အခန်း ၄၅၈
Vol. 31 Ch. 458
(458)တာဝန်ပြီးမြောက်ခြင်း
"ဝီး"
စစ်လေယာဥ်ကြီးနှစ်စင်းသည် တစ်နာရီကြာမောင်းနှင်ပြီးသောအခါ စိတ်ဝိညာဥ်ဂိုဏ်၏နယ်နမိတ်ထဲသို့ ရောက်ရှိလာကြသည်။
ထိုဂိုဏ်းသည် လွန်စွာမှ ကျယ်ဝန်းသောကြောင့် တာဝန်ထမ်းဆောင်ရန် နေရာတစ်ခုကို ရွေးချယ်ထားနှင့်ပြီးဖြစ်သည်။
ထိုနေရာသည် လူသူအရောက်ပေါက်နည်းလှသော ဒေသ၏ အလယ်၌ရှိသော တောင်ကြီးတစ်လုံးဖြစ်သည်။
ထိုတောင်ကြီးသည် သဘာဝအလျောက် ဖြစ်ပေါ်နေသော ချောက်များနှင့် လေပြင်းများ၏ ဝန်းရံခြင်းခံရပြီး ပြင်းထန်လှပြီး ပြောင်းလဲလွယ်သေယ
ရာသီဥတုရှိခြင်းကြောင့် ခံတပ်အနေဖြင့်လည်း အသုံးပြုနိုင်သောကြောင့် စိတ်ဝိညာဥ်ဂိုဏ်းမှ ထိုတောင်ကြီး၌ နေထိုင်နေကြသည်ဖြစ်သည်။
"တွေ့လား စစ်သည်တော်တို့ ဒီတောင်ကြီးက မင်းတို့တာဝန်ထမ်းဆောင်ရမဲ့နေရာပဲ...အဲ့တောင်ကြီးမှာ စိတ်ဝိညာဥ်ဂိုဏ်းသားပေါင်း လေးသောင်းကျော်နေထိုင်ကြတယ်လို့သတင်းရထားတယ် မာစတာအဆင့်ကြီးကဲတွေရှိတယ်ဆိုပင်မဲ့ သူတို့က တံခါးပိတ်ကျင့်ကြံနေကြတယ် ....ဒါကြောင့် ငါတို့အတွက် အခွင့်ရေးပဲ"
ထိုတောင်ကြီးတွင် လက်ရှိခေါင်းဆောင်နေသောသူသည် ဒိုင်းမွန်းအဆင့်တစ်ဆယ်ဖြစ်၏။ မာစတာအဆင့်မဟုတ်သရွေ့ စစ်သည်တော်များ လှုပ်ရှားရန် အခွင့်ရေးရှိကြသည်။
"ကဲ စတင်လုပ်ဆောင်ကြတော့"
ထိုအမိန့်ပေးပြီးသည်နှင့် တာဝန်သည် စတင်ခဲ့ပြီဖြစ်သည်။
စတင်လိုက်သည်နှင့် စစ်လေယာဥ်နှစ်စင်းမှ အမျိုးမည်မသိရသော ဓာတ်ငွေ့များထုတ်လွှင့်လိုက်လေသည်။
ထိုဓာတ်ငွေ့များသည် လေထဲ၌ ပြန့်နှံသွားသည်။
အရောင်မရှိအနံမရှိ သောကြောင့် မည်သူကမျှ သတိထားမိခြင်းမရှိကြပေ။
ထိုဓာတ်ငွေ့များ ထုတ်လွှင့်ပြီး ဆယ့်ငါးမိနစ်ကြာသောအခါမှသာ စစ်သည်တော်သုံးရာသည် လေယာဥ်ပေါ်မှ ဆင်းလာကြသည်။
ထိုစစ်သည်တော်သုံးရာလုံးသည် ထိုဓာတ်ငွေ့များ မရှူမိစေရန်အတွက် မျက်နှာဖုံးများအသင့်ဝတ်ဆင်လာကြပြီးဖြစ်သည်။
ထိုဓာတ်ငွေ့များသည် ရှူမိသူတိုင်း၏ချာက္ကရာစွမ်းအားများကို လျော့တိလျော့ရဲ ဖြစ်စေပြီး သန်မာမှုနှင့် ကိုယ်ခံအားကို နည်းပါးစေသည်ဖြစ်သည်။
ထို့ကြောင့် ရှုမိသူသည် နာရီပိုင်းမျှ သာမန်လူအဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။
စစ်သည်တော်သုံးရာ၏တာဝန်သည် ရောဂါပိုး၏မူလဇစ်မြစ်ကို ရှာဖွေရန်နှင့် တွေ့ရှိပါက ယူဆောင်လာခဲ့ဖြစ်သည်။
စစ်သည်တော်သုံးရာသည် တောင်ပေါ်သို့ ရောက်ရှိသည်နှင့် ကျောတွင်လွယ်ထားသော သေနတ်များကို
ပစ်ခတ်ရန်အနေထားဖြင့် ကိုင်လိုက်ကြပြီး ပစ်ခတ်ရန်အတွက် လုံခြုံရေးခလုတ်များ ဖြုတ်လိုက်ကြသည်။
ထိုသေနတ်များသည် နက်မှောင်ပြီး တောက်ပနေသည်။
အသံတိတ်ကိရိယာတပ်ဆင်ထားပြီး မေ့ဆေးသေနတ်လည်းဖြစ်ပေသည်။
စစ်သည်တော်တစ်ယောက်စီသည် လက်နက်ကိရိယာအပြည့်စုံပါရှိကြသည်။ အားလုံးဆက်သွယ်နိုင်ရန်အတွက်လည်း နားကြပ်ကိရိယာများ ပါရှိသလို အဖျက်လက်နက်များနှင့် ဆေးဝါးအနည်းစီ ယူဆောင်ထားကြသည်ဖြစ်သည်။
ထို့နောက် စစ်သည်သုံးရာသည် တစ်စုတည်းမှ လမ်းကြောင်းခွဲဖြာပြီး ရှာဖွေလိုက်ကြ၏။
တောင်ထိပ်ပေါ်မှ ဆင်းလာသည်ဖြစ်သောကြောင့် ဂိုဏ်းသားအများစုကို ရှောင်ကွင်းပြီးသားဖြစ်သွား၏။
စိတ်ဝိညာဥ်ဂိုဏ်း၏နေထိုင်ပုံကို ရှင်းပြအံ့။
တောင်ကြီး၏အောက်ခြေနှင့် အလယ်တွင်သာ နှစ်သောင်းကျော် သုံးသောင်းနီးပါးမှရှိသော ဂိုဏ်းသားများနေထိုင်ကြသည်ဖြစ်သည်။
တောင်ထိပ်သည် အကြီးကဲများနှင့် ဂိုဏ်းခေါင်းဆောင်တို့သာ အထူးနေထိုင်ခွင့်ရရှိကြပြီး ပါရမီရှိသော ဂိုဏ်းသားများနှင့် ၎င်းတို့၏အထူးကိုယ်ပိုင်အစေခံများသာလျှင် နေထိုင်ခွင့်ရရှိကြသည်ဖြစ်သည်။
ထို့ကြောင့် စစ်သည်သုံးရာအတွက် အနည်းငယ်ပိုမိုလွယ်ကူသွားသည်ဖြစ်သည်။
စစ်သည်သုံးရာသည် လမ်းကြောင်းခွဲရှာရင်း အဓိကအရေးကြီးသောနေရာများတွင် ဦးစွာရှာဖွေကြသည်။
ထိုသို့ ရှာဖွေရင်း လမ်းကြောင်း၌ ဂိုဏ်းသားများအား တွေ့သောအခါ မေ့ဆေးဖြင့် ပစ်ခတ်ကြသည်။
ပုံမှန်အားဖြင့် သူတို့အား မေ့ဆေးဖြင့်ပစ်ခတ်ပါက ကျည်ထိုးဖောက်ရန် ခက်ခဲသော်လည်း ဓာတ်ငွေ့ရှုသွင်းပြီးသူသည် သာမန်လူအဖြစ်ရောက်ရှိနေသောကြောင့် လွယ်ကူသွားသည်ဖြစ်သည်။
မိမိတို့ကျူးကျော်လာကြောင်း မသိရှိစေရန် ဂိုဏ်းအချက်ပေးခေါင်းလောင်းအနီး၌ ရှိသော ဂိုဏ်းသားများအား ဦးစွာ ရှင်းလင်းခဲ့သည်ဖြစ်သည်။
"အဖွဲ့တစ် စာကြည့်ခန်းမှာပါ ပစ်မှတ်ရှာမတွေ့ပါ"
"အဖွဲ့ငါး အကြီးကဲတစ်ယောက်ရဲ့အဆောင်မှာပါ ပစ်မှတ်ရှာမတွေ့ပါ"
စတင်လှုပ်ရှားပြီး တစ်နာရီအထိ ရှာမတွေ့နိုင်ဖြစ်နေခဲ့သည်။ထိုသို့ရှာဖွေနေရင်း စစ်သည်တော်များသည် သေးငယ်သော အတုံးလေးများကို တောင်၏နေရာအနှံ့၌ ထားရှိခဲ့ကြသည်။
ထိုအတုံးလေးများသည် ဗုံးဖြစ်ပြီး ပြင်းအားအလွန်ကောင်း၏။ လိုအပ်ပါက ဖောက်ခွဲနိုင်ရန်အတွက် ကြိုတင်စီစဥ်ထားကြသည်လည်းဖြစ်သည်။
"အဖွဲ့တစ်ဆယ် ဂိုဏ်းရဲ့ဆေးဝါးခန်းမဆောင်မှာပါ မသင်္ကာစရာကောင်းတဲ့ တံခါးတစ်ချက်ကို တွေ့ရှိထားပါတယ်"
အဖွဲ့တစ်ဆယ်၏ပြောကြားချက်ကြောင့် ကျန်သောအဖွဲ့များသည် ဆေးဝါးခန်းမဆောင်ပတ်ပတ်လည်နေရာယူလိုက်ကြပြီး ထိုအဖွဲ့ကို ကာကွယ်ရန်အသင့်အနေထားဖြင့် စောင့်ကြည့်ပေးကြသည်။
အဖွဲ့တစ်ဖွဲ့တွင် ဆယ်ယောက်ပါဝင်သည်ဖြစ်ရာ အဖွဲ့သုံးဆယ်တွင် နှစ်ဆယ့်ကိုးဖွဲ့သည် လာသမျှ ဂိုဏ်းသားများအား မေ့ဆေးဖြင့် တွေ့သည်နှင့် ပစ်ခတ်ပြီး မေ့သွားသော ဂိုဏ်းသားများအား တောင်၏တစ်နေရာရာတွင် ဖွတ်ထားလိုက်ကြသည်။
မသင်္ကာစရာကောင်းသည်ဆိုသော တံခါးအတိုင်း အဖွဲ့တစ်ဆယ်သည် ဝင်ရောက်သွားရာ ထိုတံခါးသည် တောင်အား လှိုဏ်ဂူဖောက်ကာ ဆယ်သွယ်ထားသည်ကိုတွေ့လိုက်ကြသည်။
ထိုလိုဏ်ခေါင်းအတိုင်း ဆက်လက်သွားကြရာ ကြီးမားသော အခန်းကျယ်ကြီးထဲသို့ ရောက်ရှိကြလေသည်။
ထိုအခန်းကျယ်ကြီးထဲသို့ ရောက်ရှိသည်နှင့် အဖွဲ့တစ်ဆယ်၏ဒေါသနှင့်အတူ မကျေနပ်သော စကားသံများ ထွက်ပေါ်လာလေသည်။
"စောက်ခွေး.... တော်တော်လေးဆိုးတာပဲ"
သူတို့ ပထမဆုံးမြင်နေသည်ကား လူသေအလောင်းများကို ဆေးစိပ်ထားသော အထဲသို့အတိုင်းသာ မြင်ရသော ဧရာမအိုးကြီးများ စီစီရီရီထားထားထားသည်ကိုဖြစ်သည်။
ဆက်လက်ရှာဖွေရာ သေသည်မှာ ကြာသေးဟန်မတူသော လတ်လတ်ဆတ်ဆတ်ရှိသည့် လူများ၏အူများ၊သွေးကြောများနှင့်အရေခွံများကိုလည်း တွေ့ရှိကြလေသည်။
နောက်ပြီး လူတစ်ယောက်၏ဦးခေါင်းခွံအား ဖွင့်ပြီး ဦးနှောက်အား ခွဲစိတ်ထားပုံရှိသည့်အရာများနှင့် ဦးနှောက်များစွာအား ဆေးရည်များဖြင့် ဖန်ပုလင်းများ၌ ထည့်ထားသည်ကိုလည်း တွေ့ရှိခဲ့ရသည်။
ထိုဖန်ပုလင်းများသည် ငါးရာအထက်၌ ရှိနိုင်ကြောင်း ခန့်မှန်းရသည်။
မြင်လိုက်ရသောမြင်ကွင်းများကြောင့် ပျို့အန်ချင်စိတ်များပင် ပေါက်လာကြသည်။
အဖွဲ့တစ်ဆယ်သည် ထိုအရာများအား လျစ်လျူရှုထားလိုက်ပြီး စိတ်ထိန်းကာ တာဝန်နှင့်ပတ်သက်သော အရာများကိုသာရှာဖွေကြသည်။
ရွံစရာကောင်းသော နေရာများအား ဖြတ်သန်းပြီးသောအခါ ဆေးမှတ်တမ်းများထားရှိရာ နေရာသို့ ရောက်ရှိလာကြသည်။
ထိုနေရာသို့ ရောက်သောအခါ ထိုမှတ်တမ်းများအား ရှာဖွေမွှေနှောက်ကြတော့၏။
ဆယ့်ငါးမိနစ်မျှကြာသောအခါ
"ကျနော်တွေ့ပြီ"
စစ်သည်တစ်ယောက်သည် သူ၏လက်ထဲ၌ရှိသော စာရွက်အား ပြသလေသည်။
ရောဂါအမည်-သွေးဝမ်းပလိပ်ရောဂါ
အဆင့်-ပြင်းထန် (မာစတာအဆင့်အောက်ရှိလူတိုင်း ထိခိုက်သေဆုံးနိုင်)
ရောဂါပိုးရှိရာလူနာမည်-အမှတ်ငါးဆယ့်ခုနှစ်
ရောဂါပိုးထားရာနေရာ-စင်နံပတ်လေး၏ ခြောက်တန်းမြောက် 231ဟူသော ဦးနှောက်ဖန်ပုလင်း
"လခွီးတယ်မှ"
ထိုသို့အသေးစိတ်မှတ်တမ်းတင်ပြီး သုတေသနလုပ်ဆောင်သော စိတ်ဝိညာဥ်ဂိုဏ်းကို သူတို့ လွန်စွာပင် ရွံရှာသွားသည်ဖြစ်သည်။
ထို့ကြောင့် ပညာပေးရန်ဆုံးဖြတ်ခဲ့လိုက်သည်။
ဦးစွာအနေဖြင့် အရေးကြီးသည်ဟုယူဆရသော ဆေးမှတ်တမ်းများနှင့်231ဟူသော ဦးနှောက်ထည့်ထားရာ ဖန်ပုလင်းအား ယူဆောင်လာသော သိုလှောင်လက်စွပ်ထဲသို့ ထည့်သိုင်းပြီးလျှင် ဗုံးများစွာကို ထောင်ထားခဲ့လိုက်ကြသည်။
ထို့နောက် လာရာလမ်းကြောင်းအတိုင်း မြန်ဆန်စွာ ပြန်လည်ထွက်ခွာလာခဲ့လိုက်ပြီး စစ်သည်သုံးရာလုံး ပြန်လည်စုစည်းလိုက်၏။
လေထုထဲ၌ ပုန်းကွယ်နေသော လေယာဥ်နှစ်စင်းကို အကြောင်းကြားလိုက်သည်။
ထိုအခါ လေယာဥ်နှစ်စင်းသည် စစ်သည်သုံးရာအား ပြန်လည်ခေါ်ဆောင်ပြီး ဂရိတ်တိုင်းပြည်သို့ ပြန်လာခဲ့သည်။
ထိုသို့ ပြန်နေစဥ်တွင် ဖောက်ခွဲရေးခလုတ်ကို နှိပ်လိုက်သည်ဖြစ်ရာ
"ဝုန်း"
ကြီးမားသောပေါက်ကွဲသံကြီးနှင့် စိတ်ဝိညာဥ်ဂိုဏ်းရှိရာ တောင်ထိပ်သည် မီးခိုးများဖြင့် ဖုံးလွှမ်းသွားလေသည်။
ထိုအခါမှ တောင်အောက်၌ရှိနေသော ဂိုဏ်းသားများသည် မိမိတို့အတိုက်ခံရကြောင်း သိရှိလိုက်ကြပြီး တောင်ထိပ်ပေါ်သို့ ပြေးတက်လာကြသည်။
"ခွေးကောင်တွေ"
ကြောက်မက်ဖွယ်ကောင်းသောအသံကြီးသည် တောင်ထိပ်မှ ထွက်ပေါ်လာသည်။
ထိုလူသည် အဝတ်စားများမီးလောင်နေပြီး ဒေါသထွက်နေဟန်ရှိသည်။
သူ၏အကြည့်များသည် ထိုသို့လုပ်သွားသောသူအား အပိုင်းပိုင်းသတ်ပစ်ရန် ရှာဖွေနေ၏။
ထိုအချိန်တွင် ပေါက်ကွဲမှု၏တရားခံများသည် ဂရိတ်တိုင်းပြည်သို့ အောင်မြင်စွာ ပြန်သွားခဲ့ကြပြီဖြစ်သည်။