← Chapters

အခန်း ၄၅၉

Vol. 31 Ch. 459

အခန်း ၄၅၉

Vol. 31 Ch. 459

(459)တိုက်ခိုက်ခံရခြင်း

တာဝန်အောင်မြင်စွာထမ်းဆောင်ပြီးနောက် စစ်သည်သုံးရာသည် ဂရိတ်တိုင်းပြည်သို့ ပြန်လာခဲ့သည်။

ရောက်သည်နှင့် မိမိတို့ရရှိသမျှအားလုံးအား မိမိတို့အထက်အရာရှိအားပေးအပ်လိုက်သည်။

တာဝန်အောင်မြင်လာသော စစ်သည်များအား အထက်အရာရှိမှ ဆုလာဒ်များချီးမြှင့်ပေးပြီး ရရှိလာသော သက်သေခံပစ္စည်းများကို သက်ဆိုင်ရာ ဌာနသို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်။

သက်ဆိုင်ရာဌာနသည် တခြားမဟုတ်ပေ။ ဆေးဌာနမှ သုတေသီများ၏နေရာပင်ဖြစ်လေသည်။

ဆေးဆရာများခေါ် ဆေးသုတေသီများသည်

ထိုပစ္စည်းများစစ်ဆေးပြီးသောအခါ ပွက်လောရိုက်ခတ်သွားကုန်သည်ဖြစ်သည်။

ဆေးစာရွက်အချက်လက်များနှင့် ဦးနှောက်အားစိမ်ထားသောပုလင်းသည် တွေ့သောလူတိုင်းအား အမျက်ဒေါသထွက်စေရန် လုံ​လေက်စေသည်ဖြစ်သည်။

"ဒီကောင်တွေ သေချင်နေပြီ"

ဆေးမှတ်တမ်းများအား ဖတ်ရှုလေလေ ဒေါသထွက်လာလေဖြစ်သည်။

လူများအား မသေမရှင်ထားပြီးစမ်းသပ်ထားသောရလာဒ်များအား အသေးစိတ်ရေးပြထားသောကြောင့်ဖြစ်သည်။

တစ်ခုကိုပြောပြရပါက ဖမ်းမိလာသော ရန်သူစစ်သည်တော်များကိုလည်း အရှင်လတ်လတ် အရေခွံခွာကာ နည်းမျိုးစုံဖြင့် စမ်းသပ်ပြီးရရှိလာသော ရလာဒ်များကို အချက်လက်ကျကျရေးသားထားသည်ဖြစ်သည်။

အထူးသဖြင့် ၎င်းတို့သည် မျက်စိနှင့် ဦးနှောက်ကို အထူးလေ့လာစမ်းသပ်ကြကြောင်း ဖတ်ရှုရသော မှတ်တမ်းများအရသိရှိလိုက်ကြသည်။

သူတို့ဂိုဏ်း၏နာမည်အတိုင်း တိုးတက်စေရန်အတွက် စိတ်ဝိညာဥ်နှင့်ပတ်သက်သောအရုဟူသမျှ လုပ်ဆောင်ထားကြရာတွင် နည်းအမျိုးမျိုးသုံးထားပြီး ရှာဖွေနေကြောင်း တွေ့လိုက်ကြရလေသည်။

သွေးဝမ်းပုလိပ်ရောဂါအား မည်သို့ဖန်တီးထားကြောင့် သိချင်ကြသောကြောင့် ဆေးစိပ်ထားသော ဦးနှောက်ဖန်ပုလင်းအား ကြည့်လိုက်ကြပြီး ၎င်းနှင့် ပတ်သက်သော အချက်လက်များစွာကို ရှာဖွေရာ တွေ့ရှိလိုက်ကြသည်။

ထိုဦးနှောက်၏မူလပိုင်ရှင်သည် လေလွင့်စစ်သည်တော်တစ်ယောက်ဖြစ်ခဲ့ဟန်ရှိပြီး စိတ်ဝိညာဥ်ဂိုဏ်း၌ဖမ်းခံခဲ့ရဟန်ရှိသည်။

သူ၏စွမ်းရည်သည် တခြားသောစစ်သည်များနှင် ကွဲပြားခြားနားနေသည်။

ရောဂါများကို ဖြစ်ပွားသောအစွမ်းဖြစ်ကြောင်း စိတ်ဝိညာဥ်ဂိုဏ်းမှ သိသည်နှင့် ထိုစစ်သည်အား များပြားလှသော နည်းစနစ်များဖြင့် စမ်းသပ်ခဲ့သည်။

ထိုသို့စမ်းသပ်ခဲ့ရင်းမှ သွေးဝမ်းပုလိပ်ရောဂါကို မတော်တဆရှာဖွေတွေ့ရှိခဲ့ကြသည်။

ထိုတွေ့ရှိမှုဖြင့် စိတ်ဝိညာဥ်ဂိုဏ်းမှ များပြားလှသော နယ်မြေများကို ပိုင်ဆိုင်နိုင်ခဲ့သည်ဖြစ်သည်။

"သူတို့ရဲ့ဖြေဆေးအနေနဲ့ ဘယ်လိုဖြေကြလဲ "

သုတေသီတစ်ယောက်၏စကားကြောင့် မှတ်တမ်းဖတ်နေသူလည်း ဆက်လက်ဖတ်ရှုလိုက်သည်။

သွေးဝမ်းပုလိပ်အား ကုသရန် ထိုဦးနှောက်ကို အနည်းငယ်ဖဲ့ကာ အရက်ပုလင်းထဲထည့်ပြီး ဆယ့်ငါးမိနစ်အကြာတွင် သောက်သုံးရန် ဆိုသော ရလာဒ်အား တွေ့သောအခါ နှလုံးပျို့အန်ချင်စိတ်ပင် ပေါက်သွားကြလေသည်။

ဆက်လက်ဖတ်လေ သုတေသီများ၏မျက်နှာများ ပျက်ယွင်းလာလေပင်။

ထိုမျှအထိ ဆိုးသွမ်းမည်ဟု မထင်မိထားသောကြောင့်ဖြစ်သည်။

ဆေးမှတ်တမ်းများအား ဆေးသုတေသီများ ဆက်တိုက်ဖတ်ရှုနေရင်း တစ်နေရာသို့ရောက်သောအခါ သူတို့၏လက်များပင် တွန့်ဆုတ်သွားကြသည်။

"ဒါကြီးက.... "

ဖတ်ရှုနေသော သုတေသီသည် ဘေးမှတစ်ယောက်အား ပြလိုက်သည်။ ထိုသုတေသီလည်း သူပြသော မှတ်တမ်းအားမြင်သောအခါ မျက်စိမျက်နှာပျက်သွားပြီး

"ဒါကို ဘုရင်ကြီးဆီကိုပဲ တင်ပြလိုက်ကြတာပေါ့ သူဆုံးဖြတ်ပါစေ"

ဖတ်ရှူနေသော ဆေးမှတ်တမ်းများကို ဂျိတ်ထံသို့ မိတ္ထူပွားကာ ပေးပို့လိုက်လေသည်။

...........

ဂျိတ်လည်း သမီးလေးနှင့်မိန်းမတို့အတွက် ညစာချက်ပြုတ်ခြင်းပြီးစီးသွားသောအချိန်တွင် သူထံရောက်ရှိလာသော စာတစ်ခုဝင်လာကြောင်း တွေ့လိုက်ရလေသည်။

ထို့ကြောင့် ထိုစာအား ဖတ်ရှုလိုက်လေသည်။ ထိုစာသည် ဆေးဌာနမှ သုတေသီများ ပေးပို့လိုက်သော စိတ်ဝိညာဥ်ဂိုဏ်းမှ ရရှိလာသော ဆေးမှတ်တမ်းမှတ်ရာ အချက်လက်များပင်ဖြစ်လေသည်။

ထိုမှတ်တမ်းသည် တော်တော်လေးများပြားသော်လည်း ဂျိတ်သည် ငါးမိနစ်အတွင်း ပြီးစီးအောင် ဖတ်ရှုလိုက်လေသည်။

ဖတ်ပြီးသောအခါ သူ၏မျက်နှာသည် တင်းမာလာပြီး ဒေါသအရိပ်ယောင်ပေါ်ပေါက်လာလေသည်။

ထိုမှတ်တမ်းမှ သိပ္ပံနည်းကျမဟုတ်သည့် အလွန်တရာရက်စက်သော နည်းများနှင့် ရလာဒ်များကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။

ဒေါသထွက်စေသည့်အကြောင်းရင်းကတော့ ထိုဆေးမှတ်တမ်း၏ နောက်ဆုံးဆယ်မျက်နှာကြောင့်ဖြစ်သည်။

ထိုဆယ်ရွက်တွင် ထူးခြားဆန်းကြယ်သည့်ကိုယ်ခန္ဓာ ရှိသူအား မည်သို့နှိပ်စက်ရမည့်နည်းလမ်းများစွာ ရေးသားထားသောကြောင့်ဖြစ်သည်။

မည်သို့မည်ပုံ စမ်းသပ်ပြီး သူ၏အသွေးအသားများကို အသုံးချပြီး စိတ်ဝိညာဥ်ဂိုဏ်း၏စစ်သည်တော်အဆင့်များ တိုးမြင့်လာစေရန် ဆောင်ရွက်မည့် စီမံကိန်းဖြစ်ကြောင်း အသေးစိတ်ရေးသားထားသည်။

ဆန်းကြယ်ကိုယ်ခန္ဓာပိုင်ရှင်အနေဖြင့် မိန်းကလေးဖြစ်ပါက ပြောပြ၍မရနိုင်အောင်ပင် ဆိုးဝါးသောနည်းများကိုပါအသုံးပြုပြီး လုပ်ဆောင်ရန်ပါ ရေးသားထားသောကြောင့်ဖြစ်သည်။

ထို့ကြောင့် ဂျိတ်သည် ဒေါသထွက်သွားရခြင်းပင်ဖြစ်သည်။

သူသာ အစွမ်းထက်ခြင်းမရှိပါက သူ၏သမီးလေးသည် လုံးဝမတွေးနိုင်စရာပင်။

သို့သော်လည်း စိတ်ကို တည်​ငြိမ်အောင် ထားပြီး သမီးလေးနှင့် မိန်းမဖြစ်သူတို့နှင့်အတူ ညစာကို ပျော်ရွှင်စွာ စားသောက်ကြလေသည်။

ညစာစားသောက်ပြီးသောအခါ သမီးလေးဖြစ်သူအား ချေ့ာသိပ်ပေးသည်။ သမီးလေးသည်လည်း ကျောင်းသွားရသောကြောင့်ထင် ပင်ပန်းနေသည်ဖြစ်သောကြောင့် ခေတ္တခဏအတွင်း၌ အိပ်မောကျသွားလေသည်။

သမီးလေး အိပ်မောကျသွားသောအခါ အယ်လီနာလည်း သူမ၏ကျင့်ကြံမှုအတွက် ကြိုးစားလေ့ကျင့်နေလေသည်။

ထိုအခါမှ ဂျိတ်လည်း အပြင်သို့ အသာယာထွက်လာပြီး စိတ်ဝိညာဥ်ဂိုဏ်း၏တည်နေရာအား ရှာဖွေလိုက်သည်။

ရှာတွေသောအခါ ထိုဂိုဏ်းထဲမှ တာဝန်လုပ်ဆောင်ခဲ့သော တောင်ရှိရာနေရာအား သူ၏စနစ်အစွမ်းဖြင့် ထပ်မံရှာဖွေလိုက်သည်။

တွေ့ရှိသည်နှင့် လက်ရှိကုန်းမြေ၏ဆွဲငင်အားကို အာရုံခံပြီး စူပါမန်း(man of steel)လို တွန်းကန်ပြီး တွေ့ရှိရာ​ နေရာသို့ အရှိန်ဟုန်ဖြင့် တွန်းကန်ပျံထွက်သွားလေသည်။

သူ၏ဒေါသများအား ဖြေဖျက်ရန်အတွက် စိတ်ဝိညာဥ်ဂိုဏ်းထံသို့ ဥိီးတည်သွားနေသည်လည်းဖြစ်ပေသည်။

................

စိတ်ဝိညာဥ်ဂိုဏ်း၏တောင်တွင် လှုပ်လှုပ်ရှားရှားဖြစ်နေသည်။

အကြောင်းမှာ တာဝန်ယူလှုပ်ရှားခဲ့သော ဂရိတ်စစ်သည်များမှာ တောင်ထိပ်အား ဖောက်ခွဲ ပစ်ခဲ့သောကြောင့်ဖြစ်သည်။

ထိုဖောက်ခွဲခဲ့မှုကြောင့် ထို​တောင်သည် ယခုအချိန်ထိ အလုပ်များပြားနေကြဆဲ ဖြစ်သည်။

"လက်ရှိအခြေအနေဘယ်လိုရှိလဲ"

မာစတာအဆင့်ရှိ စစ်သည်၏မေးခွန်းကြောင့် မေးခံရသော စိတ်ဝိညာဥ်ဂိုဏ်းသားလည်း

"ပေါက်ကွဲမှုက ပြင်းထန်လွန်းလို့ အခုထက်ထိ အ​ခြေနေအမှန်ကို သေချာမသိရှိရသေးပါဘူး လက်ရှိအကြီးကဲနှင့် နောက်တစ်ယောက်ကလွှဲရင် အားလုံးက ပေါက်ကွဲမှုထဲပါသွားတယ်လို့ ယူဆရပါတယ်"

ထိုစကားဆုံးသည်နှင့် ထိုအကြီးကဲ၏ကိုယ်မှ ဒေါသအရှိန်ဝါများထွက်လာလေသည်။

ထိုပေါက်ကွဲမှုကြောင့် သူ၏တပည့်များနှင့် ဂိုဏ်း၏ပါရမီရှင်များ သေဆုံးခဲ့ကြရလေသည်။

နောက်ပြီး ဂိုဏ်း၏ပစ္စည်းအရင်းမြစ်များလည်း ပျက်စီးသွားခဲ့ပြီဖြစ်သည်။

မနေ့တုန်းက ပေါက်ကွဲမှုမဖြစ်မှီ သူသည် တံခါးပိတ်ကျင့်ကြံနေသည်ဖြစ်သည်။ ထိုကျင့်ကြံနေရင်း သူ၏မသိစိတ်ကြောင့် သူသည် စိတ်မသက်သာဖြစ်သလိုခံစားခဲ့ရသည်။

အန္တရာယ်ဟူသော အငွေ့သက်ကို ခံစားမိသည်လည်းဖြစ်သည်။

ထို့ကြောင့် သူသည် သူ၏ဘေးပတ်ပတ်လည်အား အကာကွယ်များဖြင့် ဖုံးလွှမ်းထားခဲ့သည်။

ထိုသို့လုပ်ဆောင်ပြီး မကြာမှီ ပေါက်ကွဲမှုဒဏ်ကို ခံစားလိုက်ရသည်။ သူသည် တောင်ထိပ်၏အတွင်းထဲ၌ ကျင့်ကြံနေသည်ဖြစ်ရာ ပေါက်ကွဲမှုကြောင့်​

တောင်သည်ပြိုကျပြီး သူကျင့်ကြံရာနေရာအား ဖျက်စီးဖိချသလို ဖြစ်စေခဲ့သည်။

သူ၏ကြိုတင်လုပ်ဆောင်ထားမှုကြောင့် နာကျင်မှူအနည်းငယ်သာခံစားခဲ့ရသည်ဖြစ်သည်။ သူတောင်အား ဖောက်ထွက်ပြီး အပြင်သို့ရောက်သောအခါ ပျက်စီးနေသော တောင်ပုံစံကိုသာမြင်တွေ့ရသောကြောင့် ဒေါသတကြီး အော်ဟစ်ခဲ့သေးသည်ဖြစ်သည်။

နောက်ထပ်သောအကြီးကဲမှာ သူ၏လက်ချောင်းများသည် ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးသွားသည်ဖြစ်သည်။

ထိုသို့ဖြစ်ရသည်မှာ စိတ်ဝိညာဥ်ဂိုဏ်းသားများသည် တခြားသော စစ်သည်တော်များထက် ကိုယ်ခန္ဓာကြံခိုင်မှုနိမ့်ပါးသောကြောင့်ဖြစ်သည်။

သူတို့သည် မျက်စိကိုသာ အထူးအလေးပြု ကျင့်ကြံသူများဖြစ်၏။ ထိုပေါက်ကွဲချိန်တွင် သူသည်

ပေါက်ကွဲမှုနှင့် နီးကပ်သောနေရာ၌ ရှိနေသည်ဖြစ်သည်။

နောက်ပြီး သူသည် အားနည်းသောအခြေနေ၌ရောက်ရှိနေသလို သူ၏အာရုံများအား ပိတ်ချထားသောကြောင့် ထိုသို့ထိခိုက်သွားရသည်ဖြစ်သည်။

သို့သော်လည်း မာစတာအဆင့်ဖြစ်သောကြောင့် သူ၏လက်ချောင်းများသည် အလိုလိုလျောက် ပြန်လည်ကုစားပြီး အသစ်ဖြစ်တည်လာမည်ဖြစ်သည်။

မာစတာအကြီးကဲ ဂိုဏ်းသားအား အမိန့်ပေးရန်ကြံလိုက်ချိန်တွင် ကောင်းကင်၌ အလွန်တရာမြန်ဆန်လှသော အရှိန်ဖြင့် ပျံသန်းလာသောအလင်းတန်းကြောင့် ခေတ္တဆွံအသွားသည်။

ထိုအလင်းတန်းသည် မိမိတို့ ​တောင်ဆီဦးတည်လာနေပြီး အန္တရာယ်ငွေ့အသက်ကို ခံစားမိသောကြောင့် အဝေးသို့ ပြေးထွက်လိုက်သည်။

ပြေးထွက်ပြီး စက္ကန့်ဝက်အကြာ၌

"ဝုန်း"

ကောင်းကင်မှအလင်းတန်းသည် ထိုနေရာသို့ ကျရောက်လာသောကြောင့် ပျက်စီးကျေမွသွားလေသည်။

ထိုသို့ကျလာမှုကြောင့် ထိုနေရာ၌ရှိနေသော ဂိုဏ်းသားလေးမှာ ပွဲခင်းပြီး သေဆုံးသွားတော့၏။

ထိုသို့ကျလာသောအလင်းတန်းသည် လူရွယ်တစ်ယောက်ဖြစ်ကြောင်း အကြီးကဲတွေ့ရှိလိုက်သည်။

ထိုလူရွယ်၏မျက်နှာတွင် ဒေါသထွက်နေသောအမူရာရှိ၏။

"သတိပေးချက်ထုတ်ပြန်လိုက်"

မာစတာအကြီးကဲ၏အမိန့်ကြောင့် တောင်တစ်ခုလုံး ခေါင်းလောင်းသံ ဆူညံသွားသည်။

ထိုခေါင်းလောင်းသံကြောင့် ဂိုဏ်းသားများသည် မိမိတို့တောင်အား ကျူးကျော်သူရောက်လာပြီး တိုက်ခိုက်ခံနေကြောင်း သိရှိလိုက်ကြသည်။

စိတ်ဝိညာဥ်ဂိုဏ်း၏တောင်သည် ဂျိတ်၏တိုက်ခိုက်မှုကို ခံရတော့မည်လည်းဖြစ်သည်။

All Chapters