← Chapters

အခန်း ၄၅၃

Vol. 31 Ch. 453

အခန်း ၄၅၃

Vol. 31 Ch. 453

(453)ရာဇသံပေးခြင်း

မြွေဟောက်အင်ပါယာ၏မြို့တစ်မြို့အား လူ့ဘီလူးများ တိုက်ခိုက်ပြီး ခုနှစ်ရက်အကြာ

​ယနေ့၌ အင်ပါယာ၏ နန်းတော်တွင် အကြီးမားဆုံးသော ညီလာခံကို ကျင်းပနေခြင်း ဖြစ်သည်။

ညီလာခံ၌ ရှိရှိသမျှသော မှူးကြီးမတ်ရာများအပြင် မြွေဟောက်အင်ပါယာ၏ စစ်သူကြီးချုပ်နှင့် မြွေဟောက်အင်ပါယာ၏ ဘုရင်မင်းမြတ်တို့ပါ တက်ရောက်မည် ဖြစ်သောကြောင့် ဖြစ်သည်။

နယ်မြေပိုင်စိုးသော နယ်စား၊မြို့စားများလည်း တစ်ယောက်မကျန် တက်ရောက်ကြရ၏။

များသောအားဖြင့် ဘုရင်မင်းမြတ်သည် ကျင့်ကြံရန်အတွက် တစ်ကိုယ်တည်းနေတတ်သည့်အချိန်က များ၏။

သူကိုယ်တိုင်တက်ရောက်သည်က ယခုညီလာခံသည် မည်မျှအရေးကြီးကြောင်း သိသာစေ၏။

​"ဘုရင်မင်းမြတ် ကြွချီလာပါပြီ"

ထို အသံကို ကြားသည်နှင့် ညီလာခံတွင် ရောက်ရှိနေကြသော မှူးကြီးမတ်ရာများ၊ စစ်သေနာပတိနှင့် စစ်သူကြီးများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

ဘုရင်မင်းမြတ်၏အော်ရာမှာ လွန်စွာပြင်းထန်ပြီး စစ်သည်အဆင့်ကလည်း မြင့်မားသောကြောင့် အားလုံးက ရိုသေလေးစားကြရ၏။

ဘုရင်မင်းမြတ်သည် မြွေမျက်စိနှင့် ခန့်ညားသော ဥပတိရုပ်ရည်ရှိသည်။

သန်မာတောင့်တင်း ကိုယ်ခန္ဓာအချိုးစားနှင့် အရပ်သည် ခုနှစ်ပေရှိ၏။

သူ၏အသက်သည် နှစ်ငါးရာရှိပြီဖြစ်သည်။

ယခုလည်း မင်းဝတ်တန်ဆာများဝတ်ဆင်ထားသောအခါ လွန်စွာခမ်းနားလှသော အသွင်ပြင်ရှိနေ၏။

​မြွေဟောက်အင်ပါယာ၏ ဘုရင်မင်းမြတ်သည် ညီလာခံဆီသို့ ခန့်ညားထည်ဝါစွာ ကြွလာပြီးလျှင် တော်ဝင်ပလ္လင်ထက်၌ ထိုင်လိုက်ကာ စတင်မိန့်ကြား၏။

​"ဒီနေ့ ညီလာခံကတော့ လက်ရှိမှာ ကြောက်မက်ဖွယ်

ဖြစ်ပျက်သွားတဲ့ ပြဿနာကြီးကို ဆွေးနွေးကြမှာဖြစ်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် သတင်းရရှိထားတဲ့ စစ်သူကြီးချုပ် အားလုံးကြားအောင် လျှောက်တင်ပါ"

​ဘုရင်မင်းမြတ် ထိုသို့ ပြောဆိုလိုက်သည်နှင့် စစ်သူကြီးချုပ်သည် ညီလာခံ၏ အလယ်၌ ဘုရင်မင်းမြတ်အား ဦးညွှတ်အလေးပြုကာ တင်ပြလိုက်တော့သည်။

​"လက်ရှိ ဖြစ်ပျက်သွားတာကတော့... ဗူလ်ကာနှင့်ဘီလိုဗာရီးယားမြို့နှစ်မြို့ လူ့ဘီလူးတွေကြောင့် ပျက်စီးသွားပါပြီ"

ထိုစကားကြောင့် ညီလာခံရောက်ရှိနေသော မှူးမတ်များ တုန်လှုပ် ခြောက်ခြားသွား၏။

"အဲ့နှစ်မြို့က လူ့ဘီလူးတွေကြောင့် နေထိုင်လို့မရတော့တဲ့အထိ ပျက်စီးသွားတာဖြစ်ပါတယ် ...အဲ့ဒီလူ့ဘီလူးတွေကို သုံးရက်တိုင်တိုင် တိုက်ခိုက်ပြီးမှသာလျှင် အနိုင်ရရှိခဲ့ပါတယ်.... လက်ရှိ

ရရှိထားတဲ့အချက်လက်အရဆိုရင် သေဆုံးသွားတဲ့ ပြည်သူပြည်သားဦးရေ ရှစ်သိန်းဝန်းကျင်ထိရှိပါတယ်။ နောက်ပြီး စစ်တပ်သုံးတပ်အပြင် စစ်သူကြီးငါးယောက် အသက်ပေးလှူသွားရပါတယ် ရှောင်ပြေးတိမ်းရှောင်နေတဲ့ လူဦးရေစာရင်းကို စစ်ဆေးမေးမြန်းနေဆဲပါ"

ဆက်တိုက်ပြောဆိုမှုများကြောင့် ကြားသူတိုင်း အံ့သြထိတ်လန့်သွားရသည်။

အမြဲတမ်းတည်​ငြိမ်နေတတ်သော မြွေဟောက်အင်ပါယာ၏ဘုရင်ပင် မျက်မှောင်ကြုံလာ၏။

မြို့ကြီးနှစ်မြို့ပျက်စီးသွားသည်ဟူသောသတင်းသည် အလွန်တရာကြီးကျယ်လှ၏။

အထူးသဖြင့် ဗူလ်ကာနှင့် ဘီလိုဗာရီးယားမြို့နှစ်မြို့ပျက်စီးသည်က နယ်မြေကျယ်ပြန့်လွန်းသော

မြွေဟောက်အင်ပါယာအတွက် ကြီးမားသော ထိခိုက်မှုကို ​ဖြစ်ပေါ်စေသောကြောင့်ဖြစ်သည်။

ဗူလ်ကာမြို့သည် အင်ပါယာအတွက် 10%သော စစ်ချပ်ဝတ်တန်ဆာနှင့် လက်နက်များ ထုတ်လုပ်သောမြို့ဖြစ်ပြီး ဘီလိုဗာရီးယားမြို့သည် အင်ပါယာ၏စားနပ်ရိက္ခာဖြစ်သော ဂျုံနှင့်သီးနှံများ၏18% ကို ထောက်ပံ့ပေး၏။

ထိုနှစ်မြို့ပျက်စီးသည်က ကြီးစွားသော အကျိုးသက်ရောက်မှုဖြစ်ထွန်းစေသည့်အပြင် လူရှစ်သိန်းနီးပါး သေဆုံးသည်က အင်ပါယာ၏အင်အားယုတ်လျော့စေသည်ဖြစ်သည်။

နောက်ပြီး စစ်တပ်သုံးတပ်ပျက်စီးခြင်းသည် ရွှေအဆင့်မှ ဒိုင်းမွန်းအဆင့်ထိရှိသော စစ်သည်တော်သုံးသောင်းသေဆုံးသည်ကို ဖော်ပြပြီး စစ်သူကြီးငါးယောက်သေဆုံးခြင်းသည် မာစတာအဆင့်များ သေဆုံးသည်ကို ဆိုလိုသည်။

ထို့ကြောင့် ဘုရင်မင်းမြတ် မျက်မှောင်ကြုံသွားရခြင်း၏အကြောင်းရင်းဖြစ်သည်။

စစ်သူကြီးမှ ထိုသို့ဖြစ်ပေါ်ရသည့်အကြောင်းရင်းတရားခံကို ဆက်လက်ရှာဖွေနေကြောင်းဆိုပြီး သူ၏တင်ပြချက်ကို အဆုံးသတ်လိုက်သည်။

သူအဆုံးသတ်ပြီးသည်နှင့် ​ဘုရင်မင်းမြတ်လည်း ဘေး၌ရှိသော ပညာရှိတို့နှင့် တိုင်ပင်ပြီး ထိုကိစ္စနှင့်ပတ်သက်ပြီး ပြန်လည်ထူထောင်ရေးနှင့် တခြားသော ကိစ္စများအတွက် အကောင်ထည်ဖော်စေ၏။

ထိုမှသာလျှင် အင်ပါယာအတွက်လိုအပ်သော

စားနှပ်ရိက္ခာနှင့် လူအင်အားဖြည့်တင်းမှုကြာချိန် အတိုင်းတာတစ်ခုထိ လျော့ချနိုင်မည်ဖြစ်သည်။

ထို့နောက် ညီလာခံတို့ရောက်ရှိလာသောနယ်စားနှင့်မြို့စားများအား တိုင်းပြည်၏စစ်ရေးအရ အရေးကြီးသောအချိန်အဖြစ် နယ်မြေတိုင်းအား လုံခြုံရေးအမြင့်ဆုံးထားကာ စောင့်ကြပ်စေရန် အမိန့်ထုတ်ပြန်လိုက်သည်။

ထိုသို့ဖြစ်ပွားမည်စိုးရိမ်သောကြောင့် ထူးခြားသော သတင်းကြားသည်နှင့် ချက်ချင်းအကြောင်းရန်ပါ ထုတ်ပြန်လိုက်သည်။

ဤသို့ဖြင့် ညီလာခံသည် ငါးနာရီကျော်ကြာမြင့်ပြီးသောအခါမှလျှင် ပြီးဆုံးသွားခဲ့၏။

"ကဲ ဘယ်လိုဖြစ်တာလဲ"

ဘုရင်မင်းမြတ်သည် သူ၏ရှေ့မှ လူအားပြောလိုက်သည်။

"ဒီတစ်ခေါက် ကိစ္စက ပေါ့သေးသေးမဟုတ်ပါဘူး ​နေက်ကွယ်က ဂရိတ်တိုင်းပြည်ရှိနေတယ်လို့ ကျနော်ယူဆပါတယ်"

ထိုသို့စကားပြောဆိုနေကြသူများမှာ မြွေဟောက်အင်ပါယာဘုရင်နှင့် စစ်သူကြီးချုပ်တို့ဖြစ်သည်။

သူတို့နှစ်ယောက်သည် မြေအောက်ထဲ၌ရှိသော ထောင်တစ်ခုသို့ သွားနေရင်း စကားဆိုနေကြသည်ဖြစ်၏။

"မင်းဘယ်လိုကြောင့် ပြောနိုင်တာလဲ"

"ဘာကြောင့်လဲ ဆိုတော့ အရှင်မင်းကြီးမြင်ရပါလိမ့်မယ်"

မြေအောက်ရှိ ထောင်ထဲသို့ ရောက်သောအခါ ဘုရင်မင်းမြတ်၏မျက်နှာသည် အခြေနေမကောင်းပေ။

သူ၏ရှေ့၌ရှိနေသော အရာများကြောင့်ဖြစ်သည်။

ဤသည်ကား ငါးပေထက်မက ကြီးမားသော လူ့ဘီလူးခေါင်းနှစ်လုံးသည် ရေခဲတုံးထဲ၌ ရှိနေသောကြောင့်ဖြစ်သည်။

ထိုခေါင်းနှစ်လုံးသည် အငွေ့ပြန်မည့်အခြေနေ၌ရှိသောကြောင့် ထိုသို့လုပ်ဆောင်ထားဖြစ်ကြောင်း စစ်သူကြီးချုပ်မှ ရှင်းပြ၏။

"အရှင်မင်းကြီးကို ပြောလိုတဲ့ အဓိကအချက်တော့ အဲ့ဒီဦးခေါင်းနှစ်လုံးရဲ့လည်ပင်းလိုနေရာနားကို သေချာကြည့်ပါ"

ထိုစကားကြောင့် သေချာကြည့်ရာ ဦးခေါင်းတစ်လုံးစီ၌ လူတစ်ယောက်သေဆုံးနေကြကြောင်း တွေ့ရလေသည်။

"သူတို့က မြွေပွေးနှင့်မြွေဟောက် ဟုတ်တယ်မလား"

"ဟုတ်ပါတယ်"

ဘုရင်မင်းမြတ် ခေါင်းစားသွားလေသည်။

ထိုလူ့ဘီလူးခေါင်း၌ မိမိတို့၏စစ်သည်တော်ရှိနေရသည့်အကြောင်းရင်းကို စဥ်းစား၍မရနိုင်အောင် ဖြစ်သည်။

"ဘာလို့ ဂရိတ်တိုင်းပြည်လို့ ပြောနိုင်ရတာလဲဆိုရင် ကျနော်ကိုယ်တိုင် ဂရိတ်တိုင်းပြည်ကို သူတို့နှစ်ယောက်ကိုစေလွှတ်ခဲ့လိုပါ...သူတို့ကိုစေလွှတ်ပြီး အခုလိုဖြစ်ရပ်တွေဖြစ်လာရတာပဲ နောက်ပြီး မြို့ဖျက်စီးနေတဲ့ လူ့ဘီလူးတွေကို ခေါင်းဖြတ်သတ်လိုက်တဲ့အခါ သူတို့လည်ပင်းနားကနေ မမျှော်လင့်ပဲ ကျနော်တို့ရဲ့စစ်သည်တွေကို တွေ့ရှိခဲ့တာပါ "

စစ်သူကြီးသည် မည်သို့မည်ပုံဖြစ်ပျက်ခဲ့ကြောင်းပါ ပြောပြလိုက်၏။

စစ်သူကြီးချုပ်သည် ညီလာခံ၌ ထိုအကြောင်းရာများ ချန်ထားခဲ့သည်မှာ လူတိုင်း သွေးပျက်ဖွယ်ဖြစ်အောင် လန့်ဖြတ်သွားမည်စိုးရိမ်သောကြောင့်ဖြစ်သည်။

"ဒါဆိုရင် အထူးသူလျှိုတွေစေလွှတ်ပြီး အဲ့တိုင်းပြည်ကို သေချာစုံစမ်းပါ"

ဘုရင်မင်းမြတ်၏အတွေး၌ မျက်စိရှေ့၌ရှိနေသော လူ့ဘီလူးခေါင်းပြတ်နှစ်ခုနှင့် ထိုခေါင်းပြတ်နှင့်အတူရှိနေသော မိမိ၏စစ်သည်တော်နှစ်ယောက်၏အလောင်းကို ကြည့်ကာ ဂရိတ်တိုင်းပြည်အကြောင်း အတွေးနယ်ချဲ့နေမိသည်။

..................

"ကဲ လူ့ဘီလူတွေဘယ်လိုဖြစ်သွားလဲ ကြည့်ရအောင်"

ဂျိတ်သည် လူ့ဘီလူးများအား မြွေဟောက်အင်ပါယာ ၌ ပစ်ထားခဲ့ပြီး ကိုးရက်မြောက်နေ့ ရောက်သောအခါမှသာ ပြန်လည်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

သူ၏ရှေ့၌ရှိသော မှန်အား ဝှေ့ယမ်းလိုက်သည်။ ထိုအခါ လူ့ဘီလူးများ မိမိတို့ထွက်ခွာပြီးနောက် မည်သို့မည်ပုံ တိုက်ခိုက်သည်ကို ကြည့်ရှု၍ ရသွားသည်ဖြစ်သည်။

ထိုသို့ကြည့်နိုင်ရန်အတွက်လည်း ဂျိတ်သည် ပြန်သောအခါ၌ ဖြစ်ပျက်ခဲ့သောအကြောင်းရာ သိရှိနိုင်ရန် သေးငယ်သော ဒရုန်းတစ်စီးအား ချန်ထားခဲ့သည်ဖြစ်သည်။

ထိုဒရုန်းမှ လက်ရှိကြည့်ရှုနေသော မြင်ကွင်းများကို ဖမ်းယူမှတ်တမ်းတင်ပေးထားသည်လည်း ဖြစ်သည်။

မာစတာအဆင့်ရှိသော လူ့ဘီလူးနှစ်ကောင်သည် မီးတောက်စွမ်းရည်နှင့် အမှောင်ထုစွမ်းရည်ရှိကြပြီး ဗူလ်ကာမြို့ကို အကြမ်းပတမ်းဖျက်စီးခဲ့သည်ကိုတွေ့ရလေသည်။

ထိုသို့ဖျက်စီးသည်ကို မြွေဟောက်အင်ပါယာမှ စစ်တပ်များစေလွှတ်၍ တားမြစ်ခဲ့ကြသော်လည်း မာစတာအဆင့်ရှိလူ့ဘီလူးနှစ်ကောင်မှလွှဲလျှင် ကျန်သော လူ့ဘီလူးများကို သုတ်သင်နိုင်၏။

မာစတာအဆင့်ရှိလူ့ဘီလူးနှစ်ကောင်ကြောင့် မြွေဟောက်အင်ပါယာ၏စစ်တပ်သုံးတပ်ပင် ဖျက်စီးကိန်းဆိုက်သွားရသေး၏။

မိမိတို့အား လာရောက်နှိမ်နင်းသော စစ်တပ်များပျက်စီးသွားသောအခါ မာစတာအဆင့်ရှိ လူ့ဘီလူးနှစ်ကောင်သည် အနီးနား၌ရှိသော ဘီလိုဗာရီးယားမြို့ထံသွားကာ ဖျက်စီးသောင်းကျန်ကြပြန်၏။

ထိုမြို့၌ ရှိသော စစ်သည်များလည်း ထိုဘီလူးနှစ်ကောင်ကို အနိုင်ယူနိုင်ခြင်းမရှိကြပေ။

နောက်ဆုံး၌ မြွေဟောက်အင်ပါယာ၏ ဂရန်းမာစတာအဆင့်ရှိ စစ်သူကြီး တစ်ယောက်မှ လူ့ဘီလူးနှစ်ကောင်အား အဆုံးသတ်ပေးလိုက်ကြောင်း တွေ့ရှိလိုက်၏။

ထိုသို့အဆုံးသတ်ရာတွင်လည်း နေ့တစ်ပိုင်းမျှအချိန်ယူရသလို ထိုဂရန်းမာစတာ၏ဘယ်လက်နှစ်ချောင်း ပြတ်တောက်သွားခဲ့​ကြောင်းလည်း ဂျိတ် တွေ့လိုက်ရသည်။

"မဆိုးဘူး...မဆိုးဘူး"

ဂျိတ်သည် ကျေနပ်သောအမူရာဖြင့် ခေါင်းညိတ်မိသည်။

မိမိနယ်မြေသို့လာရောက်သတ်ဖြတ်သည့် မြွေဟောက်အင်ပါယာသည် သူတို့၏လုပ်ရပ်ကြောင့်

​သူတို့၏မြို့ကြီးနှစ်မြို့နှင့် စစ်တပ်သုံးတပ်အထိ ပြန်လည်ပေးဆပ်ရသည်က ထိုက်တန်သည်ဟု တွေးမိလိုက်သည်။

ထိုသတင်းအား နယ်မြေတိုင်း သိစေရန်အတွက်လည်း တမင်သတင်းဖြန့်စေသည်။

ဤနည်းဖြင့် ဂရိတ်တိုင်းပြည်သည် လာစပါက ငြိမ်ခံနေမည်မဟုတ်ကြောင်း ရာဇသံပေးခြင်းလည်း ဖြစ်ပေသည်။

All Chapters