အခန်း ၄၅၆
Vol. 31 Ch. 456
(456)ဖြေဆေးတွေ့ရှိခြင်း
"ဘာပြောတယ်"
ဂရိတ်တိုင်းပြည်၏ဆေးဌာနတစ်ခုလုံး အလုပ်ရှုပ်သွားကြသည်။
အရေးပေါ်စေလွှတ်လိုက်သော ဆေးတပ်ဖွဲ့မှ အလွန်ပြင်းထန်သော ရောဂါပိုးရှိသူကို သယ်ဆောင်လာကြောင်း သိလိုက်သောအခါ ပွက်လောရိုက်ခတ်ကုန်သည်။
ခေတ္တအတွင်း ဌာနတစ်လုံးရှိ ကုသရေးအဖွဲ့များသည် စနစ်တကျ ချက်ချင်းပင် လှုပ်ရှားလိုက်ကြ၏။
ရောဂါပိုးသယ်လာသောလူနာအား ထားရန် နေရာအထိုင်ခင်းနှင့် ထိုလူနာအား ထိတွေ့ကိုင်တွယ်ရန်အတွက် ပိုးသတ်ထားပြီးသော အထူးဝတ်စုံများကို ဝတ်ဆင်ပြီး တည်ငြိမ်စွာ စောင့်ဆိုင်းနေကြသည်။
ကုသရေးအဖွဲ့မှ တည်ငြိမ်စွာ စောင့်ဆိုင်းသလောက် သုတေသနအဖွဲ့မှဆေးဆရာများသည် ကသောင်းကဗျောင်း ဖြစ်ပျက်သွားကြသည်။
ထိုဆေးဆရာများသည်
"သူက ဘာရောဂါပိုးဘယ်ဆောင်လာတာလဲ"
"ဘယ်လိုရောဂါမျိုးလဲ သိပ်ပြင်းတာမျိုးလား "
ချက်ချင်းပင် ဆွေးနွေးပွဲ ဖြစ်သွားကြသည်။
ထိုရောဂါပိုးသယ်ဆောင်လာသူအား ဆေးဆရာများအနေဖြင့် ကြောက်လန့်၍မဟုတ်ဘဲ အလွန်တရာစိတ်ဝင်စားပြီး တက်ကြွနေဟန်ရှိသည်။
အဘယ်ကြောင့်ဆိုသော် ဆေးဌာနဖွင့်ပြီး ယခုချိန်ထိတိုင်အောင် အလွန်တရာပြင်းထန်သော ရောဂါမျိုး မတွေ့ဖူးသောကြောင့်ဖြစ်သည်။
ယခုရောဂါမတိုင်မှီ သူတို့တွေ့ရှိဖူးသော ရောဂါသည် အလယ်လတ်အဆင့်ထိသာဖြစ်ပေသည်။
ဖျားနာကိုက်ခဲခြင်းနှင့်
တွေ့ရှိခဲ့သော ရောဂါတိုင်းအား ဆေးဌာနသည် အမျိုးမျိုးလေ့လာပြီး မည်သို့မည်ပုံလုပ်ဆောင်ပါက
အမြစ်ပြတ်ပျောက်ကင်းစေနိုင်သည်အထိ ဆေးဝါးများ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်။
အချိန်အားနေသောကြောင့် ထိုဆေးများကိုပင် ထိုးဆေး၊သောက်ဆေးနှင့် လိမ်းဆေးအထိပင် အမျိုးမျိုးပြောင်းလဲ ဖန်တီးလိုက်ကြသေး၏။
အစပိုင်း၌ ဂျိတ်သည် ဆေးသုတေသနအဖွဲ့အတွက် အသိပညာများအတွေ့ကြုံများ ရင့်ကျက်တိုးပွားလာစေရန်အတွက် သုတေသနလုပ်ဆောင်နိုင်ရန် အဆင့်နိမ့်ရောဂါပိုးများကို ဦးစွာ လက်တွေ့လေ့လာစေပြီး ဖြေဆေးများထုတ်စေခြင်းနှင့် ရောဂါပိုးများ၏သဘောသဘာဝကို သိရှိစေသည်။
ဆေးသုတေသနအဖွဲ့၌ရှိသော ဆေးဆရာများ၏ ကြောက်မက်ဖွယ်ကောင်းအောင် စိတ်အားထက်သန်မှူနှင့် ၎င်းတို့၏လေ့လာဖန်တီးနိုင်စွမ်းများကြောင့် ဂျိတ်ပင် တုန်လှုပ်ခဲ့ရသည်။
သူတို့၏စိတ်အားထက်သန်မှုများကြောင့် ဂျိတ်သည်
ဆင့်မြင့် ပြင်းထန်လွန်းသော ရောဂါပိုးများကို ထုတ်ပေးဝံ့ခြင်းမရှိတော့ဘဲ ဂရိတ်တိုင်းပြည်၌ တွေ့ရှိသမျှသော ရောဂါပိုးများကိုသာ သုတေသနလုပ်ဆောင်နိုင်ကြောင်း ထုတ်ပြန်ခဲ့ရသည်။
ထိုမျှထိ စိတ်အားထက်သန်သောဆေးဆရာများသည် မိမိတို့တွေ့ရှိသမျှသော ရောဂါတိုင်းအတွက် ဖြေဆေးများထုတ်ဖော်လိုက်ကြသည်။
ဤမျှလုပ်သည်ကိုပင် အားလပ်နေသေးသောကြောင့် ပျင်းရိနေချိန်၌ ပြင်းထန်သောရောဂါပိုးရှိလူနာအား တွေ့ကြောင်း သတင်းကြားရသောအခါ သူတို့၏စိတ်ဓာတ်များ တက်ကြွလာခဲ့သည်ဖြစ်သည်။
"တွေ့ပြီ သွေးဝမ်းပလိပ်ရောဂါတဲ့"
"ဝိုးးးးးးးးးး"
ရောဂါ၏နာမည်အား သိသည်နှင့် ဆေးဆရာများ၏ မျက်လုံးများ တောက်ပလာကြသည်။
"ငါကြားဖူးတယ် လွန်ခဲ့တဲ့နှစ်တစ်ရာက ကူးမိသူတိုင်း သေဆုံးကြရတဲ့ မဟာကပ်ရောဂါမျိုးကွ အဲ့ဒါက"
"ဒိုင်းမွန်းအဆင့်တောင် လွတ်ဖို့လမ်းမမြင်တဲ့အထိ ကြမ်းတယ်"
"ဝိုး.....နောက်ဆုံးတော့ ငါတို့အဆင့်မြင့် ရောဂါကို သုတေသနလုပ်နိုင်တော့မယ်ကွ"
ရောဂါပိုးရှိ လူနာပင် မရောက်သေးသော်လည်း မည်သို့မည်ပုံခွဲခြမ်းစိတ်ဖြာသင့်ပြီး မည်သို့လုပ်သင့်ကြောင်းပင် ကြိုတင်ဆွေးနွေးထားကြလေသည်။
"ရောက်ပါပြီ"
မိနစ်နှစ်ဆယ်ကြာသောအခါ ရောဂါပိုးရှိသူ သယ်ဆောင်လာသော လေယာဥ်သည် ဆေးဌာနာရှေ့သို့ ရောက်ရှိလာသည်။
"ဘာ..ဘာကြီးလဲ"
ဖျော့တော့နေသော စစ်သည်တော်သည် လေယာဥ်ပေါ်မှအဆင်း ဆေးဌာန၏ခမ်းနားမှုကြောင့် အံသြသွားသည်။
အထပ်ငါးဆယ်မျှ မြင့်မားသော ဆေးဌာန၏အဆောက်ဦးကြောင့် တစ်ခါမှ မမြင်ဖူးသောသူ့အတွက် အထူးဆန်းလိုဖြစ်နေသည်။
"သူ့ကို သယ်သွားကြပြီးရင် လုပ်ထုံးလုပ်စဥ်အတိုင်း ဆောင်ရွက်ကြပါ"
ကုသရေးဌာနမှ သူနာပြုများသည် ပိုးသတ်ထားသော ဝတ်စုံများဖြင့် ရောက်ရှိလာပြီး ရောဂါပိုးရှိသူအား အခန်းတစ်ခုသို့ခေါ်ဆောင်သွားကြသည်။
အခန်းထဲသို့ရောက်သည်နှင့် ကုတင်တစ်ခု၌ အနားယူစေသည်။ အနားယူနေသော လူနာအနား၌ သူနာပြုများသည် သွေးဖောက်သူကဖောက် ၊ ဆေးသွင်းသူကဆေးသွင်း စသည်ဖြင့် ကိုယ်စီအလုပ်ကို ဆောင်ရွက်နေကြ၏။
ဤသည်ကို ထိုလူနာသည် ကြည့်နေရုံသာ တတ်နိုင်သည်။ သူတို့သည် မည်သို့သောအလုပ်များလုပ်နေမှန်း မိမိအနေဖြင့် မသိသော်လည်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာစေရန် လုံးပမ်းနေကြောင်းကိုတော့ နားလည်သည်ဖြစ်၏။
"ငါ သွေးရလာပြီ အခုပဲ အဖြေရှာတော့"
ကုသရေးအဖွဲ့အလုပ်ရှုပ်ပြီးသွားနှင့်သည် သုတေသနအဖွဲ့လည်း စတင်အလုပ်ရှုပ်သွားသည်။
တိတ်ဆိတ်ငြိမ်သက်နေသော ဆေးဌာန၏ဓာတ်ခွဲခန်းသည်လည်း ယနေ့၌ ပြန်လည်အသက်ဝင်လာခဲ့သည်။
ဆေးဆရာများသည်လည်း ဓာတ်ခွဲခန်းထဲသို့ ပိုးသတ်ထားသော ဝတ်စုံအဖြူများ ဝတ်ဆင်ပြီး ရရှိလာသော သွေးမှ ရောဂါပိုးအား စတင်ရှာဖွေဆန်းစစ်ကြတော့သည်။
ကုသရေးအဖွဲ့မှလည်း လူနာ၏အခြေအနေအား နာရီဝက်ခြားတစ်ခါ အခြေနေစစ်ဆေး၏။
"သူ့ကို အားဆေးနှင့်ပိုးသတ်ဆေး တိုက်ထားတော့
အခြေအနေ အနည်းငယ်တိုးတက်လာပါတယ် ဒါပေမဲ့ ပျောက်ကင်းအောင် မလုပ်နိုင်ပါဘူး အခြေနေကို ဒီထက်ပိုမဆိုးနိုင်အောင် နှစ်ရက်တော့ ထိန်းထားနိုင်စွမ်းရှိပါတယ်"
ရရှိလာသော အခြေအနေများကို ကုသရေးအဖွဲ့မှ သုတေသနအဖွဲ့သို့ ပေးပို့၏။ ထိုပေးပို့လာသော ရလာဒ်များကို ကြည့်ကာ သုတေသနအဖွဲ့မှ ဖတ်ရှုပြီး မည်သို့မည်ပုံလုပ်သင့်ကြောင်း ဆိုကာ ဆက်လက်အဖြေရှာကြ၏။
သူတို့သည် ရောဂါပိုးကိုလည်း အနိုင်တိုက်ထုတ်ပြီး လူ၏ကိုယ်ခံအားစနစ်ကိုလည်း ရန်မပြုသည့်အပြင် သဟဇာတဖြစ်ကာ အားဖြည့်ပေးနိုင်သော ဆေးဝါးမျိုးရရန် ကြိုးစားလုပ်ဆောင်နေကြသည်ဖြစ်သည်။
ထိုသို့သော ဆေးဝါးမျိုးသည် လွန်စွာပင် ခက်ခဲလှသည်ဖြစ်သည်။
သို့သော်လည်း သုတေသီများ၏စိတ်တွင် ထိုသို့ရှာဖွေရေးသည် ၎င်းတို့အတွက် လွန်စွာစိတ်လှုပ်ရှားစရာကောင်းသော စွန့်စားခန်းမျိုးသဖွယ် ဖြစ်၏။
ဤသို့ဖြင့် လေးနာရီကြာသောအခါ
"နောက်ဆုံးတော့ ရှာတွေ့သွားပြီကွ"
ဆေးဆရာတစ်ယောက်သည် သူ၏လက်၌ရှိသော ဆေးရည် ကို ကိုင်ကာ ဝမ်းသာအားရအော်ဟစ်လိုက်သည်။
သူ၏ရှေ့တွင်လည်း လှောင်အိမ်ထဲ၌ ကြွက်တစ်ကောင်ရှိသည်။
ထိုကြွက်သည် လွန်ခဲ့သော နှစ်နာရီခန့်က ရောဂါကူးစက်ခံထားရသော ကြွက်ဖြစ်သော်လည်း ယခုအခါ အကောင်းပကတိအတိုင်း ဖြစ်နေပြီဖြစ်သည်။
အဲ.....ဖြေဆေးမတွေ့ရှိခင်အထိ သေဆုံးသွားသော ကြွက်လည်းအကောင်ရေ ရှစ်ဆယ့်ငါးကောင်သည် ဓာတ်ခွဲခန်း၏ထောင့်နေရာရှိ ပုံးတစ်ခု၌ ရှိနေသည်။
ထိုကြွက်သေများသည် ရောဂါပိုးသယ်ဆောင်ထားသောကြောင့် မီးမြိုက်သန့်စင်ခံရမည်ဖြစ်သည်။
ဖြေဆေးရှာဖွေတွေ့ရှိသွားသောသူအား
ကျန်သော ဆေးဆရာများကလည်း ဂုဏ်ပြုလိုက်ကြသည်။
"ဒီလောက် စိတ်လှုပ်ရှားဖို့ကောင်းတာ တစ်ခေါက်မှ မကြုံဖူးသေးဘူး"
"အေးဟုတ်တယ်ဟေ့ ဒီတစ်ခေါက် တော်တော်လေးမိုက်တယ်"
"ငါတို့ရှာတာ လေးနာရီကြီးတောင် ကြာသွားတာဟေ့"
"ဒါ အကြာဆုံးစံချိန်ကွ"
ဖြေဆေးတွေ့ရှိသည်နှင့် သုတေသနအဖွဲ့သည် ကုသရေးအဖွဲအား လွှဲပြောင်းပေးလိုက်သည်။
ကုသရေးအဖွဲ့လည်း ဖြေဆေးရရှိသည်နှင့် လူနာအား ဆေးထိုးပေးလိုက်သည်။
ဆေးထိုးပြီး နာရီဝက်ကြာသောအခါ လူနာသည် ပြန်လည်ကောင်းမွန်သော လက္ခဏာများ ပြသလာ
ပြီး နေကောင်းစအခြေနေသို့ ပြန်လည်ရောက်ရှိလာသည်။
လူနာကောင်းမွန်ကြောင်းတွေ့ရှိသည်နှင့် ထိုဖြေဆေးအား ဆက်တိုက်ထုတ်ဖော်စေ၏။
နောက်ပြီး ထိုသတင်းအား ဘုရင်ဖြစ်သော ဂျိတ်ထံပေးပို့ပြီး ထိုရောဂါပိုးဖြစ်သောလူနာလာရာလမ်းကြောင်းတိုင်း စစ်ဆေးခြင်း စတင်ဆောင်ရွက်စေသည်။
"အိုး တကယ်ကြီးလုပ်ပြတာပဲ"
သွေးဝမ်းကပ်ရောဂါတွေ့ရှိခြင်းနှင့် ဖြေဆေးထုတ်နိုင်ခြင်းစသော သတင်းကို ကြားသောအခါ ဂျိတ်ပင် သုတေသနအဖွဲ့အား အံ့သြသွားလေ၏။