စကားနည်းတဲ့လူချောလေးဖြစ်စမ်းပါ
Vol. 148 Ch. 2069
“တအားကြွားလုံးထုတ်တဲ့သူ အသက်ရှင်သေးလားဆိုတာက ဘာပြော ချင်တာလဲ” ထိုစကားကို ရှီမာယူယူ စိတ်ဝင်စားမိသွားသဖြင့် လှည့်ကာ သူ့ကို မေးလိုက်သည်။
“မင်း မသိဘူးလား အိုး.. မင်းကလည်း အရင်ဧကရာဇ်ကြောင့်လာတာကိုး” လော့ယိသည် အသံကိုဆွဲပြီးပြောလေသည်။
ဘယ်ဟုတ်မလဲ။ သူမက ဒီကို ပစ္စည်းလုဖို့လာတာ။ ရှီမာယူယူ ပြောလိုက် သည်။ သို့သော် သူမ ဘာမှမပြောပေ။
“တကယ်တော့ ဘာမှရှက်စရာမလိုပါဘူး.. ဒီကိုလာကြတဲ့လူအကုန်လုံး ရဲ့ ၉၀ ရာခိုင်နှုန်းက ဧကရာဇ်ရဲ့ ဝိညာဉ်လေဟာနယ်ကို ခံစားနိုင်ဖို့လာကြတာ ပဲ”လော့ယိသည် နားလည်သည့်အကြည့်ဖြင့် ပြောလေသည်။
“ရှင် မပြောရသေးဘူးနော် တအားကြွားလုံးထုတ်တာ ဘယ်သူလဲ” ရှီမာယူယူ မေးလိုက်သည်။
“ဘယ်သူဖြစ်နိုင်ဦးမှာလဲ ပျော်ရွှင်ခြင်းမြို့တော်က သခင်လေးနန်ယွိကျီ ပဲလေ” လော့ယိသည် နန်ယွိကျီ၏ နာမည်ကိုပြောချိန်တွင် သူ့အသံမှာ အထင် သေးမှုအပြည့်နှင့်ပင်။ သူသည် ထိုလူ့ကို အလွန်ပင် မကျေမချမ်းဖြစ်နေပုံပင်။
“ရှင့်အသံက ချဉ်သံပေါက်နေတယ်.. အဲလူက ရှင့်ကို ဘယ်လိုပြစ်မှား ထားလို့လဲ” ရှီမာယူယူ မေးလိုက်သည်။
တခြားတစ်ယောက်မှ ကြားလိုက်လျှင် မည်မျှဒေါသထွက်မည်ကို မည်သူ သိနိုင်မည်နည်း။ သဘောထားကြီးသူဖြစ်သည့်တိုင်အောင် မပျော်မရွှင်တော့ ဖြစ်သွားပေမည်။ သို့သော် လော့ယိသည် လုံးဝအပြစ်မတင်ပေ။ သူသည် သူမ ကိုပတ်ရင်းနှင့် ပြောနေသည် “နန်ယွိကျီက ရုပ်ချောပြီးအရပ်ရှည်တယ်လို့ လူ တွေပြောကြတာ မင်းမသိဘူးလား.. သူက ငါ့ထက် နူးညံ့ပြီး ကြင်နာတတ်တယ် ပိုပြီးချေတယ်ဆိုတာကို ပြောနေကြတာလေ… သူဘယ်လောက်ကောင်း ကြောင်းဆိုတာတွေ ပြောနေကြတာ.. သူတို့ ပြောသလို တကယ်ကောင်းလား ဆိုတာ ကြည့်ချင်လို့ပဲ”
ထိုအခါမှပင် ရှီမာယူယူ နားလည်သွားသည်။ လူများသည် သူတို့နှစ် ယောက်ကို မကြာခဏဆိုသလို နှိုင်းယှဉ်ကြသဖြင့် သူထိုအရာကြောင့် သက် ရောက်နေသည်မှာ သေချာလေပြီ။
“ငါပြောမယ် မိန်းကလေး.. မင်းမြို့ထဲကိုဝင်ပြီးရင် ငါ့နောက်လိုက်ခဲ့.. သူက ငါ့ထက်သာလားဆိုတာ မင်းက မျက်မြင်သက်သေဖြစ်ပေး” လော့ယိ ပြောလေသည်။
ရှီမာယူယူသည် အစက မလိုလားသော်လည်း နန်ယွိကျီ၏ သရုပ်မှန်ကို စဉ်းစားလိုက်သောအခါ သူမ စိတ်ပြောင်းသွားသည်။ သူမ ခေါင်းညိတ်ပြီး ပြော လိုက်သည် “ဟုတ်ပြီလေ ဒါပေမဲ့ ကျွန်မကြားတာတော့ မြို့က မလုံခြုံဘူးတဲ့.. ရှင် ကျွန်မလုံခြုံအောင် ကာကွယ်ပေးရမယ်”
“ပြဿနာမရှိဘူး.. ငါရှိနေရင် ဘယ်သူမှ မင်းကို… မင်းတို့နှစ်ယောက်လုံး ကို ထိခိုက်အောင်မလုပ်နိုင်ဘူး” လော့ယိသည် ရင်ဘတ်ကိုပုတ်ပြီး အာမခံလေ သည်။
အနောက်မှလူအိုကြီးသည် သူ့ကို တားချိန်ပင်မရလိုက်ပေ။ သို့သော် ထို တုံ့ပြန်မှုသည် သူ၏ မသိစိတ်မှလာခြင်းဖြစ်ကာ မကြာမီတွင် ပြန်ငြိမ်ကျသွား လေသည်။
လော့ယိသည် အဘိုးအို၏ လှုပ်ရှားမှုကို သတိထားမိသည်။ သို့သော် တစ်စုံတစ်ရာလွဲမှားနေသည်ဟု သူ မခံစားရပေ။ ထိုအစား ပြုံးပြပြီး နှုတ်ဆက် ပေးလေသည် “ဒါက ဦးလေး ၆ ပါ”
ရှီမာယူယူသည် တည်ကြည်ယဉ်ကျေးသည့် ဦးလေး ၆ ဆိုသူ၏ဘက်သို့ ခေါင်းညိတ်ပြလိုက်သည်။
လူတန်းကြီးသည် တဖြည်းဖြည်းရှေ့တိုးသွားကာ နောက်ဆုံးတွင် သူတို့ အလှည့်ရောက်လာသည်။ ရှီမာယူယူသည် အစောင့်ကို နှစ်ယောက်စာဝင်ကြေး ပေးသည်။ အစောင့်သည် သူတို့ကို နာမည်တံဆိပ်ပြားပြန်ပေးသည်။ မြို့ထဲတွင် စစ်ဆေးသူများနှင့်တွေ့လျှင် ထိုတံဆိပ်ပြားကိုပြလိုက်ရုံပင်။
ဦးလေး ၆ သည် သူနှင့်လော့ယိအတွက် ဝင်ကြေးပေးလိုက်သည်။ လော့ယိသည် မြို့ဝင်ကြေးမှာ ဈေးကြီးသည်ဟု တဖွဖွပြောရင်း နန်ယွိကျိသည် သားရဲကဲ့သို့ နှလုံးသားရှိပြီး ပိုက်ဆံကိုသာ ကြည့်သည်ဟု ရေရွတ်နေသည်။ ဒီလိုလူက ဘယ်လိုလုပ် ဒီလောက် ကောင်းတဲ့ဂုဏ်သတင်းရှိနေတာလဲ။
ရှီမာယူယူသည် ထိုဆူညံနေသောလူ၏ စကားများကို သည်းခံပြီးရင်း သည်းခံကာ နှုတ်ဆိတ်မြဲပင်။ လမ်းတစ်လျှောက် နှောင့်ယှက်ခံလာရပြီးနောက် သူမ သည်းမခံနိုင်တော့ပေ။ သူမသည် လှည့်ပြီးစိုက်ကြည့်လိုက်သည် “ရှင် နည်းနည်းလောက် နှုတ်ဆိတ်တဲ့ လူချောလေး မလုပ်နိုင်ဘူးလား”
“ဘာ” လော့ယိသည် ချက်ချင်းပင် ရပ်တန့်လိုက်သည်။ ထို့ကြောင့် သူ သည် သူမကို ဝင်မတိုက်မိပေ။
“ကျွန်မပြောတာက ရှင်ပါးစပ်ပိတ်ထားလို့မရဘူးလား.. စကားနည်းတဲ့ လူချောလေးလုပ်ပါလို့” ရှီမာယူယူ ပြောလိုက်သည် “ရှင်က နန်ယွိကျီနဲ့ ပြိုင်ချင် တယ်ဆိုတော့ ရှင့်ရဲ့ပွစိပွစိလုပ်တတ်တဲ့ အကျင့်ကိုပြင်ရမယ်.. ရှင့်ပါးစပ်က ရှင့်ပုံရိပ်ကို ထိစေတယ်ဆိုတာသိလား”
“အာ.. အဲလိုလား ငါ့ကို ဘယ်သူကမှ အဲလိုမျိုး မပြောဖူးဘူး”
“တကယ်ပဲ သေချာတာပေါ့ ကျွန်မရဲ့လင်းယူကို ကြည့်လိုက်လေ အမြဲ တိတ်ဆိတ်နေတာပဲ.. ဒီလိုမျိုးနေရင် ကောင်မလေးတွေရဲ့ နှလုံးသားကိုရမှာပဲ.. ရှင် နန်ယွိကျီနဲ့ပြိုင်ချင်ရင် အရင်ဆုံး နှုတ်ဆိတ်တတ်အောင် သင်ရမယ် မဟုတ် ရင် သူနဲ့ပြိုင်လို့တောင် ရမယ်မထင်ဘူး” ရှီမာယူယူသည် အလေးအနက်ပင် ပြောလိုက်သည်။
“အဲဒါ တကယ်ကြီးလား ဒါဆို ငါ စကားနည်းတဲ့လူချောလေးလုပ်ရမယ်” လော့ယိသည် အလေးအနက်ပင် တွေးလိုက်သည်။ သူသည် ချောမောပြီး အဆင့်အတန်းမြင့်သော်လည်း သူ့ဘေးပတ်ပတ်လည်တွင် မိန်းကလေးမများ လှပေ။
ဒါပေမဲ့ သူ့ကို ဒီလိုမျိုး ဘယ်သူကမှ ဘာလို့မပြောခဲ့ကြတာလဲ။
သူသည် ရှီမာယူယူကို မေးချင်သည်။ သို့သော် စကားနည်းသည့် လူချော လေးဖြစ်ခိုင်းထားသဖြင့် သူ ဤမျှနှင့်ပင် ရပ်လိုက်သည်။ နောက်မှမေးလျှင် ပို ကောင်းမည်။ သူသည် တစ်ခဏတော့ နှုတ်ဆိတ်ရန်လိုသည်။
နောက်ဆုံးတွင် သူမ၏ နားမှာအနားရသွားသဖြင့် သက်ပြင်းရှည်ချမိ လိုက်သည်။ သူမသည် သူ့နောက်လိုက်ရသည်မှာ အမှန်တကယ်ပင် နောင်တရ မိသည်။
လော့လျိုသည် သူမကိုကြည့်ပြီး စိတ်ထဲမှ အံ့ဩနေမိသည်။ သူ့သခင် လေးက တကယ်ပဲ သူမစကားကိုနားထောင်တာပဲ။
သူသည် သခင်လေးနောက်သို့ အမြဲတစေလိုက်နေပြီး တစ်ယောက် အကြောင်းတစ်ယောက်သာ မသိထားလျှင် သူမကို သံသယဝင်မည်ပင်။
သူတို့သည် ရှေ့ဆက်သွားကြသည်။ ရှီမာယူယူနှင့် ဝူလင်းယူတို့သည် တည်းခိုရန် တည်းခိုဆောင် သွားရှာမည်ပြုသည်။ သို့သော် လော့ယိသည် မာန ကြီးစွာပင်ပြောလေသည် “ငါပြောမယ်.. ဒီကတည်းခိုဆောင်တွေက ဈေးအရမ်း ကြီးတယ်.. ဒီမှာငါတို့ရဲ့ ခြံဝန်းရှိတယ် မင်းတို့နှစ်ယောက်တည်းဆိုတော့ ငါ့ရဲ့ ခြံဝန်းလေးကို လိုက်ချင်လား”
ရှီမာယူယူ၏ မျက်လုံးများ ခတ်နေချိန်တွင် ဝူလင်းယူ၏ အမူအရာမှာ လည်း မည်းနက်သွားသည်။ ဒီလူက သနားကြင်နာတတ်တာလား ဒါမှမဟုတ် သူမတစ်ယောက်တည်းကိုပဲ သနားကြင်နာတာလား။
“မလိုပါဘူး ငါတို့မှာ ပိုက်ဆံလောက်တယ်” သူသည် စဉ်းပင်မစဉ်းစားဘဲ ငြင်းလိုက်သည်။
“ဒါပေမဲ့ မင်းတို့က အကဲဖြတ်ပေးမယ်လို့ ကတိပေးပြီးသွားပြီလေ.. ငါ့ နောက်မလိုက်ချင်လို့ ဆင်ခြေပေးနေတာလား” လော့ယိ မျက်မှောင်ကြုတ် လိုက်သည်။
“ဒါပေမဲ့ ကျွန်မတို့က ဘာမှမပတ်သက်ဘူးလေ.. အဲတော့ အဲဒီကိုသွား လိုက်တာမကောင်းဘူးလား” ရှီမာယူယူ ပြောလိုက်သည်။
“ငါတို့က မိတ်ဆွေတွေလေ.. မိတ်ဆွေတွေဆိုမှတော့ ငါတို့အိမ်ကိုလိုက် တာပိုမကောင်းဘူးလား” လော့ယိသည် သူတို့အတွေးကိုနားမလည်ပေ။
သူတို့ စိုးရိမ်နေသည့်အရာကို လော့လျိုသိသည်။ ထို့ကြောင့် သူ ထွက်ပြီး ပြောလိုက်သည် “ကျုပ်တို့သခင်လေးက အမြဲတမ်းကြင်နာတတ်ပါတယ်… မင်းတို့က သူ့သူငယ်ချင်းတွေဖြစ်နေပြီး အတူလာကြမှတော့ တည်းခိုဆောင်မှာ နေဖို့မလိုပါဘူး”
“ဟုတ်လား” ရှီမာယူယူ ရယ်မောလိုက်သည် “ဒါဆိုက လူတွေကို မကြာ ခဏခေါ်လာတတ်တာလား”
“ပြောရရင် အဲလိုလည်းမဟုတ်ပါဘူး… ဘာလို့လဲဆိုတော့ သခင်လေးက သူငယ်ချင်းအဖြစ် သတ်မှတ်တဲ့လူသိပ်မများပါဘူး” လော့လျိုပြောလေသည်။
“ဒါဆိုရင် ပိုပြီးသိချင်စိတ်ဖြစ်စေတယ်မလား.. သူနဲ့သိတာ တစ်နာရီ နှစ် နာရီပဲရှိသေးတယ်.. ဒီလိုမျိုးအရေးပါတဲ့လူရဲ့ သူငယ်ချင်းဘယ်လိုလုပ်ဖြစ်နိုင် မှာလဲ”
“ဘာလို့လဲဆိုတော့ မင်းတို့က စိတ်ရင်းမှန်တယ်လေ.. ပြီးတော့ ငါ့ကို မဖားဘူး” လော့ယိ ပြောလေသည် “မင်းတို့ ငါ့ကိုလူတစ်ယောက်အနေနဲ့ စိတ်ရင်းနဲ့ပြောပေးတယ် အဲတော့ ငါ့သူငယ်ချင်းလို့ ခံစားတယ်”
ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ ဒါက တွေ့ကရာပြောတဲ့ အကြောင်းပြချက်ပဲ။
“အာ သွားကြ”
“တောင်းပန်ပါတယ် သူ့ကိုလွှတ်ပေးပါ သူ့ခန္ဓာကိုယ်က ပျောက်ကွယ် တော့မှာပါ.. သူ ဘာအလုပ်ကိုမှ အတင်းလုပ်လို့မရတော့ပါဘူး”
“လွှတ် လွှတ် အာ…”
အငြင်းအခုံဖြစ်နေသော အသံများသည် လမ်းများဆီမှထွက်လာသည်။ ရှီမာယူယူသည် အသံလာရာကိုကြည့်လိုက်သည်။ လူတချို့နှင့် တပ်သားအဖွဲ့ တို့သည် တစ်ယောက်နှင့်တစ်ယောက် ဆွဲလားရမ်းလားဖြစ်နေသည်။
ထိုလူတချို့မှာ ခန္ဓာကိုယ်ပုံပေါ်နေပြီဖြစ်သည်။ သို့သော် တစ်ယောက်မှ အတော်အတန် ထိခိုက်ထားပုံပင်။ သူတို့ကာကွယ်ပေးသူသည် မတည်မငြိမ် ဖြစ်နေသည်။ တစ်ခဏတွင် ခန္ဓာကိုယ်ဖြစ်သွားလိုက် ပျောက်ကွယ်သွားလိုက် ဖြစ်နေသည်။
ပြီးနောက် တပ်သားများသည် သူ့ခန္ဓာကိုယ်၏ အခြေအနေကို လုံးဝ ဂရုမစိုက်ဘဲ ထိုလူများကို ဖမ်းဆီးနေသည်။
“ဒီလိုသာဆက်လုပ်နေရင် နောက်သုံးလေးရက်လောက်ဆို အလုပ်လုပ် ရင်းသေသွားနိုင်တယ်” ရှီမာယူယူသည် ဘေးလူများ ဆွေးနွေးနေသည်ကို ကြားလိုက်ရသည်။
“ဒါပေမဲ့ မြို့ထဲမှာ သူတို့စကားကို နားထောင်ရမယ်လေ.. သူတို့က အလုပ်ကြမ်းလုပ်လို့ ပြောရင် သွားလုပ်ရမှာပဲ”
“ဟုတ်တယ် ဒီမှာ သူတို့ကို ဘယ်သူကဆန့်ကျင်ရဲမှာလဲ”
“အာ…”
ထိုလူများသည် သူတို့ကိုတွန်းလှန်ချင်သော်လည်း တပ်သားများသည် တွန်းလိုက်သဖြင့် လဲကျပြီး မလှုပ်မယှက်ဖြစ်သွားသည်။ တပ်သားတစ်ယောက် သည် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့်လူကိုပါမချန် သူတို့ကို တွဲချည်လိုက် သည်။
ရှီမာယူယူ ဘာမှမပြောခင်မှာပင် သူမဘေးတွင်ရှိနေသော လော့ယိသည် ပြေးသွားလေသည်… သူမသည် လော့လျို၏ မတတ်သာနေသော မျက်နှာထား ကိုမြင်သောအခါ ရယ်ချင်စိတ်ကိုပင် မထိန်းနိုင်တော့ပေ။
***