← Chapters

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း (၁၈၆) လွှမ်းမိုးနိုင်သော ဖိအား

ဆူညံရှုပ်ထွေးနေသော လူအုပ်ကြီးမှာ ရုတ်တရက် တိတ်ဆိတ်သွားပြီး ထိတ်လန့်တကြား ပြေးလာသော ထိုလူငယ်လေးဆီသို့ အကြည့်များ ရောက်သွားကြသည်။

"ဟေ့... အဲဒါ အာဟန် မဟုတ်လား"

"အေးလေ။ စခန်းနောက်ဘက်မှာ ကင်းစောင့်ရတဲ့ကောင်လေ"

"ဘာဖြစ်လို့လဲ။ စခန်းနောက်ဘက်မှာလည်း ဇွန်ဘီတွေ ပေါ်လာလို့လား"

"မဖြစ်နိုင်တာ။ စခန်းနောက်ဘက်က မတ်စောက်တဲ့ တောင်တန်းကြီးရှိတာလေ "

တယိမ်းတယိုင် ပြေးလာသော အာဟန်မှာ အမောတကောဖြင့် ချင်ရှို အင်္ကျီကို ဆွဲကိုင်လိုက်ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ဒု... ဒုက္ခပါပဲ ခေါင်းဆောင်ကြီး။ နောက်ဘက်မှာ... အာ... မြန်မြန် သွားကြည့်ပါဦး။ မဟုတ်ဘူး... မြန်မြန် ထွက်ပြေးကြပါတော့"

"ဘာပြောတယ်... သေသေချာချာ ပြောစမ်း"

ချင်ရှို မှာလည်း အလွန်အမင်း စိုးရိမ်ပူပန်သွားသဖြင့် ခြေဆောင့်ကာ ခြေဆောင့်ကာ အော်လိုက်သည်။

" ပြေး... အသက်လုပြီး ပြေးကြ... မဟုတ်ဘူး... ကျွန်တော်... ကျွန်တော်လေ"

အာဟန်မှာ စိတ်လောလေလေ စကားများ ရှုပ်ထွေးကာ အဓိပ္ပာယ်မပေါ်လေလေ ဖြစ်နေတော့သည်။

ချင်ရှို့မှာ အဟန်၏ ခေါင်းကို ဖြတ်ရိုက်ချင်စိတ်များပင် ပေါ်လာသည်။

"ဘာဖြစ်တာလဲဆိုတာ မြန်မြန်ပြောစမ်းပါ"

ဘေးပတ်ဝန်းကျင်ရှိ လူများမှာလည်း စိုးရိမ်ပူပန်လာကြသဖြင့် အာဟန်ကို ဝိုင်းအုံကာ အလုအယက် မေးခွန်းထုတ်ကြတော့သည်။ ဆက်တိုက် ထွက်ပေါ်လာသော စကားသံများကြောင့် အာဟန်မှာ ခေါင်းမူးလာပြီး အန်ချင်စိတ်ပင် ပေါက်လာလေသည်။

"နေဦး"

ထိုအချိန်တွင် လူအုပ်ကြားထဲမှ ချူဟန် အသံ ထွက်ပေါ်လာသည်။ ထိုအသံမှာ အလွန် တည်ငြိမ်အေးဆေးလွန်းလှသဖြင့် လူအများ၏ စိုးရိမ်ပူပန်မှုများကို ချက်ချင်း ငြိမ်သက်သွားစေသည်။ သူသည် မည်သည့်အချိန်ကတည်းက ယူထားမှန်းမသိသော ရေသန့်ဘူးကို ကိုင်ထားလျက် အာဟန် အရှေ့သို့ လျှောက်သွားကာ ကမ်းပေးလိုက်သည်။

"ရေသောက်လိုက်ဦး။ ဆယ်စက္ကန့်လောက် နားပြီးမှ ဆက်ပြော"

ရုတ်တရက်ဆန်သော်လည်း အကျိုးသင့်အကြောင်းသင့်ရှိသော ချူဟန်၏ လုပ်ရပ်ကြောင့် အာဟန်မှာ မည်သည့်အရာကိုမျှ မတွေးတောနိုင်တော့ဘဲ ရေသန့်ဘူးကို လှမ်းယူကာ တစ်ကျိုက်တည်း ကုန်စင်အောင် မော့သောက်လိုက်လေသည်။ ချင်ရှိုမှာ ခဏမျှ ကြောင်သွားသော်လည်း တိတ်ဆိတ်စွာပင် နောက်သို့ ဆုတ်ပေးလိုက်သည်။ ယခုအချိန်တွင် ချူဟန်ကိုသာ လွှဲအပ်ထားလိုက်ခြင်းက ပိုကောင်းမည်ဟု သူ ထင်မြင်မိသည်။ မိမိထက်စာလျှင် ဤလူငယ်က အခြေအနေကို ပိုမို ကောင်းမွန်စွာ ထိန်းချုပ်နိုင်လိမ့်မည်ဟု သူ၏ အလိုလိုသိစိတ်က ဆိုနေသောကြောင့်ပင် ဖြစ်သည်။

တစ်ဖက်တွင်မူ စိုးရိမ်ထိတ်လန့်နေသော အခြားသူများက ချူဟန်၏ အပြုအမူကို လှောင်ပြောင်လိုက်ကြသည်။ မူလကတည်းက ရန်လိုနေသူများမှာ အချိန်ဆိုင်းမနေဘဲ မကျေနပ်ချက်များကို စတင် ထုတ်ဖော်လိုက်ကြတော့သည်။

"မင်းက စိတ်မပူရပေမယ့် ငါတို့က အေးအေးဆေးဆေး နေနိုင်မယ်ထင်နေလား"

"မဆိုင်တဲ့ကောင်က ဝင်မရှုပ်နဲ့"

"ဟုတ်တယ်။ ဒီစခန်းမှာ မင်းအတွက်နေရာ မရှိဘူး"

"ဒီလို အရေးကြီးနေတဲ့ အချိန်မှာ ရေသောက်ရမယ် ဟုတ်လား။ ဆယ်စက္ကန့် နားရမယ်တဲ့လား"

"အခြေအနေကို နားမလည်ရင် ပါးစပ်ပိတ်ထားစမ်း"

ချူဟန် ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။ ရာနှင့်ချီသော အသက်ရှင်ကျန်ရစ်သူ လူအုပ်ကြီးမှာ သူ့ကို ရန်လိုမှု၊ အထင်အမြင်သေးမှုများဖြင့် စိုက်ကြည့်နေကြသည်။ သူကသာ အပိုအလုပ်တွေလုပ်ကာ သူတို့၏ ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်နေသည်။ ဟွာယုံကျီ အပါအဝင် အဆင့်(၁) ဆင့်ကဲပြောင်းလဲသူများမှာ အနေရခက်သော မျက်နှာထားများ ဖြစ်နေကြသည်။ သူတို့သည် ချူဟန်ကို တားဆီးချင်သော်လည်း မျက်နှာပျက်ရမည်ကို စိုးရိမ်နေကြသည်။ မတားဆီးပါကလည်း အချိန်များ အလဟဿ ကုန်ဆုံးသွားမည်ကို ကြောက်ရွံ့နေကြသည်။ ချူဟန်၏ မျက်ဝန်းများတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ယုတ္တိရှိကာ တည်ငြိမ်အေးဆေးသော အသံဖြင့် ပြောလိုက်သည်။

"လူတွေက စိတ်အရမ်းလောသွားရင် အတွေးတွေ ရှုပ်ထွေးသွားပြီး ကိစ္စတစ်ခုကို တိတိကျကျ မပြောပြနိုင်တော့ဘူး... ပြီးတော့ အာဟန်က စခန်းအနောက်ဘက်ကနေ ဒီအထိ တောက်လျှောက် ပြေးလာခဲ့တာ... အခုအခြေအနေမှာ အတင်းအကျပ် စကားပြောခိုင်းရင်တောင် နားမလည်နိုင်တဲ့ စကားတွေပဲ ထွက်လာလိမ့်မယ်... အခု သူ့အတွက် အလိုအပ်ဆုံးက ရေသောက်ပြီး ခဏနားဖို့နဲ့ အတွေးတွေကို ပြန်စီစဉ်ဖို့ပဲ"

ချူဟန်၏ မှန်ကန်သော စကားများကြောင့် လူအုပ်ကြီးမှာ တစ်ခဏမျှ တိတ်ဆိတ်သွားတော့သည်။

နောက်တစ်စက္ကန့်တွင်...

"အခြေအနေကို နားမလည်ရင် ပါးစပ်ပိတ်ထားစမ်း"

ချူဟန်က စောစောက လူတစ်ယောက် ပြောခဲ့သော စကားကို အတိအကျ ပြန်လည်အသုံးပြုကာ လွှမ်းမိုးနိုင်စွမ်းရှိသော ကြီးမားလှသည့် ဖိအားကြီးဖြင့် သူတို့ကို နှုတ်ဆိတ်သွားစေလိုက်သည်။ လူအုပ်ကြားထဲမှ ပြန်လည်ချေပရန် ပြင်လိုက်သူများ ရှိသော်လည်း ထိုအချိန်မှာပင် ဆယ်စက္ကန့် တိတိ ပြည့်သွားခဲ့လေပြီ။ အာဟန် အသက်ရှူနှုန်းမှာ တဖြည်းဖြည်း ပုံမှန်အခြေအနေသို့ ရောက်ရှိလာသည်။ သူသည် ဘေးနားရှိ လူများကိုဖြစ်စေ၊ ခေါင်းဆောင် ချင်ရှို ကိုဖြစ်စေ ဂရုမစိုက်တော့ဘဲ တုံ့ဆိုင်းမှုမရှိဘဲ စကားစပြောလိုက်သည်။

ထိုစကားသည် တခြားသူများကို ရည်ရွယ်ခြင်း မဟုတ်ဘဲ ချူဟန် ထံသို့သာ ဦးတည်နေခြင်း ဖြစ်သည်။

"ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော် တည်ငြိမ်သွားပါပြီ။ အစ်ကို့ဆီက ရေနဲ့ နားချိန်လေး ရလိုက်လို့ တော်သေးတာပေါ့... မဟုတ်ရင် အရေးအကြီးဆုံး ကိစ္စကိုတောင် ပြောဖို့ မေ့သွားတော့မလို့ "

ဘာပြောတယ်။ ထိုစကားကြောင့် ထိုနေရာရှိ လူအားလုံးမှာ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ အာဟန်၏ စကားက စောစောက ချူဟန်အား အပြစ်တင်ခဲ့သူများ၏ မျက်နှာကို တိုက်ရိုက် ရိုက်ချလိုက်သကဲ့သို့ ဖြစ်သွားသည်။ ချူဟန်ကို ဝင်မရှုပ်နဲ့၊ နားမလည်ဘူး ဟု စွပ်စွဲခဲ့သူများ၏ မျက်နှာများမှာ မျက်စိရှေ့တွင်တင် မျက်နှာများ ပျက်သွားကြပြီး ရှက်စိတ်ကြောင့် နီရဲလာတော့သည်။

အာဟန်ဆိုသည်မှာ စခန်းတစ်ခုလုံး သိကြသည့်အတိုင်း အလွန် ရိုးသားဖြောင့်မတ်ပြီး အလုပ်ကို အနည်းငယ်မျှ လစ်ဟင်းမှုမရှိဘဲ တာဝန်ကျေပွန်သူ ဖြစ်သည်။ ထိုကဲ့သို့သော သူက ဤသို့ ပြောလာသည်ဖြစ်ရာ ကိုယ်ရေးကိုယ်တာ ကိစ္စများ၊ ဖော်လံဖားခြင်းများ လုံးဝ မပါဝင်ကြောင်း သေချာနေပေသည်။ လူအုပ်ကြီးမှာ နောက်ဆုံးတော့ သဘောပေါက်သွားကြသည်။ စောစောက ချူဟန်၏ လုပ်ရပ်က တိကျမှန်ကန်ကြောင်းကို နားလည်သွားကြခြင်း ဖြစ်သည်။ သူတို့ကဲ့သို့ ထိတ်လန့်တကြား အော်ဟစ်ဆူပူနေခြင်းမျိုး မဟုတ်ဘဲ တည်ငြိမ်အေးဆေးစွာ ဖြေရှင်းနိုင်သော ထိုဟန်ပန်မှာ စစ်သူကြီးတစ်ဦး၏ အငွေ့အသက်များပင် လွှမ်းမိုးနေတော့သည်။

ချင်ရှို၏ အရေးအကြောင်းများရှိသော မျက်နှာမှာ ရဲခနဲ နီမြန်းသွားသည်။ စခန်းတစ်ခုလုံးကို အုပ်ချုပ်နေရသော ခေါင်းဆောင် တစ်ဦးဖြစ်သော်လည်း ပြဿနာများကို ဖြေရှင်းရာတွင် ချူဟန်ကဲ့သို့သော လူငယ်လေးကို လုံးဝ အရှုံးပေးလိုက်ရလေပြီ။ ပို၍ မနာလိုစရာ ကောင်းသည်မှာ ဤလူငယ်သည် ဆုံးဖြတ်ချက် ချမှတ်ရာတွင် ထူးချွန်ရုံသာမက တိုက်ခိုက်ရေးစွမ်းရည်တွင်လည်း စံသတ်မှတ်ချက်များထက် လုံးဝ ကျော်လွန်နေခြင်းပင် ဖြစ်သည်။ ချူဟန်သည် ဘေးပတ်ဝန်းကျင်၏ ခံစားချက်များကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ အာဟန်ကို တိုက်ရိုက် မေးလိုက်သည်။

"ပြောပါဦး။ ဘာတွေဖြစ်ခဲ့တာလဲ"

"ဟုတ်ကဲ့"

အာဟန်က လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး မျက်မှောင်ကြုတ်လျက် စတင် ပြောပြလေသည်။

"လွန်ခဲ့တဲ့ မိနစ်သုံးဆယ်လောက်က ကင်းစောင့်နေတုန်း မှန်ပြောင်းထဲကနေ ဒုခေါင်းဆောင် ဖန်ကျန့် စခန်းဘက်ကို ပြေးလာတာကို မြင်လိုက်တယ်"

"သူ ပြန်ရောက်လာပြီလား။ အခု ဘယ်မှာလဲ"

ချင်ရှိုမှာ စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ တိုးလာကာ မေးလိုက်သည်။

ချူဟန်၏ စူးရှသော အကြည့်များက ချင်ရှိုထံသို့ ကျရောက်သွားသည်။

"ခင်ဗျား ပါးစပ်ပိတ်ထားလိုက်"

တုန်တက်သွားသော ချင်ရှို၏ မျက်နှာမှာ တစ်ခဏအတွင်း နီမြန်းသွားတော့သည်။

မိမိ၏ စိတ်လိုက်မာန်ပါ လုပ်ရပ်ကြောင့် သတင်းပို့နေမှုကို နှောင့်ယှက်မိသည့် မိုက်မဲသော အမှားကို ကျူးလွန်မိမှန်း သူ သိလိုက်ရသည်။ စိတ်လောခြင်းက အမှားများကို ဖြစ်ပေါ်စေတတ်သည်။ ဤသည်မှာ ခေါင်းဆောင်တစ်ဦးအနေဖြင့် မဖြစ်သင့်သော အမှားတစ်ခုပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ချူဟန် ရှိနေ၍ တော်သေးသည်ဟု စိတ်အေးသွားရသည်။ အကယ်၍ သူသာ မရှိပါက အခြေအနေမှာ ပို၍ ဆိုးရွားရှုပ်ထွေးသွားမည် ဖြစ်သည်။အာဟန်မှာလည်း ချူဟန်၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးကြောင့် ကျောချမ်းသွားသည်။ ငြိမ်သက်သွားပြီး စကားမပြောရဲတော့သော ခေါင်းဆောင်ဖြစ်သူကို အံ့အားသင့်စွာ ကြည့်ရင်း မိမိကို ရေတိုက်ခဲ့သော ချူဟန် အပေါ် နက်ရှိုင်းသော လေးစားမှုများ အလိုလို ဖြစ်ပေါ်လာတော့သည်။ အာဏာပြည့်ဝသော ခေါင်းဆောင်ပင်လျှင် ဤအမျိုးသားရှေ့တွင် လုံးဝ အဖိနှိပ်ခံထားရသည် မဟုတ်ပါလား။

ဘေးပတ်ဝန်းကျင်ရှိ အဆင့်(၁) ဆင့်ကဲပြောင်းလဲသူများမှာလည်း မှင်တက်နေကြသည်။ မိမိတို့၏ ခေါင်းဆောင်က ယခုလို လွယ်လွယ်ကူကူ နောက်ဆုတ်သွားပြီး အခြေအနေအားလုံးကို ချူဟန်ထံသို့ အပြည့်အဝ လွှဲအပ်လိုက်သည့် မြင်ကွင်းမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့သောကြောင့်ပင် ဖြစ်သည်။ အခြားသော အသက်ရှင်ကျန်ရစ်သူများမှာမူ အလွန်အမင်း အံ့ဩသွားသဖြင့် စကားပင် မပြောနိုင်တော့ပေ။ ဤပြင်ပလူ ချူဟန် သည် မထင်မှတ်ထားဘဲ အကြီးဆုံးခေါင်းဆောင်ကို ပါးစပ်ပိတ်ထား ဟု ရဲတင်းစွာ ပြောဆိုဝံ့ခဲ့သည်။ ယခုအခါ ချူဟန်၏ တစ်ကိုယ်လုံးမှ ချန်ရှောက်ရယ်တို့ကို အမိန့်ပေးလေ့ရှိသော အချိန်များတွင် တွေ့ရတတ်သည့် ဘုရင်တစ်ပါးကဲ့သို့သော လွှမ်းမိုးနိုင်စွမ်းနှင့် ဟန်ပန်များ သဘာဝကျကျ ထွက်ပေါ်နေတော့သည်။ဇွန်ဘီများကို သတ်ဖြတ်နေစဉ်က ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များနှင့်လည်း မတူသလို ပုံမှန်တွေ့ရတတ်သည့် အပြစ်ကင်းစင်သော လူငယ်လေးတစ်ဦး၏ ပုံစံမျိုးနှင့်လည်း ကွဲပြားခြားနားနေသည်။ လက်ရှိ သူ၏ ပုံစံမှာ အတွင်းစိတ်မှ စိမ့်ထွက်လာသော မြင့်မြတ်သည့် ဂုဏ်ကျက်သရေများအပြင် ငြင်းဆိုဖွယ်မရှိသော အထက်လူကြီး တစ်ဦး၏ ဖိအားများကို ထုတ်လွှတ်နေသည်။ ဤသည်မှာ သာမန်လူငယ် သို့မဟုတ် ဆင့်ကဲပြောင်းလဲသူ တစ်ဦးမှာ ရှိနိုင်သော အရာမျိုး လုံးဝ မဟုတ်ပေ။ထိုခဏမှာပင် လူတိုင်းက ချူဟန်၏ အပြောင်းအလဲကို ခံစားသိရှိသွားကြသည်။ သူ၏ အစွမ်းအစကို မသိသော သာမန် အသက်ရှင်ကျန်ရစ်သူများပင်လျှင် ရုတ်တရက် သူ့ကို တည့်တည့် မကြည့်ရဲတော့ဘူး ဟူသော ထူးဆန်းသည့် ဖိအားကို ခံစားလိုက်ရသည်။ သူတို့၏ ရင်ထဲတွင် ပြင်းထန်သော တုန်လှုပ်မှုများ ဖြစ်ပေါ်နေတော့သည်။ ဆင့်ကဲပြောင်းလဲသူများ၏ တုံ့ပြန်မှုမှာ ပို၍ ပြင်းထန်လေသည်။ သူတို့၏ ရင်ထဲတွင် ပေါက်ကွဲထွက်မတတ် ကြောက်ရွံ့တုန်လှုပ်မှုများ ဖြစ်ပေါ်လာတော့သည်။အထူးသဖြင့် ဤနေရာတွင် ချူဟန်မှလွဲ၍ အဆင့်အမြင့်ဆုံး ဖြစ်သော အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ ချင်ရှို၏ အာရုံခံနိုင်စွမ်းမှာ ပိုမို ထက်မြက်ပေသည်။ သူသည် ယခု ချူဟန်ကို ကြည့်နေရင်းနှင့်ပင် နောက်ဆုတ်ချင်စိတ်များ ဖြစ်ပေါ်နေတော့သည်။ ချူဟန်၏ ပတ်ဝန်းကျင်တွင် မည်သူမျှ ဝင်ရောက်ခွင့်မရှိသော ဘုရင်တစ်ပါး၏ နယ်မြေတစ်ခု ဖြန့်ကျက်ထားသကဲ့သို့ ခံစားနေရသည်။

သတိထားမိချိန်တွင် ချူဟန်သည် ဤနေရာရှိ လူအားလုံးကို အပြည့်အဝ ထိန်းချုပ်ထားပြီး ဤစခန်း၌ တကယ့် ဘုရင်တစ်ပါးသဖွယ် ကြီးစိုးနေလေပြီ။ ချူဟန်က အာဟန်သို့ ပြန်ကြည့်လိုက်သည်။

"ဆက်ပြော"

တုန်တက်သွားသော အာဟန်မှာ ကပျာကယာပင် ပြန်ပြောလေသည်။

"ဒုခေါင်းဆောင် ဖန်ကျန့် ကို တွေ့ပြီးတော့ သူ စခန်းကို တန်းပြန်လာမယ်ထင်လို့ မှန်ပြောင်းကို ခဏ ချထားလိုက်တယ်။ ဒါပေမဲ့ ဆယ်မိနစ်လောက် ကြာတဲ့အထိ ဝင်ပေါက်မှာ ပေါ်လာမယ့် အရိပ်အယောင် မတွေ့ရလို့ မှန်ပြောင်းထဲကနေ ထပ်ကြည့်လိုက်တော့... အဲဒီမှာလေ...

All Chapters