← Chapters

အခန်း ၁၃၇၈

Vol. 121 Ch. 1378

အခန်း ၁၃၇၈

Vol. 121 Ch. 1378

အခန်း ၁၃၇၈

“မင်းတို့တွေးကြည့်လိုက်...ဒီထောက်လှမ်းရေးယာဉ်က ဒီဂလက်ဆီမှာရှိတဲ့ ဒေသခံတွေ ပိုင်တာ ဖြစ်နိုင်မလား။”

“အရမ်း ဖြစ်နိုင်ခြေများတယ်လို့ ငါထင်တယ်။ အကယ်၍ ဒါက ဒီဂလက်ဆီက ဒေသခံတွေဆိုရင် ဆရာကြီးအနေနဲ့ သူတို့ကို ဆက်သွယ်ပြီး ဘာသဘောလဲလို့ လှမ်းမေးကြည့်လို့ရမလား။”

“ဟုတ်တယ်။ @ယီရန်ပင်း... ဆရာကြီး...သူတို့ကို လှမ်းမေးကြည့်ပါလား။”

ရှောင်းယီသည် အများသုံးချန်နယ်မှ သတင်းစကားများကို မြင်သောအခါ ပြောလိုက်သည်။

“ငါ သူတို့နဲ့ ဆက်သွယ်ကြည့်မယ်။ ဒါပေမယ့် ဒီလူမဲ့အာကာသထောက်လှမ်းရေးယာဉ်က ကစဉ့်ကလျားကြယ်စုကဟာ မဟုတ်ဘူးလို့ ငါ စိတ်ထဲ ခံစားနေရတယ်။”

“ဒီက ဒေသခံတွေဆီက မဟုတ်ဘူး ဟုတ်လား။ ဒါဆို ဒီမှာ တတိယအဖွဲ့အစည်းတစ်ခုခုရဲ့ အင်အားစု ရှိနေတာများလား။”

“ကြည့်ရတာ ငါတို့ ပိုမြန်မြန် တိုးတက်အောင် လုပ်ဖို့ လိုနေပြီပဲ။”

“ဟုတ်တယ်။ ဘာမှထပ်မပြောနဲ့တော့။ ငါ ရိက္ခာသေတ္တာတွေ သွားဆွဲတော့မယ်။ အာကာသယာဉ်အဖြစ် အဆင့်မြှင့်လို့ရမယ့် အဆင့်မြှင့်တင်ရေးကတ်တစ်ခုခု ဖွင့်မိဖို့ပဲ မျှော်လင့်ရတော့မယ်။ ဒါမှ နောင်ကျရင် တိုက်လို့မနိုင်ရင်တောင် အနည်းဆုံးတော့ ပိုမြန်မြန် ထွက်ပြေးလို့ရမှာ။”

ရှောင်းယီသည်လည်း ခေါင်းကို အားကိုးရာမဲ့စွာ ခါယမ်းလိုက်မိပြီး စိုက်ပျိုးရေးခန်းဆီသို့ လွင့်မျောသွားခဲ့သည်။

ယခုအချိန်တွင် စိုက်ပျိုးရေးခန်းတစ်ခုလုံးမှာ စိမ်းစိုဝေဆာနေပြီ ဖြစ်သည်။ သူသည် ကောက်ပဲသီးနှံအားလုံးကို ရေလောင်းပေးပြီး အာဟာရဓာတ်ပျော်ရည်အချို့ကိုလည်း ထည့်လောင်းပေးလိုက်သည်။

သန်စွမ်းစွာ ကြီးထွားနေသော အာလူးပင်များကို ကြည့်ရင်း ရှောင်းယီက စိတ်ထဲမှ တွေးလိုက်မိသည်။

‘ကစဥ့်ကလျားကြယ်စုက ငါနဲ့ ကုန်သွယ်ဖို့ သဘောတူပါစေလို့ပဲ ဆုတောင်းရတော့မယ်။ မဟုတ်ရင်တော့ ငါ အာလူးအလွတ်တွေကို စားနေရတော့မှာပဲ။’

ထိုစဥ် အာကာသစက်ရုပ် ၂ လွင့်မျောလာခဲ့သည်။

“ကျွန်းပိုင်ရှင်... ကစဉ့်ကလျားကြယ်စုရဲ့ အာကာသယာဉ် ပြန်ရောက်လာပါပြီ။ သူတို့ သတင်းစကားတစ်ခု ပို့ထားပြီး ကျွန်းပိုင်ရှင်ဘက်က ပြန်လည်ဖြေကြားပေးဖို့ လိုအပ်နေပါတယ်။”

ထိုစကားကြောင့် ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“ငါ အခုလေးတင် ဒါကို တွေးနေတာ။ ဒီလောက်အမြန်ကြီး ပြန်ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး။ ဒါပေမယ့် သူတို့ရဲ့ အရှိန်က နည်းနည်းတော့ မြန်လွန်းနေတယ်။”

ရှောင်းယီသည် ယာဉ်မောင်းခန်းဆီသို့ လွင့်မျောသွားရင်း ရေရွတ်လိုက်မိသည်။

“တစ်ညပဲ ကုန်းသေးတယ်။ သူတို့ ကုန်ပစ္စည်းတွေကို ပြန်ယူပြီးသွားပြီလား။ အာကာသယာဉ်တစ်စီးကို လွှတ်တင်ရတာက ဒီလောက်တောင် လွယ်ကူလို့လား။”

သူ့၏ ယခင်ကမ္ဘာမှာဆိုလျှင် လူလိုက်ပါသော အာကာသယာဉ်တစ်စီးကို လွှတ်တင်ရန် အလွန်ရှည်လျားသော အချိန်စက်ဝန်းတစ်ခု လိုအပ်သည်။ ကစဉ့်ကလျားကြယ်စု၏ အာကာသနည်းပညာက အလွန်အမင်း အဆင့်မြင့်နေခြင်းလော။

ထိုသို့တွေးရင်း ရှောင်းယီတစ်ယောက် ယာဉ်မောင်းခန်းသို့ ရောက်လာပြီး တစ်ဖက်လူ ပေးပို့ထားသော သတင်းစကားကို မြင်လိုက်ရသည်။

“လေးစားရပါသော ကမ္ဘာမြေသားခင်ဗျာ... မင်္ဂလာပါ။ ကျွန်တော်တို့ရဲ့ ဂြိုဟ်အရှင်သခင်က ခင်ဗျားနဲ့ ကုန်သွယ်ဖို့ သဘောတူပါတယ်။ ဒါပေမယ့် ကုန်သွယ်မယ့်ပစ္စည်းတွေကိုတော့ ပြင်ဆင်ဖို့ အချိန်လိုပါသေးတယ်။”

ထိုသတင်းစကားကို မြင်မှ ရှောင်းယီက စိတ်ထဲတွင် အားကိုးရာမဲ့စွာဖြင့် တွေးလိုက်သည်။

‘ကြည့်ရတာ ငါ အဝေးကြီး တွေးမိသွားတာပဲ။’

“ငါတို့ဘက်က စောင့်ဆိုင်းပေးလို့ ရပါတယ်။ ဒါနဲ့ မေးပါရစေ... ဒီလို ထောက်လှမ်းရေးယာဉ်မျိုးကို မင်းတို့ဘက်က လွှတ်တင်ခဲ့တာလား။”

ရှောင်းယီက သူဖျက်ဆီးထားသော ထောက်လှမ်းရေးယာဉ်ကို ထုတ်ယူပြသရင်း ပြန်လည်မေးမြန်းလိုက်သည်။

တစ်ဖက်လူက ချက်ချင်းပင် ပြန်ဖြေလာ၏။

“ဒါ ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးယာဉ် မဟုတ်ပါဘူး။ အာကာသဓားပြတွေရဲ့ဟာ ဖြစ်နိုင်ပါတယ်။ ထောက်လှမ်းရေးယာဉ် ရောက်လာပြီဆိုကတည်းက သူတို့လည်း မကြာခင် ရောက်လာတော့မှာပါ။”

ထိုပြန်ကြားချက်ကြောင့် ရှောင်းယီ အနည်းငယ် မှင်တက်သွားခဲ့သည်။

“မင်းတို့ အရင်က အာကာသဓားပြတွေနဲ့ ရင်ဆိုင်ဖူးလား။”

“မရင်ဆိုင်ဖူးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ လူမဲ့ထောက်လှမ်းရေးယာဉ်တစ်ခုက ဗီဒီယိုတစ်ခုကို နောက်ကြောင်းပြန် ပို့ပေးခဲ့ဖူးလို့ပါ။ အဲဒီဗီဒီယိုထဲမှာ အာကာသယာဉ် နှစ်စီးက အာကာသယာဉ် တစ်စီးကို ဝိုင်းပြီးညှပ်တိုက်ခိုက်နေကြတာ။ အဝိုင်းခံရတဲ့ယာဉ်က နောက်ဆုံးမှာ ရှုံးနိမ့်သွားပြီး အနိုင်ရတဲ့ယာဉ်တွေက အထဲက လူတွေအားလုံးကို အပြင်ဘက်ကို တိုက်ရိုက် ပစ်ထုတ်ပစ်လိုက်ကြတယ်။ ကြည့်ရတာ ဓားပြတစ်စုနဲ့ တူတာမို့လို့ ကျွန်တော်တို့က သူတို့ကို အာကာသဓားပြလို့ ခေါ်တာပါ။”

တစ်ဖက်လူက ပြန်ဖြေလာခဲ့သည်။

“အဲဒီဗီဒီယိုထဲမှာလည်း အခုလို ထောက်လှမ်းရေးယာဉ်မျိုးကို ကျွန်တော်တို့ တွေ့ခဲ့ရဖူးပါတယ်။”

ရှောင်းယီ အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။

“ကောင်းပြီ။ ငါ နားလည်ပြီ။ လေဆာပစ္စတိုတွေကို ငါ အဆင်သင့် ပြင်ထားလိုက်ပါ့မယ်။”

“ကျေးဇူးတင်ပါတယ်။”

ကစဉ့်ကလျားကြယ်စု၏ အာကာသယာဉ်သည် နောက်တစ်ကြိမ် ပြန်လည်ထွက်ခွာသွားခဲ့သည်။

ရှောင်းယီ အနည်းငယ် စဉ်းစားပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ သွားကာ အများသုံးချန်နယ်တွင် သတင်းစကားတစ်ခု တင်လိုက်သည်။

“ငါ ကစဉ့်ကလျားကြယ်စုရဲ့ ဒေသခံတွေနဲ့ အတည်ပြုပြီးပြီ။ သူတို့ပြောတာက ဒီထောက်လှမ်းရေးယာဉ်က သူတို့ဟာ မဟုတ်ဘဲ အာကာသဓားပြတွေရဲ့ဟာ ဖြစ်နိုင်တယ်တဲ့။ ပြီးတော့ ထောက်လှမ်းရေးယာဉ် ရောက်လာပြီဆိုရင် အာကာသဓားပြတွေလည်း မကြာခင် ရောက်လာတော့မယ်လို့ သူတို့က သတိပေးထားတယ်။”

“သေစမ်း... ဒီအာကာသဓားပြတွေက ဘယ်ကနေ ရုတ်တရက် ပေါက်ချလာပြန်တာလဲ။”

“အဟုတ်ပဲ။ အသက်ရှင်ဖို့တောင် အတော်လေး ခက်ခဲနေရတဲ့ကြားထဲ ဘာလို့ ဓားပြတွေကိုပါ လာစီစဉ်ပေးရတာလဲ။”

“ဒါက တကယ့်ကို စိတ်ပျက်စရာ သတင်းဆိုးကြီးပဲ။”

“ဒီကစဉ့်ကလျားကြယ်စု ဒေသခံတွေက လိမ်ပြောနေတာလည်း ဖြစ်နိုင်တယ်ဆိုတာကိုကော မင်းတို့ ထည့်စဉ်းစားမိကြရဲ့လား။”

“အဲဒါလည်း ဖြစ်နိုင်ပါတယ်။ သူတို့ လိမ်ပြောနေတာပဲဖြစ်ဖြစ်၊ မပြောတာပဲဖြစ်ဖြစ် ငါတို့ တိုးတက်အောင် ကြိုးစားရမှာပဲ။ လက်ရှိအခြေအနေအရတော့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်နဲ့တင် လုံးဝ မလုံလောက်တော့ဘူး။”

“ဒါပေမယ့် အဆင့်မြှင့်တင်ဖို့က အရမ်းခက်ခဲတယ်။ ငါတို့ ဥက္ကာခဲမိုးရွာသွန်းမှု တစ်ကြိမ်ကို ဖြတ်သန်းခဲ့ပြီးပြီ။ ဒါပေမယ့် ငါ့လက်ထဲမှာ အနက်ရောင်ရွှေ စုစုပေါင်း နှစ်ထောင်ယူနစ်တောင် မပြည့်သေးဘူး။ ယူနစ် ဆယ်သန်းဆိုတာ... ဘယ်တော့မှ စုလို့ပြည့်မှာလဲ။”

“ငါ့ဘက်မှာတော့ ငါးထောင်တောင် ရနေပြီ။”

“ဘာ... ဒါ ဘယ်လိုဖြစ်တာလဲ။ မင်း ဥက္ကာခဲ ဘယ်နှလုံးတောင် ကြားဖြတ်ဖမ်းယူလိုက်လို့လဲ။”

“အများကြီးမဟုတ်ပါဘူး။ သုံးလေးလုံးလောက်ပါပဲ။ နောက်ထပ် ဥက္ကာခဲမိုး ထပ်ရွာမှာကို စောင့်ပြီး နောက်ထပ်နည်းနည်းလောက် ထပ်ဖမ်းနိုင်ဖို့ မျှော်လင့်နေတာ။”

“အခုရှိနေတဲ့ စုဆောင်းရေးစနစ်တွေက အဆင့် နိမ့်လွန်းတယ်လို့ ငါထင်တယ်။ ငါ ကြားဖြတ်ဖမ်းထားတဲ့ ဥက္ကာခဲတွေဆီကနေတောင် အခုထိ အကုန်မစုဆောင်းရသေးဘူး။”

“ဟူး... အဆင့်မြင့် စုဆောင်းရေးစက် တစ်ခုရဖို့ဆိုတာ ပြောသလောက် မလွယ်ဘူး။”

လူတိုင်း၏ ဆွေးနွေးငြင်းခုံမှုများကို မြင်သောအခါ ရှောင်းယီ ခေါင်းခါယမ်းလိုက်မိသည်။ ဥက္ကာခဲမိုးရွာသွန်းမှုသည် အနက်ရောင်ရွှေအမြောက်အမြားကို အမှန်တကယ် ပေးစွမ်းနိုင်သော်လည်း လူတိုင်း ကြားဖြတ်ဖမ်းယူနိုင်သည့် ဥက္ကာခဲပမာဏမှာ အကန့်အသတ်ရှိပြီး စုဆောင်းရေးစက်များ၏ အဆင့်ကလည်း ကန့်သတ်ချက်ရှိနေသဖြင့် လူတိုင်း အဆင့်မြှင့်တင်ရန်အတွက် လုံလောက်သော အနက်ရောင်ရွှေများကို စုဆောင်းနိုင်ရန် အချိန်အတော်ကြာဦးမည် ဖြစ်သည်။

ဥက္ကာခဲများမှ အနက်ရောင်ရွှေများကို တူးဖော်ရယူခြင်းအပြင် အခြားတစ်နည်းမှာ အရောင်းအဝယ် ပြုလုပ်ခြင်းဖြစ်သည်။ သို့သော် ထိုသို့ပြုလုပ်ရန်အတွက် မိမိတွင် အနက်ရောင်ရွှေများကို အလျင်အမြန် စုဆောင်းနိုင်စေမည့် လူတိုင်းလိုအပ်သော အရင်းအမြစ်မျိုး ရှိနေရမည် ဖြစ်သည်။

ထိုအချိန်တွင် အသက်ရှင်ကျန်ရစ်သူတစ်ဦးက အများသုံးချန်နယ်တွင် ရုတ်တရက် ပြောလာခဲ့သည်။

“လူတိုင်း ရေမချိုးရတာ လဝက်ကျော်နေပြီ မဟုတ်လား။ ငါ အခုလေးတင် ခန္ဓာကိုယ်ကို သုတ်လို့ရတဲ့ တစ်ရှူးအစို တစ်သုတ် ရထားတယ်။ လိုချင်တဲ့လူရှိရင် အရောင်းအဝယ်ခန်းမကိုသွားပြီး လေလံဆွဲကြပါ။”

“တစ်ရှူးအစိုလား။ ဘယ်လောက် ကြီးလဲ။ သေးလွန်းရင်တော့ သုတ်ရတာ ဘာမှ အဓိပ္ပာယ်မရှိဘူး။”

“ငါတို့ သာမန်သုံးနေကျ သဘက် အရွယ်အစားလောက် ရှိတယ်။ ငါ မင်းတို့ကို လုံးဝ မလိမ်ပါဘူး။ ငါက ရေရှည်စီးပွားရေး လုပ်ချင်တာပါ။”

“ဒါဆိုရင်တော့ အဆင်ပြေတယ်။ ငါ သွားဝယ်လိုက်ဦးမယ်။ ရေမချိုးရတာ တကယ်ပဲ လဝက်ကျော်နေပြီဆိုတော့ တစ်ကိုယ်လုံး ကပ်စေးကပ်စေး ဖြစ်နေပြီ။”

“ညီအစ်ကို... ဒါက အရမ်းဈေးကြီးမနေဘူးလား။ တစ်ရှူးတစ်ချပ်တည်းကို အနက်ရောင်ရွှေ ၁၀ ယူနစ်တောင်လား။”

“ဒါတွေကို ပြန်သုံးလို့ရတယ်လေဗျာ။ မင်းတို့မှာ ကိုယ်ပိုင်ရေရှိရင် ဒါကို ပြန်လျှော်ပြီး ထပ်သုတ်လို့ရတယ်။ တစ်ခါသုတ်ရင် ရေလည်း အများကြီး မကုန်ဘူး။ တစ်ခါဝယ်၊ အကြိမ်များစွာသုံး။ အာကာသထဲမှာ ရေချိုးရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ တွေးကြည့်လိုက်ပါ။ ဒီတစ်ရှူးအစိုတွေက အများကြီး ပိုအဆင်ပြေစေတယ်လေ။”

“အဲဒါတော့ ဟုတ်တယ်။ ဆယ်ခါလောက် ပြန်သုံးလို့ရရင် တစ်ခါသုံးခက အနက်ရောင်ရွှေ တစ်ယူနစ်ပဲ ကျတာဆိုတော့ လက်ခံနိုင်စရာပဲ။”

“အကြိမ်ရေများများ သုံးနိုင်လေ ကုန်ကျစရိတ် နည်းလေပေါ့။”

“မင်းတို့က စဉ်းစားနေတုန်းပဲလား။ ငါတော့ ၁၀ ချပ်တောင် ဝယ်လိုက်ပြီးပြီ။ တကယ်ကို ဆက်ပြီး အောင့်အီးသည်းမခံနိုင်တော့ဘူး။”

ရှောင်းယီသည်လည်း အရောင်းအဝယ်ခန်းမသို့ ကူးပြောင်းကြည့်ရှုလိုက်ရာ ထိုတစ်ရှူးအစိုများကို တွေ့လိုက်ရသည်။

“[အာကာသသုံး တစ်ရှူးအစို] ၁ - [အနက်ရောင်ရွှေ] ၁၀။”

သုံးမိနစ်အတွင်းမှာတင် ထိုအရောင်းအဝယ်သည် အကြိမ်ရေ တစ်သိန်းမက ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။

“ညီအစ်ကို... မင်း ဒါအတွက် ပုံစံကွက်ရထားတာလား။”

အခြားလူတစ်ဦးသည်လည်း အရောင်းအဝယ် ပမာဏကို မြင်သွားခဲ့ပြီး အများသုံးချန်နယ်တွင် ချက်ချင်း မေးတော့သည်။

“ဟီးဟီး... ပုံစံကွက်တော့ ရထားတာ ဟုတ်ပါတယ်။ ဒါပေမယ့် ရိက္ခာသေတ္တာထဲကနေ ရတာတော့ မဟုတ်ဘူး။”

“ရိက္ခာသေတ္တာထဲက မဟုတ်ဘူး ဟုတ်လား။ ဒါဆို ဘယ်ကနေ ရတာလဲ။”

ရှောင်းယီပင်လျှင် စိတ်ဝင်စားသွားခဲ့သည်။ ရိက္ခာသေတ္တာများအပြင် ပုံစံခွက် များ ရနိုင်သည့် အခြားနည်းလမ်း ရှိသေး၍လော။

“ငါ ပြောရင် မင်းတို့ ယုံချင်မှ ယုံလိမ့်မယ်။ ဒါပေမယ့် ငါ ဒါကို ဥက္ကာခဲတစ်ခုကို တူးဖော်ရင်းနဲ့ ရခဲ့တာပဲ။”

“အာ... ဒါကတော့ အလိမ်အညာပဲ ဖြစ်ရမယ်။ ဥက္ကာခဲတွေထဲကနေ အနက်ရောင်ရွှေ၊ ရေ ဒါမှမဟုတ် တခြားသတ္တုတွေ တူးလို့ရတာက ဟုတ်ပါပြီ။ ဒါပေမယ့် ပုံစံခွက်ရတယ် ဟုတ်လား။ ငါတော့ လုံးဝ မယုံဘူး။”

All Chapters