← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀ လက်ပစ်ဗုံး

အဗီလာ အခန်းထဲမှထွက်သွားပြီး ဘားကောင်တာရှိ စားပွဲထိုးများကို လူရှာရန် အမိန့်ပေးနေသည်ကို မြင်လိုက်ရသောအခါ လေစီက သားရေကြိုးကို ဘေးသို့ ပစ်ချလိုက်သည်။ ထို့နောက် ရိုအန်၏ ပခုံးကို အလွန် ကျေနပ်အားရစွာဖြင့် ပုတ်လိုက်သည်။

"အရမ်းတော်တာပဲ ရိုအန်..."

"မင်း လိမ်ပြောတာ ဒီလောက်တောင် ကျွမ်းကျင်လိမ့်မယ်လို့ မထင်ထားဘူး..."

"ဒါက ငါ့ကို ချီးကျူးနေတာလား ဆဲနေတာလား..."

လေစီက အခန်းတွင်းသို့ ဘယ်ညာ ဝေ့ကြည့်လိုက်သည်။ ထို့နောက် ထုပ်ပိုးမှု မဖြည်ရသေးသော ဥပုံသဏ္ဍာန် ကစားစရာ အသေးလေး တစ်ခုကို ကောက်ယူကာ အင်္ကျီအိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ ဆက်လက်၍ မဖောက်ရသေးသော လက်ပစ်ဗုံးပုံစံ ကစားစရာ တစ်ခုကိုပါ ရိုအန်၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

"သေချာပေါက် ချီးကျူးနေတာပေါ့... မင်းက ငါ့ကိုမှ မလိမ်ခဲ့တာ..."

လေစီ၏ လက်ဆော့သော အကျင့်ကို မမြင်ယောင်ဆောင်လိုက်ပြီး ရိုအန်က ပန်းရောင် အခန်းထဲမှ လှည့်ထွက်လာခဲ့သည်။ ဘားပိုင်ရှင် အဗီလာ က ၎င်းတို့ကို မြင်သောအခါ အမြန်လာရန် လက်ယပ်ခေါ်လိုက်ပြီး ခရမ်းရောင် တံခါးတပ်ဆင်ထားသော အခန်းတစ်ခန်းထဲသို့ ခေါ်ဆောင်သွားလေသည်။

"ဒီလူတွေက ငါတို့ဆီက ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းတွေပဲ..."

အဗီလာ က ပန်းရောင် လိပ်စာကတ် ဆယ်ကတ်ကျော်ကို ရိုအန်၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ ထိုသို့ပေးစဉ် ရိုအန်၏ လက်ဖဝါးကိုပါ အမှတ်တမဲ့ ကုတ်ခြစ်သွားသေးသည်။ ထို့နောက် အခန်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြသော အမျိုးသား အမျိုးသမီးများကို လက်ညှိုးထိုးပြကာ ဆိုသည်။

"အကုန်လုံး ဒီမှာ ရှိတယ်..."

ရိုအန်က မျက်နှာအမူအရာ တစ်ချက်မပျက်ဘဲ လိပ်စာကတ်များကို တစ်ချက် ကြည့်လိုက်သည်။ အခန်းတွင်းရှိ အမျိုးသား အမျိုးသမီး အရေအတွက်မှာ ဆယ့်ငါးယောက်ကျော်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းလှည့်ကာ မေးလိုက်သည်။

"ဒီလူတွေ အကုန်လုံး ဆာဘီနာ ကို ဝန်ဆောင်မှု ပေးခဲ့ဖူးတာလား..."

"ဆာဘီနာ ဆိုတာ ဘယ်သူလဲ..."

လေစီက ရိုအန်၏ ပခုံးကို ပုတ်ကာ တီးတိုး ရှင်းပြလိုက်သည်။

"အပျော်အပါး ထွက်လာတဲ့သူတွေက နာမည်အရင်း ဘယ်တော့မှ မသုံးကြဘူး... နာမည်တုတွေချည်းပဲ သုံးကြတာ..."

စကားဆုံးသည်နှင့် လေစီက ဖုန်းထဲရှိ ဓာတ်ပုံကို ထိုသူများအား ထုတ်ပြလိုက်သည်။ ဓာတ်ပုံကို မြင်လိုက်ရသည်နှင့် အားလုံးက ချက်ချင်း သဘောပေါက်သွားကြသည်။

"သြော် ကာလစ္စတာ ကိုး..."

"ငါတို့ရဲ့ အပြစ်ပေးဘုရင်မကြီးပဲ..."

"သူက ငါတို့ အကြိုက်ဆုံး ဖောက်သည်လေ..."

"ဟုတ်တယ် ဟုတ်တယ်... သူ့ကို ဝန်ဆောင်မှု ပေးပြီးတိုင်း ငါ ကုတင်ပေါ်ကနေတောင် မဆင်းနိုင်ဘူး..."

အခန်းထဲရှိ အမျိုးသား အမျိုးသမီးများ၏ ဆာဘီနာ အပေါ် မှတ်ချက်ပေးစကားများကို ကြားလိုက်ရသောအခါ မစ္စတာ ဒါရင်း တစ်ယောက်တော့ ခေါင်းပေါ်တွင် ချိုပေါက်ရုံတင်မကဘဲ အပင်ပါ ပေါက်နေပြီဖြစ်ကြောင်း ရိုအန် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။

ရိုအန်က လူတိုင်း၏ အာရုံစိုက်မှုကို ရယူရန် ချောင်းတစ်ချက် ဟန့်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် မေးလိုက်သည်။

"မနေ့ည ရှစ်နာရီကနေ ဒီမနက် ခြောက်နာရီအတွင်း မင်းတို့ထဲက ကာလစ္စတာ ကို မြင်လိုက်တဲ့သူ ရှိလား..."

လူအားလုံးက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြပြီး မည်သူမျှ ဖြေကြားခြင်း မရှိပေ။ လူအုပ်ထဲမှ ဂျုံရောင် အသားအရေရှိပြီး ခန္ဓာကိုယ် ကောက်ကြောင်းနှင့် ဗိုက်ကြွက်သားများ အထင်းသား ပေါ်လွင်နေသော လူဖြူ မိန်းကလေး တစ်ဦးက ရယ်မောလျက် ပြောလာသည်။

"စုံထောက်ကြီး... ရှင်မေးတဲ့ အချိန်က ငါတို့ အလုပ်အရမ်းရှုပ်တဲ့ အချိန်လေ... သူဌေးကလည်း ဒီမှာ စောင့်ကြည့်နေတာဆိုတော့ ဘယ်သူက အလုပ်ဖျက်ရဲမှာလဲ..."

အဗီလာ က ထိုမိန်းကလေး၏ တင်ပါးကို ခပ်ပြင်းပြင်း တစ်ချက် ရိုက်လိုက်ရာ မိန်းကလေးက တွန့်လိမ်ရယ်မောလျက် ရှောင်ဖယ်သွားသည်။ ၎င်းကို မြင်သောအခါ ရိုအန်က မျက်မှောင်ကြုတ်သွားပြီး အဗီလာ ကို ဆွဲကာ လေးနက်စွာ မေးလိုက်သည်။

"ဒီလူတွေ အကုန်လုံး မနေ့က အလုပ်ဆင်းတယ် ဆိုတာ သေချာလို့လား... ကြားထဲမှာ အပြင်ထွက်သွားတဲ့သူရော မရှိဘူးလား... သေချာ စဉ်းစားစမ်းပါ... ငါ့ကို လုံးဝ မလိမ်နဲ့... ဖက်ဒရယ် စုံထောက်ကို လိမ်ညာတာက ကြီးလေးတဲ့ ပြစ်မှုနော်..."

ယခုလို စကားမျိုးကို ရိုအန် တစ်ယောက် အလွတ်ရနေပြီ ဖြစ်သည်။

ရိုအန်၏ လေးနက်သော အမေးကြောင့် အဗီလာ လည်း တည်ငြိမ်သွားသည်။ အခန်းထဲရှိ အမျိုးသား အမျိုးသမီးများကို ဘယ်ညာ သေချာစွာ လိုက်လံ ကြည့်ရှုပြီးနောက် ခေါင်းကို တစ်ချက် ပုတ်ကာ ဖြေလိုက်သည်။

"ဒီမှာ အချိန်ပိုင်း လာလုပ်တဲ့ ကရိတ် ဆိုတဲ့ လူမည်းကောင်လေး တစ်ယောက် ရှိတယ်... သူ အခု အခန်းထဲမှာ မရှိဘူး... မနေ့က သူ ကာလစ္စတာ နဲ့အတူ အပြင်ထွက်သွားသလိုပဲ..."

"သူ အခု ဘယ်မှာလဲ..."

"အပြာရောင် အခန်းထဲမှာ..."

ဤသတင်းကို ကြားလိုက်ရသည်နှင့် ရိုအန်နှင့် လေစီတို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် လူအုပ်ကို ဖြတ်ကျော်ကာ အခန်းထဲမှ ထွက်လာပြီး အဗီလာ ပြောသော အပြာရောင် အခန်းဆီသို့ လျှောက်သွားကြသည်။

ဘောင်းဘီတို တစ်ထည်သာ ဝတ်ဆင်ထားသော လူမည်း လူငယ်တစ်ဦးက အပြာရောင် အခန်းထဲမှ ကွက်တိ ထွက်လာသည်။ လေစီက ၎င်းကို မြင်သည်နှင့် အော်ဟစ်လိုက်သည်။

"ကရိတ်... မနေ့က မင်း ကာလစ္စတာ ကို တွေ့သေးလား..."

'ဘာကိစ္စလဲ...'

တစ်စုံတစ်ယောက်က မိမိနာမည်ကို ခေါ်လိုက်သဖြင့် ကရိတ် က မသိစိတ်၏ စေ့ဆော်မှုအရ လှည့်ကြည့်လိုက်သည်။ သပ်ရပ်စွာ ဝတ်ဆင်ထားသော ရိုအန်နှင့် လေစီတို့ကို မြင်လိုက်ရသည်နှင့် သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လက်ထဲရှိ ကစားစရာကို ပစ်ချကာ လှည့်ပြေးတော့သည်။

"သောက်ကျိုးနည်း..."

ကရိတ် ခြေလှမ်းစတင် ပြေးလွှားလိုက်သည့် တစ်ခဏမှာပင် ရိုအန်ကလည်း သူ့ဆီသို့ အရှိန်ပြင်းပြင်း ပြေးဝင်သွားသည်။ ဧည့်ခန်းမကြီး အတွင်းတွင် မီးရောင်များက မှိန်ပျပျ ဖြစ်နေပြီး ကရိတ် ကိုယ်တိုင်ကလည်း လူမည်း တစ်ဦး ဖြစ်နေသည်။ အကယ်၍ သူသာ အလွန် မှောင်မည်းနေသော ထောင့်တစ်နေရာတွင် ပုန်းအောင်းနေမည် ဆိုပါက သူ့ကို ရှာတွေ့ရန် တကယ်ပင် ခက်ခဲသွားပေလိမ့်မည်။

ကရိတ် သည် ငယ်စဉ်ကတည်းက လူ့အသိုင်းအဝိုင်း၏ အောက်ခြေတွင် ရုန်းကန် ကြီးပြင်းလာရသော လူမည်း တစ်ယောက် ဖြစ်သဖြင့် ထွက်ပြေးရခြင်းက သူ့အတွက် ထမင်းစား ရေသောက်သကဲ့သို့ ပုံမှန်ကိစ္စ တစ်ခုသာ ဖြစ်သည်။

ယခင်က နယူးယောက် ရဲတပ်ဖွဲ့၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံခဲ့ရဖူးပြီး ယခု အက်ဖ်ဘီအိုင် များ လိုက်ဖမ်းနေချိန်တွင်လည်း လုံးဝ ထိတ်လန့်ခြင်း မရှိပေ။ ဧည့်ခန်းမကြီး အတွင်း၌ ဘယ်ညာ ကွေ့ပတ် ပြေးလွှားရင်း လမ်းမှားမသွားသည့်အပြင် အကောင်းဆုံး ထွက်ပြေးရာ လမ်းကြောင်းကိုပင် ရွေးချယ်နိုင်သေးသည်။

အရောင်တလက်လက် တောက်နေသော တံခါးမကြီးနှင့် တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်သောအခါ ကရိတ် က ဖြူဖွေးသော သွားများ ပေါ်လာသည်အထိ ပြုံးလိုက်ပြီး စိတ်ထဲမှ ကြုံးဝါးလိုက်သည်။

'အက်ဖ်ဘီအိုင် ဆိုလည်း ဘာထူးမှာလဲ... ငါ့နောက်မှာ ပြတ်ကျန်ခဲ့တာပဲ မဟုတ်လား... ငါ ဒီနှစ်တွေ တစ်လျှောက်လုံး ပြေးလာခဲ့တဲ့ အတွေ့အကြုံတွေက အလကား မှတ်နေလို့လား...'

'ဟင်... ဒါက ဘာကြီးလဲ...'

နားဘေးမှ လေခွင်းသံ သဲ့သဲ့ကို ကြားလိုက်ရသောအခါ ကရိတ် က မသိစိတ်၏ စေ့ဆော်မှုအရ မော့ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် အလန့်တကြား ဖြစ်သွားတော့သည်။

လက်ပစ်ဗုံး တစ်လုံး။

"သောက်ခွေးမသား..."

လက်ပစ်ဗုံးက မိမိရှေ့သို့ ကျလာသည်ကို မြင်လိုက်ရသည့် တစ်ခဏမှာပင် ကရိတ် ၏ ခြေထောက်များက ချက်ချင်း ခွေယိုင်သွားတော့သည်။ မသိစိတ်၏ စေ့ဆော်မှုအရ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချလိုက်ပြီး ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကာ ပေါက်ကွဲမှု၏ ရိုက်ခတ်ဒဏ်ကို ခံယူရန် ပြင်ဆင်လိုက်သည်။

သို့သော်... ဘာမှ ဖြစ်မလာခဲ့ပေ။

ဘာမှ ဖြစ်မလာသည်တော့ မဟုတ်ပေ။ လေစီက ရှေ့သို့ တိုးလာပြီး ကရိတ် ကို လက်ထိတ် ခတ်လိုက်သည်။ ရိုအန်က ကရိတ် ၏ အံ့ဩမှင်တက်နေသော အကြည့်များအောက်တွင် လက်ပစ်ဗုံးကို ကောက်ယူလိုက်သည်။ ထို့နောက် အပေါ်အောက် ပစ်မြှောက်ကစားရင်း ရယ်မောကာ မေးလိုက်သည်။

"မင်း ဒီမှာ အချိန်ပိုင်း လာလုပ်တယ်လို့ ကြားတယ်... ဒီကစားစရာကို ဘယ်လို ကစားရလဲဆိုတာ ငါ့ကို နည်းနည်းလောက် ရှင်းပြပေးလို့ ရမလား..."

"သောက်ကျိုးနည်း... သောက်ခွေးမသား... သောက်ရူး... သောက်ကောင်..."

မိမိက ကစားစရာဖြင့် အလိမ်ခံလိုက်ရကြောင်း သဘောပေါက်သွားသော ကရိတ် က အသံကုန် ဟစ်အော် ဆဲဆိုတော့သည်။ သူ၏ ဆဲဆိုသံများက အလွန် ရိုင်းစိုင်းလှသဖြင့် လေစီမှာ မျက်မှောင်ကြုတ်သွားပြီး ရိုအန်၏ လက်ထဲမှ လက်ပစ်ဗုံးကို လုယူကာ ကရိတ် ၏ ပါးစပ်ထဲသို့ ဆောင့်အောင့် ထိုးထည့်လိုက်သည်။

"မဆဲနဲ့တော့... အက်ဖ်ဘီအိုင် ရုံးကို ပြန်ရောက်ရင် မင်း ဆဲဖို့ အချိန်တွေ အများကြီး ရှိသေးတယ်..."

"ဝူး ဝူး..."

ရိုအန်နှင့် လေစီတို့က မိမိကို အက်ဖ်ဘီအိုင် ဌာနချုပ်သို့ ခေါ်သွားမည်ဟု ကြားလိုက်ရသောအခါ ကရိတ် တစ်ယောက် ချက်ချင်း ကြောက်ရွံ့သွားပြီး ခေါင်းကို ဆက်တိုက် ခါယမ်းပြတော့သည်။

ကရိတ် က ဝူးဝူးဝါးဝါး အသံပြုကာ ဆက်မဆဲတော့သည်ကို မြင်သောအခါ ရိုအန်က မေးခွန်းအချို့ မေးမြန်းရန်အတွက် သူ၏ ပါးစပ်ထဲမှ လက်ပစ်ဗုံးကို ဆွဲထုတ်ရန် ပြင်လိုက်သည်။ သို့သော် ဆွဲထုတ်၍ မရတော့ကြောင်း တွေ့လိုက်ရသည်။

လေစီမှာ ဘာပြောရမှန်းမသိအောင် ဖြစ်သွားရသည်။

ဆယ်မိနစ် ကြာပြီးနောက် ခရမ်းရောင် အခန်းအတွင်း၌ လေစီက အခန်းတိုင်းတွင် ရှိတတ်သော ချောဆီ အရည်များကို အသုံးပြု၍ ကရိတ် ၏ ပါးစပ်ထဲမှ လက်ပစ်ဗုံးကို အောင်မြင်စွာ ဆွဲထုတ်နိုင်ခဲ့သည်။

"ဝေါ့..."

ချောဆီ၏ အရသာက သိပ်မကောင်းလှပေ။ လက်ပစ်ဗုံးက ပါးစပ်ထဲမှ ကျွတ်ထွက်သွားသည်နှင့် ကရိတ် က အခန်းထဲရှိ အမှိုက်ပုံးကို ဖက်ကာ အဆက်မပြတ် အန်ချတော့သည်။

လေစီက ရှုံ့မဲ့နေသော မျက်နှာဖြင့် ရေချိုးခန်းထဲသို့ ဝင်ကာ လက်ကို သန့်စင်လိုက်သည်။ ရိုအန်ကမူ ကရိတ် ၏ ပခုံးကို ပုတ်ကာ ညင်သာသော လေသံဖြင့် မေးလိုက်သည်။

"ပြောပါဦး... မင်း ကာလစ္စတာ ကို ဘယ်လို သတ်လိုက်တာလဲ..."

"ဘာ..."

ရိုအန်၏ မေးခွန်းကို ကြားလိုက်ရသောအခါ ကရိတ် က အလွန် ထိတ်လန့်သွားပြီး အမှိုက်ပုံးကိုပင် ဘေးသို့ ပစ်ချလုနီးပါး ဖြစ်သွားသည်။ အလျင်အမြန် ခေါင်းမော့ကာ ဖြေလိုက်သည်။

"ကျွန်တော် လူမသတ်ခဲ့ဘူး... ခင်ဗျားတို့ ဒီလို လုပ်လို့ မရဘူး... ကျွန်တော့်ကို ဓားစာခံ လုပ်လို့ မရဘူးလေ..."

ယခုအချိန်က ၂၀၀၅ ခုနှစ် ဖြစ်ပြီး လေယာဉ်က အဆောက်အအုံကို ဝင်တိုက်ခဲ့သည့် အဖြစ်အပျက်နှင့် လေးနှစ်သာ ကွာကွာသေးသည်။ ဤနှစ်များအတွင်း အက်ဖ်ဘီအိုင် တို့က အမှုမဖော်ထုတ်နိုင်ပါက လူနည်းစု တိုင်းရင်းသား အချို့ကို ဖမ်းဆီး၍ ဓားစာခံ လုပ်တတ်ကြောင်း ကရိတ် တစ်ယောက် မကြာခဏ ကြားဖူးထားသည်။

ထိုအထဲတွင် လူမည်းများ မနည်းလှသလို အာရပ်လူမျိုးများဆိုလျှင် ပို၍ပင် များပြားလှသည်။

ရိုအန်က အက်ဖ်ဘီအိုင် သို့ ဝင်ရောက်လာသည်မှာ သိပ်မကြာသေးသဖြင့် အက်ဖ်ဘီအိုင် ၏ ထိုကဲ့သို့သော လျှို့ဝှက် လုပ်ဆောင်ချက်များကို သိပ်မသိသေးပေ။ ကရိတ် က သူ လူသတ်သမား မဟုတ်ကြောင်း ငြင်းဆိုနေသည်ကို မြင်သောအခါ ရိုအန်က လက်နှစ်ဖက်ကို ဖြန့်ကားပြလိုက်သည်။

"ကာလစ္စတာ ပျောက်သွားပြီ... မင်းရဲ့ သူဌေးနဲ့ လုပ်ဖော်ကိုင်ဖက်တွေ အကုန်လုံးက မင်းဟာ မနေ့က သူ့ကို နောက်ဆုံး တွေ့ခဲ့တဲ့သူလို့ ပြောနေကြတယ်... လူသတ်သမားက မင်း မဟုတ်ရင် ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ..."

"သောက်ကျိုးနည်း..."

ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ ကရိတ် က အသံကုန် ဟစ်အော် ဆဲဆိုလိုက်သော်လည်း အလျင်စလို ရှင်းပြတော့သည်။

"အစ်ကို... တကယ် ကျွန်တော် မဟုတ်ရပါဘူး... မနေ့က ကျွန်တော် ကာလစ္စတာ နဲ့အတူ ဒီနေရာကနေ ထွက်သွားခဲ့တာတော့ အမှန်ပဲ... ဒါပေမဲ့ ကျွန်တော်တို့ အတူတူ ရှိနေခဲ့တဲ့ အချိန်က ဆယ်မိနစ်လောက်ပဲ ရှိတာ... ကျွန်တော်တို့ နှစ်ယောက် ကုတင်ပေါ် လှဲလိုက်တာနဲ့ သူက ဖုန်းတစ်ကော ဝင်လာလို့ ဆိုပြီး ထွက်သွားတာပဲ... အဲ့ဒီအချိန်တုန်းက ကျွန်တော် အပေါ်မရောက် အောက်မရောက်နဲ့ တော်တော်လေးကို နေရခက်သွားခဲ့တာ..."

"မင်း ပြောနေတာတွေ အကုန်လုံးအတွက် သက်သေပြနိုင်လား..."

"သေချာပေါက် ရှိတာပေါ့..."

မိမိ၏ ဘဝ လက်ကျန် နေဝင်ချိန်နှင့် သက်ဆိုင်နေသဖြင့် ကရိတ် က လိမ်ညာရန် မဝံ့ရဲတော့ဘဲ တိုက်ရိုက်ပင် ပြောချလိုက်သည်။

"ကာလစ္စတာ ရဲ့ အိမ်ကနေ ထွက်လာပြီးတာနဲ့ ကျွန်တော့် ရည်းစားဆီ တိုက်ရိုက် သွားခဲ့တာ... သူက ကျွန်တော့်အတွက် သက်သေပြပေးနိုင်တယ်... မနေ့ည ရှစ်နာရီခွဲကစပြီး ဒီမနက်အထိ ကျွန်တော်က ရည်းစားနဲ့ အတူတူ ရှိနေခဲ့တာ..."

"... မင်းမှာ ရည်းစားလည်း ရှိသေးတာလား..."

"သေချာတာပေါ့... အလုပ်က အလုပ်ပဲ... ကိုယ်ပိုင်ဘဝက ကိုယ်ပိုင်ဘဝပဲလေ... ကျွန်တော်က အမြဲတမ်း ရှင်းရှင်းလင်းလင်း ခွဲခြားထားတတ်တယ်..."

ရိုအန်မှာ စကားမဆိုနိုင် ဖြစ်သွားရတော့သည်။

All Chapters