← Chapters

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း (၂၂၇) - ခန့်မှန်းရခက်သော အနာဂတ်

စစ်သားများနှင့် မိမိရဲဘော်ရဲဘက်များကို ကြည့်ကာ မော့ရန်က မျက်နှာအောက်ပိုင်းကို ဖုံးအုပ်ထားသည့် လည်စည်းကို ဆွဲတင်လိုက်ပြီး ပြောလိုက်၏။

"အခုလို ရာသီဥတုမျိုးနဲ့ဆိုရင် ဝူလင်စခန်းကို ရောက်ဖို့ ငါတို့ အနည်းဆုံး နှစ်ရက်လောက် ကြာလိမ့်မယ်...”

“အပူချိန် အရမ်းကျဆင်းနေလို့ ဖုတ်ကောင်တွေနဲ့ သန္ဓေပြောင်းသတ္တဝါတွေ အများစုက ခဲနေကြပြီဆိုပေမဲ့ လှုပ်ရှားနိုင်စွမ်း ရှိနေသေးတဲ့ကောင်တွေက အဆင့်မြင့်ဖုတ်ကောင်တွေနဲ့ သန္ဓေပြောင်းသတ္တဝါတွေပဲ ဖြစ်လိမ့်မယ်...”

“အားလုံးပဲ သတိထားကြပါ... လူတိုင်းကို ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်... ထွက်ခွာကြစို့..."

သူ၏ အမိန့်ပေးသံနှင့်အတူ စစ်သားများ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၊ စွမ်းအားရှင်များနှင့် သိပ္ပံပညာရှင် နှစ်သောင်းကျော်သည် စစ်ဘက်ဆိုင်ရာ ယာဉ်များပေါ်သို့ တက်လိုက်ကြလေသည်။

ထို့နောက် သည်းထန်စွာ ကျနေသော နှင်းမုန်တိုင်းကို အန်တုကာ စစ်ဘက်ဆိုင်ရာ စခန်းမှ ထွက်ခွာခဲ့ကြတော့၏။

နောက်ကြည့်မှန်မှတစ်ဆင့် စွန့်ပစ်ထားခဲ့သည့် စစ်ဘက်ဆိုင်ရာစခန်းကို ကြည့်ကာ ကျန်းရိမုက တိုးတိုးလေး ရေရွတ်လိုက်၏။

"ငါတို့ထဲက ဘယ်နှစ်ယောက်လောက် ဝူလင်စခန်းကို ဘေးကင်းကင်းနဲ့ ရောက်နိုင်မလဲ မသိဘူး... ကံကြမ္မာနတ်ဘုရားမက ငါတို့နဲ့အတူ ရှိပါစေ..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လောကဘုံခြောက်ပါးရှိ ကံကြမ္မာနတ်ဘုရားမသည် နှာချေလိုက်လေ၏။

"ဟတ်ချိုး..."

စစ်နတ်ဘုရားက သူမကို ကြည့်ကာ မေးလိုက်သည်။

"နတ်ဘုရားမ ယိဖေး... အအေးမိနေတာလား..."

ယိဖေးက ယားယံနေသော နှာခေါင်းကို ဇဝေဇဝါဖြင့် ပွတ်သပ်ရင်း မင်ယဲ့ကို ကြည့်ကာ မေးလိုက်၏။

"နတ်ဘုရားတွေလည်း အအေးမိတတ်လို့လား..."

သူမ၏ မေးခွန်းကို ကြားသောအခါ မင်ယဲ့က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မကြားချင်ယောင်ဆောင်လိုက်လေသည်။ သူ့ထံမှ မည်သည့်အဖြေမှ မရရှိသဖြင့် ယိဖေးက ခေါင်းကို ကုတ်ကာ လက်ချောင်းလေးများဖြင့် တွက်ချက်လိုက်၏။

စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒီကံကြမ္မာက... စစ်မှန်တဲ့နတ်ဘုရားမ ကျူးလင်နဲ့ မိစ္ဆာနတ်ဘုရားက အတူတူ ပြန်လာကြမှာလား... အင်း... ဒါက ကံကောင်းခြင်းလား၊ ကပ်ဘေးလား... တကယ်ပဲ ခန့်မှန်းရခက်တဲ့ အနာဂတ်ပါလား..."

သူမ၏ စကားကို ကြားသောအခါ မင်ယဲ့က သူမကို စိုက်ကြည့်ကာ မေးလိုက်၏။

"မင်း အခုတင် ဘာပြောလိုက်တာလဲ... မိစ္ဆာနတ်ဘုရားနဲ့ စစ်မှန်တဲ့နတ်ဘုရားမ ကျူးလင်က အတူတူ ပြန်လာကြမှာဟုတ်လား... အဲဒါက ဘယ်တော့ဖြစ်မှာလဲ..."

ယိဖေးက ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပြောလိုက်လေသည်။

"ကျွန်မလည်း မသိဘူး... ကံကြမ္မာက အရမ်းရှုပ်ထွေးနေပြီး အနာဂတ်က မြူနှင်းတွေနဲ့ ဖုံးလွှမ်းနေတယ်... ကျွန်မ သဲသဲကွဲကွဲ မမြင်ရဘူး..."

ယိဖေးက သူမ၏ ဝိညာဉ်လက်နက်ကို ထုတ်ယူကာ ပြောလိုက်၏။

"စစ်နတ်ဘုရား မင်ယဲ့... ရှင် စစ်မထွက်ခင် ရှင့်ရဲ့ ကံကြမ္မာကို တွက်ချက်ပေးပါရစေ..."

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မင်ယဲ့က ပြောလိုက်၏။

"ကောင်းပြီ..."

ထို့နောက် သူ၏ သွေးတစ်စက်ကို လက်နက်ပေါ်သို့ ချလိုက်လေသည်။

ကံကြမ္မာနတ်ဘုရားမက စစ်နတ်ဘုရား၏ ကံကြမ္မာကို ပြောင်းလဲစေမည့် ဟောကိန်းကို တွက်ချက်ရန် အလုပ်ရှုပ်နေစဉ် မိစ္ဆာနတ်ဘုရား ဖန်တီးထားသည့် ကမ္ဘာငယ်လေးသည် မည်သူမျှ သတိမထားမိဘဲ တဖြည်းဖြည်းချင်း ပြောင်းလဲလာနေခဲ့၏။

နှစ်ရက်ကြာပြီးနောက် အပူချိန်သည် နောက်ထပ် ၃ ဒီဂရီဆဲလ်စီးယပ်စ် ထပ်မံ ကျဆင်းသွားခဲ့သည်။

ဘေးတွဲ ထိုင်ခုံတွင် ထိုင်နေသော ကျန်းရိမုသည် အဝေးမှ ထူထပ်သော မြူခိုးများကို မြင်လိုက်ရ၏။ သူက ဝေါကီတော်ကီကို ကောက်ကိုင်လိုက်ပြီး ပြောလိုက်သည်။

"ငါတို့ ခရီးကိုရောက်ပြီ... မြူပိတ်မီးတွေ ဖွင့်ပြီး ကားတွေကို တစ်စီးနဲ့တစ်စီး ချိတ်ဆက်လိုက်ကြ..."

ဝေါကီတော်ကီကို ပြန်ချလိုက်ပြီးနောက် ကျန်းရိမုက ကားမောင်းသူကို ကြည့်ကာ ပြောလိုက်၏။

"ဒီမှာ ရပ်လိုက်... မြူခိုးတွေထဲမဝင်ခင် ကားတွေကို အရင်ချိတ်ဆက်ထားဖို့ လိုတယ်..."

"ဟုတ်ကဲ့... ဗိုလ်ကြီး..."

ကားမောင်းသူက ကားကိုရပ်ရင်း ပြန်ပြောလိုက်လေသည်။

ကျန်းရိမုက သူ၏ ကုတ်အင်္ကျီကို ဝတ်ဆင်ကာ လက်အိတ်ကို တင်းတင်းကျပ်ကျပ် စွပ်လိုက်ပြီး ကားပေါ်မှ ဆင်းလိုက်၏။

ထူထပ်သော နှင်းထုပေါ်သို့ ခြေချလိုက်သည်နှင့် သူသည် အေးစိမ့်လှသော အအေးဒဏ်ကြောင့် တုန်ရီသွားရှာသည်။ သူသည် ပတ်ဝန်းကျင်ရှိ ဖွေးဖွေးလှုပ်နေသော ဆီးနှင်းပြင်ကြီးကို ကြည့်လိုက်ပြီးနောက် အခြားစစ်သားများကို အမူအရာဖြင့် အချက်ပြလိုက်၏။

သူ၏ အချက်ပြမှုကို မြင်သောအခါ အခြားစစ်သားများက ခေါင်းညိတ်ပြကြပြီး စစ်ဘက်ဆိုင်ရာ ထရပ်ကားပေါ်မှ ကြိုးတစ်ချောင်းကို သွားယူလိုက်ကြသည်။

၎င်းတို့ ကားများကို ချိတ်ဆက်ရန် အလုပ်ရှုပ်နေစဉ် ထူထဲသော အင်္ကျီများကို အထပ်ထပ်ဝတ်ဆင်ထားသည့် ချန်ယွီသည် ထူထပ်သော မြူခိုးများထဲမှ ထွက်လာခဲ့လေ၏။

ချန်ယွီက ကျန်းရိမုကို မြင်လိုက်သောအခါ ထိုကောင်လေးငယ်သည် သူတို့ဆီသို့ ခက်ခက်ခဲခဲ လျှောက်လာခဲ့သည်။

နှင်းများ အသည်းအသန် ကျနေသောကြောင့် ချန်ယွီက သူ့အနောက်တွင် ရပ်လျက် မေးလိုက်သည့်တိုင်အောင် ကျန်းရိမုက သတိမထားမိခဲ့ပေ။

"မင်္ဂလာမနက်ခင်းပါ အစ်ကိုကြီး... အစ်ကို့နာမည်က ဘယ်လိုခေါ်လဲ မသိဘူး..."

ကလေးငယ်၏ ချိုသာသော အသံလေးကို ကြားလိုက်ရသဖြင့် ကျန်းရိမုသည် မိမိကိုယ်မိမိ နားကြားမှားသည်ဟုပင် ထင်မှတ်သွား၏။

သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ မိမိနောက်တွင် ရပ်နေသည့် ကောင်လေးငယ်ကို တွေ့လိုက်ရသည်။ ကောင်လေးငယ် ဝတ်ဆင်ထားသော အဝတ်အစားများကို ကြည့်ခြင်းအားဖြင့် ထိုကလေးသည် ဝူလင်စခန်းမှ ဖြစ်ရမည်ကို ကျန်းရိမု သိလိုက်၏။

ကြိုးကို စစ်သည်တစ်ဦးထံသို့ လွှဲပေးလိုက်ပြီးနောက် ကျန်းရိမုက ချန်ယွီ၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး မေးလိုက်သည်။

"ကလေးလေး... မင်း ဘယ်ကလာတာလဲ... မင်းရဲ့ မိသားစုရော ဘယ်မှာလဲ..."

ချန်ယွီက ကျန်းရိမု၏ တစ်ဝက်ခန့် ဖုံးအုပ်ထားသော မျက်နှာကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် ထပ်မေးလိုက်၏။

"အစ်ကိုကြီး... နာမည်က ဘယ်လိုခေါ်လဲ..."

ကျန်းရိမုက ကောင်လေးကို ပြုံးပြလိုက်ပြီး ပြောလိုက်သည်။

"ငါ့နာမည်က ကျန်းရိမုပါ... မင်းက အစ်ကိုကြီး ရိမုလို့ ခေါ်လို့ရတယ်... ကလေးလေးရဲ့ နာမည်က ဘယ်လိုခေါ်လဲ..."

ချန်ယွီက သူ့ကို ပြုံးပြရင်း ပြောလိုက်၏။

"ကျွန်တော့်နာမည်က ချန်ယွီပါ... ကျွန်တော်က အစ်ကိုတို့အားလုံးကို ကျွန်တော့်အိမ်ဆီ လိုက်ပို့ပေးဖို့ လာတာ..."

ချန်ယွီ၏ အဖြေကို ကြားလိုက်ရသဖြင့် ကျန်းရိမုက မျက်ခုံးပင့်လိုက်ပြီး အံ့ဩတကြီး မေးလိုက်မိသည်။

"မင်းက ငါတို့ရဲ့ လမ်းပြလား... ဗိုလ်ကြီးရှို့က အခုလို ရာသီဥတုမျိုးမှာ ကလေးငယ်လေးတစ်ယောက်ကို အပြင်ထွက်ခိုင်းလိုက်ရတာလဲ..."

ချန်ယွီက ခေါင်းလေးကို အနည်းငယ် စောင်းလိုက်ပြီး ပြောလိုက်လေ၏။

"အစ်ကိုကြီး... လူတွေကို ကျွန်တော့်အိမ်ဆီ လမ်းပြခေါ်သွားပေးဖို့က ကျွန်တော့်အလုပ်ပဲလေ..."

ချန်ယွီ၏ ယုံကြည်မှုအပြည့်ရှိသော အမူအရာကို မြင်သောအခါ ကျန်းရိမုက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လျက် ပြောလိုက်သည်။

"ဗိုလ်ကြီးရှို့က မင်းကို ငါတို့ရဲ့ လမ်းပြအဖြစ် စေလွှတ်လိုက်မှတော့ ငါ မင်းကို ယုံကြည်ရမှာပေါ့..."

ထိုသို့ပြောပြီးနောက် သူက ချန်ယွီ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။ ထို့နောက် မတ်တတ်ရပ်ကာ အားလုံး အဆင်သင့်ဖြစ်ပြီလားဟု အမူအရာဖြင့် မေးလိုက်လေသည်။

အဆင်သင့်ဖြစ်ပြီဟူသော အဖြေကို ရရှိပြီးနောက် ကျန်းရိမုက ငုံ့ကာ ချန်ယွီကို ကောက်ချီပြီး ကားထဲသို့ ဝင်လိုက်၏။

သူက ဝေါကီတော်ကီကို ကောက်ကိုင်လိုက်ပြီး ပြောလိုက်သည်။

"ငါတို့ရဲ့ လမ်းပြရောက်ပြီ... အားလုံး အဆင်သင့်ဖြစ်ပြီလား..."

နောက်တစ်စက္ကန့်တွင် အခြားသော ကားမောင်းသူများက ပြန်လည် ဖြေကြားလိုက်ကြ၏။

"အဆင်သင့်ပါပဲ... ဗိုလ်ကြီး..."

ကျန်းရိမုက ဝေါကီတော်ကီကို ချလိုက်ပြီး သူ၏ ပေါင်ပေါ်တွင် ထိုင်နေသော ချန်ယွီကို ကြည့်ကာ မေးလိုက်သည်။

"ရှောင်ယွီ... အခု ငါတို့ ဘယ်ကို သွားရမလဲ..."

ချန်ယွီက ညာဘက်သို့ လက်ညှိုးညွှန်ပြကာ ပြောလိုက်၏။

"ဟိုဘက်ကို..."

ကားမောင်းသူက ခေါင်းညိတ်လိုက်ပြီး ချန်ယွီ ညွှန်ပြသည့် အရပ်သို့ မောင်းနှင်သွားခဲ့လေသည်။ အကွေ့အကောက်များစွာကို ဖြတ်ကျော်ပြီးနောက် ချန်ယွီက အဝေးရှိ တံတိုင်းကို လက်ညှိုးညွှန်ပြရင်း ပြောလိုက်၏။

"ဟိုမှာ ဇုန် ၅ ရဲ့ ဝင်ပေါက်ပဲ..."

ကျန်းရိမုက ထူထပ်သော မြူခိုးများကို ကြည့်လိုက်သော်လည်း ဘာကိုမျှ မမြင်ရချေ။ မိနစ် ၂၀ ခန့် ကြာပြီးနောက်မှသာ အဝေးရှိ ဆူးကြိုးများနှင့် လျှပ်စစ်မီးပွားများ တဖျတ်ဖျတ် လက်နေသော မြင့်မားသည့် တံတိုင်းကြီးကို နောက်ဆုံးတွင် မြင်လိုက်ရတော့၏။

စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သူသည် မိမိပေါင်ပေါ်တွင် ထိုင်နေသော ကောင်လေးငယ်ကို ငုံ့ကြည့်ကာ စိတ်ထဲမှ တွေးလိုက်မိသည်။

'ဒီကောင်လေးက... အမြင်အာရုံစွမ်းအားရှိတဲ့ စွမ်းအားရှင်လား...'

ကျန်းရိမု စဉ်းစားနေဆဲမှာပင် ချန်ယွီက ပြောလိုက်၏။

"ဟာ... အစ်ကိုကြီး ထန်ပိုင် ရောက်နေပြီ..."

All Chapters