← Chapters

အခန်း ၁၀၄

Vol. 7 Ch. 104

အခန်း ၁၀၄

Vol. 7 Ch. 104

အခန်း(၁၀၄) ကမ္ဘာကြီး တုန်လှုပ်သွားပြီ

“မင်းတို့ ကြားလိုက်မိပြီလား”

“ကျွီယန်မြို့မှာ စန်းယွမ်ဓားဂိုဏ်းကလူတွေနဲ့ အရှေ့နန်းတော်ကလူတွေ အသတ်ခံလိုက်ရတယ်တဲ့။ ‘မိုးပြာရောင်လျှပ်စီးဓားသမား’ တုန်းဖန့်ယန်တောင် သေသွားပြီတဲ့”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တုန်းဖန့်ယန်က အဆင့်(၃) မဟာဆရာသခင်ကြီး ကျွမ်းကျင်သူတစ်ယောက်လေ”

“ဟုတ်တယ်လေ၊ သူ့ကို ဘယ်သူက သတ်နိုင်မှာလဲ”

“မဖြစ်နိုင်တာ မရှိပါဘူး။ ရှောင်ပီလီက လုပ်တာလို့ ငါ ကြားတယ်။ ကျွီယန်မြို့က ကျွမ်းကျင်သူတွေ ကိုယ်တိုင် မြင်လိုက်ရတာတဲ့။ ကျန်းဝူဆောင်ကလူတွေနဲ့ သဲကန္တာရဘုရင် ကျောမူအာတို့က ရုပ်အလောင်းတွေကို ကျန်းဝူဆောင်ဆီ ပြန်သယ်လာတာကို မြင်လိုက်ရတာ။ ရုပ်အလောင်းတွေ အားလုံးက နှစ်ခြမ်းကွဲနေတာပဲ။ ရှောင်ပီလီမဟုတ်ရင် ဘယ်သူ ဖြစ်နိုင်ဦးမလဲ”

“မင်း ဆိုလိုတာက... ရှောင်ပီလီက အခု အဆင့်(၃) မဟာဆရာသခင်ကြီး ဖြစ်နေပြီလို့လား”

“ဖြစ်မယ် မထင်ဘူး။ သွေးဝတ်ရုံခန်းမဆောင်က ရှောင်ပီလီကို သင်ပေးတဲ့ ကျွမ်းကျင်သူကပဲ လှုပ်ရှားလိုက်တာ ဖြစ်လိမ့်မယ်”

“...”

တစ်ရက် ကြာပြီးနောက်။

‘မိုးပြာရောင်လျှပ်စီးဓားသမား’ တုန်းဖန့်ယန်၊ စန်းယွမ်ဓားဂိုဏ်းမှ ‘လေးဘက်အရပ်ဓား’ ကျောချင်းယွင်၊ အရှေ့နန်းတော်မှ တပ်မှူးကြီး အဆင့်(၄) ကျွမ်းကျင်သူ ချန်ချမ်ဖူးနှင့် ‘မြစိမ်းဓား’စုန်းကျားတို့ ကျွီယန်မြို့တွင် အသတ်ခံလိုက်ရသည့် သတင်း ပျံ့နှံ့သွားသည်။

လူသတ်သမားက ဘယ်သူလဲဆိုတာ ဘယ်သူမှ မသိကြသော်လည်း သွေးဝတ်ရုံခန်းမဆောင်မှ လူသတ်သမားတစ်ယောက် ဖြစ်နိုင်သည်ဟု သံသယရှိကြသည်။

ဘာကြောင့်လဲဆိုတော့ ‘မိုးပြာရောင်လျှပ်စီးဓားသမား’ တုန်းဖန့်ယန်နှင့်တပ်မှူးကြီး ချန်ချမ်ဖူးတို့၏ သေဆုံးပုံမှာ ယခင်က ယွင်ယွဲ့နတ်သမီးတို့ သေဆုံးပုံနှင့် တူညီနေသောကြောင့်ဖြစ်သည်။ ဓားချက်တစ်ချက်တည်းဖြင့် နှစ်ခြမ်းကွဲသွားခြင်းပင်။

လွန်ခဲ့သော ရက်အနည်းငယ်က လူအများရှေ့တွင် ရှောင်ပီလီလည်း ထိုဓားချက်မျိုးကို သုံးခဲ့သေးသည်။

သို့သော် သေဆုံးသွားသူများမှာ အဆင့်(၃) မဟာဆရာသခင်ကြီး နှစ်ယောက် ဖြစ်နေသည်။

ရှောင်ပီလီ လုပ်တာဆိုတာကိုတော့ ယုံကြည်ရန် ခက်ခဲနေကြသည်။

ကျန်းဝူဆောင်နှင့် အရှေ့နန်းတော်မှ ကျွမ်းကျင်သူများ ကျွီယန်မြို့သို့ အတူတူ ရောက်ရှိလာကြသည်။

သူတို့သည် လမ်းတွင် မရပ်နားဘဲ ရုပ်အလောင်းများ ထားရှိရာ ကျန်းဝူဆောင်ဆီသို့ တန်းမတ်သွားကြသည်။

အရှေ့နန်းတော်မှ တပ်မှူးကြီး ချန်ချမ်ဖူးနှင့် တုန်းဖန့်ယန်၊ အဆင့်(၃) မဟာဆရာသခင်ကြီး နှစ်ယောက် ယန်နယ်မြေ သဲကန္တာရထဲတွင် သေဆုံးသွားရခြင်းမှာ ကြီးမားသော ကိစ္စဖြစ်သဖြင့် သူတို့ တစ်ညလုံး မအိပ်မနေဘဲ အပြေးရောက်လာကြခြင်းဖြစ်သည်။

“ဖယ်ကြစမ်း”

“ရုပ်အလောင်းတွေ ဘယ်မှာလဲ၊ ငါ့ကို ခေါ်သွား”

လူအုပ်ကြီးသည် ကျန်းဝူဆောင်ထဲသို့ အတင်းတိုးဝင်သွားကြသည်။

သူတို့ကို ဦးဆောင်သူမှာ အရှေ့နန်းတော်မှ ပြစ်ဒဏ်ပေးရေး တပ်မှူးကြီး လုကျန်းနှင့် ယန်နယ်မြေ ကျန်းဝူဆောင် ခန်းမသခင် စစ်မာယွမ်တို့ ဖြစ်သည်။

နှစ်ယောက်စလုံးမှာ အဆင့်(၃) မဟာဆရာသခင်ကြီးများ ဖြစ်ကြပြီး၊ အထူးသဖြင့် စစ်မာယွမ်မှာ အဆင့်(၃) မဟာဆရာသခင်ကြီး အထွတ်အထိပ်သို့ ရောက်ရှိနေသူ ဖြစ်သည်။

သို့သော် သူသည် ခြောက်ယောက်မြောက် အိမ်ရှေ့မင်းသား၏ အုပ်စုထဲတွင် မပါဝင်သဖြင့် စန်းယွမ်ဓားဂိုဏ်းမှလူများ ယန်နယ်မြေသို့ ရောက်လာချိန်တွင် သူ သဲကန္တာရသို့ လိုက်မသွားခဲ့ပေ။ ယခုမူ ဤသို့သော ဖြစ်ရပ်မျိုး ဖြစ်လာမှတော့ မလာဘဲမနေနိုင်တော့ပေ။

လုကျန်းသည် စီကာဒါအတောင်ပံကဲ့သို့ ပါးလွှာသော လက်အိတ်ကို ဝတ်ဆင်ကာ ရုပ်အလောင်းများကို စစ်ဆေးသည်။ ခဏအကြာတွင် သူသည် မတ်တပ်ရပ်လိုက်ပြီး ပြောသည်။

“လူအများစုက အဆိပ်မိပြီး သေတာပဲ”

“အဆင့်(၄) သိုင်းဆရာကြီး လေးယောက်နဲ့ တပ်မှူးကြီး ချန်ချမ်ဖူး၊ တုန်းဖန့်ယန်တို့သာ ဓားကျွမ်းကျင်သူလက်ချက်နဲ့ သေတာ”

ထို့နောက် သူသည် မြေပြင်ပေါ်ရှိ အရပ်ပုသည့် အဘိုးအို၏ ရုပ်အလောင်းကို လက်ညှိုးထိုးကာ ပြောသည်။

“ဒီရုပ်အလောင်းက နည်းနည်း နောက်ကျပြီးမှ သေတာ”

“ဒါပေမဲ့ သူလည်း အဆိပ်မိထားတာပဲ”

“ဘာအဆိပ်လဲဆိုတာတော့ မသိသေးဘူး”

အဆင့်(၅) ကို သတ်နိုင်သည့် အဆိပ်များစွာ ရှိနေသည်။ သူက အဆိပ်ကျွမ်းကျင်သူ မဟုတ်သဖြင့် ချက်ချင်း မသိနိုင်ပေ။

စစ်မာယွမ်က မျက်မှောင်ကြုတ်ကာ ပြောသည်။

“ဓားချက်တစ်ချက်တည်းနဲ့ နှစ်ခြမ်းကွဲတယ်ပေါ့”

“အဆင့်(၃) မဟာဆရာသခင်ကြီးတောင် မရှောင်နိုင်ဘူး။ ဓားကို ကိုင်တွယ်သူက ဓားမဲ့အဆင့်ကို ရောက်နေလောက်ပြီး၊ ကျင့်ကြံမှုအဆင့်ကလည်း အဆင့်(၃) မဟာဆရာသခင်ကြီး အထွတ်အထိပ်လောက် ဖြစ်တန်ရာတယ်”

“အဲဒီလူက ရှောင်ပီလီ ဖြစ်နေမလား”

လုကျန်းက ခေါင်းခါကာ ပြောသည်။

“မသိဘူး”

“အဲဒီလူက ရှောင်ပီလီသာဆိုရင်တော့ ကြောက်ဖို့ကောင်းလွန်းနေပြီ”

အသက် ၁၈ နှစ် မပြည့်သေးသည့် အဆင့်(၃) မဟာဆရာသခင်ကြီး။ နန်းတော်ဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာ သူ မသိပေ။

---

သတင်းက ချန်အင်ပါယာ ပြည်နယ် (၂၄) ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ကမ္ဘာကြီး တုန်လှုပ်သွားပြီ။

သို့သော် လူအများစုက ရှောင်ပီလီ လုပ်တာလို့ မယုံကြည်ကြဘဲ ရှောင်ပီလီနှင့် တူညီသော ဓားသိုင်းကို တတ်ကျွမ်းသည့် သွေးဝတ်ရုံခန်းမဆောင်မှ ကျွမ်းကျင်သူတစ်ယောက်က လုပ်ခြင်းသာ ဖြစ်လိမ့်မည်ဟု ယူဆနေကြသည်။

---

စန်းယွမ်ဓားဂိုဏ်း။

ဘုန်း။

ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါတစ်ခု နောက်တောင်ကနေ ထွက်ပေါ်လာသည်။

စန်းယွမ်ဓားဂိုဏ်းမှ တပည့်များစွာ၏ အာရုံကို ဆွဲဆောင်သွားသည်။

“အဲဒီနေရာက... ဂိုဏ်းအကြီးအကဲသခင်ကြီး တရားကျင့်နေတဲ့နေရာပဲ”

“ဂိုဏ်းအကြီးအကဲသခင်ကြီး ကျောချင်းယွင်ရဲ့ ကိစ္စကို သိသွားပြီ ထင်တယ်”

“ကျောချင်းယွင်တင် မကဘဲ ညီငယ် တုန်းဖန့်ယန်ပါ... ဖြစ်နိုင်တယ်”

“...”

စန်းယွမ်ဓားဂိုဏ်းမှ တပည့်များစွာသည် နောက်တောင်ကို လှမ်းကြည့်နေကြသည်။

တစ်ချိန်တည်းမှာပင် သူတို့အားလုံး ရင်ထဲတွင် အသက်ရှူမှားနေကြသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း စန်းယွမ်ဓားဂိုဏ်းမှာ ကိုးဂိုဏ်းနှင့် ခြောက်ဂိုဏ်းစု၏ ခေါင်းဆောင်နေရာသို့ တဖြည်းဖြည်း ရောက်ရှိလာသည်။ ဘယ်သွားသွား သိုင်းလောကမှလူများက ရိုသေကြသည်။

ဒါပေမဲ့ ရှောင်ပီလီ ပေါ်လာသည့် လွန်ခဲ့သည့် ခြောက်လကစပြီး အစ်ကိုကြီး ရွှယ်ကျိုးက ရှောင်ပီလီလက်ချက်နဲ့ အရင်ဆုံး သေဆုံးခဲ့ရသည်။

အခုဆိုရင် စန်းယွမ်ဓားဂိုဏ်းရဲ့ ပထမဆုံး တပည့်ရင်း ကျောချင်းယွင်တောင် ရှောင်ပီလီလက်ချက်နဲ့ သေဆုံးသွားခဲ့ပြီ။

ဘယ်လောက်ထိတောင် အရှက်တကွဲ ဖြစ်လိုက်ရသလဲ။

နောက်တောင်တွင် ဂိုဏ်းအကြီးအကဲသခင်ကြီး တုန်းယွမ်၏ တရားကျင့်ရာနေရာ၌ ရုပ်ပုံတစ်ခု ပေါ်လာသည်။

“ဂိုဏ်းချုပ်”

“ဂိုဏ်းချုပ် ယွင်စန်းဟိုင်”

“ဂိုဏ်းချုပ် ယွင်စန်းဟိုင်”

ဂိုဏ်းအကြီးအကဲကို စောင့်ကြပ်နေသည့် အကြီးအကဲများက ထိုရုပ်ပုံကို မြင်လျှင် အမြန် ဦးညွှတ်ကြသည်။

ရောက်လာသူမှာ စန်းယွမ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်၊ ‘သမုဒ္ဒရာဓားသမား’ ယွင်စန်းဟိုင် ဖြစ်သည်။

ယွင်စန်းဟိုင် ရှိနေခြင်းကြောင့်သာ စန်းယွမ်ဓားဂိုဏ်းမှာ ကိုးဂိုဏ်းနှင့် ခြောက်ဂိုဏ်းစု၏ ခေါင်းဆောင်နေရာကို ရရှိထားခြင်း ဖြစ်သည်။

“မင်းတို့ အရင်ဆုတ်ကြ။ ငါ ညီငယ်နဲ့ စကားပြောစရာ ရှိတယ်”

ယွင်စန်းဟိုင်က လက်ဝေ့ယမ်းလိုက်သည်။

လူတိုင်း အမြန် ဆုတ်ခွာသွားကြသည်။

ဖြူဖွေးသော ဆံပင်များနှင့် ကောင်းကင်ထိအောင် ဓားအရှိန်အဝါ ရောက်နေသော တုန်းယွမ်က တဲလေးထဲကနေ လမ်းလျှောက်ထွက်လာသည်။ သူသည် ယွင်စန်းဟိုင်ကို ကြည့်ကာ အေးစက်စွာ ပြောသည်။

“သွေးဝတ်ရုံခန်းမဆောင်က ငါ့တပည့်ကို သတ်သွားတယ်”

“ဂိုဏ်းချုပ်၊ မင်း ငါ့ကို တောင်ပေါ်က ဆင်းခွင့်မပေးဘဲ တားမလို့လား”

တုန်းဖန့်ယန်မှာ သူ့တပည့် ဖြစ်သည်။ ခြောက်ယောက်မြောက် အိမ်ရှေ့မင်းသားဘက်ကနေ စောစောစီးစီး ရပ်တည်ခြင်းကို သူ သဘောမတူသော်လည်း တားဆီးခဲ့ခြင်း မရှိပေ။ ဂိုဏ်းချုပ်က ဘက်မလိုက်သရွေ့ စန်းယွမ်ဓားဂိုဏ်းက ဘက်လိုက်သည်ဟု မယူဆနိုင်ပေ။

ဒါပေမဲ့ အခုကတော့ မတူတော့ဘူး။ သူ့တပည့် သေသွားပြီ။

ဒီတစ်ခါ သူ သွေးဝတ်ရုံခန်းမဆောင်ကို သွေးကြွေးဆပ်ခိုင်းရမည်။

ယွင်စန်းဟိုင်က ခေါင်းခါကာ ပြောသည်။

“ငါ တောင်ပေါ်က ဆင်းတာကို တားမလို့ မဟုတ်ပါဘူး၊ ညီငယ်”

“ဒါပေမဲ့ သွေးဝတ်ရုံခန်းမဆောင်ရဲ့ အဓိက လူသတ်သမား ငါးယောက် အသက်ရှင်နေသေးတယ်ဆိုတဲ့ သတင်းရထားတယ်။ သူတို့ထဲမှာ ‘နတ်ဆိုးဆရာ‌တော်' ပုခုန်းလည်း ပါတယ်”

‘နတ်ဆိုးဆရာ‌တော်' ပုခုန်းဆိုသည့် နာမည်ကို ကြားလိုက်ရသည့်အခါ တုန်းယွမ်၏ ကိုယ်ပေါ်က အငြိုးအတေးများ လျော့ကျသွားသည်။

အသက် ၂၀၀ ကျော်နေပြီဖြစ်သော သဘာဝနှင့်လူသားအဆင့် ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် သူသည် သာမန်လူတွေထက် ပိုသိသည်။

‘နတ်ဆိုးဆရာ‌တော်' ပုခုန်းမှာ လန်ခဲကျောင်းတော်မှ လာခြင်းဖြစ်သည်။ အယူဝါဒ မတူညီခြင်းကြောင့် ကျောင်းတော်မှ ထွက်ခွာပြီး သွေးဝတ်ရုံခန်းမဆောင်သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ် ၉၀ က သွေးဝတ်ရုံခန်းမဆောင်ကို ဝိုင်းပတ်တိုက်ခိုက်စဉ်က အဆင့်(၁) ကျွမ်းကျင်သူတစ်ယောက်တောင် ပုခုန်းလက်ချက်နဲ့ သေဆုံးခဲ့ရသည်။

ပုခုန်း အသက်ရှင်နေသေးတယ်ဆိုရင်... အခု တောင်ပေါ်က ဆင်းတာကတော့ အနည်းငယ် ရဲတင်းလွန်းရာ ရောက်ပေလိမ့်မည်။

“ညီငယ် လှုပ်ရှားချင်ရင်တောင် နန်းတော်က အရင် လှုပ်ရှားတာကို စောင့်ဦးမှ ဖြစ်မယ်”

---

ကျင်းပြည်နယ်။

ခြောက်ယောက်မြောက် အိမ်ရှေ့မင်းသား၏ နန်းတော်။

ပန်းအိုးတစ်လုံးကို မြေကြီးပေါ်သို့ ရိုက်ချလိုက်သဖြင့် အပိုင်းပိုင်း ကွဲသွားသည်။

ပိုင်ရုံဝတ်စုံနှင့် အိမ်ရှေ့မင်းသားက ထိုင်ခုံတွင် ထိုင်နေပြီး သူ၏ကိုယ်ပေါ်မှ အေးစက်သော အရှိန်အဝါကြောင့် ဘယ်သူမှ သူ့ကို တည့်တည့် မကြည့်ရဲကြပေ။

“ရှောင်ပီလီ တစ်ယောက်တည်းကို သတ်ဖို့အတွက် လူတွေ အများကြီး သေလိုက်ရတာ”

“ပြီးတော့ ရှောင်ပီလီက အသက်ရှင်နေတုန်းပဲ”

“ကျန်းဝူဆောင်နဲ့ စန်းယွမ်ဓားဂိုဏ်းက အသုံးမကျတဲ့ကောင်တွေ”

အောက်တွင် ထိုင်နေသူများမှာ စကားပင် မပြောရဲကြပေ။

ဒီတစ်ခါ သူ နန်းတော်ကနေ သတင်းရရှိတာက၊ သွေးဝတ်ရုံခန်းမဆောင် ပြန်ပေါ်လာတာကို ဘုရင်ကြီး မနှစ်သက်ဘူးဆိုတာကြောင့် သွေးဝတ်ရုံခန်းမဆောင်ကို ဖျက်ဆီးပြီး ဘုရင်ကြီးကို စိတ်ကျေနပ်အောင် လုပ်ပေးရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ် ၉၀ တိုက်ပွဲတွင် သွေးဝတ်ရုံခန်းမဆောင် အကြီးအကျယ် ဒဏ်ရာရသွားသော်လည်း သူတို့၏ စွမ်းအားမှာ ရိုးရှင်းသည် မဟုတ်ပေ။

သူသည် ထိုက်ပြည်နယ်မှ သတင်းရရှိထားသည်မှာ၊ အိုယန်မိသားစုမှ အဘိုးအိုက ‘နတ်ဆိုးဆရာ‌တော်' ပုခုန်းနှင့် ကိုယ်တိုင် တိုက်ခိုက်ခဲ့ရာ ပုခုန်းလက်ချက်ဖြင့် ဒဏ်ရာရသွားခဲ့သည်။

အခုလည်း ယန်ပြည်နယ်သို့ စေလွှတ်လိုက်သော စန်းယွမ်ဓားဂိုဏ်းနှင့် ကျန်းဝူဆောင်မှ လူများ အကုန်လုံး သေဆုံးသွားကြောင်း သတင်းရရှိပြန်သည်။

အကျိုးအမြတ် မရရှိဘဲ တပ်သားများနှင့် ကျွမ်းကျင်သူများသာ ဆုံးရှုံးသွားရသဖြင့် အိမ်ရှေ့မင်းသား စိတ်ရှုပ်နေခြင်းမှာ မဆန်းပေ။

ဒီအချိန်မှာတော့ စကားမပြောဘဲ နေတာက အကောင်းဆုံး ဖြစ်သည်။

“ရှောင်ပီလီရဲ့ အရိပ်အယောင်ကို မတွေ့သေးဘူးလား” အိမ်ရှေ့မင်းသားက ရှိနေသူများကို အကြည့်လွှဲကာ အသံနက်ဖြင့် မေးလိုက်သည်။

နန်းတော်မှ အစောင့်တပ်မှူး မာဟုန်က ဦးညွှတ်ပြီး ပြောသည်။

“‘သိန်းငှက်ဘုရင်’ ရှီမန်ချင်း ယန်နယ်မြေသို့ ရောက်နေပါပြီ၊ ဒါပေမဲ့ ရှောင်ပီလီရှိမယ့်နေရာကို မတွေ့သေးဘူး။ ယန်နယ်မြေရှိ သွေးဝတ်ရုံခန်းမဆောင် ဌာနခွဲလည်း တစ်ညတည်းနဲ့ အဆက်အသွယ် ပြတ်သွားပြီး ယန်နယ်မြေကနေ ထွက်သွားပြီလို့ သံသယ ရှိနေကြတယ်”

“ရှီမန်မိသားစုမှ အဘိုးအိုလည်း ‘နတ်ဆိုးဆရာ‌တော်’ ပုခုန်း ဘယ်မှာရှိလဲဆိုတာ ရှာဖို့ ထိုက်ပြည်နယ်သို့ သွားနေပြီ”

“ရှီမန်မိသားစုမှ သတင်းရရှိသည်မှာ၊ အိမ်ရှေ့မင်းသားအနေနဲ့ ကောင်းကင်စောင့်ကြည့်ရေးဌာနသို့ တစ်ခေါက်လောက် သွားရောက်သင့်ကြောင်း အကြံပြုထားပါတယ်။ ကောင်းကင်စောင့်ကြည့်ရေးဌာနက မလုပ်ပေးရင်တောင်၊ ကောင်းကင်လျှို့ဝှက်ချက်ကို တွက်ချက်ရာမှာ ကျွမ်းကျင်တဲ့ ကျွမ်းကျင်သူကို စေလွှတ်ပြီး ရှောင်ပီလီ ဘယ်မှာရှိလဲဆိုတာ တွက်ချက်ခိုင်းနိုင်ပါတယ်”

ခဏအကြာတွင် အိမ်ရှေ့မင်းသားက အသံနက်ဖြင့် ပြောသည်။

“အဲဒီလိုဆိုရင်လည်း ကောင်းကင်စောင့်ကြည့်ရေးဌာနကို ငါ ကိုယ်တိုင် သွားတော့မယ်”

All Chapters