← Chapters

အခန်း ၄၅၂

Vol. 31 Ch. 452

အခန်း ၄၅၂

Vol. 31 Ch. 452

(452)နတ်ဆိုး

ကောင်းကင်ယံအထက်မှ ပြုတ်ကျလာသော မြွေပွေး၏ ခန္ဓာကိုယ်သည် မြေပြင်သို့ မရောက်ရှိမီ ပေငါးထောင်အကွာ၌ပင် စတင်အသွင်ပြောင်းလဲတော့သည်။

သူသည် သာမန်ဒိုင်းမွန်းအဆင့် စစ်သည်တော်များကဲ့သို့ မဟုတ်ဘဲ မာစတာအဆင့်10ရှိသော စစ်သည်တော်တစ်ယောက် ဖြစ်ရာ သူ၏ ကိုယ်တွင်းမှ ထွက်ပေါ်လာသော အလင်းတန်းသည် သွေးရဲရဲအရောင် ဖြစ်နေသည့်ပြင် ပတ်ဝန်းကျင် လေထုတစ်ခုလုံးကိုပါ တုန်ခါသွားစေသည်။

"ဟင် ဘာကြီးလဲ"

စစ်သူကြီးလည်း ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။

လက်ရှိကောင်းကင်ယံသည် သွေးနီရောင်ကဲ့သို့သော အလင်းတန်းပေါ်လာသောကြောင့်ဖြစ်သည်။

အဝါရောင်အလင်းတန်းများပေါ်စဥ်အခါ၌ လက်ရှိကြမ်းတမ်းသော လူ့ဘီလူးဆယ်ကောင်ထွက်ပေါ်လာပြီး လက်ရှိအနီရောင်အလင်းတန်းသည် ထိုအလင်းတန်းများထက် ပိုမိုတောက်ပပြီး ကြီးမားနေ၏။

​"ဝုန်း......"

​အရှိန်အဟုန်ပြင်းစွာ မြေပြင်ပေါ်သို့ ဆင်းသက်လာမှုကြောင့် မြို့လယ်ခေါင်ရှိ အဆောက်အဦးကြီး သုံးလုံးသည် တခဏချင်း ပြိုကျပျက်စီးသွားပြီး အမှုန့်အသွင်သို့ ​ပြောင်းလဲသွားသည်။

ထို့နောက် ထိုအဆောက်ဦးသုံးလုံးရှိရာနေရာ

မီတာ​သုံးရာထက်မနည်း ကျယ်ဝန်းသော ကျင်းနက်ကြီးတစ်ခု ဖြစ်ပေါ်သွား၏။

ထိုသို့ပြုတ်ကျလာမှုကြောင့် ဘေးဘီပတ်ဝန်းကျင်များသည် ဖုန်တထောင်းထောင်း ထသွား၏။

​ဖုန်မှုန့်များနှင့် မီးခိုးလုံးကြီးများ ကြားမှ ထွက်ပေါ်လာသော အရာအား မြင်လိုက်ရသည့်အခါ မြေပြင်ပေါ်ရှိ မြွေဟောက်အင်ပါယာ စစ်သည်တော်များသာမက လေယာဉ်ပေါ်မှ ငုံ့ကြည့်နေသော မြွေဟောက်ပါ အသက်ရှူရပ်မတတ် ထိတ်လန့်သွားကြတော့သည်။

​ထိုအရာသည် အရပ်ပေငါးဆယ် (မီတာ ၁၅ ကျော်) ခန့် မြင့်မားပြီး အနီရောင်လူ့ဘီလူးကြီးတစ်ကောင်ဖြစ်နေသောကြောင့်ဖြစ်သည်။

၎င်းသည်လည်း ရှေ့ကလူ့ဘီလူးများလိုပင် လိင်မဲ့ကိုယ်လုံးတုံး လူ့ဘီလူးတစ်ကောင်လိုပင်ဖြစ်သည်။

သို့သော် ထူးခြားသည်က သူ၏မျက်လုံးများသည် နီရဲတောက်ပနေပြီး သွေးဆာနေဟန် ရှိ၏။

သူ၏လက်နှစ်ဖက်၏အရေပြား

သည် မြွေကြေးခွံများသဖွယ်ဖုံးအုပ်ထားသည်ဖြစ်သည်။ ချွန်ထက်သော လက်သည်းများလည်း ရှိ၏။

သူ၏မျက်နှာအသွင်ပြင်သည် အရိုးခေါင်းနှင့်ဆင်တူလုနီးနီးပင်ဖြစ်သည်။

ဆံပင်ကလည်း အဖြူရောင်သန်းနေရာ မြင်သူတိုင်း ထူးဆန်းသော ခံစားချက်မျိုး ရရှိမိကြသည်။

"စောက်ခွေး..နောက်တစ်ကောင်ထပ်ပေါ်လာပြန်ပြီ"

စစ်သူကြီး ဒေါသထွက်လာ၏။ မိမိမြို့လေးသည် ဘယ်ဆီဘယ်ဌာန မှန်းမသိရောက်လာသော လူ့ဘီလူးဆယ်ကောင်ဖြင့်ပင် တော်တော်လေး စိစိညက်ကျေနေပြီဖြစ်သည်။

ဤသည်ကို နောက်ထပ်တစ်ကောင်ရောက်လာပြန်၏။

"သူ့ကိုလဲ ခေါင်းဖြတ်ကြ"

မြွေဟောက်အင်ပါယာစစ်သည်များလည်း ထိုအနီရောင်လူ့ဘီလူးထံ ပြေးဝင်တိုက်ခိုက်လိုက်ကြသည်။

​

"ဂါး......"

​မြွေပွေးမှ အသွင်ပြောင်းထားသော ထိုအနီရောင်

ဘီလူးကြီးသည် ဟိန်းဟောက်လိုက်ပြီး သူ၏ ဧရာမလက်ဝါးကြီးဖြင့် အနီးနားရှိ ပလက်တီနမ်အဆင့် စစ်သည်တော်50ခန့်ကို တစ်ချက်တည်းဖြင့် ရိုက်ခြေပစ်လိုက်သည်။

"ဝုန်း"

တစ်ချက်တည်းသော ရိုက်ချက်ဖြင့် ထိုစစ်သည်များမှာ စိစိညက်ကြေသွားပြီး အသက်ထွက်သွားကြရသည်။

ဒိုင်းမွန်းအဆင့် ဘီလူးများကို ဆက်လက်ပြီး အပိုင်းပိုင်းဖြတ်ကာ အားတက်နေသော မာစတာအဆင့် စစ်သူကြီးသည် ထိုမြင်ကွင်းကြောင့် မျက်လုံးပြူးသွားရ၏။

​"မကောင်းဘူး... ဒီကောင်က သာမန်ကောင်မဟုတ်ဘူးမာစတာအဆင့် ခွန်အားရှိနေတယ်!"

​စစ်သူကြီးသည် ထိုအနီရောင်လူ့ဘီလူးကြီးသည် ရှေ့ကလူ့ဘီလူးများထက် ပိုမိုအစွမ်းထက်ကြောင်း သိရှိလိုက်သောကြောင့် မိမိလက်အောက်ခံစစ်သည်များအား ကျန်သော လူ့ဘီလူးများကို တိုက်စေပြီး အနီရောင်အကောင်ကိုမှု သူကိုယ်တိုင် တိုက်ခိုက်လိုက်သည်။

"ဝုန်း"

မိမိထက်မြင့်မားသော ဘီလူးထံရောက်အောင် အားဖြင့် ခုန်ပျံလိုက်ပြီး

"ရွှမ်း"

သူ၏အစွမ်းအထက်ဆုံးဖြစ်သော ဓားချက်ဖြင့် တစ်ချက်တည်းခေါင်းဖြတ်သတ်ရန် သူလုပ်ဆောင်လိုက်သည်။

"ထန်"

သူ၏ဓားချက်သည် ရုတ်ခြည်းဆိုသလို လက်ဖြင့်ကာကွယ်လိုက်သော အနီရောင်လူ့ဘီလူး​ကြောင့် ပျက်စီးသွားတော့၏။

"ဘာ"

စစ်သူကြီးတုန်လှုပ်လာသည်။ သူ၏ဓားချက်ကို ထိုအသာယာပင် ကာကွယ်လိုက်သောကြောင့်ဖြစ်သည်။

"ဂါး"

အနီရောင်ဘီလူးကြီးသည် မြေပြင်ကို ဆောင့်နင်းကာ စစ်သူကြီးထံသို့ လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ပြေးဝင်လာပြီး သူ၏ လက်သည်းကြီးများဖြင့် ကုတ်ဆွဲလိုက်သည်။

စစ်သူ​ကြီး နောက်ဆုတ်ရန် ကြံသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ဓားဖြင့် ခုခံလိုက်သည်။

​"ရွှမ်း..."

​စစ်သူကြီးသည် သူ၏ ဓားဖြင့် အစွမ်းကုန် ခုခံသော်လည်း မာစတာအဆင့်10၏ ရုပ်ခွန်အားအပြည့်ပါဝင်သော ဘီလူးကြီး၏ တိုက်ခိုက်မှုကြောင့် သူ၏ ရတနာဓားကြီးသည် တစစီ ကျိုးပဲ့သွားကာ ခန္ဓာကိုယ်ပါ မြေပြင်သို့ လွင့်စင်သွားရသည်။

စစ်သူကြီးမှ ချက်ချင်း ပြန်လည်ထရန် ကြိုးစားစဉ်

ဘီလူးကြီးသည် မြန်ဆန်စွာ ရောက်လာကာ

သူ၏ ဧရာမခြေထောက်ကြီးဖြင့် စစ်သူကြီး၏ ခေါင်းကို ဆောင့်နင်းခြေဖျက်ပစ်လိုက်တော့သည်။

​"ဂျွတ်"

ထိုနင်းခြေမှုကြောင့် စစ်သူကြီးသည် ထိုနေရာမှာ ပွဲချင်းပြီး အသက်ထွက်သွားတော့၏။

စစ်သူကြီးကို သတ်ဖြတ်ပြီးသောအခါ အနီရောင်လူ့ဘီလူးသည် ဒေါသကြီးစွာ အော်ဟစ်လိုက်၏။

ထိုအခါ သူ့အားဗဟိုပြုပြီး အနီရောင်မီးတောက်များထွက်ပေါ်လာသည်။

"အို ဘယ်ဆိုးလို့လဲ မီးတောက်စွမ်းရည်ပါ ပါသေးတာပဲ"

​

အာကာသလေယာဉ်ပေါ်မှနေ၍ စစ်သူကြီး ၏ခေါင်းသည် တခဏချင်း ကြေမွသွားပုံကို ကြည့်ကာ ဂျိတ်သည် အေးစက်စွာ ရေရွတ်လိုက်သည်။

မြွေပွေးသည် လူ့ဘီလူးအသွင်​ပြောင်းသွားသောအခါ မာစတာအဆင့်စွမ်းရည်ပါ ပါရှိသော အနီရောင်ဘီလူးအဖြစ်သို့ ရောက်ရှိသွား၏။

ထို့အပြင် ထူးခြားချက်အနေဖြင့် ရှေ့ကဘီလူးဆယ်ကောင်၌မပါလာသော စွမ်းရည်တစ်မျိုးပါ ပါလာသည်ဖြစ်သည်။

​"အရှင်... မြွေဟောက်အင်ပါယာရဲ့ တော်ဝင်နန်းတွင်းက ကာကွယ်ရေးတပ်ဖွဲ့တွေ မြို့ထဲကို စစ်ကူလွှတ်လိုက်ကြပါတယ်"

လေယာဉ်၏ ဉာဏ်ရည်တုစနစ်က သတင်းပို့လာသည်။

​"စစ်ကူလား....သူတို့ဘယ်လောက်စွမ်းလဲဆိုတာ ငါသိချင်မိတယ် ဒါပေမဲ့ အယ်မလီလေးရဲ့ ညစာစားချိန်နီးနေပြီဆိုတော့ မအားတော့ဘူး"

ဂျိတ်သည် တစ်ကိုယ်တည်း တွေးလိုက်ပြီး

ဘေးတွင် ဒူးထောက်လျက် တုန်လှုပ်နေသော မြွေဟောက်အား စိုက်ကြည့်လိုက်သည်။

မြွေဟောက်သည် သူ၏ သူငယ်ချင်းဖြစ်သူ မြွေပွေးပင် ဘီလူးအဖြစ် ပြောင်းလဲကာ မိမိတို့ အင်ပါယာကို ပြန်လည်ဖျက်ဆီးနေသည်ကို မြင်ရသဖြင့် စိတ်ဝိညာဉ်ပါ ပြုတ်ထွက်မတတ် ခံစားနေရပြီဖြစ်သည်။

​"ဂျိတ်... မင်းက လူမဟုတ်ဘူး... မင်းက နတ်ဆိုးပဲ... တော်ပါတော့... ငါတို့ မှားသွားပါပြီ... ငါငါတောင်းပန်ပါတယ်.."

မြွေဟောက်သည် ငိုယိုကာ တောင်းပန်တော့သည်။

​"ငါ့ရဲ့ နယ်မြေက လူပေါင်း 5000 ကျော် သေဆုံးသွားတုန်းက မင်း အခုလို စဉ်းစားခဲ့ရဲ့လား"

ဂျိတ်၏ အသံသည် ငရဲပြည်မှ လာသကဲ့သို့ အေးစက်လွန်းလှသဖြင့် ဘေးတွင် ရပ်နေသော ဉီးလေးတက်နှင့် ဘိုးဘေးဇူးစ်တို့ပင် ကြက်သီးမွှေးညင်းများ ထသွားရသည်။

​ဂျိတ်သည် နောက်ထပ် စကားဆိုခြင်းမရှိဘဲ သူ၏ လက်ကို မြှောက်ကာ နောက်ထပ်ဆေးထိုးအပ်တစ်ချောင်းထုတ်လိုက်သည်။

​"ပြန်တော့မဲ့အတူတူတော့ မထူးဘူး "

ဂျိတ်သည် မြွေဟောက်ကိုလည်း ဆေးထိုးပေးလိုက်၏။

​"မလုပ်ပါနဲ့... အား..."

​မြွေဟောက်၏ အော်ဟစ်သံသည် လည်ပင်းသို့ ဆေးရည်များ တိုးဝင်သွားမှုနှင့်အတူ ပျောက်ကွယ်သွားရသည်။

ဆေးထိုးပြီးသည်နှင့် ဂျိတ်သည် သူ၏ ခြေထောက်ဖြင့် မြွေဟောက်အား လေယာဉ်ပေါ်မှ ကန်ချပစ်လိုက်၏။

​မာစတာအဆင့် 10 ရှိသော နောက်ထပ် စစ်သည် ဖြစ်သည့် မြွေဟောက်သည်လည်း ကောင်းကင်ယံမှ ပြုတ်ကျရင်း တဖြည်းဖြည်း သွေးနီရောင် အလင်းတန်းများနှင့်အတူ ဧရာမ ဘီလူးကြီးအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။

ထိုသို့​ပြောင်းလဲပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ထိုကြောင့် မြေပြင်ပေါ်သို့ မာစတာအဆင့် ဘီလူးကြီး နှစ်ကောင်နှင့် ဒိုင်းမွန်းအဆင့် ဘီလူးခုနှစ်ကောင် (စုစုပေါင်း 9 ကောင်) ရောက်ရှိသွားသည့်အခါ မြွေဟောက်အင်ပါယာ၏ မြို့တော်ကြီးသည် လက်ရှိအချိန်၌ လူ့ဘီလူးသတ္တဝါများ၏ အမဲလိုက်ရာ စားကျက်မြေကြီးအလား လုံးဝ ပြောင်းလဲသွားတော့သည်။

လူအချင်းချင်း နင်းမိ၍ သေဆုံးသူများနှင့် ဘီလူးများ၏ ဝါးမြိုခြင်း ခံရသူများကြောင့် မြို့လမ်းမများတွင် သွေးများသည် မြစ်ရေပမာ စီးဆင်းနေပြီဖြစ်သည်။

​"သွားကြမယ်"

​ဂျိတ်သည် အောက်တွင် ကမ္ဘာပျက်နေသော မြင်ကွင်းကို နောက်ဆုံးတစ်ချက် ကြည့်ကာ လေယာဉ်တံခါးကို ပိတ်ပစ်လိုက်သည်။

ဦးလေးတက်နှင့် ဇူးစ်တို့သည် ဂျိတ်၏ ဘေးတွင် ရပ်နေသော်လည်း ယခုအချိန်တွင် ဂျိတ်အား စကားတစ်ခွန်းပင် ဟာရဲခြင်း မရှိကြတော့ပေ။

"ဦးလေး ဘိုးဘေး ညကျရင် ကျနော်တို့ဘာစားမလဲ"

ညစာအတွက် မည်သည်ကို လုပ်ရမည်ပြောနေသော

သူတို့၏ မြစ် (တူ) ဖြစ်သူ ဂျိတ်သည် မိသားစုအပေါ်၌ ကြင်နာတတ်သော်လည်း ရန်သူများအတွက်မူ ကြောက်မက်ဖွယ်ကောင်းသော တခဏချင်း ငရဲပို့နိုင်သည့် အရှင်သခင် ဖြစ်ကြောင်း သူတို့ ကောင်းစွာ သဘောပေါက်လိုက်ကြပြီ ဖြစ်သည်။

​အာကာသလေယာဉ်ကြီးသည် မြွေဟောက်အင်ပါယာ၏ ပျက်စီးခြင်း မီးတောက်များကို နောက်ခံပြုလျက် ဂရိတ်တိုင်းပြည်ရှိရာသို့ အသံထက်မြန်သော အရှိန်နှုန်းဖြင့် ပြန်လည်ပျံသန်း ထွက်ခွာသွားလေတော့သည်။

ဘိုးဘေးနှင့် ဦးလေးတက်တို့စိတ်ထဲ၌ တစ်ခုတည်းသော ဝေါဟာရ ရှိနေ၏။ ဤသည်ကား နတ်ဆိုးပင်ဖြစ်သည်။

All Chapters