အခန်း ၄၆၂
Vol. 31 Ch. 462
(462)ကပ်ဆိုးကြီးပြန့်နှံ့ခြင်း
ဂျိတ်သည် သူ၏လက်အောက်ငယ်သားတစ်ယောက်အား အမိန့်ပေးဆင့်ခေါ်လိုက်သည်။
ထိုအခါ လက်အောက်ငယ်သားဖြစ်သော စစ်သည်တော်တစ်ယောက်သည် ဂျိတ်ထံသို့ ရောက်ရှိလာပြီး အမိန့်အားစောင့်ဆိုင်း၏။
ဂျိတ်သည် ထိုလက်အောက်ငယ်သားအား အနည်းငယ်ကြီးမားသော အလုံပိတ်သေတ္တာတစ်ခုအား ပေးကာ လေယာဥ်တစ်စင်းစီးနင်းစေကာ
မြွေဟောက်အင်ပါယာနယ်မြေ၌ ချထားခဲ့ရန် အမိန့်ပေး၏။
ဘုရင်၏အမိန့်ဖြစ်သောကြောင့် ငြင်းပယ်ခြင်းမရှိ ချက်ချင်းပင် လက်ခံလိုက်သည်။
ထိုအမိန့်အတိုင်း လက်အောက်ငယ်သားလည်း ဂရိတ်တိုင်းပြည်စစ်တပ်၌ရှိသော မြန်ပေ့ဟူသော လေယာဥ်တစ်စင်းအား စီးနင်းကာ မြွေဟောက်အင်ပါယာထံသို့ သွားလိုက်လေသည်။
ထိုလေယာဥ်သည် မြွေဟောက်အင်ပါယာသို့ ရောက်သည်နှင့် ကောင်းကင်၌ ရပ်တန့်ထားလိုက်သည်။
ရပ်တန့်နေသောလေယာဥ်မှ ထိုလက်အောက်ငယ်သားသည် ကြိုးဖြင့်ဆင်းလာပြီး
ဂျိတ်မှာကြားထားသည့်အတိုင်း ထိုသေတ္တာအား ချထားခဲ့ပြီး လေယာဥ်ထံသို့ ပြန်သွား၏။
လေယာဥ်သို့ရောက်ရှိသည်နှင့် ဂရိတ်တိုင်းပြည်သို့ ပြန်သွားလေတော့၏။
"တီ...တီ.တီ"
မြွေဟောက်အင်ပါယာသို့ရောက်ရှိသွားသော သေတ္တာသည် တစ်နာရီမျှ ကြာသောအခါ အချက်ပေးအသံထွက်ပေါ်လာပြီး ပွင့်သွား၏။
ထိုအခါ ထိုသေတ္တာထဲမှ ကြွက်အကောင်ရေ နှစ်ဆယ်သည် ထွက်လာပြီး ရှာဖွေစားသောက်ရန်အတွက် နေရာအနှံ့သို့ ပြန့်ကျဲထွက်ခွာသွားကြလေသည်။
ထိုသို့လုပ်ဆောင်ပြီးသည်နှင့် ဂရိတ်တိုင်းပြည်မှ ထုတ်ပြန်ချက်အသစ်ထွက်ပေါ်လာသည်။
ထိုထုတ်ပြန်ချက်သည် မြွေဟောက်အင်ပါယာသည် မိမိတို့၏ရန်သူဖြစ်ကြောင်း ကြေညာပြီး ထိုအင်ပါယာမှလူများဖြစ်စေ ထိုအင်ပါယာဘက်မှ လည်ပတ်ပြီးရောက်လာသောလူများဖြစ်စေ
တိုင်းပြည်ထဲအဝင်ခံမည်မဟုတ်ကြောင်းပင်ဖြစ်သည်။
ထိုထုတ်ပြန်ချက်ကြောင့် လူတိုင်းသည် ဂရိတ်တိုင်းပြည်သည် ယခင်အတိုက်ခံရခြင်းနှင့်ပတ်သက်ပြီး ယခုအချိန်မှသာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း အထင်ရှိကြပေသည်။
ထိုအထင်ကို ဂျိတ်အနေဖြင့် ပြန်လည်ဖြေကြားတုံ့ပြန်ခြင်းမရှိပေ။
တစ်ပတ်မျှကြာသောအခါ
မြွေဟောက်အင်ပါယာ၏နယ်မြေများ၌ ထူးခြားသောဖြစ်ရပ်များဖြစ်ပေါ်လာလေသည်။
ထိုဖြစ်ရပ်မှာ စိုက်ပျိုးထားသော ဂျုံခင်းများအား ကြွက်များမှ ဖျက်စီးသည့်ဖြစ်ရပ်ပင်။
ထောင်ချီသော ကြွက်များသည် ဂျုံခင်းများအား စားသောက်ဖျက်စီးကြသောကြောင့် မြွေဟောက်အင်ပါယာ၏ပြည်သူများ ထိတ်လန့်တုန်လှုပ်ခဲ့ကြရသည်။
ထို့ကြောင့် မြွေဟောက်အင်ပါယာမှ ထိုကြွက်များအား နှိမ်နင်းခဲ့ရလေသည်။
ထိုကြွက်များကို စစ်သည်တော်များမှ သုတ်သင်ခဲ့ကြသည်ဖြစ်၏။ မီးဓာတ်ရှိသော စစ်သည်များက မီးများဖြင့် လောင်ကျွမ်းသတ်ဖြတ်ခဲ့ကြသလို မြွေများရှိသော စစ်သည်တော်များကလည်း မြွေများအား စားသောက်စေပြီး ကြွက်များကို နှိမ်နှင်းခဲ့ကြသည်ဖြစ်သည်။
မြွေဟောက်အင်ပါယာဟုခေါ်ဆိုသလိုပင် စစ်သည်အများစုသည် မြွေနှင့်ပတ်သက်သော စွမ်းရည်များရှိခြင်းကြောင့် မြွေများစွာ ရှိနေကြသည်မှာ မထူးဆန်းပေ။
၎င်းတို့နှိမ်နင်းရသော ကြွက်များသည် ဂျုံများစားသောက်သည်ဖြစ်ရာ အကောင်ကြီးမားပြီး ဝဖြိုးကြသည်ဖြစ်သည်။
နောက်ပြီး ထိုကြွက်များသည် ပုံမှန်ကြွက်များထက် ပိုမိုကြီးထွားနှုန်းမြန်ဆန်ပြီး မျိုးပွားနှုန်းမြန်ဆန်မြင့်မား၏။
တစ်ခါမွေးလျှင် အနည်းဆုံးရှစ်ကောင်အထိ မွှေးနိုင်စွမ်းရှိသောကြောင့် အချိန်တိုအတွင်း များပြားလာသည်ဖြစ်သည်။
ထိုသို့များပြားသော်လည်း မြွေဟောက်အင်ပါယာ၌ရှိသော မြွေများလည်း မနည်းလှပေ။
ထို့ကြောင့် သုတ်သင်ပြီးရရှိလာသော ကြွက်များအား မိမိတို့၏မြွေများအား အစားစာအဖြစ် ကျွေးမွေးကြလေသည်။
မြွေများကလည်း ထိုကြွက်များကို စားရသည်မှာ အလွန်အရသာတွေ့လှသလို ခုံမင်စွာစားသောက်ကြသည်။
မြွေများသာမက မြွေဟောက်အင်ပါယာမှ
လူများသည်လည်း သုတ်သင်၍ရရှိလာသောကြွက်များအား ကြွက်ကြော်အဖြစ် စားသုံးခြင်းပြုကြ၏။
ကြွက်များသည် ကြီးမားဝဖြိုးပြီး အရသာရှိလှသောကြောင့် အရက်သောက်ရာ၌ အမြည်းအဖြစ် အသုံးပြုသည်ထိ ခေတ်စားလာကြ၏။
ကြွက်များအရသာရှိသည်ဟုကျော်ကြားလာချိန်တွင် ကြွက်များသည် မျိုးတုန်းလုနီးနီးဖြစ်လာ၏။
ထို့ကြောင့် တစ်ချို့သော စီးပွားရေးသမားများက အရှင်ဖမ်းဆီးပြီး ကြက်များမွေးမြူသလို ကြွက်များအား မွေးမြူပြီး အစားသောက်ဟင်းလျာများအဖြစ် အလိုရှိသလို ချက်ပြုတ်ရောင်းချကြ၏။
ကြွက်များသည် တခြားသော တိရစ္ဆာန်များထက် ပြုစုရလွယ်ကူသလို အစားအစာဖိုးသည်လည်း လွန်စွာသက်သာ၏။ မျိုးပွားနိုင်စွမ်းကြောင့် အချိန်တိုအတွင်း၌ စီးပွားဖြစ်နိုင်သည်ဖြစ်ရာ ကြွက်မွေးမြူရေးစျေးကွက်လည်း စတင်ပေါ်ပေါက်လာခဲ့လေသည်။
ထိုအခြေနေသည် တစ်လမျှအထိကြာ၏။ထိုအခြေနေကို ဂျိတ်သည် ကြည့်ရှုနေပြီး မြွေဟောက်အင်ပါယာအတွက် ရောက်ရှိလာတော့မည် ကပ်ဆိုးကို စောင့်ဆိုင်းကြည့်နေသည်ကိုတော့ မည်သူကမျှမသိပေ။
တစ်ခုသောမနက်ခင်း၌
"ဝေါ့....ဝေါ့"
မြွေဟောက်အင်ပါယာနယ်မြေတစ်ခုတွင်ရှိသည့် ရွာတစ်ရွာ၏ အိမ်တစ်အိမ်၌ရှိသော လူတစ်ယောက်သည် ထိုးအန်နေလေ၏။
"ရှင်ဘာတွေ အစားမှားပြန်ပြီလဲ"
မိန်းမဖြစ်သူသည် ယောကျာ်းဖြစ်သူအလွန်မင်း အေ့ာအန်နေသောကြောင့် စိုးရိမ်တကြီးမေး၏။
ယေကျာ်းဖြစ်သူလည်း ပြန်စဥ်းစားကြည့်ရာ မနေ့ည၌ သူသည် အလွန်နာမည်ကြီးလှသော ကြွက်ကြော်ကို အားပါးတရစားပြီး အရက်သောက်ခဲ့ကြောင်း ပြန်လည်သတိရလာ၏။
အော့အန်ရသောကြောင့် အားအင်ချိနဲ့ပြီး ပျော့ခွေမတတ်ဖြစ်နေ၏။
ထိုကိစ္စအား မိန်းမအားပြောပြရာ မိန်းမဖြစ်သူကလည်း ရွာထဲ၌ဆေးဆရာအား သွားရောက်ပြသ၏။
ထိုအခါ ဆေးဆရာမှ သောက်ဆေးများသောက်စေရန် ထိုအခါမှ လူနာသည်လည်း ပြန်လည်ကျန်းမာစပြုလာ၏။
ထိုဆေးဆရာထံမှ မိမိတို့သည် ခြောက်ယောက်မြောက်လူနာဖြစ်ကြောင်း ရှေ့ကလာသော လူနာတိုင်းသည်လည်း ကြွက်ကြော်အား ရက်ဆက်များစွာ စားသောက်ခဲ့သောကြောင့် ယခုလိုဖြစ်ကြောင်းဆို၏။
ကြွက်ကြော်ကြောင့် စားသောက်သောလူများသည် မူးဝေအော့အန်ပြီး ညောင်းညာလာကြသောကြောင့် လူများကြောက်ရွံ့တုန်လှုပ်သွားလေသည်။
ထိုကိစ္စသည် ယခုမှ အစပြုခြင်းဖြစ်ကြောင်း မြွေဟောက်အင်ပါယာမှ မသိရှိကြပေ။
သူတို့သိသည်မှာ ကြွက်ကြော်စားသုံးမှုများပါက မှူးဝေအော့အန်နိုင်ကြောင်းကိုသာဖြစ်၏။
နောက်ထပ်တစ်ပတ်ကြာသောအခါ တုန်လှုပ်ဖွယ်ကိစ္စများထပ်မံဖြစ်ပွားလာလေ၏။
ဤသည်မှာ ကြွက်များစားသောက်ထားသော မြွေများသည် အကြောင်းတစ်စုံတစ်ရာမရှိဘဲ သေဆုံးသွားသောကြောင့်ဖြစ်၏။
သေဆုံးသွားပြီး လေးနာရီကြာသည်နှင့် ထိုမြွေများ၏အလောင်းများသည် ပြည်ပုပ်များ၊သွေးများဖြင့် ယိုစိမ့်နေပြီး ယင်ကောင်များဖြင့် ပြည့်နှက်နေသည်ဖြစ်သည်။
ထိုသို့မြွေများသည် ထောင်ချီသောင်းချီသေဆုံးသွားကြသည်ဖြစ်ရာ မြွေဟောက်အင်ပါယာမှ ထိုမြွေများအား မီးရှို့ဖျက်စီးခဲ့ကြရသည်။
ထိုသို့လုပ်ဆောင်ရုံဖြင့် ကိစ္စသည်ပြီးဆုံးသွားပြီဟု ထင်နေခဲ့ကြသော်လည်း စိုးရိမ်ဖွယ်ကိစ္စများထပ်မံဖြစ်ပွားခဲ့ပြန်သည်။
ဤသည်မှာ ကြွက်ကြော်စားသောက်သော ငွေအဆင့်စစ်သည်တော်တစ်ယောက် သေဆုံးသွားသောကြောင့်ဖြစ်သည်။
ထိုစစ်သည်လည်း မြွေများသေဆုံးသလိုပင် တစ်ကိုယ်လုံး သွေးပုတ်ပြည်ပုတ်များဖြင့် သေဆုံးနေပြီး ယင်ကောင်များဝဲနေသည်ဖြစ်သည်။
သိထားရမည်မှာ စစ်သည်တော်တစ်ယောက်ဖြစ်လာသောအခါ သာမန်ရောဂါများအား ဖြစ်လာရန်လွန်စွာခဲယဥ်းသွားသည်ဖြစ်၏။
စစ်သည်တော်တစ်ယောက်၏ကိုယ်ခံအားစနစ်သည် သာမန်လူများထက် အဆများစွာသာလွန်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် စစ်သည်တော်သေဆုံးသွားသောအခါ လူများမှ စိုးရိမ်မှုဖြစ်လာခြင်းဖြစ်ပေသည်။
ထိုသို့သောကိစ္စထပ်မံဖြစ်ပေါ်လာသောအခါ လူများ၏ကြောက်စိတ်သည် အမြင့်ဆုံးအထိ ရောက်ရှိသွားလေသည်။
နောက်ရက်များ၌ ရွှေအဆင့်စစ်သည်များ ပလက်တီနမ်အဆင့်စစ်သည်များပါ ထိုသို့ဖြစ်ပျက်ပြီး သေဆုံးကုန်သောအခါ မြွေဟောက်အင်ပါယာလူများ၏ကြောက်စိတ်သည် ထိန်းသိမ်း၍မရတော့ဘဲ ပေါက်ကွဲသွားလေတော့၏။
ထိုသို့သေဆုံးသွားသော စစ်သည်များ၏ပတ်ဝန်းကျင်၌ ကြွက်ကြော်မစားသောစစ်သည်များလည်း သေဆုံးသောအခါ လူများ ဆောက်တည်ရာမရ ဖြစ်ကုန်ကာ အပျက်ကိန်းဆီသို့ ဦးတည်ကြကုန်သည်။
ကြီးမားသောလူ့ဘီလူးကိစ္စသည် မြို့နှစ်မြို့ကိုသာ ဖျက်စီးစေနိုင်သော်လည်း ယခုကပ်ရောဂါသည် မြွေဟောက်အင်ပါယာတစ်ခုလုံးအား ဖျက်စီးရန် ပြန့်နှံ့နေသည်လည်းဖြစ်သည်။