← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈ ရည်းစား

မီးသီးနှစ်လုံး ချိတ်ဆွဲထားသော စစ်ကြောရေးခန်းအတွင်း၌ ယခင်က မြင်တွေ့ခဲ့ရသော မာနတခွဲခွဲနှင့် ဒါရင်းကို မတွေ့ရတော့ပေ။ ယခုအချိန်တွင် ထိုလူ၏ မျက်နှာထက်၌ ဂနာမငြိမ်ဖြစ်မှုနှင့် ထိတ်လန့်ကြောက်ရွံ့မှုများက အထင်းသား ပေါ်လွင်နေသည်။

"မင်္ဂလာ နေ့လယ်ခင်းပါ မစ္စတာ ဒါရင်း..."

ရိုအန်နှင့် လေစီတို့က စစ်ကြောရေးခန်း၏ တံခါးမကြီးကို တွန်းဖွင့်ကာ ဝင်ရောက်လာကြသည်။ လက်ထိတ်ခတ်ခံထားရသော ဒါရင်း၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကြပြီး သူတို့နှစ်ဦး စကားမစရသေးမီမှာပင် ဒါရင်းက အလျင်စလို ဖွင့်ဟလာသည်။

"စုံထောက်ကြီး နှစ်ယောက်... အာ မဟုတ်သေးဘူး... စုံထောက်မလေးလည်း ပါတာပဲ... ကျွန်တော့်ကို ယုံကြည်ပေးကြပါ... ဆာဘီနာ ပျောက်ဆုံးသွားတာက ကျွန်တော်နဲ့ လုံးဝ မသက်ဆိုင်ပါဘူး... ကျွန်တော် တကယ် ဘာမှ မသိရပါဘူး..."

ရိုအန်က မျက်ခုံးတစ်ချက် ပင့်လိုက်သော်လည်း မျက်နှာအမူအရာ တစ်စုံတစ်ရာ ပြောင်းလဲသွားခြင်းမရှိဘဲ ဆက်လက် မေးမြန်းလိုက်သည်။

"ဒါဆိုရင် ဒီပိန်ပိန်ပါးပါးနဲ့ မစ္စတာ ကွန်နီရယ် က ဘယ်လိုဖြစ်ရတာလဲ... ခင်ဗျား မိန်းမ ပျောက်ဆုံးသွားတယ်... ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အစောင့်အရှောက်ကို လက်မခံဘူး... ရွေးကြေးငွေပဲ ပေးချင်တယ်လို့ ပြောခဲ့တယ်... ပြီးတာနဲ့ ချက်ချင်းပဲ ဒီ မစ္စတာ ကွန်နီရယ် ကို သွားတွေ့တယ်... သူကများ ခင်ဗျား မိန်းမကို ပြန်ပေးဆွဲသွားတာလား..."

"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... သူ အဲ့ဒီလို လုပ်ဖို့ လုံးဝ မဖြစ်နိုင်ဘူး..."

ထိုစကားကို ကြားလိုက်ရသည်နှင့် ဒါရင်းက ခေါင်းကို ဆက်တိုက် ခါယမ်းပြနေသည်။ ရိုအန်က စစ်ဆေးမေးမြန်းမှုကို မရပ်တန့်သေးပေ။

"အရင်တုန်းက ခင်ဗျား ပြောခဲ့တာ အမှုဖြစ်တဲ့ အချိန်မှာ ခင်ဗျားက လော့စ်အိန်ဂျလိစ်ကို အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတယ် ဆို... ညဘက် ဟီလ်တန် ဟိုတယ်မှာ တည်းတယ်လို့ ပြောခဲ့တယ်... ဒါပေမဲ့ ဟီလ်တန် ဟိုတယ်မှာ ခင်ဗျား တည်းခိုခဲ့တဲ့ မှတ်တမ်းကို လုံးဝ ရှာမတွေ့ခဲ့ဘူး... အဲ့ဒီအချိန်တုန်းက ခင်ဗျား တကယ် ဘယ်ကို သွားခဲ့တာလဲ... နယူးယောက်ကို ပြန်လာပြီး ကိုယ့်မိန်းမကိုယ် ပြန်ပေးဆွဲခဲ့တာလား..."

"ကျွန်တော်..."

ဒါရင်း၏ မျက်နှာထားက တဖြည်းဖြည်းနှင့် ကြည့်ရဆိုးလာတော့သည်။ ရိုအန်တို့ နှစ်ယောက်က သူ့ကိုသာ စူးစိုက်ကြည့်နေကြသည်ကို မြင်သောအခါ အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ဒါရင်းက သက်ပြင်းတစ်ချက်ချကာ တီးတိုး ဝန်ခံလိုက်သည်။

"မနေ့ညက ကျွန်တော် လော့စ်အိန်ဂျလိစ်မှာ မရှိခဲ့တာ အမှန်ပါပဲ... လပ်စ်ဗီးဂတ်စ်ကို သွားခဲ့တာပါ... ကွန်နီရယ် က လောင်းကစားရုံမှာ အလုပ်လုပ်တယ်... သူ အလုပ်ဆင်းတော့ သူ့အိမ်ကို လိုက်သွားပြီး တစ်ညလုံး အတူတူ ပျော်ပါးခဲ့တယ်... အခန်းတစ်ခုတည်းမှာ... ခင်ဗျားတို့ တွေးနေတဲ့ အဲ့ဒီကစားနည်းမျိုးပေါ့..."

ရိုအန်မှာ စကားမဆိုနိုင် ဖြစ်သွားရသည်။

'ငါ မတွေးဘူး... ငါ မသိဘူး... ငါ နားမလည်ဘူး... လာပြီး လျှောက်မပြောနဲ့...'

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရိုအန်က နေရခက်စွာဖြင့် ချောင်းတစ်ချက်ဟန့်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် မေးလိုက်သည်။

"ဒါရင်း... ကျွန်တော်တို့ကို လိမ်ညာတာက ဘာကို ဆိုလိုသလဲဆိုတာ ခင်ဗျား သိရဲ့လား..."

"သိပါတယ်... ဖက်ဒရယ် ဥပဒေအရ ကြီးလေးတဲ့ ပြစ်မှုပါ..."

ဒါရင်း၏ စကားကို ကြားလိုက်ရသောအခါ ရိုအန်က မျက်နှာအမူအရာ တစ်ချက်မပျက်ဘဲ ခေါင်းညိတ်ပြလိုက်သည်။ တကယ်တော့ အက်ဖ်ဘီအိုင် စုံထောက်ကို လိမ်ညာပြောဆိုခြင်းက ကြီးလေးသော ပြစ်မှုတစ်ခု ဖြစ်ကြောင်း သူလည်း ခုလေးတင်မှ လေစီ၏ ပါးစပ်မှတစ်ဆင့် ကြားသိခဲ့ရခြင်း ဖြစ်သည်။

မည်သည့် ထူးချွန်ထက်မြက်သူကများ ဤကဲ့သို့သော ဥပဒေမျိုးကို ရေးဆွဲခဲ့သည် မသိပေ။

ရှေ့ဆက်၍ ကစားစရာ ကွက်ကွက်ကွင်းကွင်း ပေါ်လာပြီဖြစ်သဖြင့် ရိုအန်၏ ရင်ထဲတွင် အလွန် ကျေနပ်သွားတော့သည်။

ရိုအန်၏ လေးနက်သော မျက်နှာထားကို မြင်လိုက်ရသောအခါ ဒါရင်း၏ ရင်ထဲတွင် ပို၍ပင် ထိတ်လန့်လာပြီး အလျင်စလို ရှင်းပြတော့သည်။

"ကျွန်တော်လည်း မတတ်သာလို့ပါ... ကျွန်တော်နဲ့ ကွန်နီရယ် ရဲ့ ကိစ္စက သိပ်ပြီး ဂုဏ်ယူစရာမှ မကောင်းတာ..."

"ဂုဏ်ယူစရာ မကောင်းတာက ရှင်နဲ့ ကွန်နီရယ် ကြားက ပတ်သက်မှု မဟုတ်ဘူး..."

ဒါရင်း၏ စကားကို ကြားလိုက်ရသောအခါ ဘေးနားရှိ လေစီ တစ်ယောက် အလွန် ဒေါသထွက်သွားတော့သည်။ အမျိုးသမီးအချင်းချင်း သဘောကျတတ်သူပီပီ သူမက စားပွဲကို ခပ်ပြင်းပြင်း တစ်ချက် ရိုက်ချလိုက်သည်။

"ဂုဏ်ယူစရာ မကောင်းတာက ရှင့်မှာ မိန်းမ ဆာဘီနာ ရှိနေတာကိုပဲ... ရှင့်လုပ်ရပ်က ဖောက်ပြန်တာ သစ္စာဖောက်တာ... သိရဲ့လား..."

"ကျွန်တော် ဆာဘီနာ့ကို ချစ်တယ်..."

မိမိကို ဖောက်ပြန်သူ သစ္စာဖောက်ဟု လေစီက စွပ်စွဲလိုက်သဖြင့် ဒါရင်းလည်း မခံမရပ်နိုင် ဖြစ်သွားသည်။ သူလည်း စားပွဲကို တစ်ချက် ပြန်ရိုက်ချလိုက်ပြီး လေစီကို အော်ဟစ်လိုက်သည်။

"ခင်ဗျားတို့ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ကျွန်တော် ဆာဘီနာ့ကို ချစ်တယ်... အရမ်းကို ချစ်တာ... ပြန်ပေးဆွဲခံရတဲ့သူက ကျွန်တော်ပဲ ဖြစ်ချင်မိတဲ့အထိပဲ..."

စကားလမ်းကြောင်း အနည်းငယ် လွဲချော်သွားပြီဟု ခံစားလိုက်ရသဖြင့် ရိုအန်က လေစီကို အလျင်အမြန် ဆွဲတားလိုက်ပြီး မေးခွန်းကို မူလလမ်းကြောင်းပေါ်သို့ ပြန်ဆွဲတင်လိုက်သည်။

"ဒါဆို ဒီနေ့ ကွန်နီရယ် ကို သွားရှာတာ ဘာလုပ်ဖို့လဲ... သူက ခင်ဗျား မိန်းမကို ပြန်ပေးဆွဲသွားတယ်လို့ သံသယ ဝင်နေတာလား..."

"မဟုတ်ပါဘူး... သူနဲ့ ရှင်းရှင်းလင်းလင်း သွားပြောချင်လို့ပါ..."

ဒါရင်းက ခေါင်းကို လက်ဖြင့် အုပ်ကိုင်လိုက်ပြီး အကူအညီမဲ့နေသော လေသံဖြင့် ဆိုသည်။

"ကွန်နီရယ် မှာလည်း သူ့ရည်းစားနဲ့သူ ရှိပါတယ်... ကျွန်တော်တို့ နှစ်ယောက်က အပျော်သဘောသက်သက်ပါ... ဒီနေ့ သူ့ကို သွားရှာတာက စကားကို ရှင်းရှင်းလင်းလင်း ပြောပြီး အဆက်အသွယ် ဖြတ်ချင်လို့ပါ... ဆာဘီနာ ပြန်ပေးဆွဲခံရတာက ကျွန်တော့်ကို ဘုရားသခင်က အပြစ်ပေးလိုက်တာလို့ ခံစားရတယ်... သူလည်း ကျွန်တော့်ကို သိပ်ချစ်သလို ကျွန်တော်လည်း သူ့ကို သိပ်ချစ်တာ... နှစ်တိုင်းလည်း မင်္ဂလာနှစ်ပတ်လည် ဟန်းနီးမွန်း အမြဲ သွားထွက်လေ့ ရှိတယ်..."

ရိုအန်မှာ စကားမဆိုနိုင် ဖြစ်သွားရပြန်သည်။

မြင်ကွင်းက တကယ့်ကို အသက်ဝင်လွန်းနေသည်။

သို့သော် အတွေးတစ်ချက် ပြောင်းသွားသည်။ အမေရိကန်တွင် ဤကဲ့သို့သော အခြေအနေမျိုးက သိပ်ပြီး ထူးဆန်းလှသည်တော့ မဟုတ်ပေ။ ဤထက်ပို၍ အဓိပ္ပာယ်မရှိသော ပွင့်လင်းလွတ်လပ်သည့် အိမ်ထောင်ရေး မျိုးပင် ရှိနေသေးသည် မဟုတ်ပါလား။

လိင်တူချစ်သူများကြားရှိ သံယောဇဉ်ကို လုံးဝ နားမလည်နိုင်သဖြင့် ရိုအန်က လေစီကို ခေါင်းစောင်း၍ တစ်ချက် လှမ်းကြည့်လိုက်သည်။ လေစီ၏ စူးရဲသော မျက်စောင်းကို ရရှိလိုက်ပြီးနောက် ရိုအန်က မျက်နှာကို အလျင်အမြန် ပြန်လှည့်ကာ ဒါရင်းကို နောက်ဆုံး အနေဖြင့် မေးလိုက်သည်။

"ကောင်းပြီ မစ္စတာ ဒါရင်း... နောက်ဆုံးအနေနဲ့ ဝန်ခံစရာ တစ်ခုခုများ ကျန်နေသေးလား... ကျွန်တော်တို့ ဒီစစ်ကြောရေးခန်းထဲက ထွက်သွားပြီးမှ တစ်ခုခု ဖုံးကွယ်ထားတာ တွေ့ခဲ့ရင်တော့..."

"မရှိတော့ပါဘူး စုံထောက်ကြီး..."

ဒါရင်းက မျက်ထောင့်မှ မျက်ရည်များကို သုတ်ဖယ်လိုက်ပြီး ရိုအန်ကို လေးနက်သော မျက်နှာထားဖြင့် တောင်းဆိုလိုက်သည်။

"ကျွန်တော့်စကားကို စုံထောက်ကြီး ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ကျွန်တော် ဆာဘီနာ့ကို တကယ် ချစ်ပါတယ်... ကျွန်တော့် မိန်းမကို အရမ်း ချစ်တာပါ... သူ့ကို မရရအောင် ရှာပေးကြပါ... အမှုပြီးသွားရင် ကျွန်တော် ခင်ဗျားတို့ကို ဆုကြေးငွေ အမေရိကန် ဒေါ်လာ တစ်သန်း ပေးပါ့မယ်..."

ရိုအန်၏ မျက်လုံးများက ချက်ချင်း အရောင်လက်သွားတော့သည်။ နေရာမှ ထလိုက်ပြီး ဒါရင်း၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ တရားမျှတမှုအပြည့်ရှိသော မျက်နှာထားဖြင့် ကတိပေးလိုက်သည်။

"စိတ်ချပါ မစ္စတာ ဒါရင်း... ခင်ဗျားရဲ့ အချစ်ကို ကျွန်တော် ယုံကြည်ပါတယ်... ခင်ဗျား မိန်းမကို ရှာတွေ့ဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာပါ..."

ထိုမြင်ကွင်းကြောင့် လေစီ တစ်ယောက် ဆွံ့အသွားရသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် အခြား စစ်ကြောရေးခန်း တစ်ခန်းအတွင်း။

အရပ် တစ်မီတာ ခုနစ်ဆယ်ခန့်ရှိပြီး ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နှင့် စူးရှသော မျက်နှာပေါက်ရှိသည့် ကွန်နီရယ် က ရိုအန်၏ မေးခွန်းကို ကြားလိုက်ရသောအခါ အလွန် အထင်သေးသော လေသံဖြင့် ဖြေလိုက်သည်။

"နောက်မနေပါနဲ့ စုံထောက်ကြီးရယ်... ဒါရင်း ရဲ့ မိန်းမက ဘယ်သူမှန်းတောင် ကျွန်တော် မသိတာ... သူ့ကို ပြန်ပေးဆွဲဖို့ ဆိုတာကတော့ ပိုတောင် မဖြစ်နိုင်သေးတယ်..."

"ဘာဖြစ်လို့ ပြန်ပေးမဆွဲနိုင်ရမှာလဲ..."

ရိုအန်က လေးနက်သော မျက်နှာထားဖြင့် ဆိုသည်။

"ဒါရင်း ရဲ့ မိန်းမ ဆာဘီနာ က အမျိုးသမီး သူဌေးကြီး တစ်ယောက်ပဲ... မင်းရဲ့ ဘဏ္ဍာရေး အခြေအနေကို ငါတို့ စစ်ဆေးပြီးပြီ... တော်တော်လေး သာမန်ပါပဲ... မင်းသာ ဆာဘီနာ ကို ပြန်ပေးဆွဲပြီး ရွေးကြေးငွေ ရလိုက်မယ်ဆိုရင် မင်းရဲ့ လက်ကျန် ဘဝတစ်လျှောက်လုံး စားဝတ်နေရေး ပူစရာ မလိုတော့ဘူးလေ..."

"တော်ပါတော့... ကျွန်တော့်မှာ စုဆောင်းငွေ သိပ်မများဘူး ဆိုပေမဲ့ ကျွန်တော့်အတွက် ပိုက်ဆံသုံးပေးချင်နေတဲ့ ယောကျ်ားတွေ အများကြီး ရှိပါတယ်..."

ကွန်နီရယ် က လက်ဝှေ့ယမ်းပြလိုက်ပြီး ခြေချိတ်ထိုင်ကာ ရယ်မောလျက် ပြောလိုက်သည်။

"ကျွန်တော်က လပ်စ်ဗီးဂတ်စ်မှာ နာမည်ကြီးပဲ... စိတ်လှုပ်ရှားမှု ရှာချင်တဲ့ ယောကျ်ားတွေ အများကြီး ကျွန်တော့်ကို ဆက်သွယ်ကြတယ်... ပြီးတော့ ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုကလည်း အရမ်းကောင်းတယ်... တစ်ခါလောက် တွေ့ပြီးတာနဲ့ သူတို့ကို လုံးဝ မေ့မရအောင် လုပ်ပေးနိုင်တယ်... ဒါရင်း လိုမျိုး ပိုက်ဆံချမ်းသာတဲ့ ယောကျ်ားမျိုး ကျွန်တော် သိတာ ဆယ်ယောက်ထက်မက ရှိတယ်... ဒီလိုအခြေအနေမှာ ကျွန်တော်က ပိုက်ဆံ လိုနေမယ်လို့များ ခင်ဗျားတို့ ထင်နေတာလား..."

ရိုအန်မှာ ဘာပြောရမှန်းမသိအောင် ဖြစ်သွားရသည်။

ရိုအန် တစ်ယောက် တိတ်ဆိတ်သွားပြီး ပါးစပ်ဟကာ ဘာဆက်ပြောရမှန်း မသိဖြစ်နေသည်။ ဘေးနားရှိ လေစီကသာ ဆက်လက် မေးခွန်းထုတ်လိုက်သည်။

"မင်းမှာ ရည်းစား တစ်ယောက် ရှိတယ်လို့ ဒါရင်း က ပြောတယ်... မင်းကြောင့် သူက ဒါရင်း ကို မနာလိုဖြစ်ပြီး ဒါရင်း ရဲ့ မိန်းမကို သွားပြန်ပေးဆွဲတာများ ဖြစ်နိုင်မလား..."

"ကျွန်တော့် ရည်းစား ဟုတ်လား..."

ကွန်နီရယ် က ခေတ္တ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် အသက်ရှူပင် မှားမတတ် အော်ဟစ် ရယ်မောတော့သည်။ သူက ရယ်မောရင်းဖြင့် ရှင်းပြလိုက်သည်။

"ဒါရင်း တစ်ယောက် အထင်လွဲသွားတာ နေမှာပါ... သူပြောတဲ့ ကျွန်တော့် ရည်းစား ဆိုတာက တကယ်တော့ ကျွန်တော့်ရဲ့ အရင်ဖောက်သည် တစ်ယောက်ပါ... ကျွန်တော် စောစောက ပြောခဲ့သလိုပဲ... တစ်ခါလောက် တွေ့ပြီးတာနဲ့ ယောကျ်ားတွေကို ကျွန်တော့်ကို ထာဝရ မေ့မရအောင် လုပ်ပေးနိုင်စွမ်း ရှိတယ်လေ..."

ရိုအန်မှာ အပြောအဆို ခက်ခဲသွားရပြန်သည်။

စစ်ကြောရေးခန်းထဲမှ ထွက်လာပြီးနောက် ရိုအန်က အစည်းအဝေးခန်းထဲရှိ ကုလားထိုင်ပေါ်တွင် ဝင်ထိုင်ကာ မျက်လုံးများကို မှိတ်ထားပြီး အနားယူလိုက်သည်။

အမေရိကန်၏ ယဉ်ကျေးမှုနှင့် ဓလေ့စရိုက်များက မိမိအတွက် ရိုက်ခတ်မှု အလွန် ပြင်းထန်လွန်းလှသဖြင့် ခေတ္တမျှ ဖြေလျှော့ရန် လိုအပ်နေသည်။

"ငါ စစ်ဆေးပြီးသွားပြီ..."

မိုနာက လက်ပ်တော့ တစ်လုံးကို ပိုက်လျက် ရိုအန်နှင့် လေစီတို့ အနီးသို့ လျှောက်လာပြီး ပြုံးကာ ပြောလိုက်သည်။

"ကွန်နီရယ် အိမ်ရှေ့က လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ ဒါရင်း နဲ့ ကွန်နီရယ် တို့က တစ်ညလုံး အိမ်ထဲကနေ ထွက်မလာခဲ့ကြတာ အမှန်ပဲ... ဒါရင်း ပြောတဲ့ ကွန်နီရယ် ရဲ့ ရည်းစား ဆိုတာကလည်း သရုပ်ဆောင်ပေါက်စ တစ်ယောက်ပဲ... အမှုဖြစ်တဲ့ အချိန်က သူက ပင်လယ်ပြင်ပေါ်မှာ ရုပ်ရှင်ရိုက်နေတာ... အဲ့ဒီမှာ ရှိနေတဲ့ လူတိုင်းက သူ့အတွက် သက်သေပြပေးနိုင်တယ်... ပြစ်မှုကျူးလွန်ဖို့ အချိန် လုံးဝ မရှိဘူး..."

"ကောင်းပြီလေ..."

ရိုအန်က ခေါင်းကို ကုတ်လိုက်သည်။ ခင်ပွန်းဖြစ်သူ ဒါရင်း ဘက်မှ သဲလွန်စများ ယာယီ ပြတ်တောက်သွားပြီ ဖြစ်ရာ ပျောက်ဆုံးသူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များဆီသို့သာ အာရုံစိုက်ရတော့မည် ဖြစ်သည်။

"ဆာဘီနာ တို့ ကုမ္ပဏီရဲ့ ပြိုင်ဘက်တွေကများ လက်စွမ်းပြလိုက်တာ ဖြစ်နိုင်မလား..."

လေစီက မိုနာ့ကို သူမ၏ အနီးသို့ ဆွဲယူလိုက်ပြီး ပခုံးကို ဖက်ထားလိုက်သည်။ ထို့နောက် ခေါင်းစောင်းကာ ရိုအန်ကို သံသယဖြင့် မေးခွန်းထုတ်လိုက်သည်။

မိုနာ တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားသည်။

'စကားပြောရင်လည်း ရိုးရိုး ပြောပါလား... ဘာကိစ္စ လာဖက်ထားရတာလဲ...'

"အဲ့ဒီလို မဖြစ်နိုင်ဘူးလို့တော့ ပြောလို့ မရဘူး..."

ရိုအန်က ခေါင်းညိတ်လိုက်ပြီး မိုနာ့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ဆာဘီနာ နဲ့ ဒါရင်း တို့ ပိုင်တဲ့ ကုမ္ပဏီတွေကို မင်း သွားစစ်ဆေးကြည့်လိုက်ဦး... သူတို့ရဲ့ စီးပွားရေး လည်ပတ်မှု အခြေအနေတွေကို အကြမ်းဖျင်း လေ့လာကြည့်..."

လေစီက လက်ထောင်ကာ မေးလိုက်သည်။

"ဒါဆို ငါတို့ကရော..."

"ငါတို့က ဆာဘီနာ ရဲ့ စံအိမ်ကို သွားပြီး ထပ်ရှာကြည့်ကြမယ်... အဲ့ဒီစံအိမ်ထဲမှာ ငါတို့ ရှာမတွေ့သေးတဲ့ ပစ္စည်း တချို့တလေ ကျန်နေသေးတာလည်း ဖြစ်နိုင်တယ်လေ..."

ရိုအန်က ကုလားထိုင်ပေါ်မှ မတ်တပ်ရပ်လိုက်ပြီး အကြောအဆစ်များကို အားပါးတရ ဆန့်ထုတ်လိုက်သည်။

"သတင်းကောင်း တစ်ခုကတော့ ငါတို့ အပင်ပန်းခံရတာ အချည်းနှီး မဖြစ်သွားဘူး... လောလောဆယ်တော့ ဒါရင်း ကို သံသယရှိသူ စာရင်းထဲကနေ ပယ်ဖျက်လိုက်လို့ ရပြီ…”

All Chapters