← Chapters

အခန်း ၄၆၄

Vol. 31 Ch. 464

အခန်း ၄၆၄

Vol. 31 Ch. 464

(464)ရက်စက်မှု

ဂျိတ်လည်း သမီးဖြစ်သူနှင့် ဇနီးဖြစ်သူအား အချိန်ပေးရင်း ထပ်မံကုန်ဆုံးလေသည်။

လက်ရှိအချိန်၌ ဂရိတ်တိုင်းပြည်သည် ရန်သူဖက်မှ မာစတာအဆင့်စစ်သည်တော်ထက်မြင့်သော ဂရန်းမာစတာအဆင့်စစ်သည်တော် မဟုတ်လျှင် ခုခံကာကွယ်နိုင်သည်အထိ အဆင့်မြှင့်တင်ထားပြီးဖြစ်သည်။

ဂရိတ်တိုင်းပြည်အတွက်ကို

ဂရိတ်တိုင်းပြည်၏ နယ်စပ်တံတိုင်းတစ်လျှောက်တွင်လည်း အဆင့်မြင့်အာရုံခံစက်ကိရိယာများ၊

အဆင့်မြှင့် လျှပ်စစ်သံလိုက်လက်နက်ကြီးများနှင့် အပူအာရုံခံ စူပါလေဆာလက်နက်များ တပ်ဆင်ထားပြီးဖြစ်သည်။

တစ်စုံတစ်ယောက်မှ ဂရိတ်တိုင်းပြည်၏နယ်စပ်မြို့အနားရောက်လာပါက အာရုံခံကိရိယာမှ ချက်ချင်းသိရှိမည်ဖြစ်ပြီး သတိပေးမည်ဖြစ်သည်။

သတိပေးချက်အား လိုက်နာခြင်းမရှိပါက ကျန်သော လက်နက်နှစ်မျိုးသည် အပြီးတိုင် တိုက်ခိုက်ချေမှုန်းမည်ဖြစ်သည်။

ထိုလက်နက်နှစ်မျိုးသည် ​အလွန်တရာမြန်ဆန်ပြီး ပြင်းထန်မှုများသောကြောင့် ဂရန်းမာစတာအဆင့်အောက်ရှိ ရန်သူများသည် သေဆုံးရန် 98%ထိ ရှိသည် ဖြစ်သည်။

ဒါဆိုရင် ဂရိတ်တိုင်းပြည်လက်အောက်ခံနယ်မြေများအတွက်ကော ဆိုပါကလည်း အဖြေရှိ၏။

ဂရိတ်တိုင်းပြည်လက်အောက်ခံနယ်မြေတိုင်းအား အဆင့်မြင့်အာရုံခံကိရိယာများတပ်ဆင်ပေးထား၏။

တိုက်ခိုက်ခြင်းသို့မဟုတ် ကျူးကျော်ခြင်းခံရသောအခါ ထိုကိရိယာများမှ ဂရိတ်တိုင်းပြည်အား ချက်ချင်းအကြောင်းကြားမည်ဖြစ်သည်။

အကြောင်းကြားချင်းရရှိသည်နှင့် ဂရိတ်တိုင်းပြည်၏စစ်တပ်မှ နည်းနှစ်မျိုးဖြင့် လက်တုံ့ပြန်မည်ဖြစ်သည်။

ပထမတစ်မျိုးသည် ထို​နေရာအား စစ်တပ်မှ အမြန်ဆုံးတိုက်လေယာဥ်ဖြင့် စေလွှတ်လိုက်မည်ဖြစ်ပြီး သတ်မှတ်သောနေရာသို့ တိုက်လေယာဥ်မှ ရောက်သောအခါ အဆင့်မြင့်တင်ထားသော ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မည်ဖြစ်သည်။

နောက်တစ်မျိုးကတော့ ဂရိတ်တိုင်းပြည်၏စစ်တပ်၌ ရှိနေသော ဒုံးကျည်တင်ကားမှ ဖြစ်ပျက်နေသောအခြေနေတည်နေရာကို ရှာဖွေပစ်မှတ်ထားပြီး ထိုမှနေ၍

အဆင့်မြင့်တင်ထားပြီးဖြစ်သော အဖျက်လက်နက်ဒုံးကျည်များ ပစ်ခတ်မည်ဖြစ်သည်။

ထိုအဖျက်ဒုံးကျည်များသည် မာစတာအဆင့်များရှောင်တိမ်းရန်ခက်ခဲသည်အထိ မြန်ဆန်မည်ဖြစ်ပြီး အဖျက်အားပြင်းထန်မည်ဖြစ်သည်။

ထိုဒုံးကျည်များသည် နျူးကလီးယားလက်နက်များ၏ပြင်းအားနီးနီးရှိပြီး ကွာခြားစေသည်ကတော့ ၎င်းတို့၏ပေါက်ကွဲသောအခါ ထိခိုက်စေသော ဧရိယာပမာဏဝန်းကျင်ဖြစ်သည်။

နျူးကလီးယား၏​သက်ရောက်သောပမာဏသည် မိုင်နဲ့ချီကြီးမားသော်လည်း ထိုအဖျက်လက်နက်များသည် ဘောလုံးကွင်းတစ်ကွင်းစာသာရှိ၏။

ထိုသို့အဆင့်မြင့်လက်နက်များအား မာစတာအဆင့်စစ်သည်နှစ်ယောက်ကျူးကျော်ပြီးနောက် မြှင့်တင်ထားခဲ့သည်ဖြစ်၏။

ဂရန်းမာစတာအဆင့်သတ်ဖြတ်ရန်အတွက် လက်နက်များကို အဆင့်မြင့်တင်ရန်အတွက်ကိုမှု အချ်ိန်တစ်ခုယူရမည်ဖြစ်သည်။

လက်နက်များသည် အဆင့်မြင့်တက်လာလေ ကုန်ကျစရိတ်သည် ယခင်ကထက် ဆတိုးကိန်းဖြင့် ပိုမိုကုန်ကျလာသော​ကြောင့်လည်းပါ၏။

မြွေဟောက်အင်ပါယာ၌ ကြွက်ပလိပ်ရောဂါ ဖြစ်ပွားပြီး တစ်လပြည့်လုနီးနီးအချိန်.....

ဂျိတ်သည် ဂရိတ်တိုင်းပြည်နန်းတော်၏ ဥယျာဥ်တစ်ခု၌ ရှိနေသည်။

သူသည် ထိုဥယျာဥ်၌ ရှိသော ပန်းပင်လေးများအား ရေလောင်းပေးနေသည် ဖြစ်၏။

ထိုပန်းပင်များအား ရေလောင်းပေးပါရန် သမီးလေး ကျောင်းမသွားခင် ပြောဆိုသွားသောကြောင့် ဖြစ်ရာ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေသည်ဖြစ်သည်။

ထိုသို့ရေလောင်းနေချိန်၌

("​မြွေဟောက်အင်ပါယာ၌ ကြွက်ပလိပ်ရောဂါကူးစက်မှုပျောက်ကွယ်သွားပါပြီ")

ထိုသတိပေးချက် တက်လာသောကြောင့် ဂျိတ်သည် အံ့အားသင့်သွား၏။

"ဘယ်လိုဖြေရှင်းလိုက်တာလဲ"

ထိုရောဂါဆိုးကြီးအား မည်သို့မည်ပုံရှင်းလိုက်ကြောင်း သိချင်စိတ်ပြင်းပြလာလေသည်။

ထို့ကြောင့် စနစ်၏အစွမ်းဖြင့် မည်သို့ဖြေရှင်းလိုက်သည်ကို ကြည့်ရှုရန် ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်ဖန်တီး ကြည့်ရှုလိုက်သည်။

ထိုအခါ မြွေဟောက်အင်ပါယာ၏နည်းလမ်းကို ဂျိတ်သည် ​မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရလေသည်။

ထိုမြင်ကွင်းမှာ

နေ့တစ်နေ့၏မနက်ခင်းအချိန်၌..

ကြွက်ပလိပ်ရောဂါကူးစက်ပြန့်ပွားနေသော ဒေသတစ်ခုပေါ်သို့ အရာတစ်ခုသည် အသံထက်မြန်သော အရှိန်ဖြင့် ပျံသန်းသွားလာနေသည်။

ထိုအရာသည် ရပ်တန့်သောအခါ နက်မှောင်နေသော ဝတ်ရုံအား ဝတ်ဆင်ထားသော လူတစ်ယောက်ဖြစ်ပြီး သူသည် လေထဲ၌ ရပ်တန့်နေ၏။

သူ၏ဝတ်ရုံပခုံး၌ ရှိ​နေသော မြွေဟောက်အနက်ရုပ်တုကြောင့် သူသည် မြွေဟောက်အင်ပါယာစစ်သည်တော်တစ်ယောက်ဖြစ်ကြောင်းသိသာစေသည်။

ဂျိတ်သည် သူအသုံးပြုသော နည်းလမ်းအား သိလိုသောကြောင့် ဆက်လက်ကြည့်ရှုလေသည်။

ထိုအနက်ရောင်ဝတ် စစ်သည်သည် မြေကြီးနှင့် ပေတစ်ထောင်ကျော်အထက်၌ ရှိနေပြီး မိမိရောက်ရှိနေသော ပတ်ဝန်းကျင်ကို အကဲခတ်၏။

သေချာသည်ဆိုသည်နှင့် သူသည် သူ၏အော်ရာကို ထုတ်ဖော်လိုက်သည်။

"ဝုန်း"

အနက်ရောင်လူအား ဗဟိုပြုပြီးကြီးမားသော သက်ရောက်မှုကြီးသည် ဘေးသို့ဆက်တိုက်ပြန့်ကားသွားလေသည်။

"သူက ဂရန်းမာစတာပဲ"

ထိုမြင်ကွင်းကို ကြည့်ပြီး ဂရန်းမာစတာဖြစ်ကြောင်း ဂျိတ်အနေဖြင့် ချက်ချင်းသိလိုက်သည်။

ထိုပြန့်ကားသွားသောသက်ရောက်မှုသည် သူ၏နယ်မြေစက်ကွင်းဖြန့်ကျက်​နေခြင်းပင်ဖြစ်သည်။

ထိုသို့သောလုပ်ရပ်သည် ဂရန်းမာစတာအဆင့်ရောက်မှသာလျှင် လုပ်ဆောင်နိုင်သောကြောင့်ဖြစ်သည်။

ထိုနယ်မြေစက်ကွင်းသည် မိုင်ပေါင်းတစ်ရာကျော်သည်အထိ ဆက်လက်ပြန့်နှံ့သွားသည်။

နယ်မြေစက်ကွင်း၏ဖြန့်ကျက်ခြင်းခံရသော နေရာများသည် မီးခိုးများဖုံးလွှမ်းခံရသကဲ့သို့ပင် မြင်ရန်ခက်ခဲသွားသည်ဖြစ်သည်။

အနက်ရောင်ဝတ်လူသည် သူ၏နယ်မြေစက်ကွင်းအား ဖြန့်ကျက်ပြီးသောအခါ သူသည် စကားလုံးတစ်လုံးအား ရေရွတ်လိုက်သည်။

"ပျက်သုန်းခြင်း"

ထိုအခါ သူဖြန့်ကျက်ထားသောနယ်မြေစက်ကွင်းမှ ကြောက်မက်ဖွယ်ကောင်းသော အသံများထွက်ပေါ်လာလေသည်။

ထိုအသံများထွက်ပေါ်ပြီး တခဏအကြာတွင်း လူများ၏သွေးပျက်ကောင်းလောက်အောင် အော်ဟစ်မြည်တမ်းသံများထွက်ပေါ်လာလေသည်။

ထိုအော်ဟစ်သံများလည်း နောက်ငါးစက္ကန့်မျှကြာသောအခါ တိတ်ဆိတ်ခြင်းသို့ ရောက်ရှိသွားလေသည်။

ထိုသို့ဖြစ်ပျက်မှုများသည် မီးခိုးသဖွယ် နယ်မြေစက်ကွင်းမှ ဖုံးလွှမ်းထားသောကြောင့် ထိုနယ်မြေအတွင်းရှိ အရာများကို ကြည့်ရှုမရနိုင်ကြောင်း ဂျိတ်သိလိုက်လေသည်။

အနက်ရောင်ဝတ်စစ်သည်သည် ကောင်းကင်၌သာရပ်​နေပြီး သူ၏နယ်မြေစက်ကွင်းအစွမ်းကို နောက်ထပ်ငါးမိနစ်ကြာသောအခါမှသာလျှင် ပြန်လည်ရုပ်သိမ်းလိုက်သည်။

ထို့နောက် နောက်ထပ်နေရာသို့ မြန်ဆန်သောအရှိန်ဖြင့် ထပ်မံပျံသန်းသွားလေသည်။

ထိုအခါမှ အနက်ရောင်ဝတ်စစ်သည်၏နယ်မြေစက်ကွင်း၏ဖြန့်ကျက်ခြင်းခံခဲ့ရသောဒေသအခြေနေကို ဂျိတ်အနေဖြင့် ကြည့်ခွင့်ရရှိခဲ့သည်။

မြင်တွေ့လိုက်ရသော မြင်ကွင်းအတွက် ဂျိတ်အနေဖြင့် ပြောစရာစကားတစ်ခွန်းသာ ရှိသည်။

"လုံးဝပျက်စီးခြင်း"

အဘယ်ကြောင့်ဆိုသော် သူမြင်လိုက်ရသော မြင်ကွင်းကြောင့်သာလျှင်ဖြစ်ပေသည်။

နယ်မြေစက်ကွင်းဖုံးလွှမ်းခြင်းခံရသော နေရာများသည် သေဆုံးခြင်းအငွေ့သက်များသာလျှင် ကျန်ရှိခဲ့သောကြောင့်ဖြစ်သည်။

ထိုဒေသများ၌ ရှိနေခဲ့သော လူသား၊စစ်သည်တော်များနှင့် တိရစ္ဆာန်အားလုံးသည် သေဆုံးပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

သေဆုံးသွားသော အလောင်းပင်မကျန်ရစ်ခဲ့ပဲ သက်သေဟူ၍ လေတိုက်သောအခါ ပြန့်လွှင့်သွားသော ပြာမှုန့်သာလျှင် ကျန်ရစ်ခဲ့သည်ဖြစ်သည်။

သက်ရှိများသာလျှင် သေဆုံးသွားသည်မဟုတ် သက်မဲ့များဖြစ်သော သစ်ပင်ပန်းမန်များလည်း ကျန်ရစ်ခြင်းမရှိ ပြာဘဝသို့ ကူးပြောင်းသွားပြီဖြစ်သည်။

နယ်မြေစက်ကွင်း၏ဖုံးလွှမ်းခြင်းခံရသောရလာဒ်အနေဖြင့် ပြောင်သလင်းခါနေသော ဧရာမမြေကွက်ကြီးနှင့် ပြာများသာလျှင် ဖြစ်သည်။

ထိုအခြေ​နေအား ကြည့်ပြီး အနက်ရောင်ဝတ်စစ်သည်၏နောက်ထပ်လုပ်ဆောင်မည်ကို ဂျိတ်သည် ဆက်လက်ကြည့်စရာမလိုတော့ဘဲ သူမည်သို့လုပ်ဆောင်မည်ကို သိရှိလိုက်ပြီဖြစ်သည်။

မြွေဟောက်အင်ပါယာအသုံးပြုသွားသော ကပ်ရောဂါဖြေရှင်းနည်းသည် ထိရောက်ပြီး ကြမ်းတမ်း၏။

ထိုနည်းလမ်းကို နောက်တစ်နည်းဖော်ပြရလျှင်

ရက်စက်ခြင်း သာဖြစ်ပေသည်။

All Chapters