အခန်း ၄၆၁
Vol. 31 Ch. 461
(461)အလှည့်ကျပြီ
တစ်ညလုံး သတ်ဖြတ်မှုများလုပ်ဆောင်ခဲ့သော ဂျိတ်သည် မနက်ခင်းနေရောင်ထွက်လာသည့်အချိန်ရောက်သောအခါမှသာလျှင် ရပ်တန့်လိုက်သည်။
ဂျိတ်သည် ရပ်တန့်ပြီးသည်နှင့် စနစ်အား စစ်ဆေးခိုင်းလိုက်၏။
("ငါ့ကို စိတ်ဝိညာဥ်ဂိုဏ်းသားဘယ်လောက်သေဆုံးတယ်ဆိုတာ ပြပေးပါ")
ဂျိတ်၏တောင်းဆိုမှုကြောင့် စနစ်လည်း
("စိတ်ဝိညာဥ်ဂိုဏ်းသားများ သေဆုံးမှု သည် သုံးသိန်းခြောက်သောင်းရှစ်ထောင့်တစ်ရာနှစ်ဆယ်အထိ ရှိပါသည်။
သေဆုံးသူများအနက် သုံးဆယ်ကျော်သည် မာစတာအဆင့် စစ်သည်တော်များဖြစ်ပြပါသည်။
သေဆုံးသွားသော လူတိုင်း၏ ပစ္စည်းဥစ္စာများအား စနစ်၏သိုလှောင်ရုံထဲသို့ ထည့်သွင်းပြီးဖြစ်သလို လက်ရှိသင်၏ ကျင့်ကြံမှုအဆင့်သည် မာစတာအဆင့်တစ်ဖြစ်သည်။")
စနစ်သည် ဂျိတ်အား အသေးစိတ်ပြပေးလိုက်သည်။ထိုအခါမှ ဂျိတ်၏ဒေါသများလည်း ပြေလျော့သွားပြီး မိမိ၏တိုင်းပြည်သို့ ပြန်လည်ထွက်ခွာခဲ့သည်။
ဂျိတ်သည် ဂရိတ်တိုင်းပြည်သို့ပြန်လည်ရောက်ရှိသောအခါ ရရှိလာသော ပစ္စည်းများကို သိုလှောင်ခန်းမှနေ၍ ဂရိတ်တိုင်းပြည်၏ဘဏ္ဍာရေးခန်းမထဲသို့ ပြန်လည်ဖြည့်သွင်းလိုက်၏။
ထိုအခါမှ တိုင်းပြည်၏ဘတ်ဂျက်ငွေများထုတ်ယူသုံးစွဲသည့်ခန်းမသည် ဂျိတ်၏ဖြည့်သွင်းမှုကြောင့် ပြန်လည်ပြည့်လျှံလာလေသည်။
"ထင်သလိုမလွယ်နေဘူး"
ဂျိတ်သည် အပြည့်ဖြစ်သွားသော ခန်းမအား ကြည့်ရင်း ရေရွတ်မိသည်။
ထိုခန်းမသည် နေရာချဲ့ထွင်ထားသောကြောင့်သာ တော်တော့၏။ မဟုတ်ပါက ဆန့်မည်မဟုတ်ပေ။
ဂရိတ်တိုင်းပြည်သည် အဘက်ဘက်၌ တိုးတက်အောင် ဆောင်ရွက်နေသောကြောင့် ငွေကုန်ကြေးကျမှုမှာ အတော်လေးများပြား၏။
တိုင်းပြည်တိုးတက်ရေးအတွက် နေ့စဥ်သုံးစွဲသော ငွေပမာဏသည် စွန်ရဲအင်ပါယာ၏နေ့စဥ်အသုံးစရိတ်ထက် မများပါက နိမ့်ကျမည်မဟုတ်ကြောင်း ဂျိတ်တပ်အပ်သိသည်။
ဆေးဌာနနှင့်ဆေးသုတေသနမှ နေ့စဥ်အမျိုးမျိုးသော လေ့လာစမ်းသပ်မှု၊ဆေးဝါးထုတ်ဖော်ခြင်း နှင့်
အထွေထွေကုန်ကျစရိတ်ကပင်
ကျန်နေသောနေရာများကို တွက်ကြည့်စရာမလိုသည်အထိ ကုန်ကျမှုများပြားသောကြောင့်ဖြစ်သည်။
"တစ်နှစ်အထိခံရင် ကံကောင်း"
ထိုခန်းမထဲသို့ ဖြည့်တင်းပြီးသည်နှင့် သမီးဖြစ်သူနှင့်မိန်းမအတွက် မနက်စာကို ပြင်ဆင်ချက်ပြုတ်ပေး၏။
အထူးသဖြင့် သမီးလေးကျောင်းတက်ချိန်မှီရန်အတွက်သာမက နေ့လယ်စာကိုပါ ပြင်ဆင်ပေးနေသည်ဖြစ်သည်။
ဂျိတ်သည် ထိုသို့သာယာကြည်နူးနေချိန်တွင် စိတ်ဝိညာဥ်ဂိုဏ်း၌ ပွက်လောရိုက်ခတ်နေသည် ဖြစ်သည်။
ပွက်လောရိုက်ခတ်နေသောသတင်းမှာ တစ်ညအတွင်း၌ ဂိုဏ်းသားများစွာသေဆုံးသွားရသောကြောင့်ဖြစ်ပြီး သေဆုံးသူများ၌ မာစတာအဆင့်ပါ ပါရှိနေသောကြောင့်ဖြစ်သည်။
နောက်ပြီး ဂိုဏ်းအတွင်း၌ ပျံသန်းသွားလာခဲ့သော
ကြီးမားသောမျက်လုံးများကြောင့် လည်းဖြစ်၏။
ထိုဖြစ်ရပ်ဆိုးကြီး ကျရောက်လာမှုကြောင့် စိတ်ဝိညာဥ်ဂိုဏ်း၏အကြီးကဲများသည် ငြိမ်နေဝံ့ခြင်းမရှိတော့ဘဲ တစ်ဂိုဏ်းလုံးအား အရေးပေါ်အမိန့်ထုတ်ပြန်ကာ စုဝေးစေတော့၏။
စိတ်ဝိညာဥ်ဂိုဏ်းသည် ကြီးမားကျယ်ပြန့်သောကြောင့် တစ်ပတ်မျှအချိန်ကုန်ဆုံးသော အခါမှသာလျှင် စုဝေးနိုင်ခဲ့ကြ၏။
ထိုသို့စုဝေးနိုင်လိုက်သည်နှင့် စိတ်ဝိညာဥ်ဂိုဏ်းမှ အကြီးကဲများသည် ရရှိလာသောအချက်လက်များအား စုစည်းပြီးဆွေးနွေးကြရ၏။
ထိုသို့ဖြစ်ရခြင်းမှာ ဂျိတ်သည် ရောက်ရှိသောနေရာတိုင်း၌ တစ်ယောက်မကျန် မျိုးတုန်းအောင် သတ်ဖြတ်ခဲ့သောကြောင့်ဖြစ်သည်။
ထို့အပြင် ဂျိတ်စေလွှတ်လိုက်သော ငရဲမျက်လုံးသုံးလုံးသည်လည်း ၎င်းတို့သွားလာရာနယ်မြေ၌ရှိသော လူတိုင်းကို သုတ်သင်ခဲ့သည်ဖြစ်ရာ စိတ်ဝိညာဥ်ဂိုဏ်းအနေဖြင့် သေဆုံးသွားသောလူဦးရေစာရင်းကို ရရှိရန် ခက်ခဲသောကြောင့်လည်းကောင်း နောက်ပြီး ဂိုဏ်းတွင်းမှ သေဆုံးမှုနှင့်အတူ ပျောက်ကွယ်သွားသော ပစ္စည်းဥစ္စာအရေတွက်များကြောင့် တိကျသည့် အချက်လက် ရရှိရန် တစ်ပတ်တာအထိ ကြာသွားကြသည်ဖြစ်သည်။
"ဒီကိစ္စကိုဘယ်သူလုပ်တာဖြစ်နိုင်လဲ"
စိတ်ဝိညာဥ်ဂိုဏ်းအကြီးကဲများ ခေါင်းချင်းဆိုင်ကာ ဆိုလိုက်၏။
တစ်ညအတွင်းသိန်းဂဏန်းသော ဂိုဏ်းသာများသေဆုံးခြင်းနှင့် ပစ္စည်းဥစ္စာများ ရုတ်ခြည်းပျောက်ကွယ်သွားခြင်းက ၎င်းတို့အား စိုးရိမ်ပူပန်စေရန် လုံလောက်သည်ဖြစ်၏။
"သားရဲဂိုဏ်းနှင့် တခြားဂိုဏ်းတွေ ဖြစ်နိုင်မလား"
ထိုသို့လည်းမဖြစ်နိုင်ကြောင်း သူတို့သိနေကြ၏။ ဂိုဏ်းကြီးများအင်အားသည် မျှခြေညီနေသည်ဖြစ်ပြီး တစ်ညအတွင်း ထိုသို့လုပ်ဆောင်နိုင်ရန်လုံးဝမဖြစ်နိုင်သောကြောင့်ဖြစ်၏။
"ဒါမျိုးကို ဘယ်သူကလုပ်နိုင်လဲ"
နံပတ်ငါးဟူသော အကြီးကဲက အကြီးကဲများစုဝေးရာ စားပွဲခုံပေါ်သို့ ပုံရိပ်ဖမ်းကျောက်တုံးတင်လိုက်၏။
ထို့နောက် ဖွင့်ချလိုက်ရာ လူတိုင်းမြင်လိုက်ကြ၏။
သူတို့မြင်လိုက်ရသော မြင်ကွင်းမှာ
ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးကြီးသုံးလုံးသည် လူများအား အလောင်းကောင်အထိ ဖြစ်အောင်လုပ်ဆောင်သွားပြီး ဝိညာဥ်များစုပ်ယူသွားကြကိုပင်ဖြစ်သည်။
ထိုမြင်ကွင်းသည် စက္ကန့်နှစ်ဆယ်မျှသာ ကြာသော်လည်း ကြည့်ရှုသူအကြီးအကဲတိုင်းသည် ချွေးဇောများပြန်နေကြသည်ဖြစ်သည်။
သူတို့သည် ပုံရိပ်ဖမ်းကျောက်တုံးမှသာ ကြည့်ရှုခြင်းဖြစ်သော်လည်း သူတို့၏စိတ်ဝိညာဥ်များအားထိန်းချုပ်၍မရအောင် ဖြစ်ပျက်နေကြောင်း သိရှိလိုက်သောအခါ ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာကြသည်။
"ဒီလို ကြည့်နိုင်ဖို့ ကျနော်တို့ဂိုဏ်းရဲ့မာစတာအဆင့်ဧည့်သည်အကြီးကဲက ကြိုးပမ်းခဲ့တာပါ...အခုလို မှတ်တမ်းတင်နိုင်ဖို့ မျက်လုံးနှင့်နော်တော်လေး ဝေးနေရာကနေ မှတ်တမ်းတင်တာတောင်
သူ့မျက်လုံးနှစ်လုံး အဆုံးခံပြီး သက်တမ်းပါ ပေးဆပ်ခဲ့ရပါတယ်"
ထိုအခါမှ ကျောက်တုံးမှ ကြည့်သည့်တိုင်အောင် အဘယ်ကြောင့် မျက်လုံးသုံးလုံး၏ကြောက်မက်ဖွယ်ကောင်းပုံကို သိရှိသွားကြ၏။
"သူ့သက်တမ်းဘယ်လောက်ပေးဆပ်လိုက်ရတာလဲ"
တစ်ယောက်က ဝင်ထောက်၏။
နံပတ်ငါးအကြီးအကဲလည်း သက်ပြင်းချပြီး
"သူ့သက်တမ်း နှစ်လပဲ ကျန်ပါတော့တယ်"
ထိုစကားကြောင့် ကြားလိုက်ရသောအကြီးအကဲတိုင်း သက်ပြင်းရှိုက်လိုက်ကြရ၏။
မာစတာအဆင့်သည် ခြေလက်များပြတ်လျှင်ပင် ပြန်လည်ပေါက်နိုင်စွမ်းရှိပြီး မျက်လုံးများကန်းလျှင်ပင် အသစ်ပြန်လည်ဖြစ်တည်နိုင်စွမ်းရှိ၏။
ဤသည်ကိုပင် မျက်လုံးသည် ထာဝရကန်းခဲ့သည်ဖြစ်ပြီး သက်တမ်းများပါ ကုန်ဆုံးစေခဲ့ရသည်အထိ မျက်လုံးများက ကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိလိုက်ကြရသည်။
ကံကောင်းထောက်မှစွာဖြင့် ထိုမျက်လုံးများသည် တစ်ညအတွင်းသာ တည်ရှ်ိခဲ့ပြီး မနက်ရောက်သောအခါ ပျောက်ကွယ်သွားကြောင်း ကြားသိသောအခါမှ သူတို့၏စိတ်ပူပင်မှုများ ပျောက်ကွယ်သွားကြလေသည်။
"ဒါဆို တစ်ညအတွင်း ဂိုဏ်းသားတွေ
သေဆုံးသွားရခြင်းအကြောင်းရင်းက ဒီမျက်လုံးသုံးလုံးကြောင့်ပေါ့"
ဂိုဏ်းသားများသေဆုံးခြင်းအကြောင်းရင်းကို သူတို့သိရှိသွားပြီဖြစ်သော်လည်း ပူပန်စရာများ ဆက်လက်ကျန်ရှိနေသေးသည်ဖြစ်သည်။
ထိုကိစ္စမှာ ရုတ်ခြည်းပျောက်ကွယ်သွားသော ပစ္စည်းဥစ္စာများဖြစ်၏။
ထိုပိုမိုထူးခြားစေသည်မှာ သေဆုံးသွားလေသော ဂိုဏ်းသားများ၏ပိုင်ဆိုင်မှုများ ဖြစ်နေသောကြောင့်ပင်ဖြစ်လေသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ရှာဖွေရာ၌ သိသာထင်ရှားသော ရလာဒ်မရှိသောကြောင့် အကြီးကဲများသည် လက်လျော့ပြီး ထိုသို့ဖြစ်ပျက်စေခဲ့သော အကြောင်းရင်းကို ရှာဖွေရန်နှင့် ဂိုဏ်းအား နဂိုကထပ် တင်းကျပ်စွာ စောင့်ကြပ်ရန်သာ ဆွေးနွေးပြီး အစည်းဝေးအား ပိတ်သိမ်းလိုက်သည်ဖြစ်သည်။
သူတို့မေ့လျော့သွာသည်မှာ ထိုတိုက်ခိုက်မှုမဖြစ်ခင် ရှေ့ရက်များ၌ စိတ်ဝိညာဥ်ဂိုဏ်းနယ်မြေမှ တောင်တစ်တောင်သည် ဦးစွာတိုက်ခိုက်ခံရကြောင်း ဟူသောသတင်းပင်ဖြစ်သည်။
ထိုသတင်းသည် တင်ပြရန်ကြံသော်လည်း မျက်လုံးသုံးလုံး၏သတင်းက ပိုမိုကြီးမားပြီးအရေးပါနေရာ အရေးမကြီးသောသတင်းအဖြစ်သို့ ရောက်ရှိသွားလေသည်။
ဤသို့ဖြစ်ရခြင်းမှာလည်း စိတ်ဝိညာဥ်နယ်မြေ၏နယ်စပ်ဒေသများသည် မကြာခဏ တိုက်ခိုက်ခံနေရသောကြောင့်ဖြစ်သည်။
ဂျိတ်လည်း စိတ်ဝိညာဥ်ဂိုဏ်းအားတိုက်ခိုက်ပြီး တစ်လမျှကြာသည်အထိ သမီးလေးအား အဖော်ပြုပေးနေခြင်းဖြင့်သာ အချိန်ကုန်ဆုံးစေ၏။
သမီးလေးအား
ကျမ်းရွှမ်နှင့်အတူ ပညာသင်ပေးခြင်းနှင့် အသစ်သစ်သော အစားစာများကို ချက်ပြုတ်ပေးခြင်း စသည်တို့ဖြင့်သာ လုပ်ဆောင်၍ အချိန်ကုန်ဆုံးစေခဲ့သည်ဖြစ်သည်။
တစ်လကြာပြီးသောအခါမှသာ ဂျိတ်သည် မြွေဟောက်အင်ပါယာ ရှိရာသို့လှည့်ကာ
"အလှည့်ကျပြီ"
အေးစက်လှသော နတ်ဆိုးအပြုံးဖြင့် ရေရွတ်လိုက်သည်။