အခန်း ၄၅၄
Vol. 31 Ch. 454
(454)ဆုံးဖြတ်ခြင်း
ထိုသတင်းသည် နောက်တစ်နေ့ရောက်သည်နှင့် စတင်ပြန့်နှံ့သွားလေသည်။
ဂရိတ်တိုင်းပြည်၏အဆင့်မြင့် ဆက်သွယ်ရေးကိရိယာများဖြင့် အကူညီဖြင့် သတင်းပြန့်နှံ့နှုန်းသည် များစွာမြန်ဆန်ခဲ့၏။
နေ့ခင်းသို့ရောက်သောအချိန်တွင် ထိုသတင်းသည် ဂရိတ်တိုင်းပြည်အပါဝင် ဂရိတ်တိုင်းပြည်၏လက်အောက်ခံနယ်မြေများ၊ စွန်ရဲအင်ပါယာနှင့် မြွေဟောက်အင်ပါယာထိတိုင်အောင် ရောက်ရှိသွား၏။
ထိုသတင်းသည် မိမိတို့၏နယ်မြေအားကျူးကျော်ပြီး လူများစွာသတ်ဖြတ်ခဲ့သော မြွေဟောက်အင်ပါယာ၏ရန်စမှုအတွက် ၎င်းတို့၏မြို့နှစ်မြို့အား လက်တုံ့ပြန်ချေမှုန်းခဲ့ကြောင်းဖြစ်ပြီး ထိုသတင်းကို သတင်းစကားတင်မက မြို့နှစ်မြို့၏ပျက်စီးသော မြင်ကွင်းများကိုပါ ဖော်ပြပေးသည်ဖြစ်သည်။
မြင်ကွင်းများကိုလည်း ဓာတ်ပုံကဲ့သို့ ရုပ်ထွက်လှသော ပုံများ၊ ပုံရိပ်ဖမ်းပြီးထုတ်လွှင့်နိုင်သော ကျောက်တုံးများနှင့် ဂရိတ်တိုင်းပြည်၏အထူးထုတ် ပစ္စည်းများမှ ဖော်ပြခဲ့ကြသည်ဖြစ်သည်။
ထို့ကြောင့် ထိုသတင်းကြားလိုက်သော လူတိုင်းသည် ကြွက်ကြွက်ညံသွားကြလေသည်။
ထိုသတင်းကို ကြားလိုက်ရသော ဂရိတ်တိုင်းပြည်၏ လက်အောက်ခံနယ်မြေများသည် ဂရိတ်တိုင်းပြည်အား ပိုမိုကြောက်ရွံ့လေးစားလာကြပြီး တိုက်ခိုက်ခြင်းခံခဲ့ကြရသော နယ်မြေများရှိလူများသည် ဂရိတ်တိုင်းပြည်အား မိမိအတွက် လက်စားချေပေးသောကြောင့် ပိုမိုကျေးဇူးတင်ရှိလာကြသည်။
ထိုသတင်းကို သိသွားကြသော ဂိုဏ်းများကတော့ ဂရိတ်တိုင်းပြည်အား သူလျှိုစေလွှတ်ပြီး လုပ်ဆောင်နေသော အစီစဥ်များကို ဆက်လက်လုပ်သင့်မလုပ်သင့် ပြန်လည်ဆွေးနွေးလာကြသည်။
..............
မြွေဟောက်အင်ပါယာ၏နန်းတော်ဆောင်၌
"သေချာသွားပါပြီ..... သူတို့လုပ်ခဲ့တာလို့ ဝန်ခံသွားပါတယ်"
သတင်းလာပို့သောစစ်သည်တော်သည် ဘုရင်ကြီးအား လျှောက်တင်သည်။
"အင်း.. ."
မြွေဟောက်အင်ပါယာဘုရင်သည် စစ်သည်တော်၏စကားအား သာမန်သာ တုံ့ပြန်လိုက်ပြီး သူ၏အကြည့်များသည် သူ၏လက်ထဲ၌ရှိသော ပုံရိပ်ဖမ်းကျောက်တုံးပေါ်သို့ ရောက်ရှိနေသည်။
ထိုကျောက်တုံးသည် ပုံရိပ်ဖမ်းကျောက်တုံးဖြစ်ပြီး ထိုစစ်သည်တော်မှ လာရောက်ဆက်သခဲ့သည်လည်းဖြစ်သည်။
ထိုကျောက်တုံးမှ ဂရိတ်တိုင်းပြည်၏လက်တုံ့ပြန်သည့်အနေဖြင့် မြို့နှစ်မြို့အား ဖျက်စီးခဲ့ကြောင်း ဆိုသော သတင်းအား ထုတ်လွှင့်ပြသနေသည်။
သတင်းဆုံးသည်နှင့်ထိုကျောက်တုံးမှာ ဒေါသထွက်လာသော ဘုရင်ကြီး၏လက်ဖြင့် ခြေမွမှုကြောင့် တစ်ခါတည်း အမှုန့်ဖြစ်သွားလေတော့၏။
ထိုကျောက်တုံးအမှုန့်ဖြစ်သွားသော်လည်း
သူ၏ဒေါသမှာ မပြေလျော့သေးပေ။
"ငါ့ကို ဒီလိုလုပ်ရဲတယ်ဆိုမှတော့ ငါလဲ ပြန်လုပ်ပြရတာပေါ့"
မြွေဟောက်အင်ပါယာဘုရင်သည် စစ်သည်အား အမိန့်ပေးလိုက်တော့၏။
..............
"ဒီသတင်းက သေချာပါတယ် ကျနော်စုံစမ်းပြီးသွားပြီ"
စွန်ရဲအင်ပါယာဘုရင်အား စစ်သူကြီးမှ ပြောလိုက်၏။
"သေချာရင် ပြီးတာပဲ မြွေဟောက်ကတော့ ကျားဖင်သွားနှိုက်တာကိုး"
စွန်ရဲအင်ပါယာ ဘုရင်သည် ထိုသတင်းကြောင့် ဝမ်းသာသွားပြီး ရေရွတ်လိုက်သည်။
သူသည် ဂရိတ်တိုင်းပြည်၌ရှိသော လက်နက်အဆန်းများနှင့် ဂျိတ်၏စစ်မှန်သော စွမ်းရည်ကို မစုံစမ်းနိုင်သေးသောကြောင့် သူ၏နယ်မြေတစ်စိတ်တစ်ပိုင်း သိမ်းပိုက်ထားသော ဂရိတ်တိုင်းပြည်အား နယ်မြေမိား ပြန်လည်သိမ်းယူရန်ကိစ္စကို ခေတ္တဆိုင်းငံ့ထားသည်ဖြစ်၏။
လက်ရှိ၌ မြွေဟောက်အင်ပါယာသည် သူ၏အရေးပါလှသော မြို့နှစ်မြို့ လုံးဝပျောက်ကွယ်သွားကြောင်း သတင်းရရှိသောအခါ ခေတ္တဆိုင်းငံ့သည်မှ မလုပ်ဆောင်တော့ရန် ဆုံးဖြတ်လိုက်သည်။
ရူးမိုက်စွာလုပ်ဆောင်မိပါက မြွေဟောက်အင်ပါယာ၏မြို့နှစ်မြို့လို ပျောက်ကွယ်သွားရန် ရာခိုင်နှုန်းများပြားနေသည်ဖြစ်၏။
နောက်ပြီး စွန်ရဲအင်ပါယာဘုရင်တွေးမိသည်မှာ ထိုကိစ္စနှင့်ပတ်သက်ပြီး မြွေဟောက်အင်ပါယာမှ မည်သို့မည်ပုံ ပြန်လည်လက်စားချေနိုင်သနည်း ဟူသောအချက်ပင် ဖြစ်သည်။
မြွေဟောက်အင်ပါယာသည် ဒေါသအလွန်ကြီးပြီး လက်စားချေတတ်သော အဘိုးကြီးနှင့်တူ၏။
အဘိုးကြီး၏အလွန်ဂုဏ်ယူရသည့်နှုတ်ခမ်းမွှေးအား ဂရိတ်တိုင်းပြည်ဟူသော လူငယ်လေးမှ လာရောက်ဆွဲနှုတ်သောအခါ အဘိုးကြီးအနေဖြင့် ဒေါသအတော်ထွက်မည်ဖြစ်သည်။
ဒေါသထွက်ပြီး ဂရိတ်တိုင်းပြည်အား
မည်သို့မည်ပုံ လက်စားချေမည်ကို သူမသိပေ။
မြွေဟောက်အင်ပါယာသည် နာမည်အတိုင်းပင် ကောက်ကျစ်ယုတ်မာသော နည်းလမ်းများလည်း ရှေးယခင်ကတည်းကပင် ကောက်ကျစ်သောနည်းများအသုံးပြု ပြီး လုပ်ဆောင်တတ်သောကြောင့် ဖြစ်သည်။
ထိုသို့တွေးနေရင်းမှ မြွေဟောက်အင်ပါယာအား အဘယ်ကြောင့် တိုက်ခိုက်သနည်းနှင့် မည်သို့တိုက်ခိုက်သွားသည်ကို သိလိုလာသည်။
"ဘယ်လိုပျောက်ကွယ်သွားတယ်ဆိုတာကော စုံစမ်းလို့ရခဲ့လား"
"အဲ့ဒါတော့ ပြောရခက်ခဲနေပါတယ်"
စစ်သူကြီး၏စကားကြောင့် စွန်ရဲအင်ပါယာဘုရင်လည်း အောင့်သက်သက်ဖြစ်သွား၏။
ဂရိတ်တိုင်းပြည်မှ လက်တုံ့ပြန်သည့်အနေဖြင့် မြို့နှစ်မြို့အား ဖျက်စီးပစ်ခဲ့ကြောင်းသာ သတင်းထုတ်ပြန်ခဲ့ပြီး မည်သို့မည်ပုံ တိုက်ခိုက်ခဲ့ကြောင်း မဖော်ပြခဲ့ပေ။
ထို့ကြောင့် စွန်ရဲအင်ပါယာဘုရင်သည် သိချင်လိုစိတ် ပြင်းပြနေသည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဂရိတ်တိုင်းပြည်သည်
လုံခြုံရေးအလွန်တရာမြင့်မားလှသော မြွေဟောက်အင်ပါယာ၏နယ်စပ်အား ဖြတ်ကျော်ကာ မြွေဟောက်နယ်မြေ၏အလည်အနား၌ ရှိနေသော မြို့နှစ်မြို့ကိုမှ ရွေးချယ်ကာ လက်တုံံ့ပြန်ခဲ့သောကြောင့်ဖြစ်သည်။
"သမီး...သမီးသိတယ်"
ဆယ်လီနာသည် သူတို့နှစ်ယောက်၏စကားဝိုင်းထဲသို့ ဝင်ရောက်လာပြီး သူမရရှိလာသော ကျောက်တုံးကို ဖော်ပြလိုက်သည်။
ထိုကျောက်တုံးမှ လေယာဥ်ပေါ်မှ လူများတစ်ယောက်ပြီး တစ်ယောက်ဆင်းလာပြီး လေထဲ၌ လူ့ဘီလူးများအသွင်ပြောင်းလဲသွားပုံ ထိုလူ့ဘီလူးများမှ မြေပြင်သို့ကျသောအခါ မြင်သမျှအရာအားလုံးအား ဖျက်စီးပစ်ပုံတို့ကို ထုတ်လွှင့်ပြသလေသည်။
ထိုသို့သော ပြသမှုကြောင့် စစ်သူကြီးနှင့် စွန်ရဲအင်ပါယာဘုရင်တို့သည် မျက်လုံးပြူးကာ အံ့အားသင့်ကုန်ကြလေသည်။
ထိုကျောက်တုံးသည် အကျဥ်းချုံကာ ပြသခြင်းဖြစ်သော်လည်း နှစ်နာရီမျှ ကြာမြင့်သည်။
ထိုနှစ်နာရီမျှကြာသည်ကို ကြည့်ပြီးသော အခါ စစ်သူကြီးနှင့်စွန်ရဲအင်ပါယာဘုရင်တို့သည် ပြောစရာစကားများပင် ပျောက်ဆုံးသွားခဲ့ကြသည်။
"သမီး ဂရိတ်တိုင်းပြည် သွားတုန်းက သူတို့စစ်တပ် က စစ်သည်တွေ အဲ့ဒါကြည့်နေချိန်နဲ့ ကြုံသွားတော့
တောင်းလာတာလေ "
"သူတို့ဒီတိုင်းပေးလိုက်တာလား"
စစ်သူကြီးနှင့်စွန်ရဲအင်ပါယာဘုရင်တို့သည် ဆယ်လီနာအား အံ့သြသောအမူရာဖြင့် ကြည့်နေကြသည်။
"ဟုတ်တယ်လေ နှစ်ခေါက်တောင်မပြောရဘူး လိုချင်ယူသွားဆိုလို့ယူလာတာ"
ဆယ်လီနာသည် မည်သို့မည်ပုံယူလာကြောင်း အေးဆေးပင် ပြောနေ၏။
သူ၏ဘေး၌ရှိသော နှစ်ယောက်ကတော့ မျက်နှာအခြေနေမကောင်းကြောင်းကိုမူ သူမ သတိမထားမ်ိပါချေ။
သူတို့အံ့အားသင့်နေသည်မှာ ထိုမျှအရေးကြီးသော အရာကို ဆယ်လီနာအား အလွယ်တကူပေးခဲ့သောကြောင့်ဖြစ်သည်။
ဤသည်မှာ စွန်ရဲအင်ပါယာမှ မိမိတို့အား ရန်စပါက အကျိုးဆက်မှ ထိုသို့ဖြစ်မည်ဟု သွယ်ဝိုက်သတိပေးခြင်းကြောင်း သူတို့နှစ်ယောက် စိတ်ထဲ တထစ်ချ ယုံကြည်လိုက်သည်။
တကယ်တမ်းတွင်ကာ ဆယ်လီနာသည် ဂရိတ်တိုင်းပြည်၏စစ်တပ်တွင် အရေးကြီးသော လက်နက်များမှလွှဲ၍ တခြားအရာများတောင်းဆိုပါက လိုက်လျောပေးရန် ဂျိတ်မှ အမိန့်ပြန်ထားပြီး ဖြစ်ရာ
ဆယ်လီနာမှ အဆင့်မြင့်လက်နက်ဆန်းများအသုံးပြုခြင်းနှင့် နျူတင်ယာဥ်မောင်းခြင်းမှ လွှဲလျှင် ကျန်သောတောင်းဆိုမှုတိုင်းအား လိုက်လျောပေးကြမည်ဖြစ်သည်။
ဂျိတ်သည် ထိုသို့တိုက်ခိုက်ခဲ့ပါကြောင်းကို သူ၏တိုင်းပြည်၌ ရှိသော စစ်တပ်မှ လူများကိုသာ ပြသခဲ့သည်ဖြစ်သည်။
ထိုသို့ပြသခြင်းဖြင့် မိမိတို့အား မည်သူမျှရန်စနိုင်ခြင်းမရှိကြောင်း စိတ်တက်ကြွလာစေရန်လုပ်ဆောင်ခဲ့သည်ဖြစ်သည်။
"အယ် သမီးမေ့နေတာ လေယာဥ်ဆီမဝယ်ခဲ့ရသေးဘူး ထပ်သွားဝယ်ဦးမယ်"
ဆယ်လီနာမှ ပြောဆိုပြီးထွက်သွားသော်လည်း
သူတို့နှစ်ယောက်မှာ အတွေးနွံထဲ နှစ်နေဆဲ ဖြစ်သည်။
သူတို့နှစ်နာရီကြာမျှကြည့်ခဲ့သော ပုံရိပ်များသည် မကြည့်ဖြစ်တော့သော်လည်း မြင်ယောင်နေဆဲ ဖြစ်သည်။
ရန်သူမြို့နှစ်မြို့နှင့် လူပေါင်းသိန်းချီအား လူအင်အားများစွာ အသုံးပြုခြင်းလည်းမရှိသည့်အပြင် ထိုသို့ဆန်းကြယ်လှသောနည်းဖြင့် မြွေဟောက်အင်ပါယာအား သူ၏လူကိုပြန်လည်အသုံးချကာ တိုက်ခိုက်စေသောနည်းများကြောင့် သူတို့၏ရင်ထဲထိပင် ကြောက်စိတ်များဝင်လာပြီး ကြက်သီးမွှေးများပင် ထလာခဲ့ကြသည်။
လူ့ဘီလူးများကိုသာ အသုံးချပြီး လူမျိုးတုန်းလုနီးနီးအထိလုပ်ပစ်လိုက်သော ဂျိတ်၏လုပ်ရပ်ကို တွေးပြီး နောက်နောင် ဘယ်တော့အခါမှ ရန်မစရန် ဆုံးဖြတ်လိုက်ကြလေတော့၏။