← Chapters

နန်ယွိကျီ ၂

Vol. 148 Ch. 2072

နန်ယွိကျီ ၂

Vol. 148 Ch. 2072

ထိုညတွင် အနက်ဝတ်ထားသော လူနှစ်ယောက်သည် ပျော်ရွှင်ခြင်းမြို့၏ လူသူပြတ်လပ်သောလမ်းများတွင် ပြေးလွှားကာ လျင်မြန်စွာပင် မြို့လည်ခေါင် ရှိ သင်္ချိုင်းကမ္ဗည်းကျောက်တိုင်ဆီသို့ ချည်းကပ်လာသည်။

သို့သော် သင်္ချိုင်းဆီသို့ မရောက်ခင် မီတာတစ်ရာအကွာအဝေးလောက် တွင် လူများသည်မြေပေါ်မှရုတ်တရက်ပေါ်လာပြီး အနက်ဝတ်လူနှစ်ယောက် ကို ဝိုင်းလို်ကကြသည်။

နန်ယွိကျီသည် အနောက်မှပေါ်လာပြီး အလယ်မှ အနက်ဝတ်ထားသော လူကိုကြည့်ပြီး အေးစက်စက်ရယ်မောလေသည် “ရှီမာယူယူ မင်း တကယ်လာ တာပဲ”

ရှီမာယူယူသည် မျက်နှာကိုအုပ်ထားသော အဝတ်မည်းကို ဆွဲချလိုက် သည် “ကျွန်မလာမယ်ဆိုတာကို ရှင်သိနေတာပဲ”

“ဒါပေါ့.. ဂုဏ်သရေရှိလှတဲ့ တစ္ဆေလောကရဲ့ မင်းသမီးလေးက ဒီရောက် နေတယ်ဆိုတော့ ဒီဂူသင်္ချိုင်းကို လာဖို့မဟုတ်ရင် တခြားဘာဖြစ်နိုင်ဦးမှာလဲ” နန်ယွိကျီ ပြောလိုက်သည်။

ဂူသင်္ချိုင်းသည် ဝိညာဉ်စွမ်းအင်များကို အာရုံခံရာတွင် ကူညီပေးနိုင် သည်။ ဧကရာဇ်အဆင့်ပေါ်မလာသေးလျှင်တောင် ဝိညာဉ်နယ်မြေမှလူများ အတွက် အရေးကြီးသည်။

တစ္ဆေလောက၏ မင်းသမီးလေး ဤနေရာသို့ရောက်လာသဖြင့် တခြား ရည်ရွယ်ချက်ကို သူ စဉ်းစားမရပေ။

ရှီမာယူယူသည် သူ့ကို ချိုသာစွာပြုံးပြလိုက်သည် “တောင်းပန်ပါတယ် ရှင်က ဉာဏ်ကောင်းခဲ့လို့ပဲလားမသိဘူး ဒါပေမဲ့ ဒီတစ်ခါတော့ မှန်းတာမှားသွား ပြီ.. ကျွန်မပစ်မှတ်က ဂူသင်္ချိုင်းမဟုတ်ဘူး အင်း.. ရှင်ပဲ”

“ဟားဟားဟား… မောက်မာလိုက်တဲ့လေသံပါလား” နန်ယွိကျီ ရယ်မော လေသည် “ဒီလောကကြီးမှာ ငါ့ကို စိတ်ဝင်စားတဲ့လူတွေ များပါတယ်.. ဒါပေမဲ့ အာကျယ်ကျယ်နဲ့ ပြောလာတာ မင်းက ပထမဆုံးပဲ.. မင်း ငါနဲ့ နှစ်ယောက်တွဲ ကျင့်ကြံချင်တယ်ဆိုရင်လည်း တစ္ဆေလောကက မင်းသမီးကို ငါ့မောင်းမတွေထဲ က တစ်ယောက်အဖြစ်ထားဖို့ စိတ်မရှိပါဘူး”

“အခုက ညသန်းခေါင်ကြီးဆိုပေမဲ့ အဲလိုမျိုးအိပ်မက်မက်နိုင်မှာမဟုတ် ဘူး” ရှီမာယူယူသည် လက်နှစ်ဖက်ကို အနောက်သို့ပို့လိုက်သည်။ သူမက ဘယ်လိုလုပ် အဝိုင်းခံရသလိုဖြစ်နေတာလဲ။

“ငါ အိပ်မက်မက်နေလား မမက်နေလားဆိုတာ ခဏနေသိရမှာပဲ” နန်ယွိကျီ ပြောလေသည် “တစ္ဆေလောကရဲ့ မင်းသမီးလေးကို ဖမ်းရမှာလား.. တစ္ဆေဘုရင်က မင်းကိုပြန်ရွေးဖို့ကို ပျော်နေတော့မှာပဲ.. တစ္ဆေဘုရင် မင်းကို ချစ်တာနဲ့ဆိုရင် ပိုက်ဆံအများကြီးသုံးမယ်ထင်တယ်”

“တိုက်ဆိုင်လိုက်တာ ကျွန်မတွေးနေတာနဲ့ တစ်ထပ်တည်းပဲ.. ရှင့်ကိုသာ ဖမ်းနိုင်ရင် မြို့စားကတော့ ရှင့်ကိုပြန်ရွေးဖို့ အသာတကြည် ပိုက်ဆံထုတ်ပေး မှာပဲ” သူတို့ အတွေးတစ်ခုတည်းရှိနေကြသည်ကို ရှီမာယူယူသိလိုက်ရသည်။

မြို့စားသည် နန်ယွိကျီကို အလွန်ပင်တန်ဖိုးထားသည်။ သူတို့သည် သွေးသားမတော်စပ်သော်လည်း သားအဖကဲ့သို့ပင် လူသိများသည်။ သို့သော် မြို့စားပေါ်မလာသည်မှာ အတော်ကြာပြီဖြစ်ရာ ပျော်ရွှင်ခြင်းမြို့တစ်ခုလုံးမှာ နန်ယွိကျီ၏ စီမံမှုအောက်တွင်ရှိနေသည်။

ပျော်ရွှင်ခြင်းမြို့တော်တွင် နန်ယွိကျီသည် သူမ၏ နောက်ဆုံးပစ်မှတ် မဟုတ်ပေ။ သို့သော် သူမ၏ပစ်မှတ်ဖြစ်ဖို့ အရည်အချင်းပြည့်မှီသည်။

“မင်းက အရမ်းလှတာပဲ ငါ့ရန်သူသာမဟုတ်ရင် ငါ့အနောက်ဆောင်ကို ဝင်ဖို့ တကယ်ပြောလိုက်ချင်တယ်” နန်ယွိကျီသည် မလိုမုန်းတီးစွာဖြင့် ရယ်မောလိုက်သည်။

“နှမြောစရာပဲ ကျွန်မက ရှင့်ကို နည်းနည်းမှတောင် စိတ်မဝင်စားဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မတို့က ရည်ရွယ်ချက်ခြင်းတူနေမှတော့ ဒီနေ့ည ဘယ်သူအောင်မြင်မလဲဆိုတာ ကြည့်ကြတာပေါ့”

ထိုမေးခွန်းမေးရန်ပင် မလိုတော့ဟု နန်ယွိကျီ ခံစားရသည်။ သူသည် လက်ဝှေ့ယမ်းသည်နှင့် တပ်သားများသည် သူတို့ရှိရာဘက်သို့ စတင်တိုက်ခိုက် လေသည်။

ပျော်ရွှင်ခြင်းမြို့တော်သည် နောက်ပိုင်းတွင် နိုးနိုးကြားကြားရှိလာသည်။ ဝင်ခွင့်တံဆိပ်ပြားရှိသူဖြစ်စေ မရှိသူဖြစ်စေ စစ်ဆေးသည်။ မြို့စားအိမ်တော်မှ တပ်သားများသည် လူများကို နေရာတိုင်းကို ဦးဆောင်သွားပြီး တစ်နေကုန် တစ်စုံတစ်ခုကို ရှာနေသည်။ အချိန်ကြာလေလေ သူတို့မျက်နှာမှ မျက်နှာထား များသည် ပိုပို၍လေးနက်လာသည်။

နန်ယွိကျီ ပျောက်သွားလေပြီ။

ယခုအချိန်တွင် ပျော်ရွှင်ခြင်းမြို့တော်မှ လူတိုင်းသည် သူ့ကိုရှာနေကြ သည်။ သူ့ကို မည်သူမည်ဝါဖမ်းခေါ်သွားသည်ကို မသိကြပေ။ သို့သော် ထိုလူ များသည် ဤနေရာရှိ လူထု၏ရန်သူဖြစ်သွားသည်ဟု ပြောနိုင်သည်။ သူတို့ သည် နားမလည်နိုင်ကြပေ။ သူ့ကိုဖမ်းသွားရတဲ့ အဲလူတွေရဲ့ ရည်ရွယ်ချက်က ဘာလဲ။ အဲလူတွေ ဘယ်မှာပုန်းနေတာလဲ။

ညတွင်းချင်း ပျော်ရွှင်ခြင်းမြို့ကနေ ဘယ်သူမှ ထွက်မသွားနိုင်ကြပေ။ မြို့တံခါးမဖွင့်ခင်မှာပင် မြို့စားအိမ်တော်အတွင်းတွင် လူအများအပြား သေနေ ကြသည်ကို တွေ့လိုက်ရသည်။ အိမ်တော်ထိန်းသည် ချက်ချင်းပင် မြို့တံခါးကို ပိတ်ပြီး ပျော်ရွှင်ခြင်းမြို့တစ်မြို့လုံးရှိ လူများကို ဝင်ခွင့်မပြုသလို ထွက်ခွင့် လည်းမပြုပေ။ ထို့ကြောင့် ထိုလူများ မလွတ်မြောက်နိုင်ပေ။

မြို့စားလေးပျောက်ဆုံးမှပင် သူတို့တွေ သိကြခြင်းဖြစ်သည်။

အပြင်ဘက်တွင် မည်မျှပင် ပွက်လောရိုက်ပါစေ ရှီမာယူယူနှင့် ဝူလင်းယူ တို့သည် ခြံဝန်းလေးထဲတွင် အေးအေးလူလူအနားယူပြီး စကားတပြောပြော နှင့် လက်ဖက်ရည်သောက်နေကြသည်မှာ သူတို့သည် ဤမျှကြီးမားသည့် ရုန့်ရင်းဆန်ခတ်ကိစ္စကို မလုပ်ခဲ့ကြသလိုပင်။

လော့လျိုသည် ခပ်ရေးရေးတော့ အာရုံခံမိသည်။ သို့သော် သက်သေမရှိ သလို နန်ယွိကျီကို သွားရှာရန်နည်းလမ်းလည်းမရှိပေ။ သူတို့၏ လုံခြုံရေးကို လည်း မထိခိုက်လာသေးသဖြင့် ရှီမာယူယူတို့ကို ဘာမှမပြောနိုင်ပေ။

လော့ယိသည် ရှီမာယူယူနှင့် ဝူလင်းယူကို သွားရှာခဲ့သည်။

“ယူယူ မင်းရဲ့ဆေးက အရမ်းကိုအံ့ဖွယ်ပဲ.. ငါ စားလိက်ကတည်းက တကယ်ပဲ စကားပြောချင်စိတ်လျော့သွားတယ်” လော့ယိသည် ပျော်ရွှင်စွာ ပြောလေသည်။

“အင်း အသုံးဝင်တယ်ဆိုတော့ ကောင်းတာပေါ့” ထိုအရာများအားလုံး သည် သူ့စိတ်ထဲမှဖြစ်နေသည်ဟု ရှီမာယူယူ မပြောတော့ပေ။

“မင်းရဲ့ ဆေးပညာက ဒီလောက်ကောင်းလိမ့်မယ်လို့ ထင်မထားဘူး.. နောက်ကို ငါ နေမကောင်းဖြစ်ရင် မင်းကိုလာရှာမယ်”

“ဟုတ်ပြီလေ ကျွန်မရှိနေရင်ပေါ့”

“ဘာလို့လဲ မင်းက ထွက်သွားမလို့လား” လော့ယိသည် တအံ့တဩ မေး လေသည်။

“အခုမသွားရင်တောင် လမ်းခွဲရမှာပဲလေ” ရှီမာယူယူ ပြောလိုက်သည်။

“အခု အပြင်မှာ ဘာတွေဖြစ်နေကြလဲမသိဘူး.. ဒါပေမဲ့ နန်ယွိကျီ ဘယ်သွားတယ်လို့ထင်လဲ.. သူ့ဘာသာထွက်ပြေးသွားတာကို ငါတို့ကို သွားလို့ မရအောင်လုပ်သွားသေးတာပဲ” လော့ယိသည် မပျော်ရွှင်လှပေ။ ပျော်ရွှင်ခြင်း မြို့တွင် ပျော်စရာကိစ္စများများစားစားမရှိလှပေ။ အခု သူပျောက်သွားသဖြင့် ဤနေရာတွင် တွယ်ကပ်ပြီးမနေချင်တော့ပေ။

“ဘယ်သူသိမှာလဲ” ရှီမာယူယူသည် မျက်နှာထားလုံးဝမပြောင်းပေ။ သူမ ကိုကြည့်ရသည်မှာ နန်ယွိကျီသည် သူမ၏လက်ထဲတွင်မရှိသလိုပင်။

“ဒါပေမဲ့ ဒီအခြေအနေက မကြာပါဘူး”

“ဘာလို့လဲ”

“ပျော်ရွှင်ခြင်းမြို့မှာ ပြဿနာဆက်ရှာဖို့က မဖြစ်နိုင်ဘူးလို့ ဦးလေး ၆ ပြောတယ်.. အခု အဝင်အထွက်ပိတ်ထားတော့ အကုန်လုံးက ထင်မြင်ချက် တွေပေးနေကြပြီ.. အဲတော့ မြို့စားသာပေါ်လာရင် ပျော်ရွှင်ခြင်းမြို့ကို ဖြေရှင်း နိုင်သွားမှာပါ”

“နန်ယွိမြောင်က ဘယ်မှာလဲ.. ပျော်ရွှင်ခြင်းမြို့မှာ ဒီလောက် ကိစ္စကြီး ဖြစ်နေတာကို သူက ဘာလို့ထွက်မလာတာလဲ”

“သူက တံခါးပိတ်ကျင့်ကြံနေတယ်လို့လည်း ပြောကြတယ်… ဒီမှာမရှိ တော့ဘူးလို့လည်း ပြောနေကြပြန်ရော.. ဒီကအခြေအနေကိုတော့ ငါတို့လည်း သေချာမသိဘူး.. သူများတွေပြောတာပဲ ကြားဖူးတယ်” လော့ယိ ပြောလေ သည် “ဒါပေမဲ့ ဘယ်အခြေအနေပဲဖြစ်ဖြစ် ရက်တွေဒီလောက်ကြာနေပြီ သူ မကြာခင် ပေါ်လာသင့်တယ်”

“အဲလိုလား.. ဒီမြို့စားကိုတော့ တွေ့ချင်သေးရဲ့” ရှီမာယူယူသည် အဓိပ္ပာယ်ပါပါပြောလိုက်သည်။

“နန်ယွိမြောင်က မင်း သွားပတ်သက်သင့်တဲ့လူမဟုတ်ဘူး.. သူ့ကို မတွေ့တာပဲ ကောင်းမယ်.. သူက တစ်ခုခုဆို အညှာတာမဲ့ပြီး အပြစ်မဲ့တဲ့သူတွေ ကိုလည်း သတ်တယ်လို့ ငါ့ဆရာပြောတယ်.. ကံမကောင်းစွာနဲ့ပဲ.. သူ့မှာက လည်း သန်မာတဲ့အရည်အချင်းရှိတယ် စစ်ဦးစီးထိပ်တန်း ၁၀ ယောက်ထဲက တစ်ယောက်နဲ့လည်း အဆက်အသွယ်ရှိနေတယ်လို့ ထင်တာပဲ.. အများစုက သူနဲ့ သွားမရှုပ်ရဲဘူး.. သူ့ကိုတွေ့ရင် ရှောင်သွားလို့တောင် ငါ့ဆရာကပြောနေ တာ”

“အဲလောက်တောင် တော်တဲ့လူလား”

“ဟုတ်တယ် ဟုတ်တယ်” လော့ယိသည် ခေါင်းကိုနှစ်ကြိမ်ညိတ်ပြီး အသားပေးပြောလေသည် “အဲဒါကြောင့် မြို့ထဲမှာ သူ့ကိုတွေ့ရင် ရန်သွားမစ တာကောင်းမယ်”

“ရှင်က သူ့ကိုအဲလောက်ကြောက်နေတာ.. ဒါဆို အရင်က ရှင်နန်ယွိကျီ ကို ရန်စရဲတာက နန်ယွိမြောင်မရှိလို့မလား”

“အဟွတ် အဟွတ် အဲဒါက အဲလို… မင်း ပြောစရာမလိုပါဘူး” လော့ယိ သည် အနည်းငယ်ရှက်သွားကာ ချက်ချင်းပင် စကားလမ်းကြောင်းပြောင်းလေ သည် “အဲတော့ နန်ယွိကျီကို ဘယ်သူဖမ်းသွားတယ်လို့ထင်လဲ”

“ပျော်ရွှင်ခြင်းမြို့က ရှုပ်ထွေးနေပြီဆိုတော့ နန်ယွိမြောင်ပေါ်လာမှာပဲ.. နန်ယွိကျီကိုဖမ်းသွားတဲ့လူက နန်ယွိမြောင်ကို ပေါ်လာစေချင်တာပဲ”

“အဲဒါတော့ ငါသိတာပေါ့.. ငါ ပြောချင်တာက နန်ယွိမြောင်ကို  ပစ်မှတ် ထားရအောင် ဘယ်သူက အဲလောက်တုံးတာလဲလို့”

ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ အဲလူက သူ့ရှေ့ကလူပါလို့ သူမ ဘယ်လိုပြောရတော့မလဲ။

***

All Chapters