← Chapters

အခန်း ၃၆၁

Vol. 33 Ch. 361

အခန်း ၃၆၁

Vol. 33 Ch. 361

အခန်း (၃၆၁) ကင်ဆာကုသမှုနည်းပညာ

"ဒီရာထူးက တကယ်ရှိနေတာပဲ..."

စုယွမ်က အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်၏။

"ဟုတ်တယ် မင်းဖတ်တာ မမှားဘူး မနေ့က အစည်းအဝေးမှာ ငါကိုယ်တိုင် ရှိနေခဲ့တာ..."

ကျောက်ဟွေဟွမ်က ရှင်းပြလေသည်။

"မင်းက ဒီလစ်သိုဂရပ်ဖီစက် အောင်မြင်မှုအတွက် အကြီးမားဆုံး ပံ့ပိုးကူညီသူပဲ... ဒါကြောင့် မင်းကို မျှမျှတတ ဆက်ဆံမှာ သေချာတယ်..."

"မင်းရဲ့ လက်ရှိအဆင့်က ငါ့ထက် ခြေတစ်လှမ်းပဲ နိမ့်တော့တာ..."

"ဒါက တကယ်ကို အရင်က မရှိခဲ့ဖူးတဲ့ အခြေအနေပဲ..."

"ဒါက ခေါင်းစဉ်တစ်ခုသက်သက် ဆိုပေမဲ့ တာ့ရှား(တရုတ်)နိုင်ငံက မင်းအပေါ် ဘယ်လောက်တောင် ရိုးသားမှုရှိလဲဆိုတာ ပြသနေတာပဲ..."

ကျောက်ဟွေဟွမ်က ပြုံးရွှင်စွာဖြင့် ပြောလိုက်ပေသည်။

စုယွမ်သည် သူ၏ရင်ထဲ၌ ဝမ်းသာပျော်ရွှင်နေဆဲပင်။ အဘယ်ကြောင့်ဆိုသော် သူ၏ လက်ရှိရာထူးသည် လူအများစု တစ်သက်လုံး ကြိုးစားအားထုတ်လျှင်ပင် ရရှိနိုင်မည် မဟုတ်သောကြောင့် ဖြစ်ချေသည်။

"ဒီလောက်အထိ ဖြစ်လာမယ်လို့ ကျွန်တော် တကယ်ကို မထင်ထားခဲ့ဘူး..."

စုယွမ်က ရေရွတ်လိုက်၏။

ဤစောင့်ဆိုင်းနေရသည့် ရက်များအတွင်း စုယွမ်သည် ဖြစ်နိုင်ခြေများစွာကို စဉ်းစားခဲ့သော်လည်း အာဏာပိုင်များက သူ့ကို မည်မျှအထိ တန်ဖိုးထားမည်ဆိုသည်ကို လျှော့တွက်ထားခဲ့မိသည်။ ယနေ့ ဤနေရာသို့ မလာရောက်မီ ဤအရာကို မည်သို့ရရှိခဲ့ကြောင်း ရှင်းပြရန် တွေးတောနေခဲ့သော်လည်း လက်တွေ့တွင်မူ သူတို့က မည်သည့်မေးခွန်းမျှ မမေးမြန်းခဲ့ချေ။

စနစ်စတိုးဆိုင်အတွင်း၌လည်း နောက်ထပ် ပစ္စည်းများစွာ ပွင့်လာခဲ့ပေပြီ။

2nm Lithographyစက် သုတေသနနည်းပညာနှင့် 1nm Lithographyစက် သုတေသနနည်းပညာတို့ ပွင့်လာခဲ့သော်လည်း ၎င်းတို့ကို ဝယ်ယူရန် အရင်းအနှီး မရှိသေးပေ။

လွန်ခဲ့သော တစ်လကျော်အတွင်း စုယွမ်သည် နေ့စဉ်ရရှိလာသော သတင်းအချက်အလက်များကို အခြေခံ၍ ကဏ္ဍပေါင်းစုံတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက် ပြုလုပ်ခဲ့လေသည်။

ယခုအချိန်တွင် သူ၏ ကြွယ်ဝချမ်းသာမှုမှာ ဘဝပေါင်းများစွာ သုံးစွဲဖြုန်းတီး၍ပင် ကုန်ဆုံးနိုင်မည် မဟုတ်ဟု ယုံကြည်စိတ်ချစွာ ပြောနိုင်လောက်သည့် အဆင့်သို့ ရောက်ရှိနေခဲ့၏။

သူသည် အသက်နှစ်ဆယ်ကျော်သာ ရှိသေးသော်လည်း ငွေကြေးချမ်းသာရုံသာမက ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကိုပါ ပိုင်ဆိုင်ထားပြီး ဖြစ်လေသည်။

ဤကဲ့သို့သော ဘဝ၏ အောင်မြင်မှုက စုယွမ်အား အနည်းငယ် တွေဝေငေးမောသွားစေခဲ့၏။

နောက်ထပ် ဘာဆက်လုပ်ရမည်နည်း။

သူသည် အကြံအစည်တစ်ခုကို အလျင်အမြန် ရရှိသွားခဲ့သည်။ ၎င်းမှာ စနစ်၏ စွမ်းရည်များကို အသုံးပြု၍ တာ့ရှား(တရုတ်)နိုင်ငံအား ကမ္ဘာ့ထိပ်တန်းအဆင့်တွင် ရပ်တည်နိုင်သော တကယ့်ကို ထူးခြားသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ပြောင်းလဲပစ်ရန်ပင် ဖြစ်ချေသည်။ ဤအကြံအစည်သည် ခက်ခဲပုံရသော်လည်း စနစ်၏ ပံ့ပိုးမှုဖြင့်ဆိုလျှင် မဝေးတော့ချေ။

စနစ်စတိုးဆိုင်ရှိ ပစ္စည်းများကို စစ်ဆေးကြည့်လိုက်ချိန်တွင် စုယွမ်သည် သူဝယ်ယူနိုင်သော ပစ္စည်းတစ်ခုသာ ရှိကြောင်း တွေ့ရှိလိုက်ရပေသည်။

[ကင်ဆာ ကုသမှုနည်းလမ်းများ]

ဤစကားလုံးများ စုယွမ်၏ ရှေ့၌ ပေါ်လာချိန်တွင် အတော်လေး လှုပ်ခတ်သွားစေခဲ့၏။

ကင်ဆာရောဂါ။

လူသားမျိုးနွယ်ကို ဒုက္ခပေးနေသော ရောဂါဆိုးကြီးပင်။ ၎င်းကို ကုသ၍မရနိုင်သော ရောဂါတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ ကင်ဆာအများစုမှာ ကုသ၍မရနိုင် သို့မဟုတ် ပျောက်ကင်းရန် မျှော်လင့်ချက် မရှိတော့ချေ။ ယနေ့ကမ္ဘာပေါ်ရှိ လူအများအပြားသည် ဤရောဂါဖြင့် ခံစားနေရသည်။ လူတစ်ဦး ဖျားနာသွားချိန်တွင် မိသားစုတစ်ခုလုံး စိတ်ပျက်အားငယ်မှုများနှင့် ရင်ဆိုင်ရပေသည်။

အကယ်၍ ဤရောဂါကိုသာ အနိုင်ယူနိုင်ခဲ့လျှင် သူ၏ ဂုဏ်သတင်းသည် မည်မျှအထိ မြင့်မားသွားမည်ကို စုယွမ် လုံးလုံးလျားလျား မှန်းဆ၍ပင် မရနိုင်ချေ။

ယနေ့ခေတ် ကမ္ဘာပေါ်ရှိ အဆင့်အမြင့်ဆုံး ဆေးဘက်ဆိုင်ရာ တိုးတက်မှုများသည် ကင်ဆာကို ဖိနှိပ်ထားရုံမျှသာ ဖြစ်သော်လည်း ဤသတင်းအချက်အလက် ထုတ်ကုန်ကမူ ကင်ဆာကို အမြစ်ပြတ်ချေမှုန်းရန် တိုက်ရိုက် ဦးတည်ထားပေ၏။

"စုယွမ်... စုယွမ်..."

"မင်း ဘာဖြစ်သွားတာလဲ..."

စုယွမ် တွေဝေနေသည်ကို မြင်လိုက်ချိန်တွင် ကျောက်ဟွေဟွမ်က အလျင်အမြန် မေးမြန်းလိုက်သည်။

"ဘာမှမဖြစ်ပါဘူး... ကျွန်တော် တစ်ခုခုကို သတိရသွားလို့ပါ..."

စုယွမ်က ပြန်လည်ဖြေကြားလိုက်၏။

"အို အို..."

"ဒီနေ့ ငါ အလုပ်စောစော ဆင်းရတယ်..."

"ဒါ့အပြင် ဒီနေ့လို ဝမ်းသာစရာကောင်းတဲ့ အချိန်မျိုးမှာ ငါတို့တွေ အောင်ပွဲခံသင့်တယ် မဟုတ်ဘူးလား..."

"ငါတို့ စားစရာနေရာ တစ်ခုခု ရှာကြမလား..."

စုယွမ်က သဘောမတူမည်ကို စိုးရိမ်နေသည့်အလား ကျောက်ဟွေ့ဟွမ်က မျှော်လင့်ချက်အပြည့်ပါသော မျက်လုံးများဖြင့် အကြံပြုလိုက်သည်။

"ရတာပေါ့..."

စုယွမ်က ချက်ချင်းပင် သဘောတူလိုက်၏။

"အင်း... မင်းက အဘိုးစုနဲ့ တော်တော်လေး ရင်းနှီးတယ် မဟုတ်လား... ငါတို့ မိသားစုနှစ်စု အဘိုးစုအိမ်ကို သွားပြီး အတူတူ တွေ့ဆုံကြရင် ပိုကောင်းမယ်လို့ ထင်တယ်..."

ကျောက်ဟွေဟွမ်က အကြံပြုလေသည်။

"မိသားစုနှစ်စု... သုံးစု ဖြစ်ရမှာ မဟုတ်ဘူးလား..."

စုယွမ်က နားမလည်စွာဖြင့် မေးမြန်းလိုက်၏။

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်... ငါ့ကို ကြည့်ပါဦး..."

"မင်းတို့အားလုံးက စု ဆိုတဲ့ မျိုးရိုးနာမည် ရှိနေကြတော့ ငါက လမ်းလွဲပြီး ပြောမိသွားသလို ဖြစ်သွားတယ်..."

"ဒါ့အပြင် ငါတို့အားလုံးက စု မျိုးရိုးနာမည် တူတူပဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းက မိသားစုတစ်ခုတည်းက ဆင်းသက်လာတာ ဖြစ်နိုင်တယ်... ဒါကြောင့် ငါတို့က မိသားစုတစ်ခုတည်းကလို့ ပြောတာ မမှားပါဘူး..."

ကျောက်ဟွေဟွမ်က အလျင်အမြန် ပြောဆိုလိုက်သည်။

"မင်း မိဘတွေကိုပါ ခေါ်လိုက်... ငါတို့ ဆယ်ယောက်လောက် ရှိမယ်ထင်တယ်... အတူတူ ပျော်ပျော်ပါးပါး နေကြတာပေါ့..."

"ငါ့ အဘိုးရော အဘိုးစုရောက စည်စည်ကားကား တွေ့ဆုံရတာကို သဘောကျတယ်... ဒါပေမဲ့ သူတို့မှာ အဲဒီလို အခွင့်အရေးမျိုး ရခဲတယ်လေ..."

"ငါတို့ ဆက်ဆံရေးလည်း ကောင်းပါတယ်... အတူတူ ထမင်းစားပြီး ဆုံကြတာပေါ့..."

ကျောက်ဟွေဟွမ်က ထပ်ပြောလေသည်။

"ကောင်းပါပြီ..."

စုယွမ်သည် အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသော်လည်း သဘောတူလိုက်၏။ မည်သို့ပင်ဖြစ်စေ ဤမိသားစုနှစ်စုစလုံးက သူ၏အပေါ်တွင် မည်သည့် ရည်ရွယ်ချက်ဆိုးမျှ မရှိချေ။

"အိုကေ..."

"နိုင်ငံတော်ဧည့်ခံပွဲ ဟိုတယ်ကို သွားပြီး ထမင်းစားကြတာပေါ့... ခေါင်းဆောင်က မင်းကို သေချာဧည့်ခံမယ်လို့ ပြောထားတယ်... ပြီးတော့ ငါတို့က နိုင်ငံတော်ဧည့်ခံပွဲ ဟင်းလျာတွေကို ပြင်ဆင်ထားတယ်..."

"ငါလည်း မင်းရဲ့ အောင်မြင်မှုကနေ အကျိုးခံစားရတာပေါ့..."

သူတို့နှစ်ဦးသည် စကားအနည်းငယ် ဖလှယ်ပြီးနောက် ကျင်းတူးဟိုတယ်သို့ ဦးတည်သွားကြတော့သည်။

ပိုလန်နိုင်ငံ။

ကြယ်ခုနစ်ပွင့် အဆောက်အအုံအတွင်း၌ ရွှေရောင်ဆံပင်နှင့် အမျိုးသားတစ်ဦးသည် သူ၏လက်ထဲရှိ အစီရင်ခံစာကို ကြည့်ကာ အလွန်အမင်း ဒေါသထွက်နေပေ၏။

"ဂျက်... မင်း ငါ့ကို ဖြေရှင်းချက်တစ်ခု မပေးသင့်ဘူးလား..."

"မင်း တကယ်ပဲ အစွမ်းကုန် ကြိုးစားခဲ့ရဲ့လား... မင်း ဘယ်လိုများ ဒီလောက်တောင် တုံးအနိုင်ရတာလဲ..."

"ဘာလို့ တာ့ရှား(တရုတ်)ကLithographyစက်ကို ဖန်တီးလိုက်တယ်ဆိုတာကို အခုမှ ငါတို့ သိရတာလဲ..."

"အဲဒါတောင် သူတို့ရဲ့ ကိုယ်ပိုင်ချန်နယ်ကနေ တရားဝင် ကြေညာလိုက်မှလေ..."

"ငါတို့ရဲ့ ထောက်လှမ်းရေးအေဂျင်စီတွေက တကယ်ပဲ အဲဒီလောက်တောင် ညဖျင်းနေတာလား..."

ရွှေရောင်ဆံပင်နှင့် အမျိုးသားက သူ၏ လက်အောက်ငယ်သားများကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ခေါင်းဆောင်ကြီး... ဘုရားစူး ဒါက ကျွန်တော်တို့ရဲ့ ပြဿနာ မဟုတ်ပါဘူး..."

“ဒါတွေအားလုံးက တာ့ရှား(တရုတ်)ရဲ့ လျှို့ဝှက်ထိန်းသိမ်းမှုတွေ အရမ်းတင်းကျပ်လွန်းတာကြောင့်ပါ...

သူတို့ရဲ့ လုံခြုံရေးနဲ့ အစောင့်အကြပ် အစီအမံတွေက အရမ်းကို တင်းကျပ်လွန်းပါတယ်...”

"ကျွန်တော်တို့ လူတွေက လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက သူတို့ နည်းပညာကို ရရှိသွားပြီဆိုတာ သိခဲ့တယ်... ဒါပေမဲ့ အဲဒါကို လွှဲပြောင်းပေးဖို့ တစ်လတိတိ ကြာသွားခဲ့တာ..."

"ခေါင်းဆောင်ကြီး ဒါက ကျွန်တော်နဲ့ တကယ်ကို မသက်ဆိုင်ပါဘူး..."

ဂျက်က တောင်းပန်လိုက်လေသည်။

“ဟမ့်..မင်းတို့ရဲ့ အသုံးမကျတဲ့ လုပ်ဆောင်ပုံတွေက ငါတို့ကို ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့ပြီ...ဒီတာ့ရှား(တရုတ်)ကောင်တွေကို တကယ်သေသင့်တယ်...ငါက သူတို့နဲ့ အမြဲတမ်း အဆင်ပြေအောင် ဆက်ဆံခဲ့တာကို...ဘာလို့ ငါ့ကိုပဲ ဒီလို ပစ်မှတ်ထားရတာလဲ...”

"ဒါက လုံးလုံးလျားလျား လက်ခံနိုင်စရာ မရှိဘူး..."

ခေါင်းဆောင်ကြီးစမစ်က ဒေါသတကြီး ပြောဆိုလိုက်ပေသည်။

"ခေါင်းဆောင်ကြီး... အခု ကျွန်တော်တို့ ဘာလုပ်သင့်လဲ... ကျွန်တော်တို့မှာ ပညာရှိပြီး ကြီးမြတ်တဲ့ ခေါင်းဆောင်ကြီးရဲ့ လမ်းညွှန်မှု လိုအပ်နေပါတယ်..."

ဂျက်က မေးမြန်းလိုက်၏။

“ဒါပေမယ့်လည်း ဒါက အခွင့်အရေးကောင်းတစ်ခုပဲ...

ကမ္ဘာပေါ်မှာ တာ့ရှား(တရုတ်) နဲ့Lithographyစက် အကြောင်းကို ငါ့လောက် နားလည်တဲ့သူ မရှိဘူး...ဒီကိစ္စကို အဆုံးအဖြတ်ပေးနိုင်တဲ့ အရည်အချင်းနဲ့ အာဏာလည်း ငါ့မှာ ရှိတယ်...”

"သူတို့ရဲ့ ကြေညာချက်ကို ငါ မြင်လိုက်တယ်... စုယွမ်ဆိုတဲ့ လူတစ်ယောက်က ကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ခဲ့တယ် မဟုတ်လား..."

စမစ်က ပြောလိုက်သည်။

"ဟုတ်ပါတယ် ခေါင်းဆောင်ကြီး... သူက စုယွမ်ဆိုတဲ့ လူငယ်လေးပါ... အရင် Ar နည်းပညာကုမ္ပဏီက သူ့ဟာလေ... ဒါပေမဲ့ ကျွန်တော်တို့ သိပ်ပြီး အလေးမထားခဲ့မိဘူး..."

"ခေါင်းဆောင်ကြီး... ကျွန်တော်တို့ သူ့ကို ရုပ်ပိုင်းဆိုင်ရာအရ ရှင်းထုတ်ပစ်ဖို့ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့ စေလွှတ်သင့်လား..."

ဂျက်က မေးမြန်းလိုက်၏။

“မလုပ်နဲ့...ဂျက်... မင်းက တကယ်ကို တုံးအလွန်းတယ်...မင်း က အခု မီးနဲ့ ကစားနေတာဆိုတာ ကိုယ့်ဘာသာကိုယ် သတိမထားမိဘူးလား...ဒီလောက် ရိုးရှင်းပြီး အန္တရာယ်များတဲ့ အစီအစဉ်မျိုးကို မင်း ဘယ်လိုလုပ် အဆိုပြုရဲရတာလဲ...လုံးဝ မဖြစ်နိုင်ဘူး...ဒီကိစ္စကို ဘယ်လို ဆက်ကိုင်တွယ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ငါတို့ လူတိုင်းရဲ့ အမြင်ကို အရင် နားထောင်ရမယ်...လူတိုင်းရဲ့ ဉာဏ်ပညာကို စုပေါင်းပြီးမှ ဒီပြဿနာအတွက် အကောင်းဆုံး အဖြေကို ရှာရမယ်...နားလည်လား...”စမစ်က စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြောဆိုလိုက်သည်။

"ကျွန်တော် နားလည်ပါပြီ..."

ဂျက်က ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်လေ၏။

All Chapters