← Chapters

အခန်း ၂၉၄

Vol. 30 Ch. 294

အခန်း ၂၉၄

Vol. 30 Ch. 294

အခန်း ၂၉၄ ပိုးဟပ်တို့၏ အသိုက်အအုံ

စစ်ဆေးရေတွက်ခြင်း လုပ်ငန်းများ ပြီးမြောက်သွားပြီးနောက် ကျုံးခွေသည် ရရှိလာသော အကျိုးအမြတ်များ အားလုံးကို လာရောက် ဆက်သလေသည်။ ၎င်းတို့ထဲတွင် တစ္ဆေ နတ်ဘုရား ပုလဲ အပိုင်းအစများ၊ လက်နက် ကိရိယာများနှင့် မှော်ဆေးလုံးများ စသည့် ပစ္စည်းအမျိုးမျိုး ပါဝင်လေသည်။

"မဆိုးဘူးပဲ... ဒီတစ်ကြိမ်တင် တစ္ဆေ နတ်ဘုရား ပုလဲ အပိုင်းအစ ဆယ့်သုံးခုတောင် ရတာပါလား... ဒီဈေးနှုန်းအတိုင်းဆိုရင် ကြယ်တာရာအဆင့် မျက်လုံး စွမ်းရည် ကျွမ်းကျင်မှုစွမ်းရည် စာအုပ် တစ်အုပ်ကို ဝယ်လို့ရပြီလေ..." ကျိုးဟန်က ဝမ်းသာအားရဖြင့် တိုးတိတ်စွာ ရေရွတ်လိုက်လေသည်။

ပစ္စည်းကျဆင်းနိုင်ခြေမှာ အလွန်အမင်း မြင့်မားခြင်း မရှိသော်လည်း အတော်အတန် ကောင်းမွန်သည်ဟု ဆိုရမည် ဖြစ်ပြီး တိုက်ပွဲဝင် အထူး ကိုဩဒိနိတ် နေရာ အနည်းငယ်ကို ထပ်မံ ရှာဖွေနိုင်ရုံမျှဖြင့် မကြာမီ အချိန်အတွင်း သူ၏ ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိသွားမည်သာ ဖြစ်လေသည်။

ကန့်သတ်ကုန်တိုက် အတွင်း၌ ကြယ်တာရာအဆင့် ကျွမ်းကျင်မှုစွမ်းရည် စာအုပ် တစ်အုပ်အတွက် အပိုင်းအစ ဆယ်ခု လိုအပ်ပြီး ဘုရင်အဆင့် အတွက်မူ အရည်အသွေး အနိမ့်အမြင့် အပေါ် မူတည်၍ အပိုင်းအစ အခုသုံးဆယ်မှ ခုနစ်ဆယ်အထိ လိုအပ်ကာ ဧကရာဇ်အဆင့် အတွက်မူ အပိုင်းအစ တစ်ရာမှ သုံးရာအထိ လိုအပ်လေသည်။

ဈေးနှုန်းများမှာ အတော်လေး မျှတသည်ဟု ဆိုနိုင်ပြီး ကျိုးဟန် အနေဖြင့် အပိုင်းအစ နှစ်ရာခန့် ရရှိရုံမျှဖြင့် လုံလောက်ပြီ ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် ကျွမ်းကျင်မှုစွမ်းရည် ပေါင်းစပ်ခြင်း စွမ်းရည်ဖြင့် ပေါင်းစပ်ပြီးနောက်တွင် ကျွမ်းကျင်မှုစွမ်းရည် ၏ အရည်အသွေးကို မြှင့်တင်နိုင်စွမ်း ရှိသဖြင့် ကျိုးဟန် အနေဖြင့် အရည်အသွေး အလွန် မြင့်မားသော အရာများကို ဝယ်ယူရန် မလိုအပ်ခြင်း ဖြစ်လေသည်။ သို့သော် သေချာပေါက် ရရှိလာသော အပိုင်းအစများဖြင့် ပိုမို ကောင်းမွန်သော အရာကို ဝယ်ယူနိုင်မည် ဆိုပါကလည်း ပြဿနာ လုံးဝ မရှိချေ။

ဤကဲ့သို့ ပစ္စည်းကျဆင်းမှုနှုန်း အခြေအနေ အရ နောက်ထပ် တိုက်ပွဲ ဆယ်ကြိမ်ပင် မပြည့်မီ အချိန်အတွင်း ပြီးမြောက်သွားနိုင်ခြေ ရှိလေသည်။

"အခု ဝိညာဉ် တံခွန် ထဲမှာ ရှိတဲ့ သာမန် ဝိညာဉ် တွေကို မင်း စိတ်ကြိုက် အသုံးပြုလို့ ရပြီ..."

"တိုက်ပွဲရဲ့ အရှိန်အဟုန်ကို မြှင့်တင်လိုက်စမ်း..." ကျိုးဟန်က အမိန့်ပေးလိုက်လေသည်။

ဝိညာဉ် တံခွန် အတွင်း၌ အဓိက ဝိညာဉ် အပြင် ယခုအခါ သာမန် ဝိညာဉ် ပေါင်း တစ်သိန်းခန့် ရှိနေပြီ ဖြစ်ရာ ထို ဝိညာဉ် များ၏ အရေအတွက် အားသာချက်မှာလည်း အလွန် အစွမ်းထက်သော တိုက်ခိုက်ရေး စွမ်းအား တစ်ရပ် ပင်ဖြစ်သည်။

"အမိန့်အတိုင်းပါပဲ..." ကျုံးခွေက ရိုသေစွာ အဖြေပေးလိုက်လေသည်။

ထို့နောက် သူသည် ထို ဝိညာဉ်များ အားလုံးကို တစ်ပြိုင်နက် ဆင့်ခေါ်လိုက်ရာ လေဟာနယ် တစ်ခုလုံးမှာ ချက်ချင်းပင် အေးစက် မှောင်မိုက်သွားပြီး အစွမ်းထက်လှသော စွမ်းအားများကြောင့် လူကို အလွန်အမင်း ထိတ်လန့် ခြောက်ခြားသွားစေလေသည်။

အမှန်တကယ်တွင် ထို ဝိညာဉ်များ အနက် အများစုမှာ အသက်ရှင်စဉ် ကတည်းက အလွန် အစွမ်းထက်ခဲ့ကြသူများ ဖြစ်ကြပြီး ယခုအခါ ဝိညာဉ် တံခွန် ၏ စွမ်းအားမြှင့်တင်ပေးမှု အောက်တွင် ထုတ်လွှတ်နေသော စွမ်းအားများမှာ ပိုမို၍ ရူးသွပ် ကြမ်းတမ်းပြီး ရက်စက် လှပေသည်။

"သွေး တွေကပဲ ငါ့ကို ပျော်ရွှင်စေနိုင်တာ..."

"သတ်ကြစမ်း... ရန်သူတွေ အကုန်လုံး သေသင့်တယ်..."

"အား... ရူးသွပ်မနေရင် အသက်ရှင်လို့ မရဘူး..."

ထို ဝိညာဉ် များတွင် ကိုယ်ပိုင် အသိစိတ်များ ရှိမနေကြဘဲ မသိစိတ် အတွင်းရှိ သွေးဆာခြင်းနှင့် ရက်စက် ကြမ်းတမ်းမှုများဖြင့်သာ အော်ဟစ် ညည်းတွားနေကြပြီး ပြီးပြည့်စုံသော သတ်ဖြတ်ရေး စက်ရုပ်များအလား ဖြစ်နေကြလေသည်။

သူတို့သည် ဝိညာဉ် တံခွန် ၏ အရှင်သခင် ၏ အမိန့်ကိုသာ နာခံကြမည့်သူများ ဖြစ်ကြပြီး ယခုအခါ ကျိုးဟန်သည် ၎င်းတို့ကို ထိန်းချုပ်နိုင်စွမ်းကို ကျုံးခွေထံသို့ လွှဲပြောင်းပေးအပ်လိုက်ကာ တိုက်ပွဲကို ကွပ်ကဲ စေခဲ့ခြင်း ဖြစ်လေသည်။

ဤကဲ့သို့သော စွမ်းအားစု တစ်ရပ် ပါဝင်လာမှုကြောင့် တိုက်ပွဲ အမြန်နှုန်းကို မြှင့်တင်ပေးနိုင်ရုံမျှမက ကျုံးခွေ ၏ ဖိအားများကိုလည်း အတိုင်းအတာတစ်ခုအထိ ကူညီ ဖယ်ရှားပေးနိုင်မည် ဖြစ်လေသည်။

ကျုံးခွေသည် မည်မျှပင် အစွမ်းထက်စေကာမူ သူသည် ဝိညာဉ် ခန္ဓာကိုယ် အခြေအနေ မျိုးသာ ဖြစ်သည်ဟူသော အချက်ကိုမူ ပြောင်းလဲ၍ မရနိုင်ချေ။

ဝိညာဉ် ခန္ဓာကိုယ် ၏ ထူးခြားချက်မှာ အချိန်တိုအတွင်း ပြင်းထန် ရူးသွပ်သော တိုက်ခိုက်မှု ထိခိုက်မှုများကို ထုတ်ဖော်နိုင်သော်လည်း စွမ်းအင် ကုန်ခမ်းမှုမှာ အလွန် ကြီးမားလှသဖြင့် ရေရှည် တိုက်ပွဲဝင်ရန် မဖြစ်နိုင်ခြင်း ပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ကိုယ်ပိုင် အစစ်အမှန် ခန္ဓာကိုယ် ရှိမနေသဖြင့် အဆုံးစွန်သော စွမ်းအားများကို အဆက်မပြတ် ထောက်ပံ့ပေးနိုင်စွမ်း မရှိချေ။

ထို့ကြောင့် ဤ ဝိညာဉ် တစ်သိန်းခန့် ၏ ကူညီ ပံ့ပိုးပေးမှု အောက်တွင် တိုက်ပွဲများမှာ ပိုမို၍ လွယ်ကူ ချောမွေ့သွားမည် ဖြစ်လေသည်။

ထို့အပြင် ကျိုးဟန်သည် စနစ်ကို မေးမြန်းကြည့်ခဲ့ရာ သူသည် ကျုံးခွေအား လုပ်ပိုင်ခွင့် ပေးအပ်လိုက်ပြီးနောက် ထို ဝိညာဉ်များ အားလုံးမှာ လောလောဆယ်တွင် ကျုံးခွေ ၏ လက်အောက်ခံ အဖြစ်သို့ ရောက်ရှိသွားမည် ဖြစ်ကြောင်း သိရှိလိုက်လေသည်။

သူတို့သည် ရန်သူများကို သတ်ဖြတ်လိုက်ပါကလည်း တစ္ဆေ နတ်ဘုရား ပုလဲ အပိုင်းအစများ ကို ကျဆင်းစေနိုင်စွမ်း ရှိလေသည်။

"အရမ်း ကြောက်စရာကောင်းတဲ့ စွမ်းအား ပါလား... ဘာလို့ အရေအတွက်က ဒီလောက်တောင် များနေရတာလဲ... အစ်ကိုကြီး... ဒါက လူကို ခြောက်လှန့်နေတာပဲ..." အဖွဲ့ဝင်များမှာ ရုတ်တရက် အေးစက်သော အငွေ့အသက်များကို ခံစားလိုက်ရသဖြင့် လန့်ဖျပ်သွားကြပြီး ၎င်းမှာ ကျိုးဟန် ထိန်းချုပ်နေခြင်း ဖြစ်ကြောင်း မြင်တွေ့လိုက်ရချိန်တွင်မှ ရင်ထဲတွင် အနည်းငယ် တည်ငြိမ်သွားကြလေသည်။

"ဒီ အရေအတွက်က တစ်သိန်းတောင် ရှိတာလား... တိုးတက်လာတဲ့ အရှိန်အဟုန်ကလည်း အရမ်း မြန်လွန်းမနေဘူးလား... အစ်ကိုကြီးကတော့ တကယ်ကို ပြိုင်ဘက်ကင်းတာပဲ..." ရန်တင်းထျန်းက အံ့သြတကြီးဖြင့် ပြောလိုက်လေသည်။ ယခင်က တစ္ဆေ တစ်ရာ ည တိုက်ပွဲ လျှို့ဝှက်နယ်မြေ ထဲသို့ စတင် ဝင်ရောက်ခွင့် ရရှိစဉ်က ကျိုးဟန်သည် ဝိညာဉ် တံခွန် ကို အသုံးပြုခဲ့သည်ကို သူ မြင်တွေ့ခဲ့ဖူးသော်လည်း ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုမျိုး ရှိမနေခဲ့ချေ။

မည်သို့ပင်ဆိုစေ ယခင်က ဝိညာဉ် အရေအတွက်မှာ တစ်သောင်းပင် မပြည့်ခဲ့ချေ။

သို့သော် ဤကာလ အတွင်း၌ လျှို့ဝှက်နယ်မြေ ထဲတွင် ဝိညာဉ်များကို အဆက်မပြတ် စုပ်ယူခဲ့သည့်အပြင် နတ်ဘုရား သားရဲ ထောက်ထျဲ့ ၏ တစ်ကိုယ်တော် လှုပ်ရှားမှုများ ကြောင့်ပါ ဝိညာဉ်များကို အဆက်မပြတ် ဝါးမြို စုပ်ယူနိုင်ခဲ့သဖြင့် ယခုအခါ အရေအတွက်မှာ တစ်သိန်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ရာ ထုတ်ဖော်နိုင်သော စွမ်းအားများကို ယခင်နှင့် ယှဉ်ပြိုင်၍ပင် ရနိုင်တော့မည် မဟုတ်ချေ။

ဝိညာဉ် တံခွန် မှာ မည်သည့်အတွက်ကြောင့် လူများကို ထိတ်လန့် ခြောက်ခြားစေရသနည်း။ ၎င်းမှာ မြောက်မြားစွာသော ဝိညာဉ်များကို ထိန်းချုပ်ကာ လူအင်အား အသာစီးဖြင့် လွှမ်းမိုး ချေမှုန်းနိုင်သော အားသာချက်များ ရှိနေသောကြောင့်သာ ဖြစ်ပြီး မရေမတွက်နိုင်သော သူများကို အလန့်တကြား အော်ဟစ် ညည်းတွား စေခဲ့ခြင်း ဖြစ်လေသည်။

ထို့ကြောင့် ဝိညာဉ် အရေအတွက်မှာ တစ်သိန်းအဆင့်သို့ ရောက်ရှိသွားချိန်တွင် တိုက်ခိုက်ရေး စွမ်းအားမှာ နောက်ထပ် အဆင့်တစ်ခုသို့ မြင့်တက် တိုးတက်သွားခဲ့လေပြီ။

"ကျိုးဟန်... ရှင်ကတော့ တကယ်ကို နဂါးကြီး တစ်ကောင်လိုပဲ..."

"ဒီလိုမျိုး နတ်ဘုရားအဆင့် လက်နက် ရှိနေတာလား..." ကက်သရင်းသည် ကျိုးဟန် ၏ ဘေးနားတွင် အစအဆုံး မြင်တွေ့နေခဲ့ရသဖြင့် ယခုအချိန်တွင် အလွန်အမင်း အံ့အားသင့် မှင်သက်နေမိလေတော့သည်။

"တကယ်ပဲ ရှင်က ဆင့်ခေါ် သိုင်းပညာရှင် လား... ဒါမှမဟုတ် ကျွန်မကပဲ ဆင့်ခေါ် သိုင်းပညာရှင် လား..."

ကက်သရင်း အနေဖြင့် အလွန် စကားမပြောနိုင် ဖြစ်နေမိလေသည်။ သူမသည် စစ်မှန်သော ဆင့်ခေါ် သိုင်းပညာရှင် တစ်ယောက် ဖြစ်သော်လည်း အခြားသော နည်းလမ်းများကို အသုံးပြုသည့် ကျိုးဟန် ၏ လွှမ်းမိုး ချေမှုန်းခြင်းကို ခံလိုက်ရသဖြင့် ဤသည်မှာ တကယ်ပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရလေသည်။

"ဟားဟားဟား... မင်းလည်း စိတ်ပျက်မနေပါနဲ့ဦး... နောင်တစ်ချိန်ကျရင် မင်းအနေနဲ့ နတ်ဘုရားအဆင့် ဒါမှမဟုတ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်မှုစွမ်းရည် တွေကို ရရှိသွားခဲ့ရင် ဒီလောက်များပြားတဲ့ အရေအတွက်ကို ဆင့်ခေါ်နိုင်စွမ်း ရှိလာမှာပါ..." ကျိုးဟန်က ပြုံးကာ နှစ်သိမ့်စကား ပြောလိုက်လေသည်။

'နတ်ဘုရားအဆင့် ကျွမ်းကျင်မှုစွမ်းရည် ဆိုတာ တောထဲက မုန်လာဥကြီး ကျနေတာပဲ... ရချင်တိုင်း ရလို့ရမှာမို့လို့လား... ပြီးတော့ တကယ်ပဲ အရေအတွက် တစ်သိန်းအထိ ဆင့်ခေါ်နိုင်ပါ့မလား...' ကက်သရင်းသည် သူမ၏ ရင်ထဲတွင် သံသယများ ပြည့်နှက်နေမိလေသည်။

သူတို့နှစ်ယောက် စနောက် စကားပြောနေကြစဉ်မှာပင် ကျုံးခွေသည် ဝိညာဉ် တစ်သိန်းခန့်ကို ဦးဆောင်ကာ ကျိုးဟန် မှတ်သားပေးထားသော အခြား အထူး ကိုဩဒိနိတ် နေရာတစ်ခုဆီသို့ တိုက်ရိုက် ဦးတည် သွားလေတော့သည်။ မကြာမီ အချိန်အတွင်းမှာပင် တိုက်ပွဲကြီးတစ်ခုမှာ ချက်ချင်း ဆိုသလို ပေါ်ပေါက်လာတော့မည် ဖြစ်လေသည်။

[တိုက်ပွဲဝင် သတိပေးချက်... သင်၏ အဓိက ဝိညာဉ် - ကျုံးခွေ သည် အထူး ကိုဩဒိနိတ် နေရာကို နင်းမိသွားပြီး ပိုးဟပ်တို့၏ အသိုက်အအုံ အတွင်းသို့ ဝင်ရောက်သွားပါသည်...]

[ယခုအချိန်တွင် ကြမ်းတမ်းသော ဝိညာဉ် - ညနက် ပိုးဟပ် ငါးသောင်း ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံနေရပါသည်...]

မှောင်မိုက် စိုစွတ်လှသော လိုဏ်ဂူကြီး တစ်ခုအတွင်း၌ ပိုးဟပ်ဘုရင် သည် ဝိညာဉ်စွမ်းအင် လှိုင်းများ လွင့်ပျံလာသည်ကို ခံစားသိရှိလိုက်ရသဖြင့် မျက်နှာပေါ်တွင် သွေးဆာနေသော အေးစက်သည့် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာလေသည်။

"ဘယ်သူကများ ငါ့ရဲ့ နယ်မြေထဲကို လာပြီး ကျူးကျော်ရဲတာလဲ..."

"မင်းတို့တွေ ငါ ပိုးဟပ်ကြီး ရဲ့ နာမည်ကျော်ကြားမှုကို မကြားဖူးဘူးလား..." ပိုးဟပ်ဘုရင် သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး အရှိန်အဝါများမှာ ကောင်းကင်ယံကို တုန်ခါသွားစေကာ သူ၏ ရူးသွပ် ကြမ်းတမ်းလှသော စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်ပြသနေလေသည်။

၎င်းတွင် ဤကဲ့သို့ မောက်မာနိုင်သော အရင်းအမြစ်များ ရှိနေသည်မှာ သေချာလှပေသည်။ မည်သို့ပင်ဆိုစေ သူ၏ လက်အောက်တွင် ငယ်သား ငါးသောင်းခန့် ရှိနေပြီး အထွတ်အထိပ်အဆင့် ရှိသော အစွမ်းထက်သူ ၏ ဖမ်းဆီး ချုပ်နှောင်ခြင်းကို ခံရကာ ဝိညာဉ် ဖိနှိပ်ရေး မျှော်စင် အတွင်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်လေသည်။

ဤ လေဟာနယ် ကြီးအတွင်း၌ မူလက အခြားသော ကြမ်းတမ်းသည့် ဝိညာဉ်များ ရှိနေခဲ့သော်လည်း ပြင်းထန်သော တိုက်ခိုက် သတ်ဖြတ်မှုများ အပြီးတွင် အားလုံးမှာ သူ၏ လက်အောက်၌ ရှုံးနိမ့်သွားခဲ့ကြသဖြင့် ထို့ကြောင့် ၎င်းသည် ဤလိုဏ်ဂူကြီး ၏ အရှင်သခင် အစစ်အမှန် ဖြစ်လာခဲ့ခြင်း ဖြစ်လေသည်။

"ညီအစ်ကိုတို့... အသက်ရှင်ရတာ ပျင်းနေတဲ့ ဒီကောင့်ကို အစွမ်းလေး ပြလိုက်ကြစမ်း..."

"နောက်ဘဝကျရင် မျက်လုံးကို သေသာဖွင့်ထားဦး... မင်း လာပြီး ရန်စလို့ရတဲ့ လူမျိုး မဟုတ်ဘူးဆိုတာကို သိထားစမ်း..." ပိုးဟပ်ဘုရင် သည် တည်ငြိမ်စွာပင် အမိန့်ပေးလိုက်ပြီး ကျုံးခွေကို စိုက်ကြည့်လိုက်သော အကြည့်များထဲတွင် သနားကရုဏာ သက်မှုများ ပြည့်နှက်နေလေသည်။

"လူအင်အား လာပြိုင်ချင်တာလား..."

"မင်းရဲ့ ဒီလောက် လူအနည်းငယ်လေးကတော့ ပြောနေစရာတောင် မလိုပါဘူး..." ကျုံးခွေ ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်လိုသော အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။

သူသည် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ဝိညာဉ် တစ်သိန်းခန့်မှာ ချက်ချင်းပင် ထိုးထွက်လာကြပြီး အဆုံးစွန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များနှင့်အတူ ဤအသိုက်အအုံ အတွင်း၌ အဆက်မပြတ် ရိုက်ခတ် ပျံ့နှံ့သွားလေတော့သည်။

"လခွမ်း... မင်း..."

"ငယ်သား တစ်သိန်းတောင် ရှိတာလား... ဘာလို့ မင်းဆီမှာ ငယ်သားတွေ ဒီလောက်တောင် များနေရတာလဲ..." ပိုးဟပ်ဘုရင် ၏ မျက်နှာ အမူအရာမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး အလွန်အမင်း ဆိုးရွားသွားကာ နဖူးထက်မှ ချွေးစက်များပင် စီးကျလာလေတော့သည်။

မိမိအနေဖြင့် ငယ်သား အရေအတွက်ကို လာရောက် ယှဉ်ပြိုင်သော်လည်း မယှဉ်နိုင်ခဲ့သဖြင့် ယခုအချိန်တွင် သူ၏ ငယ်သားများ အနေဖြင့် ပိုမို အစွမ်းထက်ကြပြီး တစ်ယောက်လျှင် နှစ်ယောက်စာ တောင့်ခံနိုင်ပါစေဟုသာ ဆုတောင်းနေရလေတော့သည်။

သို့သော် မျှော်လင့်ချက်များနှင့် လက်တွေ့မှာ ဆန့်ကျင်ဘက် ဖြစ်နေခဲ့ပြီး ပိုးဟပ်ဘုရင် ၏ စိတ်ဝိညာဉ် တုန်လှုပ်နေစဉ်မှာပင် တိုက်ပွဲကြီးမှာ အစောကတည်းက Sတင်နေခဲ့ပြီ ဖြစ်လေသည်။

မျက်နှာချင်းဆိုင်မှ ဝိညာဉ်များမှာ သတ်ဖြတ်ရေး စက်ရုပ်များအလား အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်နေကြပြီး သူ၏ ငယ်သားများမှာမူ ဤကဲ့သို့သော အရှိန်အဝါ အောက်တွင် ချက်ချင်းပင် ဖိနှိပ် ချုပ်ချယ်ခြင်းကို ခံလိုက်ရလေသည်။

ကြီးမားလှသော ဖိအားများ အောက်တွင် လှုပ်ရှားမှုများမှာ မူမမှန် ဖြစ်သွားကြပြီး မူလ စွမ်းအားများ၏ ခုနစ်ဆယ် ရာခိုင်နှုန်းပင် မပြည့်မီသော အခြေအနေသို့ ရောက်ရှိသွားကြရလေသည်။

ဤသည်က မူလကတည်းက အရေအတွက် တစ်ဝက်ခန့် နည်းပါးနေသော ညနက် ပိုးဟပ် များ ဘက်အတွက်မူ ပိုမို၍ ဆိုးရွားလှသော ဘေးဒုက္ခများ ဖြစ်ပေါ်လာစေခဲ့လေသည်။

ပိုးဟပ်ဘုရင် ၏ မျက်နှာမှာ ပိုမို၍ ဖြူရော်သွားခဲ့ပြီး သူ၏ နောက်ဆုံးသော မျှော်လင့်ချက် အလင်းတန်းလေးမှာလည်း လုံးဝ ပျက်စီး ပျောက်ကွယ်သွားခဲ့ရလေတော့သည်။

နှစ်ဖက် အင်အားစုများ ပြင်းထန်စွာ ရိုက်ခတ်မိကြသည်နှင့်အမျှ ညနက် ပိုးဟပ် များ၏ အသက်များကို အဆက်မပြတ် ရိတ်သိမ်း ချေမှုန်းသွားလေတော့သည်။

တိုက်ပွဲ အခြေအနေမှာ တစ်ဖက်သတ် လွှမ်းမိုး ချေမှုန်းနိုင်သော အနေအထားမျိုးသို့ ရောက်ရှိသွားလေတော့သည်။

All Chapters