အခန်း ၁၁၃
Vol. 7 Ch. 113
အခန်း(၁၁၃) သွေးစွန်းသော ပန်းပွင့်ဖျော်ဖြေရေးသင်္ဘော
"မဖြစ်နိုင်တာ"
ကျီမင် စိတ်ထဲရှိသည်အတိုင်း ရေရွတ်လိုက်သည်။
'ကျောက်စိမ်းမျက်နှာပိုင် တရားသူကြီး' ကျန်းရွှမ်မင်သည် ငယ်ရွယ်စဉ်ကတည်းက နဂါးနှင့်ကျားစာရင်းတွင် ပါဝင်ခဲ့သူဖြစ်ပြီး ယခုအခါ အဆင့်(၃) မဟာဆရာသခင်ကြီးတစ်ဦးပင် ဖြစ်သည်။ သူသည် စေတနာထက်သန်ပြီး ရက်ရောသူဖြစ်ကာ သိုင်းလောကမှ ကျွမ်းကျင်သူများစွာနှင့်လည်း မိတ်ဖွဲ့ထားသည်။ လူများစွာတို့သည် ကျန်းရွှမ်မင်ထံမှ ကျေးဇူးတင်စရာများကို ရရှိဖူးကြသည်။ သူသည် မန်ပြည်နယ်တွင် အလွန်လေးစားခံရသူဖြစ်ပြီး လင်ရှောင်ဓားဂိုဏ်းနှင့် ရှန်မိသားစုကဲ့သို့သော အဆင့်(၃) မဟာဆရာသခင်ကြီးများရှိသည့် အင်အားစုများပင် ကျန်းရွှမ်မင်ကို လေးစားစွာ ဆက်ဆံကြသည်။
ဧရာမဝိညာဉ်ဂိုဏ်း၊ စင်ကြယ်သော ယန်ဂိုဏ်းနှင့် ထန်ထိုက်မိသားစုကဲ့သို့သော အင်အားစုဆများပင် ကျန်းရွှမ်မင်ကို မျက်နှာသာပေးကြသည်။
သို့သော် ယခုအခါ မြောင်ဖုန်းက သွေးဝတ်ရုံခန်းမဆောင်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်သူမှာ 'ကျောက်စိမ်းမျက်နှာပိုင် တရားသူကြီး' ကျန်းရွှမ်မင် ဖြစ်သည်ဟု ပြောဆိုနေသည်။
သူ၏ ပထမဆုံးတုံ့ပြန်မှုမှာ ဤသည်မှာ မဖြစ်နိုင်ဟူ၍ပင်။
ရှောင်ပီလီကမူ ကျီမင်၏ စကားကို စိတ်ဝင်စားဖွယ်ကောင်းသည်ဟု သဘောထားကာ မေးလိုက်သည်။
"ဘာလို့ မဖြစ်နိုင်ရတာလဲ"
ကျီမင်က ပြန်ဖြေသည်။
"ဆရာကြီးကျန်းက မန်ပြည်နယ်က ထင်ရှားတဲ့ မိသားစုကနေ ဆင်းသက်လာတာပါ။ သူက အသက်နှစ်ဆယ့်ခြောက်နှစ်မှာတင် နဂါးနှင့်ကျားစာရင်းဝင်ခဲ့သူမို့ ငွေကြေး သို့မဟုတ် လျှို့ဝှက်ကျမ်းတွေအတွက် လိုအပ်ချက်မရှိပါဘူး။ သူ လူသတ်သမား ဖြစ်စရာ အကြောင်းမရှိပါဘူး"
"ဒါတင်မကသေးဘူး၊ ဆရာကြီးကျန်းရဲ့ ရွှေဖလားနှင့် လက်ဆေးအငြိမ်းစားယူခြင်း အခမ်းအနားက နောက်နေ့ဆိုရင် ဖြစ်လာတော့မှာပါ။ သူက အငြိမ်းစားယူတော့မှာ ဖြစ်ပြီး သူဟာ သွေးဝတ်ရုံခန်းမဆောင်ရဲ့ လုပ်ကြံသတ်ဖြတ်သူဆိုတာ ဘယ်သူမှ မသိကြဘူး။ အဲဒီလိုအခြေအနေမှာ သွေးဝတ်ရုံခန်းမဆောင်ရဲ့ အချက်အလက်တွေကို သူက ဘာကြောင့် ဖော်ထုတ်ရမှာလဲ"
---
ရှောင်ပီလီ မြောင်ဖုန်းကို နောက်တစ်ကြိမ် ကြည့်လိုက်ကာ သူ၏ ရှင်းပြချက်ကို စောင့်ဆိုင်းနေသည်။
မြောင်ဖုန်းက ခေါင်းသာ ယမ်းလိုက်သည်။
"ကျွန်တော် လိမ်မပြောပါဘူး။ တစ်ချိန်က ကျန်းရွှမ်မင်ဟာ အမတ်မိန်းမစိုး ဝေနဲ့ တွေ့ဆုံတာကို ကျွန်တော် ကိုယ်တိုင် မြင်ခဲ့ဖူးပါတယ်"
"ကျန်းရွှမ်မင် ဘာကြောင့် သွေးဝတ်ရုံခန်းမဆောင်အတွက် လူသတ်သမား ဖြစ်လာရသလဲဆိုတာကိုတော့ မသိပေမဲ့ ကျန်းရွှမ်မင်ငယ်စဉ်က ကျန်းမိသားစုရဲ့ တစ်ဦးတည်းသော အဆင့်(၄) သိုင်းဆရာကြီးက မတော်တဆဖြစ်ပြီး ကွယ်လွန်ခဲ့ဖူးပါတယ်။ အဲဒီအချိန်မှာ ကျန်းမိသားစုရဲ့ ရင်းနှီးသူတစ်ယောက်က ဝင်ရောက်ကူညီပြီး ကျန်းမိသားစုရဲ့ ရန်သူတွေကို ဖယ်ရှားပေးကာ မိသားစုကို ကာကွယ်ပေးခဲ့ဖူးပါတယ်"
"အဲဒီအချက်နဲ့ တစ်ခုခု ပတ်သက်နေမယ်လို့ ကျွန်တော် တွေးမိတယ်"
ကျီမင် ကြက်သေသေသွားသည်။ သူသည် ကျန်းရွှမ်မင်နှင့် အသက်အရွယ်ချင်း မတိမ်းမယိမ်းဖြစ်သော်လည်း သိုင်းလောကအဆင့်အတန်းမှာ သိသိသာသာ ကွာခြားနေပြီး ကျန်းရွှမ်မင်နှင့်လည်း အကြိမ်အနည်းငယ်သာ တွေ့ဆုံဖူးသည်။
သူသည် မန်ပြည်နယ်မှလည်း မဟုတ်သည့်အတွက် လွန်ခဲ့သော ဆယ်စုနှစ်များက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ကောင်းစွာ မသိပေ။ သို့သော် လူတို့၏ စိတ်သဘောထားမှာ ရှုပ်ထွေးလှသည်။ ကမ္ဘာကျော် သူရဲကောင်းဟု ဆိုသူများနောက်ကွယ်တွင် မည်သို့သော အရိပ်မည်းများ ဖုံးကွယ်ထားသည်ကို မည်သူမျှ မသိနိုင်ပေ။
ဤလောကတွင် သာမန်ပြည်သူတို့ကို တကယ်တမ်း စာနာတတ်သည့် သူရဲကောင်းများ မည်မျှရှိပါသနည်း။
---
ရှောင်ပီလီက ထပ်မံမေးမြန်းသည်။
"မန်ပြည်နယ် သွေးဝတ်ရုံခန်းမဆောင်က တခြား ဘယ်သူတွေ အသက်ရှင်ကျန်နေသေးလဲ"
"ဧရာမဝိညာဉ်ဂိုဏ်းက သွေးဝတ်ရုံခန်းမဆောင်ရဲ့ လူတွေကို ခြေရာခံမိပြီး ဝိုင်းရံဖို့ ပြင်ဆင်နေတယ်လို့ မပြောကြဘူးလား"
မြောင်ဖုန်း ခေါင်းယမ်းသည်။
"တွေ့ရှိခဲ့တာတွေက မန်ပြည်နယ် သွေးဝတ်ရုံခန်းမဆောင်က လူတွေ မဟုတ်ဘဲ မန်ပြည်နယ်ကနေ ရောက်လာတဲ့ လူတွေသာ ဖြစ်ပါတယ်။ အိမ်ရှေ့မင်းသား(ခြောက်)ရဲ့ လူတွေက သူတို့ကို ခြေရာခံလိုက်နေတာ ကြာပါပြီ။ အဲဒီလူတွေက မန်ပြည်နယ် သွေးဝတ်ရုံခန်းမဆောင်ရဲ့ လူသတ်သမားတွေနဲ့ ချိတ်ဆက်ဖို့ ကြိုးစားနေတာဖြစ်ပေမဲ့ မန်ပြည်နယ် သွေးဝတ်ရုံခန်းမဆောင်ခွဲက လွန်ခဲ့တဲ့ဆယ်ရက်ကပဲ ပျက်သုဉ်းသွားခဲ့ပြီဆိုတာကို သူတို့ လမ်းမှာတင် ကြိုမသိခဲ့ကြပုံပဲ"
"သင့်ရဲ့ သွေးဝတ်ရုံခန်းမဆောင်က အားနည်းတယ်လို့တော့ မပြောလိုပါဘူး၊ ဒါပေမဲ့ ဒီတစ်ခါတော့ နန်းတော်က သွေးဝတ်ရုံခန်းမဆောင်ကို အမြစ်ပြတ်ချေမှုန်းဖို့ ဆုံးဖြတ်ထားပြီး နန်းတော်တွင်း နက္ခတ်ဗေဒင်ဌာနက ကျွမ်းကျင်သူတွေတောင် ထွက်လာကြပြီ"
"သွေးဝတ်ရုံခန်းမဆောင်ရဲ့ အဓိကအဖွဲ့ဝင်တွေကလွဲရင် ကျန်တဲ့လူတွေကတော့ ကောင်းကောင်းမွန်မွန် အဆုံးသတ်နိုင်မှာ မဟုတ်ဘူး"
"အခုပဲ အမှောင်လမ်းကို စွန့်ပြီး အလင်းလမ်းကို ရွေးချယ်မယ်ဆိုရင် မျှော်လင့်ချက် ရှိပါသေးတယ်"
ရှောင်ပီလီ အနည်းငယ် ပြုံးလိုက်သည်။
"ငါ စန်းယွမ်ဓားဂိုဏ်း၊ ရှီမန်မိသားစု၊ နောက်ဆုံး မင်းတို့ရဲ့ အရှေ့ဘက်စခန်းကလူတွေကိုတောင် သတ်ခဲ့တာပဲ။ ငါ့အတွက် လမ်းမှားပြင်ဖို့ အခွင့်အရေး ရှိသေးလို့လား"
မြောင်ဖုန်း စကားမပြောနိုင်တော့ပေ။
သူပြောလိုက်သည့် စကားများသည် ပုံမှန်ပြောလေ့ရှိသည့် စကားလုံးများသာ ဖြစ်သည်။ ရှောင်ပီလီသည် သွေးဝတ်ရုံခန်းမဆောင်၏ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အရှေ့ဘက်စခန်းမှ အဆင့်(၃) မဟာဆရာသခင်ကြီးနှင့် စန်းယွမ်ဓားဂိုဏ်း၊ ရှီမန်မိသားစုမှ ကျွမ်းကျင်သူများကိုပင် သတ်ဖြတ်ခဲ့သူဖြစ်သည်။
ရှောင်ပီလီက အညံ့ခံချင်ပါကလည်း နန်းတော်အနေဖြင့် စန်းယွမ်ဓားဂိုဏ်းနှင့် ရှီမန်မိသားစုတို့၏ သဘောထားကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
ရှောင်ပီလီ ကိုယ်တိုင်က အညံ့ခံချင်သည်ထားဦး၊ နန်းတော်ကလည်း သူ့စကားကို ယုံရဲမှာမဟုတ်ပေ။
"ကြည့်လေ၊ မင်းတောင်မှ ငါ အမှောင်လမ်းကို စွန့်လည်း အခွင့်အရေးမရှိတော့ဘူးလို့ တွေးနေတာပဲမလား" ရှောင်ပီလီ ခေါင်းယမ်းပြီး ရယ်မောလိုက်သည်။
"ဒါကြောင့် နောက်ထပ် သိထားတာတွေရှိရင် မြန်မြန်ပြောပေတော့။ ငါ မင်းတို့ကို အမြန်ဆုံး အဆုံးစီရင်ပေးမယ်"
---
မြောင်ဖုန်းနှင့် ကျီမင်တို့ အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်စလုံး၏ မျက်လုံးထဲတွင် အလျှော့မပေးလိုသည့် ဆန္ဒများ ရှိနေသည်။
နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်းနီးပါး ဘယ်ဘက်၊ ညာဘက်မှ ရှောင်ပီလီဆီသို့ တိုးဝင်တိုက်ခိုက်လိုက်ကြသည်။
ဘာကိုမှ ချန်ထားခြင်းမရှိ၊ အစွမ်းကုန် တိုက်ခိုက်ခြင်းပင်။
ရှောင်ပီလီသည် မဟာဆရာသခင်ကြီးများကိုပင် လွယ်လွယ်ကူကူ သတ်နိုင်သူဖြစ်သည်။ သူတို့ အသက်စွန့်တိုက်ခိုက်လျှင်ပင် ရှောင်ပီလီ၏ ဓားချက်တစ်ခုကိုမျှ ခံနိုင်မည်မဟုတ်သော်လည်း နောက်ဆုံးအချိန်ထိတော့ ရုန်းကန်ကြည့်လိုကြသည်။
ရှောင်ပီလီက လက်ညှိုးနှင့် လက်ခလယ် နှစ်ချောင်းကို တစ်ပြိုင်နက် ထိုးထုတ်လိုက်သည်။
သူတို့၏ နဖူးတွင် သွေးပေါက်များ ပေါ်လာပြီး မြေပြင်ပေါ်သို့ ပျော့ခွေကျသွားကြသည်။
【ကျင့်ကြံမှုအမှတ် + ၈၀၀၀】
【ကျင့်ကြံမှုအမှတ် + ၈၀၀၀】
【နှင်းခဲဓား + ၁】
နောက်ထပ် လက်နက်ရတာလား။
အဆောင်ငယ်လေးထဲ၌ နွေဦးမိုးရေသံကို နားထောင်ခြင်း မှော်ဓားက အအေးဒဏ်အံတု ကျင့်စဉ်(၆)ရပ်နဲ့ မကိုက်ညီဘူးလို့ ပြောချင်တာလား။
ဒါပေမဲ့ သူက အအေးဒဏ်အံတု ကျင့်စဉ်(၆)ရပ်ကို ကျင့်ကြံမှုအမှတ်တောင် မထည့်ရသေးဘူးလေ။
"ကံကောင်းတာက မှော်ဓားကို အင်္ကျီလက်ထဲမှာ ဝှက်ထားလို့ရတယ်။ ငါ့ရဲ့ အစစ်အမှန်ကိုယ်ပွား မပေါ်လာခင်အထိ နှင်းခဲဓားကိုပဲ သုံးရတော့မယ်"
ရှောင်ပီလီ အသံထွက်၍ ရေရွတ်လိုက်သည်။
ဒီကာလအတွင်း သူသည် မှော်ဓားကို အင်္ကျီလက်ထဲတွင်သာ ဝှက်ထားခဲ့သည်။ သူ့ကို အာရုံစိုက်နေသူများက အဆောင်ငယ်လေးထဲ၌ နွေဦးမိုးရေသံကို နားထောင်ခြင်း မှော်ဓားကို သိနေကြပြီး မှော်ဓား၏ ပုံစံမှာလည်း ထူးခြားလွန်းလှသည်။
"နှင်းခဲဓားကို ထုတ်ယူမယ်"
တွန့်ဆုတ်မနေဘဲ တိုက်ရိုက်ထုတ်ယူလိုက်သည်။
နှင်းခဲဓားသည် ရှောင်ပီလီ၏ လက်ထဲတွင် ပေါ်လာပြီး တစ်ကိုယ်လုံး အေးစက်နေသည်။
နှင်းခဲဓား၊ သွေးမစွန်းဘဲ သတ်ဖြတ်ခြင်း။ သွေးများ မဖျန်းပက်ခင်မှာပင် ဓား၏ အအေးဓာတ်ကြောင့် အေးခဲသွားစေသည်။
"ကျင့်ကြံမှုအမှတ် အားလုံးသုံးပြီး အအေးဒဏ်အံတု ကျင့်စဉ်(၆)ရပ်ကို တိုးမြှင့်မယ်"
မူလက ကျင့်ကြံမှုအမှတ်များကို စုထားပြီး ချန်ရှန့်ကျင့်စဉ်နှင့် နဂါးနတ်ဆိုး ရွှေကိုယ်ခန္ဓာကြံ့ခိုင်မှုပညာကို အရင်မြှင့်တင်ရန် တွေးထားသော်လည်း နှင်းခဲဓား ရရှိလိုက်သည့်အတွက် အချိန်အခါမှာ သင့်တော်လှသည်။
သူ ခုနက ရရှိခဲ့သည့် ကျင့်ကြံမှုအမှတ် တစ်သောင်းခြောက်ထောင်ကို အကုန်သွန်လိုက်သည်။
ဗ
အအေးဒဏ်အံတု ကျင့်စဉ်(၆)ရပ်အတွက် များပြားလှသော ကျင့်ကြံမှုအမှတ်များ ရှောင်ပီလီ၏ စိတ်ထဲသို့ စီးဝင်လာသည်။
【အအေးဒဏ်အံတု ကျင့်စဉ်(၆)ရပ် (၂၁/၁၀၀)】
ခဏအကြာတွင်၊
ရှောင်ပီလီ နှင်းခဲဓားကို ကျောပေါ်လွယ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အရိုးများ ဆက်တိုက်မြည်သံ ထွက်ပေါ်လာသည်။ သူသည် ယခင် ခရီးသွားစဉ်က ပုံစံအတိုင်း ပြန်ဖြစ်သွားပြီး ကျောတွင် နှင်းခဲဓားကို လွယ်ထားသည်။
ရှောင်ပီလီသည် အရိပ်တစ်ခုကဲ့သို့ လျင်မြန်စွာ လှုပ်ရှားကာ ဖျော်ဖြေရေးသင်္ဘောပေါ်တွင် တပ်စွဲထားသည့် ကျွမ်းကျင်သူများ၏ အသက်ကို ရိတ်သိမ်းလိုက်သည်။
အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင်၊
ရှောင်ပီလီ ထွက်ခွာသွားခဲ့သည်။
နံ့သာတိုင်တစ်တိုင်စာ အချိန်ကြာပြီးနောက်တွင် ရှောင်ပီလီကို လမ်းပြပေးခဲ့သည့် အစေခံမလေး တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွားသည်။ ပဉ္စမထပ်သို့ တက်၍ တံခါးကို ဖွင့်လိုက်သောအခါ မြေပြင်ပေါ်တွင် လဲကျနေသည့် အလောင်းနှစ်လောင်းကို တွေ့ရှိသွားသည်။
ချက်ချင်းပင် ဖျော်ဖြေရေးသင်္ဘောတစ်ခုလုံး ရှုပ်ထွေးသွားတော့သည်။
---
နံ့သာတိုင် နောက်တစ်တိုင်စာ။
ဖျော်ဖြေရေးသင်္ဘောပေါ်သို့ ခံ့ညားသော လူလတ်ပိုင်း အရွယ်ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိလာသည်။
"မိသားစုအကြီးအကဲ"
"မိသားစုအကြီးအကဲ"
ဖျော်ဖြေရေးသင်္ဘော၏ တာဝန်ခံသည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး သူ၏ရှေ့မှ ပုဂ္ဂိုလ်ကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။
ထန်ထိုက်ရှုံ။
ထန်ထိုက်မိသားစု အကြီးအကဲ၊ အဆင့်(၂) ကောင်းကင်-လူသား ကျွမ်းကျင်သူ။
မန်ပြည်နယ်တွင် မည်သူမျှ ရန်စရဲခြင်းမရှိသည့် တည်ရှိမှုပင်။
"ဘာဖြစ်တာလဲ" ထန်ထိုက်ရှုံ ဖျော်ဖြေရေးသင်္ဘော တာဝန်ခံကို ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။
ဖျော်ဖြေရေးသင်္ဘောသည် နေ့စဉ် အမြတ်အစွန်းများစွာ ထွက်သည်။
၎င်းသည် ထန်ထိုက်မိသားစု၏ အမြတ်အများဆုံး နေရာများထဲမှ တစ်ခုဖြစ်ပြီး ဆယ်စုနှစ်များစွာအတွင်း ဘာပြဿနာမှ မဖြစ်ခဲ့ပေ။ သို့သော် ယခုအခါ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပျက်သွားသည်။
တာဝန်ခံသည် မြေပြင်ပေါ်သို့ ပြားပြားဝပ်လိုက်ပြီး အမြန်ဖြေသည်။
"လူငယ်တစ်ယောက် ရောက်လာပါတယ်၊ သူက အဆင့်(၄) သိုင်းဆရာကြီးတစ်ယောက်ရဲ့ အသက်အတွက် ငွေပေးချင်တယ်လို့ ပြောတာနဲ့ ကျွန်တော် ပဉ္စမထပ်ကို ခေါ်သွားပေးလိုက်တာပါ"
"ဒါပေမဲ့... ဒါပေမဲ့ မမျှော်လင့်ဘဲနဲ့ စတုတ္ထထပ်နဲ့ ပဉ္စမထပ်က ကျွမ်းကျင်သူတွေ အကုန်သေကုန်ပါပြီ"
"သူတို့ အသံတောင် မထွက်ဘဲ သေသွားကြတာပါ။ ကျီမင်တောင်မှ ရန်သူရဲ့ တိုက်ခိုက်မှု တစ်ချက်ကို မခံနိုင်လိုက်သလိုပါပဲ"
ပဉ္စမထပ်သို့ ရောက်သောအခါ။
ထန်ထိုက်ရှုံ ပဉ္စမထပ်ရှိ အလောင်းများကို ကြည့်လိုက်ပြီး သူ၏ မျက်နှာမှာ အနည်းငယ် တင်းမာသွားသည်။
တိုက်ခိုက်သူ၏ စွမ်းအားမှာ ကျီမင်နှင့် မြောင်ဖုန်းတို့ထက် အဆပေါင်းများစွာ သာလွန်သည်။ တိုက်ခိုက်မှုအပြီး နေရာတွင် တိုက်ပွဲဖြစ်ထားသည့် အရိပ်အယောင်မရှိ၊ တစ်ချက်တည်းနှင့် အသက်ပျောက်သွားခြင်း ဖြစ်သည်။
အသုံးဝင်မည့် သဲလွန်စတစ်ခုမျှ မတွေ့ရပေ။
"သွေးဝတ်ရုံခန်းမဆောင်က လူများလား"