အခန်း ၁၃၇၅
Vol. 121 Ch. 1375
အခန်း ၁၃၇၅
“ဂြိုဟ်အရှင်သခင်... ဘာလို့မရတာလဲ။ ဒီလိုဆိုရင် ကျုပ်တို့ ပိုပြီးအဆင့်မြင့်တဲ့ လူသားမျိုးနွယ် ယဉ်ကျေးမှုနဲ့ ပိုမြန်မြန် ထိတွေ့ခွင့်ရမှာ မဟုတ်ဘူးလား။”
“အမှန်ပဲ။ ကစဉ့်ကလျားကြယ်စုရဲ့ ပတ်ဝန်းကျင်က တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာနေပြီ။ ကျွန်တော်တို့မှာ အချိန်အများကြီး မကျန်တော့ဘူး။”
“ဂြိုဟ်အရှင်သခင်... စကြာဝဠာထဲမှာ အမှောင်တောအုပ်ရဲ့ စည်းမျဉ်းကို တင်းကျပ်စွာ လိုက်နာကြရမယ်။ သနားညှာတာတဲ့ စိတ်မျိုး မမွေးသင့်ဘူး။”
ဝမ်ယန်သည် သူ့ရှေ့ရှိ လူအုပ်ကြီးကို ကြည့်ကာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“ဒါက သနားညှာတာတာနဲ့ မဆိုင်ဘူး။ လက်ရှိအခြေအနေအရ ကမ္ဘာမြေသားတွေရဲ့ ယဉ်ကျေးမှုအဆင့်အတန်းက ငါတို့ထက် သေချာပေါက် ပိုပြီးအဆင့်မြင့်တယ်။ အကယ်၍ ငါတို့ တစ်ခုခု မသမာတာ လုပ်လိုက်ရင် တစ်ဖက်လူက ရိပ်မိသွားနိုင်ခြေ ဘယ်လောက်ရှိလဲဆိုတာ မင်းတို့ စဉ်းစားဖူးလား။”
ထိုစကားကို ကြားသောအခါ လူအုပ်ကြီးမှာ တိတ်ဆိတ်သွားကြသည်။
“မင်းတို့က တကယ်ပဲ ကမ္ဘာမြေသားတွေကို အရူးတွေလို့ ထင်နေတာလား။ ငါတို့ပေးတဲ့ အစားအသောက်တွေကို ဘာမှမစစ်ဆေးဘဲ ဒီအတိုင်း စားလိမ့်မယ်လို့ ထင်နေတာလား။”
ဝမ်ယန်က ဆက်လက်မေးမြန်းသည်။ လူအုပ်ကြီးမှာ ဆက်လက်တိတ်ဆိတ်နေဆဲပင်။
“အကယ်၍ ကမ္ဘာမြေသားတွေ ရိပ်မိသွားရင် ဖြစ်လာမယ့် နောက်ဆက်တွဲအကျိုးဆက်ကို မင်းတို့ စဉ်းစားပြီးပြီလား။”
ဝမ်ယန်က ဖိအားပေး၍ ထပ်မေးလိုက်သည်။
ဤနေရာသို့ ရောက်မှသာ အစည်းအဝေးခန်းထဲရှိ လူတိုင်းသည် မိမိတို့၏ စောစောက စိတ်လိုက်မာန်ပါ ဖြစ်သွားမှုကို သဘောပေါက်သွားကြတော့သည်။
“ဂြိုဟ်အရှင်သခင်က တကယ်ပဲ အစစအရာရာကို အသေအချာ ထည့်တွေးပေးတာပဲ။ ငါတို့ အောင်မြင်မှုအတွက် အရမ်းစိတ်လောသွားမိတယ်။”
“ဟုတ်ပါတယ်။ ကျုပ်တို့က အောင်မြင်ရင်ရမယ့် အကျိုးကျေးဇူးကိုပဲ မြင်ပြီး ဖြစ်နိုင်ခြေကို ထည့်မတွေးမိခဲ့ဘူး။”
“ရာခိုင်နှုန်းအပြည့် သေချာမှုမရှိဘဲနဲ့ တစ်ဖက်လူနဲ့ ပဋိပက္ခဖြစ်အောင်လုပ်တာက တကယ်ပဲ ပညာမရှိရာ ရောက်ပါတယ်။”
“အင်း... လူတိုင်း သဘောပေါက်သွားရင်လည်း ရပြီ။ သွားကြ...ကမ္ဘာမြေသား လိုအပ်တဲ့ပစ္စည်းတွေကို အမြန်သွားပြင်ဆင်တော့။”
ဝမ်ယန်က လေးနက်စွာ ဆိုလိုက်သည်။
“ဟုတ်ကဲ့ပါ။”
ရှောင်းယီသည် ကစဉ့်ကလျားကြယ်စုကို ပြန်ဖြေပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အများသုံးချန်နယ်ကို ကြည့်လိုက်သည်။
“ဒီနေ့က ဘာနေ့မို့လို့လဲ။ ရိက္ခာသေတ္တာတွေထဲကနေ လက်နက်တွေ ထွက်တဲ့နှုန်းက တော်တော်လေး မြင့်နေသလိုပဲ။”
“ဟုတ်တယ်။ ခုနတင် လူအတော်များများ စက်အမြောက်တွေ ရထားကြတယ် မဟုတ်လား။”
“ဟားဟား... ငါ့ဘက်မှာတော့ အမြန်ပစ်အမြောက် တစ်လက် ရထားတယ်။ ဘယ်လောက် အစွမ်းထက်မလဲတော့ မသိဘူး။”
“ဆရာကြီးတို့... ငါ့မှာ မေးခွန်းတစ်ခုရှိပါတယ်။ မင်းတို့အားလုံး ခဲယမ်းမီးကျောက်တွေကို ဘယ်လိုရနေကြတာလဲ။”
“ဒီလို ရိုးရိုးယမ်းသုံးလက်နက်တွေအတွက်ဆိုရင် လူတိုင်း ပထမအဆင့်ကတည်းက ပုံစံကွက်တွေ ရထားပြီးသား ဖြစ်ရမယ်။ မင်းက ပထမအဆင့်မှာ နှစ်ချက်လောက် ပစ်ဖူးရုံနဲ့ နောက်ပိုင်း တခြားအသက်ရှင်ကျန်ရစ်သူတွေဆီကနေ ခဲယမ်းတွေ လိုက်ဝယ်ရမယ်လို့ တကယ်ပဲ ထင်နေတာလား။”
“ဒါဆို ငါတော့ သွားပြီ။ ပထမအဆင့်တုန်းက ငါက ကောင်းကောင်းတိုးတက်နေတဲ့ မဟာမိတ်အဖွဲ့တွေဆီက ခဲယမ်းတွေကိုပဲ အားကိုးပြီး ဝယ်သုံးခဲ့တာ။”
“မဖြစ်နိုင်တာ...။ မင်းမှာ အနည်းဆုံးတော့ သာမန်အဆင့် ခဲယမ်း ပုံစံကွက်လောက်တော့ ရှိရမှာမဟုတ်ဘူးလား။”
“တကယ် မရှိတာဘူး။”
“ဒါဆိုရင်တော့ ခဲယမ်းဝယ်ဖို့ မင်းရဲ့ အုတ်မြစ်ကျောက်တွေနဲ့ အနက်ရောက်ရွှေတွေကိုသာ အဆင်သင့်ပြင်ထားလိုက်တော့။”
“တကယ်ကြီးလား။ ဒါအတွက်ပါ အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေ ကုန်ရဦးမှာလား။”
“မကုန်ချင်ရင်လည်း မသုံးနဲ့လေ။ အာကာသလက်နက်တွေကို မသုံးဘဲ နေလိုက်ရုံပေါ့။ ရိုးရိုးလေးပဲ။”
“အခု လူတိုင်းရနေတဲ့ လက်နက်တွေကို အာကာသလက်နက် တစ်ပိုင်းလို့ပဲ သတ်မှတ်လို့ရမယ် ထင်တယ်။”
“အာကာသလက်နက်တစ်ပိုင်းလား။ ဒါက ဘာကိုဆိုလိုတာလဲ။”
“အခုလောလောဆယ် ဒီလက်နက်တွေအားလုံးက သေနတ်ပစ်ဖို့အတွက် အခန်းထဲက အောက်ဆီဂျင်ကို အားကိုးပြီး လောင်ကျွမ်းရတယ်။ အကယ်၍ ဒါတွေကို အခန်းအပြင်ဘက်မှာ လုံးလုံးလျားလျား ထားလိုက်ရင် ဒီလက်နက်တွေက လုံးဝ အသုံးမဝင်တော့ဘူး။ အဲဒါကြောင့် ငါက အာကာသလက်နက်တစ်ပိုင်းလို့ ခေါ်တာပဲ။”
“ဒါဆို ငါ့လက်နက်ကော ဘယ်လိုလဲ။ [ယာဉ်ပြင်ပသုံး စက်အမြောက်] (C အဆင့်) ၁။”
“ယာဉ်ပြင်ပသုံး စက်အမြောက်လား။ အဲဒါက ငါတို့ စက်အမြောက်တွေနဲ့ ဘာကွာလို့လဲ။”
“ကွာတာပေါ့ကွ။ ငါ့ဟာက အခန်းရဲ့ အပြင်ဘက်မှာ လုံးလုံးလျားလျား တပ်ဆင်ထားတာလေ။”
“ဒါဆို အောက်ဆီဂျင်ပြဿနာကို ဘယ်လိုဖြေရှင်းလဲ။ ဒါမှမဟုတ် မင်းရဲ့ခဲယမ်းက အောက်ဆီဂျင် လုံးဝမလိုတာလား။”
“ဒီယာဉ်ပြင်ပသုံး စက်အမြောက်မှာ လေလုံတဲ့ လောင်ကျွမ်းခန်းပါပြီးသား။ မင်းဘက်က အထဲကို အောက်ဆီဂျင် ကြိုထည့်ပေးထားဖို့ပဲ လိုတယ်။”
“ငါက အဆင့်မြင့်လှပြီ အောက်မေ့နေတာ။ ကြည့်ရတာ ငါတို့ဟာတွေနဲ့ အခြေခံအားဖြင့် အတူတူပဲ မဟုတ်လား။”
“အတူတူပဲ ဟုတ်လား။ မင်းက တော်တော် ဗဟုသုတမရှိတာပဲ။”
“အခန်းထဲမှာ တပိုင်းတစ တပ်ဆင်ထားတာနဲ့ အပြင်ဘက်မှာ လုံးလုံးလျားလျား တပ်ဆင်ထားတာက လုံးဝကို ကွဲပြားခြားနားတဲ့ အရာနှစ်ခုပဲ။”
“ဘာလို့ အဲလိုဖြစ်ရတာလဲ။”
“တပိုင်းတစပဲ အထဲမှာရှိတယ်ဆိုရင် အခန်းထဲမှာ နေရာယူရုံတင်မကဘဲ အခန်းထဲက လေထုကိုပါ လောင်ကျွမ်းစေတယ်။ မင်းအနေနဲ့ လေထုပမာဏကို အမြဲတစေ စောင့်ကြည့်နေရလိမ့်မယ်။ ဒါပေမယ့် ဒါတွေက အကြီးမားဆုံး ပြဿနာတွေ မဟုတ်သေးဘူး။”
“တခြား ပိုကြီးတဲ့ ပြဿနာတွေ ရှိသေးလို့လား။”
“ဒါပေါ့။ လက်နက်တစ်ခုအနေနဲ့ သူ့ရဲ့ တာဝန်က တိုက်ခိုက်ဖို့ပဲ။ အထဲမှာ တပိုင်းတစပဲ ရှိနေရင် ပစ်ခတ်နိုင်တဲ့ အကွာအဝေးက ကန့်သတ်ချက် ရှိသွားပြီ။ အကယ်၍ အရေးပေါ်ကယ်ဆယ်ရေးယာဉ်က မလှုပ်ရှားဘူးဆိုရင် အကန့်အသတ်ရှိတဲ့ ထောင့်တစ်ခုကနေပဲ ပစ်လို့ရမယ်။ ဒါပေမယ့် အပြင်ဘက်မှာ လုံးလုံးလျားလျား တပ်ဆင်ထားတဲ့ လက်နက်ကတော့ မျက်ကွယ်မရှိ ၃၆၀ ဒီဂရီ ပတ်ပတ်လည် ရိတ်အပြည့်နဲ့ ပစ်လို့ရတယ်။”
“ငါ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို ရွှေ့လိုက်လို့ရတာပဲ။ ဒါက ကိစ္စအကြီးကြီး မဟုတ်ပါဘူး။”
“မှန်ပါတယ်။ မင်းရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်မှာ လောင်စာဆီ အလုံအလောက်ရှိပြီး မင်းကိုယ်တိုင်လည်း လျင်မြန်ဖြတ်လတ်တယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ မဟုတ်ရင်တော့ ယာဉ်ပြင်ပသုံး စက်အမြောက်က ပိုပြီး အသုံးဝင်လိမ့်မယ်။”
“ဒါတွေကို ငြင်းခုံနေမယ့်အစား လက်နက်တွေ ဘာလို့ ရုတ်တရက် အများကြီး ပေါ်လာတာလဲဆိုတာကို ဘာလို့ မဆွေးနွေးကြတာလဲ။”
“ဟုတ်တယ်။ ရိက္ခာသေတ္တာတွေထဲကနေ လက်နက်တွေ ဒီလောက်အများကြီး ရုတ်တရက် ထွက်လာတယ်ဆိုကတည်းက ကမ္ဘာ့စည်းမျဉ်းတွေက တစ်ခုခု လုပ်တော့မလို့ပဲ ဖြစ်ရမယ်။”
လူတိုင်းက ပထမအဆင့်ကို ဖြတ်ကျော်လာခဲ့ကြသူများ ဖြစ်ကြရာ ကမ္ဘာ့စည်းမျဉ်းများ၏ သဘာဝကို သဘာဝအတိုင်း သိရှိထားကြသည်။
နေရာအနှံ့တွင် လက်နက်များ ထွက်ပေါ်လာခြင်းသည် အန္တရာယ်တစ်ခု ရောက်ရှိလာတော့မည်ဟု အဓိပ္ပာယ်ရပေသည်။
“ငါတို့ကို စမ်းသပ်ဖို့အတွက် ဒေသခံတွေရဲ့ အာကာသယာဉ်တွေကို ချက်ချင်းကြီး ဆွဲထုတ်လာမှာမျိုးတော့ မဟုတ်လောက်ပါဘူးနော်။”
“မဖြစ်နိုင်လောက်ပါဘူး။ အခု ငါတို့မှာ အရေးပေါ်ကယ်ဆယ်ရေးယာဉ်တွေပဲ ရှိတာ။ အာကာသယာဉ်တစ်စီးကို ဘယ်လိုမှ မယှဉ်နိုင်ဘူး။”
“ကမ္ဘာ့စည်းမျဉ်းတွေက ဘယ်လောက်ပဲ ဒုက္ခပေးပေး၊ လုံးဝ သေလူဖြစ်သွားမယ့် အခြေအနေမျိုးကိုတော့ ဖန်တီးမှာ မဟုတ်ဘူး။”
“အကယ်၍ ဒေသခံယာဉ်တွေ မဟုတ်ဘူးဆိုရင် ဘယ်လိုအခြေအနေမျိုးက လက်နက်တွေ လိုအပ်လာစေမလဲ။”
“အာကာသက လုံးဝတိတ်ဆိတ်နေတာချည်းပဲ။ လက်နက်တွေ လိုအပ်မယ့်အရာ ဘာမှမရှိသင့်ဘူး။”
“ယုတ္တိဗေဒအရတော့ မှန်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့စည်းမျဉ်းတွေက တခြား ဘယ်လို လှည့်ကွက်မျိုးတွေ ထပ်သုံးလာဦးမလဲဆိုတာ ဘယ်သူ အာမခံနိုင်မှာလဲ။”
“အားလုံးပဲ အဲလောက်ကြီး စိုးရိမ်မနေကြပါနဲ့။ စောစောစီးစီးပဲ ဖြစ်ဖြစ်၊ နောက်ကျမှပဲ ဖြစ်ဖြစ် သိရမှာပါပဲ။”
“နောက်ဆုံးကျ သိရမယ်ဆိုရင်တောင် စောစောသိထားတော့ ကြိုတင်ပြင်ဆင်လို့ ရတာပေါ့။ မျက်စိရှေ့တည့်တည့် ရောက်လာမှ ရင်ဆိုင်ရမယ်ဆိုရင် အချိန်မီ တုံ့ပြန်နိုင်မှာ မဟုတ်ဘူးလို့ ငါ ခံစားရတယ်။”
ထိုဆွေးနွေးမှုများကို မြင်သောအခါ ရှောင်းယီက အနည်းငယ် ခေါင်းငြိမ့်လိုက်မိသည်။ ရိက္ခာသေတ္တာများထဲတွင် လက်နက်များစွာ ပေါ်လာခြင်းက ၎င်းတို့ကို ဧကန်မုချ လိုအပ်လာတော့မည်ဟူသော အဓိပ္ပာယ်ပင်။
သို့သော် ရှောင်းယီမှာမူ မစိုးရိမ်ပေ။ သူ၏ အာကာသယာဉ်ပေါ်တွင် အဆင့်မြင့် ကိရိယာတန်ဆာပလာများစွာ ရှိနေသဖြင့် သူပင် ကမ္ဘာ့စည်းမျဉ်းများ၏ စမ်းသပ်မှုကို မဖြတ်ကျော်နိုင်ပါက ဂလက်ဆီတစ်ခုလုံးရှိ မည်သည့်အသက်ရှင်ကျန်ရစ်သူမျှ ဖြတ်ကျော်နိုင်လိမ့်မည် မဟုတ်ပေ။
“တီ တီ... ပစ်မှတ် ရိက္ခာသေတ္တာကို ဖမ်းယူရရှိပါသည်...”
ရှောင်းယီသည် ချက်ချင်းပင် စုဆောင်းရေးခန်းသို့ ကမန်းကတန်း သွားလိုက်ရင်း စိတ်ထဲကတွေးလိုက်မိသည်။
‘ဒီတစ်ခါ ငါ့ကို ဘယ်လိုလက်နက်မျိုး ပေးမလဲ မသိဘူး။’
စုဆောင်းရေးခန်းသို့ ရောက်သောအခါ သူ ရိက္ခာသေတ္တာကို ဖွင့်ကြည့်လိုက်သည်။
“ရရှိသော အရင်းအမြစ်များ - အုတ်မြစ်ကျောက် ၁၂၊ အနက်ရောင်ရွှေ ၃၊ နိုက်ထရိုဆဲလူးလို့စ် (Nitrocellulose) ၂၀။”
“ဒါပဲလား။”
ရှောင်းယီ အားကိုးရာမဲ့စွာ ရေရွတ်လိုက်မိ၏။
“ငါ့ကို ပေးရမယ့် လက်နက်က ဘယ်ရောက်သွားတာလဲ။”
နိုက်ထရိုဆဲလူးလို့စ်ဆိုသည်မှာ မီးခိုးမဲ့ယမ်းချက်လုပ်ရန်အတွက် ကုန်ကြမ်းမျှသာဖြစ်ပြီး ခဲယမ်းမီးကျောက် ထုတ်လုပ်ရန်အတွက်သာ အသုံးပြုနိုင်သည်။
ရှောင်းယီသည် သူ၏ခေါင်းကို ခါယမ်းရင်း ယာဉ်မောင်းခန်းသို့သာ ပြန်လာခဲ့လိုက်သည်။ သူ အရောင်းအဝယ်ခန်းမကို တစ်ချက် ကြည့်လိုက်ရာ အရည်ဓာတ်ငွေ့ သိုလှောင်/ထုတ်လွှတ်ကိရိယာအတွက် လိုအပ်သော ကုန်ကြမ်းအချို့ ထပ်မံရရှိထားသည်ကို တွေ့လိုက်ရသည်။
‘ငါ နောက်ထပ် တစ်ခု ထပ်လုပ်လို့ရသေးတာပဲ။’
ရှောင်းယီက တွေးလိုက်သည်။
‘နှမြောစရာကောင်းတာက ဒီပစ္စည်းအတွက် ကုန်ကြမ်းတွေက ရဖို့ တော်တော်ခက်တာပဲ။’
ကုန်ကြမ်းများများ ရရှိပါက သူ ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ပြီး ကျူးဝူသည်လည်း သိုလှောင်/ထုတ်လွှတ်ခြင်း ကိရိယာများကို ပိုမိုယူဆောင်သွားနိုင်မည် ဖြစ်သည်။
ကျန်းယွင်ထျန်းရှိနေသည့် ဂလက်ဆီတွင်မူ အရောင်းအဝယ် အခြေအနေ မည်သို့ရှိသည်ကို သူ မသိသေးပေ။
“အရာအားလုံး အဆင်ပြေတယ်ဆိုရင် အစ်ကိုကျန်းက သူ့အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို အာကာသယာဉ်အဖြစ် အဆင့်မြှင့်ပြီးလောက်ပြီ။”
ရှောင်းယီသည် သိုလှောင်/ထုတ်လွှတ်ခြင်း ကိရိယာတစ်ခုကို အပြီးသတ်ပြီးနောက် ရေရွတ်လိုက်သည်။
ထိုအချိန်တွင် ကျန်းယွင်ထျန်းတစ်ယောက် တာဝန်ကျနေချိန် ဖြစ်သည်။ ညသန်းခေါင်ကျော် ဒုတိယပိုင်း စောင့်ကြည့်ရေးတာဝန်ကို သူ ယူမည်ဟု အားကုန်းနှင့် သဘောတူထားခဲ့ခြင်း ဖြစ်သည်။
ကျန်းယွင်ထျန်း၏ အာကာသယာဉ်တွင် လောလောဆယ် အလင်းမျက်နှာပြင် ထောက်လှမ်းရေးစက် ကဲ့သို့သော ကိရိယာများ မရှိသေးသဖြင့် သူသည် စောင့်ကြည့်ရန်အတွက် သူ၏ မျက်စိကိုသာ အားကိုးနေရသည်။