← Chapters

အခန်း ၃၅၂

Vol. 36 Ch. 352

အခန်း ၃၅၂

Vol. 36 Ch. 352

အခန်း (၃၅၂) မင်းဘယ်သူပဲဖြစ်ဖြစ် ငါ့သခင်ရဲ့ ကိုယ်ပေါ်ကနေ ဆင်းသွားစမ်း

တောနက်ကြီးထဲက နံနက်ခင်းအချိန်လေးပင်။

ရွှီယန်က အိပ်ရာထပြီးနောက် အစားအသောက် အနည်းငယ်ကို ရိုးရိုးရှင်းရှင်း စားသောက်လိုက်ပြီး တဲအပြင်ဘက်တွင် ထိုင်ကာ လေညင်းခံရင်း အိပ်မှုန်စုံမွှား ဖြစ်နေသည်များကို ဖြေဖျောက်နေလေသည်။

ဝံပုလွေပေါက်လေးက သူ့ဘေးတွင် ဝပ်နေသည်။

မနေ့က ရရှိခဲ့သော စွမ်းရည်ကို တွေးမိပြီး ရွှီယန်က တစ်ချက်လောက် စမ်းသပ်ကြည့်ရန် စိတ်ကူးလိုက်သည်။

ထို့ကြောင့် သူက လက်နှစ်ဖက်ကို စုကိုင်ကာ ပါးစပ်ရှေ့တွင် ကာထားလိုက်ပြီး ချက်ချင်းပင် B-box ဖျော်ဖြေမှုကို စတင်လိုက်တော့သည်။

"ပူထီခက်... ပူတူးခက်... ပူထီခက်... ပူတူးခက်..."

တကယ်ကို ဝန်ခံရမည်ဆိုလျှင် သူ၏ ဤ B-box စည်းချက်က အလွန် အားကောင်းလှပြီး အတော်လေး ပရော်ဖက်ရှင်နယ် ဆန်လှပေသည်။

သို့သော် ဤကဲ့သို့သော ကျွမ်းကျင်မှုမျိုးက သီးသန့် အခြေအနေမျိုးတွင်သာ အသုံးဝင်မည် ဖြစ်သည်။ ပုံမှန်အချိန်များတွင် တစ်ယောက်ယောက်က ဤသို့ လာလုပ်ပြနေမည်ဆိုပါက ထိုလူတော့ တစ်ခုခု မှားယွင်းနေပြီဟု အများက သေချာပေါက် ထင်မှတ်သွားကြမည် ဖြစ်သည်။

ရွှီယန်၏ B-box အသံကို ကြားလိုက်ရသောအခါ ဝံပုလွေပေါက်လေးမှာ လန့်ဖြတ်သွားပြီး နေရာတွင်ပင် ခုန်ပေါက်ကာ ခပ်လှမ်းလှမ်းသို့ ပြေးထွက်သွားတော့သည်။

ထို့နောက် သူက လှည့်ကာ ရွှီယန်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေလေသည်။

၎င်း၏ မျက်နှာအမူအရာက ဤသို့ ပြောနေသည့်အလားပင်။

'မင်းဘယ်သူပဲဖြစ်ဖြစ် ငါ့သခင်ရဲ့ ကိုယ်ပေါ်ကနေ ဆင်းသွားစမ်း'

ရွှီယန် နတ်ဖမ်းစားခံလိုက်ရပြီဟု ၎င်းက ထင်မှတ်သွားခြင်း ဖြစ်သည်။

ရွှီယန်က ဝံပုလွေပေါက်လေး၏ ပုံစံကို မြင်သောအခါ လက်ကို ဖယ်လိုက်ပြီး မနေနိုင်ဘဲ ရယ်မောလိုက်တော့သည်။

'ဒီအဓိပ္ပာယ်မရှိတဲ့ စွမ်းရည်ကြီးကတော့လေ...'

'ဘာအတွက် သုံးရမှန်းကို လုံးဝ မသိတာ...'

ရွှီယန်က မြေပုံကို တစ်ချက် ကြည့်လိုက်ရာ သူ အတော်လေး အတွင်းကျကျသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

အပြင်သို့ ပြန်ထွက်ရန်ပင် နှစ်ရက်ခန့် ကြာမြင့်မည် ဖြစ်ပြီး မည်သည့် လမ်းတိုမှလည်း မရှိချေ။

ဤနေရာက တကယ်တမ်းတွင် အတော်လေး အန္တရာယ်များလှပေသည်။ ဝံပုလွေအုပ်နှင့် မတွေ့ခဲ့ရသည်ကိုပင် ကံကောင်းသည်ဟု ဆိုရမည်။

လက်ရှိအချိန်အထိ ဝက်ဝံညို... တောကြောင် နှင့် တောခွေးဝံ တို့ကို တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။ သို့သော် အန္တရာယ် အရှိဆုံးကတော့ ဝက်ဝံညိုပင် ဖြစ်သည်။

ဤဘက်တွင် အဓိကအားဖြင့် ဝက်ဝံများ ပို၍ များပြားလေသည်။

'ပစ္စည်းတွေ သိမ်းပြီး အပြန်လမ်းကို ပြန်လျှောက်သင့်ပြီ... ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် အကြိမ်ရေလည်း နည်းနည်း ကျန်သေးတော့ သာမန်တာဝန်လေး တစ်ခုလောက် လုပ်လို့ရသလို ဒီနေရာမှာ ဘာတောထွက်ပစ္စည်း ကောင်းကောင်းလေးတွေ ရှိလဲဆိုတာလည်း ရှာကြည့်လို့ရတာပေါ့...'

'ဒီတစ်ခေါက် ထွက်လာရတာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်... မြောက်ပိုင်း သစ်တောထဲက ထူးထူးဆန်းဆန်း တိရစ္ဆာန်တွေ အများကြီးကို တွေ့ခဲ့ရတယ်...'

'လာရကျိုး နပ်ပါတယ်လေ...'

ရွှီယန်က ပစ္စည်းများကို သေချာ သိမ်းဆည်းလိုက်ပြီး ကျောပိုးအိတ်ကို လွယ်ကာ အပြန်လမ်းအတွက် ပြင်ဆင်လိုက်သည်။

တတ်နိုင်မည် မဟုတ်ချေ။ စားစရာများက သိပ်မကျန်တော့ပေ။

အမြန် ပြန်မှသာ ရမည် ဖြစ်သည်။ မဟုတ်ပါက တကယ်ကို တောတွင်း ရှင်သန်ရေး ခရီးစဉ်ကြီး ဖြစ်သွားတော့မည် ဖြစ်သည်။

ထိုအရာက ရွှီယန် လိုချင်သော အရာ မဟုတ်ချေ။

ဒရုန်းက အမြင့်သို့ ပျံတက်သွားပြီး အောက်ဘက်ရှိ မြင်ကွင်းများကို တိုက်ရိုက်ထုတ်လွှင့်နေလေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု လူဦးရေကလည်း ပုံမှန်အတိုင်း လျင်မြန်စွာ မြင့်တက်လာသည်။

ဤရက်ပိုင်းအတွင်း ရွှီယန်၏ နာမည်ကျော်ကြားမှုက အလွန် မြင့်မားနေပြီး လူကြည့်အများဆုံး စာရင်းတွင်ပင် ပါဝင်နေလေသည်။

သူက အရင်တိုင်းပင် လူကြိုက်များနေဆဲ ဖြစ်သည်။

ရွှီယန် အပြန်လမ်းတွင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို တစ်ကြိမ် အသုံးပြုလိုက်ရာ လွန်းရဲပေ့မုပန်း ဟုခေါ်သော ရှားပါး ပန်းတစ်မျိုးကို တည်နေရာ ရှာဖွေတွေ့ရှိလိုက်သည်။ ထိုအရာက ဒုတိယအဆင့် ကာကွယ်စောင့်ရှောက်ရမည့် အပင်တစ်မျိုး ဖြစ်သည်။

ဤပန်းကို ရှာတွေ့ခြင်းကလည်း ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။ ပန်းပွင့်လေးများက ခရမ်းရောင်ဖျော့ဖျော့လေးများ ဖြစ်ပြီး ရွှီယန်က အရောင်ခုနစ်ရောင် ပန်းတာဝန်ကို သတိရသွားကာ အလွယ်တကူပင် ဓာတ်ပုံတွဲရိုက်လိုက်သည်။

အရောင်ခုနစ်ရောင် ပန်းတာဝန်အတွက် အရောင် ၆ မျိုး ပြည့်သွားပြီဖြစ်ကာ နောက်ထပ် တစ်ရောင်သာ လိုအပ်တော့သည်။

ဆုလာဘ်က သာမန်မျှသာ ဖြစ်သော်လည်း ရေရှည်လုပ်ဆောင်ရမည့် တာဝန်တစ်ခု ဖြစ်သဖြင့် တစ်ခါတစ်ရံမှ ပြီးမြောက်သွားခြင်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပေသည်။

ထို့နောက် ရွှီယန်က ရှေ့သို့ ဆက်လက် ထွက်ခွာလာခဲ့သည်။

ထို့နောက်တွင် သူက ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို ထပ်မံ၍ အသုံးပြုလိုက်ပြန်သည်။

မူလကတည်းက ရတနာအတွက် သူ၏ မျှော်လင့်ချက်က သိပ်မမြင့်မားလှသော်လည်း ရှာတွေ့လိုက်ရသော အရာကတော့ သူ ထင်မှတ်ထားသည်ထက် လုံးဝ သာလွန်နေခဲ့သည်။

သစ်ပင်များ၏ အရိပ်ကျနေသော နေရာတစ်ခုတွင် အဝါရောင်နှင့် မီးခိုးရောင် ရောစပ်နေသော မှိုခင်းကြီး တစ်ခုကို မြင်တွေ့လိုက်ရသည်။

ရွှီယန် ရှာတွေ့ဖူးသော မှိုများက နည်းနည်းနောနော မဟုတ်ချေ။ မှိုကောင်း ဆိုသည်များကို သူ အကုန်မြင်ဖူးခဲ့ပြီ ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင်တော့ သူ့ကို ထပ်မံ၍ ဝမ်းသာအားရ ဖြစ်သွားစေပြန်သည်။

"တကယ်ကြီးလား... ဒါကိုတောင် ရှာတွေ့တယ်ပေါ့..."

ရွှီယန်၏ အံ့ဩဝမ်းသာနေသော အသံ ထွက်ပေါ်လာခဲ့သည်။

ရွှီယန်၏ မျက်နှာအမူအရာကို မြင်သောအခါ အင်တာနက်သုံးစွဲသူများက ပစ္စည်းကောင်းကြီး ထပ်မံ တွေ့ရှိသွားပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြသည်။

ပရိသတ်အဟောင်းများကတော့ သူ့အကြောင်းကို အရမ်း ရင်းနှီးနေကြပြီ မဟုတ်ပါလော။

[လောင်ရွှီ ဘာမြင်လိုက်လို့လဲ...]

[မသိဘူးလေ... အရှေ့မှာ ဘာမှမရှိသလိုပဲ...]

[သူ ရတနာကောင်း တစ်ခု ရှာတွေ့သွားပြန်ပြီလား...]

[မေ့တောင် မေ့နေတာ... သူ့ရဲ့ ရတနာရှာတဲ့ စွမ်းရည်ကလည်း ထိပ်တန်းပဲ ဆိုတာကို...]

[ဟားဟားဟား... တောတောင်ရှာဖွေတဲ့ လိုက်ဖ်လွှင့်သူလေ... တောထဲဝင်တာ ရတနာရှာဖို့ပေါ့...]

မှတ်ချက်များက ချက်ချင်းပင် ဆက်တိုက် တက်လာတော့သည်။

ရွှီယန်က ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားပြီး ပြုံးကာ ပြောလိုက်သည်။

"ဒီနေ့ ကံတကယ်ကို ကောင်းတာပဲ... ရတနာကောင်း ထပ်ရှာတွေ့ပြန်ပြီ..."

"အားလုံး ဒီဘက်ကို ကြည့်လိုက်... ဒီမှာ မှိုတွေ အများကြီးပဲ..."

"သူတို့နဲ့ လာတွေ့မယ်လို့ မထင်ထားဘူး..."

ရွှီယန် ဤသို့ပြောသည်ကို ကြားသောအခါ ပရိသတ်များ အားလုံး စိတ်သက်သာရာ ရသွားကြသည်။

မှိုရှာတွေ့ခြင်းသာ ဖြစ်နေသည်။ တန်ဖိုးကြီးမားသော ရတနာကြီးများဟုတောင် ထင်မှတ်နေခဲ့ကြသေးသည်။

မှိုဆိုသည်မှာ တန်ဖိုးကြီးလျှင်တောင် အလွန်အမင်း ဈေးကြီးလေ့ မရှိချေ။

[ဒါက ဘာမှိုလဲ... ကြည့်ရတာ သာမန်လိုပါပဲနော်...]

[နွားအသည်းမှို နဲ့ သိုးအူမှို တွေလောက်တောင် ကောင်းပုံမရဘူး...]

တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် တစ်ယောက်က ဝင်ရောက် မှတ်ချက်ပေးလိုက်သည်။

သို့သော် နားလည်တတ်ကျွမ်းသူ အချို့ကတော့ အခြေအနေကို ရိပ်မိသွားကြပြီ ဖြစ်သည်။ ထိုသူများက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရင်း သူတို့၏ မျက်လုံးများထဲတွင် အလွန်တရာ အံ့ဩမှင်တက်သည့် အရိပ်အယောင်များ ပေါ်လာတော့သည်။

'တကယ်ကြီးလား... တကယ်ပဲ အဲဒီမှိုမျိုးများလား...'

ဤအချိန်တွင် ရွှီယန်က အဖြေပေးလိုက်သည်။

"ဒီမှိုက တကယ်ကို ရှားပါးတာ... ကျွန်တော် သိထားသလောက်ဆို ပြည်တွင်းမှာ တာ့ရှင်းအန်းလင်း ဒေသမှာပဲ ရှိတာ... ဒီဘက်ကလည်း တာ့ရှင်းအန်းလင်း ရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ..."

"ဒီမှိုကို မောင်ကျန်းမှို လို့ ခေါ်ကြတယ်... မှိုတွေရဲ့ သခင် လို့တောင် တင်စားကြတာ... ရှင်းအန်းလင်း ဒေသရဲ့ နာမည်နဲ့ လိုက်ဖက်တဲ့ ရွှေပျော့လေး တွေပေါ့..."

ရွှီယန် အနည်းငယ် စိတ်လှုပ်ရှားနေသည်။ သူက ကျောပိုးအိတ်ကို မြေကြီးပေါ် ချလိုက်ပြီး အိတ်ထဲမှ ပလတ်စတစ်အိတ် တစ်လုံးကို ထုတ်ယူကာ မှိုခူးရန် ပြင်ဆင်လိုက်သည်။

တောတောင်ရှာဖွေသူ တစ်ယောက်၏ မျိုးရိုးဗီဇများ နိုးထလာခဲ့ပြီ ဖြစ်သည်။

ဤသို့ တောထွက်ပစ္စည်းများ ခူးယူရသည့် ခံစားချက်က တကယ်ကို ကောင်းမွန်လွန်းလှပေသည်။

အထူးသဖြင့် ပစ္စည်းကောင်းများကို ရှာတွေ့သည့် အချိန်မျိုးတွင်ပင်။

[ရွှေပျော့လေး ဟုတ်လား... အဲဒီလောက်တောင် ကြီးကျယ်တာလား...]

အင်တာနက်သုံးစွဲသူ တစ်ယောက်က မနေနိုင်ဘဲ မေးလိုက်သည်။

ကျွမ်းကျင်သူ အချို့က ဝင်ရောက် ရှင်းပြပေးကြလေသည်။

[အခုလောလောဆယ် သာမန်အဆင့်ရှိတဲ့ မောင်ကျန်းမှိုတွေက တစ်ကီလိုဝက်ကို ယွမ် ၂၀၀ လောက် ရှိတယ်... ဒါပေမဲ့ အဲဒါက လူတွေ စိုက်ထားတာလေ... အာဟာရတန်ဖိုးနဲ့ အရသာက တောရိုင်းမှိုတွေကို မမီဘူး... တောရိုင်းမှို အစစ်ဆိုရင် တစ်ကီလိုဝက်ကို ယွမ် ငါးရာ ခြောက်ရာလောက် ရောင်းရတာ... ဈေးမပေါဘူးနော်...]

[ငါ အင်တာနက်မှာ ရှာကြည့်တာတော့ တစ်ကီလိုဝက်ကို ၁၅ ယွမ်ပဲ ရှိတာပါလား...]

[အဲဒါတွေက အတုတွေလေ... နာမည်ပဲ ခံထားတာ... မောင်ကျန်းမှို အစစ်က အရမ်းကို ရှားတာ...]

[လောင်ရွှီ ရတနာ ထပ်တွေ့ပြန်ပြီဟေ့...]

တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ လူများက ဝိုင်းဝန်း ဆွေးနွေးနေကြလေသည်။

အားလုံး၏ ဆွေးနွေးမှုများက ရွှီယန် မှိုခူးနေသည့် စိတ်ခံစားချက်ကို မထိခိုက်စေခဲ့ချေ။

ဤမှိုများကို ခူးရသည်မှာ တကယ်ကို ပျော်စရာ ကောင်းလှပေသည်။

တန်ဖိုးကြီး၍ မဟုတ်ဘဲ တွေ့ရခဲသောကြောင့် ဖြစ်သည်။ ရွှီယန် အနေဖြင့် အိမ်ပြန်ရောက်ပါက စားသောက်နိုင်ပြီ မဟုတ်ပါလော။

"ဒီမောင်ကျန်းမှိုက တကယ်ကို ပစ္စည်းကောင်းပဲ..."

"ဒီလိုပြောရမယ်... ချင်းမင်းဆက် ဆူးရှီမယ်တော်ကြီး လက်ထက်တုန်းက တာ့ရှင်းအန်းလင်း ဒေသမှာ နေထိုင်ကြတဲ့ အိုလွန်ချွန်း လူမျိုးတွေက ဒီမောင်ကျန်းမှိုကို ဆက်သခံ ပဏ္ဏာအဖြစ် သတ်မှတ်ပြီး နန်းတော်ကို ဆက်သခဲ့ကြတာ..."

"ဒီအရာက ပေါက်ရောက်တဲ့ ဒေသနဲ့ ပတ်သက်ပြီး အရမ်းကို ဂျီးများတာ... မြေဆွေး ဓာတ် အများကြီး လိုအပ်တဲ့အပြင် မြစ်ရွှေ တူးဖော်တဲ့ ဒေသက မောင်ကျန်းကျောက်တုံး တွေပေါ်မှာပဲ ပေါက်တာ..."

"မြစ်ရွှေ တူးဖော်တဲ့ ဒေသဆိုတာ နိုင်ငံတော်က မြစ်ရွှေတွေ တူးဖော်တဲ့ နေရာလေ... သာမန်အားဖြင့် လူတွေကို အနားကပ်ခွင့် မပေးဘူး... ဆိုတော့ အဲဒီနေရာတွေကို သွားပြီး မှိုရှာဖို့လည်း မဖြစ်နိုင်ဘူးပေါ့..."

"အဲဒါကြောင့် ဒီနေရာမှာ လာတွေ့ရတာက တကယ်ကို ရှားပါးတယ်လို့ ခံစားရတာ..."

ရွှီယန်က မှိုခူးရင်း တစ်ဖက်မှ ရှင်းပြနေလေသည်။

မကြာခင်မှာပင် မှိုများက ပလတ်စတစ်အိတ် တစ်လုံး အပြည့် ဖြစ်သွားခဲ့သည်။

သူက နောက်ထပ် အိတ်တစ်လုံးကို ထုတ်ယူကာ ဆက်လက် ခူးယူနေလေသည်။

ဤကဲ့သို့ သစ်တော အနက်ပိုင်းသို့ ရောက်မှသာ ဤမျှ ရှားပါးသော မှိုမျိုးကို တွေ့နိုင်ခြင်း ဖြစ်သည်။

အခြားနေရာများတွင် တကယ်ကို တွေ့နိုင်မည် မဟုတ်ချေ။

ဤနေရာတွင် မြစ်ရွှေများ ရှိနိုင်သည်ဟု ဆိုလိုခြင်းလည်း ဖြစ်သည်။ သို့သော် ရွှီယန်က သွားရောက် စစ်ဆေးရန် အခွင့်အရေး မရှိတော့ပေ။

[ဆူးရှီမယ်တော်ကြီး ရဲ့ ပဏ္ဏာဆက်ပစ္စည်း ဟုတ်လား... တကယ်လား... အဲဒါဆိုရင်တော့ တကယ်ကို ပစ္စည်းကောင်းပဲ...]

[လောင်ရွှီ ရောင်းမလား... ငါ တစ်ကီလိုဝက်ကို ငါးရာ ပေးမယ်... နည်းနည်းလောက် ဝယ်ချင်လို့...]

တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် လူတစ်ယောက်က ဈေးမေးလိုက်သည်။

ရွှီယန်က မောင်ကျန်းမှို အချို့ကို ခူးယူပြီးနောက် အခွင့်ကောင်းယူကာ ဖုန်းစခရင်မှ မှတ်ချက်များကို ကြည့်လိုက်သည်။ လူအချို့ ဈေးမေးနေသည်ကို မြင်သောအခါ ချက်ချင်းပင် လက်ခါပြလိုက်သည်။

"ဒီမှိုကို ကျွန်တော် မရောင်းပါဘူး... တောရိုင်း မောင်ကျန်းမှို အစစ် ရှာတွေ့ဖို့ဆိုတာ အရမ်း ခက်တယ်... အခုမှ ခူးထားတဲ့ တောရိုင်း မောင်ကျန်းမှို အလတ်စားလေးတွေ ရှာတွေ့ဖို့ဆိုတာ ပိုတောင် ခက်သေးတယ်..."

"ဒါက တကယ့်ကို ကံတရား သက်သက်ပဲ..."

"ကြားဖူးတာတော့ မောင်ကျန်းမှိုရဲ့ အရသာက အသားစားရသလို ခံစားချက်မျိုး ပေးတယ်တဲ့... ကြက်သားနဲ့ ပေါင်းတာ ဖြစ်ဖြစ် ဟင်းရည်ချက်တာ ဖြစ်ဖြစ် အကောင်းဆုံးပဲ..."

"ကျွန်တော်ကတော့ အိမ်ပြန်ရောက်ရင် တောကြက်သားနဲ့ မောင်ကျန်းမှို ပေါင်းလေး လုပ်စားမလို့... ပြီးတော့ သရက်ရွက် အားကောင်းစေမယ့် မှိုဟင်းရည်လေးလည်း ချက်ဦးမယ်..."

"အဲဒါမှ တကယ်ကို ရှယ်ပဲ..."

"ဒါမျိုးက တခြားနေရာမှာ စားချင်လို့တောင် မရတာ..."

ယခုအခါ ရွှီယန်က အစားအသောက်နှင့် ပတ်သက်ပြီး အတော်လေး လေ့လာထားသည်။ အထူးသဖြင့် ရိုးရာဆန်သော အစားအစာများက ပို၍ အရသာရှိသည်ဟု သူ ထင်မြင်လေသည်။

သူကိုယ်တိုင်လည်း ဟင်းချက်တတ်ပြီး ဟင်းချက်လက်ရာကလည်း အလွန် ကောင်းမွန်သဖြင့် ပါဝင်ပစ္စည်းများ၏ အရည်အသွေးကို ပို၍ အလေးထားလေသည်။

ဤမျှ ကောင်းမွန်သော ပါဝင်ပစ္စည်းကို ကိုယ်တိုင် မစားရပါက တကယ်ကို နှမြောစရာ ကောင်းလှပေသည်။

ထိုငွေ တစ်ထောင် ရှစ်ရာလောက်ကို ရောင်းပြီး အမြတ်ယူရန် မလိုအပ်ချေ။

သူ၏ ပုံစံကို မြင်သောအခါ အင်တာနက်သုံးစွဲသူများက အထူး အားကျနေကြပြီး အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟုလည်း ထင်မြင်နေကြသည်။

မကြာခင်မှာပင် ရွှီယန်က ထိုနေရာတစ်ဝိုက်ရှိ မောင်ကျန်းမှိုများကို အကုန်အစင် ခူးယူလိုက်သည်။

မှိုများက ကြီးထွားနှုန်း မြန်သဖြင့် အချိန်အတန်ကြာပါက ထပ်မံ ပေါက်လာမည်သာ ဖြစ်သည်။

"ဒီနေရာက မောင်ကျန်းမှိုတွေရဲ့ အသိုက်အမြုံလေး တစ်ခုလို့တောင် သတ်မှတ်လို့ ရနေပြီ..."

"ကျွန်တော်လည်း သိပ်မစားဖူးဘူး... အိမ်ပြန်ရောက်ရင် အရသာ အရင် မြည်းကြည့်ရမယ်..."

ရွှီယန်က မှိုခူးပြီးသွားသောအခါ စိတ်ကျေနပ်သွားတော့သည်။

မှိုများကို ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။ လမ်းတစ်လျှောက်လုံး အစားအသောက်များ အတော်များများ စားထားသဖြင့် ကျောပိုးအိတ်ထဲတွင် နေရာလွတ် အချို့ ရှိနေပြီး မှိုများကို အေးဆေး ထည့်ထားနိုင်ပေသည်။

အိတ်ကြီး နှစ်အိတ်စာ ခူးယူပြီးသော်လည်း ရွှီယန်က မကျေနပ်သေးဘဲ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အသုံးပြုကာ ရတနာ ဆက်ရှာနေလိုက်သည်။

ရတနာ မရှာရသည်မှာ အတော်လေး ကြာပြီဖြစ်ရာ ဤသို့ ရှာဖွေရသည်မှာ ရင်ထဲတွင် အတော်လေး ပျော်ရွှင်စရာ ကောင်းလှပေသည်။

သို့သော် နောက်ထပ် တည်နေရာ ရှာတွေ့သော အရာများကတော့ ထိုမျှ မကောင်းမွန်တော့ချေ။

တစ်ကြိမ်က ကာကွယ်စောင့်ရှောက်ရမည့် အပင်တစ်မျိုး ဖြစ်ပြီး တစ်ကြိမ်က မြစ်ရွှေ ပါဝင်သော ကျောက်တုံးငယ်လေး တစ်တုံး ဖြစ်ကာ နောက်တစ်ကြိမ် ကတော့ ကျားသစ်ကွက် တစ်ကောင် ဖြစ်သည်။

မြစ်ရွှေ ပါဝင်သော ကျောက်တုံးကို ရှာတွေ့သောအခါ ရွှီယန်က ဤနေရာသည် မြစ်ရွှေများ စုဝေးနေသော နေရာတစ်ခုများ ဖြစ်နေမလားဟု တွေးကာ အတော်လေး စိတ်လှုပ်ရှားသွားသေးသည်။

သို့သော် တစ်တုံးတည်းသာ ရှာတွေ့ပြီး အခြားအရာများ မတွေ့ရသဖြင့် ဤပတ်ဝန်းကျင်တွင် မရှိကြောင်း သေချာသွားလေသည်။

ကံတရားကြောင့် သက်သက်သာ ဖြစ်သည်။

အလုပ်များလှသော နေ့တစ်နေ့ပင်။

သူနှင့် ဝံပုလွေပေါက်လေးတို့က အပြင်ဘက်သို့ တောက်လျှောက် ထွက်လာခဲ့ကြပြီး တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းကလည်း အရင်တိုင်းပင် ပေါ့ပေါ့ပါးပါးနှင့် ပျော်ရွှင်စရာ ခံစားချက်များ ပြည့်နှက်နေဆဲပင်။

ရွှီယန်က စွန့်စားခန်း ဖွင့်နေခြင်း ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ ပရိသတ်များက ကြည့်ရှုရင်း တစ်ဖက်မှလည်း စိတ်လှုပ်ရှားစွာဖြင့် စကားစမြည် ပြောဆိုနေကြရာ အတွေ့အကြုံက အတော်လေး ကောင်းမွန်လှပေသည်။

အားလုံးက သူ၏ မောင်ကျန်းမှိုများကို တွေးတော လွမ်းဆွတ်နေကြဆဲပင်။

ဘာကြောင့်မှန်းတော့ မသိပေ။ သူတစ်ပါး လက်ထဲရှိ ပစ္စည်းကောင်းများကို မြင်တွေ့ရသောအခါ မိမိပစ္စည်း ဖြစ်လာစေချင်သည့် စိတ်များ အမြဲတမ်း ဖြစ်ပေါ်လာတတ်ကြသည်။

ထိုအရာက တကယ်ကို ကောင်းမွန်သည်ဟု ခံစားရသောကြောင့်ပင်။

နှမြောစရာကောင်းသည်မှာ ရွှီယန်က အားလုံးကို မျှော်လင့်ချက် လုံးဝ မပေးခြင်းပင်။ ဤမောင်ကျန်းမှိုများကို သူက ဘယ်လိုပဲဖြစ်ဖြစ် ရောင်းမည် မဟုတ်ချေ။

ရတနာရှာဖွေခွင့် အကြိမ်ရေ ကုန်သွားသောအခါ ရွှီယန်က ဆက်လက် မနေတော့ဘဲ ခရီးကိုသာ အာရုံစိုက် လျှောက်လာခဲ့သည်။

ဤတစ်ကြိမ်တွင် သူ၏ အမြန်နှုန်းက အလွန် မြန်ဆန်လှပေသည်။

အရင်တုန်းက တိရစ္ဆာန်များ အများအပြား ရှာဖွေခဲ့ရပြီး တစ်ခါတစ်ရံ တိရစ္ဆာန်များကို ကြည့်ရန် တစ်နာရီ နှစ်နာရီခန့် အချိန်ဖြုန်းခဲ့ရသဖြင့် အချိန်များစွာ နှောင့်နှေးခဲ့ရသည်။

အပြင်သို့ ပြန်ထွက်သည့် အချိန်တွင်မူ အချိန်ဆွဲခြင်း မရှိဘဲ အမြန်နှုန်းလည်း မြန်ဆန်သဖြင့် ရွှီယန်၏ ခန့်မှန်းချက်အရ ည ၇ နာရီ ဝန်းကျင်လောက်တွင် အပြင်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

သေချာသည်ကတော့ သူ ဘယ်နေရာသို့ ရောက်နေသည်ကို အခြားသူများ မသိစေရန်အတွက် ရွှီယန်က ညနေ ၄ နာရီလောက်မှာပင် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ခြင်း ဖြစ်သည်။

ဤတစ်ကြိမ် အတွင်းမွန်ဂိုလီးယား ဟူလွန်ပေ့အော် သစ်တောတွင်း စွန့်စားခန်းက ဤနေရာတွင်ပင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

အပြင်သို့ ဆက်လက် ထွက်လာသောအခါ ရွှေဝါရောင် တောက်ပနေသော ဘုသစ်တောကြီးက ရွှေရောင် ပင်လယ်ပြင်ကြီး တစ်ခုအလားပင်။

ဤအချိန်က ဟူလွန်ပေ့အော် သစ်တော၏ အလှပဆုံး အချိန်ပင် ဖြစ်သည်။

ဤအချိန်ရှိ သစ်ပင်များက နွေရာသီထက်ပင် ပို၍ ကြည့်ကောင်းနေသေးသည်။

ဝံပုလွေပေါက်လေး၏ ခံနိုင်ရည်က အလွန် ကောင်းမွန်လှပြီး ရွှီယန်၏ နောက်မှ တကောက်ကောက် လိုက်ပါလာခဲ့သည်။

ဘာပဲဖြစ်ဖြစ် အားဖြည့်ထားသော အကောင် ဖြစ်သဖြင့် တကယ်ကို အစွမ်းထက်လှပေသည်။

၎င်းကို ခေါ်လာရသဖြင့် ခရီးစဉ်က အလွန် ပျော်ရွှင်စရာ ကောင်းလှပေသည်။

လူတစ်ယောက်နှင့် ဝံပုလွေတစ်ကောင်က သစ်ရွက်များ ဝေဆာနေသော ဘုသစ်တောကြီးကို ဖြတ်သန်းလာခဲ့ကြပြီး အရှေ့တွင်တော့ ကားတစ်စီးက စောင့်ကြိုနေလေသည်။

ဤတစ်ကြိမ် ခရီးစဉ်က ဤသို့ဖြင့် အဆုံးသတ်လုနီးပါး ဖြစ်သွားခဲ့ပြီ။

ဝံပုလွေပေါက်လေးက အိမ်ပြန်ရတော့မည်ကို သိသောအခါ အတော်လေး စိတ်လှုပ်ရှားနေပုံ ရသည်။

ရွှီယန်ကတော့ ၎င်းက ရှောင်ဟေးကို လွမ်းနေသည်ဟုသာ ထင်မှတ်နေခဲ့သည်။

တကယ်တမ်း ဝံပုလွေပေါက်လေး လွမ်းဆွတ်နေသည်မှာ အခြား တိရစ္ဆာန် တစ်မျိုး ဖြစ်နေကြောင်းကို သူ မသိခဲ့ချေ။

All Chapters