← Chapters

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း ၁၂၄ - ကူးပြောင်းရန် ပြင်ဆင်ခြင်း။

ဝေ့ဝူတစ်ယောက် ဘာမှ ပြန်လည်မတုံ့ပြန်နိုင်သေးမီမှာပင်ချူးလင်ယွဲ့က နောက်ထပ် ထိတ်လန့်ဖွယ်ရာ ဗုံးတစ်လုံးကို ထပ်မံချလိုက်ပြန်သည်။

"အစ်ကို့ကို ခရမ်းရောင်ပုလဲကောင်နဲ့ ချန်ရှင်းမြက်တွေ ပေးခဲ့တာ မင်းမလား။"

ဤအရာကို ကြားလိုက်ရသည့်အခါ ဝေ့ဝူ၏ အကြည့်များက ချက်ချင်းပင် အေးစက်သွားခဲ့ရသည်။

ဒါက သူ့ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ပဲ... သူမက ဘယ်လိုလုပ် သိနေရတာလဲ။

တစ်ခဏချင်းအတွင်းမှာပင် သူ၏ စိတ်အခြေအနေက ကျင့်ကြံခြင်းလောက ဆီသို့ ပြန်လည်ရောက်ရှိသွားသည့်အလား... အကြောင်းပြချက်မရှိသည့် အန္တရာယ်ရိပ်အာရုံတစ်ခုက သူ့ကို လွှမ်းမိုးသွားခဲ့သည်။

၎င်းက သူသည် ချောင်ချောင်ဖြစ်ကြောင်း သူတစ်ပါး အဖော်ထုတ်ခြင်း ခံလိုက်ရသည့်အလား ခံစားချက်မျိုး ဖြစ်သည်။

"ဒီလူကို အသက်ရှင်လျက် ထားခဲ့လို့ မဖြစ်ဘူး။"

လျှပ်တပြက်အတွင်းမှာပင် ဝေ့ဝူနှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ရှေ့သို့ လှမ်း၍ လွှင့်ပျံဝင်ရောက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် သူ၏ညာဘက်လက်ညှိုးကို မြှောက်လိုက်ပြီး ထုံးစံအတိုင်းဝိညာဉ်အာရုံ ကို အသက်သွင်းရန် ကြိုးပမ်းလိုက်မိသည်။

သို့သော်လည်း... တစ်ခုခု မှားယွင်းနေသည်ဟု သူ ခံစားလိုက်ရသည်။

ငါ့ရဲ့ ဝိညာဉ်အာရုံက ဘယ်ရောက်သွားတာလဲ။

ငါ့ရဲ့နတ်ဓားကော။

ငါ့ရဲ့ သစ်သီးလှီးဓားကော။

သူသည် မိမိကိုယ်ကိုယ် ကမ္ဘာမြေပေါ်တွင် ရောက်ရှိနေခြင်းဖြစ်ကြောင်း သတိပြုမိလိုက်သည့် အချိန်၌မူ... သူ၏ ခန္ဓာကိုယ်က အရှိန်အဟုန်ဖြင့် ချူးလင်ယွဲ့၏ ရှေ့မှောက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ချူးလင်ယွဲ့ကမူ စိုးရိမ်ထိတ်လန့်ခြင်း လုံးဝ မရှိချေ။ သူမသည် ဖျတ်လတ်စွာဖြင့် ဘေးသို့ ရှောင်ကွင်းလိုက်ပြီး... အလိုအလျောက်ပင် ဝေ့ဝူ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ နောက်သို့ လိမ်ချိုးလိုက်တော့သည်။

ဝေ့ဝူ နာကျင်မှုကို ခံစားလိုက်ရသဖြင့် အော်ဟစ်ရန် ပြင်ဆင်လိုက်သည်။

ချူးလင်ယွဲ့က မျက်စိလျင် လက်မြန်စွာဖြင့်ပင် ဝေ့ဝူ၏ ပါးစပ်ကို ပိတ်ဆို့လိုက်ပြီး ကုတင်ပေါ်သို့ ဖိနှိပ် ချုပ်ချယ်လိုက်တော့သည်။

"မင်းက ငါ့ကိုတောင် တိုက်ခိုက်ချင်နေတာလား။ မင်းရဲ့နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေလို့လဲ။"

ချူးလင်ယွဲ့က သူ့အပေါ်မှနေ၍ ဖိနှိပ်လျက် မေးမြန်းလိုက်သည်။

ဝေ့ဝူတစ်ယောက် လှုပ်ရှားရုံမျှပင် ခက်ခဲနေခဲ့သည်။

ဤအမျိုးသမီးက သိုင်းပညာများ လေ့ကျင့်ထားတာလား။

ဒါကတော့ သွားပြီပဲ... ငါက ကျင့်ကြံခြင်းကိုပဲ သိတာ။ သိုင်းပညာကို မသိဘူးလေ။

ချူးလင်ယွဲ့သည် သာမန် သိုင်းပညာကိုတင် လေ့ကျင့်ထားခြင်း မဟုတ်ဘဲ တရုတ်ရိုးရာ ရှေးဟောင်းသိုင်းပညာအစစ်ကို လေ့ကျင့်ထားခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသား အမျိုးသား သုံးလေးယောက်ကို အေးဆေး ရင်ဆိုင်နိုင်သူဖြစ်ရာဝေ့ဝူကဲ့သို့သော အခြေခံမရှိသည့် အတွေ့အကြုံမရှိသူတစ်ဦးကို ကိုင်တွယ်ရန်မှာ သူမအတွက် အလွန်တရာ လွယ်ကူလှသည်။

"ငါက ဂုဏ်သိက္ခာရှိတဲ့ မန်ရှင်းအဆင့် ၃ စွမ်းအားရှင်တစ်ယောက် ဖြစ်ပါလျက်နဲ့... ဒီနေ့တော့ သာမန် အမျိုးသမီးတစ်ယောက်ရဲ့ လက်ထဲမှာ ဒူးထောက်ရတော့မှာလား။"

ဝေ့ဝူတစ်ယောက် စိတ်ထဲတွင် မျက်ရည်များ စီးကျနေခဲ့ရသည်။

"ငါတို့တွေ ကောင်းကောင်းမွန်မွန် စကားပြောလို့ရမလား။"

ဝေ့ဝူ အရှုံးပေးသည့် လေသံဖြင့် ဆိုလိုက်တော့သည်။

...

ဧည့်ခန်းအတွင်း၌မူရွှီချင်းချန်သည်ဝေ့ဝူအပ်နှံခဲ့သော တာဝန်များကို ပြီးဆုံးအောင် ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်သည်။ ချူးထုံကွမ်သည် ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး မတ်တတ်ရပ်ကာ အရိုအသေပေးသည့်အလား ဦးညွှတ်လိုက်သည်။

"ကျွန်တော့်ကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

လွန်ခဲ့သည့် ခဏကပင်သူသည် သူ၏လက်ထောက်ထံသို့ ဖုန်းဆက်၍ ဝေ့ဝူလိုအပ်သော ပစ္စည်းများကို ချက်ချင်း စုဆောင်းခိုင်းပြီး တစ်နာရီခွဲအတွင်း ဤနေရာသို့ အရောက်ပို့ဆောင်ပေးရန် ညွှန်ကြားထားခဲ့ပြီး ဖြစ်သည်။

သူသည် ဝေ့ရှန်းချန်၏ ရောဂါဝေဒနာကိုလည်း ကိုယ်တိုင်ကိုယ်ကျ ကူညီကုသပေးမည် ဖြစ်သည်။အတိုးကြီးစား အကြွေးရှင်များ၏ ကိစ္စရပ်မှာမူ ပြောပလောက်သည့် ကိစ္စတစ်ခု မဟုတ်ချေ။

"ချူးထုံကွမ်က ဒီမိန်းကလေးငယ်လေးအပေါ်ကို ဒီလောက်တောင် ရိုရိုသေသေ ဆက်ဆံနေတာပါလား။"

စင်္ကြံလမ်းအတွင်းရှိ ဒရုန်းစခရင်မှတစ်ဆင့် မြင်ကွင်းကို စောင့်ကြည့်နေကြသော လူအများအပြားမှာ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်ကြပြီး ထို့ကြောင့်ပင် ရွှီချင်းချန်မှာ ချူးထုံကွမ်၏ ရည်းစား လုံးဝ မဟုတ်ကြောင်းကိုလည်း သိရှိသွားခဲ့ကြသည်။

"ဒါက Hot search ရဲ့ သတင်းခေါင်းကြီးပိုင်းမှာ နေရာယူနိုင်မယ့် သတင်းကြီးပဲ... အခုချက်ချင်း သတင်းစာမူကြမ်းကို ပြင်ဆင်ကြစမ်း။"

ချက်ချင်းပင် လူအများအပြားက မိမိတို့၏ ကွန်ပျူတာများနှင့် မိုဘိုင်းဖုန်းများကို ဖွင့်လှစ်ကာ နေရာတင်တင် သတင်းများကို ပြင်ဆင်ပြီး တစ်ပုဒ်ပြီးတစ်ပုဒ် လွှင့်တင်လိုက်ကြတော့သည်။

အိမ်အတွင်းရှိ အိပ်ခန်းတံခါး ပွင့်ဟသွားခဲ့သည်။ ဝေ့ဝူအပြင်သို့ ထွက်ခွာရန် ပြင်ဆင်လိုက်စဉ်မှာပင်...

"ခဏနေဦး... မင်းက မင်းရဲ့ သရုပ်မှန်ကို ကွယ်ဝှက်ထားချင်တာဆိုတော့ အရာရာတိုင်းကို သတိထားဖို့ လိုအပ်တယ်။"

ပြောပြောဆိုဆိုဖြင့် သူမသည် အပြင်သို့ ပထမဆုံး ထွက်ခွာသွားပြီး ပြတင်းပေါက် လိုက်ကာများကို ဆွဲပိတ်လိုက်သည်။

အလွန်တရာ အလိုက်သိလှပေသည်။ သူမက တစ်ခဏချင်းအတွင်းမှာပင် ဝေ့ဝူ၏ သက်တော်စောင့်တစ်ဦးအလား ဖြစ်သွားခဲ့ရသည်။ အကယ်၍ အိပ်ခန်းအတွင်း၌ ဘာတွေ ဖြစ်ပျက်ခဲ့သနည်းဟု မေးမြန်းမည်ဆိုပါက...

လွန်ခဲ့သည့် စကားဝိုင်းအပြီးတွင်ဝေ့ဝူအနေဖြင့် ဤအမျိုးသမီးသည် ကျင့်ကြံခြင်းလောကမှ ပစ္စည်းများကို လိုချင်နေပြီးထိုပစ္စည်းများက ဘယ်ကနေ ရောက်ရှိလာသနည်းဟူသော သူ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ချင်နေခြင်းဖြစ်ကြောင်း သိရှိသွားခဲ့သည်။

ထို့ကြောင့် သူ ချက်ချင်းပင် သဘောပေါက်လိုက်သည်။ အသာစီးရမှုက သူ့ထံတွင်သာ ရှိနေသည်။

ထို့နောက်တွင် သူက ပိုမိုတင်းမာသော သဘောထားကို ပြသခဲ့သည်။ သူ၏ လျှို့ဝှက်ချက်များကို မပေါက်ကြားစေရန် ထိန်းသိမ်းနိုင်ခဲ့ရုံတင်မကဘဲ အကယ်၍ သူမအနေဖြင့် လိမ္မာပါးနပ်စွာ မနေထိုင်ပါက သူမတင်မကဘဲ ချူးထုံကွမ်ပါ နောက်နောင်တွင် မည်သည့်ပစ္စည်းကိုမျှ ရရှိတော့မည်မဟုတ်ကြောင်း ပြန်လည်ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။

ချူးလင်ယွဲ့၏ မျက်ဝန်းအစုံအတွင်း အေးစက်သော အလင်းရောင်တစ်ခု လျှပ်တပြက် ဖြတ်သန်းသွားခဲ့သော်လည်းအဆုံးစွန်တွင်မူ သူမကပဲ အလျော့ပေးရန် ရွေးချယ်ခဲ့ရပြီး ရိုကျိုးသော အမူအရာကိုပင် ပြသခဲ့ရတော့သည်။

ချူးလင်ယွဲ့ ပါဝင်ပတ်သက်လာခြင်းနှင့် ပတ်သက်၍မူ.ဝေ့ဝူအနေဖြင့် ကောင်းကျိုးနှင့် ဆိုးကျိုး ဒွန်တွဲနေသည်ဟုသာ ဆိုနိုင်ပေသည်။ အကြောင်းမှာ သူမ၏အစ်ကို ချူးထုံကွမ်သည် သုတေသန နယ်ပယ်တွင် ထူးချွန်သော်လည်း နေ့စဉ် လူမှုရေးကိစ္စရပ်များတွင်မူ အနည်းငယ် အူကြောင်ကြောင်နိုင်လှပြီး ချူးလင်ယွဲ့က ဤအားနည်းချက်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်သောကြောင့် ဖြစ်သည်။

ကွယ်ဝှက်ထားသော အန္တရာယ်များနှင့် ပတ်သက်၍မူ ဝေ့ဝူမသိဘဲ နေပါမည်လော။ နောက်ထပ် လူတစ်ဦးက ဤလျှို့ဝှက်ချက်ကို သိရှိသွားခြင်းက အန္တရာယ်ကို နောက်ထပ်တစ်ဆင့် တိုးပွားစေခြင်း ဖြစ်သည်။

သို့သော်လည်း အခြေအနေက ဤအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ရာသူ့တွင် ချူးလင်ယွဲ့၏ မှတ်ဉာဏ်များကို ဖျောက်ဖျက်ပစ်နိုင်မည့် နည်းလမ်း မရှိချေ။

ဧည့်ခန်းအတွင်းရှိ အခြားသူများနှင့် ပြန်လည်ဆုံတွေ့သည့်အခါချူးထုံကွမ်က အလျင်အမြန်ပင် တောင်းပန်စကားဆိုပြီး ချူးလင်ယွဲ့ကို လှမ်း၍ ဆူပူလိုက်သည်။

ချူးလင်ယွဲ့ကမူ သူ့ကို အေးစက်စွာ တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး စိတ်ထဲတွင် လုံးဝ ထည့်ထားခြင်း မရှိချေ။

ကိစ္စရပ်များ ပြီးဆုံးသွားပြီဖြစ်ရာဝေ့ဝူသည် သူတို့ကို ပြန်လည်ထွက်ခွာရန် အမိန့်ပေးလိုက်တော့သည်။ မထွက်ခွာမီချူးလင်ယွဲ့သည် စက္ကူစတစ်စကို လှမ်း၍ ပေးလိုက်ပြီး ဖုန်းဆက်လိုက်ရန် အမူအရာ ပြုလုပ်ခဲ့သည်။

ဝေ့ဝူခပ်ဖွဖွ ရယ်မောလိုက်ပြီး ထိုစက္ကူစကို ရွှီချင်းချန်ထံသို့ ကမ်းပေးလိုက်သည်။ ချူးထုံကွမ်နှင့် ချူးလင်ယွဲ့တို့၏ သတိကြီးစွာ ထားရှိသော သဘောထားများကို ကြည့်ခြင်းအားဖြင့်ကျင့်ကြံခြင်းလောကမှ ပစ္စည်းများက မည်မျှလောက်အထိ အရေးပါနေသည်ကို သူ ခန့်မှန်းမိလိုက်သည်။

သူသည် ဤအရာ၏ တန်ဖိုးကို အနည်းငယ် လျှော့တွက်မိနေသေးသည်ဟု ခံစားလိုက်ရသည်။ မဟုတ်လျှင်ချူးလင်ယွဲ့အနေဖြင့် သူ့ထံသို့ နည်းလမ်းပေါင်းစုံဖြင့် ဆက်သွယ်ရန် ကြိုးပမ်းမည်မဟုတ်သလို ချူးထုံကွမ်ကလည်း သူ့အား လာရောက်တွေ့ဆုံရမည့် ကိစ္စကို ဤမျှလောက်အထိ တန်ဖိုးထားနေမည် မဟုတ်ချေ။

လွန်ခဲ့သည့် ခဏကပင်ချူးထုံကွမ်သည် သူ၏ သုတေသန ရလဒ်များကို သူ့ထံသို့ တင်ပြခဲ့သေးသည်ဥပမာအားဖြင့် ခွေးရူးပြန်ရောဂါကို ဖြေရှင်းနိုင်ခြင်းမှာ ခရမ်းရောင်ပုလဲကောင် ကြောင့်ဖြစ်ပြီး၊ ချန်ရှင်းမြက်မှ ထုတ်ယူရရှိသော ဒြပ်စင်တစ်ခုမှာ ယခုလောလောဆယ် ဈေးကွက်ထဲတွင် ရှိနေသော မည်သည့် အလှကုန်ပစ္စည်းများထက်မဆို ရေဓာတ်ထိန်းသိမ်းမှု အာနိသင် ပိုမိုကောင်းမွန်ကြောင်း သိရှိရသည်။

သူတို့ကုမ္ပဏီအနေဖြင့် ၎င်းကို သုတေသနပြု ထုတ်လုပ်ရန် အလျင်အမြန် ဆောင်ရွက်နေပြီဖြစ်ရာ ဈေးကွက်ထဲသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် လူကြိုက်အများဆုံး ထိပ်တန်းထုတ်ကုန်တစ်ခု ဖြစ်လာရန် သေချာနေခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူအနေဖြင့် ကျင့်ကြံခြင်းလောကမှ မြောက်မြားစွာသော အရာဝတ္ထုများက ကမ္ဘာမြေသို့ မည်သို့သော အံ့အားသင့်စရာများကို ဆောင်ကြဉ်းပေးဦးမည်နည်းဟု စိတ်ကူးပင် မယဉ်ရဲတော့ချေ။

ထူးခြားသည်မှာချူးထုံကွမ်၏ အထူးပြုဘာသာရပ်က ဇီဝဗေဒ ဖြစ်သော်လည်း ဝေ့ဝူသည် ဝိညာဉ်ဓားနှင့် အလင်းဖြာကျောက်တုံး ကဲ့သို့သော အခြားပစ္စည်းများကိုပါ သူ့ထံသို့ ပေးအပ်ခဲ့သည်။

အကြောင်းမှာ ရူပဗေဒနှင့် ဓာတုဗေဒ နယ်ပယ်မှ ထိပ်တန်းပညာရှင်များကို ရှာဖွေရာတွင် ချူးထုံကွမ်၌ သူ့ထက် ပိုမိုကျယ်ပြန့်သော အဆက်အသွယ်ကောင်းများ ရှိနေသောကြောင့် ဖြစ်သည်။

"ဒါနဲ့..."

ရွှီချင်းချန်က လှမ်း၍ ပြောလိုက်သည်။

"ချူးထုံကွမ်က အခုလေးတင်ပဲ... သူပိုင်ဆိုင်တဲ့ ဝမ်ကုမ္ပဏီရဲ့ ရှယ်ယာ ထက်ဝက်ကို ငါတို့ဆီ လွှဲပေးမယ်လို့ ပြောသွားတယ်၊ အဲဒါက စုစုပေါင်း ခြောက်ရာခိုင်နှုန်းလောက် ရှိတယ်။"

ဝေ့ဝူမျက်ခုံးပင့်လိုက်မိသည်။ ဤ ချူးထုံကွမ်က တကယ်ပဲ ဤမျှလောက်အထိ လက်ဖျား ရက်ရောလှတာလား။

သေသေချာချာ ပြန်လည်တွေးတောကြည့်လိုက်သည့် အခါတွင်မူ သူ သဘောပေါက်သွားခဲ့ရသည်။ သူ ကျင့်ကြံခြင်းလောကမှ ယူဆောင်လာမည့် ပစ္စည်းများကို စဉ်ဆက်မပြတ် ရရှိနေသရွေချူးထုံကွမ်၏ ကုမ္ပဏီအတွင်းရှိ ရာထူးအဆင့်အတန်းက ပိုမိုမြင့်မားလာမည်ဖြစ်ပြီး နောက်ဆုံးတွင် ကုမ္ပဏီတစ်ခုလုံးကို ထိန်းချုပ်သွားနိုင်လျှင်တောင် အံ့ဩစရာ မဟုတ်ချေ။

ခွေးရူးပြန်ရောဂါကို ကျော်ဖြတ်နိုင်ခဲ့ခြင်းကတင် ဤကုမ္ပဏီအတွက် ထိတ်လန့်ဖွယ်ရာ တန်ဖိုးမြင့်တက်မှုများကို ဆောင်ကြဉ်းပေးခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူ၏ ရှယ်ယာထက်ဝက်ကို ပေးအပ်လိုက်ရသော်လည်း ချူးထုံကွမ်၏ အမှန်တကယ် ရရှိမည့် ဝင်ငွေက လျော့ကျသွားမည်မဟုတ်ဘဲ ပိုမိုမြင့်တက်လာရန်သာ ရှိသည်။ ချူးထုံကွမ်က သူ့ကို ရှယ်ယာများ ပေးအပ်ခြင်းမှာ မိမိကိုယ်ကို သူ့ထံတွင် အကြွင်းမဲ့ ချည်နှောင်ထားလိုသောကြောင့် ဖြစ်သည်။

"အဖေ... အမေ..."

သူက လှမ်း၍ ခေါ်လိုက်သည်။

"သားအနေနဲ့ လူလုံးထွက်ပြဖို့က သိပ်ပြီး အဆင်မပြေဘူး။ ဒါကြောင့် ဤရှယ်ယာတွေကို အဖေတို့ အမေတို့ရဲ့ နာမည်ပကိုပဲ လွှဲပြောင်းလိုက်ရင် ဘယ်လိုလဲ။"

"ငါနဲ့ မင်းအဖေက ဒီလို စီးပွားရေး ကိစ္စတွေကို ဘယ်လိုလုပ် နားလည်မှာလဲ။ ဒီလိုလုပ်ပါလား... **ချင်းချန်**ကိုပဲ ဒီကိစ္စတွေကို ကိုင်တွယ်ခိုင်းလိုက်ပါ။"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ အန်တီရဲ့သမီးက အရင်တုန်းကလည်း ငွေတွေအများကြီး ရှုံးအောင် လုပ်ခဲ့ဖူးတာပြီးတော့... သမီးက အဆုံးစွန်ထိတော့ အပြင်လူတစ်ယောက်ပဲဥစ္စာ..."

ပြောပြောဆိုဆိုဖြင့် သူမသည် ခေါင်းလေးကို ငုံ့ချလိုက်မိသည်။

ရှန်ဝမ်လျှောက်လှမ်းသွားပြီး ရွှီချင်းချန်၏ လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။

"ဘာ အပြင်လူလဲကွယ်။ အန်တီ့စိတ်ထဲမှာတော့ သမီးက အလွန်တရာ လိမ္မာတဲ့ ကလေးမလေးတစ်ယောက်ပါ။ အန်တီ ထင်တာကတော့..."

"အဟမ်း အဟမ်း"

ဝေ့ဝူအတင်းအကျပ် ချောင်းဆိုးဟန် ပြုလုပ်လိုက်ပြီး မိခင်ဖြစ်သူ၏ စကားကို အလျင်အမြန် ဖြတ်တောက်ပစ်လိုက်တော့သည်။

"သား ထင်တာကတော့ ဒီလိုလုပ်တာ ပိုကောင်းမယ်... ရှယ်ယာတွေကိုတော့ အဖေနဲ့အမေရဲ့ နာမည်မှာပဲ ထားရှိပါ ဒါပေမဲ့ အဖေတို့က ပရော်ဖက်ရှင်နယ် မန်နေဂျာတွေကို ငှားရမ်းပြီး စီမံခန့်ခွဲခိုင်းလိုက်ရုံပဲ ပြီးရင်တော့ အိမ်မှာ ထိုင်ပြီး ပိုက်ဆံရေတွက်ရုံပေါ့။ အဲဒီလိုမျိုး ကိစ္စတွေ အများကြီး ရှိပါတယ်။ ချင်းချန်ကတော့ ကြီးကြပ်သူ အဖြစ် ဆောင်ရွက်ပေးပေါ့။ အချိန်အတိုင်းအတာတစ်ခု ရောက်တိုင်းမှာ သူတို့ကို သားတို့ဆီ အစီရင်ခံစာ တင်ပြခိုင်းလိုက်။ အဖေတို့ အမေတို့လည်း အခွင့်အရေးကို အသုံးချပြီး ဖြည်းဖြည်းချင်း လေ့လာသွားပေါ့ လုပ်ငန်းသဘောသဘာဝတွေကို နားလည်သွားတဲ့အခါမှ ကိုယ်တိုင် လွှဲပြောင်းကိုင်တွယ်ပေါ့။"

သူတို့ သုံးဦးစလုံး ဤစကားကို ကြားရသည့်အခါ ကန့်ကွက်ခြင်း မရှိကြသဖြင့် ဤကိစ္စကို အောင်မြင်စွာ ဆုံးဖြတ်လိုက်ကြတော့သည်။

ဤကိစ္စရပ်များ ပြီးဆုံးသွားသည့်အခါဝေ့ဝူသည် သူ၏ ကိုယ်ပိုင် ပစ္စည်းသယ်ယူပို့ဆောင်ရေး အစီအစဉ်ကို စတင်ရန် လိုအပ်လာခဲ့သည်။ ယခုအကြိမ် ကမ္ဘာမြေသို့ ပြန်လာခြင်းတွင် မိဘများကို တွေ့ဆုံရန်မှာ အရေးကြီးဆုံးအချက် ဖြစ်သည်။ ထို့နောက်တွင် ဖခင်ဖြစ်သူ၏ ရောဂါဝေဒနာကြောင့် ချူးထုံကွမ်ကို ပျာပျာသလဲ ဖုန်းခေါ်ဆိုခဲ့ရသဖြင့် ကျင့်ကြံခြင်းလောကသို့ ယူဆောင်မည့် ရိက္ခာပစ္စည်းများကို စုဆောင်းရန် အချိန်မရရှိခဲ့ချေ။

အချိန်ကို လှမ်းကြည့်လိုက်ရာ တစ်နာရီနှင့် မိနစ်နှစ်ဆယ် ကုန်လွန်သွားခဲ့ပြီဖြစ်ပြီးနောက်ထပ် တစ်နာရီနှင့် မိနစ်လေးဆယ်သာ ကျန်ရှိတော့သည်။

"အချိန်ကတော့ အတော်လေး လုံလောက်ပါသေးတယ်။ အလေးချိန်နဲ့ ပတ်သက်ပြီးတော့... ချူးထုံကွမ်ကို ယူလာခိုင်းထားတဲ့ ဆေးရွက်ကြီးမျိုးစေ့တွေ၊ ပျိုးပင်တွေ၊ ဘဏ်ကတ်အလွတ်တွေ၊ ဦးနှောက်အာဟာရဖြည့် ဆေးရည်တွေနဲ့ အက်ဒရီနယ်လင် ဆေးရည်တွေ အားလုံး ပေါင်းလိုက်ရင်တောင် တစ်ပိဿာ တောင် မပြည့်ချင်ဘူး ဒါကြောင့် အလေးချိန်ကလည်း လုံလောက်မှု ရှိတယ်။"

ယခုအကြိမ် ပြန်လည်ယူဆောင်သွားမည့် ပစ္စည်းများထဲတွင်အထက်ဖော်ပြပါ ပစ္စည်းများအပြင်မိုဘိုင်းဖုန်းများလည်း ပါဝင်ပြီး ဆယ်လုံးခန့် ယူဆောင်ရန် ပြင်ဆင်ထားသည်။ စီးကရက်ကိုမူ နောက်ထပ် ငါးဖာခန့် ယူဆောင်မည်ဖြစ်ပြီး ၎င်းတို့၏ အပြင်ဘက် ထုပ်ပိုးမှုများကို ဖယ်ရှားပစ်ရမည် ဖြစ်သည်။

ဒုတိယအနေဖြင့်... ယွန်းနန်ပိုင်ယောင် ဆေးမှုန့်များနှင့် အရသာခြောက်မျိုးရှိသော ရီမန်နီးယား ဆေးပြားအချို့ လိုအပ်သည်။ နောက်ဆုံးအနေဖြင့်... သူ၏ အစ်မဖြစ်သူအတွက် မောက်ထိုင်အရက် တစ်ပိဿာခန့် ယူဆောင်သွားရမည်။

ဤအရာများအားလုံးမှာ သူ ယခင်က ယူဆောင်သွားဖူးပြီး ယခုတိုင် အလွန်တရာ လိုအပ်နေသေးသော ပစ္စည်းများ ဖြစ်ကြသည်။ အားလုံး ပေါင်းစပ်တွက်ချက်လိုက်လျှင် လေးပိဿာကျော်ခန့် ရှိပေလိမ့်မည်။ ချူးထုံကွမ် ယူဆောင်လာမည့် ပစ္စည်းများနှင့် ပေါင်းစပ်ကာ ငါးပိဿာဟု သတ်မှတ်လိုက်သည်။ ယခုအကြိမ် သူ သယ်ဆောင်နိုင်သော အလေးချိန် ကန့်သတ်ချက်မှာ တစ်ဆယ့်ရှစ်ပိဿာ ဖြစ်ရာ နောက်ထပ် ကျန်ရှိနေသေးသည်။

"ဒီကျန်ရှိနေတဲ့ တစ်ဆယ့်သုံးပိဿာနဲ့... ငါ ပစ္စည်းအသစ်အချို့ကို စမ်းသပ်ပြီး သယ်ဆောင်ကြည့်လို့ရတယ်။ ပထမဆုံးအနေနဲ့ စာအုပ်အချို့ လိုချင်တယ်။ ပြီးတော့ အီလက်ထရွန်နစ် ပစ္စည်းအချို့ကိုလည်း လေ့လာရမယ်။ တိရစ္ဆာန်တွေနဲ့ အပင်တွေလည်း ပါတာပေါ့။ ဒါတွေအပြင်... ကုန်စုံဆိုင်ကြီးတစ်ခုဆီ သွားပြီး အသေးအမွှား အလှဆင်ပစ္စည်းလေးတွေကိုပါ ကြည့်ရမယ်။"

တိရစ္ဆာန်များနှင့် အပင်များအကြောင်း ပြောရမည်ဆိုလျှင်လွန်ခဲ့သည့်အကြိမ်က ခြင်လောက်ကောင်လေးများက သူ့ကို စိတ်ကူးစိတ်သန်းအသစ်များ ပေးခဲ့သည်။

သူသည် တိရစ္ဆာန်များနှင့် အပင်များကို ၎င်းတို့၏ ကနဦးပေါက်ဖွားစ အခြေအနေမျိုးဖြစ်သည့် ဥများနှင့် မျိုးစေ့များအတိုင်း ကျင့်ကြံခြင်းလောကသို့ လုံးဝ သယ်ဆောင်သွားနိုင်ပြီးမှ ထိုနေရာသို့ ရောက်ရှိမှသာ မွေးမြူပျိုးထောင်နိုင်သည်။

ဤနည်းလမ်းက သူ့အတွက် အလေးချိန် အမြောက်အမြားကို သက်သာစေနိုင်မည် ဖြစ်တော့သည်။

All Chapters