← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

ကျန်းဟန်၏ စကားကို ကြားလိုက်ရသောအခါ ထိုနှစ်ယောက်မှာ မျက်နှာပျက်သွားကြပြီး ပတ်ဝန်းကျင်ကို အလျင်အမြန် လှည့်ပတ်ကြည့်ရှုကာ သူတို့၏ စိတ်စွမ်းအားကို သုံး၍ စုံစမ်းစစ်ဆေးလိုက်ကြသော်လည်း ဘာမျှ ရှာမတွေ့ခဲ့ကြချေ။

“ကောင်လေး... စစ်ကူလည်း မရှိဘဲနဲ့ မင်းက ဘာလို့ ဒီလောက်တောင် မောက်မာနေရတာလဲကွ။ ဒီနေ့တော့ ပန်းပွင့်တွေ ဘာလို့ ဒီလောက်တောင် နီရဲနေရလဲဆိုတာ မင်းကို ငါ သိစေရမယ်။”

ထိုလူက နှာခေါင်းရှုံ့ကာ တိုက်ရိုက်တိုက်ခိုက်လိုက်တော့သည်။

“ငါ သူ့ရဲ့ သားရဲကို တားထားမယ်။ မင်း သွားပြီး သူ့ကို အဆုံးစီရင်လိုက်။”

ထိုလူက သူ့ဇနီးဖြစ်သူကို ပြောလိုက်ပြီး ချက်ချင်းဆိုသလိုပင် မိုးကြိုးငှက်တစ်ကောင်ကို ထုတ်လွှတ်လိုက်သည်။

သူ့တွင် သားရဲနှစ်ကောင် ရှိသည်။ လွန်ခဲ့သည့် မိနစ်ပိုင်းက သူသည် မြေနှင့် သစ်သား နှစ်မျိုးစပ် မြေသစ်တောဝံပုလွေကို စီးနင်းလာခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင်မူ မိုးကြိုးငှက်ကို ထုတ်လိုက်ခြင်းဖြစ်သည်။ အားကောင်းသော ခေါင်းဆောင်အဆင့် နှောင်းပိုင်း သားရဲနှစ်ကောင်မှာ မြေပြင်မှတစ်ဖုံ ကောင်းကင်မှတစ်မျိုးဖြင့် ဟုတ်ဟုတ်ကို ဝင်ရောက်တိုက်ခိုက်ကြတော့သည်။

အခြားတစ်ဖက်တွင်မူ သက်လတ်ပိုင်းအမျိုးသမီးသည် သူမ၏ အော့ဒစ်ရှ်၊ မိုးကြိုးဖွတ်တို့နှင့်အတူ ကျန်းဟန်ထံသို့ လျှောက်လာပြီး သူမ၏ မျက်နှာတွင်လည်း ရက်စက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ငါက အစက နင့်အသက်ကို ချမ်းသာပေးဖို့ ရည်ရွယ်ထားခဲ့တယ်။ ဒါပေမဲ့ နင်က ထွက်ပြေးရဲမှတော့ နင့်ကို မသတ်ခင် ခဏလောက် နှိပ်စက်ရဦးမှာပေါ့။”

ကျန်းဟန်က နှာခေါင်းရှုံ့လိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ ရုပ်ဖျက်ထားသော ပိုင်လင်းကို တိုက်ရိုက် ထုတ်လွှတ်လိုက်သည်။ မကြာမီမှာပင် ကြီးမားသော ငှက်ဖြူကြီးတစ်ကောင်သည် သူ၏ ရှေ့မှောက် ကောင်းကင်ယံ၌ ထွက်ပေါ်လာခဲ့သည်။

“သူတို့ကို သတ်ပစ်လိုက်။”

ကျန်းဟန်က တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ဟားဟားဟား... ဒါကြောင့်မို့လို့ နင်က အသက်အန္တရာယ်ရှိတဲ့ ဖျော်ဖြေရေးကွင်းထဲမှာ သားရဲတစ်ကောင်တည်းပဲ သုံးရဲတာကိုး။ ကြည့်ရတာ နောက်ထပ်တစ်ကောင်က ခေါင်းဆောင်အဆင့်ကိုတောင် မရောက်သေးဘူးပဲ။ ဒါလေးနဲ့ နင်က ငါတို့ကို သတ်မယ်လို့ ပြောရဲသေးတာလား။”

သက်လတ်ပိုင်းအမျိုးသမီးသည် ကျန်းဟန်က ဒုတိယမြောက် သားရဲအား ထုတ်ယူလိုက်သည်ကို မြင်သောအခါ အံ့အားသင့်သွားသော်လည်း ပိုင်လင်းမှာ လက်ရွေးစင်အဆင့် နှောင်းပိုင်းမျှသာ ရှိသည်ကို သိရှိသွားပြီးနောက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်တော့သည်။ သူမသည် ကျန်းဟန်မှာ လမ်းဆုံးသို့ ရောက်နေပြီဟု ခံစားလိုက်ရ၏။ မဟုတ်ပါက ဘာကြောင့် လက်ရွေးစင်အဆင့် သားရဲတစ်ကောင်ကို ထုတ်ပြီး တိုက်ခိုက်ခိုင်းပါ့မည်နည်း။

သို့သော် နောက်အလိုက်တွင် ပိုင်လင်းသည် ပါးစပ်ကိုဟကာ မိုးကြိုးအသက်ရှူသံတစ်ခုကို မှုတ်ထုတ်လိုက်တော့သည်။ အစပိုင်းတွင် ဤသည်မှာ လက်ရွေးစင်အဆင့်အတွင်း၌သာ ရှိသော်လည်း နောက်အခိုက်တွင်မူ ယင်းသည် ကြောက်မက်ဖွယ်ကောင်းသော အတိုင်းအတာတစ်ခုအထိ လျင်မြန်စွာ ကြီးထွားလာပြီး အဆင့် ၃ ၏ အကန့်အသတ် အဆင့် ၄ တစ်ပိုင်းအထိ ရောက်ရှိသွားခဲ့သည်။

“ဒါ... ဒါက ဘာကြီးလဲ။”

သက်လတ်ပိုင်းအမျိုးသမီး၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် တောင့်တင်းသွားခဲ့သည်။ သူမ၏ မျက်နှာတွင် အပြုံးတစ်ခု ကျန်ရှိနေသေးသော်လည်း သူမ၏ မျက်လုံးများတွင်မူ ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြစ်ပေါ်နေပြီဖြစ်သည်။ ဤရုတ်တရက် ထွက်ပေါ်လာသော ကြောက်မက်ဖွယ် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် သူမသည် မသိစိတ်ဖြင့် မိုးကြိုးဖွတ်ကို တိုက်ခိုက်ရန်သာ အမိန့်ပေးနိုင်လိုက်၏တော့သည်။

သို့သော် ရှင်းလင်းစွာပင် ခေါင်းဆောင်အဆင့် နှောင်းပိုင်းတွင် ရှိနေသော မိုးကြိုးဖွတ်မှာ ၎င်း၏ ခြေထောက်များ ပျော့ခွေသွားခဲ့ရသည်။ ၎င်းသည် ပိုင်လင်းကို အလွန်အမင်း ကြောက်ရွံ့နေပုံရသည်။ ၎င်း၏ သခင်ဖြစ်သူ၏ အမိန့်အောက်တွင် ၎င်းသည် ပါးစပ်ကိုဟကာ မိုးကြိုးလုံးများကို အစဉ်လိုက်ကို မှုတ်ထုတ်လိုက်သည်။

ထိုမိုးကြိုးလုံးများသည် ပိုင်လင်း၏ မိုးကြိုးအသက်ရှူသံကြောင့် ချက်ချင်းဆိုသလိုပင် ပျက်ပြယ်သွားခဲ့၏။ မိုးကြိုးဖွတ်မှာ ထွက်ပြေးရန်ပင် အချိန်မရလိုက်ဘဲ ၎င်း၏ ခန္ဓာကိုယ် ငါးပုံတစ်ပုံမှာ ထိုအသက်ရှူသံတစ်ချက်ကြောင့် ပျက်စီးသွားခဲ့ရသည်။

အဆင့် ၃ နှောင်းပိုင်း မိုးကြိုးဖွတ်တစ်ကောင်အနေဖြင့် ၎င်းသည် တိုက်ခိုက်မှု အနည်းငယ်ကို တောင့်ခံနိုင်သင့်သော်လည်း ပိုင်လင်း၏ သွေးမျိုးဆက်ဖိနှိပ်မှုက ၎င်း၏ တိုက်ခိုက်လိုစိတ်ကို လုံးဝ ချိုးနှိမ်ပစ်ခဲ့သည်။

သက်လတ်ပိုင်းအမျိုးသမီး မတုံ့ပြန်နိုင်မီမှာပင် ပိုင်လင်းသည် နဂါးကူးခတ်ခြင်း စွမ်းရည်ကို ထပ်မံအသုံးပြုလိုက်သည်။ ၎င်း၏ အရှိန်မှာ ရုတ်တရက် သုံးဆမျှ မြန်ဆန်သွားပြီး ဖြူဖွေးသော ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲကာ မိုးကြိုးဖွတ်၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။

ပို၍ နီးကပ်လာလေလေ ၎င်းအပေါ် ကျရောက်လာသော မိုးကြိုးနဂါးအရှိန်အဝါ ၏ ဖိနှိပ်မှုက ပို၍ ကြီးမားလာလေလေ ဖြစ်သည်။ ပိုင်လင်းနှင့် ရင်ဆိုင်ရချိန်တွင် မိုးကြိုးဖွတ်မှာ ခုခံရန်ပင် ရုန်းကန်နေရပြီး ဆုတ်ဖြဲခြေသည်းတစ်ချက်တည်းဖြင့် အဆုံးစီရင်ခြင်း ခံလိုက်ရတော့သည်။

“မလုပ်နဲ့...အားးးး...”

သက်လတ်ပိုင်းအမျိုးသမီးက အော်ဟစ်လိုက်သော်လည်း သူမ၏ အော်ဟစ်သံမှာ ကြောက်လန့်တကြားဖြစ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ကျန်းဟန်သည် ကြွားဝါနေခြင်း မဟုတ်ဘဲ သူတို့ကို သတ်ဖြတ်နိုင်သော ခွန်အားအစစ်အမှန် ရှိနေကြောင်း သူမ နောက်ဆုံးတွင် နားလည်သွားခဲ့ပြီဖြစ်သည်။

“မကောင်းတော့ဘူး။ မြန်မြန်ပြေးကြစို့။ ဒီကောင်လေးရဲ့ ခွန်အားက အရမ်းကြီးလွန်းတယ်။ သူက တစ်ချိန်လုံး ကျားကိုစားမယ့် ဝက်အဖြစ် ဟန်ဆောင်နေခဲ့တာပဲ။”

အခြားတစ်ဖက်တွင်မူ သက်လတ်ပိုင်းအမျိုးသားကလည်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

လွန်ခဲ့သည့် အခိုက်အတန့်က ကောင်းကင်ယံတွင် သူ၏ မိုးကြိုးငှက်သည် ဟုတ်ဟုတ်နှင့် လုံးထွေးနေချိန်၌ ဟုတ်ဟုတ်သည် ၎င်း၏ သွေးနတ်ဆိုးစွမ်းရည်ကို တိုက်ရိုက် အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ ၎င်း၏ ဝိညာဉ်စွမ်းအားကို မချန်မလှပ် ထုတ်လွှတ်လိုက်ရာ အဆင့် ၄ နှင့်ပင် နှိုင်းယှဉ်နိုင်သော မြင့်မားသန့်စင်သည့် ဝိညာဉ်စွမ်းအားများသည် သွေးနတ်ဆိုး၏ ကြောက်မက်ဖွယ် ကောင်းသော မြှင့်တင်မှုနှင့် ပေါင်းစပ်သွားခဲ့ပြီး မိုးကြိုးငှက်မှာ တိုက်ကွက်နှစ်ခုအတွင်းမှာပင် လေယာဉ်တစ်စင်းပျက်ကျသကဲ့သို့ အောက်သို့ ထိုးကျသွားခဲ့ရတော့သည်။

ထိုသက်လတ်ပိုင်းအမျိုးသားသည် ထိုသားရဲမှာ ဖျော်ဖြေရေးကွင်းထဲတွင် ၎င်း၏ ခွန်အားအစစ်အမှန်ကိုပင် ထုတ်မသုံးခဲ့ကြောင်းကို လုံးဝ ထင်မှတ်မထားခဲ့ပေ။

အကယ်၍ ၎င်းသည် ဖျော်ဖြေရေးကွင်းထဲတွင် သွေးနတ်ဆိုးစွမ်းရည်ကိုသာ အသက်သွင်းခဲ့မည်ဆိုပါက မည်သူတစ်ဦးတစ်ယောက်မျှ အသက်အသေခံပြီး စင်ပေါ်တက်လာကြမည်မဟုတ်ကြောင်း သူ အာမခံရဲသည်။ ၎င်းက အရမ်း သန်မာလွန်းလှ၏။ ၎င်းသည် ခေါင်းဆောင်အဆင့် အလယ်အလတ်မျှသာ ရှိသော်လည်း သူ၏ နှောင်းပိုင်းအဆင့် မိုးကြိုးငှက်ကို သတ်ဖြတ်ရခြင်းမှာ ကြက်တစ်ကောင်ကို သတ်ရသကဲ့သို့ လွယ်ကူလွန်းနေခဲ့သည်။

ဤသားရဲကို ဘယ်လိုတောင် ပျိုးးထောင်ထားသနည်း။ သူ လုံးဝ နားမလည်နိုင်တော့ပေ။

သူသည် ထိတ်လန့်တကြားဖြစ်နေစဉ်အတွင်း ဇနီးဖြစ်သူဘက်သို့ လှည့်ကြည့်လိုက်ပြီး ကျန်းဟန်၏ခေါင်းကို ဖြတ်ပစ်မည့်အစီအစဉ် အောင်မြင်ပါစေကြောင်း မျှော်လင့်မိသော်လည်း လှည့်ကြည့်လိုက်သည်နှင့် မိုးကြိုးဖွတ်၏ သနားစရာကောင်းသော သေဆုံးမှုကိုသာ မြင်တွေ့လိုက်ရတော့သည်။

ယင်းက ဤကောင်လေးသည် အမှန်တကယ် ကျားကိုစားမည့် ဝက်အဖြစ် ဟန်ဆောင်နေခြင်းသာဖြစ်ပြီး မှောင်ခိုဈေးကွက် ဖျော်ဖြေရေးကွင်းတွင် ပြသခဲ့သော ခွန်အားမှာ ရေခဲတောင်၏ ထိပ်ဖျားလေးမျှသာ ရှိသေးကြောင်း သူ့ကို ချက်ချင်း သဘောပေါက်သွားစေခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူသည် တိုက်ခိုက်လိုစိတ်အားလုံး ပျောက်ဆုံးသွားပြီး ထွက်ပြေးရန်သာ စိတ်အားထက်သန်နေတော့သည်။ သူသည် မြေသစ်တောဝံပုလွေပေါ်သို့ ခွစီးကာ ထွက်ပြေးတော့သည်။ သူ၏ ဇနီးဖြစ်သူကိုမူ သူ၏ဆုတ်ခွာမှုကို ကာကွယ်ရန်အတွက် နောက်ချန်ထားခဲ့၏။ မိုးကြိုးဖွတ် မရှိတော့သည့်အပြင် အော့ဒစ်ရှ်မှာလည်း ထွက်ပြေးရန် အားမသန်သဖြင့် သူမအနေဖြင့် ဘယ်လိုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

“‌တောက်... ရှင်...အခု ပြန်လာခဲ့စမ်း။ ကျွန်မကိုပါ ခေါ်သွား...။”

သက်လတ်ပိုင်းအမျိုးသမီးသည် ဘာဖြစ်နေသည်ကို ရိပ်မိသွားသော်လည်း သူမ၏ ခင်ပွန်းဖြစ်သူမှာ သူမကို ပြန်ခေါ်ရန် ရည်ရွယ်ချက် လုံးဝမရှိဘဲ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိလိုက်ရသဖြင့် ချက်ချင်းပင် ကျယ်လောင်စွာ ဆဲဆိုလိုက်တော့သည်။

“မျှော်လင့်ထားတဲ့အတိုင်းပဲ...ဘေးဒုက္ခနဲ့ကြုံရင် ကိုယ့်လမ်းကိုယ် သွားကြရတာပဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ သူလည်း လွတ်မှာမဟုတ်ပါဘူး။”

ကျန်းဟန်က ပြုံးလိုက်သည်။ သူ ဤအခြေအနေကို အံ့ဩသွားခြင်း မရှိပေ။

ဟုတ်ဟုတ်သည် ထွက်ပြေးနေသော ထိုလူ့နောက်သို့ တည့်တည့်မတ်မတ် လိုက်လံဖမ်းဆီးခဲ့၏။ ယခုအခါ ကျန်းဟန်၏ ကိုယ်အလေးချိန် ဖိစီးမှု မရှိတော့သဖြင့် ၎င်း၏ အရှိန်မှာ မြေသစ်တောဝံပုလွေတစ်ကောင်နှင့် နှိုင်းယှဉ်၍ရသော အဆင့်တွင် မဟုတ်တော့ပေ။

၎င်းသည် ပျံသန်းနေစဉ်အတွင်း အရိပ်အလင်းဓားများနှင့် သွေးအရိပ်များကို ဆက်တိုက် ထုတ်လွှတ်လိုက်၏။ ထိုလူသည် ရှောင်တိမ်း၍မရနိုင်ကြောင်း သိလိုက်ရသဖြင့် မြေသစ်တောဝံပုလွေကိုသာ တန်ပြန်တိုက်ခိုက်ခိုင်းလိုက်ရတော့သည်။ ၎င်းသညါ ကြီးမားသော မြေ-သစ်သားဒိုင်းကြီးတစ်ခုနှင့် ကာကွယ်လိုက်သော်လည်း ဟုတ်ဟုတ်၏ မြင့်မားသန့်စင်သော ဝိညာဉ်စွမ်းအား၏ တိုက်ခိုက်မှုကိုမူ လုံးဝ မတောင့်ခံနိုင်ဘဲ အလွယ်တကူပင် ထိုးဖောက်ခံလိုက်ရတော့သည်။

တိုက်ခိုက်မှုသည် ဒိုင်းကို ထိုးဖောက်သွားပြီး မိမိထံသို့ ပျံသန်းလာသည်ကို မြင်သောအခါ ထိုလူမှာ အသိစိတ်လွတ်မတတ် ကြောက်လန့်သွားခဲ့သည်။ သူသည် သူ၏သားရဲကို အသည်းအသန် ခုခံခိုင်းခဲ့သော်လည်း အားလုံး၏ အချည်းနှီးသာ ဖြစ်ခဲ့ရ၏။

“ကျွန်တော့်ကို မသတ်ပါနဲ့ သခင်ကြီး။ ကျွန်တော့်မှာ ပိုက်ဆံရှိတယ်။ ကျွန်တော့်အသက်ကို ပြန်ဝယ်ပါမယ်။ ကျွန်တော် သခင်ကြီးခိုင်းသမျှလုပ်မယ့် ကျွန်တစ်ယောက်ဖြစ်ပြီး သခင့်အတွက် ပိုက်ဆံရှာပေးပါ့မယ်။”

သို့သော်လည်း သူသည် ကျန်းဟန်ထံမှ မည်သည့်တုံ့ပြန်မှုကိုမျှ မရရှိခဲ့ပေ။ နောက်ဆုံးတွင် အော်ဟစ်သံနှင့်အတူ အသက်ပျောက်သွားခဲ့ရတော့သည်။

သူမ၏ ခင်ပွန်းဖြစ်သူမှာ ထွက်ပြေးပြီး မီတာအနည်းငယ်အကြာမှာပင် အသတ်ခံလိုက်ရသည်ကို ကြည့်ရင်း သက်လတ်ပိုင်းအမျိုးသမီးသည် စိတ်သက်သာရာရမှုကို ခံစားလိုက်ရသော်လည်း တစ်ချိန်တည်းမှာပင် သေရတော့မည့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

သူမသည် ဒူးထောက်ကာ ကရုဏာသက်ရန် အသနားခံလိုက်၏။

“သခင်ကြီး သွေးစုန်း... ကျေးဇူးပြုပြီး ကျွန်မကို မသတ်ပါနဲ့။ ကျွန်မ သခင်ကြီးအတွက် ဝန်စည်စလယ်တွေကို သယ်ပေးပါ့မယ်။ သခင်ကြီးအတွက် အဝတ်လျှော်၊ ထမင်းချက်ပေးပါ့မယ်။ သခင်ကြီးရဲ့ အိပ်ရာကို နွေးထွေးအောင် လုပ်ပေးပြီး ကျွန်တစ်ယောက်လို နေပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်မအသက်ကို ချမ်းသာပေးပါ။”

“ကျွန်မ သခင်ကြီးကို တောင်းပန်ပါတယ်။ အရင်က ကျွန်မ သခင်ကြီးအပေါ် အရမ်း စော်ကားမိခဲ့ပါတယ်။ ကျွန်မကို ဒီအတိုင်း သတ်ပစ်လိုက်တာက ကျွန်မအတွက် အလွန် သက်သာရာရောက်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ပြန်ခေါ်သွားပြီး ပြင်းပြင်းထန်ထန် နှိပ်စက်အပြစ်ပေးပါ။”

အသက်အန္တရာယ်ရှိသော အရေးကြီးသည့် အခိုက်အတန့်နှင့် ရင်ဆိုင်ရချိန်တွင် ထိုအမျိုးသမီး၏ စိတ်မှာ ယခင်ကထက် ပိုမို ကြည်လင်လာခဲ့သည်။ သူမသည် မည်သည့်ခုခံမှုမျှ မပြုလုပ်တော့ဘဲ ဒူးထောက်ကာသာ အသနားခံလိုက်တော့သည်။

သူမသည် အသက်သုံးဆယ်ကျော် အရွယ်ရှိပြီဖြစ်သော်လည်း ညှိုးနွမ်းအိုစာသွားခြင်း မရှိဘဲ ဆွဲဆောင်မှုရှိကာ နုပျိုစိုပြေနေဆဲ ဖြစ်သည်။

ထိုအမျိုးသားနှင့် နှိုင်းယှဉ်ပါက သူမက ပို၍ တန်ဖိုးရှိသည်။ ရာဇဝတ်ကောင်အများစုသည် အမျိုးသမီးများကို ဖမ်းဆီးကာ ကာမစိတ်ဖြေဖျောက်ရန် ကိရိယာများအဖြစ် အသုံးပြုတတ်ကြသဖြင့် ယင်းက သူမ၏ တစ်ခုတည်းသော အသက်ရှင်သန်နိုင်မည့် မျှော်လင့်ချက် ဖြစ်နေခဲ့သည်။

သို့သော် ကျန်းဟန်မှာမူ စိတ်လှုပ်ရှားခြင်း လုံးဝမရှိပေ။ သူမကို ဆီးကြိုလိုက်သည်မှာ မိုးကြိုး တိုက်ခိုက်မှုတစ်ခုသာ ဖြစ်သည်။

“မလုပ်နဲ့...နင်...နင် အရမ်းရက်စက်လွန်းတယ်။”

သူမ၏ အော်ဟစ်သံနှင့်အတူ စောစောက နုပျိုပြီး ဆွဲဆောင်မှုရှိနေသော ခန္ဓာကိုယ်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် မည်းတူးနေသော အလောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရတော့သည်။

ထို့နောက်တွင် အော့ဒစ်ရှ်မှာလည်း ထွက်ပြေး၍မလွတ်ဘဲ ထိုနေရာတွင်ပင် အသတ်ခံလိုက်ရသည်။

ကျန်းဟန်သည် တိုက်ပွဲဆုလာဘ်များကို သိမ်းဆည်းကာ တိုက်ပွဲ၏ အကြွင်းအကျန် အစွန်းအစများကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်ပြီးနောက် ပိုင်လင်းကို စီးနင်းကာ မိုးကြိုးလျှပ်စီး မြူခိုးများထဲသို့ ပျံသန်းဝင်ရောက်သွားလိုက်တော့သည်။

သူ့နောက်မှ အဆင့် ၃ ခေါင်းဆောင်အဆင့် သားရဲထိန်းချုပ်သူတစ်ဦး လိုက်လံဖမ်းဆီးနေသည်ဟု သူ သံသယရှိနေသည်။ ထိုသူမှာ အဆင့် ၄ သားရဲကို ပိုင်ဆိုင်ထားသော တည်ရှိမှုမျိုး ဖြစ်သည်။ ဟုတ်ဟုတ်က မိုးကြိုးငှက်ကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သကဲ့သို့ အဆင့် ၄ အရှင်သခင်အဆင့် သားရဲတစ်ကောင်ကလည်း ၎င်းကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။

ထိုအမျိုးသမီး၏ စကားများနှင့် ပတ်သက်၍မူ သူ လုံးဝ ထည့်မတွေးခဲ့ပေ။ သူသည် သူ၏စိတ်ကို သန်မာလာလာစေရန် တစ်ခုတည်းအတွက်သာ အာရုံစိုက်ထားသူဖြစ်ပြီး လောလောဆယ်တွင် အမျိုးသမီးများကို စိတ်ဝင်စားခြင်း မရှိပေ။

အကယ်၍ သူ အမျိုးသမီးတစ်ယောက် လိုချင်ခဲ့လျှင်ပင် လီဇီဝေဖြစ်စေ၊ တုံးရွှမ်း ဖြစ်စေ သူတို့အားလုံးမှာ သူ၏လက်တစ်ကမ်းတွင် ရှိနေကြသည်။ သူသည် သူမကဲ့သို့ အဝတ်စုတ်တစ်ခုကို ထည့်သွင်းစဉ်းစားပါမည်လော။

All Chapters