← Chapters

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း ၁၂၈ - မြေအောက်ကမ္ဘာ၏ ခြောက်ခြားဖွယ်ရာများ။

ဒါကတော့ ဝေ့ဝူအတွက် မြေအောက်နက်ရှိုင်းရာသို့ ပထမဆုံးအကြိမ် ဆင်းသက်ဖူးခြင်း ဖြစ်သည်။ သူ၏ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လုံးဝဥဿုံ မှောင်မိုက်နေခဲ့ပြီးအလွန်တရာ အသက်ရှူကျပ်ကာ လူကို မသက်မသာ ခံစားရစေသည့် ပိတ်လှောင်မှုမျိုး ဖြစ်သည်။ ကျဉ်းမြောင်းသော နေရာများကို ကြောက်ရွံ့တတ်သူများ အနေဖြင့် မြေလျှိုးမန္တန်များကို ကျင့်ကြံရန် မည်သို့မှ မသင့်တော်သည်မှာ သေချာလှပေသည်။

တရုတ်လယ်ကဏန်းကြီး ဖြတ်သန်းသွားခဲ့သော ကျောက်တုံးများနှင့် မြေသားများမှာ သာမန်နှင့်မတူဘဲ ထူးခြားနေခဲ့ရာဝေ့ဝူသည် ၎င်း၏ အာရုံခံစားမှုအတိုင်း ထိုခြေရာလက်ရာများကို ခြေရာခံရင်း ဖြည်းညင်းစွာ လိုက်လံရှာဖွေခဲ့သည်။ ကဏန်းကြီး၏ လမ်းကြောင်းမှာ အောက်တည့်တည့်သို့သာ ဦးတည်နေကြောင်း သူ သတိပြုမိလိုက်သည်။

"တစ်မူး (၁၅ မိနစ်) ခန့် ကုန်လွန်သွားပြီ... သူ မြေအောက်ကို မိုင်ပေါင်းများစွာအထိ ရောက်နေလောက်ပြီ မဟုတ်လား။"

နောက်ထပ် တစ်မူးခန့် ကုန်လွန်သွားသည့်အခါသူသည် မြေအောက်သို့ ဆယ်မိုင်အိုင်နှစ်ဆယ်ခန့်အထိ ဆင်းသက်မိနေပြီဟု ခန့်မှန်းလိုက်မိသည်။

နောက်ထပ် တစ်မူးခန့် ထပ်မံကုန်လွန်သွားသည့်အခါ...

ဝေ့ဝူ စိုးရိမ်စိတ် ဝင်ရောက်လာခဲ့သည်။ အကယ်၍ မြေအောက် မိုင်ပေါင်းများစွာ အနက်တွင် တစ်စုံတစ်ရာ အမှားအယွင်း ဖြစ်ပျက်ခဲ့ပါက သူသည် မြေမှုန့်ဘဝသို့ အမှန်တကယ် ပြောင်းလဲသွားပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် သူ၏ ပတ်ဝန်းကျင်ရှိ အပူချိန်မှာလည်း ဖြည်းညင်းစွာ မြင့်တက်လာပြီးနွေးလာသည်ကို ခံစားလိုက်ရသည်။ နောက်ဆုံးတွင်မူသူသည် ရှေ့မှောက်၌ အားကောင်းလှသော စွမ်းအားအရိပ်အယောင် တစ်ခုကို အာရုံခံမိလိုက်တော့သည်။

"နောက်ဆုံးတော့ မင်းရှိတဲ့နေရာကို ရှာတွေ့ပြီပဲ။"

သို့သော်လည်း ပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ဤနေရာတွင် သူ မည်သို့ တိုက်ခိုက်ရမည်နည်း။ သူ တစ်ယောက်တည်း အစွမ်းဖြင့်မူ ကဏန်းကြီးကို အနိုင်ယူရန် မဖြစ်နိုင်ချေ။

လျှပ်စစ်ဖောက်စက်အသေးရဲ့ မြေလျှိုးနိုင်စွမ်းက သူ့ပတ်ဝန်းကျင် အချင်းအနည်းငယ် မျှသာ လွှမ်းမိုးနိုင်သဖြင့် ဤနေရာတွင် အရုပ်များကို ထုတ်ဖော်၍ တိုက်ခိုက်ရန် နေရာမလုံလောက်ချေ။

ဝေ့ဝူသည် သူ၏ အရှိန်ကို လျှော့ချလိုက်ပြီး နီးကပ်စွာ ချဉ်းကပ်ရင်း စဉ်းစားတွေးတောနေခဲ့သည်။ ရုတ်တရက်ဝေ့ဝူသည် ရှေ့မှောက်ရှိ နေရာလွတ်ကြီးတစ်ခု ပွင့်ထွက်သွားသကဲ့သို့ ခံစားလိုက်ရပြီးကျောက်တုံးလွှာများအတွင်းမှ ထွက်ပေါ်လာကာ အလင်းရောင်ကို မြင်တွေ့လိုက်ရသည်။

ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ် ထက်ဝက်မှာ ကျောက်တုံးထဲတွင် ရှိနေသေးပြီး ကျန်ထက်ဝက်မှာ အပြင်သို့ ထွက်ပေါ်နေခဲ့ခြင်း ဖြစ်သည်။

၎င်းက မြေအောက် ကျောက်ဂူကြီးတစ်ခု ဖြစ်ပြီးဂူအတွင်း၌ ရဲရဲနီသော အလင်းရောင်များ ဖြာထွက်နေသည့် ကျောက်တုံးများ ပြန့်ကျဲနေကာ ပတ်ဝန်းကျင်ကို လင်းထိန်စေခဲ့သည်။

ဤကျောက်ဂူကြီးမှာ အလွန်တရာ ကျယ်ဝန်းလှပြီး ယခင်က သူ ကြုံတွေ့ခဲ့ဖူးသော အဆိပ်တစ်သောင်းဂူနှင့်ပင် အလားသဏ္ဌာန်တူကာလမ်းကြောင်း နှစ်ဖက်စလုံးက ကောက်ကွေ့နေသဖြင့် အလျားမည်မျှ ရှည်လျားသည်ကို မခန့်မှန်းနိုင်ချေ။

"ဒါကြောင့် တရုတ်လယ်ကဏန်းကြီးက ဒီနေရာမှာ ပုန်းနေတာကိုး။"

ဝေ့ဝူအနေဖြင့် ဤမြေအောက်ကျောက်ဂူ တည်ရှိနေခြင်းကို ထူးဆန်းသည်ဟု မမှတ်ယူချေ။ ဒါက အလွန်တရာ သာမန်ဆန်းပွင့်လှသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ အကယ်၍ မြေအောက်ကို တစ်နာရီခန့် ဖောက်ထွင်းဝင်ရောက်ပြီးနောက် မည်သည့်ကျောက်ဂူမျှ ရှာမတွေ့ပါက ထိုအရာကမှ ပုံမှန်မဟုတ်ခြင်း ဖြစ်ပေလိမ့်မည်။

"ဒီနေရာမှာဆိုရင်တော့... ငါ့ရဲ့ အရုပ်တွေက သူတို့ရဲ့ စွမ်းရည်ကို ပြသနိုင်ပြီပေါ့။"

ဝေ့ဝူသည် ရှေ့မှောက်လမ်းကြောင်းကို စူးစမ်းရန်အတွက် ဆူနာဒေး လီယို နှင့် နာရူတို တို့ကို ဆင့်ခေါ်လိုက်သည်။ သူတို့ ဖြည်းညင်းစွာ ရှေ့သို့ ဆက်လက်လှမ်းချီခဲ့ကြပြီးကွေ့တစ်ခုကို လွန်မြောက်သွားသည့်အခါ ကြီးမားကျယ်ဝန်းလှသော ကျောက်လိုဏ်ဂူမခမ်းမနားကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။

ထောင့်စွန်းတစ်ခုတွင်ရွှေရောင် တရုတ်လယ်ကဏန်းကြီးသည် တွန့်လိပ်နေခဲ့ပြီး ၎င်း၏ ညှပ်လက်မကြီးများဖြင့် အမျိုးအမည်မသိသော သတ္တုရိုင်း တစ်ခုကို ကိုင်ဆောင်ကာ သူမ၏ မုတ်ဆိတ်မွှေးသဖွယ် ပါးစပ်ငယ်လေးဖြင့် ဖြည်းညင်းစွာ ကိုက်ဝါးစားသောက်နေခဲ့သည်။

ကဏန်းကြီးမှာ အလျား အလံနှစ်ဆယ် ခန့်နှင့် အမြင့် ဆယ်လံခန့် ရှိပေလိမ့်မည်။ တစ်ကိုယ်လုံးတွင် ရွှေရောင်ချပ်ဝတ်တန်ဆာများကို ဆင်မြန်းထားသည့်အလား ခန့်ညားထည်ဝါပြီး အရှိန်အဝါ ကြီးမားလှပေသည်။

ဝေ့ဝူပေါ်လာသည့်အခါကားမှန်သုတ်တံများနှင့် တူညီသော ၎င်း၏ မျက်လုံးနှစ်လုံးက လှမ်း၍ ကြည့်ရှုလိုက်ပြီး ဒေါသများဖြင့် ပြည့်နှက်နေခဲ့သည်။

"ဇိ... ဇိ... ဇိ..."

ကဏန်းကြီး၏ ပါးစပ်မှ အသံများ ထွက်ပေါ်လာခဲ့ပြီး... အပြာရောင် အလင်းတန်းတစ်ခု ဒုန်းစိုင်း ထွက်ပေါ်လာခဲ့သည်။ ဝေ့ဝူအနောက်သို့ အလျင်အမြန်ပင် ရှောင်တိမ်းလိုက်ပြီး ဆူနာဒေကို ထိုတိုက်ခိုက်မှုကို ခုခံစေခဲ့သည်။

"သူ့ရဲ့ စွမ်းအားကလည်း အဆင့်၈ ဝန်းကျင်မှာရှိနေတာပဲ။"

ဝေ့ဝူစိတ်ထဲမှ တွေးတောလိုက်သည်။ သို့သော်လည်း ကဏန်းကြီးက လှုပ်ရှားခြင်းမရှိဘဲ သူ့ကို အေးစက်စွာသာ စိုက်ကြည့်နေခဲ့သည်။

"သွားစမ်း... သူ့ကို သတ်ပစ်လိုက်။"

ရုပ်သေးသုံးခုစလုံး အမိန့်ကို ရရှိသည်နှင့်တစ်ပြိုင်နက် စတင်တိုက်ခိုက်ကြတော့သည်။

မြေအောက်ကျောက်ဂူကြီးအတွင်း၌ ချက်ချင်းပင် ထိခိုက်ပေါက်ကွဲသံများနှင့်အတူ ရှုပ်ထွေးဆူညံသွားခဲ့ရသည်။ ကဏန်းကြီးမှာ အဆင့်၈မျှသာ ရှိသဖြင့် သဘာဝကျစွာပင် အဆင့်၉ရှိသူတစ်ဦးနှင့် အဆင့်၈ရှိသူ နှစ်ဦးတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို မယှဉ်ပြိုင်နိုင်ချေ။

သို့သော်လည်း ၎င်း၏ ခုခံကာကွယ်နိုင်စွမ်းက အလွန်တရာ မြင့်မားလှပေသည်။ နာရူတိုနှင့် တီဂါတို့အနေဖြင့် ၎င်းကို မည်သည့်ဒဏ်ရာမျှ မပေးစွမ်းနိုင်ကြဘဲ ဆူနာဒေတစ်ဦးတည်းသာ ကဏန်းကြီးကို နာကျင်မှု ခံစားရစေနိုင်သည်။

"ဒီတိုက်ပွဲက ဘယ်လောက်တောင် ကြာဦးမှာလဲ။"

ဝေ့ဝူ စိုးရိမ်စိတ် ဝင်လာခဲ့သည်။ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်နှင့်အမျှ ကျောက်ဂူအတွင်းမှ ကျောက်ခဲအကျိုးအပဲ့များ မြေပြင်ပေါ်သို့ စတင်ကျရောက်လာခဲ့သည်။ အကယ်၍ ဤနေရာတစ်ခုလုံးသာ ပြိုကျပျက်စီးသွားပါကသူသည် လျှပ်စစ်ဖောက်စက်ကို အသုံးပြု၍ အသက်လုကာ ထွက်ပြေးရုံမှတစ်ပါး အခြားနည်းလမ်းမရှိချေ။

ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီးဝေ့ဝူသည် သူ၏ သိုလှောင်အိတ်ကို ပုတ်လိုက်ရာ၊ လက်သည်းညှပ် တစ်ခု သူ၏လက်ထဲသို့ ရောက်ရှိလာခဲ့သည်။ ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းလိုက်သည့်အခါ လက်သည်းညှပ်သည် အလျား တစ်လံခန့်အထိ ကြီးထွားသွားခဲ့ပြီး ၎င်း၏ အရှိန်အဝါမှာ ကြီးမားထည်ဝါလှပေသည်။

"သွားစမ်းးး"

ဝေ့ဝူတိုးတိုးလေး အော်ဟစ်လိုက်ပြီးလက်သည်းညှပ်ကို ကဏန်းကြီးဆီသို့ စေလွှတ်လိုက်သည်။ နီးကပ်သော အကွာအဝေးသို့ ရောက်ရှိသွားသည့်အခါ လက်သည်းညှပ်၏ ကြီးမားလှသော ပုံရိပ်ယောင်ကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီးကဏန်းကြီး၏အပေါ်သို့ ပြင်းထန်စွာ ညှပ်ပစ်လိုက်တော့သည်။

"ဂျလွင်"

သတ္တုနှင့် ကျောက်တုံးတို့ ထိခိုက်မိသည့် စူးရှသော အသံကြီးနှင့်အတူ လှပသော မီးပွားပွင့်များ ဂူအတွင်း၌ ဖျာထွက်သွားခဲ့သည်။ ကဏန်းကြီး၏ အခွံပေါ်တွင် အစင်းကြောင်းအချို့ ပေါ်ထွက်လာခဲ့သော်လည်း... ဒဏ်ရာရရှိခြင်း မရှိခဲ့ချေ။ ၎င်းက ဝေ့ဝူ ရှိရာသို့ပင် လှည့်ကြည့်လိုက်ပြီး မျက်ဝန်းများထဲတွင် ဒေါသရိပ်များ ပိုမိုတောက်လောင်လာခဲ့သည်။

ဝေ့ဝူ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်.။ လက်သည်းညှပ်က ကဏန်းကြီးကို တန်ပြန်နှိမ်နင်းနိုင်စွမ်း ရှိသော်လည်း သူ၏ ကိုယ်ပိုင် ကျင့်ကြံမှုအဆင့် က နိမ့်ပါးလွန်းနေသဖြင့် ၎င်းကို ထိရောက်သော ဒဏ်ရာ မပေးနိုင်ခြင်း ဖြစ်သည်။

သူသည် လိမ္မာပါးနပ်စွာဖြင့် လက်သည်းညှပ်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီးတိုက်ပွဲ၏ အရှိန်အဟုန်များ မိမိထံသို့ ရိုက်ခတ်ခြင်းမရှိစေရန် ပုန်းအောင်းနေလိုက်တော့သည်။

ကဏန်းကြီး၏ ခုခံမှုက အားကောင်းသော်လည်း အလွန်တရာ ထုံထိုင်းလှပေသည်။ ၎င်း၏ တစ်ခုတည်းသော ပြင်းထန်သော တိုက်ခိုက်မှုမှာ ထိုညှပ်လက်မကြီးတစ်စုံသာ ဖြစ်သည်။

တစ်မူးခန့် တိုက်ခိုက်ပြီးနောက်တွင်မူဆူနာဒေသည် ကဏန်းကြီး၏ ဦးခေါင်းအထက်သို့ ပါးနပ်စွာ ရောက်ရှိသွားခဲ့ပြီး သူမ၏ ချာကရာဓားခွဲစိတ်မှု ကိုထုတ်လိုက်သည်။ ကျင့်ကြံခြင်းလောကတွင် ချာကရာမရှိသဖြင့် ၎င်းကို ဝိညာဉ်စွမ်းအင်သုံး ဓားခွဲစ

မှု ဟု ခေါ်ဆိုရပေလိမ့်မည်။ ၄င်းကို အသုံးပြု၍ ကဏန်းကြီး၏ မျက်လုံးများကို ထိုးနှက်လိုက်တော့သည်။

"ဘုန်းးး"

၎င်း၏ မျက်လုံးနှစ်လုံးမှ သွေးများ ပန်းထွက်သွားခဲ့သည်။ ကဏန်းကြီး ရူးသွပ်သွားခဲ့ပြီးဘေးတိုက်ကြီး ဒုန်းစိုင်းပြေးလွှားတော့သည်။ ဆူနာဒေ၊ နာရူတိုနှင့် တီဂါတို့ကမူ ပါးနပ်စွာ ရှောင်တိမ်းလိုက်ကြပြီး ရံဖန်ရံခါတွင် ကဏန်းကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ခုန်တက်ကာ ၎င်း၏ အဆစ်အမြစ်များကို တိုက်ခိုက်ကြသည်။

"ဂျလွင်... ဂျလွင်... ဂျလွင်"

ရိုက်ခတ်သံများက အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။ မရေမတွက်နိုင်သော တိုက်ခိုက်မှုများအပြီးတွင် ကဏန်းကြီး၏ အဆစ်အမြစ်များမှာ ဒဏ်ရာရရှိကာ အက်ကွဲသွားခဲ့ပြီး ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ ကျယ်လောင်သော အသံကြီးနှင့်အတူ မြေပြင်ပေါ်သို့ ပြိုလဲသွားခဲ့ရတော့သည်။

နောက်ဆုံးတွင်မူ၎င်းကို အောင်မြင်စွာ နှိမ်နင်းသတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူပေါ်လာခဲ့ပြီး ကဏန်းကြီး၏ အလောင်းကို သိမ်းဆည်းရန် ပြင်ဆင်လိုက်စဉ်မှာပင်၎င်း၏ အောက်ခြေ၌ လှုပ်ရှားမှုအချို့ကို မြင်တွေ့လိုက်ရသည်။ သူက တီဂါကို ကဏန်းကြီး၏ ခန္ဓာကိုယ်ကို လှန်ခိုင်းလိုက်ရာလှမ်းကြည့်လိုက်သည့်အခါ ၎င်းက ကဏန်းပေါက်စလေးများ၏ အသိုက်တစ်ခု ဖြစ်နေသည်ကို အံ့ဩဖွယ် မြင်တွေ့လိုက်ရသည်။

ဝေ့ဝူအနေဖြင့် ဤကဏန်းပေါက်စလေးများမှာ ကမ္ဘာမြေကတည်းက ပါရှိလာခြင်းလား သို့မဟုတ် ကျင့်ကြံခြင်းလောကသို့ ရောက်ရှိမှ ရုတ်တရက် ပေါ်ပေါက်လာခြင်းလားဆိုသည်ကို မသိရှိချေ။

သို့သော်လည်း ဒါက ကောင်းမွန်သောအရာ ဖြစ်သည်။ ကဏန်းပေါက်စလေးများကို မွေးမြူနိုင်သည်မဟုတ်ပါလား။ နောင်အနာဂတ်တွင် မိစ္ဆာသားရဲများနှင့် ချုပ်ဆိုနိုင်သော မန္တန်တစ်ခုခုကို ရှာဖွေတွေ့ရှိပါက သူတို့ကို သားရဲအဖော်မွန်များအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။

ဝေ့ဝူလှမ်းကြည့်လိုက်ရာ စုစုပေါင်း ကဏန်းပေါက်စလေး အကောင်ရေ ဆယ်ဂဏန်းခန့် ရှိသော်လည်း အများစုမှာ သေဆုံးနေခဲ့ကြပြီဖြစ်ပြီး တစ်ဆယ့်သုံးကောင်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

"သူတို့က အရမ်းသေးငယ်လွန်းသေးတော့ ဉာဏ်ပညာ မရှိကြသေးဘူး။ ငါ သူတို့ရဲ့ အမေကို သတ်ခဲ့တယ်ဆိုတာကိုလည်း မှတ်မိကြမှာ မဟုတ်ပါဘူး။"

သူသည် ကဏန်းကြီး၏ အလောင်းကို နောင်အနာဂတ်တွင် လက်နက်ပြုလုပ်ရန် ကုန်ကြမ်းပစ္စည်း အဖြစ် အသုံးပြုရန် သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းလိုက်သည်။ အကယ်၍ အခွံကို ခွဲဖောက်နိုင်ပါက အသားကိုလည်း မြည်းစမ်းကြည့်ရန် ကြိုးပမ်းရပေလိမ့်မည်။

သို့သော်လည်း ကဏန်းပေါက်စလေးများမှာမူ အသက်ရှင်နေဆဲဖြစ်သဖြင့် သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်း၍ မရနိုင်ချေ။ ဝေ့ဝူခဏမျှ စဉ်းစားလိုက်ပြီးနောက် ကြီးမားသော အဝတ်စတစ်ခုကို ထုတ်ယူလိုက်သည်။ သူသည် ကဏန်းပေါက်စလေးများကို စုစည်း၍ ထုပ်ပိုးလိုက်ပြီး အနောက်တွင် ပိုးချီကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

ရုတ်တရက်... အေးစက်ပြီး စူးရှလှသော တိုက်ခိုက်မှုတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဝေ့ဝူအလွန်တရာ ထိတ်လန့်သွားခဲ့သော်လည်းဆူနာဒေက ထိုတိုက်ခိုက်မှုကို ပိတ်ဆို့ကာကွယ်ပေးလိုက်သည်ကို မြင်တွေ့လိုက်ရမှသာ သက်ပြင်းချနိုင်တော့သည်။

"ဘယ်သူလဲ။"

ဝေ့ဝူအော်ဟစ်လိုက်သည်။

"ဂူး... ဂူး... ဂူး... ဂူး..."

ထူးဆန်းသော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကြီးမားလှသော အရိပ်မည်းကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ မှေးမှိန်လုနီးပါးဖြစ်နေသော အလင်းရောင်အောက်တွင် မြင်တွေ့လိုက်ရသည်မှာ၎င်းက ကြီးမားလှသော ဇီးကွက်ကြီးတစ်ကောင် ဖြစ်နေပြီး၎င်း၏ မျက်လုံးနှစ်လုံးမှာ သွေးကဲ့သို့ ရဲရဲနီကာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

၎င်းက သွေးမျက်လုံး တစ္ဆေဇီးကွက် ဖြစ်သည်။ ဝေ့ဝူ၏ ကြောက်ရွံ့မှုအဆင့်မှာ ချက်ချင်းပင် အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့ရသည်။ ဤအရာက တကယ်ပဲ လူကို အရိုးပါမကျန် စားသုံးတတ်သော သတ္တဝါမျိုးဖြစ်ရာအကယ်၍ တွေ့ရှိခဲ့ပါက ပထမဆုံး ဦးစားပေးအနေဖြင့် အသက်လုကာ ထွက်ပြေးရမည် ဖြစ်သည်။

ယခုအခါ သူ့တွင် အားကိုးရသော အရုပ်ကြီး သုံးခု ရှိနေသဖြင့် သွေးမျက်လုံး တစ္ဆေဇီးကွက်တစ်ကောင်တည်းအနေဖြင့် သူ့ကို ဘာမှမလုပ်ဆောင်နိုင်ချေ။သို့သော်လည်း ဆန်းကြယ်လှသည်မှာပျံသန်းနိုင်သော မိစ္ဆာသားရဲတစ်ကောင်ဖြစ်သည့် သွေးမျက်လုံး တစ္ဆေဇီးကွက်သည် မည်သို့ဖြစ်၍ မြေအောက် မိုင်ပေါင်းများစွာ အနက်တွင် ပေါ်လာရခြင်း ဖြစ်သနည်း။

ထို့အပြင်အခြားသော အားကောင်းလှသည့် သတ္တဝါကြီးများလည်း ဤနေရာသို့ ချဉ်းကပ်လာနေကြောင်း သူ ခပ်ဖျော့ဖျော့ ခံစားလိုက်ရသည်။ ထို့ကြောင့်ပင် ဝေ့ဝူသည် အနောက်သို့ ဆုတ်ခွာရန် စိတ်ကူး ရရှိသွားခဲ့ခြင်း ဖြစ်သည်။

"ဝူး... ဝူး... ဝူး..."

ဝေ့ဝူသည် လျှပ်စစ်မီးစက်ကို လှည့်လိုက်ပြီးလျှပ်စစ်ဖောက်စက်အသေးဖြင့် လမ်းကြောင်းကို ဖောက်ထွင်းကာ အပေါ်သို့ အပြင်းနှင် ထွက်ခွာခဲ့တော့သည်။ သွေးမျက်လုံး တစ္ဆေဇီးကွက်ကြီး ပျံသန်းဝင်ရောက်လာခဲ့သော်လည်း အရုပ်ကြီး သုံးခုက ပိတ်ဆို့တားဆီးလိုက်ပြီးနောက်ဝေ့ဝူ၏ အနီးသို့ ပြန်လည်ရောက်ရှိလာကာ သူ၏ သိမ်းဆည်းခြင်းကို ခံလိုက်ရသည်။

ဝေ့ဝူသည် ကျောက်တုံးလွှာများအတွင်းသို့ ခေါင်းစိုက်ကာ ငုပ်လျှိုးဝင်ရောက်သွားခဲ့တော့သည်။ အန္တရာယ်မှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သော်လည်းဝေ့ဝူ၏ ရင်ထဲတွင် သံသယများစွာဖြင့် ပြည့်နှက်နေခဲ့သည်။

ဘာဖြစ်လို့ ဝေ့မိသားစုရဲ့ အောက်ခြေမှာ ဤမျှလောက်ကြီးမားတဲ့ ကျောက်ဂူကြီး ရှိနေရတာလဲ။

မြေပြင်ပေါ်မှာ ရှင်သန်ရမယ့် သွေးမျက်လုံး တစ္ဆေဇီးကွက်က ဘာဖြစ်လို့ ဒီနေရာမှာ ပေါ်လာရတာလဲာ

ဒါတင်မကသေးဘူး... ဒီနေရာမှာ အခြားသော မိစ္ဆာသားရဲတွေလည်း ရှိနေသေးတယ် ဟုတ်လား။

အကယ်၍ အခြားနေရာတစ်ခုခုတွင်သာ ဖြစ်ပါက ဝေ့ဝူအနေဖြင့် ဤမျှလောက်အထိ တွေးတောနေမည် မဟုတ်ချေ။ သို့သော်လည်း ဤကျောက်ဂူကြီး၏ အပေါ်တည့်တည့်တွင် ဝေ့မိသားစု၏ အခြေစိုက်စခန်း တည်ရှိနေခြင်းကြောင့် သူ မစိုးရိမ်ဘဲ မနေနိုင်တော့ချေ။

All Chapters