← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း (၁၈၉) အကြံရပြီ

ဝမ်ယန် နှင့် ရှိုဟောက် တို့သည် ယခုချက်ချင်းပင် နောက်လှည့်ကာ ထွက်ပြေးချင်နေကြသည်။ လူအင်အား မည်မျှပင် ရှိစေကာမူ ထိုမျှ ကြီးမားသော ဘီလူးသတ္တဝါကြီးကို ရင်ဆိုင်နိုင်စွမ်း ရှိမည်မဟုတ်ချေ။ သူတို့နှစ်ဦး စိတ်ဓာတ်ကျကာ နောက်ဆုတ်ရန် ပြင်လိုက်ချိန်မှာပင်...

"အကြံရပြီ"

ချူဟန်၏ ခေါင်းထဲတွင် အတွေးတစ်ခု ရုတ်တရက် လျှပ်ခနဲ လင်းလက်သွားတော့သည်။

"ဘာ"

ချင်ရှိုက အလောတကြီး မေးလိုက်သည်။

"ဘာနည်းလမ်း ရှိလို့လဲ။ ငါတို့ အကူအညီ လိုသေးလား"

ဖန်ကျန့် ကို ကယ်တင်ရန် သူ အနည်းငယ်မျှ တွန့်ဆုတ်မနေခဲ့ပေ။ ချင်ရှိုသည် အနောက်ဘက်တွင် တုံ့ဆိုင်းနေသော ဝမ်ယန်၊ ရှိုဟောက်တို့နှင့် မတူညီပေ။ သူနှင့် ဖန်ကျန့်ကြားတွင် ကာလရှည်ကြာ ပူးပေါင်းဆောင်ရွက်ခဲ့မှုများမှတစ်ဆင့် ခိုင်မာသော သံယောဇဉ်ကြိုး တစ်ရပ် ရှိနေသည်။ ထို့အပြင် စခန်း၏ ခေါင်းဆောင် တစ်ဦးအနေဖြင့် လုပ်ဖော်ကိုင်ဖက်များကို စွန့်ပစ်ကာ ထွက်ပြေးခြင်းကဲ့သို့သော ယုတ်မာသည့် လုပ်ရပ်မျိုးကို သူ လုံးဝ လုပ်ဆောင်မည် မဟုတ်ပေ။

"မဟုတ်ဘူး။ မှားနေတယ်"ချူဟန်သည် ပြေးလွှားနေသော ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ ပိုမို တောက်ပလာတော့သည်။"ဘာက မှားနေတာလဲကွ"

ချင်ရှို မှာ စိုးရိမ်လွန်းသဖြင့် နေရာတွင်ပင် ခုန်ပေါက်တော့မတတ် ဖြစ်နေသည်။

"ဘယ်လို အကြံအစည်မျိုးလဲဆိုတာ အချိန်ဆွဲမနေဘဲ တစ်ခါတည်း အကုန်ပြောစမ်းပါ"

"မြန်မြန် ပြောပါတော့ကွာ"

ဖန်ကျန့်မှာ အသက်ငင်နေသူ တစ်ဦးပမာ အသံထွက်လာသည်။ ဤထက်ပို၍ ပြေးခိုင်းပါက သေချာပေါက် အမောဆို့ကာ သေဆုံးသွားမည်သာ ဖြစ်သည်။

"အဟမ်း..."

ချူဟန်က အနေရခက်စွာဖြင့် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ကပျာကယာ လက်ခါပြလိုက်သည်။

"အကြံအစည် ရှိတယ်လို့ ပြောတာ မဟုတ်ဘူး။ ခင်ဗျားတို့ နားလည်မှု လွဲနေပြီ"

"နောက်မနေနဲ့ကွာ"

ဖန်ကျန့်မှာ လတ်တလောပင် သေချင်စိတ် ပေါက်သွားတော့သည်။

"ညီလေးချူဟန်... ဒီလို အချိန်ကြီးမှာ လာနောက်မနေပါနဲ့ကွာ။"

ချင်ရှိုမှာ မျက်ဖြူလန်ကာ မေ့လဲတော့မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အခြေအနေ အနည်းငယ် ဆိုးရွားလာသည်နှင့် တစ်ပြိုင်နက် ထွက်ပြေးရန် ဝမ်ယန်နှင့် ရှိုဟောက်တို့က စိတ်ပိုင်းဖြတ်ထားလိုက်ကြသည်။ ဖန်ကျန့်၏ အသက်ကို နှမြောသော်လည်း မိမိတို့၏ အသက်နှင့်တော့ မလဲနိုင်ချေ။ ချူဟန် နှင့် ချင်ရှို တို့ကဲ့သို့ အသက်ကို ပဓာနမထားသော လုပ်ရပ်မျိုးကို သူတို့ လုံးဝ မလုပ်နိုင်ပေ။နှံကောင်တစ်ကောင်ပမာ တဟုန်ထိုး ပြေးလွှားနေသော ဖန်ကျန့်၏ ပုံစံကို ချူဟန်က စိတ်ဝင်တစား စောင့်ကြည့်နေလေသည်။ သူ၏ စိတ်အခြေအနေမှာ ရုတ်တရက် ကြည်လင်လာသော်လည်း တိကျသော အမိန့်ပေးရန်ကို မေ့လျော့မနေခဲ့ချေ။ ထို့ကြောင့် ခပ်သုတ်သုတ်ပင် ပြောလိုက်သည်။

"အစ်ကိုချင်... အစ်ကိုဟွာ... ခင်ဗျားတို့အားလုံး ဖန်ကျန့် အနောက်က ကျားပေါက်လေးကို ဝိုင်းရှင်းပေးကြ။ အဲဒီအကောင်က အားကုန်နေပြီ ဆိုပေမဲ့ သားရဲဖြစ်တဲ့အတွက် အန္တရာယ် ရှိသေးတယ်။ အားလုံး ပူးပေါင်းပြီး သတိထား ရင်ဆိုင်ကြ""ဒါဆို မင်းကကော ဘာလုပ်မလို့လဲ။"

တစ်ဟုန်ထိုး အမိန့်ပေးနေသော ချူဟန်ကို ချင်ရှိုက မနေနိုင်ဘဲ မေးလိုက်သည်။

"ဟုတ်တယ်လေ။ ရှင်က ဘာလုပ်မလို့လဲ။"

ဝမ်ယန်ကလည်း စိတ်မပါ့တပါဖြင့် ဝင်ပြောလိုက်သည်။

"ကျွန်မတို့က ဒီကျားပေါက်လေးကို သွားထိလိုက်ရင် ဟိုဘက်က ကျားကြီးက ငြိမ်နေပါ့မလား"

"စိတ်ချပါ"

ချူဟန် သည် သူတို့ကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"အကောင်ကြီးကို ကျွန်တော် တာဝန်ယူတယ်"ထိုနေရာတွင် ရှိနေသူ အားလုံးမှာ အသက်ရှူပင် မှားသွားကြတော့သည်။

"မင်းက..."

ဟွာယုံကျီက ချက်ချင်းပင် ငြင်းဆန်လိုက်သည်။

"မရဘူး ဒါက အရမ်း အန္တရာယ်များလွန်းတယ်"

"ငါလည်း သဘောမတူဘူး။"

ချင်ရှိုကလည်း ပြတ်သားစွာ ခေါင်းခါလိုက်သည်။

"အပိုစကားတွေ ပြောမနေကြနဲ့"

ချူဟန် က စကားကို အတင်း ဖြတ်ပြောလိုက်သည်။

"အခုချက်ချင်း မလှုပ်ရှားရင် ဖန်ကျန့် တကယ် သေသွားလိမ့်မယ်"

ထိုသို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ချူဟန်သည် အရှိန်အဟုန်ပြင်းစွာဖြင့် အနောက်ဘက်တွင် ဝပ်နေသော ဧရာမ ကျားကြီးထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

"တောက်..."

ချင်ရှိုမှာ စိတ်ထဲမှ အပြင်းအထန် ကျိန်ဆဲလိုက်ပြီး အသံကုန် အော်ဟစ်လိုက်သည်။

"မြန်မြန် ဝင်တိုက်ကြ ချူဟန် အသက်မပေးရခင် ဖန်ကျန့်ကို ကယ်ထုတ်ရမယ်"

ရှေ့သို့ ပြေးသွားရင်း ရှူရာပုဆိန်ကို ကိုင်ဆောင်ထားသော ချူဟန်မှာ ထိုစကားကြောင့် ခြေခေါက်ကျလုနီးပါး ဖြစ်သွားရသည်။ အသက်ပေးရမယ် ဟုတ်လား။ ဘယ်သူကများ အသက်ပေးရမှာလဲ။

"အား..."

ဟွာယုံကျီမှာ မျက်လုံးများ နီရဲလာပြီး ကျားပေါက်လေးထံသို့ ရူးသွပ်နေသူ တစ်ဦးပမာ ပြေးဝင်သွားတော့သည်။ အခြားသော အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ များမှာလည်း စိတ်လှုပ်ရှားသွားကြသည်။ ပြင်းထန်သော စိတ်လှုပ်ရှားမှုများက သူတို့ကို တွန်းအားပေးလိုက်သဖြင့် သံပြိုင် ဟစ်ကြွေးလျက် ကျားပေါက်လေးထံသို့ ခုန်အုပ်ကာ အပြင်းအထန် တိုက်ခိုက်ကြတော့သည်။ ချူဟန်ကို အလဟဿ အသေခံခိုင်း၍ မဖြစ်ပေ။ တွေ့ဆုံခဲ့သည်မှာ တစ်ရက်သာ ရှိသေးသော်လည်း ဤတစ်ရက်တာ ကာလအတွင်း သူ စွမ်းဆောင်ခဲ့သော အံ့မခန်း လုပ်ရပ်များကို သူတို့ တစ်သက်လုံး မေ့နိုင်ကြမည် မဟုတ်ချေ။ကျားပေါက်လေးကို တားဆီးထားနိုင်လိုက်သဖြင့် ဖန်ကျန့် မှာ နောက်ဆုံးတွင် ဒုက္ခပင်လယ်ထဲမှ လွတ်မြောက်သွားတော့သည်။ အားအင်များ လုံးဝ ကုန်ခန်းသွားသော သူသည် မြေပြင်ပေါ်သို့ ပက်လက်လန်ကာ လဲကျသွားလေသည်။ ချူဟန် သည် သူ၏ အနောက်မှ လူများ အကြီးအကျယ် အထင်လွဲနေကြောင်းကို လုံးဝ မသိရှိခဲ့ပေ။ သေချာပေါက် ဖန်ကျန့် ကို ကယ်တင်ရန် ရည်ရွယ်ထားသော်လည်း သူကိုယ်တိုင် အသေခံမည့် မိုက်မဲသော လုပ်ရပ်မျိုးကို လုပ်ရန် ရည်ရွယ်ချက် မရှိပေ။လက်ထဲရှိ ရှူရာပုဆိန်ကို အားပြင်းပြင်း ဝှေ့ယမ်းလျက် ချူဟန်သည် ဧရာမ ကျားကြီးထံသို့ အမြင့်ဆုံး အမြန်နှုန်းဖြင့် ဝင်ရောက် တိုက်ခိုက်လိုက်သည်။ သေးငယ်လှသော လူသားတစ်ဦးက မိမိကို လာရောက် စိန်ခေါ်မည်ဟု ဤဧရာမ ကျားရိုင်းကြီးက လုံးဝ ထင်မှတ်မထားခဲ့ပေ။ တစ်ကိုယ်လုံးရှိ အမွေးများ ထောင်နေခြင်းက ၎င်း၏ အလွန် ဒေါသထွက်နေသော စိတ်အခြေအနေကို ဖော်ပြနေသည်။ တစ်ချိန်တည်းမှာပင် ၎င်း၏ ပါးစပ်မှ ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေမတတ် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာတော့သည်။

ဝေါင်း...

ကြီးမားလှသော မေးရိုးကြီး ပွင့်ဟသွားပြီး ညှီစော်နံသော လေပူများနှင့် ပြင်းထန်လှသည့် သတ်ဖြတ်လိုစိတ်များက ချူဟန်၏ မျက်နှာဆီသို့ ရိုက်ခတ်လာသည်။ ချူဟန်မှာ နောက်ဆုတ်သွားခြင်း အလျဉ်းမရှိဘဲ ခြေလှမ်းများကို ပိုမို အရှိန်တင်လိုက်သည်။

ချူဟန်က ရှောင်တိမ်းခြင်းမရှိဘဲ ခြေလှမ်းများကို ရုတ်တရက် နောက်တစ်ကြိမ် အရှိန်တင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဖတ်ခနဲ အသံနှစ်ချက်နှင့်အတူ သူ၏ ခန္ဓာကိုယ်က အထက်သို ခုန်တက်သွားသည်။ အံ့မခန်း ခုန်နိုင်စွမ်းက မျက်စိတစ်မှိတ်အတွင်းမှာပင် အပြည့်အဝ ပေါ်လွင်လာပြီး လက်မောင်းနှစ်ဖက်ရှိ ကြွက်သားများက အဆုံးစွန်သော ခွန်အားများကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် တိကျမှု စွမ်းရည်ကိုလည်း ရုတ်တရက် ဖွင့်လိုက်သည်။

ဧရာမ ကျားကြီး၏ မျက်စိရှေ့သို့ ရောက်ရှိသွားသည်နှင့် ရှူရာပုဆိန်က ၎င်း၏ ခေါင်းဆီသို့ အရှိန်အဟုန်ပြင်းစွာ ကျဆင်းလာတော့သည်။

ဂါး...

ကျားကြီးမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ထူးဆန်းသည်မှာ မိမိကို ရန်စလာသော သေးငယ်သည့် လူသားကို အပြစ်ပေးရန် နေရာမှ ထမလာခဲ့ဘဲ ခန္ဓာကိုယ်ကို အတင်းလိမ်ကာ ချူဟန်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ကြိုးစားနေခြင်းပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရှေ့လက်သည်းများနှင့် ချွန်ထက်သော အစွယ်များကို အသုံးပြု၍ ချူဟန်အား တန်ပြန် တိုက်ခိုက်လိုက်သည်။ချွင်...

ရှူရာစစ်ပုဆိန်နှင့် ကျားကြီး၏ အစွယ်တို့ ရုတ်တရက် ပြင်းထန်စွာ ရိုက်ခတ်မိသွားရာ မျက်စိကျိန်းမတတ် မီးပွားများ လွင့်စင်ထွက်ပေါ်လာသည်။ ကျားကြီး၏ မျက်လုံးများထဲရှိ အမျက်ဒေါသတို့က အထင်းသား ပေါ်လွင်နေပြီး၊ ၎င်းမှာ ချူဟန်အား အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်ချင်သည့် ဆန္ဒမှလွဲ၍ အခြားမရှိတော့ပေ။

ချူဟန်၏ နှုတ်ခမ်းထောင့်တွင်ကား အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူက လက်ကောက်ဝတ်ကို လျှပ်တပြက် လှည့်ချိုးလိုက်ကာ ရှူရာပုဆိန်၏ လမ်းကြောင်းကို မထင်မှတ်ထားသော ထောင့်ချိုးတစ်ခုသို့ ရုတ်ခြည်း ပြောင်းလဲပစ်လိုက်သည်။ ပုဆိန်ထိပ်ဖျားရှိ အလွန် သေသပ်လှပသော အကွေးပုံစံ ဒီဇိုင်းက ဤနေရာတွင် ၎င်း၏ စစ်မှန်သော တန်ဖိုးကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်လေပြီ။

လှည့်…

ခုတ်ချ…

ထိုးစိုက်…

ဗြိ...

သွေးများက ရေပန်းတစ်ခုပမာ ပန်းထွက်လာပြီး ဘေးပတ်ဝန်းကျင်ရှိ မြက်ခင်းပြင်ကို မျက်စိတစ်မှိတ်အတွင်း နီရဲသွားစေတော့သည်။ ကျားကြီး၏ ဘယ်ဘက် ပါးစပ်တစ်ခြမ်းမှာ ချူဟန်၏ တိုက်ခိုက်မှုကြောင့် လုံးဝ ဖောက်ထွင်းခံလိုက်ရခြင်း ဖြစ်သည်။ အစွယ်များဖြင့် တိုက်ခိုက်မှုကို ကာကွယ်ရန် ကြိုးစားခဲ့သော်လည်း ချူဟန်၏ လက်ထဲရှိ ပုဆိန်မှာ ဓားသွားနှစ်ဖက်စလုံးဖြင့် တိုက်ခိုက်နိုင်သော ဖွဲ့စည်းပုံမျိုး ရှိနေသည်ကို လုံးဝ ထင်မှတ်မထားခဲ့ချေ။

ဝေါင်း...

ပြင်းထန်သော နာကျင်မှုကြောင့် ရူးသွပ်သွားသော ကျားကြီးသည် သူ၏ ဧရာမ ခေါင်းကြီးကို အားကုန် ရမ်းခါပစ်လိုက်သည်။ ချူဟန် မှာ လက်ကောက်ဝတ်တွင် ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှုကို ခံစားလိုက်ရပြီး လက်နက် လွတ်ကျသွားတော့မတတ် ဖြစ်သွားသည်။ အလျင်အမြန် ခြေနှစ်လှမ်း နောက်ဆုတ်ကာ ဟန်ချက်ကို ပြန်လည်ထိန်းလိုက်ပြီးနောက် ဒေါသတကြီးဖြင့် ယခုတစ်ကြိမ် တကယ် မတ်တတ်ရပ်တော့မည့် ကျားကြီးကို မထီမဲ့မြင် ပြုံးကာ စိုက်ကြည့်လိုက်သည်။

"သိပြီကွ... သားပေါက်လေး ရှိနေတာကို"

"ဟားဟား..."

ချူဟန်က အေးစက်စက် ရယ်မောလိုက်ပြီးနောက် ပေါက်ကွဲထွက်လာသော အရှိန်အဟုန်ဖြင့် ထပ်မံ ခုန်တက်ကာ ကျားကြီးထံသို့ ဝင်ရောက် တိုက်ခိုက်လိုက်ပြန်သည်။ ဤကျားကြီး မတ်တတ်မရပ်ဘဲ မြေပြင်ပေါ်တွင် ဝပ်နေခဲ့ရသည့် အကြောင်းရင်း၊ ထို့အပြင် ကြောက်မက်ဖွယ် သားရဲကြီးကို ချူဟန်တစ်ယောက်တည်း ရင်ဆိုင်ရဲသည့် အကြောင်းရင်းမှာ... ဤကျားကြီး သားပေါက်နေချိန်ဖြစ်ကြောင်းကို သူ မတော်တဆ ရိပ်မိသွားခဲ့သောကြောင့်ပင် ဖြစ်တော့သည်။ အချိန်အခါကောင်း၊ နေရာကောင်း၊ အခွင့်အရေးကောင်း။ အရာအားလုံးက ပြည့်စုံနေလေပြီ။ အခု မတိုက်ရင် ဘယ်တော့ သွားတိုက်ရမှာလဲ။ ရှူရာပုဆိန်က အနက်ရောင်အလင်းတန်းများ တောက်ပနေပြီး အဆင့်(၂) ကိုအသက်သွင်းသော မိစ္ဆာသတ်လက်နက်ကြီးသည် အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ ဖြစ်သော ချူဟန်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေရုံသာမက အလွန် နက်နဲသော လျှို့ဝှက်ချက် တစ်ချို့ကိုလည်း ပိုင်ဆိုင်ထားသည်။ ၎င်းက ကမ္ဘာမြေကြီးနှင့် တစ်သားတည်း ဖြစ်တည်သွားသလို ခံစားရစေပြီး တိုက်ပွဲအတွင်း အာရုံစူးစိုက်မှုကို အဆမတန် အားကောင်းလာစေကာ အာရုံခံစားမှုများကိုလည်း နိုးကြားလာစေသည်။သားဖွားနေသော ကျားကြီးမှာ နောက်ဆုံးတွင် မတ်တတ်ရပ်လိုက်နိုင်သော်လည်း ၎င်း၏ နောက်ဘက်၌ တစ်ဝက်သာ မွေးဖွားရသေးသော ကျားပေါက်လေးက အညစ်အကြေးများပမာ တွဲလောင်းကျနေသည်။ ပြင်းထန်သော သွေးနံ့များက ဘေးပတ်ဝန်းကျင် တစ်ခွင်သို့ ပျံ့နှံ့နေသည်။ အလွန်တရာ အားနည်းနေသော အခြေအနေတွင် ရှိနေသောကြောင့် ဧရာမ ကျားကြီး၏ ခန္ဓာကိုယ်မှာ ယိမ်းယိုင်နေပြီး ခြေလက်များမှာလည်း သိသိသာသာ တုန်ယင်နေပေသည်။

အားနည်းနေချိန်တွင် အခွင့်ကောင်းယူရမည်။ အဆုံးသတ်ပေးရန်မှာ ယခုအချိန်သာ ရှိတော့သည်။ ချူဟန်သည် လေထဲသို့ တဟုန်ထိုး ခုန်တက်သွားပြီး လက်မောင်းနှစ်ဖက်၏ ခွန်အား အပြည့်ဖြင့် ခုတ်ချလိုက်တော့သည်။

ချွင်...

နားကွဲမတတ် ပြင်းထန်သော ပွတ်တိုက်သံကြီးက ပဲ့တင်ထပ်သွား၏။ ပြင်းထန်သော တိုက်ပွဲဝင်သံများ ပတ်ဝန်းကျင် တစ်ခွင် ပဲ့တင်ထပ်သွားတော့သည်။ ထိုအချိန်တွင် အနောက်ဘက်၌ ကျားပေါက်လေးနှင့် ရင်ဆိုင်နေရသော ချင်ရှိုတို့မှာ တဖြည်းဖြည်း အသာစီး ရလာခဲ့သည်။ ထိုကျားပေါက်လေးသည် စောစောက ဖန်ကျန့်နှင့် တစ်နာရီနီးပါးခန့် အပြေးပြိုင်ကာ ခွန်အား ယှဉ်ပြိုင်ထားရသည် မဟုတ်ပါလား။ ယခုအခါ ဆင့်ကဲပြောင်းလဲသူ အများအပြား၏ ဝိုင်းဝန်း တိုက်ခိုက်မှုအောက်တွင် ပင်ပန်းနွမ်းနယ်မှုများ သိသာလာပြီး ပြန်လည် ခုခံရန်ပင် ခွန်အား မရှိတော့ချေ။ဤနေရာတွင် အသက်ရှူချောင်သွားသူမှာ ဖန်ကျန့် တစ်ဦးတည်းသာ ရှိတော့သည်။ သူသည် မြက်ခင်းပြင်ပေါ်တွင် ထိုင်ချနေသည်။ ဘယ်ဘက်ခြမ်းတွင် ချင်ရှိုတို့က ကျားပေါက်လေးနှင့် အပြင်းအထန် တိုက်ခိုက်နေကြပြီး ညာဘက်ကို ကြည့်လိုက်လျှင် ချူဟန် က ဧရာမ မိခင်ကျားကြီးကို ရင်ဆိုင်ကာ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေလောက်သော ကြီးကျယ်ခမ်းနားသည့် တိုက်ပွဲကြီးကို ဆင်နွှဲနေလေသည်။

“ဟိုကောင်က ဘယ်သူလဲဟ"

ထိုအခါမှသာ ဖန်ကျန့်မှာ သတိပြန်ဝင်လာခဲ့သည်။ ချူဟန် ဆိုသော အမျိုးသားကို သူ လုံးဝ မြင်ဖူးခဲ့ခြင်း မရှိပေ။ ချူဟန်နှင့် ကျားကြီး၏ ပြင်းထန်လှသော တိုက်ပွဲကို ထပ်မံ ကြည့်လိုက်မိပြီးနောက် ခွန်အား အနည်းငယ် ပြန်လည် ပြည့်ဝလာသော ဖန်ကျန့်သည် မနေနိုင်တော့ဘဲ ကပျာကယာ မတ်တတ်ရပ်လိုက်သည်။ ထို့နောက် နတ်ဘုရားများပင် ငိုကြွေးသွားနိုင်လောက်အောင် ကျယ်လောင်လှသော အသံကြီးဖြင့် အော်ဟစ်လိုက်တော့သည်။

"အရမ်းကြီး ရိုက်မပစ်ကြနဲ့လေကွာ။ ငါ နို့သောက်ချင်သေးတယ်"

All Chapters