← Chapters

နန်ယွိကျီ

Vol. 148 Ch. 2071

နန်ယွိကျီ

Vol. 148 Ch. 2071

နန်ယွိကျီသည် ကောလာဟလများအတိုင်းပင်ဖြစ်သည်။ သူသည် ကျောက်စိမ်းကဲ့သို့ နူးညံ့ကာ ထွန်းတောက်မည့် အနာဂတ်အလားအလာရှိပြီး တက်ကြွခန့်ညားလှသည်။ ထိုစကားလုံးများနှင့် ဖော်ပြ၍မရနိုင်သော်လည်း သူ သည် သိုးရေခြုံထားသော ဝံပုလွေဖြစ်သည်ကိုတော့ ရှီမာယူယူသိသည်။

ပျော်ရွှင်ခြင်းမြို့တော်မှ အခြေအနေကို ကြည့်ရုံနှင့် သိနိုင်သည်။ သူသာ လူတော်လူကောင်းဖြစ်လျှင် မြို့မှလူများသည် ဤမျှစိတ်ဆင်းရဲနေရမည် မဟုတ်ပေ။

သို့သော် ထိုလူများသည် သူ၏ရုပ်ရည်၊ အပြုံးနှင့် ရံဖန်ရံခါ စိတ်ပူပေး တတ်မှုတို့ကြောင့် လှည့်စားခံနေရသည်။

နန်ယွိကျီသည် သူ့ကို တစ်စုံတစ်ယောက်ကြည့်နေသလို ခံစားရသဖြင့် ခေါင်းလှည့်ပြီးကြည့်ရာ ရှီမာယူယူနှင့် အကြည့်ချင်းဆုံလေသည်။ မျက်လုံးနှစ် စုံသည် တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြသည်။ မျှော်လင့်ထား သလို မီးပွားများရှိမလာဘဲ အပြုံးခပ်သဲ့သဲ့သာထွက်လာသည်။

နန်ယွိကျီသည် ခေါင်းလှည့်ကာ အသာမျက်မှောင်ကြုတ်လိုက်သည်။ ရှီမာယူယူ၏ အပြုံးမှာ ပိုလေးနက်သွားသည်။ အရာအားလုံးသည် သူမ မျှော်မှန်းထားသလိုပင်။

နန်ယွိကျီသည် ပြုံးနေသော်လည်း သူ့မျက်လုံးထဲတွင် အေးစက်မှုနှင့် ရက်စက်မှု အရိပ်အယောင်ရှိနေသည်။ ဒီလူက တကယ်ပဲ လူကောင်းတစ် ယောက်တော့ မဟုတ်ဘူးပဲ။

“ယူယူ အဲတော့ ဘယ်လိုလဲ.. သူ့ကိုတွေ့ပြီးပြီဆိုတော့ ငါနဲ့ယှဉ်ရင် ဘယ် သူကပိုကြည့်ကောင်းလဲ” လော့ယိသည် သူမဘေးမှ မေးလေသည်။

“သူက ရှင့်လောက် မကောင်းဘူး” ရှီမာယူယူ ပြောလိုက်သည်။

သူက ရှင့်လောက်မကောင်းဘူး… အဲဒါက သူကရှင့်လောက် မချောလို့ မဟုတ်ဘူး.. သူ့ရဲ့ အကျင့်စရိုက်က ရှင်နဲ့ယှဉ်မရလို့ပဲ။

လော့ယိသည် စကားများသည့် ငတုံးတစ်ယောက်သဖွယ် ခံစားရသော် လည်း သန့်စင်သည့်ခံစားချက်ကို ပေးစွမ်းသည်။ နန်ယွိကျီဆိုသည့် လူမှာတော့ ရုပ်ရည်ကြည့်ကောင်းသော်လည်း အပြင်ပန်းတွင်သာနူးညံ့ပြီး ညစ်ပုပ်မှုများ ကွယ်ဝှက်ထားသည်ဟု ခံစားရသည်။ ထို့ကြောင့်ပင် လော့ယိက ပိုကောင်း သည်ဟု ထင်မိခြင်းဖြစ်သည်။

သူမ၏ စကားကိုကြားပြီးနောက် လော့ယိသည် ပျော်ရွှင်စွာ ရယ်မော လိုက်သည် “ဟုတ်တယ်မလား ဟုတ်တယ်မလား ဒီနန်ယွိကျီက ငါနဲ့ယှဉ်မရပါ ဘူးလို့ ငါပြောသားပဲ.. ယူယူကတော့ ကြည့်တတ်တဲ့မျက်လုံးရှိတယ်”

ရှီမာယူယူ ရယ်မောလိုက်သည်။ သူမသည် သူတို့၏ ရုပ်ရည်ကိုတင် ကြည့်သည်မဟုတ်ပေ။ အကယ်၍ ရုပ်ရည်ပိုင်းကိုပြောရလျှင် နှစ်ယောက်လုံး သည် ဝူလင်းယူထက် မသာနိုင်ပေ။

ဤတွေ့ဆုံပွဲသည် နန်ယွိကျီမှ စီစဉ်ခြင်းဖြစ်ကာ ဖိတ်စာကို လော့ယိ မည်သို့ရလာသည်မသိပေ။ မည်သို့ပင်ဖြစ်စေကာမူ နန်ယွိကျီ သူ့ကိုကြည့်သည့် ကြည့်ပုံအရ သူတို့သည် အသိအကျွမ်းမဟုတ်သည်ကို ညွှန်ပြနေသည်။

သူသည် ဝိုင်ခွက်ကိုင်ပြီး ရောက်လာသည်။ သူသည် လော့ယိ၏ရှေ့တွင် ရပ်ပြီးပြောလေသည် “ခင်ဗျားတို့ကို ဖိတ်ထားတယ်မထင်ဘူး.. ဒီကိုရောက် လာတယ်ဆိုမှတော့ မိတ်ဆွေတွေလို့ ဆိုလိုတာပဲ”

ရှီမာယူယူသည် ရယ်ချင်မိသွားသည်။ နန်ယွိကျီ၏ စကားလုံးများသည် လော့ယိကို ထေ့ငေါ့ပြောသည့် အရိပ်အမြွက်ပါနေသည်။ လော့ယိက ဘယ်သူ လဲဆိုတာကို သူ မသိဘူးလို့ ပြောလိုက်တာလား။ သူမ ယုံလိုက်ရင် အရူးပဲ။

သို့သော် ထိုထေ့လုံးကို နားမလည်သော တစ်စုံတစ်ယောက်ရှိလေသည်။ လော့ယိသည် ရင်ဘတ်ကို ပင့်မြှောက်ကာ “နန်ယွိကျီ ငါက လော့ယိပဲ မင်းရဲ့ မိတ်ဆွေမဟုတ်ဘူး ငါကမင်းကိုကြည့်ဖို့လာတာ အခုကြည့်ပြီးသွားပြီ.. မင်းက ငါ့လောက်လည်း ကြည့်မကောင်းပါဘူး”

“အဲတော့ ခင်ဗျားက ဝိညာဉ်ပေါ်ထွန်းဂိုဏ်းက သခင်လေးလော့ယိပေါ့.. တွေ့ဖို့မျှော်လင့်နေခဲ့တာပါ တွေ့ရတာဝမ်းသာပါတယ်” နန်ယွိကျီသည် လက် ဆန့်ထုတ်လေသည်။

လော့ယိသည် သူ့လက်ကို ရိုက်ထုတ်ပြီး ပြောလေသည် “ငါလည်း မင်းကို တွေ့ဖို့ မျှော်လင့်နေတာ”

“ကျွန်တော့်ရဲ့ ပွဲလေးကို ဝိညာဉ်နယ်မြေရဲ့ မင်းသား ၄ ကိုဖိတ်နိုင်လိမ့် မယ်လို့ ထင်မထားဘူး ဂုဏ်ယူမိပါတယ်”

“ဟား… မင်းက အချိန်တိုင်းပေါ်မလာဘူးလေ တိတ်တိတ်လေး ပျော်နေ တာမလား” လော့ယိသည် သူ လုပ်ကြံရယ်နေပုံကို သဘောမကျလှပေ။ စိတ်ရင်းမပါသလို ကြည့်လိုက်သည်နှင့် ကြောင်သူတော်ကဲ့သို့ ပြုမူနေသည်ကို သိနိုင်သည်။

နန်ယွိကျီသည် ဒေါသမထွက်ပေ။ သူသည် ရှီမာယူယူဘက်သို့ အကြည့် လှည့်လိုက်သည်။ ပြီးနောက် သူ၏အပြုံးမှာ ပို၍ပင်ဆွဲဆောင်မှုရှိနေသည် “ဒီမိန်းကလေးရဲ့ နာမည်လေးသိလို့ရမလားမသိဘူး”

“ရှီမာယူယူပါ”

“ရှီမာယူယူ” နန်ယွိကျီသည် မျက်ခုံးများကို ပင့်လိုက်သည် “ခင်ဗျားက ကျွန်တော်အရင်က ကြားဖူးတဲ့ရှီမာယူယူလား”

“ရှင် ဘာကြားထားလဲတော့မသိဘူး.. ကျွန်မက ဘယ်သူမှမဟုတ်ပါဘူး မြို့ကိုဝင်ဖို့ တန်းစီနေတုန်း လော့ယိကိုသာမတွေ့ခဲ့ရင် ဒီလိုနေရာမျိုးမှာ ရောက်နေမှာမဟုတ်ပါဘူး.. အဲတော့ မင်းသားနန်ယွိ ကျွန်မနာမည်ကို မကြား ဖူးလောက်ပါဘူး” ရှီမာယူယူသည် ဆင်ခြေကောက်ပေးလိုက်သည်။

နန်ယွိကျီ သူမ၏ စကားများကို ယုံသည်မယုံသည်မသိပေ။ သို့သော် သူ ထပ်မမေးတော့ပေ။ ထိုအစား သူမကို လေးနက်သောအကြည့်ဖြင့်ကြည့်ကာ ပြောလေသည် “ဆန္ဒရှိသလိုလုပ်ပါ တခြားဧည့်သည်တွေရှိနေသေးလို့ ခွင့်ပြုပါ ဦး”

နန်ယွိကျီသည် တခြားသူများနှင့် စကားပြောရန် ထွက်သွားပြီး ရှီမာယူယူ နှင့် လော့ယိတို့သည် ခဏကြာနေပြီးနောက် ထွက်လာခဲ့လိုက်သည်။

သူတို့ သားရဲလှည်းပေါ်တက်လိုက်သည်နှင့် လော့ယိသည် စကားနည်း သည့် လူချောလေးပုံရိပ်ကို မထိန်းနိုင်တော့ပေ။ သူသည် ရှီမာယူယူအား ဆွဲပြီး အဆက်မပြတ်စကားပြောတော့သည်။

“ယူယူ မြင်လိုက်လား အဲလူက သူ့ဂုဏ်သတင်းကြောင့် ဒီလိုတွေလုပ်နေ တာပဲ.. သူဖိတ်ထားတဲ့လူတွေက အကုန်လုံး တွေ့ကရာကျင့်ကြံသူတွေပဲ သူတို့ ကို ကောင်းပေးလိုက်ရင် သူတို့က သူ့နောက်လိုက်ကြမှာပဲ.. အဲလိုဆိုရင် သူက လူတွေပိုခေါ်နိုင်လိမ့်မယ်”

“ရှင်ပြောတာမှန်တယ်” လော့ယိသည် နန်ယွိကျီကိုသာ အာရုံစိုက်နေ သည်ဟု ထင်ထားသော်လည်း သူသည် ဉာဏ်ထက်သည့်ပုံပင်။

“ဟုတ်တယ်မလား မင်းလည်း ထောက်ခံတယ်မလား.. ပြောပါဦး အဲလို လူက ဘယ်လိုလုပ် မင်းသားဖြစ်နေတာလဲ.. ငါ့ထက်တောင် ရာထူးမြင့်လိုက် သေးတယ် ငါတကယ်နားမလည်ဘူး” လော့ယိသည် ဆက်ပြောလေသည် “ငါပြောမယ် မင်းသား ၄ ပါးအကြောင်းသိတယ်မလား”

“မနေ့ညက ရှင့်ရဲ့အစေခံက ပြောပြီးပါပြီ” ရှီမာယူယူ ပြောလိုက်သည်။

တကယ်တော့ နန်ယွိကျီလိုလူမျိုးက စာရင်းထဲရှိတာ ဟုတ်သေးတယ်.. ဒါပေမဲ့ လော့ယိက ဘယ်လိုလုပ်.. ဒီလောက်စကားများတဲ့လူက စာရင်းထဲ ရောက်နေတယ်လား.. ဟုသူမ ပြောချင်နေသည်။

ဝိညာဉ်နယ်မြေကို ချင်းဟွမ်မှ အုပ်ချုပ်ထားသည်။ အင်ပါယာမြို့တော် အတွင်း ဩဇာကြီးမားသူမှာ အပိုင်းကြီးလေးပိုင်းရှိသည်။ အံ့ဖွယ်သားရဲများနှင့် ဆက်ဆံထိန်းသိမ်းထားရန်အတွက် ဟင်္သပဒါးငှက်၊ လိပ်မည်း၊ အဇူရာနဂါးနှင့် ကျားဖြူဟူ၍ အမည်ပေးထားသည်။

မင်းသား ၄ သည် အဇူရာနဂါး၏ မင်းသားကြီး ၄ ဖြစ်ကာ သူတို့နောက်ခံ အသွင်အပြင်နှင့် အားကိုအခြေခံ၍ ဆုံးဖြတ်သည်ဟု ပြောကြသည်။

အကဲဖြတ်ရာတွင် တိတ်ဆိတ်မှုကိုပါ ထည့်တွက်ရလျှင် ထိုစာရင်းမှ လော့ယိကို ဖယ်ထုတ်ထားရမည်ဟု ရှီမာယူယူ ခံစားရသည်။

“ယူယူ ငါပြောတာမှန်တယ်မလား သူ့လိုလူက ဒီစာရင်းထဲကိုမပါသင့် တာ.. ပြီးတော့ ငါ့ထက်တောင်အဆင့်မြင့်နေသေးတယ် ပြောဦး ငါ…”

“လော့ယိ ရှင့်ရဲ့ စကားနည်းတဲ့ပုံရိပ်ကိုထိန်းထားမယ်ဆိုရင် သေချာ ပေါက် နန်ယွိကျီထက်တောင် အဆင့်မြင့်ဦးမယ်” ရှီမာယူယူသည် စိတ်ရင်းဖြင့် ပြောလိုက်သည်။

“ဟုတ်ပြီ ငါ စကားအများကြီးပြောတာကို မင်းမကြိုက်မှန်း ငါ သိပါတယ်” လော့ယိ ပြောလေသည် “ဒါပေမဲ့ ငါ့ပါးစပ်ကို မထိန်းနိုင်ဘူး.. ငါ စကားမပြောရ ရင် မနေတတ်ဘူး”

“အဲဒါလည်း ရောဂါပဲ အဲဒါကိုပျောက်အောင်ကုရမယ်”

“ဟုတ်လား ဘယ်လိုကုရမှာလဲ မင်းမှာအဖြေရှိလား”

“….”

ရှီမာယူယူ ခေါင်းခါလိုက်သည်။ ဒီ ဖြူစင်းလွန်းတဲ့ ကလေးတော့….

လော့လျိုသည်လည်း သုန်မှုန်နေသည်။ သူ့သခင်လေးက လိမ်ရတာ လွယ်လိုက်တာ။

ရှီမာယူယူသည် ဆေးတစ်လုံးထုတ်လိုက်သည် “ဒီဆေးစားပြီးရင် စကား ပြောချင်စိတ်လျော့သွားလိမ့်မယ် ဒါပေမဲ့ ခန္ဓာကိုယ်ကိုတော့ ထိမှာမဟုတ်ဘူး”

“တကယ်လား” လော့ယိသည် ဆေးယူပြီး သေချာစမ်းစစ်ကြည့်နေ သည်။ သူသည် နှာခေါင်းနားကပ်ပြီး အနံ့ခံကြည့်နေသည်။ ပြီးမှ လော့လျိုဘာမှ မပြောနိုင်ခင်တွင် ဆေးကိုမျိုချလိုက်သည်။

သူ့ပါးစပ်အတွက် ဆေးမရှိပေ။ လော့လျိုသည် သူ့ကို တားပြီး ချက်ချင်း အန်ထုတ်ခိုင်းချင်သည်။ သို့သော် နောက်ကျသွားလေပြီ။

ဤလူမှာ ဆေးကို တိုက်ရိုက်စားလိုက်လိမ့်မည်ဟု ရှီမာယူယူ ထင်မထား ပေ။

“အဲဒါ အဆိပ်ဖြစ်နေမှာကိုမကြောက်ဘူးလား” သူမ တအံ့တဩမေး လိုက်သည်။

“အဲဒါကအဆိပ်လား” လော့ယိသည် မျက်တောင်ခတ်လေသည်။ သူ လုံးဝ မတွေးမိလိုက်ဘူး။

ရှီမာယူယူ ပြောစရာစကားမဲ့သွားသည် “ဒါဆိုရင် ခုနက ဘာကြည့်နေ တာလဲ”

“ဒီဆေးအနံ့က ကောင်းလို့လေ”

အားလုံးမှာ “….”

“ဟုတ်ပြီ” ရှီမာယူယူသည် အကောင်းဆုံးကြိုးစားပြီး ပြုံးလိုက်သည် “ဒီဆေးက ချက်ချင်းရလဒ်ပြမှာ အခုဘယ်လိုခံစားရလဲ”

“ငါ စကားမပြောချင်တော့သလိုပဲ” လော့ယိသည် လည်ချောင်းကို ထိ လိုက်သည်။

“ကောင်းတယ်”

“တစ်လုံးနဲ့လောက်လား”

“လောက်တယ်”

သူတို့ ခြံဝန်းငယ်သို့ရောက်ချိန်တွင် လော့ယိသည် ဝါးဥယျာဉ်သို့ပြန်သွား လေသည်။ ပြီးနောက် လော့လျိုသည် တဖြည်းဖြည်းလျှောက်လာသည်။

“မိန်းကလေးယူယူ အဲဒီဆေးက…”

ရှီမာယူယူ ရယ်မောလိုက်သည် “အဲဆေးက ဗိုက်မကောင်းရင် သောက် တဲ့ဆေးပါ”

လော့လျို “….”

***

All Chapters