← Chapters

ဒါကလက်ထပ်ခွင့်တောင်းတာမဟုတ်ဘူးလား

Vol. 148 Ch. 2070

ဒါကလက်ထပ်ခွင့်တောင်းတာမဟုတ်ဘူးလား

Vol. 148 Ch. 2070

“ရပ်လိုက်… အဲလူ တောင့်မခံနိုင်တော့ဘူးဆိုတာ မမြင်ဘူးလား” လော့ယိသည် လျှောက်သွားပြီး ထိုတပ်သားများကို အော်လေသည်။

ပတ်ပတ်လည်မှလူများသည် ကြက်သေသေသွားကြသည်။ ဒီတပ်သား တွေကို လူသိရှင်ကြား စိန်ခေါ်ရဲတဲ့သူရှိတာလား။

ဖြစ်လာမည့် မြင်ကွင်းကို တွေးမိပြီး ထိုလူများသည် သူနှင့် တစ်ဖွဲ့တည်း ဟု အထင်ခံရမည်စိုးသဖြင့် နောက်ဆုတ်ကြလေသည်။

ရှီမာယူယူသည် လော့လျိုအား သနားစွာဖြင့် ကြည့်ပြီးမေးလိုက်သည် “သူက အမြဲတမ်းဒီလိုပဲလား”

“မဟုတ်ဘူး သခင်လေးက..ဟူး…” လော့လျိုသည် ပင်ပန်းလာသလို ခံစားရသည်။ ဤနေရာထိ သခင်လေးနောက်သို့ လိုက်လာပြီးနောက် ခရီးစဉ် တစ်လျှောက်လုံး သူလုပ်သမျှနောက်ကြောင်းကို ရှင်းပေးခဲ့ရသည်။ ထိုအရာက ပင် သူ၏တာဝန်ဖြစ်သည်။ သို့သော် မလုပ်ရန်ပြောသည်နှင့် သူ သေချာပေါက် လုပ်ခဲ့သည်။ သူ ဝင်ပါတိုင်းတွင် ဗြောင်းဆန်အောင်လုပ်သည်။  တစ်နေ့တော့ ခြေကုန်လက်ပန်းကျပြီး သေတော့မည်ဟု ခံစားနေရသည်။

သူ သက်ပြင်းချလိုက်သည်။ သို့သော် တစ်စုံတစ်ရာမဖြစ်ခင် ပြေးသွားပြီး လော့ယိနှင့် ထိုတပ်သားများအကြားကို ညှိနှိုင်းပေးလေသည်။ သူတို့သည် တံဆိပ်ပြားထုတ်ပြပြီး တပ်သားများကိုကြည့်ခိုင်းသည်။ ထိုအခါမှပင် ထို တပ်သားများသည် ချက်ချင်းပင် တလေးတစားပြန်လှည့်သွားသည်။ နောက်ဆုံးတွင် လော့ယိအဆင်ပြေသွားသည်။ ထိုလူသည်လည်း အလုပ်ကြမ်း များမလုပ်ရတော့ပေ။

လော့ယိကိုကြည့်သော ဖြတ်သွားဖြတ်လာများ၏ အကြည့်များမှာ ပြောင်းလဲသွားသည်။ သူတို့သည် ထိုတံဆိပ်ပြားမည်မျှ အားကောင်းသည်ကို သေချာမသိသော်လည်း ထိုလူသည် သာမန်မဟုတ်သည်မှာတော့ သေချာ သည်။ ဤလူသည် ဘယ်ကလာသည့် သခင်လေးဖြစ်သည်ကို သိချင်ကြသည်။ သူတို့သာ သူ့ကိုကပ်ထားလျှင် အကျိုးအမြတ်များရနိုင်သည်။

လော့ယိသည် သူတို့မျက်လုံးမှ စိတ်အားထက်သန်မှုကို မြင်သောအခါ ပြုံးလိုက်သည်။ သူသည် တစ်စုံတစ်ခုကိုပြောလိုက်ချင်သည်။ သို့သော် ရှီမာယူယူပြောခဲ့သည့် စကားကိုအမှတ်ရသွားသည်။ ထို့ကြောင့် သူ နှုတ်ဆိတ် နေကာ ထိုလူများကို လျစ်လျူရှုလိုက်သည်။ သူသည် သူတို့ဆီသို့ တည့်တည့် ပင် ပြန်လျှောက်လာသည်။ သူ၏ မောက်မာသော မျက်နှဦအသွင်အပြင် ကြောင့် ဖြတ်သွားဖြတ်လာများသည် ပို၍ရူးသွပ်ကြသည်။

“ဒီနေရာကနေ အရင်ထွက်သွားကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

သူမ သူတို့နှင့် သွားသည်ဖြစ်စေ မသွားသည်ဖြစ်စေ ဤနေရာမှ အရင် ထွက်သွားလိုက်သည်က ပိုကောင်းမည်။ အကြောင်းမှာ ထိုလူများ၏ အကြည့် များသည် ပို၍သွေးရူးသွေးတန်းဖြစ်လာသည်။

လော့ယိသည် သူတို့နှစ်ယောက်ကို သူ၏ခြံဝန်းလေးဆီသို့ တည့်တည့်ပင် ခေါ်သွားပြီး ရှီမာယူယူလည်း မကန့်ကွက်တော့ပေ။ ထိုလူများသည် သူ့နောက် သို့ တစ်လျှောက်လုံးလိုက်လာပြီး သူ့လူကဲ့သို့ ဆက်ဆံနေပြီဖြစ်သည်။

ခြံဝန်းသို့ဝင်ပြီးနောက် လော့ယိ၏ အဖတ်မလုပ်သော အမူအရာသည် နောက်ဆုံးတွင် လျော့ကျသွားလေသည်။ သူသည် ပေါတောတောမျက်နှာလုပ် ကာ မျက်နှာကြွက်သားများကို ဖြေလျော့လိုက်သည်။

“ပင်ပန်းလိုက်တာ… တစ်နေကုန်တစ်နေကန်း မျက်နှာကြီးတင်းထားရ တဲ့လူတွေ မပင်ပန်းဘူးလားမသိဘူး” သူသည် သူ့မျက်နှာသူ ပုတ်လေသည် “ငါ ဒီမျက်နှာပေးကို ခဏလောက်လုပ်လိုက်တာ ပင်ပန်းလို့သေတော့မယ်.. တစ် နေကုန်သာလုပ်ရတော့ မျက်နှာကိုလှုပ်လို့ရပါတော့ဦးမလားပဲ”

ထိုသို့ပြောပြီးနောက် ဝူလင်းယူကို ကြည့်လိုက်သေးသည်။

“အသားကျသွားမှာပါ” ရှီမာယူယူသည် ဝူလင်းယူကို ကူဖြေပေးလေ သည်။

“ဒါပေမဲ့ ယူယူ မင်းပြောတာမှန်တယ်.. အရင်ကဆိုရင် ငါ ဒီလိုမျိုးလုပ်ရင် တောင် ဒီလိုရလဒ်မျိုးမရဖူးဘူး… သူတို့ ငါ့ကိုကြည့်တဲ့အကြည့်က အရင်နဲ့ မတူ တော့ဘူး” လော့ယိသည် အစောကအဖြစ်အပျက်ကို တွေးပြီးပျော်မိသည်။

ရှီမာယူယူသည် ထိုအကြောင်းကို ဆက်မပြောချင်သဖြင့် စကားလမ်း ကြောင်းပြောကာ ပြောလေသည် “ခြံဝန်းလေးလို့ မပြောခဲ့ဘူးလား.. အခုက ခြံဝန်းဒါဇင်လောက် အရွယ်အစားရှိနေပြီထင်တာပဲ မဟုတ်ဘူးလား”

“ဘာအရေးကြီးလို့လဲ.. ငါ့ဂိုဏ်းအဖွဲ့ဝင်တွေနဲ့ယှဉ်ရင် ဒါက ဘာမှမဟုတ် သေးဘူး”လော့ယိ ပြုံးလိုက်သည် “တခြားအိမ်တော်တွေက ဒီ့ထက်တောင် ကြီးသေးတယ်.. ဒါဆို ဒါကခြံဝန်းလေးပဲလေ မဟုတ်ဘူးလား”

ဟုတ်သည် နှိုင်းယှဉ်မှုမရှိလျှင် နာကျင်မှုလည်းမရှိပေ။

“သခင်လေး အကြီးအကဲ ၆” အိမ်တော်ထိန်းသည် ရှေ့တိုးပြီး အရိုအသေ ပြုလေသည် “သခင်လေးတို့ ရောက်တဲ့သတင်းကြားတာနဲ့ ဝါးဥယျာဉ်ကို ပြင် ထားပြီးပါပြီ.. အကုန်သန့်ရှင်းရေးလုပ်ထားပါတယ်”

“ဝါးဥယျာဉ်ဘေးက ခြံဝန်းရောရှိလား” လော့ယိ မေးလိုက်သည်။

“ဝါးဥယျာဉ်ဘေးမှာ ခြံဝန်းမရှိပါဘူး တွဲလျက်ခြံဝန်းပဲရှိပါတယ်” အိမ်တော်ထိန်း ပြန်ဖြေလေသည်။

“သီးသန့်ခြံဝန်းမရှိရင် ငါ့သူငယ်ချင်းတွေက ဘယ်မှာနေရမှာလဲ” လော့ယိ မျက်မှောင်ကြုတ်လေသည်။

“အနီးဆုံးက ငယ်ရွယ်ခြင်းခြံဝန်းပါ ဝါးဥယျာဉ်နဲ့ မိနစ် ၂၀ ပဲဝေးပါတယ်”

“ငယ်ရွယ်ခြင်းခြံဝန်းဟုတ်လား”

“အဲတစ်ခုကို သဘောကျလို့လား” လော့ယိ မေးလိုက်သည်။

“မဆိုးပါဘူး” ရှီမာယူယူပြုံးလိုက်သည်။ ငယ်ရွယ်ခြင်းနန်းတော်နှင့် ‘ခြံဝန်း’ ဆိုသည့်စာလုံးသာကွဲသည့် နေရာရှိနေလိမ့်မည်ဟု ရှီမာယူယူ ထင် မထားပေ။

“ဝါးဥယျာဉ်နားမှာ ခြံဝန်းမရှိဘူးဆိုမှတော့ ရွေးချယ်စရာမရှိတော့ဘူး ငယ်ရွယ်ခြင်းခြံဝန်းမှာပဲနေရတော့မှာပဲ” လော့ယိ ပြောလိုက်သည် “အနီးဆုံး ဆိုတော့ တစ်ခုခုဖြစ်ရင် ရောက်ဖို့မြန်တာပေါ့”

ဤကဲ့သို့ အကွာအဝေးလောက်သည် ကျင့်ကြံသူများအတွက် မပြောပ လောက်သည့် အကွာအဝေးဖြစ်သည်ဟု ရှီမာယူယူ ပြောချင်မိသည်။ သို့သော် သူ၏ စရိုက်ကိုတွေးပြီးနောက် ထိုသို့ပြောလိုက်လျှင်တောင် ငြင်းခုန်နေရမည် ကို ကြောက်သည်။

အိမ်တော်ထိန်းသည် ရှီမာယူယူတို့ကို ဦးဆောင်ခေါ်သွားသည်။ သူတို့ ပြန်လာစဉ်က ရှီမာယူယူနှင့် ဝူလင်းယူတို့သည် ဇနီးမောင်နှံဖြစ်သည်ဟု ကြာ ထားသဖြင့် သူတို့နှစ်ယောက်အတွက် တစ်အိမ်တည်းပြင်ပေးထားသည်။

အိပ်ရာတစ်ခုတည်းရှိသည်ကို မြင်လိုက်ရသောအခါ ရှီမာယူယူ၏ မျက်လုံးများ တွန့်မိသည်။ ကြည့်ရတာ သူမကိုယ်တိုင် တွင်းတူးမိပြီထင်တယ်။

ဝူလင်းယူသည် ဝမ်းသာနေသည်။ အတန်ကြာမှပင် သူ စပြုံးလေသည် “ဒီနေရာကမဆိုးဘူးနော် ဒီမှာပဲနေကြတာပေါ့”

“တစ်ခုခုလိုတာရှိရင် ကျုပ်တို့ကိုညွှန်ကြားလိုက်ပါ” အိမ်တော်ထိန်း ပြော လေသည်။

“ဒါဆိုရင် ပျော်ရွှင်ခြင်းမြို့တော် မြေပုံပေးဖို့ ရှင့်ကိုပဲ ဒုက္ခပေးရတော့မယ်” ရှီမာယူယူ မေးလိုက်သည်။

“ရပါတယ် ခဏနေရင် လူလွှတ်ပြီး ပေးခိုင်းလိုက်ပါမယ်” အိမ်တော်ထိန်း ပြန်ဖြေလေသည်။

“ဒုက္ခခံပေးလို့ ကျေးဇူးတင်ပါတယ်”

အိမ်တော်ထိန်းသည် အရိုအသေပြုပြီး ထွက်သွားလေသည်။

ဝူလင်းယူသည် ရှီမာယူယူကို အိမ်ထဲသို့ ဆွဲခေါ်သွားကာ ပြောလိုက်သည် “အဲဒီလော့ယိက တုံးပေမဲ့ ဒီအချက်မှာတော့ တော်တယ်”

ရှီမာယူယူသည် သူ့ကို မျက်လုံးလှန်ပြပြီး အခန်းကိုပတ်ကြည့်နေလိုက် သည်။ လတ်ဆတ်ပြီး ထူးခြားသောနည်းများဖြင့် အခန်းကိုအလှဆင်ထား၏။

“ကြည့်ရတာ လော့ယိက နောက်ခံတောင့်တယ်ထင်တယ်” သူမသည် အိမ်ကိုချီးကျူးရင်း ပြီးခဲ့သည့် မတော်တဆမှုတွင် လော့လျိုသည် တပ်သားများ ကို တံဆိပ်ပြားပြလိုက်သည်နှင့် ဖြေရှင်းနိုင်သည့်ကိစ္စကို တွေးနေမိသည်။ သူ့ နောက်ခံက ဘယ်လောက် အားကောင်းလဲဆိုတာ ရှင်းနေတာပဲ။

“တကယ်မသေးလောက်ဘူး.. ဒါပေမဲ့ အခုတော့ အဲဒါတွေ တွေးမနေနဲ့.. နောက်ကျတော့မယ် ကိုယ်တော့နားကြတော့မလား” ဝူလင်းယူ မေးလိုက် သည်။

ကျင့်ကြံသူတွေက အိပ်ဖို့လိုလို့လား။ အဖြေကတော့ နိုးပါ။ ဒီလူကြီးက အခွင့်အရေးယူချင်နေတာပဲ။

“ကျွန်မ မပင်ပန်းသေးဘူး အရင်အိပ်နှင့်လိုက်”

ပြောပြီးနောက် သူမ ထွက်သွားဟန်ပြင်သည်။ သို့သော် ဝူလင်းယူသည် ချက်ချင်းပင် သူမကို ဆွဲလိုက်သည်။ တစ်ကွက်လောက် လှုပ်ရှားလိုက်သည်နှင့် သူတို့နှစ်ယောက်လုံး အိပ်ရာပေါ်လဲကျသွားသည်။

ရှီမာယူယူသည် လှည့်ပြီးနောက် သူ့ကိုစိုက်ကြည့်သည် “အခုက နှစ် ယောက်လုံး ဝိညာဉ်ခန္ဓာကိုယ်ဖြစ်နေတာလေ ဘာလုပ်ချင်လို့လဲ”

“ဘာမှမလုပ်ပါဘူး မင်းကို ဖက်ပြီးအိပ်ချင်ရုံပဲ” ဝူလင်းယူသည် သူမကို နမ်းချင်သော်လည်း နှစ်ယောက်လုံးသည် ဝိညာဉ်ခန္ဓာကိုယ်ဖြစ်နေသဖြင့် ရုပ်ပိုင်းဆိုင်ရာခံစားချက် ဘာမှမရပေ။

ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ သူမသည် မထီမဲ့မြင်ပြုနေ သော်လည်း အိပ်ရာထဲတွင် ကျိုးနွံစွာအိပ်နေသေးသည်။

“မင်းရဲ့ အမေကိုကယ်ပြီးတာနဲ့ မင်းခန္ဓာကိုယ်ဆီပြန်မှာမလား” ဝူလင်းယူ မေးလေသည်။

“အင်း အဲလိုလုပ်ရမှာပေါ့”

“မင်းခန္ဓာကိုယ်ကို ပြန်ပြီးတာနဲ့ လက်ထပ်ရအောင်”

“ကျွန်မကို လက်ထပ်ခွင့်တောင်းနေတာလား”

“ဘယ်လိုထင်လို့လဲ”

“လက်စွပ်မရှိ နှင်းဆီပန်းမရှိဘူးဆိုတော့ နိုးပဲ”

“ဒါဆို ပြန်ရောက်ရင် ထပ်လုပ်မယ်”

“နောက်တစ်ခါဆိုရင်တော့ အာမ,မခံနိုင်ဘူး”

“မင်း ခံနိုင်ရည်ရှိလို့လား”

“ခံနိုင်ရည်မရှိစရာဘာရှိလို့လဲ”

“မင်း ကိုယ့်ကိုမငြင်းနိုင်ပါဘူး”

“မဖြစ်နိုင်တာ”

“ဖြစ်နိုင်တယ်”

“….”

ခဏအကြာတွင် အစေခံတစ်ယောက်သည် ပျော်ရွှင်ခြင်းမြို့မြေပုံလာပို့ သဖြင့် နောက်ဆုံးတွင် မအိပ်လိုက်ရပေ။ ဝူလင်းယူသည် မြေပုံထွက်ယူပြီး သူ့ဆီမှ ထွက်သောအေးစက်သောရောင်ဝါကြောင့် အစေခံသည် မြေပုံကိုပစ် ပေးပြီး ကြောက်လန့်တကြားထွက်ပြေးလေသည်။

ရှီမာယူယူသည် တံခါးမှမြင်ကွင်းကို ကြည့်ပြီး မရယ်ဘဲမနေနိုင်ပေ။

ဒီလူကြီးကတော့ ဒီလောက်ထိ နာကြည်းနေဖို့မလိုပါဘူး။ အဲလိုဆို တခြားသူတွေ နားလည်မှုလွဲတော့မယ် ဟုတ်ပြီလား။

ဝူလင်းယူသည် သူမကို မြေပုံပေးကာ နှစ်ယောက်လုံးသည် တစ်ညလုံး လေ့လာသည်။ နောက်နေ့မနက်တွင် လော့ယိသည် သူတို့ကိုလာရှာလေသည်။

“ယူယူ သွားရအောင်”

“ဘယ်သွားမှာလဲ”

“အဲဒီနန်ယွိကျီကို သွားတွေ့မှာပေါ့ ငါတို့မနေ့က သဘောတူထားကြ တယ်.. တစ်ညတည်းနဲ့ မေ့သွားတာတော့ မဟုတ်ပါဘူးနော်”

“ဘယ်မေ့ပါ့မလဲ အဲဒီကို ဒီလောက် မြန်မြန်သွားချင်မယ်မလို့မထင်လို့”

သူမသည် ပစ္စည်းမြန်မြန်လုရလိမ့်မည်ဟု ထင်မထားရုံပင်ဖြစ်သည်။

***

All Chapters