကြားလိုက်ရပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် တစ်ကောင်မကျန် သတ်ဖြတ် ချေမှုန်းခံလိုက်ရလေတော့သည်။

[သင်၏ အဓိက ဝိညာဉ် - ကျုံးခွေ သည် ဘုရင်အဆင့် ကြယ်သုံးရာ မိစ္ဆာသားရဲ ငွေရောင်ချပ်ဝတ် နွားငယ် ကို အောင်မြင်စွာ သတ်ဖြတ်လိုက်ပါသည်...]

[မည်သည့်ပစ္စည်းမျှ ကျဆင်းလာခြင်း မရှိပါ...]

[သင်၏ အဓိက ဝိညာဉ် - ကျုံးခွေ သည် ဘုရင်အဆင့် ကြယ်သုံးရာ မိစ္ဆာသားရဲ ငွေရောင်ချပ်ဝတ် နွားငယ် ကို အောင်မြင်စွာ သတ်ဖြတ်လိုက်ပါသည်...]

[တစ္ဆေ နတ်ဘုရား ပုလဲ အပိုင်းအစ တစ်ခု ကျဆင်းလာပါသည်...]

[သင်၏ အဓိက ဝိညာဉ် - ကျုံးခွေ သည် ဘုရင်အဆင့် ကြယ်သုံးရာ မိစ္ဆာသားရဲ ငွေရောင်ချပ်ဝတ် နွားငယ် ကို အောင်မြင်စွာ သတ်ဖြတ်လိုက်ပါသည်...]

[ဘုရင်အဆင့် ဝတ်စုံ တစ်ခု ကျဆင်းလာပါသည်...]

...

[တိုက်ပွဲ ပြီးဆုံးသွားပါပြီ...]

[သင်၏ အဓိက ဝိညာဉ် - ကျုံးခွေ သည် ဤတစ်ကြိမ်တွင် အဖွဲ့အတွက် လျှို့ဝှက်နယ်မြေ ရမှတ် တစ်သောင်းရှစ်ထောင် နှင့် အတွေ့အကြုံရမှတ် ခြောက်သိန်းခြောက်သောင်းနှစ်ထောင် ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါသည်...]

"သခင် ဒါက တစ္ဆေ နတ်ဘုရား ပုလဲ အပိုင်းအစ တွေပါ"

"စုစုပေါင်း ဆယ့်သုံးခု ရခဲ့ပါတယ် တခြား ရလာတဲ့ ပစ္စည်းတွေကိုလည်း ကျွန်တော် အကုန်လုံး သိမ်းဆည်း ပြီးပါပြီ”

All Chapters