အခန်း ၁၉
Vol. 2 Ch. 19
အခန်း ၁၉ ကျန်းမာရေး စောင့်ရှောက်မှု စင်တာ
ဂရင်းဝစ်ချ် ရပ်ကွက်ရှိ စံအိမ်ကြီး၏ စာကြည့်ခန်းအတွင်း ရိုအန်နှင့် ဒါရင်းတို့ ထိုင်နေကြသည်။ လေစီနှင့် အခြား အမျိုးသမီး စုံထောက်တစ်ဦးကတော့ လင်မယားနှစ်ယောက်၏ အိပ်ခန်းထဲသို့ သွားရောက်ကာ အကြမ်းဖျင်း ရှာဖွေမှုများ ပြုလုပ်နေသည်။
"မစ္စတာ ဒါရင်း..."
ရိုအန်က ကော်ဖီတစ်ငုံ သောက်လိုက်ပြီး အစည်းအဝေးစားပွဲဘေးရှိ နာရီကို လက်ညှိုးထိုးပြကာ စကားစလိုက်သည်။
"ခင်ဗျား မိန်းမ ပျောက်သွားတာ မနက် ခြောက်နာရီလောက်ကတည်းကဆိုတော့ အခုဆို နေ့လယ် နှစ်နာရီတောင် ထိုးနေပြီ... အချိန် ရှစ်နာရီတိတိ ကြာသွားပေမဲ့ ပြန်ပေးဆွဲသမားတွေဆီက ရွေးကြေးငွေ တောင်းတဲ့ ဖုန်း လုံးဝ မလာသေးဘူး... ခင်ဗျားတို့ လင်မယား စီးပွားရေး လုပ်ငန်းခွင်မှာ တစ်ယောက်ယောက်ကိုများ သွားစော်ကားမိတာမျိုး မရှိဘူး ဆိုတာ သေချာရဲ့လား..."
"သေချာပေါက် မရှိပါဘူး... ကျွန်တော် တကယ် ဘာမှ မသိရပါဘူး စုံထောက်ကြီး..."
ဆိုဖာပေါ်တွင် ထိုင်နေသော ဒါရင်း၏ မျက်နှာထားက အလွန်အမင်း ကြည့်ရဆိုးနေသည်။ မိန်းမဖြစ်သူ ပျောက်ဆုံးသွား၍ စိတ်ပူနေခြင်းလား သို့မဟုတ် မိန်းမ သေဆုံးသွားပါက မိမိအတွက် ပိုက်ဆံ အများကြီး မရနိုင်တော့မည်ကို စိုးရိမ်နေခြင်းလား ဆိုတာကိုတော့ ခွဲခြားမရနိုင်ပေ။ ရိုအန်၏ မေးခွန်းကို ကြားလိုက်ရသည်နှင့် အလျင်စလို ရှင်းပြတော့သည်။
"ကုမ္ပဏီကိစ္စ အများစုကို ဆာဘီနာ ကပဲ ကိုင်တွယ်ဖြေရှင်းတာပါ... ကျွန်တော်က စီးပွားရေး မိတ်ဖက်တွေနဲ့ ဆက်သွယ်ပြီး ရင်းနှီးမှု ရအောင် လုပ်ပေးရတဲ့ တာဝန်ပဲ ယူထားတာပါ..."
"ကောင်းပါပြီလေ..."
ရိုအန်က ခေါင်းညိတ်ပြလိုက်သည်။ ဤသည်မှာလည်း မိန်းမက အလုပ်လုပ်ပြီး ယောကျ်ားက အပြင်ထွက် ပေါင်းသင်းဆက်ဆံရသည့် တစ်မူထူးခြားသော အိမ်ထောင်ရေးပုံစံ တစ်မျိုးပင် ဖြစ်သည်။ နောက်ထပ် မေးခွန်းထုတ်ရန် ပြင်လိုက်စဉ်မှာပင် ဒါရင်းက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် ပေါင်ကို ဖြတ်ခနဲ ရိုက်ချကာ ပြောလိုက်သည်။
"ဒါနဲ့ စုံထောက်ကြီး... ဆာဘီနာ က အမျိုးသမီး ကျန်းမာရေး စောင့်ရှောက်မှု စင်တာ တစ်ခုမှာ ခန္ဓာကိုယ်ကို သွားပြီး အမြဲ ပေါင်းတင်လေ့ရှိတယ်... မနေ့ညက ကျွန်တော်တို့ နောက်ဆုံး ဖုန်းပြောဖြစ်ကြတော့ သူ နေ့လယ်ပိုင်းတုန်းက အဲ့ဒီ စင်တာကို သွားခဲ့တယ်လို့ ပြောတယ်... အဲ့ဒါများ..."
ဒါရင်း စကားပင် မဆုံးလိုက်ရသေးမီ လေစီက ပန်းရောင် အသင်းဝင်ကတ်ပြား တစ်ခုကို ကိုင်ဆောင်လျက် စာကြည့်ခန်းထဲသို့ ဝင်လာသည်။ ထို့နောက် ရိုအန်ထံ ကမ်းပေးရင်း ဆိုသည်။
"အဲ့ဒီ ကျန်းမာရေး စောင့်ရှောက်မှု စင်တာက ဗီအိုင်ပီ ကတ်ပြားကို ငါ ရှာတွေ့ခဲ့ပြီ..."
"အိုကေ..."
ရိုအန်က ကတ်ပြားကို လှမ်းယူကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဒါရင်းကို စံအိမ်ထဲမှ ခေတ္တမျှ ထွက်မသွားရန်နှင့် စံအိမ်အပြင်ဘက်တွင် သူ့ကို စောင့်ကြည့် ကာကွယ်ပေးမည့် စုံထောက်နှစ်ဦး ရှိနေကြောင်း သတိပေးလိုက်သည်။ ထိုကိစ္စများ ပြီးစီးသွားသည်နှင့် လေစီကို ခေါ်ဆောင်ကာ အက်စ်ယူဗီ ကားဆီသို့ ပြန်လာခဲ့သည်။
အနက်ရောင် ကားကြီးက ကားလမ်းမထက်တွင် အရှိန်ပြင်းပြင်း မောင်းနှင်နေသည်။ လေစီက ထိုပန်းရောင် အသင်းဝင်ကတ်ပြားကို ကိုင်ကာ အသေအချာ အကဲခတ်နေသည်ကို မြင်သောအခါ ရိုအန်က အနည်းငယ် သံသယဝင်သွားသည်။
"ဘာဖြစ်လို့လဲ လေစီ... အဲ့ဒီ အသင်းဝင်ကတ်ပြားက ဘာများ ပုံမှန်မဟုတ်တာ ရှိနေလို့လဲ..."
"ကတ်ပြားကတော့ ပုံမှန်ပါပဲ... ဒါပေမဲ့ ကတ်ပြားပေါ်မှာ ရေးထားတဲ့ လိပ်စာက ပုံမှန် မဟုတ်ဘူး..."
လေစီက လက်သည်းဖြင့် ကတ်ပြားကို ပွတ်သပ်နေရင်း သူမ၏ မျက်နှာပေါ်တွင် ပြုံးစစ အမူအရာတစ်ခု ပေါ်လာသည်။ ထို့နောက် ရိုအန်ဘက်သို့ လှည့်ကာ ရှင်းပြလိုက်သည်။
"ဒီကတ်ပြားပေါ်က လိပ်စာက နယူးယောက်မြို့ရဲ့ အရှေ့ပိုင်း အောက်ဘက်ရပ်ကွက် ဖြစ်နေတယ်... အဲ့ဒီနယ်မြေကို ငါ တော်တော်လေး ကျွမ်းတယ်... ငါ မှတ်မိသလောက်ဆို အဲ့ဒီနေရာမှာ ဘယ်ကျန်းမာရေး စောင့်ရှောက်မှု စင်တာမှ မရှိဘူး..."
"အင်း..."
ရိုအန်က ချက်ချင်းပင် သဘောပေါက်သွားသည်။
"ဒါဆို ဆာဘီနာ က ဒါရင်း ကို လိမ်ပြောခဲ့တာပေါ့..."
"ဘယ်သူ သိမှာလဲ..."
လေစီက ခါးကြားမှ သေနတ်ကို ဆွဲထုတ်ကာ ကျည်အိမ်ကို သေသပ်အောင် ပြင်ဆင်နေရင်း အသင်းဝင်ကတ်ပြားကို ဘေးဘက်သို့ လွှင့်ပစ်လိုက်သည်။ ထို့နောက် တည်ငြိမ်စွာဖြင့် ဆက်ပြောသည်။
"ဒီလင်မယားက ငါတို့ ထင်ထားသလောက် သိပ်ရိုးရှင်းမနေဘူး..."
ရိုအန်က အက်စ်ယူဗီကားကို အသင်းဝင်ကတ်ပြားပေါ်တွင် မှတ်တမ်းတင်ထားသော လိပ်စာ၏ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်ခြမ်းတွင် ရပ်တန့်လိုက်သည်။ ခေါင်းလှည့်၍ ကြည့်လိုက်ရာ လမ်းတစ်ဖက်ခြမ်းရှိ အဆောက်အအုံမှာ အဆင့်မြင့် ကော်ဖီဆိုင် တစ်ဆိုင် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
လေစီ့ဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူမက ခပ်ဟဟလေး ပြုံးနေသည်ကို တွေ့လိုက်ရသည်။ လက်ညှိုးနှင့် လက်ခလယ်ကြားတွင် အသင်းဝင်ကတ်ပြားကို ညှပ်ထားပြီး သူမ၏ လေသံက ရုတ်တရက် အီစီကလီ ဆန်လာသည်။
"လာခဲ့ ကောင်လေး... ဒီနေ့ မင်းကို လောကကြီးရဲ့ အတွေ့အကြုံ အသစ်တွေ ခေါ်ပြမယ်..."
"..."
လေစီက ယခုနှစ်တွင် အသက် သုံးဆယ့်နှစ်နှစ် ရှိပြီဖြစ်ပြီး ရိုအန်က အသက် နှစ်ဆယ့်ငါးနှစ်သာ ရှိသေးသည်။ တစ်နည်းအားဖြင့် ပြောရလျှင် သူသည် သူမအတွက် ကောင်လေးတစ်ယောက်ဟု ခေါ်ဆို၍ ရနိုင်ပေသည်။
သူတို့နှစ်ဦး ကားပေါ်မှ ဆင်းလာကြပြီးနောက် ရိုအန်က လေစီ၏ နောက်မှလိုက်ကာ ကားလမ်းမကို ဖြတ်ကူးပြီး ကော်ဖီဆိုင် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ကော်ဖီဆိုင်က သိပ်မကျယ်ဝန်းလှပေ။ နေ့လယ် နှစ်နာရီကျော် အချိန်ဖြစ်သဖြင့် နေရာအနှံ့ ဝေ့ကြည့်လိုက်ရာ နေ့လယ်ခင်း ကော်ဖီသောက်နေကြသော အမျိုးသား အမျိုးသမီး အနည်းငယ်ကိုသာ တွေ့ရသည်။ သို့သော် ရိုအန် ဘာမှ မမေးရသေးမီမှာပင် လေစီက သူ၏ လက်မောင်းကို ချိတ်ကာ ကော်ဖီဆိုင်၏ နောက်ဖေး မီးဖိုချောင်ဘက်သို့ ဆွဲခေါ်သွားတော့သည်။
"ဘာမှ ဝင်မပြောနဲ့... ငါ့ကိုသာ လွှဲထားလိုက်..."
လေစီက ရိုအန်ကို အောက်သို့ ဆွဲချကာ နားနားကပ်၍ တီးတိုး သတိပေးလိုက်သည်။ သူတို့နှစ်ဦး ဆက်လျှောက်လာခဲ့ရာ မီးဖိုချောင်သို့ သွားရာ လမ်းတစ်လျှောက်ရှိ အလွန် ထူထဲသော ကန့်လန့်ကာကြီး တစ်ခုရှေ့တွင် ထိုင်နေသည့် ခန္ဓာကိုယ် ထွားကျိုင်းလှသော လူမည်းကြီး တစ်ဦး ရုတ်တရက် ထွက်ပေါ်လာသည်။
ရိုအန်နှင့် လေစီတို့ကို မြင်လိုက်ရသောအခါ ထိုလူမည်းကြီးက မတ်တပ်ရပ်၍ တစ်စုံတစ်ခု မေးမြန်းရန် ပြင်လိုက်သည်။ သို့သော် လေစီ၏ လက်ချောင်းများကြားတွင် ညှပ်ထားသော ပန်းရောင် အသင်းဝင်ကတ်ပြားကို မြင်လိုက်ရသည်နှင့် ခေါင်းညိတ်ပြကာ မူလနေရာတွင် ပြန်ထိုင်လိုက်သည်။
ထူထဲသော ကန့်လန့်ကာကြီးကို လှန်ကြည့်လိုက်ရာ အောက်ဘက်သို့ ဆင်းသွားသော လှေကားတစ်စင်း ရှိနေသည်။ ထိုလှေကားအဆုံးသို့ ရောက်သောအခါ အရောင်တလက်လက် တောက်နေသော တံခါးမကြီး တစ်ချပ်ကို တွေ့လိုက်ရသည်။ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ရမ္မက်ဆန်ဆန် သွေးဆူစေသော တေးဂီတသံများက သူတို့နှစ်ဦး၏ နားထဲသို့ ရိုက်ခတ်လာတော့သည်။
ရိုအန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ အရောင်စုံ လင်းလက်နေသော မီးရောင်များအောက်တွင် ဧည့်ခန်းမကြီး အတွင်းရှိ ဆိုဖာများပေါ်၌ စုံတွဲများစွာ ထိုင်နေကြပြီး အရွယ်ရောက်ပြီးသူသုံး ကစားစရာများ အကြောင်းကို ဆွေးနွေးနေကြသည်။ စကားပြော၍ အရှိန်ရလာသည်နှင့် ဧည့်ခန်းမ၏ ဘေးတစ်ဖက်တစ်ချက်စီရှိ အခန်းများထဲသို့ ဝင်သွားကြကာ ချွေးပေါက်များ ပွင့်ထွက်လာသည်အထိ လှုပ်ရှားကြတော့သည်။ ထိုအချိန်တွင် စောစောက ဆွေးနွေးထားသော ကစားစရာများ၏ အသုံးပြုပုံကို တစ်ဖက်လူ၏ ကိုယ်ပေါ်တွင် အသုံးချကြတော့သည်။
"ကမ္ဘာသစ်ဆီကို ကြိုဆိုပါတယ်..."
လေစီက ရိုအန်၏ နားနားကပ်ကာ ခပ်ဟဟ ရယ်မောလိုက်သည်။ ထို့နောက် သူ၏ လက်မောင်းကို ချိတ်လျက် ထောင့်ဘက်ရှိ အရက်ဘားကောင်တာဆီသို့ လျှောက်သွားကာ စားပွဲကို ခေါက်၍ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
"မင်းတို့ သူဌေး ဘယ်မှာလဲ..."
ဘားကောင်တာ အတွင်းရှိ အမျိုးသမီး စားပွဲထိုးလေးက သူတို့နှစ်ဦးအတွက် အရက် နှစ်ခွက် ငှဲ့ပေးလိုက်ပြီး ဧည့်ခန်းမ ထောင့်တစ်နေရာရှိ ပန်းရောင် အခန်းတစ်ခုကို လက်ညှိုးထိုးပြကာ ဖြေလိုက်သည်။
"သူဌေး ကစားနေတယ်... အချိန်မအားဘူး..."
လေစီက ခေါင်းညိတ်ပြလိုက်ပြီး ရိုအန်၏ လက်မောင်းကို ချိတ်ကာ ထိုပန်းရောင် အခန်းဆီသို့ လျှောက်သွားသည်။ ထို့နောက် တံခါးပင် မခေါက်တော့ဘဲ အတင်းအကျပ် တွန်းဖွင့်ကာ ဝင်သွားလေသည်။
"ဟေး..."
"တောက်..."
"မင်းတို့ ဘာလာလုပ်တာလဲ..."
တံခါး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် အခန်းတွင်းမှ ဒေါသတကြီး အော်ဟစ်ဆဲဆိုသံ အချို့ ထွက်ပေါ်လာသည်။ လေစီက လုံးဝ ဂရုမစိုက်ပေ။ တံခါးနောက်ကွယ်ရှိ အနက်ရောင် သားရေကြိုးတစ်ချောင်းကို ဆွဲယူကာ ကြမ်းပြင်ကို ရိုက်ချလိုက်ပြီးနောက် ရွှေရောင် အက်ဖ်ဘီအိုင် တံဆိပ်ကို လူတိုင်းရှေ့တွင် ထုတ်ပြကာ အသံကုန် ဟစ်အော်လိုက်သည်။
"သူဌေးပဲ ကျန်ခဲ့... ကျန်တဲ့လူတွေ အကုန် ထွက်သွားကြစမ်း..."
ရိုအန်မှာ ဆွံ့အသွားသည်။
'လေစီရဲ့ အလုပ်လုပ်ပုံက ဒီလောက်တောင် ကြမ်းတမ်းနေတာလား...'
ရွှေရောင် အက်ဖ်ဘီအိုင် တံဆိပ်ကို မြင်လိုက်ရသောအခါ ပန်းရောင် အခန်းအတွင်းရှိ အမျိုးသားနှင့် အမျိုးသမီးများ အားလုံးက မိမိတို့၏ လှုပ်ရှားမှုများကို ချက်ချင်း ရပ်တန့်လိုက်ကြသည်။ ထို့နောက် ကိုယ်လုံးတီးဖြစ်နေပြီး မိတ်ကပ် အထူကြီး လိမ်းခြယ်ထားသော လူလတ်ပိုင်း လူဖြူ အမျိုးသမီး တစ်ဦးကို လှမ်းကြည့်လိုက်ကြသည်။
ထိုအမျိုးသမီးက လက်ဝှေ့ယမ်းပြလိုက်သည်ကို မြင်သောအခါ ကျန်လူများက မိမိတို့၏ အဝတ်အစားများကို အလျင်အမြန် ကောက်စွပ်ကာ အခန်းထဲမှ ပြေးထွက်သွားကြသည်။ ထိုအထဲမှ လူဖြူ အမျိုးသား တစ်ဦးဆိုလျှင် အလွန် အလောတကြီး ဖြစ်နေသဖြင့် တပ်ဆင်ထားသော ပစ္စည်းကိုပင် မဖြုတ်နိုင်တော့ဘဲ ကုတင်ပေါ်မှ ပြေးဆင်းသွားတော့သည်။
မျက်စိနောက်စရာ ကောင်းလွန်းလှသည်။ ရိုအန် တစ်ယောက် သက်ပြင်းချလိုက်မိသည်။ မိမိ၏ ကံကြမ္မာက အလွန် ဆိုးရွားနေခြင်းလား သို့မဟုတ် အမေရိကန်၏ ယဉ်ကျေးမှုများကပင် ဤမျှလောက် ဖောက်ပြန်နေခြင်းလား မသိတော့ပေ။ မိမိအနေဖြင့် ယနေ့မှသာ ဤကဲ့သို့သော ထူးထူးဆန်းဆန်း ကိစ္စရပ်များနှင့် ဆက်တိုက် ကြုံတွေ့နေရသည် မဟုတ်ပါလား။
"အက်ဖ်ဘီအိုင် ဟုတ်လား..."
လူလတ်ပိုင်း လူဖြူ အမျိုးသမီး အဗီလာ က ကုတင်ပေါ်မှ ထထိုင်လိုက်ပြီး စီးကရက် တစ်လိပ်ကို မီးညှိကာ ပါးစပ်ထဲ ခဲထားလိုက်သည်။ အဝတ်အစားလည်း မဝတ်ဆင်ဘဲ လေစီနှင့် ရိုအန်တို့ကို တည်ငြိမ်စွာ ကြည့်ရင်း ပြုံးလျက် မေးလိုက်သည်။
"ဒီနေ့ ငါ့ဆီကို ဘာကိစ္စ လာကြတာလဲ... ဘာများ ကူညီပေးရမလဲ..."
လေစီက အပိုစကားတွေ ပြောမနေတော့ပေ။ ရိုအန်၏ လက်ထဲမှ ဆာဘီနာ ၏ ဓာတ်ပုံကို လှမ်းယူကာ အဗီလာ ၏ မျက်စိရှေ့တွင် ထုတ်ပြလိုက်ပြီး ဆိုသည်။
"ဒီအမျိုးသမီးက မင်းတို့ဆီက အသင်းဝင် တစ်ယောက်ပဲ... အရင်တုန်းက သူ့ကို ဝန်ဆောင်မှု ပေးခဲ့ဖူးတဲ့ လူတွေ အကုန်လုံးကို ခေါ်ထုတ်ပေး... သူတို့ကို မေးစရာ ရှိတယ်..."
"ဒါကတော့ လုံးဝ မဖြစ်နိုင်ဘူး စုံထောက်မလေး..."
အဗီလာ က ကုတင်ပေါ်မှ မတ်တပ်ရပ်လိုက်ပြီး အဝတ်အစား များကို စတင် ဝတ်ဆင်ရင်း ပြန်ပြောလိုက်သည်။
"ငါတို့ဆီက ဖောက်သည်တွေကို လုံခြုံစိတ်ချရတဲ့ လျှို့ဝှက်ကမ္ဘာလေး တစ်ခု ဖန်တီးပေးဖို့အတွက် ဒီနေရာကို ဖွင့်ထားတာပါ... ဖောက်သည်တွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို နင်တို့ကို ပြလို့ မရဘူး... ဒါက ငါတို့ရဲ့ စည်းမျဉ်းကို ချိုးဖောက်ရာ ကျနေတယ်..."
အဗီလာ ၏ စကားကို ကြားလိုက်ရသော်လည်း လေစီက ဒေါသမထွက်ပေ။ သူမ၏ ဖုန်းကို တိုက်ရိုက်ပင် ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။
"ဒါဆိုလည်း နယူးယောက် ရဲတပ်ဖွဲ့ကိုပဲ ငါ ဆက်သွယ်လိုက်တော့မယ်... မင်းရဲ့ ဒီနေရာကို သူတို့ လာပြီး ရှင်းလင်းပေးမလား ဆိုတာ ကြည့်ရသေးတာပေါ့..."
"ငါတို့ဆီမှာ တရားဝင် ဖွင့်ခွင့်ပြုထားတဲ့ လိုင်စင် ရှိတယ်... ဒီနေရာက အရာရာတိုင်းက ဥပဒေနဲ့အညီ လုပ်ထားတာချည်းပဲ... အက်ဖ်ဘီအိုင် က ဒီနေရာကို ရှာဖွေချင်တယ် ဆိုရင်လည်း ရပါတယ်... အရင်ဆုံး တရားရုံးကနေ ရှာဖွေခွင့် ဝရမ်း သွားတောင်းလာခဲ့..."
အဗီလာ က စီးကရက်ငွေ့များကို မှုတ်ထုတ်လိုက်ပြီး လေစီ၏ ပါးပြင်ကို ပွတ်သပ်ကာ ရယ်မောလျက် ဆက်ပြောသည်။
"ငါ့ရဲ့ ဒီလုပ်ငန်းက အခုအချိန်အထိ ဘာလို့ အေးအေးဆေးဆေး ဆက်ပြီး လည်ပတ်နေနိုင်တယ်လို့ နင် ထင်နေလဲ..."
"နင်..."
လေစီ၏ မျက်နှာက တောင့်တင်းသွားသည်။
အဗီလာ ၏ မျက်နှာပေါ်ရှိ အပြုံးများက ပို၍ပင် တောက်ပလာပြီး နောက်ထပ် စကားဆိုရန် ပြင်လိုက်သည်။ ထိုစဉ် ဘေးဘက်ရှိ ရိုအန်က ရုတ်တရက် သူတို့နှစ်ဦးကြားသို့ ဝင်ရောက် တားဆီးလိုက်သည်။ အဗီလာ က မိမိကို လှည့်ကြည့်လာသည်ကို မြင်သောအခါ ရိုအန်က ဖုန်းကို ထုတ်ယူကာ ပြုံးလျက် ပြောလိုက်သည်။
"ငါ့ရဲ့ အထက်လူကြီးက အရင်တုန်းက အခွန်ဦးစီးဌာနမှာ အလုပ်လုပ်ခဲ့တာ... သူ့ကို ဖုန်းဆက်ပြီး မင်းနဲ့ စကားပြောခိုင်းရမလား..."
"..."
ထိုစကားကို ကြားလိုက်ရသောအခါ အဗီလာ တစ်ယောက် ချက်ချင်း ဆွံ့အသွားတော့သည်။ ထို့နောက် ရိုအန်နှင့် လေစီတို့ကို မျက်စောင်းလှလှလေး တစ်ချက် ထိုးလိုက်ပြီး အခန်းတံခါးဆီသို့ လျှောက်သွားရင်း ပြောလိုက်သည်။
"ငါ့ကို ဆယ်မိနစ်လောက် အချိန်ပေး... အဲ့ဒီလူတွေကို ငါ အခုပဲ သွားခေါ်ပေးမယ်…”