← Chapters

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း (၁၈၈) ငါက နို့လေး သောက်ချင်ရုံ သက်သက်ပါကွာ

ဂြီ...

ကွင်းပြင်ကျယ်ကြီးထဲတွင် စူးရှသော အသံကြီး ပဲ့တင်ထပ်သွားသည်။လူအုပ်ကြီး၏ မျက်စိရှေ့မှနေ၍ အရိပ်တစ်ခုက အရှိန်ဖြင့် ဖြတ်ပြေးသွားကာ စခန်းအပြင်ဘက်သို့ ရောက်ရှိသွားတော့သည်။ အသက်ရှင်ကျန်ရစ်သူများ ဝိုင်းဝန်းတည်ဆောက်ထားသော သစ်လုံးတံခါးကြီးမှာ မည်သည့်အချိန်ကတည်းက ပွင့်ဟသွားမှန်းပင် မသိလိုက်ချေ။ သာမန် အခန်းတံခါးကို ဖွင့်လိုက်သကဲ့သို့ အားစိုက်ထုတ်ရခြင်း မရှိဘဲ အလွန် ပေါ့ပါးလွယ်ကူစွာ ဖွင့်ဟထားခြင်း ဖြစ်သည်။

"ဘာ... ဘာဖြစ်သွားတာလဲ"

ချင်ရှိုမှာ မေးရိုးပြုတ်ကျမတတ် အံ့အားသင့်သွားတော့သည်။ ထိုအချိန်တွင် ချူဟန်သည် စခန်းအပြင်ဘက် ဆယ်မီတာကျော်ခန့်အထိ ရောက်ရှိနေလေပြီ။ ကျန်ရစ်ခဲ့သော လူများမှာ မယုံကြည်နိုင်စွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။"သူ... သူ တစ်ယောက်တည်းနဲ့ အဲဒီတံခါးကြီးကို တွန်းဖွင့်သွားတာလား"ချင်ရှိုမှာ လက်တွေ့အခြေအနေကို လက်မခံနိုင်သေးပေ။

နောက်ဘက်တွင် ရှိနေသော ဝမ်ယန်နှင့် ရှိုဟောက်တို့မှာ ထိုမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ ဆင့်ကဲပြောင်းလဲသူ ခြောက်ယောက်ပေါင်း၍ အားကုန်သုံးကာ တွန်းဖွင့်မှသာ လူတစ်ယောက်စာ ဝင်ရုံလေး ပွင့်ခဲ့သော တံခါးကြီးကို ချူဟန်က တစ်ယောက်တည်း အလွယ်တကူ တွန်းဖွင့်သွားခဲ့သည် မဟုတ်ပါလား။ နေ့လယ်က သူ့ကို လှောင်ပြောင်ခဲ့သူများမှာ မည်သူတွေများနည်း။ဟွာယုံကျီမှာလည်း တစ်ခဏမျှ မှင်တက်သွားသော်လည်း ချက်ချင်းပင် ခါးသီးစွာ ပြုံးလျက် ခေါင်းခါလိုက်မိသည်။ နေ့လယ်က အဖြစ်အပျက်နှင့်စာလျှင် အချိန်မည်မျှပင် ကွာခြားသွားသနည်း။ ထိုအချိန်တိုလေးအတွင်းမှာပင် သူတို့၏ အဆင့်အတန်းနှင့် စိတ်နေသဘောထားများမှာ လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့လေပြီ။အခြားသော အသက်ရှင်ကျန်ရစ်သူများမှာလည်း သရဲတစ္ဆေကို မြင်လိုက်ရသည့်အလား ကြောက်ရွံ့တုန်လှုပ်နေကြသည်။ ထိုအခါမှသာ အမှန်တရားကို သူတို့ နားလည်သွားကြတော့သည်။ စောစောက ဇွန်ဘီ ထောင်ပေါင်းများစွာကို ချူဟန် တစ်ယောက်တည်း သတ်ခဲ့သည် ဟု ကြားလိုက်ရချိန်တွင် သူတို့ လုံးဝ မယုံကြည်ဘဲ လှောင်ပြောင်ခဲ့ကြသည်။ ယခု ချူဟန် ထုတ်ဖော်ပြသလိုက်သော ကြောက်မက်ဖွယ် ခွန်အားကြီးကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသောအခါ သူတို့၏ သံသယများ လုံးဝ ပျောက်ကွယ်သွားပြီး အကြောက်တရားနှင့် ထိတ်လန့်မှုများကသာ နှလုံးသားကို ကြီးစိုးသွားတော့သည်။တံခါးကို တွန်းဖွင့်လိုက်ပြီးသည်နှင့် ချူဟန်သည် အလွန်တရာ မြန်ဆန်သော အရှိန်ဖြင့် ဆက်လက် ပြေးထွက်သွားသည်။ ကျန်ရစ်ခဲ့သူများလည်း ချက်ချင်း သတိဝင်လာပြီး နောက်မှ လိုက်ပါသွားကြသည်။ ချူဟန်၏ အမြန်နှုန်းမှာ ယှဉ်နိုင်သူမရှိအောင် မြန်ဆန်လွန်းသဖြင့် အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ ချင်ရှိုပင် လုံးဝ မမီနိုင်အောင် ဖြစ်နေသည်။ ချူဟန်သည် ဖန်ကျန့်၏ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နိုင်သော အကွာအဝေးသို့ ရောက်ရှိချိန်တွင် နောက်မှ လိုက်လာသူများမှာ တံခါးဝမှ မီတာအနည်းငယ်ခန့်သာ ထွက်လာနိုင်သေးသည်။"အား... သေပါပြီ... သေပါပြီ "

ချူဟန် အနားမရောက်မီမှာပင် ဖန်ကျန့်က ကယ်တင်ရှင်ကို တွေ့လိုက်ရသည့်အလား အသံကုန် အော်ဟစ်လိုက်သည်။

"နောက်ဆုံးတော့ လူလာပြီဟေ့ မြန်မြန် လာကယ်ပါဦးဗျာ"

ဖန်ကျန့် ထံသို့ အရှိန်ဖြင့် ပြေးသွားရင်း ချူဟန် တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများ ထနေသည်ကို ခံစားလိုက်ရပြီး ဖန်ကျန့် ၏ အနောက်ဘက်သို့ စူးစိုက်ကြည့်လိုက်သည်။ ဖန်ကျန့် အသက်လုကာ ရှေ့သို့ ပြေးနေဆဲ ဖြစ်သည်။ ပြဿနာမှာ သူ၏ ကျောဘက်တွင် ဖြစ်သည်။ လူတစ်ဝက်ခန့် အရွယ်အစားရှိသော ကျားတစ်ကောင်က သူ၏ ကျောကို တင်းကြပ်စွာ ကိုက်ခဲထားခြင်း ဖြစ်သည်။ အမွေးအမျှင်များကို ကြည့်ခြင်းအားဖြင့် ကျားပေါက်အရွယ်သာ ရှိသေးသော်လည်း ကမ္ဘာပျက်ကပ်၏ မျိုးဗီဇပြောင်းလဲမှုကြောင့် ရက်စက်ကြမ်းကြုတ်ကာ ခန္ဓာကိုယ်မှာလည်း ပုံမှန်မဟုတ်ဘဲ ကြီးမားနေသည်။ ကျားပေါက်လေး ဖြစ်နေသော်ငြား သေချာပေါက် သားရဲကြီးတစ်ကောင်ပင် ဖြစ်သည်။ကျားပေါက်လေး တစ်ကောင်တည်းဆိုလျှင် အရေးမကြီးပေ။ ချူဟန် အလွယ်တကူ ဖြေရှင်းနိုင်သည်။ ထို့ပြင် ဖန်ကျန့် မူလနေရာမှ တစ်လှမ်းမျှ မရွေ့နိုင်ခြင်းမှာလည်း ဤကျားပေါက်လေးကြောင့် မဖြစ်နိုင်ချေ။ ချူဟန်ကို အမှန်တကယ် ထိတ်လန့်သွားစေသည်မှာ ထိုကျားပေါက်လေး၏ နောက်ဘက်ရှိ မြင့်မားသော ခြုံနွယ်များကြားတွင် ပုန်းကွယ်နေသော ဧရာမ ကျားကြီးတစ်ကောင်ကြောင့်ပင် ဖြစ်သည်။ တိရစ္ဆာန်ရုံများတွင် တွေ့ရတတ်သည့် အားနည်းသော ကျားမျိုး မဟုတ်ပေ။ ဆင်တစ်ကောင်၏ ထက်ဝက်ခန့် အရွယ်အစားရှိသော ဧရာမ သားရဲကြီး ဖြစ်သည်။ မီးပုံးကြီးများပမာ တောက်ပနေသော မျက်လုံးအစုံ၊ ကြီးမားလှသော ခေါင်းကြီးနှင့်အတူ ဝပ်နေသည့်တိုင်အောင် လွှမ်းမိုးနိုင်စွမ်းရှိသော ဧရာမ ခန္ဓာကိုယ်ကြီး ရှိနေသည်။ ထိုအရာအားလုံးက တောဘုရင်တစ်ပါး၏ ဂုဏ်ကျက်သရေကို ဖော်ပြနေတော့သည်။"ဟား..."ချူဟန်သည် သိုလှောင်ခန်းထဲမှ ရှူရာပုဆိန်ကို ကပျာကယာ ထုတ်ယူလိုက်ပြီး တင်းမာသော မျက်နှာထားဖြင့် ဖန်ကျန့်ကို အော်ငေါက်လိုက်သည်။

"မင်းရူးနေတာလားကွ ဒီလောက် ဧရာမ သတ္တဝါကြီးကို ဘယ်ကနေ သွားပြီး ရန်ရှာလာတာလဲ"

ရင်းနှီးသော လေယူလေသိမ်း။ ပွင့်လင်းသော အမေး။ နည်းနည်း ကြောင်တောင်တောင် နိုင်သော ဖန်ကျန့် မှာမူ ဤစကားပြောဆိုမှုတွင် မည်သည့် ထူးဆန်းမှုကိုမျှ မခံစားရပေ။ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင်ပင် သူက နောက်ပြောင်ရန် အချိန်ရနေသေးသည်။

"ငါ နို့လေး နည်းနည်း သောက်ချင်လို့ပါကွာ"

"ခွေးကောင်... မင်းနာမည်နဲ့ လိုက်အောင်ကို တကယ် အသုံးမကျတဲ့ကောင်ပဲ"

ချူဟန် နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာပြီး ဖန်ကျန့် ပတ်လည်တွင် စက်ဝိုင်းပုံစံ လှည့်ပတ်ပြေးလွှားကာ တိုက်ခိုက်ရန် အခွင့်အရေးကို ရှာဖွေနေလေသည်။ ထို့နောက် ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

"အဲဒီအတိုင်း ဆက်ပြေးနေ။ အခုအရှိန်ကို မလျှော့နဲ့။ အခြေအနေကို ငါ အကဲခတ်ပါရစေဦး"

"ဘာ..."

ဖန်ကျန့်မှာ ငိုချင်ပွဲ ပေါက်သွားသည်။ ချူဟန်၏ လက်ထဲတွင် ပုဆိန်တစ်လက် ရုတ်တရက် ပေါ်လာသည်ကိုပင် သတိမထားမိဘဲ အရူးတစ်ယောက်လို အော်ဟစ်လိုက်သည်။

"မရတော့ဘူး။ ငါ ဒီအရှိန်နဲ့ ပြေးနေတာ တစ်နာရီလောက် ရှိတော့မယ်။ ငါ့ခြေထောက်တွေ မခံနိုင်တော့ဘူးကွ"

"မခံနိုင်လည်း ပြေး"

ချူဟန်က အညှာအတာကင်းမဲ့စွာ ပြန်လည် အော်ဟစ်လိုက်သည်။

"မဟုတ်ရင်တော့ မင်းအစားခံရမှာပဲ ဟိုအကောင်ကြီးက သူ့ကလေးကို အမဲလိုက် သင်တန်းပေးနေတာ သေချာတယ်။ ကျားပေါက်လေးရဲ့ ညစာ အဖြစ်ခံမလား၊ ဒါမှမဟုတ် အသက်ရှင်ဖို့ အသေအလဲ ရုန်းကန်မလား... မင်းဘာသာ ရွေး"

"ဘာလို့ အဲဒီလောက်တောင် အဆိုးမြင်နေရတာလဲ"

ဖန်ကျန့် မှာ ချူဟန် နှင့် အပြန်အလှန် စကားပြောရန် အားအင် ရှိနေသေးပုံရသည်။

"မျှော်လင့်ချက် ရှိတဲ့စကားလေး ဘာလေး ပြောပါဦးလား"

"လုံးဝ မရှိဘူး။ မင်းဘာသာ ပြဿနာရှာထားတာလေ"

နှုတ်မှ ထိုသို့ ပြောနေသော်လည်း ချူဟန်၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေလေသည်။

အတိတ်ဘဝတွင် ဖန်ကျန့် သည် သူ၏ အခန်းဖော် သုံးယောက်မှလွဲ၍ လက်ချိုးရေတွက်၍ရသော သူငယ်ချင်းများထဲမှ တစ်ဦး ဖြစ်သည်။ သူတို့နှစ်ဦး၏ အဆင့်အတန်း ကွာဟချက်မှာ မိုးနှင့်မြေပမာ ကွာခြားခဲ့သည်။ ချူဟန်က အောက်ခြေလူတန်းစား သာမန်လူတစ်ယောက်သာဖြစ်ပြီး ဆင့်ကဲပြောင်းလဲသူ ဖြစ်လာချိန်ကလည်း နောက်ကျခဲ့သဖြင့် တိုက်ခိုက်ရေးစွမ်းအားရှင် အဆင့်သတ်မှတ်ချက်တွင် အဆင့်တစ်သောင်းအပြင်ဘက်၌သာ ရှိနေခဲ့သည်။တစ်ဖက်တွင်မူ ဖန်ကျန့်၏ နာမည်မှာ အလွန် ကျော်ကြားခဲ့သည်။ ဟွာယုံကျီတို့လို လူမျိုးများသည် နောင်တစ်ချိန်တွင် ပေါ်ပေါက်လာမည့် မုဆိုး များ၏ ရှေ့ပြေးပုံစံမျိုး ဖြစ်သော်လည်း ဖန်ကျန့်မှာ အတိတ်ဘဝက အလွန် နာမည်ကြီးသော မုဆိုးတစ်ဦး ဖြစ်ခဲ့သည်။ ထို့အပြင် မုဆိုးမဟာမိတ်အဖွဲ့ကို စတင်တည်ထောင်သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး အဖွဲ့၏ အဓိက ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ သူ၏ တစ်ကိုယ်ရေ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း သာမန်ထက် လွန်ကဲနေပြီး သားရဲကြီးများနှင့် တစ်ယောက်ချင်း ရင်ဆိုင်တိုက်ခိုက်ခြင်းမှာ နေ့စဉ်အလုပ်တစ်ခုသဖွယ် ဖြစ်ခဲ့သည်။ရေးအကြီးဆုံးမှာ... ချူဟန် အကျဆုံး အချိန်၊ အားလုံး၏ စွန့်ပစ်ခြင်းကို ခံရပြီး အသက်ရှင်ကျန်ရစ်သူ စခန်းတိုင်း၏ နှင်ထုတ်ခြင်းကို ခံရသည့် ထိုနှစ်များအတွင်း ရှန်ကွမ်းယွီရှင်းမှလွဲ၍ သူ့ကို ကူညီဖေးမပေးခဲ့သော လူနည်းစုထဲတွင် ဖန်ကျန့် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ သူ့ထံမှ အကူအညီ မည်မျှ ရရှိခဲ့သနည်းဆိုသည်ကို ချူဟန်ကိုယ်တိုင်ပင် ရေတွက်၍ မရနိုင်တော့ချေ။ဘဝကို ပြန်လည်စတင်ခွင့်ရပြီးနောက် အတိတ်က သူငယ်ချင်းဟောင်းနှင့် ထပ်မံ ဆုံတွေ့ခဲ့ရပြီ ဖြစ်သည်။ ထို့ကြောင့် ဘာပဲဖြစ်ဖြစ် အသေအလဲ ကြိုးစား၍ ဖန်ကျန့် ကို ကယ်တင်ရမည်။ ချူဟန် ကိုယ်တိုင်က လူကောင်းတစ်ယောက်ဟု မဆိုနိုင်သလို လမ်းမှားသို့ ရောက်ခဲ့ဖူးသည်။ သူသည် ကျေးဇူးတင်တတ်ပြီး ရဖူးသော ကျေးဇူးကို သေချာပေါက် ပြန်ဆပ်မည့်သူ ဖြစ်သည်။ချူဟန်သည် ဖန်ကျန့်နှင့် ကျားကြီးကျားငယ် နှစ်ကောင်၏ ပတ်လည်တွင် ဆက်တိုက် လှည့်ပတ်ပြေးလွှားနေသည်။ ကျားပေါက်လေးက ဖန်ကျန့်၏ ကျောပြင်ကို ပိုမို ပြင်းထန်စွာ ကိုက်ခဲထားပြီး အနောက်သို့ ဆွဲချရန် ကြိုးစားနေသည်။ သူတို့နှစ်ဦး၏ အင်အားမှာ မတိမ်းမယိမ်းဖြစ်နေသဖြင့် အပြန်အလှန် လွန်ဆွဲနေကြသည်။ ထိုစဉ် ရက်စက်ကြမ်းကြုတ်သော ကျားပေါက်လေးသည် အခွင့်အရေးရတိုင်း ချူဟန် ထံသို့ အစွယ်များ ထုတ်ပြကာ ခြိမ်းခြောက်နေသေးသည်။ဧရာမ ကျားကြီးမှာ ခြုံနွယ်များကြားတွင် ဝပ်နေဆဲ ဖြစ်သည်။ ရှည်လျားသော မြက်ရိုင်းများက ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို ဖုံးကွယ်ထားသော်လည်း အေးစက်သော မျက်လုံးအစုံနှင့် ကြောက်မက်ဖွယ်ကောင်းသော အစွယ်ကြီးများကို ဟာကွက်များကြားမှ တွေ့မြင်နေရသည်။

"ဟ... ဟိုဟာ ဘာကြီးလဲ"ထိုအချိန်တွင် ချူဟန် အနောက်မှ ချင်ရှို ရောက်ရှိလာသည်။ အမောတကော ရောက်လာသော သူသည် အဝေးမှ မြင်ကွင်းကို ကြည့်ကာ မျက်လုံးများ ပြူးသွားသည်။ ဖန်ကျန့်၏ ရယ်စရာကောင်းသော အသွင်အပြင်ကိုပင် သတိမထားမိတော့ဘဲ သူ၏ အကြည့်များမှာ ခြုံနွယ်များကြားမှ ထွက်ပေါ်နေသော ဧရာမ သားရဲကြီးထံတွင် လုံးဝ ရပ်တန့်နေခဲ့သည်။နောက်ကျမှ ရောက်လာသော ဟွာယုံကျီ အပါအဝင် အဆင့်(၁) ဆင့်ကဲပြောင်းလဲသူများလည်း ဘေးကင်းသော အကွာအဝေးတစ်ခုတွင် ရပ်တန့်သွားကြသည်။ ကမ္ဘာပျက်ကပ် စတင်ကတည်းက တောတောင်များထဲရှိ တိရစ္ဆာန်များ ရက်စက်ကြမ်းကြုတ်လာကြောင်း သိထားသော်လည်း သူတို့ ကြုံတွေ့ဖူးသမျှမှာ တောကြက်နှင့် တောယုန်လောက်သာ ဖြစ်သည်။ ဤမျှ ကြီးမားသော ကျားကြီးကို ယခုမှ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင် ဖြစ်သည်။ အားလုံး၏ ရင်ထဲတွင် လွှမ်းမိုးသွားသော ပထမဆုံး ခံစားချက်မှာ အကြောက်တရား ဖြစ်သည်။ ပြီးနောက် အားလုံး၏ ပထမဆုံး တုံ့ပြန်မှုမှာ ထွက်ပြေးလိုသော ဆန္ဒသာ ဖြစ်သည်။

ချူဟန်၏ စိတ်ထဲတွင် လက်မြှောက်အရှုံးပေးရန် ရွေးချယ်စရာ လုံးဝ မရှိခဲ့ချေ။ ဖန်ကျန့်မှာ မေ့လဲလုမတတ် အခြေအနေသို့ ရောက်ရှိနေပြီး ချူဟန်မှာလည်း စိုးရိမ်ပူပန်မှုများကြောင့် တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေသည်။ ထိုအချိန်မှာပင် သူ၏ မျက်ဝန်းများ ရုတ်တရက် တောက်ပသွားတော့သည်။ သူ၏ အကြည့်များသည် သတိဝီရိယကြီးစွာဖြင့် အမွေးများ ထောင်နေကာ မိမိအား စူးစိုက်ကြည့်နေသော ဧရာမ ကျားကြီးထံသို့ တည့်တည့်မတ်မတ် ကျရောက်သွားလေသည်။

All Chapters