← Chapters

အခန်း ၁၃၇၁

Vol. 121 Ch. 1371

အခန်း ၁၃၇၁

Vol. 121 Ch. 1371

အခန်း ၁၃၇၁

အများသုံးချန်နယ်ထဲတွင် လူအများစု၏ ပထမဆုံး တုံ့ပြန်မှုမှာ “မဖြစ်နိုင်တာ” ဟူ၍ ဖြစ်သည်။

ဒုတိယအဆင့် စတင်ကတည်းက ၁၅ ရက်ပင် ရှိနေပြီဖြစ်ပြီး အခြေခံအားဖြင့် ၁၂ နာရီလျှင် ဥက္ကာခဲ တစ်လုံးနှုန်းဖြင့်သာ လာရောက်နှောင့်ယှက်ခြင်း ခံခဲ့ရသည်။ ၎င်းမှာ ဘယ်တုန်းကမှ မပြောင်းလဲခဲ့ပေ။

ယခုအခါ ကျူးဝူ အပါအဝင် သူတို့သုံးယောက်က ဥက္ကာခဲမိုး ရွာတော့မည်ဟု ရုတ်တရက် ပြောလာသောအခါ လူတိုင်းက သဘာဝအတိုင်း သံသယဝင်သွားခဲ့ကြသည်။

“အားလုံးပဲ မကြာသေးခင်က ချက်တင်မှတ်တမ်းတွေကို အမြန်သွားစစ်ကြည့်လိုက်ကြပါ။ တချို့ အသက်ရှင်ကျန်ရစ်သူတွေ တကယ်ပဲ ဥက္ကာခဲ အတော်များများနဲ့ တိုးခဲ့ပုံရတယ်။”

“ဟုတ်တယ်။ ငါလည်း မြင်လိုက်တယ်။ အားလုံးပဲ သတိထားကြပါ။ မယုံတာထက်စာရင် ယုံကြည်ပြီး ပြင်ဆင်ထားတာ ပိုကောင်းတယ်။”

“အခုအချိန်အထိတော့ အစ်ကိုကျူး ပြောသမျှ အားလုံးက မှန်နေတာချည်းပဲ။”

“ဒီတစ်ကြိမ်လည်း အမှန်ပဲ ဖြစ်နိုင်မလား။ @ကချေသည်ဝက် အစ်ကိုကျူး... ဒါတွေကို ခင်ဗျား ဘယ်လိုသိတာလဲ။”

ကျူးဝူသည် ကျန်းယွင်ထျန်းနှင့် သူတို့ သုံးယောက်သီးသန့်ဂရုထဲတွင် မကြာသေးမီက ဥက္ကာခဲမိုးနှင့် ပတ်သက်၍ ဆွေးနွေးထားသည်များကို တိုက်ရိုက်ကူးယူပြီး အများသုံးချန်နယ်ထဲသို့ ကူးထည့်လိုက်သည်။

ကျူးဝူ၏ ပြောစကားများမှာ အလွန်ပင် ယုတ္တိရှိလှသဖြင့် အသက်ရှင်ကျန်ရစ်သူများ စတင်ယုံကြည်လာကြသည်။ အရေးကြီးဆုံးမှာ ကျူးဝူသည် အခြားဂလက်ဆီမှ လာသူဖြစ်ပြီး အလွန်ကောင်းမွန်စွာ တိုးတက်အောင်မြင်နေခြင်းကြောင့် ဖြစ်သည်။

အနည်းဆုံးတော့ ယခုဂလက်ဆီရှိ အသက်ရှင်ကျန်ရစ်သူများ အားလုံးက ကျူးဝူကို အလွန်အဆင့်မြင့်ဟု ခံစားနေရသည်။

“အစ်ကိုကျူးက ဒီလောက်အထိ အသေးစိတ် ရှင်းပြထားတာဆိုတော့ အတုတော့ မဖြစ်နိုင်ဘူး။ အားလုံးပဲ သတိထားကြပါ။”

“ဟုတ်တယ်။ ဘာပဲဖြစ်ဖြစ် အစ်ကိုကျူးက ငါတို့ကို လိမ်ပြောစရာ အကြောင်းမရှိဘူး။ ပြီးတော့ သူလည်း ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူး။”

“ငါတော့ အစ်ကိုကျူးကို ယုံတယ်။ အရင်တုန်းက တစ်ယောက်ယောက်က အဆင့်မြှင့်တင်ရေးကတ် တစ်ကတ် ဖွင့်မိတုန်းက ငါ နည်းနည်း ဇဝေဇဝါ ဖြစ်သွားသေးတယ်။ ပထမဆုံးအကြိမ် အဆင့်မြှင့်ဖို့အတွက် ဘာလို့ အုတ်မြစ်ကျောက်တွေနဲ့ အနက်ရောင်ရွှေတွေ ဒီလောက်အများကြီး လိုအပ်ရတာလဲဆိုပြီးတော့ပေါ့။ ငါတို့မှာ ပထမအဆင့်ကတည်းက စုဆောင်းထားတဲ့ အုတ်မြစ်ကျောက်တွေရှိလို့ အဆင့်မြှင့်တင်ဖို့ လုံလောက်နိုင်ပေမယ့် အနက်ရောင်ရွှေကတော့ ဒီအဆင့်ကျမှ ထွက်လာတာပဲ။ ပထမဆုံး အဆင့်မြှင့်တင်ဖို့ လိုအပ်တဲ့ ပမာဏက အရမ်းများလွန်းတော့ အခုလောလောဆယ် ရိက္ခာသေတ္တာတွေကနေ ရတဲ့ပမာဏနဲ့ဆိုရင် ဘယ်လောက်တောင် ကြာအောင် စုရမလဲ မသိဘူး။ အစ်ကိုကျူး ပြောလိုက်တာကို ကြားမှပဲ ငါ နောက်ဆုံးတော့ နားလည်သွားတော့တယ်။ ဒီဥက္ကာခဲမိုးက ကမ္ဘာ့စည်းမျဉ်းတွေကနေ ငါတို့ကို အနက်ရောင်ရွှေ အမြောက်အမြား ရနိုင်အောင် စီစဉ်ပေးထားတဲ့ အခွင့်အရေးပဲ။”

“အဓိပ္ပာယ်ရှိတယ်။ ဒါပေမယ့် အဲဒီဥက္ကာခဲတွေကို ကြားဖြတ်ဖမ်းဖို့ ငါတို့ရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်တွေကို သုံးတာက တကယ်ပဲ အဆင်ပြေပါ့မလား။”

“အခွင့်အရေးနဲ့ အန္တရာယ်ဆိုတာက ဒွန်တွဲနေတာပဲ။ ဒါက တစ်ဦးချင်းစီရဲ့ ရွေးချယ်မှုပေါ်မှာပဲ မူတည်တယ်။ ငါ့အနေနဲ့တော့ အရမ်းကြီးတဲ့ ဥက္ကာခဲတွေကို မရွေးချယ်ကြဖို့ အကြံပြုချင်တယ်။ မဟုတ်ရင် ရမယ့်အကျိုးထက် ဆုံးရှုံးမှုက ပိုများသွားလိမ့်မယ်။”

“ဟုတ်တယ်။ သေစမ်း... တကယ်ကြီး ဥက္ကာခံမိုး ရွာနေတာဟ။ ဥက္ကာခဲတွေ အစုလိုက်အပြုံလိုက် ပျံသန်းလာတာကို ငါမြင်နေရပြီ။”

“ဘယ်နားမှာလဲ။ ငါ့ဘက်မှာကျ ဘာလို့ မမြင်ရသေးတာလဲ။”

“မင်းတို့ဘက်ကို မရောက်သေးလို့ ဖြစ်လိမ့်မယ်။”

“ငါ့မှာ လောင်စာဆီ နည်းနေပြီ။ ဆရာကြီးတစ်ယောက်လောက် ငါ့ကို လောင်စာဆီ နည်းနည်းလောက် အရောင်းအဝယ် လုပ်ပေးနိုင်မလား။”

“ငါတော့ မကူညီနိုင်ဘူး။ ငါ့မှာလည်း လောင်စာဆီ နည်းနည်းပဲ ကျန်တော့တယ်။”

“ငါ နည်းနည်းပဲ လိုတာပါ။ အကွာအဝေး နည်းနည်းလောက် ရွှေ့ရုံပါပဲ။”

“မင်းပြောပုံအရဆို မင်းက ဥက္ကာခဲမိုးရဲ့ အစွန်းနားမှာ ရောက်နေတာ ဖြစ်ရမယ်။ မလှုပ်ရှားဘဲ နေတာက ပိုကောင်းလိမ့်မယ်။ ဥက္ကာခဲတစ်လုံးလောက်တောင် ကြားဖြတ်ဖမ်းရင် ဖမ်းနိုင်လောက်တယ်။”

“မဟုတ်ဘူး။ ဒီဥက္ကာခဲက နည်းနည်း မြန်နေသလိုပဲ။ ချီးပဲ... မမှီတော့ဘူး။”

“အပေါ်က ညီအစ်ကို အခြေအနေ ဘယ်လိုလဲ။”

“မုန်းစရာကောင်လိုက်တာ...။ ငါက ဥက္ကာခဲအကြီးကြီးတစ်ခုနဲ့ ကွက်တိ တိုးမိပြီး အဝေးကို မျောပါသွားပြီ။ ငါ့ရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်လည်း ပျက်စီးသွားပြီ။ တစ်ယောက်ယောက် ငါ့ကို စုဆောင်းရေးကိရိယာ အရင်ငှားပေးလို့ရမလား။ ငါ အခု မစုဆောင်းရင် ပြုပြင်ဖို့အတွက် လိုအပ်တဲ့ အနက်ရောက်ရွှေတောင် ရှိမှာမဟုတ်တော့ဘူး။”

“မင်းမှာ အနက်ရောင်ရွှေနက် မရှိတာ ငါက မင်းကို ဘယ်လိုငှားရမှာလဲ။”

“လောလောဆယ် အကြွေးမှတ်ထားလို့ မရဘူးလား။”

“ဒါပေါ့ မရဘူးလေ။ မင်းက နောက်ဆုံးကျမှ အကြွေးမဆပ်ရင် ဘယ်လိုလုပ်မလဲ။”

“လူအချင်းချင်းကြားမှာ ရှိရမယ့် အခြေခံအကျဆုံး ယုံကြည်မှုက ဘယ်ရောက်သွားတာလဲ။”

“ငါ့ကို လာပြီး အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့။ အနက်ရောင်ရွှေမရှိဘဲနဲ့ ငါ့ရဲ့ စုဆောင်းရေးကိရိယာကို အလကား လာသုံးချင်နေသေးတယ် ဟုတ်လား။ အိပ်မက်မက်နေလိုက်။”

“ဟမ့်... မင်းတို့ရဲ့ စုဆောင်းရေးကိရိယာကို ငါမလိုတော့ဘူးကွ။”

“ဘာဖြစ်လို့လဲ ညီအစ်ကို။ မင်း လက်လျှော့လိုက်ပြီလား။”

“လက်လျှော့ရမယ် ဟုတ်လား။ မဖြစ်နိုင်တာပဲ။ မင်းတို့ကို ပြမယ်။ ဆယ်မိနစ်အတွင်းမှာတင် ငါ တကယ်ကြီး အနက်ရောင်ရွှေ ၁၂ ယူနစ် စုဆောင်းမိသွားပြီ။ ငါ့ရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ် လေယိုစိမ့်နေတာကို ထောက်ရင် တခြားစုဆောင်းရေးကိရိယာတွေ လုံးဝမလိုတော့ဘူး။ မင်းတို့ပစ္စည်းတွေကို မင်းတို့ဘာသာ သိမ်းထားလိုက်ကြတော့။”

“သေစမ်း...ဒါက တကယ်ကြီး အစ်ကိုကိူး ပြောသလိုပဲ။ အနက်ရောင်ရွှေပါဝင်မှုနှုန်းက အဲလောက်တောင် မြင့်နေတာလား။”

“တော်ပြီ... ငါလည်း ဥက္ကာခဲအကြီးကြီးတစ်ခုကို ကြားဖြတ်ဖမ်းမှ ဖြစ်တော့မယ်။”

“မိတ်ဆွေ... မိမိအရည်အချင်းနဲ့ မိမိအခြေအနေကို ချင့်ချိန်ပြီး လုပ်ပါ။ ဥက္ကာခဲနဲ့ အဆောင့်ခံရလို့ ပျက်စီးသွားရင် တကယ် မတန်ဘူး။”

လူတိုင်း ထိုအကြောင်းကို ဆွေးနွေးနေကြစဉ်မှာပင် အားကုန်းက သူတို့သုံးယောက် ဂရုထဲ၌ ရုတ်တရက် ပြောလာခဲ့သည်။

“ငါ ဥက္ကာခဲမိုးကို လှမ်းမြင်နေရပြီ။”

“အဲလောက်တောင် မြန်တာလား။ သတိထား...ဥက္ကာခဲမိုးရဲ့ အလယ်ဗဟိုတည့်တည့်ထဲ မရောက်သွားစေနဲ့။”

ကျူးဝူက သတိပေးလိုက်သည်။

“အင်းပါ...ဒါပေမယ့် ငါ့မှာ အကြံတစ်ခုရှိတယ်။”

အားကုန်းက ပြန်ဖြေလိုက်သည်။

“ဘာအကြံလဲ။”

ကျူးဝူက သံသယဖြင့် မေးလိုက်သည်။

“ငါ သင့်တော်မယ့် ဥက္ကာခဲတစ်ခုကို ရှာပြီး မဟာမိတ်ခေါင်းဆောင်တို့၊ ပြီးတော့ စောစောက အများသုံးချန်နယ်ထဲက အသက်ရှင်ကျန်ရစ်သူတို့လိုမျိုး... အဲဒီဥက္ကာခဲက ငါ့ကို ပျံသန်းခေါ်ဆောင်သွားအောင် လုပ်မယ်။”

အားကုန်းက တည်ငြိမ်သောလေသံဖြင့် ပြန်ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး။ ဥက္ကာခဲက မင်းကို ခေါ်သွားရင် မင်း တော်တော်များများ ဆုံးရှုံးရလိမ့်မယ်။”

ကျူးဝူက ချက်ချင်း ကန့်ကွက်လိုက်သည်။

“ဒီလိုလုပ်တာက လုံးဝ အဓိပ္ပာယ်မရှိဘူး။”

အားကုန်းက ပြုံးလိုက်သည်။

“စိတ်မပူပါနဲ့။ ဒီဥက္ကာခဲအသေးလေးတွေက မင်းရဲ့ ကြယ်တံခွန်နဲ့ မတူဘူး။ ငါ အချိန်မရွေး ပြန်ခွာလို့ရတယ်။”

ထိုအချိန်တွင် ကျန်းယွင်ထျန်းက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“ဥက္ကာခဲမိုး ပျံသန်းလာတဲ့ ဦးတည်ချက်က မင်းရှိတဲ့ဘက်ကနေ ငါ့ဘက်ကို ဦးတည်နေတာ မဟုတ်လား။”

“အစ်ကိုကျန်းက လျင်မြန်ဖြတ်လတ်နေတုန်းပဲ။”

အားကုန်းက ပြုံးကာ ဆိုလိုက်သည်။

အားကုန်းသည် ဥက္ကာခဲနှင့်အတူ ပျံသန်းချင်နေခြင်းမှာ သူ့တွင် ရည်ရွယ်ချက်တစ်ခု ရှိနေသည်မှာ သေချာသည်။ အကယ်၍ ဥက္ကာခဲပေါ်ရှိ အနက်ရောင်ရွှေကိုသာ လိုချင်ပါက ၎င်းနှင့်အတူ လိုက်ပါပျံသန်းနေစရာ မလိုပေ။ လောင်စာဆီသုံးပြီး ဥက္ကာခဲကို ရပ်တန့်လိုက်ခြင်းကသာ ပုံမှန်ဖြစ်လိမ့်မည်။

ထို့ကြောင့် အားကုန်းတွင် အခြားရည်ရွယ်ချက် ရှိရပေမည်။ ယခုအချိန်တွင် အားကုန်း ရွေ့လျားလိုရသည့် ရည်ရွယ်ချက်မှာ ကျန်းယွင်ထျန်းနှင့် သွားရောက်ပူးပေါင်းရန်သာ ရှိသည်။

အခြားအကြောင်းပြချက်ဖြင့် ဥက္ကာခဲနှင့်အတူ လိုက်ပါပျံသန်းနေစရာ အကြောင်း လုံးဝမရှိပေ။

ကျန်းယွင်ထျန်း၏ စကားကို ကြားသောအခါ ကျူးဝူလည်း သဘောပေါက်သွားခဲ့သည်။

“ကောင်လေး... မင်း အကြံက ကောင်းလှချည်လားကွ။”

“ငါလည်း ဥက္ကာလဲမိုး ပျံသန်းလာတဲ့ ဦးတည်ချက်ကို မြင်လိုက်လို့ ရုတ်တရက် အကြံရသွားတာပါ။”

အားကုန်းးက တဟားဟား ရယ်မောလိုက်သည်။

“အင်း... ဒါက တကယ်ကို အကြံကောင်းတစ်ခုပဲ။ ဒါပေမယ့် မင်း သတိထားရမယ်။ အထူးသဖြင့် ဥက္ကာခဲအကြီးကြီးတွေကို မရွေးမိစေနဲ့။ မဟုတ်ရင် မင်း ကြားညှပ်သွားလိမ့်မယ်။”

ကျူးဝူက သတိပေးလိုက်သည်။

“ဟုတ်ကဲ့ပါ။”

အားကုန်းက ပြန်ဖြေလိုက်သည်။

“မင်းကောင်စုတ်လေး...မင်းက ငါ့ကို တုံ့ပြန်မှု နှေးတယ်လို့ ပြောချင်တာပေါ့ ဟုတ်လား။”

ကျူးဝူက ရယ်မောကာ ဆူပူလိုက်သည်။

“ဟီးဟီး... မင်းက ဥက္ကာခဲမိုး ဘယ်ဘက်ကလာလဲဆိုတဲ့ ဦးတည်ချက်ကို မသိသေးတော့ အချိန်မီ သဘောမပေါက်တာက သဘာဝကျပါတယ်။”

အားကုန်းက ပြန်ပြောလိုက်သည်။

“အေးပါ... မင်းဘက်မှာ အဆင်သင့်ပြင်ထားလိုက်တော့။”

ကျူးဝူက စိတ်မရှည်သလို ပြန်ပြောလိုက်သည်။

“အုတ်မြစ်ကျောက်တို့၊ အနက်ရောင်ရွှေတို့ မလောက်ရင် ငါ့ကို အချိန်မီပြော။”

“ဟုတ်ကဲ့။”

မကြာမီ ဥက္ကာခဲမိုးသည် အားကုန်း၏ အရေးပေါ်ကယ်ဆယ်ရေးယာဉ် ရှိရာနေရာသို့ ရောက်ရှိလာ၏။ အားကုန်းသည်လည်း ထိုဥက္ကာခဲများကို ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။

သူ့အရေးပေါ်ကယ်ဆယ်ရေးယာဉ်၏ တစ်ဝက်ခန့် အရွယ်အစားရှိသော ဥက္ကာခဲတစ်ခုကို တွေ့သောအခါ သူသည် ဥက္ကာခဲ ပျံသန်းမည့် လမ်းကြောင်း၏ ရှေ့တည့်တည့်တွင် တိုက်ရိုက်ရပ်တန့်လိုက်ပြီး ကယ်ဆယ်ရေးယာဉ်၏ ပါဝါကို ပိတ်ကာ မိမိကိုယ်ကို အခန်းနံရံ၌ တင်းကျပ်စွာ ချည်နှောင်ထားလိုက်သည်။

ဘုန်း

အရေးပေါ်ကယ်ဆယ်ရေးယာဉ်၏ အခန်းနံရံသည် ဥက္ကာခဲ၏ ဝင်တိုက်ခြင်းခံလိုက်ရ၏။ သူ့ရှေ့ နေရာမှာ တစ်တီမီတာခန့် တိုက်ရိုက် ချိုင့်ဝင်သွားသည်ကို မြင်လိုက်ရသောအခါ အားကုန်းမှာ ချွေးစေးများပင် ပြန်လာခဲ့သည်။

“သေစမ်း... ငါသာ နည်းနည်းပိုကြီးတဲ့ ဥက္ကာခဲကို ရွေးမိရင် အသားတုံးလို ပြားသွားလောက်ပြီ။”

အားကုန်းတစ်ယောက် သက်ပြင်းချလိုက်မိသည်။

အရေးပေါ်ကယ်ဆယ်ရေးယာဉ်မှ စူးစူးဝါးဝါး အချက်ပေးသံများ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

အားကုန်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ခက်ခက်ခဲခဲ ရွှေ့လျားသွားလိုက်ပြီး ချက်ချင်း စတင်ပြုပြင်လိုက်တော့သည်။

“အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို ပြုပြင်မယ်။”

“အရေးပေါ်ကယ်ဆယ်ရေးယာဉ် ပြုပြင်ရန် အုတ်မြစ်ကျောက် ၁၀၀၊ အနက်ရောင်ရွှေ ၁၀၀၊ ဆီလီကွန် ဒိုင်အောက်ဆိုဒ် ၂...။ ပြုပြင်ရန် အနက်ရောင်ရွှေ မလုံလောက်ပါ။”

All Chapters