အခန်း ၄၆၃
Vol. 31 Ch. 463
(463)ဆုံးဖြတ်ချက်
"ဘယ်လိုလုပ်ရမလဲ"
ကြီးမားလှသော မြေကွက်ကြီး၌ ခန့်ညားစွာတည်ရှိသော အိမ်တော်ကြီး၏အခန်းတစ်ခု၌
မြွေဟောက်စစ်သည်တစ်ယောက် သက်ပြင်းကြီးစွာချပြီး ရေရွတ်လိုက်သည်။
မနက်က သူအိမ်၏ဘေး၌ရှိနေသော ရွှေအဆင့်စစ်သည်တစ်ယောက်သည် ကြွက်ပလိပ်ရောဂါကူးစက်ပြီး သေဆုံးသွားသောကြောင့်ဖြစ်သည်။
ကြွက်ပလိပ်ရောဂါ...... ဆိုသည်မှာ မြွေဟောက်အင်ပါယာမှ စစ်သည်တော်များ ပေးထားသော ရောဂါနာမည်ဖြစ်၏။ ထိုရောဂါနာမည်အတိုင်း ကြွက်မှစတင်ပြီး ကူးစက်ပြန့်နှံ့လာသောကြောင့်ဖြစ်သည်။
သူကြားခဲ့ရသောကောလဟာလအတိုင်းဆိုပါက သေဆုံးသွားသည့်အိမ်နှင့်ပတ်ပတ်လည်သော အိမ်များမှ စစ်သည်တော်များလည်း အချိန်တိုအတွင်း ကူးစက်ခံရပြီး သေဆုံးကြရသည်ဟူသည်ကို ဖြစ်သည်။
ထိုသတင်းကြောင့် စစ်သည်တော်၏စိတ်သည် ကြောက်လန့်တုန်လှုပ်လာပြီး ခြေဖျားလက်ဖျားများ အေးစိမ့်လာလေသည်။
ကြောက်လန့်စိတ်များအား ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ ချက်ချင်းပင် အဖိုးတန်ရတနာများကို ရနိုင်သလောက် သိုလှောင်သိမ်းဆည်းပြီး မြေကြီးထဲသို့ လျှိုးဝင်ပျောက်ကွယ်သွားလေသည်။
သူသည် မြေနှင့်ပတ်သက်သောစွမ်းရည်ရှိသူလည်း ဖြစ်သည်။
ယခင်က သူ၏စွမ်းရည်အပေါ် အားမလိုအားမရဖြစ်ခဲ့သော်လည်း ယခုအခါ ထိုစွမ်းရည်သည် သူ့အား အသက်ကယ်တင်ပေးနေပြီ ဖြစ်ကြောင်း သူကောင်းစွာ သဘောပေါက်နားလည်ခဲ့သည်ဖြစ်သည်။
ထိုသို့ထွက်ပြေးမှုများသည် သူတစ်ယောက်တည်းသာမဟုတ်ခဲ့ပေ။
ကူးစက်မှုဖြစ်ပေါ်ပြီး သေဆုံးသွားသောနေရာတိုင်း၌ ဖြစ်ပျက်နေကြသည်ဖြစ်သည်။
ကူးစက်မှုစတင်ဖြစ်ပေါ်စဥ်က သေဆုံးသွားသော သားရဲများနှင့်စစ်သည်များ၏အလောင်းများကို မြေမြုပ်ခြင်း သို့မဟုတ် မီးရှို့ခြင်းကို လုပ်ဆောင်ကြသည်ဖြစ်သည်။
ထိုသို့လုပ်ဆောင်ပေးကြသော လူများသည် နောက်ရက်များ၌ မူးဝေအော့အန်ပြီး ဖျားနာကြသလို ထိုသို့လုပ်ဆောင်သော စစ်သည်တော်များကတော့ နှစ်ရက်အတွင်း သေဆုံးသွားကြလေ၏။
သေဆုံးသွားရာတွင်လည်း သူတို့၏အလောင်းများ၌ ပြည်များဖြင့်ပုပ်ပွနေပြီး ယင်ကောင်များဝဲနေကြသည်သော လက္ခဏာများဖြင့် သေဆုံးသွားကြခြင်းဖြစ်သည်။
ထိုအခါ မြွေဟောက်အင်ပါယာရှိလူများသည် ဝရုန်းသုန်းကား ဖြစ်ပျက်ကြလေတော့၏။
လူတိုင်းသည် မိမိမသေရေးအတွက် လွတ်ရာကျွတ်ရာသို့ အသည်းအသန် ထွက်ပြေးတိမ်းရှောင်ကြလေသည်။
ထိုသို့လုပ်ဆောင်ကြသည်ကပင် ကပ်ရောဂါကို ပိုမိုကြီးထွားအောင်ပြုပေးလိုက်သလိုဖြစ်ပျက်စေခဲ့၏။
ယခင်က အလောင်းများအား သယ်ယူပြီး မြေမြုပ်ခြင်း၊မီးရှို့ခြင်းလုပ်ဆောင်ပါသော်လည်း ယခုအခါ သေဆုံးသွားသောအလောင်းများသည် သေဆုံးသည့်အတိုင်းပင် ဆက်လက်ရှိနေကြသည်ဖြစ်ရာ အလောင်းများအပေါ် ယင်ကောင်များနှင့်ကြွက်များ စုပြုံလာခဲ့တော့သည်ဖြစ်သည်။
ထိုအခါ ယခင်ကထက်ပင် ပိုမိုကူးစက်နှုန်း ဆတိုးကိန်းဖြင့် မြန်ဆန်စွာ ပြန့်နှံ့သွားလေတော့၏။
....................
"ဘယ်လိုထင်လဲ"
"အရှင်မင်းကြီး ဒါက"
အတိုင်ပင်ခံဖယ်သည် ဂျိတ်ပြောဆိုပြသသော မြင်ကွင်းအား ကြည့်ပြီး ဝေခွဲရခက်ခဲနေသည်။
ဂျိတ်ပြသပြောဆိုသည်မှာ တခြားမဟုတ်ပေ။ လက်ရှိမြွေဟောက်အင်ပါယာ၌ ဖြစ်ပျက်နေသော ကပ်ရောဂါအကြောင်းပင်ဖြစ်လေသည်။
ထိုကပ်ရောဂါ၏ကြောက်မက်ဖွယ်ရာကောင်းမှုအား
ဂျိတ်ပြသသော ပုံရိပ်ကြောင့် အသေချာမြင်တွေ့ခဲ့ရလေသည်။
ထိုရောဂါသည် ဂျိတ်လွတ်ထားသော ကြွက်မှစတင်ကြောင်းနှင့် ထိုသို့လုပ်ဆောင်ရခြင်းသည် မြွေဟောက်အင်ပါယာသည် စိတ်ဝိညာဥ်ဂိုဏ်းနှင့် ပူးပေါင်းပြီး ဂရိတ်တိုင်းပြည်အား သွေးဝမ်းကပ်ရောဂါစတင်ဖြန့်ခဲ့သောကြောင့် ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
မြွေဟောက်အင်ပါယာ၌ ရောဂါဖြစ်ပွားရာနေရာသည် အတော်လေးပင်အခြေနေဆိုးဝါးနေသည်ဖြစ်သည်။
ဂျိတ်၏စေလွတ်ထားသော ကြွက်မှ စတင်သောရောဂါပိုးသည်လည်း အတော်လေးထူးဆန်း၏။
ရောဂါပိုးကူးစက်ခံရသော သာမန်လူများသည် မူးဝေအော့အန်ပြီး အင်အားလျော့နည်းသည်ကိုသာ ခံစားကြရမည်ဖြစ်သည်။
သေစေသည်အထိတော့ မရောက်ရှိစေခဲ့ပေ။ သို့သော်လည်း ကူးစက်ခံရသောလူသည် စစ်သည်တော်ဖြစ်ခဲ့ပါက အခြေနေမှာ ပြောင်းလဲသွားပြီဖြစ်သည်။
ကူးစက်ခံရသော စစ်သည်တော်သည် ကူးစက်ခံရပါက တစ်ရက်အတွင်း အားအင်လျော့ပါးခြင်း ချွေးဓာတ်ရေဓာတ်ကုန်ဆုံးခြင်းတို့ကို ခံစားရမည်ဖြစ်သည်။
နှစ်ရက်နေ့ရောက်ပါက တစ်ကိုယ်လုံး၌ အနာစိမ်းများကဲ့သို့ ပေါက်လာပြီး ထိုအနာများမှ သွေးပုပ်ပြည်ပုပ်များ ကျဆင်းလာမည်ဖြစ်သည်။
ထိုသို့ဖြစ်လာသည်နှင့် ထိုသွေးပုပ်ပြည်ပုပ်များမှ ထုတ်လွှင့်သော ဓာတ်တစ်မျိုးကြောင့် ယင်မည်းရိုင်းများနှင့် ကြွက်များသည် အနံရရှိပြီး စားသောက်ရန် ထိုနေရာသို့ အပြေးလွှားလာကြမည်ဖြစ်သည်။
ထိုအချိန်၌ ကူးစက်ခံစစ်သည်တော်သည် အင်အားမရှိတော့သောကြောင့် လှုပ်ရှားသွားလာနိုင်ခြင်းမရှိ ဝေဒနာကြီးစွာ ခံစားရပြီး သေဆုံးကြရသည် ဖြစ်သည်။
ထိုသို့သော မြင်ကွင်းများကြောင့် ဖယ်ပင်တုန်လှုပ်မိသည်။ ထိုသို့သောဖြစ်ရပ်ကို လုပ်ဆောင်ခဲ့သော ဂျိတ်၏ရက်စက်မှုကို ပြန်လည်တွေးမိသည်။
သို့သော်လည်း ဂျိတ်သည် လက်တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်သတိရသွား၏။
ဂျိတ်သာ မရှိလျှင် သူတို့ဖြန့်ခဲ့သော ရောဂါအား မတားဆီးနိုင်ခဲ့လျှင် မိမိတိုင်းပြည်သည် ယခုမြွေဟောက်အင်ပါယာလို ဖြစ်ပျက်နေမည်ဖြစ်ကြောင်း တွေးမိသောအခါ ဖယ်၏စိတ်ဆုံးဖြတ်ချက်သည် ပိုမိုခိုင်မာလာလေသည်။
"ဒီရောဂါက ဘယ်လိုပြီးဆုံးသွားမှာလဲ"
ဖယ်၏စကားကြောင့် ဂျိတ်လည်း
"ဒါတော့ ငါလဲမသိဘူး သူတို့ဘယ်လိုလုပ်ကြမလဲဆိုတာအပေါ်မူတည်တယ် "
ဂျိတ်မှ ဆက်လက်ပြီး
"သေချာတာကတော့ အဲ့ရောဂါပိုးက ဒီတိုင်းပြည်ထဲ မဝင်လာစေရဘူး"
ဂျိတ်၏ပြောလိုက်သောစကားကြောင့် ဖယ်လည်း စိတ်ချမ်းသာသွားသည်။
.................
မြွေဟောက်အင်ပါယာ၏ကြီးမားခမ်းနားလှသော နန်းတော်ထဲ၌
"အခြေအနေဘယ်လိုရှိလဲ"
အစိမ်းရောင်ဝတ်ရုံဖြင့် ခမ်းနားထည်ဝါလှသော လူကြီးသည် သူ၏ရှေ့၌ရှိနေသော အမှုထမ်းအား မေးမြန်းလိုက်၏။
ထိုအခါ အမှုထမ်းသည် စိုးရိမ်ထိတ်လန့်သောအမူရာဖြင့်
"အရှင်မင်းကြီး ကျနော်တို့ရဲ့တောင်ပိုင်းအခြေနေက တော်တော်လေး ဆိုးဝါးနေပါတယ် လူတိုင်းထွက်ပြေးတိမ်းရှောင်နေကြရပြီး ကူးစက်ခံရတဲ့စစ်သည်တော်တိုင်း သေဆုံးကုန်ပါတယ် သာမန်လူများကတော့ မသေပင်မဲ့ အရင်လို ဖြစ်လာဖို့ တော်တော်လေး ကုသရမှာပါ"
အမှုထမ်းသည် မြွေဟောက်အင်ပါယာ၏ဘုရင်ကြီးအား ဘေး၌ရှိသော မြေပုံအားထောက်ပြအား ရရှိလာသော ကပ်ရောဂါနှင့်ပတ်သက်သော အချက်လက်များအား တင်ပြ၏။
လက်ရှိအခြေနေတွင် မြွေဟောက်အင်ပါယာ၏ ဆယ်ပုံတစ်ပုံစာ ပမာဏမျှအထိ ကူးစက်မှု ပြန့်နှံ့နေကြောင်း၊ ထိုရောဂါထိန်းချုပ်ကုသရန် ရှာဖွေသော်လည်း ယခုအချိန်ထိ မတွေ့ရှိသေးကြောင်း စသည်တို့ဖြစ်သည်။
ကံကောင်းသည့်တစ်ခုမှာ ထိုရောဂါသည် မာစတာအဆင့်စစ်သည်တော်ကိုမှု သေစေနိုင်ခြင်းမရှိဘဲ ရက်အနည်းငယ်အကြာ နေမကောင်းစေခြင်းကိုသာဖြစ်စေနိုင်သည်ဖြစ်စေသည်ကိုပင်။
"ငါတို့အရင်ကရှိတဲ့ ကပ်ရောဂါရဲ့ဖြေဆေးက အခုကပ်ရောဂါမှာ ထိရောက်မှုရှိလား"
အမှုထမ်းသည် ခေါင်းယမ်းလိုက်ပြီး
"မထိရောက်ပါဘူး အရှင် ဘယ်လိုမှကို အစွမ်းပြသမှုမရှိတာပါ"
ထိုသို့သော သတင်းဆိုးများကြားရသောအခါ မြွေဟောက်အင်ပါယာ၏ပြည့်ရှင်သည် မျက်မှောင်ကြုံလာကာ ဒေါသထွက်လာလေတော့၏။
ဒေါသထွက်လွန်းသောကြောင့် သူ၏လက်ထဲ၌ရှိသော ဖန်ခွက်ငယ်လေးပင် အမှုန့်အဖြစ်သို့ တစ်ခါတည်း ကူးပြောင်းသွားလေသည်။
"ရပြီ သွားတော့"
ဘုရင်ကြီးသည် အမှုထမ်းအား ပြန်လည်စေလွှတ်လိုက်ပြီး တစ်ကိုယ်တည်း စဥ်းစားခန်းဝင်နေ၏။
အမှုထမ်းလည်း ထိုစကားကိုကြားသောအခါ အလွန်ပင် ဝမ်းသာသွားပြီး ထိုစိတ်အား ချုပ်တီးကာ ဟန်မပျက်ဘဲ ပြန်လည်ထွက်ခွာခဲ့လေသည်။
မြွေဟောက်အင်ပါယာဘုရင်သည် ဒေါသထွက်ပါက မိမိအသက်သေဆုံးစေနိုင်သောကြောင့် ဖြစ်၏။
တစ်နာရီမျှကြာအောင် စဥ်းစားပြီးသောအခါ
သူဆုံးဖြဆ်ချက်တစ်ခု ချလိုက်သည်။
ဤသည်မှာ ကူးစက်ခံဒေသတစ်ခုလုံးအား အမြစ်ဖြတ်သုတ်သင်ရန်သာဖြစ်လေသည်။