← Chapters

အခန်း ၄၅၅

Vol. 31 Ch. 455

အခန်း ၄၅၅

Vol. 31 Ch. 455

(455)ကပ်ရောဂါ ပြန်ပေါ်လာခြင်း

သတင်းထုတ်ပြန်ပြီးနောက် အခြေနေသည် ပြန်လည်တည်​ငြိမ်လာ၏။

တည်​ငြိမ်လာသည်နှင့်အမျှ ဂရိတ်တိုင်းပြည်သို့ လာရောက်လည်ပတ်သူများ ပိုမိုများပြားလာလေသည်။

ဂရိတ်တိုင်းပြည်သည် စစ်ဖြစ်သောတိုင်းပြည်ဖြစ်သော်လည်း အမြဲတမ်းစစ်ပွဲများဖြစ်နေသော ခေတ်တွင် ယခုနှစ်များ၌ အတော်လေး တည်ငြိမ်အေးချမ်းသော တိုင်းပြည် ဟု လူသိများလာသည်။

လူသိများလာခြင်းမှာ ထိုအချက်ကြောင့်သာမက ထူးဆန်းသောပစ္စည်းများ၊လက်နက်များ၊အစားသောက်များနှင့် ပျော်ရွှင်ဖွယ်အတိဖြစ်နေသော နေရာများကြောင့်လည်း ဖြစ်သည်။

နေရာတိုင်း၌ ဂရိတ်တိုင်းပြည်၏ပစ္စည်းများသည် အသုံးဝင်ပြီး အရေးပါနေ၏။

ထိုပစ္စည်းများအား ရောင်းချသော သူများသည်လည်း တခြားသော အရောင်းဝယ်များထက် အမြတ်စွန်းများစွာ ကျန်သည်ဖြစ်ရာ ဂရိတ်တိုင်းပြည်အား စိတ်ဝင်စားမှုများပြားလာသည်။

ယခင်က ကုန်သွယ်ခွင့် ပိတ်ဆို့သည်ဆိုသော သူများပင် ဂရိတ်တိုင်းပြည်သို့လာကာ တောင်းပန်မှုများ ပြူလုပ်ကြရလေသည်။

ဂရိတ်တိုင်းပြည်၏ပစ္စည်းများကို ဝယ်ယူလိုပါကလည်း ဂရိတ်တိုင်းပြည်၌သာ ရရှိနိုင်သည်ဖြစ်ရာ ဂရိတ်တိုင်းပြည်သို့လာရောက်သူများပြားသည်လည်း ဖြစ်သည်။

လာရောက်သူများသည်ဖြစ်ရာ ဂရိတ်တိုင်းပြည်၏နယ်စပ်ဝင်ပေါက်များသည် ယခင်လို စည်းကမ်းတင်းကြပ်မြဲ ဖြစ်သည်။

လာရောက်သူတိုင်းအား သတ်ဆိုင်ရာ မှတ်ပုံတင်ကတ်များ လုပ်ပေး၏။ ထိုကတ်များဖြင့်သာလျှင် ဂရိတ်တိုင်းပြည်၌ ကိစ္စအဝဝကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။

နောက်ပြီး ရောင်းဝယ်ရေးအတွက် အဆင်ပြေစေရန်လည်း လုပ်ဆောင်ပေးထားသည်။

ဂရိတ်တိုင်းပြည်၌ ဝယ်ယူနိုင်စေရန်အတွက် ပါလာသော ငွေဒင်္ဂါးများနှင့် ရွှေများကို နယ်စပ်မြို့များ၌ပင် မှတ်ပုံတင်၌ပါရှိသော အမှတ်များအဖြစ် လဲလှယ်နိုင်၏။

ဂရိတ်တိုင်းပြည်၌ ဝယ်ခြမ်းပြီးသောအခါတွင်လည်း ကတ်၌ ကျန်နေသေးသော အမှတ်များကို ရွှေငွေများနှင့် ပြန်လည်လဲလှယ်နိုင်သည်ဖြစ်၏။

ထိုသို့သောလုပ်ဆောင်မှုကြောင့် လက်ရှိအချိန်၌ ဂရိတ်တိုင်းပြည်သည် အလွန်တရာစည်ကားနေသည်ဖြစ်သည်။

ထိုသို့စည်ကားမှုများမှ ခိုးမှု၊လုယက်မှုများနှင့် တခြားသော ကိစ္စများ မဖြစ်စေရန် ဂရိတ်တိုင်းပြည်ရဲတပ်ဖွဲ့များနှင့် စစ်သည်များက တာဝန်ယူစောင့်ရှောက်ပေးသည်။

သေးငယ်သောပြစ်မှုများ ကျူးလွန်ပါ သူနှင့်ထိုက်တန်သော ပြစ်ဒဏ်ဖြစ်သော ငွေဒဏ်၊ထောင်ချခြင်း၊အလုပ်ကြမ်းလုပ်စေခြင်းတို့ကို လုပ်စေပြီး ဂရိတ်တိုင်းပြည်သို့ ဝင်ရောက်ခွင့် လေးလမှ စ၍ ပိတ်ပင်ခြင်းပြု၏။

ကြီးလေးသောပြစ်ဒဏ်များဆိုပါက ရာသက်ပန်ပိတ်ပင်ခြင်းနှင့် သေဒဏ်အထိပါ လုပ်ဆောင်မည်ဖြစ်သည်။

မြွေဟောက်အင်ပါယာကိုပင် ရန်စရဲသောတိုင်းပြည်ဖြစ်သောကြောင့် ဂရိတ်တိုင်း​ပြည်အား

လာရောက်လည်ပတ်ရောင်းဝယ်ကျသော သူများသည် အံ့သြဖွယ်ကောင်းလောက်အောင် စည်းမျဥ်းစည်းကမ်းများ လိုက်နာကြကြောင်း တွေ့ရှိကြလေသည်။

လာရောက်လည်ပတ်သူများသည် ဂရိတ်တိုင်းပြည်သို့ရောက်ပါက မိမိထက် အဆင့်နိမ့်ပါးသော ဂရိတ်တိုင်းပြည်၏ရဲများကို ရန်စရန်မပြောနှင့် အင်မတန်ကြောက်ရွံ့လေးစားကြရသလို ဂရိတ်တိုင်းပြည်၏သာမန်ပြည်သူပြည်သားများကိုလည်း တလေးတစား ဆက်ဆံကြရ၏။

"အခြေနေဘယ်လိုရှိလဲ"

ဂရိတ်တိုင်းပြည်၏ရဲအရာရှိသည် သူ့၏လက်အောက်ငယ်သားဖြစ်သော ရဲတစ်ဦးအား မေးလိုက်သည်။

"လတ်တလောအခြေနေကောင်းပါတယ်...ကျနော်တို့ဘုရင်ကြီးသတင်းထုတ်ပြန်ပြီးနောက်ပိုင်း အပြင်ကလာရောက်လည်ပတ်သူတွေက ခိုက်ရန်ဖြစ်ပွားမှု ကိစ္စတွေ မရှိသလောက်ကို ရှားပါးလာပြီး စည်းကမ်းလိုက်နာနေကြပါတယ်

ထိုသတင်းကြောင့် ရဲအရာရှိလည်း ခေါင်းညိတ်လိုက်ပြီး စိတ်သက်သာရာရသွားသည်။ အကယ်၍ အရေးပေါ်သတင်းရှိပါက သူအနေဖြင့် အမြန်ဆုံး ဆောင်ရွက်ပြီး ဘုရင်အပေါ်တာဝန်ကျေပွန်စေလိုသည်ဖြစ်သည်။

"အရေးပေါ်သတင်းပါ လာရောက်လည်ပတ်သူတွေထဲက တစ်ယောက်က အလွန်ပြင်းထန်တဲ့ရောဂါသယ်ဆောင်လာကြောင်း တွေ့ရပါတယ်"

ရဲတစ်ဦးမှ ကော်ဖီသောက်ရန် ပြင်ဆင်နေသော ရဲအရာရှိထံအပြေးလွှား သတင်းပို့၏။

"ဘယ်မှာလဲ"

"ကျနော်တို့နယ်စပ်ဝင်ပေါက်ဂိတ်မှာ စစ်ဆေးတွေ့ရှိတာပါ"

ထိုအခါ ရဲအရာရှိသည် ချက်ချင်းပင် ဆက်သွယ်ကိရိယာအား ထုတ်ကာ အထက်သို့ညွှန်ကြားလိုက်သည်။

သုံးမိနစ်အတွင်းမှာပင် လက်ခံရရှိကြောင်း ရဲအရာရှိအား သတင်းပြန်လည်ပေးပို့လာပြီး သက်ဆိုင်ရာအဖွဲ့အား ချက်ချင်းစေလွှတ်လိုက်ပြီ ဖြစ်ကြောင်း ထိုနေရာသို့ အမြန်ဆုံးသွားနေကြောင်း ဖော်ပြထား၏။

နယ်စပ်ဝင်ပေါက်ဂိတ်၌ လူတစ်ယောက်အား သက်ဆိုင်ရာ ရဲများမှ ဝန်းရံထားကြသည်။

ဝန်းရံခံထားရသောလူသည် စစ်သည်တော်တစ်ယောက်ဖြစ်ပြီး ရွှေအဆင့်၌ရှိ၏။

ရွှေအဆင့်၌ရှိသော်လည်း ထိုလူသည် အသားရေဖြော့တော့နေပြီး အားနည်းသောအသွင်ရှိနေ၏။

"ကျနော်ကို ကယ်တင်ပေးကြပါ"

သူ၏လူမမာအသံကြောင့် ဘေးနား၌ရှိနေသော လူများပင် အဝေးသို့ ရှောင်ခွာသွားကြသည်။ထို့ကြောင့် သူ၏အနား၌ ဂရိတ်တိုင်းပြည် ဂိတ်စောင့်နှင့် ရဲတစ်ချို့သာ ကျန်ရစ်ခဲ့၏။

ဂိတ်စောင့်းမှ ရဲတစ်ဦးအား

"ကျနော်တို့ ဘယ်လိုလုပ်ကြမလဲ"

"မပူနဲ့ ငါအထက်ကို အကြောင်းကြားထားတယ် ပြောရင်းဆိုရင်း သူတို့လာနေပြီ"

ထိုအချိန်၌ ကောင်းကင်၌ လေယာဥ်တစ်စင်းသည် ပျံသန်းလာပြီး ၎င်းတို့တည်ရှိရာနေရာအနားသို့ ဆင်းသက်လာသည်။

"ဒါက ဂရိတ်တိုင်းပြည်ရဲ့နာမည်ကြီးပဲ"

ထိုလေယာဥ်အား မြင်လိုက်ကြသော ဂရိတ်တိုင်းပြည်၏ပြင်ပမှ လူတိုင်းသည် တီးတိုးဆွေးနွေးကြပြီး အားကျသော အကြည့်များဖြင့် ကြည့်ရှုနေကြသည်။

ဂရိတိုင်းပြည်၏လေယာဥ်များသည် လတ်တလော၌ ဆန်းကြယ်သော တည်ရှိမှုအဖြစ် ကျော်ကြား၏။ထို့ကြောင့်လည်း လက်ရှိ၌ မြင်တွေ့လိုက်ရသောအခါ ယခုလို ဖြစ်ပေါ်လာသည်ဖြစ်သည်။

လေယာဥ်ထဲမှ အဖြူရောင်ဝတ်စုံပြည့် ဝတ်ဆင်ထားသော စစ်သည်တော်များသည် ထွက်လာခဲ့ကြသည်။

သူတို့သည် ဆယ်ယောက်မျှရှိပြီး သူတို့၏ရင်ဘတ်၌ ဆေးတပ်ဖွဲ့ဟူသော အမှတ်သားများပါရှိကြသည်။

ကျောဘက်တွင်လည်း အမျိုးမည်မသိနိုင်သော ပစ္စည်းများထည့်ထားသော ဂရိတ်တိုင်းပြည်၏တံဆိပ်ပါရှိသော ကျောပိုးအိတ်ကို ကိုယ်စီလွယ်ထားကြသည်။

၎င်းတို့သည် ဂိတ်ပေါက်အနီး၌ ရှိသော လူထံသို့ သွားရောက်ကာ ချက်ချင်းပင် စစ်ဆေးလိုက်ကြသည်။

စစ်ဆေးပုံမှာ ဖျော့နေပြီး ရောဂါရှိသည့်ဟု သံသယဝင်စရာကောင်းသော စစ်သည်အား အသာတကြည်နေစေပြီး သူ၏လက်ချောင်းထိပ်မှ သွေးတစ်စက်ကို ထုတ်ယူလိုက်သည်။

ထိုစစ်သည်လည်း ဂရိတ်တိုင်းပြည်၏ဆေးတပ်ဖွဲ့သားများလုပ်သမျှကို ငြိမ်ခံနေသည်။ သူသည် သူခံစားနေရသောရောဂါကို ဂရိတ်တိုင်းပြည်မှ ကုသနိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် ရောက်ရှိလာသူလည်းဖြစ်ပေသည်။

သွေးတစ်စက်ကို ထုတ်ယူပြီးသောအခါ ဆေးတပ်ဖွဲ့သားတစ်ယောက်မှ သူ၏ကျောပိုးအိတ်မှ အမည်မသိသောအရာတစ်ခုအား ထုတ်ကာ ဖွင့်လိုက်သည်။

ထိုအရာထဲ၌ရှိသော နေရာတစ်ခုတွင် ထိုသွေးစက်အား ချလိုက်သည်။

ထိုအရာသည် ရောဂါအမျိုးမည်ခွဲခြားပေးနိုင်စွမ်းရှိသော စက်ဖြစ်ပြီး ယနေ့ခေတ်၏ လက်တော့အသေးစားလေးနှင့် ဆင်တူ၏။

သွေးတစ်စက်ရရှိယုံဖြင့် သွေးစက်၌ပါရှိသော လက္ခဏာများကို ဖော်ထုတ်ပေးနိုင်စွမ်းရှိသည်ဖြစ်သည်။

သွေးတစ်စက်ရောက်ရှိသွားသည်နှင့် ထိုအရာသည် ချက်ချင်းပင် အလုပ်လုပ်ပြီး သွေးစက်မှ အချက်လက်များကို ခွဲခြားပေးတော့သည်။

နှစ်မိနစ်မျှကြာသောအခါ အချက်လက်ခွဲခြားပြီးကြောင်း အသံထွက်လာပြီး ရလာဒ်ကို တင်ပြလေတော့၏။

ထိုရလာဒ်အား မြင်လိုက်သော ဆေးတပ်သားသည် တုန်လှုပ်သွားပြီး ဘေး၌ရှိနေသော ဆေးတပ်သားများအား ချက်ချင်း ပြောဆိုလိုက်သည်။

ထိုသို့ပြောဆိုပြီး ဆယ်မိနစ်ကြာသောအခါ ထိုနယ်စပ်ဂိတ်၌ အလုပ်များသွားကြတော့၏။

ထိုနယ်စပ်ဂိတ်သို့ နောက်ထပ်သော လေယာဥ်ပျံတစ်စင်းရောက်လာကာ နယ်စပ်ဂိတ်နေရာအား ဆေးများဖျန်းသွားလေသည်။

ထို့ပြင် ထိုနေရာ၌ ရှိနေကြသော လူတိုင်းသည် ဆေးစစ်မှုအား ခံယူကြရမည်ဖြစ်ကြောင်း သတိပေးခြင်းခံကြရသည်။

မခံပါက အသေပစ်ခတ်မည်ဖြစ်ကြောင်း ထုတ်ပြန်လာရာ လူတိုင်းသည် လူမမာဖြစ်နေသော စစ်သည်နှင့်ပတ်သက်ပြီး ထိုကိစ္စသည် ပေါ့သေးသေးမဟုတ်ကြောင်း သိရှိလိုက်ကြသည်။

ထိုအချိန်၌ ဆေးတပ်သားများသည် လူမမာစစ်သည်အား မေ့ဆေးထိုးပေးပြီးလျှင် မိမိတို့အား တင်ဆောင်လာသော လေယာဥ်နှင့် အတူခေါ်ဆောင်သွားလေသည်။

"အရေးကြီးတယ် ငါတို့အရာရှိတွေကို တင်ပြမှဖြစ်မယ်"

အမျိုးမည်ခွဲခြားသော စက်၏ရလာဒ်အား သေချာကြည့်ရှုနေသော ဆေးတပ်သားရေရွတ်လိုက်သည်။

သူမြင်နေသော ရလာဒ်ကား သွေးဝမ်းပလိပ်ရောဂါပင်ဖြစ်လေသည်။

All Chapters